အဓမ္မနဲ့ရတဲ့ငွေတွေကို မြင့်မိုရ်တောင်အထိလှူလဲ အကျိုးပေးကညံ့ပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ ပြည်သူသန်းပေါင်းများစွာရဲ့ မျက်ရည်တွေကြောင့်ပါ။
အခု ဇော်ဇော်တို့ တေဇတို့အစရှိတဲ့ ကမ္ဘာကစံထား ခရိုနီလက်မှတ်ရသမားများရဲ့ လှူမယ်ဆိုတဲ့ငွေ တွေဟာ သူတို့ရဲ့ဘိုးဘွားပိုင် သန့်စင်သော ဓနဥစ္စာတွေမဟုတ်ပါဘူး။
ပြည်သူ့မျက် . . . . . ရည်တွေပါ။ ပြည်သူတွေရဲ့ . . . . .သွေးတွေပါ။
ပြည်သူတွေရဲ့ . . . .အသက်တွေပါ
ပြည်သူတွေရဲ့ . . . . ဘ၀တွေပါဖြစ်ကြောင်း . . . ကမ္ဘာကိုပြောချင်ပါတယ်။ အာဏာရူး ဦးနေ၀င်းကတိုင် သူ့ထံကအ၀ီဝိလမ်းကြောင်းကို တည့်တည့်ယူခဲ့တဲ့ အာဏာရူးသန်းရွှေတိုင်အောင် သူ့ရဲ့ လက်ကိုင်တုတ် သမ္မတသိန်းစိန်တို့အထိပေါ့။ သူတို့နဲ့လက်တွဲခဲ့တဲ့ ဒီကနေ့ ကမ္ဘာနာမည်ကျော် သူဋ္ဌေးများအဖြစ် နာမည်ကြီးနေကြတဲ့ သူတွေကို မုန်းလို့ပြောတာမဟုတ် မနာလိုဖြစ်စရာအကြောင်းမရှိ ဘာ့ကြောင့်လည်းဆိုတော့ ပြည်သူ့ပိုင်တွေကို နည်းမျိုးစုံနဲ့ ငါပိုင်လုပ်ယူတဲ့ ဓမ္မိယလာဘ်များမဟုတ်သောကြောင့်ပါ။ သန်းပေါင်းများစွာရဲ့ အသက်ဝိဉာဉ်များ စတေးပျက်စီးဆုံးရှုံးပြီးမှရသော ဒီပစ္စည်များရဲ့အလှူဟာ ညောင်ပင်လောက်လှူ၍လည်း ညောင်သီးလောက်မျှမရသော ဒါနပါ။ ဒါနတည်းဟူသော ကုသိုလ်စေတသိတ်တို့ဟာ “ သန့်စင်လေ မွတ်မြတ်လေ အကျိုးကြီးလေ ဖြစ်သလို အကုသိုလ်တရားဟာလည်း ရက်စက်လေ ယုတ်မာလေ ညစ်ညမ်းလေ အကျိုးကြီးလေပါပဲ”ဒါ့ကြောင့် ပြည်သူပြည်သူပြည်သားများရဲ့ အားလုံးစုံသောအခွင့်အရေး မှန်သမျှကို ရက်စက်ယုတ်မာကောက်ကြစ်သော နည်းပရိယာယ်မျိုးစုံနဲ့ လှူဒါန်းနေသောဒါဟာ . . .ရက်စက်လေ ယုတ်မာလေ ညစ်ညမ်းလေဒါနဖြစ်ကြောင်း ဒီကနေ့ စာပေလောက်လောက်ငှငှတက်မြောက်သူ ကြောမွဲပြည်သူတိုင်းသိပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံတွင်းမှာ ကုလားဗမာစတဲ့ ဆူပူမှုတွေဟာ ဦးဇင်တို့ငယ်ငယ်ကကြည့်ခဲ့ရတဲ့ မြန်မာ့ရုပ်ရှင်တစ်ကားလိုပါပဲ။ မင်းသားက မင်းသမီးရဲ့အချစ်ကိုလိုချင်တော့ လူမိုက်ငှားပြီး မင်းသမီးကို နည်းမျိုးစုံနဲ့နှောက်ယှက်တယ် ဒီနေရာမှာ မင်းသာက မင်းသမီးကို အသက်နဲ့ရင်းပြီးကယ်လိုက်တယ်။ မင်းသားနဲ့မင်းသမီးနဲ့နောက်ဆုံးညားသွားကြတယ်။ ဒီကနေ့ မြန်မာ့အာဏာရူးများလုပ်နေတဲ့ အကွက်ဟာ ပိတ်ကားဟောင်းကြီးပေါ်က ဇာတ်လမ်းဟောင်းကြီးပါ။
အခု ပြည်သူသထဲက အကုသိုလ်ကံအကျိုးပေးညံ့သူများဟာ မြန်မာပြည်အတွက်တော့ လူကြမ်းကြီးတွေပေါ့။
မင်းသားကတော့ ဒီကနေ့ပြောစရာမလိုတဲ့ စစ်ကျန်စစ်ကျွတ်စစ်ချွတ်ဟုသမုတ်ထသော နိုင်ငံေ၇း ခေါင်းဆောင်များနဲ့ ကမ္ဘာကျော်ခရိုနီများပေါ့။ ကဲ . . . သူကြီးအလှူရွာသားကောင်းမှုမို့ ပြည်သူတွေရဲ့ မျက်ရည်မင်းတို့အတွက် ဒေါ်လာတွေ လှူလိုက်ကြစမ်း များများကြီးပေါ့။
အဲဒါ အခုလို ခရိုနီတွေ၊အာဏာရူးတွေရဲ့အလှူကိုပြောတာပါပဲ၊ ကြားဖူးတယ်မ ဟုတ်လား။ သူကြီးအလှူရွာသားကောင်းမှုတဲ့။ အခုလဲ ခရိုနီအလှူပြည်သူတွေ ကောင်းမှုပါပဲ။

No comments :
Post a Comment