Friday, February 1, 2013
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သာမည ဆရာတော် ဘုရားကြီးတို့ အမှတ်တရ ဓာတ်ပုံ
ကိုသောင်းမြေပုလဲ - ထံမှကူးယူဖေါ်ပြပါသည်။
စစ်အစိုးရရဲ့ သံဃာထုအပေါ် ထိန်းကွပ်အုပ်ချုပ်နိုင်အောင် ဖွဲ့စည်းထားတဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ချုပ်မှာ သာမည ဆရာတော် ဘုရားကြီးကို ပါဝင် အားဖြည့်ဖို့ သွားရောက် လျှောက်ထားဖူးကြောင်း သတင်း ရခဲ့ပါတယ်။ အဲဒီအချိန်မှာ သာမည ဆရာတော် ဘုရားကြီးဟာ သူ့အနေနဲ့ အေးအေးချမ်းချမ်း နေလိုကြောင်းနဲ့ အခုလို အဖွဲ့အစည်းမျိုး မ၀င်ချင်ကြောင်း ပြန်လည် ပြောကြားလိုက်တဲ့အတွက် စစ်အစိုးရဟာ အောက်သီးအောက်သတ် ဖြစ်သွားခဲ့ပါတယ်။
နောက်ပြီး ကရင်ပြည်နယ်ရှိ အချို့မြို့နယ်တွေမှာ လမ်းတံတား အသစ် ဖောက်လုပ်ဖို့ ကိစ္စအား ဆရာတော် ဘုရားကြီးမှ ကမကထ လုပ်ချင်တာကို ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ ဇနီး ဒေါ်ကြိုင်ကြိုင် (ပအိုဝ်းလူမျိုး) က ကြားဝင်လို့ ဆရာတော် ဘုရားကြီး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ဖူးပါတယ်။
အဲဒီနောက် ဆရာတော် ဘုရားကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံလိုက်တော့ စစ်အစိုးရအတွက် ပိုပြီး စိတ်ဆိုးသွားစရာ ဖြစ်သွားပါတယ်။ သာမည ဆရာတော် ဘုရားကြီးရဲ့ လူထုအပေါ် နားလည်သနား ကိုယ်ချင်းစာပြီး အမှန်တရားဘက် ရပ်တည် ခဲ့တာမို့ ဗုဒ္ဓဘုရားရှင်နဲ့တကွ နတ်ကောင်းနတ်မြတ် အစောင့်များဟာ ဆရာတော် ဘုရားကြီးရဲ့ ဘုန်းတန်ခိုးတော် သြဇာပိုမို ကြီးထွားလာအောင် တွန်းအားပေးခဲ့တယ်လို့ဘဲ ကျွန်တော် ကိုဖိုးတရုတ် သုံးသပ်ရပါကြောင်းပါ ခင်ဗျား
--------------------------------------------------------------
Shu Maung shared Phota Yoke's photo.
Labels:
ဖြစ်စဉ်ထူးသတင်း
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment