.

AlinShin

Friday, March 15, 2013

ရဟန်းတစ်ပါးရဲ့ . . . . . ဆုတောင်း

Photo
ဦးဇင်းတို့ကတော့ ဘယ်သူ့ဘယ်သူ့ကိုမှ အကြွင်းမဲ့မယုံကြည်ဘူး၊ဘာဖြစ်လို့လဲဆိုတော့ ငယ်စဉ်ကတည်းက ဓမ္မပဒဆိုသော ဗုဒ္ဓစာပေနဲ့အတူအိပ်ခဲ့ရတာလေ . .. ဒါဆိုရင်ဦးဇင်းကဘာကိုယုံကြည်သလဲမေးရင် . . . အမှန်တရားကိုတော့ အကြွင်းမဲ့မကဘူး တစ်သံသာရာလုံးအတွက်ယုံကြည့်တယ်။ ဗုဒ္ဓဘာသာကိုကိုးကွယ်ကြ သည်ဆိုသော သူများကိုလည်း ဒီအတိုင်းပဲမြင်စေချင်တယ်။ လောကမှာ သစ္စာမဖေါက်တာဆိုလို့ ဓမ္မပဲရှိတယ်။ လူသားဟာ အချိန်မရွေးသစ္စာဖေါက်ခွင့်ရှိပေမယ့် ဓမ္မကတော့သစ္စာဖေါက်ခွင့်ရှိသော်လည်းသစ္စာမဖေါက်ဘဲ ရပ်တည်တယ်။
အဲဒီဓမ္မနဲ့ယှဉ်တွဲနေတက်တဲ့ ဘုရားအလောင်းသူတော်ကောင်းကြီးများကြပြန်တော့လည်း ဓမ္မကိုယုံကြည် သူများမို့ သစ္စာမဖေါက်ပြန်ပါဘူး။ အဲ . . . အကယ်၍များ ဒီကနေအချို့ပြည်သူတွေအခေါ်အမေစုသည် ဘုရားအလောင်းသူတော်ကောင်းကြီးများရဲ့ (Group) ၀င်ဆိုရင်တော့ ပြည်သူ့ဘက်ကရပ်တည်နေမယ်ဆို တာကို ဦးဇင်းတို့ ယုံကြည်ပါတယ်။
နောက်ဆုံးအနေနဲ့ဒီပိုစ့်မှာပြောချင်တာကတော့ ကမ္ဘာကြီးကိုအသာဖယ်ထားပြီး ဟို . . အာဏာရူးကြီးမှူး ကြီးသန်းရွှေကအစထားပြီး ဘုရားအလောင်းသူတော်ကောင်းကြီးများအုပ်စုဝင်ဖြစ်ကြပါစေလို့သာဆုတောင်း လိုက်ပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
လက်ပန်းတန်းတောင် ကြီးကိစ္စမှာ

ဒေါ်အောင်ဆန်းစုကြည် ကို အကြွင်းမဲ့ ယုံကြည်၏
ဒေါ်အောင်ဆန်းစုကြည် ကိုအမြဲအားကိုးပါ၏
ဒေါ်အောင်ဆန်းစုကြည် ကဘာကိုမှစိတ်ဓါတ်မကျဘူး .....။
ဒေါ်အောင်ဆန်းစုကြည် ကိုလိပ်ပြာလုံတယ် ...။
ဒေါ်အောင်ဆန်းစုကြည် ကဘာက်ုမှလုံးဝမကြောက်တတ်ဘူး..။

ဒေါ်အောင်ဆန်းစုကြည် ဘယ်တော့မှမတုန်လှုပ်ဘူး...။
ဒေါ်အောင်ဆန်းစုကြည် ဘယ်တော့မှမတွန့်ဆုပ်ဘူး ..။
ဒေါ်အောင်ဆန်းစုကြည် အမြဲရဲရင့်ပြတ်သားသူဖြစ်တယ်တယ် ...။
ဒေါ်အောင်ဆန်းစုကြည် အရာရာကို ရင်ဆိုင်ဝံ့တယ် ..။
ဒေါ်အောင်ဆန်းစုကြည် အရာရာကိုတာဝန်ယူရဲတယ် ..။
ဒေါ်အောင်ဆန်းစုကြည် ရိုးသားဖြူစင်ဖြောင့်မတ်သူဖြစ်တယ် ..။

ကိုကိုစေတနာရှင် အာဏာရူးတွေကြောင့်
တိုင်းပြည်မွဲခဲ့ရတယ်စစ်အစိုးရ ဘယ်လောက် ညစ်ပါစေ ..။
အမှုန်အမွှား ကင်းစင်တဲ့ အတိုက်အခံတွေ ဖြစ်စေချင်ပါတယ် ။

ကိုထွန်းဝေ
15.3.2013
အလင်း ရှင် shared ကိုသောင်း ပုလဲမြေ's status.မှကူးယူဖေါ်ပြပါသည်  www.alinshin.com

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget