.

AlinShin

Monday, July 28, 2014

စေတနာ“သုံးထောင်ကျပ်” ဖိုး

Keyboard တွေကို အမျိုးအစား (၅)မျိုးလောက်သုံးဖူးပါတယ်။ သုံး
တိုင်းလည်း A4TECH လောက်ကို သုံးရတာ အဆင်မပြေပါဘူး။
ကွန်ပျူတာဆိုရင်လည်းပဲ Dell / acer / Lenovo/ တို့ကိုသုံးဖူးပါ
တယ်။ Lenovo လောက်မကောင်းကြပါဘူး။ (ကိုယ့်အတွေ့အကြုံ)
Dell သုံးတုန်းက Graphic Card လောင်သွားတယ်။ ပထမအကြိမ်
ကိုယ့်ဆရာရင်းကပြင်ပေးတယ်။နောက်တစ်ကြိမ်ကိုယ်တိုင်ဝင်ပြင်
တယ်တစ်လလောက်ပဲသုံးလိုက်ရတယ်။

Photo: စေတနာ“သုံးထောင်ကျပ်” ဖိုး
▲ ▼ ▲ ▼ ▲ ▼ ▲ ▼ 
Keyboard တွေကို အမျိုးအစား (၅)မျိုးလောက်သုံးဖူးပါတယ်။ သုံး
တိုင်းလည်း A4TECH လောက်ကို သုံးရတာ အဆင်မပြေပါဘူး။
ကွန်ပျူတာဆိုရင်လည်းပဲ Dell / acer / Lenovo/ တို့ကိုသုံးဖူးပါ
တယ်။ Lenovo လောက်မကောင်းကြပါဘူး။ (ကိုယ့်အတွေ့အကြုံ)
Dell သုံးတုန်းက Graphic Card လောင်သွားတယ်။ ပထမအကြိမ်
ကိုယ့်ဆရာရင်းကပြင်ပေးတယ်။နောက်တစ်ကြိမ်ကိုယ်တိုင်ဝင်ပြင်
တယ်တစ်လလောက်ပဲသုံးလိုက်ရတယ်။
Acer ကတော့ ပိုဆိုးတယ်။ ၀ယ်ဝယ်ခြင်းကိုပဲ ကိုယ်တိုင် window
တင်တယ်။ ဆိုင်ကပါတဲ့ဝင်းဒိုးကိုမကြိုက်လို့။ ဟော့  . window 
လည်းတင်ပြီး Zawgyi လည်းလည့်ပြီးစာရိုက်တော့ Keyboard က
သုံးမရဘူး။ ဆိုင်ကနောက်တစ်လုံးချက်ချင်းပြန်လည်းပေးလိုက်
ရတယ်။ဒါတောင် ပြဿနာကတက်သေးတယ်။
အခုလည်း ကိုယ်သုံးနေကြA4TECH Keyboard ကို ၊ ကိုရင်ဘဝ
ကတည်းက စာလိုက်ဖတ်သူငယ်ချင်း (အခုတော့)စာချဘုန်းတော်
ကြီးဖြစ်သော ဘဒ္ဒန္တ သောဘိတ ကလိုတယ်ဆိုတာနဲ့ လှူလိုက်ပါ
တယ်။
ဒါနဲ့ ၂၀-၇-၂၀၁၄ ရက်နေ့က ပန်းဆိုးတန်းက ဆိုင်တစ်ဆိုင်မှာ
Delax  k9020 k.B အမျိုးအစားက 1 years Warranty ပေးတော့
သဘောကြသွားတာနဲ့ DelaX လေးကို ၀ယ်လိုက်မိပါတယ်။
ကျောင်းရောက်တော့ စာရိုက်တဲ့အခါ (း) က ရိုက်တိုင်းမထင်ဘူး။
ဒါနဲ့ဆိုင်ပြန်သွားပြီး Warranty မပေးတဲ့  A4TECH ကိုပဲသုံးလိုက်
ရပါတော့တယ်။ 
ကိုယ့်ကိုယ်ကိုအကြောရှည်ပြီး  1 years Warrnaty ပေးတဲ့ Delax 
ကိုမက်လိုက်တာ Tax ကားခ သုံးထောင်ကျပ်ကုန်သွားပါတယ်။
ဒါ့ကြောင့် ဒီပို့လေးက စာဖတ်သူကွန်ပျူတာသုံးစွဲသူများဘက်က
တော့ မည်သို့စေတနာထားသည်မထားသည်ကိုမသိရပါသော်
လည်း ရေးသားသူ အလင်းရှင်အတွက်တော့ငွေသုံးထောင်ကျပ်
ဖိုးအကုန်အကြခံလိုက်ရတဲ့စေတနာတွေပါလို့ပြောပါရစေ။
တကယ်တန်းပြောရင် သုံးထောင်ကျပ်မကပါဘူးဘာလို့လည်းဆို
တော့ ကွန်ပျူတာကိုဘာ ဘာသုံးသင့်တယ်လို့ အသိပေးလိုက်လို
ပါဘဲ။
ဘဒ္ဒန္တ ကောဝိဒ █ ░ အလင်းရှင် ░ █
ရှမ်းလမ်း၊အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်၊ရန်ကုန်

ညအမှောင်ထဲမှာ လက်ကိုင်ဖုံးများကို ကြာရှည်စွာ အသုံးမပြုပါနှင့်

အသက် ၂၆ နှစ် အရွယ် တရုတ် လူငယ် တစ်ဦးသည် သူ၏ ချစ်သူထံ တက်ခ်စ်မက် ဆေ့ခ်ျ ဖြင့် အချိန် ကြာမြင့်စွာ ညအမှောင် ထဲတွင် ဖုန်းကို ကြည့်ပြီး စာရိုက် ဆက်သွယ် စကား ပြောခြင်းကြောင့် သူ၏ မျက်စိမှ မြင် လွှာမှာ မျက်စိ အနောက်ပိုင်းမှ ကွာထွက် သော ရှားပါးသည့် ရောဂါ ဝေဒနာကို ခံစား ရကာ ကုသခြင်း မပြုပါက မျက်စိ ကွယ်သွား နိုင်သည်ဟု သိရသည်။ သူသည် ၀ီချက်တ်ဟု ခေါ်သော ပရိုဂရမ်ကို သုံးပြီး သူ၏ ချစ်သူထံ နေ့ရော ညပါ ရက်အတန် ကြာ စာရိုက် ဆက်သွယ် (Chating) လုပ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ မျက်စိ ဝေဒနာ ဖြစ်ပွားရခြင်း ဖြစ်သည်။ ရောဂါနှင့် ပတ်သက်ပြီး အဖြေ ရှာနိုင်ခဲ့သော ဆရာဝန်များက မျက်စိ ကွယ်သွား နိုင်သော အခြေအနေကြောင့် ယင်းပြဿနာကို ဖြေရှင်းရန် အရေးပေါ် ခွဲစိတ် ကုသမှု ပြုရန် 

လိုအပ်ကြောင်း ပြောကြားသည်။ ယင်းလူငယ်၏ လက်ဝဲဘက် မျက်လုံးတွင် ယင်းပြဿနာ ကြုံတွေ့ နေရခြင်း ဖြစ်ပြီး သူက သူ့မြင်ကွင်းတွင် ရုတ်တရက် လင်းကနဲ ၀င်းကနဲ အရောင်များ တွေ့ရကြောင်း ပြောပြရာ ယင်းမှာ မြင်လွှာ ကွာထွက်သည့် လက္ခဏာ ဖြစ်သည်။ မြင်လွှာသည် အလင်းကို သိလွယ်ပြီး မျက်လုံး နာဗ်ကြောများမှ တဆင့် ဦးနှောက်သို့ သတင်းပို့လေ့ ရှိခြင်း ဖြစ်သည်။ ယင်းမြင်လွှာမှာ သူ့အား အောက်စီဂျင်နှင့် အာဟာရ ဓာတ်များ ပေးပို့ နေသော သွေးကြော များနှင့် အဆက်ပြတ် သွားခြင်း ဖြစ်သည်။ ယင်းအခြေအနေမှာ အသက် ၅၀ မှ ၇၀ ကြား ဖြစ်လေ့ ရှိသော်လည်း ယခုအခါ စမတ်ဖုန်း အသုံးပြုသော လူငယ် အများစု ခံစားနေရ သည်ဟု သိပ္ပံ ပညာရှင် များက ဆိုသည်။ မျက်စိ ဆရာဝန် တစ်ဦး ဖြစ်သော ယူဘင်းက ယခုကိစ္စသည် ဖြစ်လေ့ ဖြစ်ထ ရှိသည်မျိုး မဟုတ် သော်လည်း ဖုန်း အလွန်အကျွံ သုံးစွဲခြင်းမှာ မြင်လွှာ ကွာထွက်ခြင်း ရောဂါကို ဖြစ်ပွား စေနိုင် သည်ဟု လက်ခံရမည် ဖြစ်ကြောင်း ပြောကြားသည်။ ပညာရှင်များက ဖုန်းနှင့် တဲဘလက် ကွန်ပျူတာ များကို ကြာရှည် စိုက်ကြည့် သုံးစွဲ ခြင်းသည် မလိုလားအပ်သော မျက်စိ အားကုန်ခြင်း ကို ဖြစ်စေ သည်ဟု ဆိုသည်။ နယူးယောက် အခြေစိုက် မျက်စိ ပညာရှင် အင်ဒရာသူးက အန်ဘီစီ သတင်း ဌာနသို့ ပြောကြား ရာတွင် မျက်လုံးတွင် သုံးဘက်မြင် (သရီးဒိုင် မစ်ရှင်း) အမြင်ရှိပြီး သုံးဘက် မြင်ရမည့် ပစ္စည်း များကို နှစ်ဖက်မြင် (တူး ဒိုင်မစ်ရှင်း) ဖန်သားပြင် ပေါ်တွင် ကြာရှည် မြင်တွေ့ ရသောအခါ မျကိစိထိခိုက်မှု ဖြစ်လာခြင်းဟု ရှင်းပြခဲ့သည်။ ဖိုးကပ်စ် ဆေးခန်း ထူထောင် သူ ဒေးဗစ်အလန်ဘီက စမတ်ဖုန်းများ ပေါ်လာသော ၁၉၉၇ ခုနှစ် နောက်ပိုင်းတွင် အဝေးမှုန် ၃၅ ရာခိုင်နှုန်း ပိုများ လာသည်ဟု ဆိုသည်။
Source: www.dailymail.co.uk/

http://aungminkhoung.blogspot.com/

အမေရိကန်တွင်ဖေ့ဘွတ်သုံးစွဲမှုကြောင့် နေအိပ်ကိုဖေါက်ထွင်းသောသူခိုးကိုဖမ်းဆီးမိ

အမေရိကန် နိုင်ငံ၊ မန်နီဆိုတာ ပြည်နယ် ပေါလ်မြို့ ဆော့သ်လမ်းတွင် ဂျိမ်းစ်ဝုဒ် ဆိုသူ၏
နေအိမ်ကို နီကို လတ်ဝစ်ဂ် ဆိုသူ အသက် ၂၆ နှစ် အရွယ် ဖေါက်ထွင်း ရေး သမားက 
ဇွန် ၁၉ ရက်နေ့က တိတ်တဆိတ် ဖေါက်ထွင်း ၀င်ရောက် ခဲ့သည်။ ထိုနောက် ငွေများ၊ 
ခရက်ဒစ် ကတ်များနှင့် နာရီ တစ်လုံးကို ခိုးယူ ခဲ့သည်။ ထိုနောက် ပိုင်ရှင်၏ ကွန်ပျူတာကို
 တွေ့ရှိသဖြင့် ယင်း ကွန်ပျူတာတွင် ဖေ့စ်ဘွတ် ဖွင့်သုံးခဲ့ပြီး သူ၏ ဖေ့ဘွတ် အကောင့်ကို 
ဆိုင်းအောက် လုပ်ပြီး ထွက်ရန် မေ့သွား ခဲ့ပြီး အိမ်မှ ထွက်ခွာ သွားသည်။ အိမ်ရှင် ဂျိန်းစ်ဝုဒ်
 ရောက်ရှိ လာသော အခါ သူ၏ အိမ်ကို မွှေနှောက် ရှာဖွေ ထားသည်ကို တွေ့ရှိရသဖြင့် 
ရဲသို့ တိုင်ကြား ခဲ့သည်။ သူ့ အခန်းတွင် ငွေ၊ ခရက်ဒစ်ကတ်နှင့် နာရီ များ ပျောက်ဆုံး

နေပြီး ဂျင်းဘောင်းဘီ တစ်ထည်၊ နိုက်ခ်တင်းနစ် ဘိနပ်နှင့် ခါးပတ် တစ်ခု တို့ကိုလည်း

တွေ့ရှိရသည်။

ခဏကြာသော အခါ သူ့ကွန်ပျူတာတွင် သူလုံးဝ မသိသော ၀စ်ဂ် အမည်ဖြင့်
 ဖေ့စ်ဘွတ် အကောင့်တစ်ခု ပေါ်နေ သည်ကို သတိထား မိသည်။ သူက ၀စ်ဂ်၏ ပရိုဖိုင်းမှ
 ဓာတ်ပုံကို ကူးယူပြီး သူခိုး ဖြစ်ကြောင်းနှင့် တွေ့ရှိက သူ့အား အကြောင်း ကြားရန် သူ့ဖုံး 
နံပါတ်နှင့် တကွ ဖြန့်ဝေ လိုက်သည်။ ထူးထူး ခြားခြားပင် သူမမျှော်လင့် ထားပဲ ၀စ်ဂ်
 ကိုယ်တိုင်က သူ့ထံ ဆက်သွယ် လာသည်။ သူက သူ့ပစ္စည်း အချို့ အိမ်တွင် ကျန်ခဲ့သဖြင့် 
လာယူရန် ပြောရာ ၀စ်ဂ်က သဘော တူလိုက်သည်။ သူရောက် လာသည်ကို မြင်သောအခါ
 ဂျိမ်းစ်ဝုဒ်က နိုင်းဝမ်းဝမ်းကို ဖုန်းဆက်ပြီး ရဲကို ခေါ်လိုက်သည်။ သူ့ကို ဖမ်းမိချိန်တွင် 
သူ့လက်မှာ ဂျိမ်းစ်ဝုဒ်၏ နာရီကို ပတ်ထားသည်။ မစ္စတာဝုဒ်က ကမ္ဘာ့ အတုံးဆုံး 
ရာဇ၀တ်ကောင် ပါပဲဗျာဟု ဆိုသည်။ သူသည် ပြစ်မှု ထင်ရှားလျှင် ထောင် ၁၀ နှစ် 
ကျမည် ဖြစ်ပြီး ဒဏ်ငွေလည်း ဒေါ်လာ နှစ်သောင်း အရိုက် ခံရနိုင်သည်။ သူ့တွင် 
ရာဇ၀တ် ပြစ်မှု မှတ်တမ်းများ ရှိပြီး ဒုတိယ တန်းစား ဖေါက်ထွင်းမှုများ၊ သာမန် ကျူးကျော်
 စော်ကားမှုများနှင့် အမှုရင်ဆိုင်ဆဲ မူးယစ် ဆေး သုံးစွဲမှု များလည်း ရှိသည်။
www.http://www.dailymail.co.uk

http://www.enjoy.net.mm
http://aungminkhoung.blogspot.com/

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget