နေစဉ် . ..
စာအုပ်နဲ့မျက်နှာ . . ခွာချလို့မရတဲ့အပြင်
အွန်းလိုင်းပေါ်မှာတွေ့ရတဲ့ ဣဋ္ဌာရုံ အနိဋ္ဌာရုံတွေဟာ
ဆွဲဖြုတ်လို့မရတဲ့ နှစ်တစ်ရာပြက္ခလို . . . .။
နိုင်လွန်ကတ္တရာ
စာမျက်နှာပေါ်က အသစ်စက်စက် -
ခြေသလုံးပေါင်တံသွယ်သွယ်တွေနဲ့ ခန္ဓာဗေဒခေါက်ချိုးညီဆဋ္ဌဂံတွေ . .
ပလက်ဖေါင်းနဘေးက -
ညစ်ကြေးထပ်ထပ် နို့ဘလပ်ကို တွဲခိုဆွဲကြုံလှီနေတဲ့ ခလေးတစ်သိုက်တွေ . . .
ဂျာနယ်တစ်ရွက်ကိုလှန်လိုက်တိုင်း
စကားလုံးက ပုံနှိပ်ထားသလို မညီမညာ -
သောက်သုံးမကြတဲ့ အယ်ဒီတာအချို့ကိုလည်းတွေ့ရတယ်။
အလှူခံ ငွေဖလားထဲက
နားညီးအောင်အသံမြည်နေသူတွေကလည်း
တကယ့်အကြွေစေ့တွေမဟုတ်ဘဲ ကျောက်ခဲတုံးလေးတွေ . . .
ဖန်ဆင်းရှင်ရဲ့ သီအိုရီလွဲမှားမှုက
မြန်မာနိုင်ငံအတွက်တော့ . . . ကြေကွဲစိတ်ပျက်နားကျည်းမုန်းတီးစရာ ပုံပြင်တွေပါပဲ။

No comments :
Post a Comment