အ ပ္ပ မာ ဒ
တစ် ပြီး နှစ်
သုံး နောက်က လေး . . . . .။
သင်္ချာတစ်ကြောင်း
အလီတွေပေါင်းကြရအောင်
အဖြေက
ခူးခပ်ပြီးထမင်းတစ်ဝိုင်း။
ခလုပ်တိုက်မယ်နော်
နောက်ကလိုက်ကြသူတွေ
ကြည့်စား ကြည့်နား ကြည့်သွား
အရိုးများရင် ပိုသတိထား
မှောင်နေရင် မီးခွက်ထွန်းသွားလေ။
သူ ပြီးရင် နင်
နောက်က ငါတို့တစ်တွေ . . . .
သင်္ခါရ ဓမ္မတေးအတွက်
သံစဉ်ကွက်တွေကြိုးညှိရင်း
သူပြောလိုက်ပုံက
မကြာခင်က
ငါလည်း မင်းလိုပါပဲ
ဖြစ်ဒုက္ခ ပျက်ဒုက္ခ
အိုလိုက် နာလိုက် သေလိုက်ရာတာ
ပြာကျသွားတာတောင်ငါမသိလိုက်ဘူးတဲ့
. . . . . . . . . . . .
အပ္ပမာဒကိုယူသွား။
မောင်ဇရာ
No comments :
Post a Comment