.

AlinShin

Saturday, March 2, 2013

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားခံများ လွှဲပြောင်းပေးမှု

(၁) မနေ့က တင်ဖြစ်တဲ့ပုံက အားချင်း ရှာလိုက်ရတာမို့ နည်းနည်းဟောင်းနေပါတယ်။ ဒီတော့ အပြစ်ပြောလိုသူတချို့က အရင်တုန်းက ဟာကြီးပါလို့ ပြောလာတာကြောင့် လတ်တလောပုံလေးတွေ ပြန်ရှာပြီး တင်ပေးတာပါ။
(၂) စိုင်းနော်ခမ်း ဟာ မူးယစ်ရာဇာ၊ ဘိန်းကုန်သည် (၁၃) ယောက်ကို သတ်တဲ့အမှုမှာ သူ့အမိန့်မပေးခဲ့ဘူးငြင်းသော်လည်း သတ်တဲ့လူတွေက သူ့တပည့်တွေ၊ ဒါကြောင့် စိုင်းနော်ခမ်း အပြစ်ရှိတယ်ဆိုတာ ကျွန်တော်လက်ခံပါတယ်။ အပြစ်ရှိတဲ့လူ အပြစ်ရှိတဲ့အလျောက်ဖြစ်တာ မထူးဆန်းပါဘူး။ ခုက တရုတ်အစိုးရက မထီမဲ့မြင်လုပ်တာ၊ ဘောင်ကျော်တာ၊ CCTV က တိုက်ရိုက်ထုတ်လွှင့်တာ၊ သေဒဏ်ပေးခံရတဲ့ အကျဉ်းသားဟာ မြန်မာ မြန်မာ လို့ထပ်တလဲလဲကြေညာနေတာဟာ နိုင်ငံကြီးက နိုင်ငံလေးကို စော်ကားတာပါ။ ကျွန်တော်ရေးထားတာက အဲဒီ့ အကြောင်းပါ။ စိုင်းနော်ခမ်း အပြစ်ရှိကြောင်း/မရှိကြောင်း၊ စိုင်းနော်ခမ်း ခွေးထက်မိုက်ကြောင်း/မမိုက်ကြောင်း ဆွေးနွေးနေတာမဟုတ်ပါဘူး ခင်ဗျာ။
(၃) စိုင်းနော်ခမ်းကိစ္စကြောင့် လူမျိုးရေးမုန်းတီးမှုစိတ်တွေ ဖြစ်ကြမဲ့အစား တရုတ်အစိုးရရဲ့ ၀င်ရောက်စွက်ဖက်ချယ်လှယ်နေမှုကို ဆန့်ကျင်တာမျိုးဖြစ်စေချင်ကြောင်း အကြံပြုပါတယ် ခင်ဗျာ။

Moe Zay Nyein

Zawmyo Aung shared အဂ္ဂမဟာ သီရိသုဓမ္မ ပုံပျက် ခင်စိန်'s photo.မှကူးယူဖေါ်ပြပါသည် www.alinshin.com

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget