.

AlinShin

Tuesday, February 19, 2013

ဘာလဲဟဲ့ . . . ဗုဒ္ဓဘာသာ၊အရေးကြီးပိုစ့်မို့ ဖတ်မိကြပါစေ




လူ.အသက်ထက်ဘယ်အရာမှတန်ဖိုးမရှိ
သရ၀ဏ် (ပြည်)

၁၄.၂.၂၀၁၃ နေ.က နိုင်ငံခြားသားကမ္ဘာလှည်.ခရီးသည်များနှင်. သွားလာရင်း
အင်းလေးကန်အတွင်းရှိဖောင်တော်ဦးဘုရားသို.ရောက်ခဲ.ပါသည်
။ကျွန်တော်တို.ရောက်သွားချိန်တွင် ဘုရားရင်ပြင်တော်ရှေ.တွင်လူတို.
ရုံးစုရုံးစုနှင်. ဖြစ်နေကြပါသည် ။ ဘာဖြစ်သလဲဟုအကျိုးအကြောင်းမေးကြည်.ရာ
ဖြစ်တောင်.ဖြစ်ခဲ ဖောင်တော်ဦးဘုရားပေါ်၌ ဓါးထိုးမှုဖြစ်ပွားသည်ဟုသိရ၍
အလွန်အံ.သြသွားပါသည် ။ အေးချမ်းလှသောအင်းလေးဒေသတွင်
မဖြစ်စဖူးထူးကဲလှပါဘိသည် ဟုအောက်မေ.ကာဖြစ်စဉ်ကိုမေးတော. ပို၍ အံ.သြရပါသည်
။ဓါးနှင်.အထိုးခံရသူမှာ ဘုရားဖူးတစ်ဦးဖြစ်ပြီး ဓါးဖြင်.ထိုးသူမှာ
ဖောင်တော်ဦးဘုရားမှ ရွှေဆိုင်းကန်ထရိုက်ယူရောင်းသူဖြစ်သည်ဟုသိရ၍ဖြစ်သည်
။ ဘုရားဖူးက သူတို.ရောင်းသောရွှေဆိုင်းကိုမ၀ယ်ပဲ
သူ.မှာပါလာသောရွှေဆိုင်းဖြင်.ဘုရားကို ပူဇော်၍ဓါး
ဖြင်.ထိုးခြင်းဖြစ်ပါသတဲ.။ မြတ်စွာဘုရား
။လောကကြီး၌…..ဘာတွေဖြစ်ကုန်ပြီနည်းဟု ရင်ဘတ်ကိုဖိမိပါသည် ။
မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံတော်ပိုင် ပစ္စည်းများ ၊
လုပ်ငန်းများကို ပုဂ္ဂလိကပိုင်လွှဲပြောင်းပေးခြင်းများခေတ်စားလာသည်.နည်းတူ
မြန်မာနိုင်ငံတစ်ဝှမ်းရှိဘုရားများသည်လည်း ဘုရားဆိုင်ခန်းများ ၊
ဓါတ်ပုံလုပ်ငန်းများ ၊ ရွှေဆိုင်းရောင်းချခြင်းလုပ်ငန်းများ ၊
ကားရပ်နားခြင်းလုပ်ငန်းများ ၊ အုန်းပွဲ
ငှက်ပြောပွဲရောင်းချခြင်းလုပ်ငန်းများ ၊ စသော
ဝင်ငွေရရာရကြောင်းလုပ်ငန်းမှန်သမျှကို ကန်ထရိုက်ပေးခြင်း ၊
လေလံပစ်ခြင်းများကိုတွင်ကျယ်စွာလုပ်ဆောင်လာကြပါသည် ။ ထိုအထဲတွင် အင်းလေး
ဖောင်တော်ဦးဘုရားလဲ ပါဝင်ပါသည် ။ အခြားလုပ်ငန်းများကို
မည်သို.ကန်ထရိုက်ချထားပေးလဲမသိသော်လည်း ဖောင်တော်ဦးစေတီ
တွင်ရွှေဆိုင်းရောင်းချခွင်.ရထားသူကန်ထရိုက်ကတော. တော်တော်
စီးပွားရေးဆန်သည်ဟုပဲပြောမလား ၊ သဘောထားတင်းမာသည်ပဲပြောမလား
။စီးပွားရေးလာဘ်မြင်သည်ဟုပဲပြောမလား။ ဖောင်တော်ဦးဘုရားရှိ
ဗုဒ္စရုပ်ပွားတော် ငါးဆူကိုရွှေသင်္ကန်းဆက်ကပ်ပူဇော်လိုလျင်
မည်မျှအရည်အသွေးကောင်းသော ရွှေဆိုင်းများကိုဘုရားဖူးမှ
ယူဆောင်လာသည်ဖြစ်စေ ၊ မိမိတို.ရောင်းချသော ရွှေဆိုင်းမှတစ်ပါး
မည်သူ.ကိုမှ ကပ်လှူပူဇော်ခွင်.မပြုပါ ။ ထိုင်းနိုင်ငံမှ တိုးရစ်များသည်
သူတို.နှင်.အတူပါလာသော ရွှေဆိုင်းများကို ပူဇော်ခွင်.မရ၍ ရွှေများကို
အလှူခံမှန်ပုံးထဲတွင်ထည်.၍ ပြန်သွားရတာ ကျွန်တော်မကြာခနတွေ.ဖူးပါသည် ။
မြန်မာဘုရားဖူးများယူဆောင်လာသောရွှေဆိုင်းများကိုလည်း
မှန်ပုံးထဲတွင်ထည်.ကာ လှူခဲ.ရပါသည် ။
ထိုမှန်ပုံးထဲမှရွှေများကိုဘယ်နေရာမှာသုံးသလဲတော.ကျွန်တော်တို.လဲ
မတွေးတတ်ပါ ။
အင်းလေးဖောင်တော်ဦးဘုရားသို.ရောက်တိုင်းအောက်ပါကြေငြာချက်ကိုအသံချဲ.စက်ဖြင်.
ကြေငြာနေတာကိုလည်း အမြဲတမ်းလိုပင်ကြားရလေ.ရှိပါသည်
“ဘုရားဖူးဧည်.သည်များခင်ဗျား …….
လှေဆိပ်နှင်.ဘုရားပရ၀ုဏ်အတွင်း အတင်းအဓမ္မလိမ်လည်ရောင်းချနေသော
ရွှေဆိုင်းများအား ဘုရား၌ကပ်လှူပူဇော်ခွင်. ပြုမည်မဟုတ်ကြောင်း
ကြိုတင်အသိပေးကြေငြာအပ်ပါသည် “ဟူသတည်း ။သဘောကတော.
ငါ.ထံမှရွှေကိုသာဝယ်ကြကုန်လော. ဟူသည်.အဓိပါယ်ဖြစ်သည် ။
ထိုကြေငြာချက်ကိုတိုးရစ်များက ဘာတွေပြောနေတာလဲဟုမေးသောအခါ
ကိုယ်ပေါင်ကိုယ်လှန်ထောင်းရမှာ ရှက်စရာကောင်းလွန်းသဖြင်. ဘုရားဖူးတွေ
လှေပေါ်ကိုအတက်အဆင်းသတိထားကြပါလို.ကြေငြာနေတာပါ ဟုပြောရသည် ။
ထိုနေ.ကဖြစ်စဉ်မှာ ဘုရားဖူးတစ်ဦးက ကန်ထရိုက်ရောင်းသောရွှေကိုမ၀ယ်ပ
မိမိမှာပါသည်.ရွှေကို ဘုရားအားဇွတ်ကပ်ရန်ကြိုးစားရာမှ
ကန်ထရိုက်ကဓါးဖြင်.ထိုးခြင်း ကိုခံရခြင်းဖြစ်သည် ။

ဤဆောင်းပါးကား ကန်ထရိုက်များ၏
စီးပွားရေးလက်ဝါးကြီးအုပ်ပုံ
၊၀ိသမလောဘဇောတိုက်နေပုံတို.ကိုဖော်ပြလိုရင်းမဟုတ်
။လူတစ်ယောက်ဓါးထိုးခံရပြီးနောက်
မည်ကဲ.သို.အရေးယူဆောင်ရွက်ကြသည်ဟူသောနောက်ဆက်တွဲကိစ္စ ကို
ပြောလိုခြင်းဖြစ်သည် ။ ပုံမှန်အားဖြင်.ကျွန်တော်နားလည်သည်မှာ လူတစ်ယောက်
အရေးပေါ်ဒါဏ်ရာရ၍ သေကောင်ပေါင်းလဲဖြစ်သောအခါ
အနီးဆုံးဆေးရုံသို.ပို.ဆောင်ကြရစမြဲဖြစ်သည် ။ တစ်ကမ္ဘာလုံးမှာလဲ
ဤသို.ပင်ဆောင်ရွက်ကြသည် ။ သို.သော် ကျွန်တော်တို.နိုင်ငံကား
ရှာမှရှားသောနိုင်ငံပေတကား ။ ဓါးထိုးခံရသောလူနာသည် အနီးဆုံး
(အခင်းဖြစ်ရာနေရာတစ်ဝိုက်၌အကောင်းဆုံး ) ဆေးကုသမှုပေးနိုင်သော
ညောင်ရွှေပြည်သူ.ဆေးရုံကြီးသို. ချက်ခြင်းပို.ဆောင်ကုသမပေးကြပဲ ။
နမ်.ပန်ရွာ ရဲကင်းသို.စက်လှေဖြင်.သွားကြရသတဲ.
။လူမမာကဓါးဒဏ်ရာတန်းလမ်းနှင်. မလိုအပ်ပဲ စက်လှေ တဖုတ်ဖုတ်စီးကာ
ဆေးရုံရှိရာညောင်ရွှေမြို.နှင်.ခရီးဆန်.ကျင်ဘက်ဖြစ်သော
နမ်.ပန်သို.သွားရပါသတဲ.။အဘယ်.ကြောင်.ဆိုသော် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ ၊
နည်းဥပဒေများအရ ရဲအရေးပိုင်သော အမှုအခင်းတစ်ခုကြောင်.ဒဏ်ရာအနာတရဖြစ်လျင်
ရဲဆေးစာမပါပဲမည်သည်.ဆရာဝန်၊ဆေးရုံကမှ ကုသပေးခွင်. (အသက်ကယ်ခွင်.
)မရှိပါတဲ.ခင်ဗျာ ။ ဒါ.ကြောင်. နီးတာဝေးတာအပထား ၊ သေတာရှင်တာ အပထား
ရဲမလာလျင်ငုတ်တုတ်ထိုင်စောင်.ကြရမည်. လုပ်ထုံးလုပ်နည်းများပေတကား ။

ထိုဖြစ်ရပ်မျိုးနှင်.ခပ်ဆင်ဆင်တူသောဖြစ်ရပ်များစွာကိုလဲ
သိဖူးကြားဖူးပါသည် ။ မန္တလေးမြို.တွင်ဖြစ်သည် ဂေါဝိန်ဆိပ်နှင်. မလိခ
မော်တော်ဆိပ်အကြား ကမ်းနားလမ်းပေါ်ရှိ ညောင်ပင်ကြီးကို
လူနှစ်ယောက်စီးလာသော ဆိုင်ကယ်တစ်စီးအရှိန်လွန်ပြီးဝင်တိုက်မိရာ
နှစ်ယောက်စလုံးပြင်းထန်စွာဒဏ်ရာရသွားကြသည် ။ အင်းလေးဖောင်တော်ဦးဘုရားမှ
ဖြစ်စဉ်လိုပင် သွေးသံတရဲရဲနှင်.လူနာကို ဆေးရုံသို.
ပို.ခွင်.မရှိ၍လမ်းဘေးတွင်ဒီအတိုင်းထားရသည် ။ ရဲကိုအကြောင်းကြားရသည် ။
အတော်ကြာသောအခါရဲရောက်လာသည် ။ ရဲမှ ယဉ်ထိန်းရဲသို.ထပ်မံအကြောင်းကြားသည် ။
အတန်ကြာသောအခါ ယာဉ်ထိန်းရဲရောက်လာသည် ။
ယာဉ်မှုစစ်ကိုထပ်မံအကြောင်းကြားသည် ။ ယာဉ်မှုစစ်ရောက်လာသောအခါ လူနာသည်
ရရှိသောဒဏ်ရာဖြင်. သွေးထွက်လွန်ကာ သေသွားသည် ။
ဖြစ်ဖြစ်ခြင်းဆေးရုံသို.တင်ပို.နိုင်ပါက အခြားဒဏ်ရာ
ပြင်းထန်ပါကသေချင်သေမည်
။သို.သော်သွေးထွက်လွန်၍သေမည်.ဘေးကိုတော.တားဆီးနိုင်ပါလိမ်.မည် ။
နောက်ထပ်အဖြစ်အပျက်တစ်ခုမှ စစ်ကိုင်းတွင်ဖြစ်ပွားသည် ။
စစ်ကိုင်းမြို.အ၀င် အ၀ိုင်းပါတ်တွင် ထော်လာဂျီနှင်.ဆိုင်ကယ်
အရှိန်ပြင်းစွာတိုက်မိကြသည် ။ ဆိုင်ကယ်သမားကို စစ်ကိုင်းဆေးရုံပို.သည် ။
လက်မခံသဖြင်. မန္တလေးဆေးရုံသို.အမြန်သယ်ဆောင်သည် ။
မန္တလေးဆေးရုံရောက်သောအခါ(ကိုရီးယားရုပ်ရှင်ကားများထဲကလို) အရေးပေါ
်အခန်းအတွင်းသို.ချက်ချင်းမပို.ပဲ တွန်းလှည်းပေါ်တွင်ဒီအတိုင်းထားပြီး
ရဲစစ်ချက်ယူသည် ။ ထိုသို. စစ်ချက်ယူနေစဉ်အရေးပေါ်
်လူနာကိုဘာမှကုသမှုမပေး ။လူနာမှ မချိမဆန်.ငြီးတွားအော်ဟစ်နေရသည်
ပြည်မြို.တွင်ဖြစ်ခဲ.သောအဖြစ်အပျက်နှစ်ခုမှာရင်နာစရာကောင်းသည် ။
တက္ကသိုလ်ကျောင်းသူမိန်းကလေးတစ်ယောက်စီးလာသော ဆိုင်ကယ်နှင်. ကားတစ်စီး
ပြည်မြို. ဗိုလ်ချုပ်လမ်းနှင်. ကျောက်တော်ကြီး ဘုရားလမ်းထိပ်တွင်
တိုက်မိသည် ။ ထုံးစံအတိုင်းဆိုင်ကယ်သမားကောင်မလေးမှာပြင်းထန်စွာဒဏ်ရာရသည်
။ ထိုနေရာသည်ကားဖြင်.သွားလျင် ပုဂ္ဂလိကဆေးရုံတစ်ခုနှင်.ငါးမိနစ်သာဝေးသည် ။
ရဲစခန်းနှင်. (၂) မိနစ်သာဝေးသည် ။ သို.သော်
ကြိုးနီစနစ်အတိုင်းလုပ်ထုံးလုပ်နည်းများကြောင်. အရေးပေါ
်ဖြစ်နေသောကောင်မလေးကိုဘယ်သူမှ ထိကိုင်ခွင်.မရှိ ၊ အကူအညီပေး၍ မရ ။
ရဲမလာမချင်း ဒီအတိုင်းလူနာကိုငုတ်တုတ်ကြည်.နေရသည် ။
မျက်မြင်သက်သေတစ်ဦးကပြောပြရာတွင်
“ ရဲမလာသေးလို.ဆိုပြီးလမ်းဘေးမှာဒီအတိုင်းပစ်ထားတာဗျာ ၊ ခွေးတစ်ကောင်
ကားတိုက်ခံရလို.ပစ်ထားသလိုပါပဲ ၊ ကြည်.ရတာတော်တော်စိတ်မကောင်းဖြစ်စရာပါပဲ
၊ ရဲကိုစောင်.နေတုန်း အရေးပေါ
်အသက်ကယ်တဲ.နည်းလမ်းတစ်ခုကိုတော.သုံးသင်.ပါတယ် ။
မလာသေးတဲ.ရဲကိုစောင်.ရရင်လဲ ဒီလို လမ်းဘေးမှာ
လူ.ဂုဏ်သိက္ခာမရှိခွေးတစ်ကောင်လိုပစ်ထားတာတော.မဖြစ်သင်.ပါဘူး ၊
ကောင်မလေးဟာ အဲဒိနေရာမှာပဲ သွေးထွက်လွန်ပြီးဆုံးသွားပါတယ် “
ပြည်မြို.မှနောက်ထပ်အဖြစ်အပျက်တစ်မှာအမှုတစ်ခုကြောင်.
ရဲကလိုက်ဖမ်း၍ ကြောက်ကြောက်လန်.လန်.နှင်.ဆိုင်ကယ်မောင်းပြေးသော
ဆယ်တန်းကျောင်းသားလေးနှစ်ယောက် အမှုဖြစ်သည် ။ ကျောင်းသားနှစ်ယောက်က
ရှေ.မှ ပြေးသည် ၊ ရဲ တစ်ဦးကဆိုင်ကယ်နှင်.နောက်မှလိုက်သည် ။ မီလာသောအခါ
ရဲကလှမ်းဆွဲလိုက်ရာ ကျောင်းသားလေးနှစ်ယောက်၏ဆိုင်ကယ်မှာ
အရှိန်နှင်.တိမ်းမှောက်သွားသည် ။ ထိုကျောင်းသားလေးတွေ
သွေးအလိမ်းလိမ်းဖြစ်နေစဉ်မှာ ရဲကလက်ထိပ်ခတ်သည် ။ ဘေးနားကလူတွေက
လက်ထိပ်မခတ်ဖို.၀ိုင်းပြောသဖြင်.လက်ထိပ်ဖြုတ်စဉ် လူနာကျောင်းသားလေးမှာ
အသက်ပျောက်သွားသည် ။
ထိုသို.ရင်နာစရာကိစ္စများမြန်မာပြည်တစ်နံတစ်လျားမှာ
နေ.စဉ်ဖြစ်ပျက်နေသည် ။ မြန်မာနိုင်ငံတွင် HIV အေအိုင်ဒီအက်(စ်)
ရောဂါဖြင်. ကွယ်လွန်သူထက် မတော်တဆယာဉ်တိုက်မှု ၊
ဆိုင်ကယ်တိုက်မှုကြောင်.သေသော သူကအရေအတွက်ပိုများနေသည်
။မန္တလေးတစ်မြို.ထဲမှာပင် ၂၀၀၈ ခုနှစ်တစ်နှစ်ထဲတွင် ယာဉ်မတော်တဆမှု ၅၁ မှု
ဖြစ်ပွား၍ ၂၅ ဦးသေကာ ၇၁ ဦး ဒဏ်ရာရခဲ.သည်
ဟုတရားဝင်ကိန်းဂဏန်းများကဆိုသည် ။ ၂၀၀၅ မှ ၂၀၀၈
လေးနှစ်အတွင်းမှာပင်မန္တလေး၌ ယာဉ်တိုက်မှုကြောင်. သေဆုံးသူပေါင်း ၆၁
ဦးရှိပြီး ၊ ဒဏ်ရာရသူ (၄၀၉ ဦး )ရှိသည် ။
တစ်နိုင်ငံလုံးဆိုပါကသေဆုံးသူအေ၇အတွက်မှာနည်းမည်မဟုတ်ချေ။
သေသေချာချာစနစ်တကျ မှတ်တမ်းတင်မထား၍ သေသူများ၏ မည်သည်.ရာခိုင်နှုန်းသည်
ဒဏ်ရာကြောင်. ၊ မည်သည်.ရာခိုင်နှုန်းသည် အချိန်မီမကုသ၍ သွေးထွက်လွန်
မှုကြောင်.သေဆုံးသည်ဟု တိတိကျကျမပြောနိုင်သော်လည်း
ဖြစ်ပွားခဲ.သောဖြစ်စဉ်များနှင်. လုပ်ထုံးလုပ်နည်းများအရ
အချိန်မီဆေးရုံသို.မပို.ဆောင်နိုင်သဖြင်.သေဆုံးရခြင်းမှာအများစုဖြစ်ကြောင်းထင်ရှားသည်

ထိုသို.ဘာ.ကြောင်.ဖြစ်နေရသလဲ ဆိုတာသုံးသပ်ကြည်.သောအခါ
ရဲအရေးပိုင်သော ( Police Case ) ဖြင်.အရေးပေါ်ဒဏ်ရာရသောလူနာများကို
ရဲ၏ခွင်.ပြုချက်မပါပဲ ဆေးရုံဆေးခန်းများမှ ကုသမပေးရဟူသော
ကန်.သတ်ချက်ကြောင်.ဖြစ်ကြောင်းလေ.လာတွေ.ရှိရသည် ။
ဤကန်.သတ်ချက်၏မူလရည်ရွယ်ချက်မှာ ရာဇ၀တ်မှုခင်းတစ်ခုဖြစ်ရာတွင်
ရရှိသောဒဏ်ရာ ကိုရဲကမစစ်ဆေးရသေးပဲ ဆရာဝန်ကကုသလိုက်လျင် မူရင်းဒဏ်ရာ
ပျောက်သွား ၊ ပုံပျက်သွားပြီး တရားခံကိုဖော်ထုတ်ဖမ်းဆီးရာ၌
အနှောက်အယှက်ဖြစ်မှာစိုး၍ ရဲကကြည်.ရှုမှတ်တမ်းတင်ပြီးမှ
ဆရာဝန်များဆက်လက်ကုသဖို. ကြံရွယ်ပြဌာန်းခဲ.ဟန်ရှိသည် ။ သို.သော်
တစ်ခုစဉ်းစားစရာကောင်းသည်မှာ ဆိုင်ကယ်မှောက်မှု ၊
ယာဉ်တိုက်မှုစသည်တို.သည် လူသတ်မှုမဟုတ် ၊ ပေါ.ဆ၌
လူသေစေမှုနှင်.သာအကျုံးဝင်သည်ဖြစ်ရာ
ရဲမလာရောက်ခင်ကုသခွင်.မပြုရဟူသောတားမြစ်ချက်မှာ
ကျိုးကြောင်းဆီလျော်မှုမရှိပဲ တန်ဖိုးရှိလှသောလူ.အသက်များကို အလဟသ
ဖြုန်းတီးနှုတ်ယူနေသလို ဖြစ်နေပါသည် ။
ယာဉ်တိုက်မှု ၊ ယာဉ်မှောက်မှုဖြစ်တိုင်း ယာဉ်မောင်း(သို.မဟုတ် )
ဆိုင်ကယ်မောင်းသူအား ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၄ (က) ဖြင်.
ရဲမှတရားလိုလုပ်ပြီးအမှုဖွင်.လေ.ရှိရာ
မူလဥပဒေပြဌာန်းချက်ကိုအောက်ပါအတိုင်းတွေ.ရှိရလေသည် ။

“ ပုဒ်မ ။ ၃၀၄ (က) ပေါ.လျော.ခြင်းဖြင်.လူသေစေမှု
မည်ဆိုမဆို ရာဇ၀တ်ပြစ်ဒဏ် ထိုက်သော လူသေမှုအဖြစ်ဖြင်.၎င်း ၊
လူသတ်မှုအဖြစ်ဖြင်.၎င်း ပြစ်ဒဏ်ချမှတ်ခြင်းမခံထိုက်သော အရမ်းပြုလုပ်မှုကို
(သို.တည်းမဟုတ် ) ပေါ.လျော.သောပြုလုပ်မှုကို ပြု၍
လူကိုသေစေလျင်ထိုသူကိုခုနစ်နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုး
ချမှတ်ရမည်.အပြင်၊ ငွေဒဏ်လည်းချမှတ်နိုင်သည်
။သို.ရာတွင်အဆိုပါပြုလုပ်မှုကို သေစေတန်ရာသည်ဟုသိလျက်နှင်.
ပြုလျင်ထောင်ဒဏ်ကို တိုး၍ ဆယ်နှစ်အထိချမှတ်နိုင်သည် “
ဟူ၍ မြန်မာနိုင်ငံ ရာဇသတ်ကြီး တွင်ပြဌာန်းထားပေသည်
။သို.သော်ထိုမူလဥပဒေထဲတွင် ဒဏ်ရာရသူကိုရဲကစစ်ဆေးပြီးမှ
ဆက်လက်ဆေးကုသခွင်.ပြုရမည် ဟုမပါဝင်ချေ ။ ထိုကန်.သတ်ချက်သည် မူလဥပဒေ
တွင်မပါပဲ နည်းဥပဒေ ၊ အမိန်. ၊ များတွင်ထပ်ထည်.ထားဟန်တူပါသည် ။
ဥပဒေအထက်တွင် နည်းဥပဒေ ၊ ညွှန်ကြားချက် ၊နှုတ်မိန်.၊
ဥပဒေကဲ.သို.အာဏာတည်သောအမိန်.များကလွမ်းမိုးနေသောခေတ်တွင်ပေါ
်ပေါက်လာခြင်းဖြစ်သည် ။ အိမ်အဖီက အိမ်မကြီးကိုကျော်ပြီး
ဆောက်ထားသကဲ.သို.ဖြစ်နေပေ၏ ။

တစ်ခါတစ်ရံနိုင်ငံခြားသားတိုးရစ်အချို. အရေးပေါ်ကျန်းမာရေးချို.ယွင်းလာ၍
ပုဂ္ဂလိက ဆေးခန်း ၊ဆေးရုံများသို.ပို.သောအခါ ဆရာဝန်များက
ကုသပေးနိုင်ပါလျက် သူတို.ကိုအမှုပါတ်မှာကြောက်သဖြင်.
ဆေးရုံကြီးသို.ပဲပို.ပါ ဟု ဘောလီဘောပုတ်ကြသောကြောင်.
လမ်းခရီးတွင်အချိန်ကြန်.ကြာ ကာ အသက်ဆုံးရှုံးမှုများ ဖြစ်ခဲ.ဖူးပါသည်
။ဆရာဝန်၏လုပ်ပိုင်ခွင်.(အသက်ကယ်ခွင်.)အပေါ်ရဲ၏လုပ်ပိုင်ခွင်.က ၀င်ရောက်
ကြီးစိုးလွှမ်းမိုးနေသော ကိစ္စဖြစ်သည် ။
နိုင်ငံတစ်နိုင်ငံတွင် ဥပဒေတစ်ခုကိုပြဌာန်းသောအခါ
သူ.နိုင်ငံသားများ၏အသက် အိုးအိမ်
စည်းစိမ်များကိုကာကွယ်ဖို.ရည်ရွယ်ချက်ဖြင်. ရည်ရွယ်ပြဌာန်းထားသည်များပါ၏်
။ ထိုပြဌာန်းချက်တစ်ခုသည် လူတွေ၏အသက်ကို မကယ်နိုင်ရုံမျှမက
အသက်အန္တရာယ်ကိုခြိမ်းခြောက်လာပြီဆိုရင်တော.
အမြန်ဆုံးထိုဥပဒေ၊တားမြစ်ချက်များကို ဖျက်သိမ်းပစ်ရန်လိုအပ်လှသည်။ ( ဥပမာ
ဒဏ်ရာရသူကို ဆေးကုသမှုအမြန်ဆုံးခံယူစေပြီးမှ ရဲကစစ်ချက်ယူတော.ရော မရသလော
) ။
ကိုယ်ဝယ်ထားသောဖိနပ်တစ်ရံသည်ခြေထောက်နဲ.မတော်ပဲသေးနေသောအခါ
ပို၍အဆင်ပြေမည်.နောက်ထပ်ဖိနပ်တစ်ရံကိုရှာရပါမည် ။
ခြေထောက်နဲ.တော်သွားအောင်
ခြေဖနောင်.ကိုဓါးနဲ.လှီးပစ်မယ်ဆိုသောဥာဏ်ပညာမပါသည်. အရိုးစွဲ
တရားသေ၀ါဒအား ဖယ်ရှားပစ်ချိန်တန်ပါပြီ ။

ကျွန်တော်တို.သည် ဥပဒေများကိုပြဌာန်းရာ၌ ပိဋကတ်သုံးပုံလို ၊
သမ္မာကျမ်းစာလို ၊ ထိုင်ရှစ်ခိုးနေဖို.မဟုတ် ။ အများကောင်းကျိုးအတွက်
အသုံးချကြဖို.လိုရင်းဖြစ်သည် ။ လူ.အသက်ပေါင်းများစွာကိုသေစေခဲ.ပြီဖြစ်သော
နည်းဥပဒေအဟောင်းကြီးတစ်ခုကို လှေနံဓါးထစ်ဖက်တွယ်ကာ
လူ.အသက်များကိုဆက်လက်စတေးမလား ၊
ပို၍ကောင်းသောဥပဒေနှင်.လုပ်ပိုင်ခွင်.တစ်ခုကို ပြဌာန်းကြမလားဆိုတာ
တိုးတက်သောအမြင်ဖြင်.ရဲရဲဝံ.၀ံ. ဝေဖန်ကြဖို.အချိန်ကျပြီဟု
နှိုးဆော်လိုက်ရကြောင်းပါ ။
သရ၀ဏ်(ပြည်)
Khin Myint Oo and Chan Nyein Moe shared Ko Nyi's status update.
မှကူးယူဖေါ်ပြပါသည် www.alinshin.com
 

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget