လက်ပံတောင်းတောင်
စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်၊
အကြံပြုချက်များအတိုင်း လုပ်ဆောင်ပါက အကျိုးရှိစေနိုင်သည့်
အချက်များပါဝင်သော်လည်း ဒေသခံများအတွက် အငြင်းပွားစရာများ ရှိနေဆဲဖြစ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာပါ ကော်မရှင်၏ တွေ့ရှိအကြံပေးချက်များအတိုင်း လုပ်ဆောင်ပါက အကျိုးရှိသည့် အချက်များပါဝင်သော်လည်း ဒေသခံများနှင့် အငြင်းပွားစရာအချက်များ ပါဝင်နေဆဲဖြစ်ကြောင်း ပညာရှင်အချို့က သုံးသပ်သည်။
အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ကြေးနီမိုင်းလုပ်ငန်း ဆက်လက် လုပ်ဆောင်ခွင့်ပြုရန် သင့်/ မသင့်နှင့်
ပတ်သက်၍ ဆက်စပ်လုပ်ငန်းများနှင့် ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်စေရေး
စုံစမ်းစစ်ဆေးရန်အတွက်လည်းကောင်း၊ ဥပဒေစိုးမိုးရေးနှင့်
နိုင်ငံ၏အနာဂတ်အတွက် အရေးပါသော လုပ်ထုံးလုပ်နည်း၊ အစဉ်အလာများ
ပေါ်ထွန်းစေရေးအ တွက်လည်းကောင်း သုံးသပ်ချက်များနှင့် အကြံပြုချက်များ
တင်ပြနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
အစီရင်ခံစာတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စုံစမ်းစစ်ဆေးချက်များနှင့် လုပ်ဆောင်ချက်များ၊ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ လေ့လာတွေ့ရှိချက်များအား ဖော်ပြထားပြီး မြန်မာ့ပတ်ဝန်းကျင် သိပ္ပံအဖွဲ့အား တာဝန်ပေးအပ်ခြင်း၊ မြန်မာ့ဝန်းကျင်အဖွဲ့၏ လေ့လာတွေ့ရှိချက်များ၊ ဘာသာရပ်နှင့် ဥပဒေကျွမ်းကျင်ပညာရှင်များ၏ တွေ့ရှိအကြံပြုချက်များ၊ စီးပွားရေးပညာရှင်များ၏ တွေ့ရှိအကြံပြုချက်များကို ထည့်သွင်းဖော်ပြခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိန်းသိမ်းခြင်းအတွက် နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ ဆောင် ရွက်သင့်သည့် နည်းပညာများကို အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်းမရှိကြောင်း၊ သို့မဟုတ် လွန်စွာအားနည်းလျက်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်ဟု လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဋ္ဌာန်းချက်များနှင့် ဆောင်ရွက်ခြင်း ရှိ /မရှိ သုံးသပ်မှုတွင် ဖော်ပြခဲ့သည်။
'' ဒီစီမံကိန်းကြီးကို ဘယ်လိုပြောရမလဲဆိုရင် ဒေသခံတွေ ဒီလောက်နစ်မွန်းတာတောင်မှ ပေါ့ပေါ့တန်တန် အလုပ်လုပ်သွားတာ။ သူတို့ဘက်က စကားထွက်တာက ကလေးဆန်တယ်။ ကျွန်မတို့ကတော့ မကြိုက်ဘူး။ သူတို့ လက်ခံထားတာက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကြီးကို လက်ခံထားတာ။ ဒေသခံတွေက တကယ်ကို နစ်နာနေလို့ ကျွန်မတို့က ဒါကို မလုပ်စေချင်တာ။ ကျွန်မတို့ မြန်မာပြည်အလယ်ပိုင်းက နဂိုကတည်းက မိုးနည်းတာ။ အဲဒီတောင် ၃၃ လုံးသာ မရှိရင် ပိုပြီးတော့ မိုးနည်းသွားမှာပေါ့။ ကျွန်မတို့ ဒီစီမံကိန်းက ရာသီဥတုဒဏ်ရော၊ သဘာဝ ပတ်ဝန်းကျင်ရော၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးရော အားလုံး ထိခိုက်လို့ ကျွန်မတို့က ဒီစီမံကိန်း ဖျက်သိမ်းရေးကို တောင်းဆိုတာ။ အခုက ကော်မရှင်ရဲ့အဖြေက ကျွန်မတို့အတွက် မကျေနပ်စရာ အဖြေထွက်လာတာ။ ကျွန်မတို့ မကျေနပ်တာက မီးလောင်ဗုံးမှန်းသိရဲ့နဲ့ မီးခိုးဗုံးလို့ ပြောတာကိုလည်း မကျေနပ်ဘူး။ ကျွန်မအခု ထိုင်းက ပြန်လာတာ။ ဦးတိက္ခဥာဏနဲ့ တွေ့ခဲ့တယ်။ သူက သူ့တစ်ကိုယ်လုံး မီးတွေလောင်နေလို့ လူးလှိမ့်ပြီး ငြှိမ်းခဲ့ရတာပါတဲ့။ ရဲတွေရှေ့မှာ ငြှိမ်းခဲ့ရတာပါတဲ့။ ရဲတွေကို မင်းတို့လုပ်ရပ်တွေကို ကြည့်ကြစမ်းပါကွာ ဆိုတော့ သူတို့က သူတို့ မျက်နှာကို ဒိုင်းတွေနဲ့ ကာထားတယ်တဲ့။ အဲဒါက မီးခိုးဗုံးဖြစ်နိုင်ပါ့မလားတဲ့ ။
ဒေသခံတွေက လျော်ကြေးနည်းလို့ ဆန္ဒပြတာပါတဲ့။ ကျွန်မတို့က လျော်ကြေးနည်းလို့
မဟုတ်ဘူး။ သူတို့ ပိုက်ဆံကို နည်းနည်းလေးတောင် မလိုချင်ဘူး။ သူတို့
ကျွန်မတို့ကို ပြောခဲ့တာက ၁၂ ရက် ၁၂လ ၂၀၁၀ တုန်းက ခရိုင်အုပ်ချုပ်ရေးမှူး
ကိုယ်တိုင်ပြောခဲ့တာက ညည်းတို့ လယ်တွေကို အပိုင်သိမ်းတာမဟုတ်ဘူးတဲ့။
ယန္တရားကားတွေ ဘာတွေ မောင်းတဲ့အခါ သီးနှံတွေ ပျက်စီးနိုင်လို့
သီးနှံလျော်ကြေး ပေးတာပါလို့ ပြောပြီး ပေးသွားတာ။ အခုကျမှ သူတို့က
နည်းလို့လား ဘာလား ထပြောတာ။ အဲဒီတုန်းက သီးနှံလျော်ကြေးမယူတဲ့
လယ်သမားတစ်ယောက်ကိုတောင် ထောင်ချခဲ့သေးတာပဲ။ အဲဒါကို သူတို့က
မလှိမ့်တပတ်နဲ့ ပြောတာမျိုးကို ကျွန်မတို့ လုံးဝမကြိုက်ဘူး။ သူတို့က
ဒေသခံတွေနဲ့ ညှိနှိုင်းတာမျိုး ဘာမျိုး ဘာတစ်ခုမှ ပွင့်လင်းမြင်သာမှု
မရှိဘူး။ သဘာဝပတ်ဝန်းကျင်၊ မိုးလေ၀သတွေနဲ့တွက်ရင် ဒီစီမံကိန်းက လုံးဝ
မလုပ်သင့်ဘူး။ ကျွန်မတို့ ဒေသ ခံတွေအတွက် လူမှုရေး၊ စီးပွားရေး
လုံးဝပျက်သွားမှာ။ အဲဒါမျိုးတော့ ကျွန်မတို့ လုံးဝ မခံနိုင်ဘူး။
ကျွန်မတို့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရင်တော့ သူက
ဒီစီမံကိန်းကြီးနဲ့ ပတ်သက်ပြီး အမိန့်ထုတ်လို့ရတဲ့ သူမဟုတ်တော့ အစီရင်ခံစာ
တင်သွင်းတာပဲ ရှိတာ။ ဖျက်သိမ်းပေးနိုင်မှာ မဟုတ်တော့
ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဘာမှ မပြောလိုဘူး'' လက်ပံတောင်းတောင်အနီးရှိ
ဝက်မှေးကျေးရွာမှ မသွဲ့သွဲ့ဝင်းက ပြောပါသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သတ္တုတွင်းနယ်မြေတွင် ဖြစ်ပွားခဲ့သော လူမှုဝန်းကျင် ပြဿနာများသည် မြေယာသိမ်းဆည်းမှုနှင့် ပြောင်းရွေ့နေရာ ချထားမှုအပေါ်တွင် အဓိကအားဖြင့် အခြေပြုခဲ့သည်ဟု သုံးသပ်ရကြောင်း၊ ကြေးနီသတ္တု တွင်း လုပ်ငန်းအဆင့်ဆင့်အား ပွင့်လင်းမြင်သာစေမှု (Transparency)၊ သတ္တုတူးဖော်ထုတ်လုပ်ရန်အတွက် မြေလိုအပ်ချက်အား စနစ်တကျ သိရှိနားလည်စေမှုနှင့် အဆိုပါလုပ်ငန်းများကြောင့် နိုင်ငံတော်နှင့် သက်ဆိုင်ရာအရပ်ဒေသအတွက် အကျိုးကျေး ဇူး ရှိနိုင်ပုံများအား သိသာသော အထောက်အထား၊အချက်အလက်များ ပြသမှု၊ ထိုက်တန်သော ပေးလျော်မှု၊ အစားထိုးတည်ဆောက်ပေးမှုနှင့် ဒေသခံ ပြည်သူများ၏ လူမှုစီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းဘ၀အတွက် ထိရောက်သော စီမံဆောင် ရွက်ပေးမှုများ လိုအပ်သည်ဟု အကြံပြုကြောင်း ဖော်ပြထားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကြေးနီစီမံကိန်း တစ်ခုဖြစ်ပြီး ယင်းသို့ ကြီးမားသော လုပ်ငန်းမှ နိုင်ငံတော်အတွက် အကျိုးကျေးဇူး ရှိ သည်မှန်သော်လည်း ရရှိသည့် အကျိုးကျေးဇူးမှာ နည်းပါးသည်ဟု ကော်မရှင်နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတ က်မှ
တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဤအချက်ကိုသုံးသပ်၍ အလေးထား
ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။ ကော်မရှင် စီးပွားရေးပညာရှင်၏
အကျိုးရှိမှုတွက်ချက်ခြင်း (Benefit Calculation) အရ ယခုလုပ်ငန်းတွင်
နိုင်ငံတော်နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ ရရှိသည့်
အကျိုးစီးပွားသည် ၀မ်ပေါင်ကုမ္ပဏီရရှိသည့် အကျိုးစီးပွားထက် ပိုမိုကြောင်း
တွက်ချက်ဖော်ပြထားသည်။ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိသော်လည်း
အနာဂတ်မျိုးဆက်များအတွက် အကျိုးကျေးဇူးရှိရန် စဉ်ဆက်မပြတ်
ဖွံ့ဖြိုးမှုများကို လိုအပ်ကြောင်း တိုက်တွန်းထားသည်။
''မုံရွာကလူတွေက ဒီစီမံကိန်းကြောင့် ချင်းတွင်းမြစ်ကြီးများ ညစ်ညမ်းကုန်မလားဆိုပြီး စိုးရိမ်ပူပန်တာတွေ ရှိတယ်။ အဲဒီ စိုးရိမ်ပူပန်မှုတွေက ဒီအစီရင်ခံစာကြောင့်တော့ လျော့ပါးသွားဖို့ မရှိဘူးထင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီထဲမှာ ဖတ်ကြည့်ရင် စွန့်ပစ်တဲ့ကန် ရှိတယ်လေ။ အဲဒါက သိပ်ပြီး ဟန်မကျဘူး။ ရေကြီးလို့ရှိရင်၊ ဒါမှမဟုတ် မိုးတွင်းကျလို့ရှိရင် ရုတ်တရက်ပေါ့။ အဲဒါမျိုးဖြစ်ရင် အဲဒါတွေက မြစ်ထဲရောက်မှာဗျ။ နောက်တစ်ခုကလည်း သူတို့သေချာ လုပ်မှပေါ့။ EIA,SIA အဲဒါတွေလည်း သေချာပြန်လုပ်ရမယ်ဆိုတာ မျိုးလည်း ပါတယ်လေ။ အကြံပြုချက်ထဲမှာ။အဲဒါတွေကို တကယ့်ကို မှန်မှန်ကန်ကန် လုပ်ဖို့ပေါ့လေ။ အဲဒါကို စောင့်ကြည့်တဲ့ အဖွဲ့အစည်း၊ စောင့်ကြည့်တာ ဘယ်သူက စောင့်ကြည့်မှာလဲ။ အခုသတင်းစာထဲမှာ ပါတယ်။ အဖွဲ့ဖွဲ့တယ်ဆိုပြီး။ အဲဒီလူတွေက တပ်ကလူတွေဗျ။ သေချာ စောင့်ကြည့်ရင်တော့ ကောင်းတာပေါ့။ စောင့်ကြည့်နိုင်ပါ့မလားပေါ့။ စာရွက်ထဲမှာရော ဟိုလိုလုပ်ရမယ်၊ ဒီလိုလုပ်ရမယ် ပါတာပေါ့။ တကယ်ရော ဦးပိုင်တို့၊ ၀မ်ပေါင်တို့က လိုက်လုပ်နိုင်ပါ့မလား။ စောင့်ထိန်းပါ့မလားပေါ့။ အဲဒါက တော်တော်အရေးကြီးတယ်ဗျ။ သူတို့ထဲက အကြံပေးချက်အတိုင်း ဘယ်သူကလုပ်မှာလဲ။ သေချာလုပ်မှာလား။ အဲဒါကိုဘယ်သူက Enfore လုပ်မှာလဲပေါ့။ အဲဒါက အဓိကအချက်ပဲ။ အခုကတော့ သူတို့ မဟုတ်တာတွေက ပေါ်လွင်လာပြီလေ။ နံပါတ်တစ်က လျော်ကြေးပေးတာ အင်မတန်နည်းတယ်။ ပေါက်ကြေးနဲ့ ဘာမှမဆိုင်ဘူး။ နောက်တစ်ခုက EIA,SIA မလုပ်ဘူးပေါ့။ နောက်တချို့ဟာတွေမှာ ISO တွေ ဘာတွေ လုပ်မထားဘူးပေါ့။ အဲဒါတွေ ပါတယ်လေ။ နောက်တစ်ခုက နိုင်ငံတော်အကျိုးအတွက် ပြန်ပြီး ပြင်ဖို့တို့ ဘာတို့ပါတယ်။ အဲဒါကို တကယ်လုပ် မလုပ်ကတော့ အရေးကြီးတယ်။ အဲဒါမျိုး လုပ်ပါတယ်လို့ သေချာမှသာ ဒေသခံတွေက စိတ်ချမ်းသာနိုင်မှာဗျ။ ကော်မရှင်က တော့ထွက်တယ်။ ဟိုဟာတွေကတော့ လက်ခံသလားပေါ့လေ။ နောက်တစ်ခုက ကော်မရှင်ထဲမှာ တစ်ခုပါစေချင်တယ်။ သူတို့ကြည့်တာက သုံးခုပဲကြည့်တယ်။ နိုင်ငံတော်အကျိုးတို့၊ တရုတ်-မြန်မာ ဆက်ဆံရေးတို့ အဲဒါမျိုးတွေပါတယ်။ တစ်ချိန်တည်းမှာ အဲဒီဒေသခံတွေ စိုးရိမ်ကြောင့်ကြနေကြတာမျိုးတွေ၊
အဲဒါမျိုး သိပ်မပါဘူး။ အဲဒါမျိုး ပါစေချင်တာပေါ့ဗျာ''ဟု မုံရွာဒေသခံဖြစ်သည့် စာရေးဆရာ ကိုတာက ပြောပါသည်။ ''ကျွန်မတို့ ဒီအစီရင်ခံစာ အပြည့်အစုံတော့ မဖတ်ရသေးပါဘူး။ ကျွန်မတို့ ဖြစ်စေချင်တာက စီမံကိန်းကို မပျက်စေချင်ဘူး၊ သဘာဝပတ်ဝန်းကျင်တွေကိုလည်း မပျက်စီးအောင်ဆိုရင် ကျွန်မတို့ ဒေသခံတွေနဲ့ ကုမ္ပဏီနဲ့ တွေ့ဆုံညှိနှိုင်းဖို့က အကောင်းဆုံး အကြံဥာဏ်ပါပဲ။ ဒေသခံတွေကတော့ ပွင့်လင်းမြင်သာမှု ရှိစေချင်တယ်။ တွေ့ဆိုရင်တွေ့ပါမယ်။ ဘာဖြစ်ချင်တယ်။ ဘာလုပ်ချင်တယ်ဆိုတာကို သူတို့နဲ့ ညှိနှိုင်းချင်ပါတယ်။ ကျွန်မတို့ လိုချင်တဲ့ အချက်အလက်တွေကိုလည်း သူတို့ပေးနိုင်မယ်၊ သူတို့ လိုချင်တာကို လည်း ရမယ်ဆိုရင် နှစ်ဦးသဘောတူ လုပ်လို့ရပါတယ်။ သူတို့တစ်ဘက်တည်း သဘောနဲ့ လုပ်မယ်ဆိုရင်တော့ ကျွန်မတို့က လက်မခံပါဘူး။ လက်ရှိအခြေအနေမှာ သူတို့ဘက်ကရော ကျွန်မတို့ဘက်ကပါ လိုချင်တဲ့ အချက်အလက်တွေကို မညှိနှိုင်းနိုင် သေးရင် အဆင်မပြေသေးပါဘူး။ မီးလောင်ဗုံးကိစ္စကိုလည်း တစ်ချိန်မှာ တာဝန်ရှိသူ တစ်ယောက်ယောက်ကနေ ဖြေရှင်းပေးပါ၊ ဖြေရှင်းပေးနိုင်မယ်လို့လဲ မျှော်လင့်ပါတယ် ''ဟု လက်ပံတောင်း ဒေသခံ မအေးနက်က ပြောပါသည်။
လက်ပံတောင်းတောင် သပိတ်စခန်းအား ဖြိုခွဲရာတွင် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း၊ ဆန္ဒပြသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြိုခွဲသည့်ဖြစ်စဉ်ကို ကြည့်ပါလျင် ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုများနှင့် လေ့ ကျင့်သင်ကြားမှုများ ပြုလုပ်ပေးရန် လိုအပ်သည်ဟု ထင်မြင်ယူဆကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ယင်းမီးခိုးဗုံးမျိုးကို ယာယီ အဆောက်အအုံရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ခြင်းမရှိသဖြင့် မီးခိုးဗုံး၏ အာနိသင်ကို သိရှိခြင်းမရှိကြောင်း၊ ထိုသို့ သိရှိခြင်းမရှိဘဲ သုံးစွဲမှုကြောင့် မမျှော်မှန်း မလိုလားအပ်သော မီးလောင်ဒဏ်ရာများ ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ်အချို့တွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ နောက်နောင်တွင် ဆန္ဒပြမှုများ ပေါ်ပေါက်သည့်အခါ လူစုခွဲရန် လိုအပ်သည့်အချိန်တွင် ထင်သာမြင်သာရှိသည့် အချိန်မျိုးတွင်သာ ဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့သည်။
ယင်းအစီရင်ခံစာတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းမှ မီးလောင် ဒဏ်ရာရသည့် လူနာများအား ဆေးကုသမှုကို တာဝန်ယူလျက်ရှိရာ ကော်မရှင်အနေဖြင့် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှြိေ ကာင်း၊
မန္တလေးပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသူအားလုံး ဆေးရုံမှ
ဆင်းသွားကြပြီဖြစ်ကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့
လွှဲပြောင်းပေးခဲ့သော သံဃာတော် ၄ ပါးကိုလည်း ကော်မရှင်အနေဖြင့်
သွားရောက်ကြည့်ရှုပြီး နှစ်သိမ့်စကားများကို လျောက်ထားခဲ့ကြောင်း၊
ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေသည့် အရှင်သဇ္ဇန၏ ကျန်းမာရေးအခြေအ နေ
တိုးတက်လာပြီဖြစ်သဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း၊
ထို့ပြင် သံဃာတော်ဦး တိက္ခဉာဏ၏ အခြေအနေ တိုးတက်လာနေပြီး ဆက်လက်၍
ကုသမှုခံယူရန် လိုအပ်သေးသည်ဟု ကော်မရှင်အနေဖြင့် သိရှိရကြောင်း
အစီရင်ခံခဲ့သည်။
လက်ရှိအတိုင်းပင် ကြေးနီစီမံကိန်းအား ဆက်လက်လုပ်ကိုင်စေမည့် နည်းလမ်းအား စီမံကိန်း ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ် ဆန်းစစ်ချက်များ စနစ်တကျ ပြုလုပ်ထားခြင်းမရှိကြောင်း၊
စီမံကိန်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာချိန်တွင် ပတ်ဝန်းကျင်ထိခိုက်မှုများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ဤစီမံကိန်းမှ နိုင်ငံတော်အတွက် အကျိုးကျေးဇူးအချို့ ရရှိသော်လည်း ဤမျှကြီးမားသော စီးပွားရေးလုပ်ငန်းမှ ယခုထက် ပိုမို၍ အကျိုးကျေးဇူးရရှိသင့်ကြောင်း၊ ထို့ကြောင့် ဤနည်းလမ်းကို ရွေးချယ်ရန် မသင့်ဟု ယူဆကြောင်း ဖော်ပြခဲ့သည်။
ကြေးနီစီမံကိန်းအား ဆက်လက် လုပ်ဆောင်ခွင့်မပြုဘဲ ရပ်ဆိုင်းစေမည့် နည်းလမ်းတွင် ယင်းစီမံကိန်းသည် တရုတ်နိုင်ငံပိုင်ကုမ္ပဏီနှင့် မြန်မာနိုင်ငံဘက်မှ ကာကွယ်ရေးဝန်ကြီးဌာနမှ ရှယ်ရာ ၄၀ ရာခိုင်နှုန်း ပါဝင်သည့် ကုမ္ပဏီကြီးဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှ င့်
အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ထားသည့် လုပ်ငန်းဖြစ်ရာ
ယင်းလုပ်ငန်းကို ဖျက်သိမ်းမည်ဆိုပါက မြန်မာနိုင်ငံသည် ခွင့်ပြုထားသော
စာချုပ်ကို လေးစားလိုက်နာခြင်းမရှိဟု ယူဆမှုများ ပေါ်လာနိုင်ကြောင်း၊
နိုင်ငံတကာ ဆက်ဆံရေးရှုထောင့်မှ ကြည့်လျင် နှစ်နိုင်ငံဆက်ဆံရေး
ပြေလည်မှုမရှိသည့် အခြေအနေများ ပေါ်ပေါက်လာနိုင်သောကြောင့် အခက်အခဲများစွာ
ရှိလာနိုင်သည်ဟု သုံးသပ်ထားသည်။
ထို့ကြောင့် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ လေ့လာတွေ့ရှိသော အားနည်းချက်များကို ပြုပြင်စေကာ နိုင်ငံတော်၏ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်အတွက် အကျိုးစီးပွားတို့ကို ပြည့်ဝစွာ ရရှိစေရန်အစီအမံများ ချမှတ်ပြီး ဆက်လက်လုပ်ဆောင်စေမည့် နည်းလမ်းတွင် မြေသိမ်းဆည်းခံဒေသခံများအား ပေးအပ်ထားသည့် မြေလျော်ကြေးအား ကာလတန်ဖိုးအတိုင်း ပြင်ဆင်၍ ထပ်မံတိုးမြင့်ပေးရန်၊ အချို့နေရာများကို စိုက်ပျိုးမြေအဖြစ် ပြန်လည်သုံးစွဲနိုင်ရေးအတွက် စဉ်းစားလုပ်ဆောင်ပေးရန် စသည့် အချက်များပါဝင်ပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့၏ စာချုပ်အား ပြန်လည်ပြင်ဆင် ချုပ်ဆိုစေပြီး ကြေးနီစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း စိစစ်တင်ပြထားသည်။
''ကော်မရှင်ရဲ့ ဒီစီမံကိန်းအပေါ် အကြံပြုချက်တွေဟာ တစ်ခါတလေ လိုရာမရောက်ဘဲ ဝေ့နေပေမယ့် ရည်ရွယ်ချက်က ကောင်းပါတယ်။ စာချုပ်ကို ပြင်ဆင်ချုပ်ဆိုပြီးမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေ၊ ဒေသခံနစ်နာမှုရှိတာတွေကို ဒေသခံတွေနဲ့ ညှိနှိုင်းပြီးမှ ဒီစီမံကိန်းကို ဆက်လုပ်သင့်ပါတယ်။ဒါပေမဲ့ အကောင်အထည်ဖော်ရေး ကော်မတီမှာ ဒေသခံတွေ သို့မဟုတ် လူထုကိုယ်စားလှယ်တွေ မပါဘဲ အစိုးရကိုယ်စားလှယ်တွေပဲ ပါဝင်တာကြောင့် မကျေလည်မှုတွေ အကြမ်းဖက်မှုတွေ ပေါ်လာရင်တော့ အစိုးရမှာပဲ တာဝန်ရှိသွားပါလိမ့်မယ်။ တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး လွန် ကျွံသွားတဲ့ ကိစ္စတွေမှာ အရာရာအားလုံး U - Turn ပြန်လှည့်လို့ မရပါဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံရဲ့ အနာဂတ် အစစအရာရာကို ချိန်ဆရပါတယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း အစိုးရက လိုက်လုပ်ပေးရင် ကျေနပ်စရာလို့ မြင်ပါတယ်'' ဟု Eleven Media Group ၏ CEO ဖြစ်သူ ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီအရင်ခံစာမှ ကောက်နှုတ်ချက်အချို့
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ လေ့လာတွေ့ရှိချက်များ
- ဒုန်းတောကျေးရွာနေ နေအိမ်ဝင်းတစ်ခုအတွင်းရှိ အ၀ီစိတွင်း (သို့မဟုတ်) ပြွန်စိုက်တွင်းတစ်ခု၌ အတောင် ၆၀ အနက်မှ ရေစုပ်စက်ဖြင့် စုပ်တင်ယူထားသော မြေအောက်ရေကို လေ့လာကြည့် သောအခါ ထိုရေကို တိုက်ရိုက် သောက်သုံး၍ မရဘဲ ကွန်ကရစ်စည်ပိုင်းများဖြင့် နှစ်ဆင့်ခံပြီးမှသာ သုံးစွဲနိုင်ကြောင်း၊ ရေ၏ အရည်အသွေးအနေဖြင့်လည်း အရောင်၊ အနံ့၊ အရသာတို့မှာ ပုံမှန်မဟုတ်ဘဲ အနည်းငယ် ထူးခြားနေကြောင်းကို တွေ့ရှိခဲ့သည်။
- တူညီသောအချက်မှာ မြို့သစ်တည်ဆောက်ခွင့်ရသည့် ကန်ထရိုက်တာများ၊ ဆပ်ကန်ထရိုက်တာများသည် နေအိမ်၊ အဆောက်အဦကို ဆောက်လုပ်စဉ်က အရည်အသွေးညံ့ဖျင်းသော (သို့မဟုတ်) စံချိန်မမီသော သစ်နှင့် အခြား အိမ်ဆောက်ပစ္စည်းများကို သုံးစွဲခဲ့သည်ဟု အများက မျက်မြင်သက်သေ အထောက်အထားများဖြင့် တင်ပြသည်ကို တွေ့ရှိရသည်။ ရွာသစ်သို့ ပြောင်းရွှေ့မည်ဆိုပါက ကြေးနီစီမံကိန်းတွင် အနည်းဆုံး တစ်အိမ်ထောင် တစ်ယောက်နှုန်းဖြင့် အလုပ်ရမည်ဟု ကတိက၀တ် ပြုထားခဲ့သော်လည်း လက်တွေ့တွင်မူ ထိုသို့ မဟုတ်ကြောင်း တင်ပြသူများလည်း ရှိသည်ကို တွေ့ခဲ့ရသည်။
- ဆားလင်းကြီးမြို့နယ်၊ ကံကုန်း ကျေးရွာအနီးရှိ မြန်မာ့စီးပွားရေးဦးပိုင်လီမိတ က်၊
မိုးကြိုးဆာလ်ဖျူ ရစ်အက်ဆစ် စက်ရုံသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏
စက်ရုံဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူထားခြင်း
မရှိကြောင်း၊ ဦးပိုင်၏ စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် 
လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက် လက်မှတ်
(ISO Certificate) လည်း ရယူထားခြင်း မရှိကြောင်း၊ ကြေးနီမိုင်း၏
လိုအပ်ချက်ဖြစ်သော ၉၈ ရာခိုင်နှုန်း ဆာလ်ဖျူရစ်အက်ဆစ် နေ့စဉ် တန် ၅၀
ထွက်ရှိကြောင်း၊ စက်ရုံစီမံကိန်းကို ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉.၄.၂၀၀၇
ရက် နေ့တွင် စတင်လည်ပတ် ထုတ်လုပ်ခဲ့ကြောင်း၊ ခေါင်းတိုင်သည် မြေပြင်မှ ၁၃၁
ပေမြင့်ပြီး စွန့်ထုတ်သောအငွေ့တွင် ဆာလ်ဖာဒိုင်အောက်ဆိုဒ် (SO2)
ပါဝင်မှုကို 150ppm ထက်မများစေရန် သတ်မှတ်ထိန်းချုပ် စွန့်ထုတ်ကြောင်း၊ ၂၄
နာရီစဉ် ဆက်မပြတ် လည်ပတ်ရသည့် အန္တရာယ်ရှိသော ဓာတုဗေဒပစ္စည်းစက်ရုံ
အတန်းအစားအဖြစ် နိုင်ငံတကာက သတ်မှတ်ထားကြောင်း စက်ရုံမှူး၏
ရှင်းလင်းတင်ပြချက်အရ သိရှိခဲ့ရသည်။
ကွင်းဆင်းအဖွဲ့ တွေ့ရှိခဲ့ရသော အားနည်းချက်များ
- ရွာသစ်များကို စံပြကျေးရွာ အဆင့်မီ တည်ဆောက်ထားမှု မရှိခြင်း
- လျော်ကြေးကိစ္စတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း
- သတင်းအချက်အလက် ရရှိရန် အခွင့်အလမ်း အားနည်းသော ရွာသူရွာသားများအား စီမံကိန်းနှင့် ပတ်သက်သည့် သိကောင်းစရာများကို ခေါ်ယူဆွေးနွေး ရှင်းလင်းပြသမှု မရှိခြင်း
- လျော်ကြေးပေးမည့် ဆင့်ခေါ်ကြော်ငြာစာများတွင် မြေယာ/သီးနှံ လျော်ကြေးများဟု ရေးထားပြီး လျော်ကြေးရရှိကြောင်း လက်ဗွေ (သို့မဟုတ်) လက်မှတ်ထိုးရသော ၀န်ခံချက် စာရွက်တွင်မူ လျော်ကြေးငွေ ရရှိကြောင်းနှင့် မြေယာစွန့်လွှတ်ကြောင်း ၀န်ခံချက်ဟု တွေ့ရခြင်း၊
- မြေယာ/သီးနှံ လျော်ကြေး ပေးရာတွင် ယာမြေဖြင့် အသက်မွေးဝမ်းကျောင်းနေရသော ကျေးလက်နေ ရွာသူ၊ရွာသားများအား ကာလတန်ဖိုးဖြင့် လျော်ကြေးပေးမှုမရှိခြင်း၊
- လက်ပံတောင်းတောင် စီမံကိန်းတွင် လူမှုရေးအကျိုးသက်ရောက်မှု အဆင့်မီ အကဲဖြတ်ခြင်း (SIA) ဆောင်ရွက်ထားမှု မရှိခြင်းတို့ကို တွေ့ရှိရပါသည်။
သုံးသပ်ချက် အကြံပြုချက်များ
- လက်ပံတောင်းတောင် ကြေးနီသတ္ထုတွင်း စီမံကိန်းတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲပြုစုထားသော ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (EMP) နှင့် လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် မရှိသေးကြောင်း သုံးသပ်ရပါသည်။
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ယနေ့အထိ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ကြီးမားစွာ ဖြစ်ပေါ်ခြင်း မရှိသေးပါ။ သို့ရာတွင် ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘ၀ကို ထိခိုက်မှု အတန်အသင့် ရှိနေပြီ ဖြစ်ကြောင်း သုံးသပ်ရပါသည်။
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ရှိသင့်ပြီးသော မြေဆီလွှာ ထိန်းသိမ်းမှုစနစ်၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုစနစ် နှင့် ဇီ၀၀န်းကျင် စီမံခန့်ခွဲမှုစနစ်များအား ရေရှည်ဖြစ်ပေါ်စေမှုနှင့် စနစ်တကျ ကျင့်သုံးနေမှုများကို မတွေ့ရှိကြောင်း သုံးသပ်ရပါသည်။
ခြုံငုံသုံးသပ် အကြံပြုချက်
- လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းနယ်မြေ၏ သက်ရှိဂေဟစနစ်သည် မျက်မှောက်ကာလတွင် အရည် အသွေးကျဆင်းမှု၊ ယိုယွင်းပျက်စီးမှု ကြီးကြီးမားမား မရှိသေးသော်လည်း ကြေးနီသတ္တုတူးဖော် လုပ်ကိုင်ခြင်း၊ သတ္တုသန့်စင်ခြင်း စသည့် လုပ်ငန်းများကို ရှေ့တွင် ဆက်လက် လုပ်ဆောင်လာသည်နှင့်အမျှ ယင်းနယ်မြေရှိ သစ်ပင်သစ်တော၊ သက်ရှိ သတ္တ၀ါ၊ တိရစ္ဆာန်၊ ရေ၊ မြေ တို့ကို ဧကန်မုချ ပြောင်းလဲကာ သိသာထင်ရှားသော ထိခိုက်မှုများ ဖြစ်ပေါ်လာစေမည် ဖြစ်သောကြောင့် ကြိုတင်ကာကွယ်မှု ပြုလုပ်နိုင်ရန် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ်တစ်ရပ်ကို လုပ်ငန်းမစမီကပင် ပြင်ဆင်၍ ကျင့်သုံးသင့်သည်ဟု သုံးသပ် အကြံပြုအပ်ပါသည်။
ကြေးနီစီမံကိန်း ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များအတွက် အကျိုးရှိ/မရှိ
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် နိုင်ငံခြားသားဦးရေ များပြားပြီး ဒေသခံတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ဒေသခံ ပြည်သူတို့သည် လယ်ယာလုပ်ကိုင်သူများဖြစ်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ယခင်လုပ်ကိုင်ခဲ့ကြသော လယ် ယာမြေများကို စွန့်လွှတ်ခဲ့ရာ မိရိုးဖလာ လုပ်ကိုင်ခဲ့သော လယ်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်ခြင်း မရှိတော့သည်ကို တွေ့ရှိရပါသည်။
ခြုံငုံသုံးသပ်ချက်နှင့် အကြံပြုချက်များ
- ကြေးနီစီမံကိန်းတွင် မြေသိမ်းဆည်းခံထားရသော ဒေသခံလူထုအတွက် ပေးအပ်သော မြေလျော်ကြေးတို့သည် ကာလတန်ဖိုးထက်များစွာ လျော့နည်းနေရာ ကာလတန်ဖိုးအတိုင်း ပြင်ဆင်၍ ထပ်မံတိုးပေးရန်။
မြေယာသိမ်းဆည်းမှုများအပေါ် ဒေသခံပြည်သူများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးမှုများနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ
- မြေနှင့် သီးနှံ လျော်ကြေးပေးအပ်မှု အခြေအနေကို လေ့လာကြည့်ပါက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် မြေနှင့်သီးနှံ လျော်ကြေးပေးအပ်မှု ကာလတန်ဖိုးဖြင့် မြေလျော်ကြေး မပေးခဲ့သဖြင့် မြေလျော်ကြေးပေးအပ်မှုမှာ အလွန်နည်းပါးနေကြောင်း သုံးသပ်တွေ့ရှိရပါသည်။
- အမှန်တကယ် စိုက်ပျိုးထားသော လယ်မြေ ၃၉.၉ ဧက၊ ယာမြေ ၅၀၁၇.၁ ဧကနှင့် ဦးပိုင်မပေါက်သော်လည်း စိုက်ပျိုးထားမြေ ၁၇၂၇ ဧက စုစုပေါင်း ၆၇၈၄ ဧကကို သင့်တော်သော ကာလပေါက်ဈေးနှုန်းဖြင့် ပြန်လည်ပေးသင့်ပါကြောင်း အကြံပြုအပ်ပါသည်။
မီးခိုးဗုံးနှင့် ပတ်သက်၍ ကော်မရှင်၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်များ
- မီးခိုးဗုံးပေါက်ကွဲရာ ၈ မီတာ အတွင်းတွင် လောင်ကျွမ်းလွယ်သည့် အရာများ ဥပမာ- ပိုလီယက်စတာ အ၀တ်စများ၊ ပလတ်စတစ် မိုးကာစများနှင့် မြွေရေခွံအိတ်များရှိပါက ရေစိုသည်ဖြစ်စေ၊ မစိုသည်ဖြစ်စေ ပေါက်ကွဲသည့်အရှိန်ကြောင့် မီးစုံးစများ ထိမှန်ပါက မီးလောင်နိုင်ကြောင်း တွေ့ရှိရသည်။
- မီးခိုးဗုံး အများအပြား အသုံး ပြုခဲ့လျင်သော်လည်းကောင်း၊ မီးလောင်လွယ်သည့် ပစ္စည်းများ၊ အ၀တ်အစားများ ၈ မီတာအတွင်း ရှိခဲ့လျင်သော်လည်းကောင်း မီးကူးစက်လောင်ကျွမ်းမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
- မီးခိုးဗုံးအများအပြားကို တစ်ချိန်တည်းတွင် အသုံးပြုပါက မီး တောက်မီးလျံများ ကြီးမားပြီး ပတ်ဝန်းကျင်ရှိ လောင်စာအမျိုးအစားပေါ် မူတည်၍ ပြင်းထန်ကြာမြင့်စွာ လောင်ကျွမ်းနိုင်ကြောင်း တွေ့ရှိရပါသည်။
အကြံပြုချက်များ
- လူစုလူဝေးခွဲရာတွင် သုံးစွဲရန် ရည်ရွယ်သည့် မည်သည့်ပစ္စည်းကိုမဆို ကြိုတင်စမ်းသပ်ပြီး ထိခိုက်မှု၊ အကျိုးသက်ရောက်မှုနှင့် ဘေးထွက်ဆိုးကျိုး အန္တရာယ် မည်သို့ရှိသည်ကို ရဲတပ်ဖွဲ့များက ကြိုတင်စမ်းသပ် လေ့လာသင့်သည်။ ထို့အပြင် လိုအပ်လျင် လိုအပ်သလို ပြည်တွင်းတွင်လည်းကောင်း၊ နိုင်ငံတကာ အကူအညီ များ ရယူပြီး ပြည်ပသို့ စေလွှတ်၍လည်းကောင်း လေ့ကျင့်သင်ကြားစေသင့်ကြောင်း အကြံပြု တင်ပြအပ်ပါသည်။
- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အဓိကရုဏ်းနှိမ်နင်းမှု လေ့ကျင့်ခြင်းကို မိမိ အစီအစဉ်ဖြင့်လည်းကောင်း၊ နိုင်ငံတကာ အကူအညီ ရယူ၍လည်းကောင်း အမြန်စတင် လေ့ကျင့်သင့်ပါကြောင်းနှင့် အဆင့်မြင့် နိုင်ငံခြားသင်တန်းများသို့လည်း စေလွှတ်သင်ကြားစေသင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပတ်သက်၍ ပြုပြင်သင့်သော ကိစ္စရပ်များ
- လက်ပံတောင်းတောင် စီမံကိန်းအား ဆန္ဒပြသူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖြိုခွင်းသည့် ဖြစ်စဉ်ကို ကြည့်ပါလျင် ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုများနှင့် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးရန် လိုအပ်သည်ဟု ကော်မရှင်အနေဖြင့် ထင်မြင်ယူဆပါ သည်။
- သပိတ်စခန်းကို ဖြိုခွင်းရာ၌ နံနက် ၃ နာရီခန့်ကို ရွေးချယ်ပြီး ဆောင်ရွက်ချက်မှာ ထိခိုက် ဒဏ်ရာ အနည်းဆုံးဖြစ်စေရန် ဆုံးဖြတ်ဆောင်ရွက်ခဲ့သည်ဟု သိရှိရသော်လည်း ယင်းဆုံးဖြတ်ချက်သည် ဖြစ်နိုင်ချေရှိသော ကိစ္စအရပ်ရပ်ကို ထည့်သွင်း စဉ်းစားခဲ့ခြင်းမရှိဟု ကော်မရှင်က သုံးသပ်ပါသည်။
-လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆန္ဒပြမှုကို ဖြိုခွင်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ပါသည်။ ထိုမီးခိုးဗုံးကို မီးခိုးမှိုင်းကာ အနေ ဖြင့် ယေဘုယျအားဖြင့် အသုံးပြုလေ့ရှိပါသည်။ ထိုမီးခိုးဗုံးကို ကွင်းပြင်တွင် အသုံးပြုပါက မီးလောင်မှု မဖြစ်ပွားနိုင်သော်လည်း မီးခိုးဗုံးပေါက်ကွဲရာ ၈ မီတာအတွင်းတွင် လောင်ကျွမ်းလွယ်သည့်အရာများ၊ ဥပမာ- ပိုလီယက်စတာ အ၀တ်စများ၊ တာပေါ်လင်ခေါ် ပလတ်စတစ် မိုးကာစများ၊ မြွေရေခွံအိတ်များ ရှိပါက ရေစိုသည်ဖြစ်စေ၊ မစိုသည်ဖြစ်စေ ပေါက်ကွဲသည့် အရှိန်ကြောင့် မီးစုန်းစများ ထိမှန်ပါက မီးလောင်နိုင်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်က စမ်းသပ်လေ့လာချက်များအရ တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်လည်း ယခု မီးခိုးဗုံးမျိုးကို ယာယီအဆောက်အအုံ ရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ခြင်း မရှိခဲ့သဖြင့် မီးခိုးဗုံး၏ အာနိသင်ကို သိရှိခြင်း မရှိကြောင်း၊ ထိုသို့ သိရှိခြင်းမရှိဘဲ သုံးစွဲမှုကြောင့် မမျှော်မှန်း၊ မလိုလားအပ်သော မီးလောင်ဒဏ်ရာများ ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ်အချို့တွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထိုအကြောင်း အချက်တို့ကို ထောက်ရှု၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား အဓိကရုဏ်း ဖြိုခွဲမှုအပါအ၀င် လိုအပ်သည့် လေ့ကျင့်မှုများကို ပြုလုပ်ပေးသင့်ကြောင်း အကြံပြုအပ်ပါသည်။
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English LanguageSaw Yan Naing shared Sa Maung's photo.
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာပါ ကော်မရှင်၏ တွေ့ရှိအကြံပေးချက်များအတိုင်း လုပ်ဆောင်ပါက အကျိုးရှိသည့် အချက်များပါဝင်သော်လည်း ဒေသခံများနှင့် အငြင်းပွားစရာအချက်များ ပါဝင်နေဆဲဖြစ်ကြောင်း ပညာရှင်အချို့က သုံးသပ်သည်။
အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ကြေးနီမိုင်းလုပ်ငန်း ဆက်လက် လုပ်ဆောင်ခွင့်ပြုရန် သင့်/
အစီရင်ခံစာတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စုံစမ်းစစ်ဆေးချက်များနှင့် လုပ်ဆောင်ချက်များ၊ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ လေ့လာတွေ့ရှိချက်များအား ဖော်ပြထားပြီး မြန်မာ့ပတ်ဝန်းကျင် သိပ္ပံအဖွဲ့အား တာဝန်ပေးအပ်ခြင်း၊ မြန်မာ့ဝန်းကျင်အဖွဲ့၏ လေ့လာတွေ့ရှိချက်များ၊ ဘာသာရပ်နှင့် ဥပဒေကျွမ်းကျင်ပညာရှင်များ၏ တွေ့ရှိအကြံပြုချက်များ၊ စီးပွားရေးပညာရှင်များ၏ တွေ့ရှိအကြံပြုချက်များကို ထည့်သွင်းဖော်ပြခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိန်းသိမ်းခြင်းအတွက် နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ ဆောင် ရွက်သင့်သည့် နည်းပညာများကို အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်းမရှိကြောင်း၊ သို့မဟုတ် လွန်စွာအားနည်းလျက်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်ဟု လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဋ္ဌာန်းချက်များနှင့် ဆောင်ရွက်ခြင်း ရှိ /မရှိ သုံးသပ်မှုတွင် ဖော်ပြခဲ့သည်။
'' ဒီစီမံကိန်းကြီးကို ဘယ်လိုပြောရမလဲဆိုရင် ဒေသခံတွေ ဒီလောက်နစ်မွန်းတာတောင်မှ ပေါ့ပေါ့တန်တန် အလုပ်လုပ်သွားတာ။ သူတို့ဘက်က စကားထွက်တာက ကလေးဆန်တယ်။ ကျွန်မတို့ကတော့ မကြိုက်ဘူး။ သူတို့ လက်ခံထားတာက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကြီးကို လက်ခံထားတာ။ ဒေသခံတွေက တကယ်ကို နစ်နာနေလို့ ကျွန်မတို့က ဒါကို မလုပ်စေချင်တာ။ ကျွန်မတို့ မြန်မာပြည်အလယ်ပိုင်းက နဂိုကတည်းက မိုးနည်းတာ။ အဲဒီတောင် ၃၃ လုံးသာ မရှိရင် ပိုပြီးတော့ မိုးနည်းသွားမှာပေါ့။ ကျွန်မတို့ ဒီစီမံကိန်းက ရာသီဥတုဒဏ်ရော၊ သဘာဝ ပတ်ဝန်းကျင်ရော၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးရော အားလုံး ထိခိုက်လို့ ကျွန်မတို့က ဒီစီမံကိန်း ဖျက်သိမ်းရေးကို တောင်းဆိုတာ။ အခုက ကော်မရှင်ရဲ့အဖြေက ကျွန်မတို့အတွက် မကျေနပ်စရာ အဖြေထွက်လာတာ။ ကျွန်မတို့ မကျေနပ်တာက မီးလောင်ဗုံးမှန်းသိရဲ့နဲ့ မီးခိုးဗုံးလို့ ပြောတာကိုလည်း မကျေနပ်ဘူး။ ကျွန်မအခု ထိုင်းက ပြန်လာတာ။ ဦးတိက္ခဥာဏနဲ့ တွေ့ခဲ့တယ်။ သူက သူ့တစ်ကိုယ်လုံး မီးတွေလောင်နေလို့ လူးလှိမ့်ပြီး ငြှိမ်းခဲ့ရတာပါတဲ့။ ရဲတွေရှေ့မှာ ငြှိမ်းခဲ့ရတာပါတဲ့။ ရဲတွေကို မင်းတို့လုပ်ရပ်တွေကို ကြည့်ကြစမ်းပါကွာ ဆိုတော့ သူတို့က သူတို့ မျက်နှာကို ဒိုင်းတွေနဲ့ ကာထားတယ်တဲ့။ အဲဒါက မီးခိုးဗုံးဖြစ်နိုင်ပါ့မလားတဲ့
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သတ္တုတွင်းနယ်မြေတွင် ဖြစ်ပွားခဲ့သော လူမှုဝန်းကျင် ပြဿနာများသည် မြေယာသိမ်းဆည်းမှုနှင့် ပြောင်းရွေ့နေရာ ချထားမှုအပေါ်တွင် အဓိကအားဖြင့် အခြေပြုခဲ့သည်ဟု သုံးသပ်ရကြောင်း၊ ကြေးနီသတ္တု တွင်း လုပ်ငန်းအဆင့်ဆင့်အား ပွင့်လင်းမြင်သာစေမှု (Transparency)၊ သတ္တုတူးဖော်ထုတ်လုပ်ရန်အတွက် မြေလိုအပ်ချက်အား စနစ်တကျ သိရှိနားလည်စေမှုနှင့် အဆိုပါလုပ်ငန်းများကြောင့် နိုင်ငံတော်နှင့် သက်ဆိုင်ရာအရပ်ဒေသအတွက် အကျိုးကျေး ဇူး ရှိနိုင်ပုံများအား သိသာသော အထောက်အထား၊အချက်အလက်များ ပြသမှု၊ ထိုက်တန်သော ပေးလျော်မှု၊ အစားထိုးတည်ဆောက်ပေးမှုနှင့် ဒေသခံ ပြည်သူများ၏ လူမှုစီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းဘ၀အတွက် ထိရောက်သော စီမံဆောင် ရွက်ပေးမှုများ လိုအပ်သည်ဟု အကြံပြုကြောင်း ဖော်ပြထားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကြေးနီစီမံကိန်း တစ်ခုဖြစ်ပြီး ယင်းသို့ ကြီးမားသော လုပ်ငန်းမှ နိုင်ငံတော်အတွက် အကျိုးကျေးဇူး ရှိ သည်မှန်သော်လည်း ရရှိသည့် အကျိုးကျေးဇူးမှာ နည်းပါးသည်ဟု ကော်မရှင်နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတ
''မုံရွာကလူတွေက ဒီစီမံကိန်းကြောင့် ချင်းတွင်းမြစ်ကြီးများ ညစ်ညမ်းကုန်မလားဆိုပြီး စိုးရိမ်ပူပန်တာတွေ ရှိတယ်။ အဲဒီ စိုးရိမ်ပူပန်မှုတွေက ဒီအစီရင်ခံစာကြောင့်တော့ လျော့ပါးသွားဖို့ မရှိဘူးထင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီထဲမှာ ဖတ်ကြည့်ရင် စွန့်ပစ်တဲ့ကန် ရှိတယ်လေ။ အဲဒါက သိပ်ပြီး ဟန်မကျဘူး။ ရေကြီးလို့ရှိရင်၊ ဒါမှမဟုတ် မိုးတွင်းကျလို့ရှိရင် ရုတ်တရက်ပေါ့။ အဲဒါမျိုးဖြစ်ရင် အဲဒါတွေက မြစ်ထဲရောက်မှာဗျ။ နောက်တစ်ခုကလည်း သူတို့သေချာ လုပ်မှပေါ့။ EIA,SIA အဲဒါတွေလည်း သေချာပြန်လုပ်ရမယ်ဆိုတာ မျိုးလည်း ပါတယ်လေ။ အကြံပြုချက်ထဲမှာ။အဲဒါတွေကို တကယ့်ကို မှန်မှန်ကန်ကန် လုပ်ဖို့ပေါ့လေ။ အဲဒါကို စောင့်ကြည့်တဲ့ အဖွဲ့အစည်း၊ စောင့်ကြည့်တာ ဘယ်သူက စောင့်ကြည့်မှာလဲ။ အခုသတင်းစာထဲမှာ ပါတယ်။ အဖွဲ့ဖွဲ့တယ်ဆိုပြီး။ အဲဒီလူတွေက တပ်ကလူတွေဗျ။ သေချာ စောင့်ကြည့်ရင်တော့ ကောင်းတာပေါ့။ စောင့်ကြည့်နိုင်ပါ့မလားပေါ့။ စာရွက်ထဲမှာရော ဟိုလိုလုပ်ရမယ်၊ ဒီလိုလုပ်ရမယ် ပါတာပေါ့။ တကယ်ရော ဦးပိုင်တို့၊ ၀မ်ပေါင်တို့က လိုက်လုပ်နိုင်ပါ့မလား။ စောင့်ထိန်းပါ့မလားပေါ့။ အဲဒါက တော်တော်အရေးကြီးတယ်ဗျ။ သူတို့ထဲက အကြံပေးချက်အတိုင်း ဘယ်သူကလုပ်မှာလဲ။ သေချာလုပ်မှာလား။ အဲဒါကိုဘယ်သူက Enfore လုပ်မှာလဲပေါ့။ အဲဒါက အဓိကအချက်ပဲ။ အခုကတော့ သူတို့ မဟုတ်တာတွေက ပေါ်လွင်လာပြီလေ။ နံပါတ်တစ်က လျော်ကြေးပေးတာ အင်မတန်နည်းတယ်။ ပေါက်ကြေးနဲ့ ဘာမှမဆိုင်ဘူး။ နောက်တစ်ခုက EIA,SIA မလုပ်ဘူးပေါ့။ နောက်တချို့ဟာတွေမှာ ISO တွေ ဘာတွေ လုပ်မထားဘူးပေါ့။ အဲဒါတွေ ပါတယ်လေ။ နောက်တစ်ခုက နိုင်ငံတော်အကျိုးအတွက် ပြန်ပြီး ပြင်ဖို့တို့ ဘာတို့ပါတယ်။ အဲဒါကို တကယ်လုပ် မလုပ်ကတော့ အရေးကြီးတယ်။ အဲဒါမျိုး လုပ်ပါတယ်လို့ သေချာမှသာ ဒေသခံတွေက စိတ်ချမ်းသာနိုင်မှာဗျ။ ကော်မရှင်က တော့ထွက်တယ်။ ဟိုဟာတွေကတော့ လက်ခံသလားပေါ့လေ။ နောက်တစ်ခုက ကော်မရှင်ထဲမှာ တစ်ခုပါစေချင်တယ်။ သူတို့ကြည့်တာက သုံးခုပဲကြည့်တယ်။ နိုင်ငံတော်အကျိုးတို့၊ တရုတ်-မြန်မာ ဆက်ဆံရေးတို့ အဲဒါမျိုးတွေပါတယ်။ တစ်ချိန်တည်းမှာ အဲဒီဒေသခံတွေ စိုးရိမ်ကြောင့်ကြနေကြတာမျိုးတေ
အဲဒါမျိုး သိပ်မပါဘူး။ အဲဒါမျိုး ပါစေချင်တာပေါ့ဗျာ''ဟု မုံရွာဒေသခံဖြစ်သည့် စာရေးဆရာ ကိုတာက ပြောပါသည်။ ''ကျွန်မတို့ ဒီအစီရင်ခံစာ အပြည့်အစုံတော့ မဖတ်ရသေးပါဘူး။ ကျွန်မတို့ ဖြစ်စေချင်တာက စီမံကိန်းကို မပျက်စေချင်ဘူး၊ သဘာဝပတ်ဝန်းကျင်တွေကိုလည်း မပျက်စီးအောင်ဆိုရင် ကျွန်မတို့ ဒေသခံတွေနဲ့ ကုမ္ပဏီနဲ့ တွေ့ဆုံညှိနှိုင်းဖို့က အကောင်းဆုံး အကြံဥာဏ်ပါပဲ။ ဒေသခံတွေကတော့ ပွင့်လင်းမြင်သာမှု ရှိစေချင်တယ်။ တွေ့ဆိုရင်တွေ့ပါမယ်။ ဘာဖြစ်ချင်တယ်။ ဘာလုပ်ချင်တယ်ဆိုတာကို သူတို့နဲ့ ညှိနှိုင်းချင်ပါတယ်။ ကျွန်မတို့ လိုချင်တဲ့ အချက်အလက်တွေကိုလည်း သူတို့ပေးနိုင်မယ်၊ သူတို့ လိုချင်တာကို လည်း ရမယ်ဆိုရင် နှစ်ဦးသဘောတူ လုပ်လို့ရပါတယ်။ သူတို့တစ်ဘက်တည်း သဘောနဲ့ လုပ်မယ်ဆိုရင်တော့ ကျွန်မတို့က လက်မခံပါဘူး။ လက်ရှိအခြေအနေမှာ သူတို့ဘက်ကရော ကျွန်မတို့ဘက်ကပါ လိုချင်တဲ့ အချက်အလက်တွေကို မညှိနှိုင်းနိုင် သေးရင် အဆင်မပြေသေးပါဘူး။ မီးလောင်ဗုံးကိစ္စကိုလည်း တစ်ချိန်မှာ တာဝန်ရှိသူ တစ်ယောက်ယောက်ကနေ ဖြေရှင်းပေးပါ၊ ဖြေရှင်းပေးနိုင်မယ်လို့လဲ မျှော်လင့်ပါတယ် ''ဟု လက်ပံတောင်း ဒေသခံ မအေးနက်က ပြောပါသည်။
လက်ပံတောင်းတောင် သပိတ်စခန်းအား ဖြိုခွဲရာတွင် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း၊ ဆန္ဒပြသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြိုခွဲသည့်ဖြစ်စဉ်ကို ကြည့်ပါလျင် ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုများနှင့် လေ့ ကျင့်သင်ကြားမှုများ ပြုလုပ်ပေးရန် လိုအပ်သည်ဟု ထင်မြင်ယူဆကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ယင်းမီးခိုးဗုံးမျိုးကို ယာယီ အဆောက်အအုံရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ခြင်းမရှိသဖြင့် မီးခိုးဗုံး၏ အာနိသင်ကို သိရှိခြင်းမရှိကြောင်း၊ ထိုသို့ သိရှိခြင်းမရှိဘဲ သုံးစွဲမှုကြောင့် မမျှော်မှန်း မလိုလားအပ်သော မီးလောင်ဒဏ်ရာများ ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ်အချို့တွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ နောက်နောင်တွင် ဆန္ဒပြမှုများ ပေါ်ပေါက်သည့်အခါ လူစုခွဲရန် လိုအပ်သည့်အချိန်တွင် ထင်သာမြင်သာရှိသည့် အချိန်မျိုးတွင်သာ ဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့သည်။
ယင်းအစီရင်ခံစာတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းမှ မီးလောင် ဒဏ်ရာရသည့် လူနာများအား ဆေးကုသမှုကို တာဝန်ယူလျက်ရှိရာ ကော်မရှင်အနေဖြင့် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှြိေ
လက်ရှိအတိုင်းပင် ကြေးနီစီမံကိန်းအား ဆက်လက်လုပ်ကိုင်စေမည့် နည်းလမ်းအား စီမံကိန်း ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ် ဆန်းစစ်ချက်များ စနစ်တကျ ပြုလုပ်ထားခြင်းမရှိကြောင်း၊
စီမံကိန်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာချိန်တွင် ပတ်ဝန်းကျင်ထိခိုက်မှုများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ဤစီမံကိန်းမှ နိုင်ငံတော်အတွက် အကျိုးကျေးဇူးအချို့ ရရှိသော်လည်း ဤမျှကြီးမားသော စီးပွားရေးလုပ်ငန်းမှ ယခုထက် ပိုမို၍ အကျိုးကျေးဇူးရရှိသင့်ကြောင်း၊ ထို့ကြောင့် ဤနည်းလမ်းကို ရွေးချယ်ရန် မသင့်ဟု ယူဆကြောင်း ဖော်ပြခဲ့သည်။
ကြေးနီစီမံကိန်းအား ဆက်လက် လုပ်ဆောင်ခွင့်မပြုဘဲ ရပ်ဆိုင်းစေမည့် နည်းလမ်းတွင် ယင်းစီမံကိန်းသည် တရုတ်နိုင်ငံပိုင်ကုမ္ပဏီနှင့် မြန်မာနိုင်ငံဘက်မှ ကာကွယ်ရေးဝန်ကြီးဌာနမှ ရှယ်ရာ ၄၀ ရာခိုင်နှုန်း ပါဝင်သည့် ကုမ္ပဏီကြီးဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှ
ထို့ကြောင့် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ လေ့လာတွေ့ရှိသော အားနည်းချက်များကို ပြုပြင်စေကာ နိုင်ငံတော်၏ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်အတွက် အကျိုးစီးပွားတို့ကို ပြည့်ဝစွာ ရရှိစေရန်အစီအမံများ ချမှတ်ပြီး ဆက်လက်လုပ်ဆောင်စေမည့် နည်းလမ်းတွင် မြေသိမ်းဆည်းခံဒေသခံများအား ပေးအပ်ထားသည့် မြေလျော်ကြေးအား ကာလတန်ဖိုးအတိုင်း ပြင်ဆင်၍ ထပ်မံတိုးမြင့်ပေးရန်၊ အချို့နေရာများကို စိုက်ပျိုးမြေအဖြစ် ပြန်လည်သုံးစွဲနိုင်ရေးအတွက် စဉ်းစားလုပ်ဆောင်ပေးရန် စသည့် အချက်များပါဝင်ပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့၏ စာချုပ်အား ပြန်လည်ပြင်ဆင် ချုပ်ဆိုစေပြီး ကြေးနီစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း စိစစ်တင်ပြထားသည်။
''ကော်မရှင်ရဲ့ ဒီစီမံကိန်းအပေါ် အကြံပြုချက်တွေဟာ တစ်ခါတလေ လိုရာမရောက်ဘဲ ဝေ့နေပေမယ့် ရည်ရွယ်ချက်က ကောင်းပါတယ်။ စာချုပ်ကို ပြင်ဆင်ချုပ်ဆိုပြီးမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေ၊ ဒေသခံနစ်နာမှုရှိတာတွေကို ဒေသခံတွေနဲ့ ညှိနှိုင်းပြီးမှ ဒီစီမံကိန်းကို ဆက်လုပ်သင့်ပါတယ်။ဒါပေမဲ့ အကောင်အထည်ဖော်ရေး ကော်မတီမှာ ဒေသခံတွေ သို့မဟုတ် လူထုကိုယ်စားလှယ်တွေ မပါဘဲ အစိုးရကိုယ်စားလှယ်တွေပဲ ပါဝင်တာကြောင့် မကျေလည်မှုတွေ အကြမ်းဖက်မှုတွေ ပေါ်လာရင်တော့ အစိုးရမှာပဲ တာဝန်ရှိသွားပါလိမ့်မယ်။ တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး လွန် ကျွံသွားတဲ့ ကိစ္စတွေမှာ အရာရာအားလုံး U - Turn ပြန်လှည့်လို့ မရပါဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံရဲ့ အနာဂတ် အစစအရာရာကို ချိန်ဆရပါတယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း အစိုးရက လိုက်လုပ်ပေးရင် ကျေနပ်စရာလို့ မြင်ပါတယ်'' ဟု Eleven Media Group ၏ CEO ဖြစ်သူ ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီအရင်ခံစာမှ ကောက်နှုတ်ချက်အချို့
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ လေ့လာတွေ့ရှိချက်များ
- ဒုန်းတောကျေးရွာနေ နေအိမ်ဝင်းတစ်ခုအတွင်းရှိ အ၀ီစိတွင်း (သို့မဟုတ်) ပြွန်စိုက်တွင်းတစ်ခု၌ အတောင် ၆၀ အနက်မှ ရေစုပ်စက်ဖြင့် စုပ်တင်ယူထားသော မြေအောက်ရေကို လေ့လာကြည့် သောအခါ ထိုရေကို တိုက်ရိုက် သောက်သုံး၍ မရဘဲ ကွန်ကရစ်စည်ပိုင်းများဖြင့် နှစ်ဆင့်ခံပြီးမှသာ သုံးစွဲနိုင်ကြောင်း၊ ရေ၏ အရည်အသွေးအနေဖြင့်လည်း အရောင်၊ အနံ့၊ အရသာတို့မှာ ပုံမှန်မဟုတ်ဘဲ အနည်းငယ် ထူးခြားနေကြောင်းကို တွေ့ရှိခဲ့သည်။
- တူညီသောအချက်မှာ မြို့သစ်တည်ဆောက်ခွင့်ရသည့် ကန်ထရိုက်တာများ၊ ဆပ်ကန်ထရိုက်တာများသည် နေအိမ်၊ အဆောက်အဦကို ဆောက်လုပ်စဉ်က အရည်အသွေးညံ့ဖျင်းသော (သို့မဟုတ်) စံချိန်မမီသော သစ်နှင့် အခြား အိမ်ဆောက်ပစ္စည်းများကို သုံးစွဲခဲ့သည်ဟု အများက မျက်မြင်သက်သေ အထောက်အထားများဖြင့် တင်ပြသည်ကို တွေ့ရှိရသည်။ ရွာသစ်သို့ ပြောင်းရွှေ့မည်ဆိုပါက ကြေးနီစီမံကိန်းတွင် အနည်းဆုံး တစ်အိမ်ထောင် တစ်ယောက်နှုန်းဖြင့် အလုပ်ရမည်ဟု ကတိက၀တ် ပြုထားခဲ့သော်လည်း လက်တွေ့တွင်မူ ထိုသို့ မဟုတ်ကြောင်း တင်ပြသူများလည်း ရှိသည်ကို တွေ့ခဲ့ရသည်။
- ဆားလင်းကြီးမြို့နယ်၊ ကံကုန်း ကျေးရွာအနီးရှိ မြန်မာ့စီးပွားရေးဦးပိုင်လီမိတ
ကွင်းဆင်းအဖွဲ့ တွေ့ရှိခဲ့ရသော အားနည်းချက်များ
- ရွာသစ်များကို စံပြကျေးရွာ အဆင့်မီ တည်ဆောက်ထားမှု မရှိခြင်း
- လျော်ကြေးကိစ္စတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း
- သတင်းအချက်အလက် ရရှိရန် အခွင့်အလမ်း အားနည်းသော ရွာသူရွာသားများအား စီမံကိန်းနှင့် ပတ်သက်သည့် သိကောင်းစရာများကို ခေါ်ယူဆွေးနွေး ရှင်းလင်းပြသမှု မရှိခြင်း
- လျော်ကြေးပေးမည့် ဆင့်ခေါ်ကြော်ငြာစာများတွင် မြေယာ/သီးနှံ လျော်ကြေးများဟု ရေးထားပြီး လျော်ကြေးရရှိကြောင်း လက်ဗွေ (သို့မဟုတ်) လက်မှတ်ထိုးရသော ၀န်ခံချက် စာရွက်တွင်မူ လျော်ကြေးငွေ ရရှိကြောင်းနှင့် မြေယာစွန့်လွှတ်ကြောင်း ၀န်ခံချက်ဟု တွေ့ရခြင်း၊
- မြေယာ/သီးနှံ လျော်ကြေး ပေးရာတွင် ယာမြေဖြင့် အသက်မွေးဝမ်းကျောင်းနေရသော ကျေးလက်နေ ရွာသူ၊ရွာသားများအား ကာလတန်ဖိုးဖြင့် လျော်ကြေးပေးမှုမရှိခြင်း၊
- လက်ပံတောင်းတောင် စီမံကိန်းတွင် လူမှုရေးအကျိုးသက်ရောက်မှု အဆင့်မီ အကဲဖြတ်ခြင်း (SIA) ဆောင်ရွက်ထားမှု မရှိခြင်းတို့ကို တွေ့ရှိရပါသည်။
သုံးသပ်ချက် အကြံပြုချက်များ
- လက်ပံတောင်းတောင် ကြေးနီသတ္ထုတွင်း စီမံကိန်းတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲပြုစုထားသော ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (EMP) နှင့် လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် မရှိသေးကြောင်း သုံးသပ်ရပါသည်။
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ယနေ့အထိ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ကြီးမားစွာ ဖြစ်ပေါ်ခြင်း မရှိသေးပါ။ သို့ရာတွင် ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘ၀ကို ထိခိုက်မှု အတန်အသင့် ရှိနေပြီ ဖြစ်ကြောင်း သုံးသပ်ရပါသည်။
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ရှိသင့်ပြီးသော မြေဆီလွှာ ထိန်းသိမ်းမှုစနစ်၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုစနစ် နှင့် ဇီ၀၀န်းကျင် စီမံခန့်ခွဲမှုစနစ်များအား ရေရှည်ဖြစ်ပေါ်စေမှုနှင့် စနစ်တကျ ကျင့်သုံးနေမှုများကို မတွေ့ရှိကြောင်း သုံးသပ်ရပါသည်။
ခြုံငုံသုံးသပ် အကြံပြုချက်
- လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းနယ်မြေ၏ သက်ရှိဂေဟစနစ်သည် မျက်မှောက်ကာလတွင် အရည် အသွေးကျဆင်းမှု၊ ယိုယွင်းပျက်စီးမှု ကြီးကြီးမားမား မရှိသေးသော်လည်း ကြေးနီသတ္တုတူးဖော် လုပ်ကိုင်ခြင်း၊ သတ္တုသန့်စင်ခြင်း စသည့် လုပ်ငန်းများကို ရှေ့တွင် ဆက်လက် လုပ်ဆောင်လာသည်နှင့်အမျှ ယင်းနယ်မြေရှိ သစ်ပင်သစ်တော၊ သက်ရှိ သတ္တ၀ါ၊ တိရစ္ဆာန်၊ ရေ၊ မြေ တို့ကို ဧကန်မုချ ပြောင်းလဲကာ သိသာထင်ရှားသော ထိခိုက်မှုများ ဖြစ်ပေါ်လာစေမည် ဖြစ်သောကြောင့် ကြိုတင်ကာကွယ်မှု ပြုလုပ်နိုင်ရန် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ်တစ်ရပ်ကို လုပ်ငန်းမစမီကပင် ပြင်ဆင်၍ ကျင့်သုံးသင့်သည်ဟု သုံးသပ် အကြံပြုအပ်ပါသည်။
