မတင်တင်ကို ပစ်ပြီး မခင်မေသန်းကို ယူတယ်။
မခင်မေသန်း ဆုံးတော့ နိုင်ငံခြားခရီးမှာ ရင်ခုန်ခဲ့တဲ့ ရတနာနတ်မယ်ကို ဆွဲစိတယ်။
၂ နှစ်လောက်ပေါင်းပြီး ဆရာမလေး နီနီမြင့်နဲ့  လက်ထပ်တယ်။
ဒီကြားထဲ ရခိုင်မလေးတစ်ယောက်နဲ့  ဘာညာသရကာ သတင်းတွေ ပလူပျံ။
ဗိုလ်နေ၀င်း..
အဲဒီ တိုင်းဖျက်ပြည်ဖျက် ဒီလူကြီး..
အာရှအလယ် ရင့်သန်အမြစ်တွယ် အရှိန်အဟုန်နဲ့  ဂုဏ်ယူဖွယ်
မြန်မာ့ပါလီမန်စနစ်ကို ရိုက်ချိုးသင်းကွပ်ခဲ့တဲ့ ပြည်သူ့ ချဉ်ဖတ် ဒီလူကြီး..
ဒီလူကြီး အာရုံကျ အာရုံရပြီးသကာလ၊ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်
သူ အာဏာသိမ်းတဲ့နေ့ ကို “တောင်သူလယ်သမားနေ့ ” ရယ်လို့  ခပ်ပြောင်ပြောင်
ခပ်ရင့်ရင့် ငါတကောကော သတ်မှတ်ခဲ့တာကို ဒို့ အားလုံး No လုပ်ပစ်ရမယ်။
ဒါဟာ.. သမိုင်းကို တည့်မတ်အောင် ဆောင်ရွက်ခြင်းလို့  ခံယူကြရမယ်။
တောင်သူလယ်သမားနေ့ ကို ဘယ်နေ့ သတ်မှတ်ကြမလဲ ဆိုတာကိုလည်း
ဆက်လက်ဆွေးနွေးကြဖို့ ၊ ပြင်ဆင်ကြိုးစားဖို့ ၊ နှီးနှောတိုင်ပင်ကြဖို့ လိုတယ်။

No comments :
Post a Comment