.

AlinShin

Monday, May 20, 2013

ပြည်သူ့အကျိုးလိုလားလို့အမှိုက်ကောက်မယ့် ဦးကျော်သူကိုအမှိုက်မကောက်ရအမိန့်ထုတ်ပြန်




ဦးဇင်းတို့ မြန်မာနိုင်ငံရဲ့အဖြစ်ဟာ အလွန်မတန်ရှက်စရာပါ။ ပိုပြီးရှက်ဖို့ကောင်းနေတာကတော့ စစ်အစိုးရတဖြစ်လည်း နတ်ရေကန်ကျတိုက်ပုံပြောင်းအစိုးရတို့ပါပဲ။ ဘာဖြစ်လို့ ဒီလူတွေဟာ သောက်ရှက်မရှိဘူးလို့ပြောရတာလည်းဆိုတော့ ̏ငါ့စကားနွားရ˝ပြောတာမဟုတ်ပါဘူး။ နာရေးကူညီမှုအသင်းဦးကျော်သူက ကမ္ဘာကြီးကိုသန့်ရှင်းစေချင်လို့ တနည်းအားဖြင့်မြန်မာနိုင်ငံအ၀ှမ်းလုံးကို သန့်ရှင်းရေးအတွက်ပညာပေးကုသိုလ်ဖြစ်အမှိုက်ကောက်တာကို ̏မကောက်ရဘူး˝တဲ့။ သူတို့ဘဲ အမှိုက်ကောက်တာရှက်စရာမဟုတ်ပါအစရှိတဲ့ သီချင်းကိုမြို့တော်မှာဖွင့်ဖွင့်နေတာ နားတောင်ငြီးပါရဲ့။     ဟော့ . . . .  အခုဦးကျော်သူတို့က ပြည်သူ့စံပြအနေနဲ့ဂုဏ်ယူချင်လို့မဟုတ်ဘဲ တကယ်ကိုမွန်မြတ်တဲ့စိတ်ထားနဲ့အမှိုက်ကောက်ပါမယ်လည်းဆိုရော မကောက်ရဘူးတဲ့ . . . ဗျာ။ လူသားဆိုတာ သူ့ဓလေ့စရိုက်ဘ၀အခြေအနေအရ မာနဆိုတာပါလာတာပဲ။ ဒါကိုစာမှာ ပဋိသန္ဓေစိတ်လို့ဆိုပါတယ်။ အဲဒီပဋိသန္ဓေစိတ်မှာ မထားသင့်တဲ့မာနမျိုးစေ့လေးက ကပ်နေတယ်။ ဒါကို လူသားတစ်ယောက်အနေနဲ့ မြို့လည်ခေါင်အမှိုက်ပစ်မိတာဟာ အကုသိုလ်စိတ်ဆိုတာကိုသိရမယ် သူနဲ့ဆန့်ကျင်ဘက်အမှိုက်ကောက်စွန့်ပစ်ခြင်းဆိုတာ ကုသိုလ်စိတ်လို့သိရမယ်။ ဒီလိုကွဲပြားခြားနားစွာသိရှိထားကြတဲ့ ကုသိုလ်ရှင်ဦးကျော်သူတို့က မြို့တော်သူမြို့တော်သားတွေအညစ်အကြေးကင်စင်ပါစေ . . . . ငါတို့လည်း ဒီကုသိုလ်ကြောင့် ဘ၀သံသာရာ အဆက်ဆက် ကိလေသာတည်းဟူသော အညစ်အကြေးတို့ ကိုလွယ်လင့်တကူ သမ္မာဒိဋ္ဌိအမြင်ဉာဏ်နဲ့ရှင်းထုတ်နိုင်ပါစေ . . . ။ အဲလို ကုသိုလ်စိတ်နဲ့ အမှိုက်ကောက်တာ ။ ဒါကိုမကောက်ရဘူးတဲ့ . . . ဘယ်ကောင်လည်းကွာ။ ဒီအမိန့်ထုတ်တဲ့ကောင်ဟာ ဘ၀သံသာရာမှာ ကိလေသာအညစ်အကြေးထူပြောမဲ့ကောင်ပဲ။
ဘယ်လောက်တောင်သိန်းစိန်အစိုးရတို့ပြောင်ပြောင်တင်းတင်းမိုက်တွင်းဆင်းသလဲဆိုရင် အရက်နဲ့ဘီယာချက်စက်ရုံတွေကိုတော့ မတားဘူး ဆောက်လုပ်ခွင့်ပေးတယ်တဲ့ . . .  ကဲ . . . မြန်မာပြည်ကပြည်သူလူထုကြီးရေ  ခင်ဗျားတို့ရဲ့ သန်းရွှေလက်ကိုင်တုတ် ရုပ်သေးအစိုးရက
Good Government   ဆိုသော သူတော်ကောင်းများရဲ့ပီယ၀ါစာစကားကို သူတို့ပါးစပ်ကပြောထွက်တယ် ဆိုတာ ပြည်သူကို စာမတက်ပေမတက်လူ့ငနွားများအဖြစ် အထင်သေးတဲ့အခြေအနေမျိုးကိုရောက်နေပါတယ်။ ဒါတွေပြည်သူတွေသိစေချင်လို့ ဦးဇင်းတို့အတွေးကိုချပြတာပါ။ 

ဒီလိုအရက်ချက်စက်ရုံဘီယာချက်စက်ရုံဆိုတာ တကယ်တော့ပြည်သူကို အမြန်သေအောင်သတ်တဲ့ လူသတ်စက်ရုံတွေပါ။ ဒကာကြီးဦးကျော်သူတို့ အမှိုက်ကောက်တယ်ဆိုတာ ပြည်သူကိုအမှန်တကယ်သန့်ရှင်းစေချင်တဲ့ စေတနာမူလပါ။ ဒါကိုတားတယ်ဆိုတော့  တားတဲ့အစိုးရဟာ သူတော်ကောင်းအစိုးရဖြစ်နိုင်ပါ့မလား . . . . ဓမြအစိုးရပဲဖြစ်မှာပေါ့။ ပြည်သူကမြို့တော်သန့်ရှင်းရေးအ တွက်အမှိုက်ကောက်ပေးမယ်လို့ပြောတာကို တားပြန်တော့ရော ဒီအစိုးရဟာ သူတော်ကောင်းအစိုးရဖြစ် နိုင်ပါမလား . .. မြန်မာနိုင်ငံဟာ အဲလိုကို ပြောင်းပြန်ကြီးဖြစ်နေတယ်။ စက်တင်ဘာမှာဘုန်းတော်ကြီးများ ပရိတ်ရွတ်ပြန်တော့လည်း ၀ိနည်းအကြောင်းပြ သေနပ်နဲ့ပစ်တယ်။ လမ်းပေါ်ထွက်ပရိတ်ရွတ်တာဟာ ဘုရားရှင်ငုတ်တုတ်ထင်ရှားရှိကတည်းက ဝေသာလီမှာ အရှင်အာနန္ဒာခေါင်းဆောင်ပြီးရွတ်လာခဲ့တာပါ။ ဒီတော့က မြန်မာပြည်ဟာ ကောင်းတာလုပ်မယ့်လူအတွက် ငရဲပြည်ပဲ။ ထောင်ထဲထည့်မယ်။သတ်ပစ်မယ်။ မကောင်းတာလုပ်နေတဲ့သူတွေအတွက်တော့ အို . . .
အခုကြည့်လေ ပြည်သူလူထုတွေ အသဲကင်ဆာစတဲ့သေဘေးသင့်မယ့် ဘီယာချက်စက်ရုံတည် ဆောက်ခွင့်ရတယ်။ မြို့တော်သန့်ရှင့်ဖို့ အမှိုက်ကောက်မယ့်သူတွေကို ပိတ်ပင်တယ်။ တော်သေးတာပေါ့ ကိုကျော်သူတို့ကို ထောင်ထဲဆွဲမထည့်တာပဲ ကျေးဇူးတင်ရမလိုဖြစ်နေတယ်။
ကဲ . . . .
မြန်မာပြည်က ရုပ်သေးအစိုးရဟာ . . . . ဓားပြအစိုးရ။
မြန်မာပြည်ရဲ့ဥပဒေဟာ  . . . . အဓမ္မသမားတွေကောင်းစားရေး။
ကဲ . . . ဦးကျော်သူရေ . . . အမှိုက်မှမကောက်ရမရှင်းရရင်လည်း ̏ဖွ˝ဗျာ။ ဦးဇင်းတို့ပါ ၀ိုင်း̏ဖွ˝မယ်။

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget