ဖေ့ဘုတ်ပေါ်မှာ (ရဟန်းရဲ့အသက်ဟာ ၀ိနည်း) လို့ပြောပြောနေသံတွေကို အခုမှကြားရတယ်။ ဟိုး . . စက်တင်ဘာတုန်းကတော့ အာဏာရှင်ရဲ့သတင်းစာမှာဖတ်ရတယ်။ အခုတော့ အဲဒီအာဏာရှင် တွေရဲ့စနက်ပဲလား အခုမှသမ္မတဖြစ်ချင်နေတဲ့သူတွေရဲ့စနက်ပဲလား။ တစ်ခုခုတော့ တစ်ခုခုပဲဗျ။ရဟန်းရဲ့အသက်ဟာဝိနည်းလို့ဘာအဓိပ္ပါယ်နဲ့ပြောသလဲဆိုတာ ဦးဇင်းတို့သိပါတယ်။ ဘာလဲ ရဟန်းဝတ်ချင်လို့လား။ သမ္မတဖြစ်ချင်လို့လား။ လွယ်ပါတယ် လွယ်တာလေးတွေလဲရှိပါတယ်။ သူ့တို့ရင်ထဲမှာ ရဟန်းတွေကို အတော်အခဲမကြေနေတာပဲဆိုတာ ဦးဇင်းတို့သိပါတယ်။ ဒါပေမယ့်ဗျာ။ ကိုယ်လည်း ဗုဒ္ဓဘာသာလို့ပြောတယ် အဲလိုချည်းပြောနေတာက တော့ မဆီလျှော်ဘူးပေါ့နော်။ ဟိုး စာပေမှာ ရဟန်းတွေဟာ စိတ္တသူကြွယ်ထံမှာ စာပေကိုလေ့လာသင်ယူဆွေးနွေးတယ်ဆိုတာ ဖတ်ဖူးပါတယ်။ ဒါ့ပေမယ့် အခု ဖေ့ဘုတ်ပေါ်မှာက ဆွေးနွေးတာမဟုတ်ဘူးဗျ။ (ရဟန်းရဲ့အသက်ဟာဝိနည်း) ဒီလိုတုံးတိ စကားလုံးနဲ့ဗျာ။ သူ့စကားမှာ ဒေါသသံကြီးပါနေတယ်။ ကျုပ်တို့က စိတ်မဆိုးပါဘူး။ ဖေ့ဘုတ်စာ မျက်နှာပေါ်က ဗုဒ္ဓဘာသာဝင်တွေအတွက် စိတ်မကောင်းတာပါ။
အခုခင်ဗျားတို့ပြောနေပုံတွေက တကမ္ဘာလုံးကဘုန်းကြီးတွေကိုထိတယ်။ စိတ်မကောင်းဘူးဗျာ။ လှည်းနေလှေအောင်း မြင်းဆောင်မကျန်ဆိုသလို မရမ်းကားကြပါနဲ့။
ခင်ဗျားတို့မကြေနပ်ရင် မကြေနပ်တဲ့ ရဟန်းရဲ့ ဘွဲ့တော်နဲ့ကျောင်းတိုက်ပါတွဲပြီးပြောပါ။ ဦးဇင်းတို့ ခင်ဗျားတို့ကို စိတ်မညိုငြင်ပါဘူး။ ဦးဇင်းတို့က ခင်ဗျားတို့လှူတဲ့ဆွမ်းနဲ့အသက်ရှင်နေတာပါ။ ဒါ့ ကြောင့် ခင်ဗျားတို့ ရမ်းချင်ရင် ၊ ခင်ဗျားတို့ ကြမ်းချင်ရင် ၊ခင်ဗျားတို့မကြေနပ်တဲ့ ဘုန်းတော်ကြီးရဲ့ ဘွဲ၊သီတင်းသုံးရာနေရပါတွဲပြောပါ။ ဆဲခြင်လည်းဆဲပါ။ ခင်ဗျားတို့ရဲ့ ၀စီကံမနောကံ ကခင်ဗျားတို့ထံ ပဲရောက်မှာပါ။
ဘာလို့ကျောင်းတိုက်နာမည်မြို့ပါတွဲပြောခိုင်းတာလည်းဆိုတော့ ဘုန်းကြီးတွေက ဘွဲတွေတူနေတာချည်းပဲ။ျုပ်ရဲ့ဘွဲကဦးသောဘိတ၊ မြင်းခြံကိုးဆောင်တိုက်ဆရာတော်ကြီးကလည်း ဦးသောဘိတပဲ။ ဒါ့ကြောင့်ပါ။
No comments :
Post a Comment