စာ အုပ် ထဲ က ကော် ဖီ
ကျွန်တော့်ကို
လူတွေက
ခပ်ခါးခါးသောက်ကြသလို
ကျွန်တော်က
လူတွေကို
ခပ်ချိုချိုလေး ငေးကြည့်ဖူးပါတယ်။
ကျွန်တော့်ကို
လူတွေက
ခပ်တူးတူးရေးနေချိန်မှာ
ကျွန်တော်ကတော့
လူတွေကို
ခပ်ချိုချိုလေး ဖတ်ခဲ့ဖူးပါတယ်။
မောင်ဇရာ
၉.၁၂.၂၀၀၉
No comments :
Post a Comment