.

AlinShin

Tuesday, February 26, 2013

မအူပင်လယ်သမားများဆန္ဒပြရာမှရဲများနှင့်ပစ်ခပ်မှုဖြစ်


ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာအုပ်စုမှာ ဒီကနေ့ (ဖေဖော်ဝါရီ ၂၆) ညနေပိုင်းက ဒေသခံလယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်ပွားရာကနေ ရွာသူရွာသား ၁၀ ယောက်လောက်နဲ့ ရဲတပ်ဖွဲ့ဝင် တချို့ ဒဏ်ရာရရှိပြီး မအူပင်မြို့နယ်ဆေးရုံကို ပို့ဆောင်ထားရကြောင်း သတင်းရရှိပါတယ်။ အဲဒီ့ဒေသမှာ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး တောင်းဆိုဆန္ဒပြနေတာ တစ်ပတ်လောက် ရှိနေပြီဖြစ်ပြီ ဒီနေ့ နေ့လည်ပိုင်းမှာတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။ အခုလက်ရှိ မအူပင်ဆေးရုံကို ရောက်ရှိလာတဲ့ ရွာသူရွာသား တချို့ဟာ သေနတ်ထိမှန်ဒဏ်ရာတွေ ရရှိထားပြီး ရဲတပ်ဖွဲ့ဝင် တချို့ကိုလည်း အရေးပေါ်လူနာအဖြစ် ကုသနေရကြောင်း သိရှိရပါတယ်။

Photo: ထိုက်ထိုက် 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ကိုယ်လယ်မြေကို လုပ်ခွင့်ရဖို့အရေးဆိုတဲ့လယ်သမား၅၀၀ကျော်နဲ့
ရဲအင်အား ၃၀၀လောက် ထိပ်တိုက်တွေ ပစ်ခတ်ရာမှာ
လယ်သမားတွေ ထိခိုက်ဒဏ်ရာများရရှိ

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ၂၆ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာအပိုင် ကွင်းအမှတ် (၉၆၉)အတွင်း လယ်သမားများစိုက်ပျိုးလုပ်ကိုင်စားသောက်လာသော ဘိုဘွားပိုင်လယ်ယာမြေ ဧက(၁၀၀၀)ခန့်ကို အောချက် ကုမ္မဏီပိုင်ရှင် ဒေါက်တာမြင့်စိန်မှ ထု သိမ်းယူထားသည့်အတွက် ဒေသခံလယ်သမား(၅၀၀)ကျော်တို့သည် မိမိတိုလယ်ယာမြေများပြန်လည်ရရှိရေးကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ စတင်၍ ယနေ့အချိန်ထိ စုရုံးဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် ယနေ့ နေ့လည် ၂း၀၀ နာရီနောက်ဆုံးထားပြီး လူခွဲရန်အမိန်ထုတ်ပြန်ခဲ့သည်။ လူစုမခွဲပါက ပုဒ်မ၁၄၄ အရ သေနပ်ဖြစ်ပစ်ခက် လူစုခွဲမည်ဟု အသံချဲ့စက်ဖြင့်ကြေငြာသည်။
ညနေ ၅နာ၇ီကျော်ထိ
လယ်သမားအင်အား၅၀၀ကျော်ကို ရဲအင်အား ၃၀၀လောက်က ပစ်
ခတ်မူလုပ်ဖို့ ပြောဆိုနေ ။

မအူပင် နောက်ဆုံးသတင်း

မအူပင်ပြည်သူ့ ဆေးရုံကြီးကို လယ်သမား ၁၁ဦးသေနတ်ဒဏ်ရာ
များဖြင့်ရောက်ရှိသလို့
ရဲ ၂၉ယောက်လည်း ဒုတ်ဒဏ်ရာများဖြင့်
ရောက်ရှိလာကြောင်း သိရသည်။
Moethee Zun Shwe Zin and Zawmyo Aung shared DVB TV News's photo.
မှကူးယူဖေါ်ပြပါသည် www.alinshin.com
 

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget