ဟုတ်ပါတယ်။
ဦးဇင်းလည်းဒီစကားလုံးကို ပိဋကတ်အားကိုးနဲ့ဒေါ်စုဘက်ကခုခံဖို့ ရွေးကြည့်ပါ။ ဒါပေမယ့်မရဘူး
ဖြစ်သွားတယ်။ ဘယ်လောက်မရလဲမရလည်းဆိုရင် လုံးဝကိုမရနိုင်တာပါ။ ဒီနေရာမှာ ဦးဇင်းအကြောင်းလေးနဲ
နဲထည့်ပြောရင်ပိုကောင်းမယ်။ ဦးဇင်းက စကားကို ကပ်သပ်ပြောတဲ့နေရာမှာ စဉ်းစားလေစကားကတ်ထွက်
လေမျိုးပါ။ အခု ဒေါ်စုဘက်က စကားကပ်ပြောဖို့ စကားလုံးကင်းမဲ့ခဲ့ပါတယ်။
အဲ
. . . ဒါပေမယ့်ပြောလို့ရတာတစ်ခုကတော့ ဘုရားမှတစ်ပါး အခြားမည်သူမှ မမှားတာမရှိအမှားသေးတော့ရှိ
တက်ပါတယ် ဆိုတာပါပဲ။ တစ်ခြားမကြည့်ပါနဲ့ ဒီကနေ့ ကမ္ဘာကျော်လို့သမုတ်တဲ့ သီတဂူဆရာတော်တောင်ရံခါ
မှားပါသေးတယ်။ အင်းစိန်ထောင်တွင်းထဲမှာတရားဟောတုန်းက ထောင်သားတွေကို မင်းတို့ကအပြစ်ရှိလို့
ထောင်ကျတာပဲ . .. အပြစ်ကျွေးတော့ ကုန်အောင်ဆပ်ရမှာပေါ့ဆိုတဲ့အသုံးအနှုန်းကိုသုံးသွားပါတယ်။
ကဲ
. .. ထောင်ကျတဲ့သူတိုင်းအပြစ်မရှိဘူးဆိုတာ
ဆရာတော်မသိဘူးလား။ အခြားသောနိုင်ငံတွေတော့မပြော လိုပါဘူး။ မြန်မာနိုင်ငံမှာ မဆလ၊န၀တ၊နအဖ၊
အခုလက်ရှိဒီကနေ့အထိ အပြစ်မရှိဘဲ ထောင်ကျနေတဲ့သူတွေ အများကြီးပဲဆိုတာ ပြည်သူတွေသိပါတယ်။
စစ်အာဏာရူးများက မကျေနပ်ရင် ဘိန်းပစ်ဖမ်း၊ချဲပစ်ဖမ်းနဲ့ ရဟန်း ရှင်လူပြည်သူတွေဟာ ထောင်ထဲကိုရောက်ခဲ့ကြရပါတယ်။
ဒါ့ကြောင့်
. . . ပြည်သူကိုတင်မက ကမ္ဘာကြီးထဲရှိ ကမ္ဘာ့လူသားအားလုံးကို မိမိအိမ်ရှိခွေးနဲ့ ခိုင်းနှိုင်းပုံပြုခြင်းဟာ
ပညာရှိသတိဖြစ်ခဲ့ပါပဲ . . . လို့ ကမ္ဘာ့ရင်ဘတ် ကပ်သပ်ပြောပါရစေတော့ . . . ။
(အချိန်ရရင် . . . ခံတွင်းလိုက်ရင်
. . . . ဒေါ်စုဘက်ကနေ ကွာကွယ်ကပ်သပ်ပြောပါဦးမယ်)
By:အလင်းရှင် http://aungminkhoung.blogspot.com
No comments :
Post a Comment