အဖေ့သူငယ်ချင်း
၈ တန်းလောက် ဆံပင်ရှည်တခါခါ လုပ်စပြုလာတဲ့ ကျနော့် ကို ကြည့်ပြီး၊
"ဦးရွှေမင်းရေ. . .ခင်ဗျားအိမ်က ကြက်ဖကြီးတွန်ပြီလား၊ ကျုပ်အိမ်က ကြက်ဖကြီးကတော့ တောင်ပံတဖြောင်းဖြောင်းပဲဗျို့"
လို့ ပြောခဲ့လေရဲ့။ အမြဲတမ်း အရွှန်းဖေါက်ပြောဆိုတတ်၊ မှတ်လောက်သားလောက်အောင် ဆုံးမတတ်တဲ့
သွေးမတော်ပေမယ့် ဦးလေးရင်းတယောက်လို သွန်သင်ဆုံးမခဲ့တဲ့ ဆရာ။
နွေရာသီ ဆယ်တန်းစာမေးပွဲ အတွက် ရန်ကုန်ဆင်း၊ အမှတ်တွေ ခြစ်ပြီးကြပြီ ဆို၊
ကျနော်တို့ ဘောင်ဒရီလမ်း(ဓမ္မစေတီလမ်း) က ခြံကြီးမှာ ဦးဦးဦးလှဦး၊
ဆရာဦးမောင်မောင်(ရွှေဘို)၊ ဆရာဦးအောင်ကျော်၊
ဦးဦးဦးစိန်ဝင်း(ကျောက်ဆည်)၊ ဆရာဦးအောင်သန်း စတဲ့ အညာက လာ ကထိကတွေ၊
ဆုံနေကြ။ သူတို့ရဲ့ စကားဝိုင်းတွေကို နားမထောင်ဖြစ်၊ ထောင်ဖြစ်အောင် အဖေက
ကျနော့်ကို စားပွဲထိုးခိုင်းတယ်။ ထမင်းစားဝိုင်း၊ လဘက်သုတ်ဝိုင်း၊
ရေနွေးကြမ်းဝိုင်းမှာ
ခြေသလုံးတောင့်အောင် ရပ်ရင်းငြူစူခဲ့ရတယ်။ ခုတော့ အဲဒီစကားဝိုင်းက နိုင်ငံရေးသမားတွေနဲ့မတူတဲ့၊
အာဏာရှင်တွေနဲ့မတူတဲ့၊ ပါတီဝင်တွေနဲ့မတူတဲ့ ပညာရှင်တွေရဲ့
နိုင်ငံရေးအမြင်တွေက ကျနော့်ဘ၀ အတွက် အင်မတန် တန်ဖိုးကြီးတဲ့ ၀မ်းစာတွေ
ဖြစ်ခဲ့ရပေါ့။ အညာသားအဖေ့သူငယ်ချင်းတွေက အညာသား ဆရာတွေချည်း။ ပြောရမယ်ဆို
ကျနော်က အညာသားတွေလက်ပေါ် လူလားမြောက်လာရသလိုပါပဲ။
နိုင်ငံရေး ဆိုတာ လမ်းဘေး ရေဘုံဘိုင်လေး ပွင့်နေတာကို အမြင်မတော်လို့ ပိတ်တာလည်း နိုင်ငံရေး ခေါ်သကွ လို့ သင်ခဲ့ကြ၊
လယ်သမားတယောက် စပါးလှေ့နေတာကိုကြည့်ပြီး၊ သူစိုက်ထုတ်တဲ့အား၊
သူပြီးတဲ့အလုပ်၊ သူကုန်တဲ့အချိန်တွေကို အချိုးကျရင် မြန်မာပြည် ၁၀
နှစ်အတွင်း မတိုးတက်နိုင်သေးဘူးဆိုတဲ့ စကားလုံးတွေ၊
အဲဒီ စကားဝိုင်းတွေက ကျနော့်ကို နိုင်ငံရေးအမြင်တွေ ရအောင် သင်ခဲ့။
ဦးဦးဦးလှဦး နေကောင်းပါစေ။
ချိုတူးဇော်
professor dr. hla oo(math)
သီတာအေး(၀၉-၄၀၂၅၈၂၄၁၉)(၀၂-၃၁၄၉၈
)
ညည .၄/စံပြရပ်ကွက်(မင်းကြီးရန်နှောင်လမ်း ၅၉x၆၀ကြား
(၀၉-၄၀၂၅၁၆၉၅၉
AUTHOR min thein kha's hero PROFESSOR dr. seik phwar is very famous now.
BUT
(math)Dr. Ba Kyi's disciple Professor dr. hla Oo is bed ridden.
No comments :
Post a Comment