ကြေးနီစီမံကိန်း ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များအတွက် အကျိုးရှိ/မရှိ
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် နိုင်ငံခြားသားဦးရေ များပြားပြီး ဒေသခံတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ဒေသခံ ပြည်သူတို့သည် လယ်ယာလုပ်ကိုင်သူများဖြစ်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ယခင်လုပ်ကိုင်ခဲ့ကြသော လယ် ယာမြေများကို စွန့်လွှတ်ခဲ့ရာ မိရိုးဖလာ လုပ်ကိုင်ခဲ့သော လယ်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်ခြင်း မရှိတော့သည်ကို တွေ့ရှိရပါသည်။
ခြုံငုံသုံးသပ်ချက်နှင့် အကြံပြုချက်များ
- ကြေးနီစီမံကိန်းတွင် မြေသိမ်းဆည်းခံထားရသော ဒေသခံလူထုအတွက် ပေးအပ်သော မြေလျော်ကြေးတို့သည် ကာလတန်ဖိုးထက်များစွာ လျော့နည်းနေရာ ကာလတန်ဖိုးအတိုင်း ပြင်ဆင်၍ ထပ်မံတိုးပေးရန်။
မြေယာသိမ်းဆည်းမှုများအပေါ် ဒေသခံပြည်သူများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးမှုများနှင
- မြေနှင့် သီးနှံ လျော်ကြေးပေးအပ်မှု အခြေအနေကို လေ့လာကြည့်ပါက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် မြေနှင့်သီးနှံ လျော်ကြေးပေးအပ်မှု ကာလတန်ဖိုးဖြင့် မြေလျော်ကြေး မပေးခဲ့သဖြင့် မြေလျော်ကြေးပေးအပ်မှုမှာ အလွန်နည်းပါးနေကြောင်း သုံးသပ်တွေ့ရှိရပါသည်။
- အမှန်တကယ် စိုက်ပျိုးထားသော လယ်မြေ ၃၉.၉ ဧက၊ ယာမြေ ၅၀၁၇.၁ ဧကနှင့် ဦးပိုင်မပေါက်သော်လည်း စိုက်ပျိုးထားမြေ ၁၇၂၇ ဧက စုစုပေါင်း ၆၇၈၄ ဧကကို သင့်တော်သော ကာလပေါက်ဈေးနှုန်းဖြင့် ပြန်လည်ပေးသင့်ပါကြောင်း အကြံပြုအပ်ပါသည်။
မီးခိုးဗုံးနှင့် ပတ်သက်၍ ကော်မရှင်၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်များ
- မီးခိုးဗုံးပေါက်ကွဲရာ ၈ မီတာ အတွင်းတွင် လောင်ကျွမ်းလွယ်သည့် အရာများ ဥပမာ- ပိုလီယက်စတာ အ၀တ်စများ၊ ပလတ်စတစ် မိုးကာစများနှင့် မြွေရေခွံအိတ်များရှိပါက ရေစိုသည်ဖြစ်စေ၊ မစိုသည်ဖြစ်စေ ပေါက်ကွဲသည့်အရှိန်ကြောင့် မီးစုံးစများ ထိမှန်ပါက မီးလောင်နိုင်ကြောင်း တွေ့ရှိရသည်။
- မီးခိုးဗုံး အများအပြား အသုံး ပြုခဲ့လျင်သော်လည်းကောင်း၊ မီးလောင်လွယ်သည့် ပစ္စည်းများ၊ အ၀တ်အစားများ ၈ မီတာအတွင်း ရှိခဲ့လျင်သော်လည်းကောင်း မီးကူးစက်လောင်ကျွမ်းမည်ဖြစ်ကြေ
- မီးခိုးဗုံးအများအပြားကို တစ်ချိန်တည်းတွင် အသုံးပြုပါက မီး တောက်မီးလျံများ ကြီးမားပြီး ပတ်ဝန်းကျင်ရှိ လောင်စာအမျိုးအစားပေါ် မူတည်၍ ပြင်းထန်ကြာမြင့်စွာ လောင်ကျွမ်းနိုင်ကြောင်း တွေ့ရှိရပါသည်။
အကြံပြုချက်များ
- လူစုလူဝေးခွဲရာတွင် သုံးစွဲရန် ရည်ရွယ်သည့် မည်သည့်ပစ္စည်းကိုမဆို ကြိုတင်စမ်းသပ်ပြီး ထိခိုက်မှု၊ အကျိုးသက်ရောက်မှုနှင့် ဘေးထွက်ဆိုးကျိုး အန္တရာယ် မည်သို့ရှိသည်ကို ရဲတပ်ဖွဲ့များက ကြိုတင်စမ်းသပ် လေ့လာသင့်သည်။ ထို့အပြင် လိုအပ်လျင် လိုအပ်သလို ပြည်တွင်းတွင်လည်းကောင်း၊ နိုင်ငံတကာ အကူအညီ များ ရယူပြီး ပြည်ပသို့ စေလွှတ်၍လည်းကောင်း လေ့ကျင့်သင်ကြားစေသင့်ကြောင်း အကြံပြု တင်ပြအပ်ပါသည်။
- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အဓိကရုဏ်းနှိမ်နင်းမှု လေ့ကျင့်ခြင်းကို မိမိ အစီအစဉ်ဖြင့်လည်းကောင်း၊ နိုင်ငံတကာ အကူအညီ ရယူ၍လည်းကောင်း အမြန်စတင် လေ့ကျင့်သင့်ပါကြောင်းနှင့် အဆင့်မြင့် နိုင်ငံခြားသင်တန်းများသို့လည်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပတ်သက်၍ ပြုပြင်သင့်သော ကိစ္စရပ်များ
- လက်ပံတောင်းတောင် စီမံကိန်းအား ဆန္ဒပြသူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖြိုခွင်းသည့် ဖြစ်စဉ်ကို ကြည့်ပါလျင် ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုများနှင့် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးရန် လိုအပ်သည်ဟု ကော်မရှင်အနေဖြင့် ထင်မြင်ယူဆပါ သည်။
- သပိတ်စခန်းကို ဖြိုခွင်းရာ၌ နံနက် ၃ နာရီခန့်ကို ရွေးချယ်ပြီး ဆောင်ရွက်ချက်မှာ ထိခိုက် ဒဏ်ရာ အနည်းဆုံးဖြစ်စေရန် ဆုံးဖြတ်ဆောင်ရွက်ခဲ့သည်ဟု သိရှိရသော်လည်း ယင်းဆုံးဖြတ်ချက်သည် ဖြစ်နိုင်ချေရှိသော ကိစ္စအရပ်ရပ်ကို ထည့်သွင်း စဉ်းစားခဲ့ခြင်းမရှိဟု ကော်မရှင်က သုံးသပ်ပါသည်။
-လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆန္ဒပြမှုကို ဖြိုခွင်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ပါသည်။ ထိုမီးခိုးဗုံးကို မီးခိုးမှိုင်းကာ အနေ ဖြင့် ယေဘုယျအားဖြင့် အသုံးပြုလေ့ရှိပါသည်။ ထိုမီးခိုးဗုံးကို ကွင်းပြင်တွင် အသုံးပြုပါက မီးလောင်မှု မဖြစ်ပွားနိုင်သော်လည်း မီးခိုးဗုံးပေါက်ကွဲရာ ၈ မီတာအတွင်းတွင် လောင်ကျွမ်းလွယ်သည့်အရာများ၊ ဥပမာ- ပိုလီယက်စတာ အ၀တ်စများ၊ တာပေါ်လင်ခေါ် ပလတ်စတစ် မိုးကာစများ၊ မြွေရေခွံအိတ်များ ရှိပါက ရေစိုသည်ဖြစ်စေ၊ မစိုသည်ဖြစ်စေ ပေါက်ကွဲသည့် အရှိန်ကြောင့် မီးစုန်းစများ ထိမှန်ပါက မီးလောင်နိုင်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်က စမ်းသပ်လေ့လာချက်များအရ တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်လည်း ယခု မီးခိုးဗုံးမျိုးကို ယာယီအဆောက်အအုံ ရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ခြင်း မရှိခဲ့သဖြင့် မီးခိုးဗုံး၏ အာနိသင်ကို သိရှိခြင်း မရှိကြောင်း၊ ထိုသို့ သိရှိခြင်းမရှိဘဲ သုံးစွဲမှုကြောင့် မမျှော်မှန်း၊ မလိုလားအပ်သော မီးလောင်ဒဏ်ရာများ ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ်အချို့တွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထိုအကြောင်း အချက်တို့ကို ထောက်ရှု၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား အဓိကရုဏ်း ဖြိုခွဲမှုအပါအ၀င် လိုအပ်သည့် လေ့ကျင့်မှုများကို ပြုလုပ်ပေးသင့်ကြောင်း အကြံပြုအပ်ပါသည်။
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English LanguageSaw Yan Naing shared Sa Maung's photo.
No comments :
Post a Comment