.

AlinShin

Tuesday, July 8, 2014

Star Sky မင်းအောက်ဖေါ်ပြပါတင်ပြထားတဲ့လင့်ကသတင်းကြီး ကသတင်းမှားကြီးပါ . . .။

Star Sky မင်းအောက်ဖေါ်ပြပါတင်ပြထားတဲ့လင့်ကသတင်းကြီး
ကသတင်းမှားကြီးပါ . . .။
https://www.facebook.com/photo.php?fbid=620441728069521&set=pcb.620442598069434&type=1
ရောင်တော်ပြန်လွှတ်တဲ့ ဦးကုသလဆိုတာ ပြီးခဲ့သောနှစ်နှစ်
လောက်က အဲဒီကန်ဦးကျောင်းကို သိန်းတစ်ရာနဲ့ရောင်းဖို့စီမံ
ခဲ့တာကို ဆရာတော်ဒေါက်တာပ၀ရာဘိဝံသကသိပြီး (နောက်
နောင်မလုပ်ဖို့ဆုံးမသြ၀ါဒပေးခဲ့ကာ)ကရုဏာတရားရှေ့ထားပြီး
ကျောင်းမှပဲမူလအတိုင်းနေစေခဲ့ပါတယ်။ 
Photo: Star Sky မင်းအောက်ဖေါ်ပြပါတင်ပြထားတဲ့လင့်ကသတင်းကြီး
ကသတင်းမှားကြီးပါ  . . .။
https://www.facebook.com/photo.php?fbid=620441728069521&set=pcb.620442598069434&type=1 
ရောင်တော်ပြန်လွှတ်တဲ့ ဦးကုသလဆိုတာ ပြီးခဲ့သောနှစ်နှစ်
လောက်က အဲဒီကန်ဦးကျောင်းကို သိန်းတစ်ရာနဲ့ရောင်းဖို့စီမံ
ခဲ့တာကို ဆရာတော်ဒေါက်တာပ၀ရာဘိဝံသကသိပြီး (နောက်
နောင်မလုပ်ဖို့ဆုံးမသြ၀ါဒပေးခဲ့ကာ)ကရုဏာတရားရှေ့ထားပြီး
ကျောင်းမှပဲမူလအတိုင်းနေစေခဲ့ပါတယ်။ 
နောက်တော့ (ခြံခုန်စရှိတဲ့မြင်းခြံခုန်သလို) ဆိုတဲ့စကားပုံအတိုင်း
ဆုံးမရသော ဦးကုသလအား ၀ိနည်းဓမ္မခဏ်လုပ်ထုံးလုပ်နည်း
အတိုင်းစီမံတာပါ။ 
ဒါကို ဘုရားဥပဒေတော်ကြီးကိုမသိကြသောသူတွေက သန္တိသု
ခကျောင်းနဲ့ ရောင်တော်ပြန်လွှတ်လိုက်ကြတာပါ။
အောက်ပါလင့်များတွင် အလင်းရှင်မှ ရှင်းလင်းတင်ပြထားပါသည်။
ဝင်ရောက်ဖတ်ရှု့ကြပါကုန်  .. . ။
(၁)
https://www.facebook.com/photo.php?fbid=535531413240390&set=a.153025728157629.30701.100003506093022&type=1&relevant_count=1
(၂)
https://www.facebook.com/photo.php?fbid=535745159885682&set=a.153025728157629.30701.100003506093022&type=1&relevant_count=1
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်၊
စမ်းချောင်းမြို့နယ်။ရန်ကုန်

ရောင်တော်ပြန်လွှတ်ခြင်းနှင့် . . . ဆရာ့ကျောင်းကိုပြန်လုသော ကျောင်းသူခိုး (ဒလ)

https://www.facebook.com/photo.php?fbid=535531413240390&set=a.153025728157629.30701.100003506093022&type=1&relevant_count=1
အဲဒီကျောင်းကို ဒေါက်တာပ၀ရာဘိဝံသအား မူလပထမဆရာတော်ကြီး
မှ လွှဲအပ်လှူဒါန်းထားခြင်းဖြစ်သည်။ ဒေါက်တာပ၀ရာဘိဝံသမထေရ်
မြတ်သည် ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာထေရာဝါဒတက္ကသိုလ်တွင်
အဘိဓမ္မာပိဋကတ်အား အင်္ဂလိပ်လိုသင်ကြားပြသေနေသောပါမောက္ခ
တစ်ပါးဖြစ်ပါသည်။ ထိုသို့မအားလပ်သောကြောင့် ဆရာတော်သည်
သူ့ထံတွင် လာရောက်နေထိုင်သော ဦးကုသလအား ကျောင်းစောင့်
အဖြစ်ထားခြင်းဖြစ်သည်။
ဒါကိုဦးကုသလက ဒီကျောင်းကိုလိုချင်လို့ . . ရပ်ရွာဒကာဒကမများ
နှင့်ရုပ်ရှင်ရိုက်ခြင်းသာဖြစ်သည်။
ယင်းဒကာဒကမများဟာ ၀ိနည်းဥပဒေတော်ကိုမသိဘဲ အခုလို
လုပ်ဆောင်နေခြင်းသာဖြစ်သည်။ယခုကျောင်းလုသော ဦးကုသလ
နှင့်ကျောင်းပိုင် ဒေါက်တာပ၀ရာဘိဝံသတို့ဟာ မိုးနဲ့မြေလိုကွာဝေး
လှသောဂုဏ်းကျေးဇူးများပါ။ ဦးကုသလဟာ ဧရာဝတီတိုင်းဓနုဖြူ
မြို့သားပါ။ ဒေါက်တာပ၀ရာဘိဝသံကလည်း ယင်းမြို့သားပါ။
ဒါ့ကြောင့်တနယ်ထဲသားခြင်းမို့ .. ဒလကျောင်းကိုဦးကုသလအား
ကျောင်းစောင့်အဖြစ်သာထားရှိခြင်းဖြစ်ပါတယ်။
Photo: ရောင်တော်ပြန်လွှတ်ခြင်းနှင့်  . . .
ဆရာ့ကျောင်းကိုပြန်လုသော ကျောင်းသူခိုး  
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  
https://www.facebook.com/photo.php?fbid=535531413240390&set=a.153025728157629.30701.100003506093022&type=1&relevant_count=1
အဲဒီကျောင်းကို ဒေါက်တာပ၀ရာဘိဝံသအား မူလပထမဆရာတော်ကြီး
မှ လွှဲအပ်လှူဒါန်းထားခြင်းဖြစ်သည်။ ဒေါက်တာပ၀ရာဘိဝံသမထေရ်
မြတ်သည် ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာထေရာဝါဒတက္ကသိုလ်တွင်
အဘိဓမ္မာပိဋကတ်အား အင်္ဂလိပ်လိုသင်ကြားပြသေနေသောပါမောက္ခ
တစ်ပါးဖြစ်ပါသည်။ ထိုသို့မအားလပ်သောကြောင့် ဆရာတော်သည်
သူ့ထံတွင် လာရောက်နေထိုင်သော ဦးကုသလအား ကျောင်းစောင့်
အဖြစ်ထားခြင်းဖြစ်သည်။
ဒါကိုဦးကုသလက ဒီကျောင်းကိုလိုချင်လို့  . . ရပ်ရွာဒကာဒကမများ
နှင့်ရုပ်ရှင်ရိုက်ခြင်းသာဖြစ်သည်။
ယင်းဒကာဒကမများဟာ ၀ိနည်းဥပဒေတော်ကိုမသိဘဲ အခုလို
လုပ်ဆောင်နေခြင်းသာဖြစ်သည်။ယခုကျောင်းလုသော ဦးကုသလ
နှင့်ကျောင်းပိုင် ဒေါက်တာပ၀ရာဘိဝံသတို့ဟာ မိုးနဲ့မြေလိုကွာဝေး
လှသောဂုဏ်းကျေးဇူးများပါ။ ဦးကုသလဟာ ဧရာဝတီတိုင်းဓနုဖြူ
မြို့သားပါ။ ဒေါက်တာပ၀ရာဘိဝသံကလည်း ယင်းမြို့သားပါ။
ဒါ့ကြောင့်တနယ်ထဲသားခြင်းမို့  ..  ဒလကျောင်းကိုဦးကုသလအား
ကျောင်းစောင့်အဖြစ်သာထားရှိခြင်းဖြစ်ပါတယ်။
ထိုသို့ထားစဉ်က အလင်းရှင်သည် ဒေါက်တာပ၀ရာဘိဝံသထံတွင်
ပညာသင်ကြားနေလျှက်မို့  . . ဒီအကြောင်းအရာဇာတ်ထုတ်ကိုကုန်
စင်အောင်သိပါသည်။
ဦးကုသလသည် မဟာသန္တိသုခကျောင်းတိုက်အရေးအခင်းကိုသိ၍
ရောင်တော်ပြန်လွှတ်တဲ့ရုပ်ရှင်ရိုက်ကွက်ဖြစ်ပါတယ်ဆိုတာကို
ဘုမသိဘမသိတဲ့သူများအတွက်ရေးတင်လိုက်ခြင်းဖြစ်ပါတယ်။
အခုကျောင်းပေါ်ကမဆင်းဘဲ ရုပ်ရှင်ရိုက်နေတဲ့ ဦးကသလရဲ့ပါးစပ်ကို
ဖြဲပြီး ခြေမနှင့်ကုတ်ထုတ်လျှင် ဒေါက်တာပ၀ရာဘိဝံသမထေရ်မြတ်
ကျွေးခဲ့မွေးခဲ့တဲ့ ကျေးဇူးတွေ အတောင့်လိုက်ထွက်လာပါလိမ့်မည်။
အချိန်မရ၍ ဒီမျှသာရေးလိုက်တာ အကယ်၍ ဒီကျောင်းအကြောင်းကို
သိလိုပါက  . .
ရန်ကုန်မြို့ ၊သရက်တောကျောင်းတိုက်၊ သာသနောဒယကျောင်း
မှာသွားရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။
အထူးမှားကြားခြင်း  .. 
ဤစာဖြင့် ဒေါက်တာပ၀ရာဘိဝံသမထေရ်မြတ်၏ ကျေးဇူးတရားအား
ခြေတော်ဦးခိုက် ပြန်ဆပ်ထိုက်ပါသည်။ အလင်းရှင်ကဲ့သို့ပင် ယခု
ကျောင်းလုသော ဦးကုသလတို့သည် ဆရာတော်၏ တပည့်များသာ
ဖြစ်ပါသည်။ ဒါ့ကြောင့် ဒီကျောင်းကိစ္စများကို အလင်းရှင် (အူမခြေးခါး)
သိပါသည်။
█ ░ အလင်းရှင် ░ █

ထိုသို့ထားစဉ်က အလင်းရှင်သည် ဒေါက်တာပ၀ရာဘိဝံသထံတွင်
ပညာသင်ကြားနေလျှက်မို့ . . ဒီအကြောင်းအရာဇာတ်ထုတ်ကိုကုန်
စင်အောင်သိပါသည်။
ဦးကုသလသည် မဟာသန္တိသုခကျောင်းတိုက်အရေးအခင်းကိုသိ၍
ရောင်တော်ပြန်လွှတ်တဲ့ရုပ်ရှင်ရိုက်ကွက်ဖြစ်ပါတယ်ဆိုတာကို
ဘုမသိဘမသိတဲ့သူများအတွက်ရေးတင်လိုက်ခြင်းဖြစ်ပါတယ်။
အခုကျောင်းပေါ်ကမဆင်းဘဲ ရုပ်ရှင်ရိုက်နေတဲ့ ဦးကုသလရဲ့ပါးစပ်ကို
ဖြဲပြီး ခြေမနှင့်ကုတ်ထုတ်လျှင် ဒေါက်တာပ၀ရာဘိဝံသမထေရ်မြတ်
ကျွေးခဲ့မွေးခဲ့တဲ့ ကျေးဇူးတွေ အတောင့်လိုက်ထွက်လာပါလိမ့်မည်။
အချိန်မရ၍ ဒီမျှသာရေးလိုက်တာ အကယ်၍ ဒီကျောင်းအကြောင်းကို
သိလိုပါက . .
ရန်ကုန်မြို့ ၊သရက်တောကျောင်းတိုက်၊ သာသနောဒယကျောင်း
မှာသွားရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။
အထူးမှားကြားခြင်း ..
ဤစာဖြင့် ဒေါက်တာပ၀ရာဘိဝံသမထေရ်မြတ်၏ ကျေးဇူးတရားအား
ခြေတော်ဦးခိုက် ပြန်ဆပ်ထိုက်ပါသည်။ အလင်းရှင်ကဲ့သို့ပင် ယခု
ကျောင်းလုသော ဦးကုသလတို့သည် ဆရာတော်၏ တပည့်များသာ
ဖြစ်ပါသည်။ ဒါ့ကြောင့် ဒီကျောင်းကိစ္စများကို အလင်းရှင် (အူမခြေးခါး)
သိပါသည်။
█ ░ အလင်းရှင် ░ █

အရေးကြုံသက်လုံကောင်းစေသည့် “ အဋ္ဌာနမေတံ”

အဋ္ဌာနမေတံ ဂါထာပါဠိတော်ကို များသူငှာတို့ အိပ်ကပ်ထဲ၊ဖုန်းလေးထဲမှ
နေပြီး နှလုံးသားထဲထည့်သွင်းဌာပနာတော်မူနိုင်စေရန် သဒ္ဒါအားကြီးစွာ
အိပ်ချင်သောမျက်လုံးအစုံတို့အား၊ ကုသိုလ်စိတ်တို့ ပက်ဖြန်းကာ အားယူ
ကြိုးစားလိုက်ရပါသည်။ ဒါ ဒုတိယအကြိမ်မြောက်ဒီဇိုင်းပါ။ ပထမအကြိမ်
ဓမ္မဒါနပြုတုန်းက 3D မထည့်မိဘူးလေ၊အခုတော့ photoshop မှာ 3D
စာလုံးဖြင့်ဖန်တီးရ၍ အချိန်ပိုကြာသွားတယ်။ ကဲ .. ရှိစေတော့ .. ။
ဒီဂါထာသမိုင်းဟာ ဘုရားရှင်ကို ဒေ၀ဒတ်လုပ်ကြံသတ်ဖြတ်မှုကြောင့်ပါပဲ
ဒေ၀ဒတ်ရဲ့ မိုက်မဲလွန်မှုကို အာနန္ဒာအပါဝင်သံဃာတော်များစိုးရိမ်နေကြ
တာကို ဘုရားရှင်သိတော်မူတဲ့အတွက် အာနန္ဒာနှင့်တကွစိုးရိမ်ကြောင့်
ကြရောက်နေကြကုန်သော တပည့်ရဟန်တော်များကို “ တထာဂတာ
အရက္ခိယာ” ဘုရားဆိုတာ အစောင့်အရှောက်အကာအကွယ် လုံခြုံရေး
တပ်တွေမလိုပါဘူးကွယ် . .၊ လို့မိန့်ကြားတော်မူခဲ့တယ်။
အဲဒီအခါ အာနန္ဒာနှင့်တကွရဟန်းတော်များဟာ စိတ်သက်သာရာရကြ
ပြီး “ သြော် . .ဘုရားဆိုတာ အတုမဲ့ အနှိုင်းမဲ့ ပါကလားရယ်လို့ ” သိရှိ
တော်မူကြကုန်တယ်။
Photo: အရေးကြုံသက်လုံကောင်းစေသည့် “ အဋ္ဌာနမေတံ”
☤♥✩☤♥✩☤♥✩☤♥✩☤♥✩☤♥✩☤♥✩☤♥

ဒီ အကြောင်းကို သိတော်မူကြကုန်သော ရဟန်းပညာရှိရသေ့ပညာရှိ
လူပညာရှိကြီးများက “အဋ္ဌာနမေတံ” ဂါထာတော်မြတ်ကို နှလုံးသားထဲ
ဆောင်ထားတော်မူကြတယ်။ လောကီကျမ်းဆရာကြီးတွေကတော့
 “ အဋ္ဌာနမေတံ” ကိုညွှန်းထားတာတွေများ တို့ငယ်ငယ်ကဖတ်ခဲ့ရတယ်။
စာလေးမည်စိုး၍ တို့ညွှန်းမနေတော့ပါဘူးကွယ်။ မော်ဒယ်ခေတ်ကာလ
မို့ အရိပ်ပြရင်အကောင်မြင်တက်ကြတဲ့ လူငယ်တွေမို့ တို့မညွှန်းတာပါ။
အရေးကြုံတော့ သက်လုံကောင်းတယ်ဆိုတဲ့အတိုင်း “ အဋ္ဌာနမေတံ”
ဗုဒ္ဓါမုခ ပါဠိတော်ဟာ နတ်မိစ္ဆာ၊ဘီလူးမိစ္ဆာ၊အောက်လမ်းမိစ္ဆာ ၊ လူမိစ္ဆာ။
စစ်ခွေးသန်းရွှေအစရှိသော မိစ္ဆာတို့ဘေးရန်ကနေ အမှန်လွတ်ကင်းတော်
မူပါတယ်။ ဆရာအစဉ်အဆက်အသုံးပြုလာတော်မူခဲ့သော ဘုရားနှုတ်ခါး
ပတ်တော်မြတ်ကို တို့များက ခန္ဓာကိုပင်ပန်းမှု့ကိုငဲ့ကွက်တော်မမူဘဲ 
အခုလို (၂း၂၆)နံက်အထိ ကုသိုလ်ဆန္ဒအဓိပတိတပ်ကာ ညီငယ်ညီမ
ငယ်တို့ရဲ့ နှလုံးသားထဲ ရောက်ပါစေတော့ရယ်  .. . . လို့ ။
ဤကုသိုလ်ကို ကျေးဇူးရှင်ဖခင်ကြီးဆရာစံနှင့်(၃၁)ဘုံသားတို့အား
ဝေငှမိပါသည်။
Rf
သုတ္တန်ပိဋကတ်၊ ၀ိနယပါဠိတော်၊
စူဠ၀ဂ္ဂ၊ စာမျက်နှာ၊ ၃၅၇၊ ပိုဒ်၊၃၄၂

ကြံ့ဖွတ်စစ်ခွေးခရိုနီအပေါင်းတို့ . . သိစေရန်

ဝိပါတ်ဟူသည် .. ပြန်လည်တက်မျိုး . . . . . ။
“ ခလုပ်ထိမှ အမိတ ” တဲ့ ။ ရဟန်းသံဃာတော်များကို လူဝတ်လဲထောင်
ချခဲ့တဲ့ သာဝန်ကြီးပြုတ်ဆန်းဆင့်ဟာ အခုသူဝဋ်ပြန်လည်တဲ့အခါ မီဒီယာ
တွေကနေတစ်ဆင့် . . .
• “သံဃာတော်များ ကယ်တော်မူကြပါ”
• “သာသနာတော်စောင့်နတ်များကယ်တော်မူကြပါ” လို့ . .
ထောင်ထဲကိုအပြန် ထောင်ကားပေါ်မှာ အော်ယော်မည်တမ်းသွားတဲ့ ဗွီဒီယို
ဖိုင်ကို ဒီမိုကရက်တစ်မြန်မာအသံကမြင်ကြားလိုက်ရတယ်။ ဒါ့အပြင်ဆန်း
ဆင့်ကထပ်ပြောပါသေးတယ် .. .
• “ငါးပြားကအစ ပြည့်သူ့ဘဏ္ဍာငွေကို ကျနော်အလွဲသုံးစားမလုပ်ခဲ့
• ပါဘူးတဲ့” 
Photo: ကြံ့ဖွတ်စစ်ခွေးခရိုနီအပေါင်းတို့  . . သိစေရန်
❤❥♣★❤❥♣★❤❥♣★❤❥♣★❤
ဝိပါတ်ဟူသည်  ..  ပြန်လည်တက်မျိုး  . . . . . ။
“ ခလုပ်ထိမှ အမိတ ” တဲ့ ။ ရဟန်းသံဃာတော်များကို လူဝတ်လဲထောင်
ချခဲ့တဲ့ သာဝန်ကြီးပြုတ်ဆန်းဆင့်ဟာ အခုသူဝဋ်ပြန်လည်တဲ့အခါ မီဒီယာ
တွေကနေတစ်ဆင့် . . . 
•  “သံဃာတော်များ ကယ်တော်မူကြပါ”
• “သာသနာတော်စောင့်နတ်များကယ်တော်မူကြပါ” လို့ . . 
ထောင်ထဲကိုအပြန် ထောင်ကားပေါ်မှာ အော်ယော်မည်တမ်းသွားတဲ့ ဗွီဒီယို
ဖိုင်ကို ဒီမိုကရက်တစ်မြန်မာအသံကမြင်ကြားလိုက်ရတယ်။ ဒါ့အပြင်ဆန်း
ဆင့်ကထပ်ပြောပါသေးတယ်   .. . 
• “ငါးပြားကအစ  ပြည့်သူ့ဘဏ္ဍာငွေကို ကျနော်အလွဲသုံးစားမလုပ်ခဲ့
• ပါဘူးတဲ့” 
 သွားလေသူ လူရွှင်တော်ကြီး ကိုမော့စ် တောင် ဆန်းဆင်လို့ ရယ်စရာ
ပျက်လုံးပျက်တက်မယ် မထင်ပါဘူး။
သြော်  . .ဆန်းဆင့် ၊ ဆန်းဆင့်၊ မင်း ၊ ၀န်ကြီးဖြစ်တုန်းကတော့  . . . .
တို့ရဟန်းတော်များကို လူဝတ်လဲထောင်ချခဲ့တယ်။ 
လယ်တီသိမ်စေတီပုထိုးတွေကိုဖျက်တယ် ။
မင်းအဲဒီလို ဗုဒ္ဓဂိုဏ်း၊သံဃဂိုဏ်းကို ကိုယ်ထိလက်ရောက်စော်ကားတာ
ရက်တောင်မလည်သေးဘူး။ မင်းကိုသိန်းစိန်အဆိုးရက အလုပ်ဖြုတ်ထောင်
ထဲဆွဲထည့်လိုက်တယ်  .. . ။
သြော်  . .ဆန်းဆင့်ရေ  . . ။ ဒါ့ကြောင့်
 “ မိုးကောင်းတုန်းရွာထားဦးပေါ့ကွာ”
လို့ပြောတဲ့ စကားပုံတွေက ဒါပဲကွ။ 
မင်းအာဏာရှိတုန်းက သံဃာကိုထောင်ထဲထည့် လယ်တီသိမ်ကိုဖျက်။ 
ဟော  . .အခုကြည့်စမ်း လတောင်မကူးဘူး
သံတိုင်ကြားထဲကို မင်းရောက်နေပြီမဟုတ်လား ?
ဒါ့ကြောင့် ကာလ၀ိပါတ်နောက်ပိုးတက် တက်ပါတယ်ဆိုတာကို လက်ရှိ
ကျန်နေကြသေးတဲ့  ..  သမ္မတများကြံ့ဖွတ်အမတ်ဝန်ကြီးများ ၊ စစ်ခွေး
များကို အပ္ပမာဒတရား အသိစကားပါးလိုက်ပါသည်။

Monday, July 7, 2014

မပြီးဆုံးသေးသောသန္တိသုခအရေးအခင်း

ဇွန် ၁၀ ရက်နေ့ည ၁၀ နာရီလောက်မှာ မဟာသန္တိသုခကျောင်းထဲကို
သံဃာတော်အပါး ၄၀၀ ကျော် ၊လူအင်း ၄၀၀ ၀င်းကျင်လောက်က ရဲ
တွေနဲ့လာပြီးတော့ ၀ိုင်းဝင်းပိတ်ဆိုကာ ဦးပဉ္စင်းနေတဲ့ ၆ ထပ်ကိုတက်
လာတယ်။ ရန်ကုန်တိုင်းသံဃနာယက ဒုဥက္ကဌဆရာတော် ကစာရွက်ကို
ကိုင်းရင်း ဒီမှာ ဘယ်သူတာဝန်ခံလဲဆိုပြီး ၆ထပ်မှရှိတဲ့နေတဲ့ သံဃာ၂၁
ပါးကို အပြင်ထွက်ခိုင်းပြီးတော့ ဘယ်ရက်စွဲနဲ့မဟာသံဃနာယက(မဟန)
အဖွဲ့က ထုတ်ထားတဲံ စာတွေအကြောင်းကိုပြောရင်း ၀ရုန်းသုန်းကားဖြစ်
ခဲ့ရပုံကို တရားစွဲဆိုခံနေရတဲ့ လန်ဒန်ဆရတော် ဦးဥတ္တရကဧရာဝတီ
ကိုပြန်ပြောပြပါတယ်။
သန္တိသုခဆရာတော်ငါးပါးအားလာရောက်ကြည့်ရှု့သောရွှေည၀ါဆရာတော်
နှင့်သံဃာတော်များ(ဓာတ်ပုံ  - သော်ဟိန်းထက် - ဧရာဝတီ)

အဲဒီနောက် ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာ ၂၁ ပါးလုံးဟာ
ခင်းဖြစ်တဲ့ညက ကမ္ဘာအေး မဟန အဖွဲ့ရုံး၊ တိုင်း မဟနရုံးနဲ့ မင်္ဂလာဈေး
ဓမ္မာရုံမှာ ၃ ည ဖြတ်သန်းပြီးတဲ့အခါကျတော့ မဟာသန္တိသုခ ကျောင်းထဲ
က ၃ ထပ်ဆောင် ဆရာတော်နဲ့ ကျန်တဲ့ သံဃာ ၁၅ ပါးတို့က ခံဝန်ကတိ လက်မှတ်ထိုးပြီး ပြန်ထွက်လာနိုင်ပေမယ့် ဦးဥတ္တရ အပါအဝင် ဦးနန္ဒိယ၊
ဦးပညာသာရ၊ ဦးသုန္ဒရာသီရိ၊ဦးတေဇိန္ဒတို့ ၅ပါးကိုတော့ အင်းစိန်ထောင်
ထဲကို ပို့ပြီး တရားစွဲဆို ခဲ့ပါတယ်။
“အမှန်က ဦးပဉ္စင်းတို့က ဒီကျောင်းပိုင်ဆိုင်မှု၊ မပိုင်ဆိုင်မှုဆိုတာ ဘာမှမ
ဆိုင်ဘူး၊ ပီနန်ဆရာတော်ကြီး နိုင်ငံခြားကို ထွက်သွားတုန်း ကလည်း
ကျောင်းကို ဦးပဉ္စင်းတို့ဆီ တရားဝင် အပ်ခဲ့တာလည်း မဟုတ်ဘူး၊ ကိုယ်က
နေထိုင်ရုံ နေထိုင်တာ”လို့ ဆရာတော်က မိန့်ကြားတယ်။
အမှန်တကယ် ကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး မဟန အဖွဲ့အနေနဲ့ တာဝန်
အရ လုပ်သည်ပဲ ဖြစ်ဖြစ်၊ တရားနည်းလမ်း ကျကျ၊ မကျကျ ကျောင်းပိုင်ဆိုင်
သည်ဟု တရားဝင် ပြောဆိုထားသော ပီနန်ဆရာတော် ဘုရားကြီးရှိစဉ်က
မလုပ်ဘဲ တာဝန်ရှိသူမရှိမှ လုပ်တဲ့ ကိစ္စဟာ မတရား အနိုင်ကျင့်တဲ့ ပုံစံမျိုးလို
ခံစားရမိတယ်လို့ ဆရာတော်က ဆက်မိန့်တယ်။ ဒီ မဟာသန္တိသုခ ကျောင်း
ကို ၁၉၉၉ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး
ဟောင်း မောင်အေးနဲ့ ဗိုလ်ချုပ်ဟောင်း ခင်ညွန့်တို့ ကိုယ်တိုင် ပီနန်ဆရာေ
တ်ာကြီးကို ရေစက်ချ လှူဒါန်းခဲ့ပြီးနောက်ပိုင်း ပီနန် ဆရာတော်ကြီးက
၂၀ဝ၂ ခုနှစ် နိုင်ငံခြား သာသနာပြု နေချိန်တွင် ကျောင်းကို နိုင်ငံတော်
အစိုးရက သိမ်းပိုက်ခြင်း မဟုတ်ဘဲ သာသနာ့အကျိုးထပ်ဆင့်ပွားကြိုး
ပမ်းနိုင်ရန်စီမံအုပ်ချုပ်ခွင့်ကိုမဟနအဖွဲ့ ကို လွှဲပြောင်း အပ်နှံထားခြင်းသာ
ဖြစ်တယ်လိုဗိုလ်ချုပ်ဟောင်း ခင်ညွန့် က ပီနန်ဆရာတော်ကြီး ဆီကို
အကြောင်းကြားတဲ့ စာထဲမှာ ရေးသား ထား ပါတယ်။
ပီနန်ဆရာတော်ကြီး နိုင်ငံခြား သာသနာပြု သွားရောက်ခဲ့ပြီးနောက်ပိုင်း
မှာ မဟာသန္တိသုခ ကျောင်းမှာ မင်္ဂလာဆောင် ပွဲများ၊အခမ်းအနားပွဲများနဲ့
အကလေ့ကျင့်ခန်း သင်တန်းမျိုးလို စီပွားရေးဆန်ဆန် လုပ်ကိုင်လာတာ
ကို တွေ့ရပြီးတော့ ၂၀၁၃ခုနှစ်ပီနန်ဆရာတော်ကြီးမြန်မာနိုင်ငံပြန်ကြွလာ
တဲ့အခါမှာ ဒီကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး မဟနနဲ့ပီနန်ဆရာတော်တို့
အကြားမှာ ပဋိပက္ခ စတင်ဖြစ်လာခဲ့တယ်။
ကျောင်းပိုင်ဆိုင်မှု ဆိုတာ သာမန်လူနေအိမ် ပိုင်ဆိုင်မှုကို ဖြေရှင်းရတာ
ထက် ပိုလို့လေးနက်ပြီး သံဃာ့ကိစ္စများကို သံဃာတော်တွေ အချင်းချင်း
 စုပေါင်းညှိနှိုင်း ဖြေရှင်းတဲ့ နည်းလမ်းကိုသာအသုံးပြုသင့်ကြောင်းနိုင်ငံ
ရေး၊ အမျိုးသားရေး စတဲ့ နယ်ပယ်များမှ သံဃာတော် အများအပြားက
ဧရာဝတီကို တညီတညွတ်တည်း ပြောခဲ့ကြတယ်။
ဒီ ကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ဘယ်သူပိုင်တယ် ဆိုတာ မပြော
လိုပေမယ့် တကယ်တမ်း ကျောင်းပိုင်ဆိုင်မှု ဖြစ်လာပြီ ဆိုရင် သံဃာ
 တော်တွေ အချင်းချင်း သံဃာ့စည်းမျဉ်း အတိုင်း ဖြေရှင်းသင့်ကြောင်း၊
ထိုအဆင့်ကို မပြုလုပ်ဘဲ အခုလို မဟနအဖွဲ့က လုပ် ကိုင်လိုက်ခြင်းက
 နှစ်ဖက်လုံးမှာ အကျိုး ဖြစ်ထွန်းခြင်း မရှိစေခဲ့ကြောင်း အမျိုးဘာသာ၊သာသနာ
ထိန်းသိမ်းစောင့်ရှောက်ရေး (မဘသ)အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံလည်း
လိုအပ်ကြောင်း ရွှေညဝါ ဆရာတော်ကလည်း မိန့်ကြားပါတယ်။
သာသနာရေးမှာ လာဘ်စားမှု၊ ကိုယ်ကျိုးရှာမှု များစွာရှိနေပြီး အစိုးရရဲ့
သာသနာရေး ဝန်ကြီးဌာနတွေမှာ ဝင်ရောက် ခြယ်လှယ် နေ ကြတဲ့
လူပုဂ္ဂိုလ်တွေလည်း များစွာ ရှိခဲ့ကြောင်း ဆရာတော်က ဧရာဝတီကို
မိန့်ပါတယ်။
“ဦးပဉ္စင်းရဲ့ သာဓုကျောင်း ကိစ္စကိုပဲ ကြည့်ပါ။ ဦးပဉ္စင်းရဲ့ အမျိုးသားဒီမို
ကရေစီ အဖွဲ့ချုပ်က ဆွမ်းကျွေးဖိတ်တာကို လက်ခံလို့ တရားဟောခွင့်
ပိတ်တာကိုချိုးေ ဖာက်တယ်ဆိုပြီးတော့ ဒီကျောင်းကသူတို့ပိုင်တဲ့ကျောင်း၊
ဒီကျောင်းကနေ ထွက်ခွာပါ ဆိုပြီး လုပ်တယ်။ ဦးပဉ္စင်းဒကာတွေက
သာသနာရေး ဦးစီးဌာနကို လိုက်တော့ ကျပ်သိန်း ၆၀ဝ ပေးရင် အားလုံး
အဆင်ပြေတယ် ဆိုတဲ့ စကားသံ တွေ ကြားလာရတယ်။
ရှင်းရှင်းပြောရရင် အဲဒါ ဦးအံ့မောင်ရဲ့လက်ထဲမှာပဲ။ ဦးပဉ္စင်းကဒကာတွေ ကို ပြောလိုက်တယ်။မင်းတို့လည်းအကုန်မခံနဲ့။သူတို့ပေးမှ ငါက နေခွင့်ရ
မယ်ဆိုတဲ့ ဟာမျိုး မလိုချင်ဘူး။ နောက်ပိုင်းမှာလည်း ဒီလိုမျိုး ငွေတောင်း
တာတွေ ထပ်လုပ်နိုင်တယ်”လို့လည်း ရွှေညဝါ ဆရာတော်ကမိန့်ဆိုပါတ
ယ်။တခါတရံမှာ မဟနအဖွဲ့ရဲ့ ဖွဲ့စည်းပုံ အရ ၄၇ ပါးလုံးကအချိန်ပြည့်
တာဝန်ယူရတာ မဟုတ်ဘဲ ၄ လတကြိမ် တာဝန်ယူဖို့ အဖွဲ့ ၃ ဖွဲ့ခွဲပြီး စီမံ
ဆောင်ရွက်တဲ့ အတွက် ကိစ္စရပ်တိုင်းဟာ မဟန အဖွဲ့ဝင်ဆရာတော်အား
လုံး သိနိုင်မှာ မဟုတ်ကြောင်း ၅ ကျမ်းပြန် ဆရာတော် အရှင်ဓမ္မပီယ က
လည်း မိန့်ပါတယ်။ဒါပေမယ့် မဟနရဲ့ ကိစ္စရပ်တိုင်းကိုတော့ မဟနအဖွဲ့
အားလုံးက တာဝန်ခံကြရတယ်၊ ဒါမှလည်း မဟန သံဃာတော်တွေညီ
ညွတ် တယ် ဆိုတာကို ပြသရာရောက်မယ်လို့ ဆရာတော်က ဆိုပါ
တယ်။
“သံဃာတော်တွေ မှာလည်း အမြင်ချင်းက တူကြတာမှ မဟုတ်တာ။ ဒါက
သဘာဝပဲလေ။ ဒါပေမယ့် အမြင်မတူရုံနဲ့ သင်းကွဲတယ် ဆိုတာ မဟုတ်ဘူး
လေ။ တဦးနဲ့တဦး မပြောနိုင်၊ မဆိုနိုင်ဖြစ်နေကြရတာမှ မဟုတ်တဲ့ဟာ။
မဘသ အဖွဲ့က ဒီကိစ္စအပေါ်မှာ အဖွဲ့အနေနဲ့ ဘာမှ မထုတ်ပြန်တာကလည်း
ဒီ သဘောပဲလေ။ မဘသ အဖွဲ့ဝင်တွေ တဦးချင်းစီကတော့ ကိုယ့်အမြင်၊
ကိုယ့်သဘော ထားကို ထုတ်ပြော
နေတာပဲ။ အဖွဲ့အစည်းနဲ့လုပ်တယ် ဆိုတာက တပိုင်းလေ”လို့ ဆရာတော်
အရှင်ဓမ္မပီယ က မိန့်တယ်။ဒါပေမယ့် ကိုယ်တိုင်တရားစွဲဆို ခံလိုက်ရတဲ့
ဆရာတော် ဦးဥတ္တရကတော့ ဒီကိစ္စမှာ မဟန အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဆရာတော်
ဖြစ်တဲ့ဗန်းမော် ဆရာတော်ကြီး ကိုယ်တိုင် သိနေတဲ့ကိစ္စ ရပ်တခုလို့
ဧရာဝတီကိုမိန့်ပါတယ်။
သူတို့တရားစွဲ၊ လူဝတ်လဲခံရတဲ့ကိစ္စ ကိုယ်တိုင်က ဥက္ကဋ္ဌ ဆရာတော်ကြီး
ကိုယ်တိုင် မိန့်မှာကြားတာကို ကြုံတွေ့ခဲ့ရပြီးတော့ အင်းစိန် ထောင်ထဲကို
အချုပ်သား အဖြစ် ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။
“ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ဘုရားကြီးက သူတို့သတင်း ကြားထားတာ
ဦးပဉ္စင်းတို့က လက်နက်တွေ စုဆောင်းထားပြီး နေနေ တယ် ပေါ့၊
နောက်ထပ်လည်း သံဃာတွေ ထပ်လာဦးမယ်ပေါ့၊ မဟုတ်တဲ့ သတင်း
တွေ ပေးတာကို ယုံကြည်ပြီးတော့ နောက်ဆုံး ဦးပဉ္စင်းတို့ကို လူထွက်ပါ
ဆိုပြီး ပြောတယ်” လို့ ဦးဥတ္တရက မိန့်ပါတယ်။ဒီလို မဟာသန္တိသုခကျောင်း
ကို အကြမ်းဖက်သိမ်းယူ တာမျိုးက သံဃာတော်တွေရဲ့ လုပ်ရပ်နဲ့ မကိုက်
ညီတော့ဘဲ အရင် စစ်အစိုး ရ လက်ထက်က ၂၀ဝ၇ ရွှေဝါရောင် သံဃာ
အရေးအခင်းမှာ တောင်ဥက္ကလာပ မြို့နယ်ထဲက ငွေကြာယံ၊ သင်္ဃန်းကျွန်း
မြို့နယ်ထဲက မဂ္ဂင်ကျောင်းတို့ကို စစ်တပ်က ဝင်ရောက်စီးနင်းတဲ့ ဖြစ်ရပ်တွေနဲ့ အတူတူဖြစ်နေတယ်လို့ရေနံချောင်းမြို့က ရွှေဝါရောင် သံဃာတော်တပါး
ဖြစ်တဲ့ ဦးဣဿရိယကမိန့်ကြားပါတယ်။
“ဖြေရှင်းပုံတွေ အများကြီး ရှိပါတယ်။ သံဃာအချင်းချင်း ဖြေရှင်းလို့ မရတဲ့ကိစ္စ

မရှိပါဘူး။ နည်းလမ်းတွေ အများကြီးပါ။ စားပွဲဝိုင်း ဆွေးနွေးတာနဲ့ အဆင်ပြေရ
မယ့် ကိစ္စကို အခုလို ဖြေရှင်းလိုက်တာက ဗုဒ္ဓဘာသာရဲ့ ပုံရိပ်တွေကိုအများကြီး
ထိခိုက်စေတယ်။ သံဃာကိစ္စ ဆိုတာ သံဃာတွေ အချင်းချင်းပဲ ဖြေရှင်းသင့်
တယ်”လို့ ဆရာတော်က ဆက်ဆိုတယ်။
ဒါ့အပြင် မဟနအဖွဲ့ အနေနဲ့ ၎င်းတို့ရဲ့ စိတ်ထဲမှာက အစိုးရအဖွဲ့ရဲ့ သံဃာ
တော်များလို စိတ်ထားမျိုး ထားတတ်ကြကြောင်း၊ ရွှေဝါရောင် သံဃာအရေး
အခင်း တုန်းကလည်း ကံဆောင်သပိတ်မှောက်တဲ့ သံဃာတော်တွေကို
အကြမ်းဖက် ဖြိုခွင်းစဉ်ကလည်း နှုတ် ဆိတ်နေခဲ့ တာက သံဃာတော်
အချင်းချင်း စည်းလုံးမှုကို ထိခိုက်စေတယ် လို့ မန္တလေး၊ မဟာ ဂန္ဓာရုံေ
ကျာင်းက ဘဝအလင်း ဆရာတော် ဦးသော ဘိတ ကလည်း မိန့်ကြား
ပါတယ်။
၂၀ဝ၇ ရွှေဝါရောင် သံဃာအရေးအခင်း နောက်ပိုင်းမှာ စစ်အစိုးရက
သံဃာတွေရဲ့ ဂုဏ်သိက္ခာကို နိမ့်ကျအောင် လုပ်ခဲ့သလို မဟန ရဲ့
ဂုဏ်သိက္ခာကလည်း ထို့နည်းတူ ကျဆင်းခဲ့ရတယ် လို့ ဆရာတော်က
ဆက်မိန့်ကြားတယ်။
မဟန အနေနဲ့ ကျောင်းပိုင်ဆိုင်မှု ကိစ္စကို အမှန်တကယ် ပြေလည်
အောင် ဖြေရှင်းချင်တဲ့ စိတ်သာ တကယ်ရှိခဲ့မယ် ဆိုရင် မြန်မာနိုင်ငံ
အတွင်းက လူထုရော၊ သံဃာထုပါ ကြည်ညိုလေးစားတဲ့ ဆရာတော်
တွေကို အမှူးပြု ပြီးတော့ ပီနန်ဆရာတော်နဲ့ မဟနတို့ စုံညီ ဖြေရှင်းခြင်း
ကသာ အကောင်းဆုံး နည်းလမ်း ဖြစ်တယ်လို့ တရားစွဲဆို ခံထားရတဲ့
ဆရာတော် ဦးဥတ္တရက ဆိုပါတယ်။
အရင် အချိန်များက မဟန အနေနဲ့ သံဃာတော်တွေ ကြားမှာ ဝိနည်း
အငြင်းပွားမှု ဖြစ်ရင် မဟန ကိုယ်တိုင် ဦးဆောင်ဖြေရှင်းခဲ့ ပေ မယ့်လည်း
အခုတကြိမ်မှာ မဟနကိုယ်တိုင်က ကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်နေတဲ့
အတွက် မဟန ဦးဆောင်ဖြေရှင်းလို့ မရ ဘူး လို့ ဆရာတော်ကမိန့်တယ်။
“ဒီပြဿနာ ကျတော့ မဟနက တရားလိုဘက် ဖြစ်နေတယ်။ ဒါ့ကြောင့် သူ့ရဲ့
ဝိနည်းခုံရုံးအဖွဲ့ ဖွဲ့ဖို့ မသင့်ဘူး။ ဒါကို အစိုးရဘက်က ဦးဆောင်လို့ပဲဖြစ်ဖြစ်
မဟနရော၊ ပီနန်ဆရာတော်တို့ကပါ လက်ခံမယ့် လူထု၊ ရဟန်းတွေ ကြည်ညို
 လေးစားနေတဲ့ ဆရာတော် တွေ ဦးဆောင်တဲ့ ဝိနိစ္ဆယ အဖွဲ့ကို ဘယ်လိုနည်း
လမ်းနဲ့ ဖွဲ့မလဲ၊ အဲဒီအဖွဲ့က ဦးဆောင်ပြီးတော့ ဆုံးဖြတ်တာ မျိုးက အသင့်ေ
လျာ်ဆုံး ပဲ” လို့ ဆိုပါတယ်။
အခုနောက်ဆုံးတိုင်းမဟနအဖွဲ့နဲ့နီးစပ်တဲ့သံဃာတော်တွေရဲ့ပြောစကား
အရမဟနအဖွဲ့ဝင်တွေ အားလုံးဟာ ဒီအရေး နဲ့ပတ် သက်ပြီးမျက်နှာစုံညီ
ဆွေးနွေးနေတယ်၊ အကောင်းဆုံး ဘယ်လိုဖြေရှင်း ကြမလဲဆိုတာကို
ဆွေးနွေး ညှိနှိုင်းနေတယ်လို့ ဘွဲ့အမည် မဖော်လိုတဲ့ ဆရာတော်တပါးက
မိန့်ကြားပါတယ်။အခုလို သံဃာတော်တွေ ကြားမှာ ကြီးမားကျယ်ပြန့်တဲ့
ဖြစ်ရပ်မျိုးအထိဖြစ်ပေါ်လာတာကြောင့် မဟန အဖွဲ့ဝင်တွေကြားမှာလည်း
ဆွေးနွေး အဖြေရှာရမယ့် ကိစ္စတခုလို ဖြစ်လာစေတယ်လို့ ဆရာတော်
က ဆက်မိန့်တယ်။
“အားလုံးကို ဘယ်နည်းနဲ့ အဆင်ပြေမလဲဆိုတာ စဉ်းစားနေကြပါတယ်။
ဖြစ်လာမယ့် နည်းလမ်းကတော့ အားလုံးပျော်ရွင် ဝမ်းမြောက်စေမယ့်
နည်းလမ်းကို ရွေးချယ်ကြမှာပါ။ မဟနအဖွဲ့ဝင် ဆရာတော်တွေ အားလုံး
ကလည်း ဒီအရေးကို မဆွေးနွေးလို့ ရမယ့် ကိစ္စ မဟုတ်တော့ဘူး ဆိုတာ
သိလာကြပြီလေ”လို့လည်း အထက်ပါ ဆရာတော် မိန့်ကြားပါတယ်။
ဒါ့အပြင် ပီနန်ဆရာတော်ကြီး အနေနဲ့ကလည်း ကျောင်းပိုင်ဆိုင်မှုနဲ့
ပတ်သက်ရင် ဝိနည်းနဲ့ အညီ ခုံရုံးအဖွဲ့ ဆုံးဖြတ်တာကို အမြဲကြိုဆို
နေတယ် လို့ ဆိုပါတယ်။ အရင် ကျောင်းပိုင်ဆိုင်မှု အငြင်းပွားစဉ်က
တည်းက ဒီလို ဖြေရှင်းမှုမျိုးကို ဖြစ်စေချင်ခဲ့ပေမယ့် တကယ်တမ်း
ဖြစ်မလာခဲ့တာက စိတ်မကောင်းစရာ တခုပဲလို့ ဆိုပါတယ်။
အခုလို သံဃာတော်တွေကြားက ဖြေရှင်းရမယ့် ကိစ္စတွေကို အရပ်ဘက်
တရားရုံးမှာ ဖြေရှင်းနေတာကြောင့် မိမိကိုယ်တိုင် ကြည့်မြင်တိုင် သာဓု
ကျောင်းတိုက်ကနေ နှင်ထုတ်ခြင်း ခံလိုက်ရတာမို့ မိမိကျောင်းကို
မိမိပြန်ရအောင် ဆောင်ရွက်သွားမယ်လို့ ရွှေညဝါဆရာတော်ကလည်း
မိန့်ကြားပါတယ်။ ။
http://burma.irrawaddy.org/article/2014/07/07/61486.html
အလင်းရှင်
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget