.

AlinShin

Tuesday, March 4, 2014

အာဏာဝီတိက္ကမန္တရာယိကာ

အာဏာဝီတိက္ကမန္တရာယိကာ
☀ ☀ ☀ ☀ ☀ ☀ ☀☀ ☀
Share ခြင်းဖြင့်ဓမ္မဒါနဝေငှပါ။
ရှေးဆတော်ကြီးတွေက အလွန်အမင်းကိုဝိနည်းလေးစားတော်မူကြသလို
ရဲရင့်တော်မူကြတယ်။ ၀ိနည်းကိုမငဲ့ဘဲ ပြီးလွယ်စီးလွယ်မလုပ်တက်ကြဘူး
 ̏ ဒီဒကာတွေကတော့ စစ်ခွေးဆိုးကြီးသန်းရွှေရဲ့ လက်ပါးစေတွေပဲ ရယ်လို့
လည်း သူတို့ခိုင်းစေတဲ့အတိုင်း လုပ်မပေးဘူး။ လောက၀တ်ကိုမငဲ့ကွက်ဘဲ
ဓမ္မ၀တ်ကိုသာ ငဲ့ကွက်တော်မူကြတယ်။ 
ဝိနည်းအရာကိုမဆိုထားနဲ့ဦး မင်းအစိုးရနဲ့ပတ်သတ်လာရင်သံဃာတော်များ
ကို တိုင်းသူပြည်သားများက ငြိုငြင်မှာစိုးလို့ ခပ်ပြတ်ပြတ်ပြောလေ့ရှိတယ်။
ယုတ်စွအဆုံးတရားဟောတရားနာတဲ့နေရာမှာတောင် မင်းအစိုးရရယ်လို့
ဦးစားမပေးဘူး။ သံဃဂုဏ်ကို အထိပါးမခံလိုတဲ့သဘောလို့ အလင်းရှင်ယူ
ဆမိပါတယ်။
တစ်ခါတုန်းကပေါ့  .. .
ဘကြီးတော်လက်ထက် သာသနာပိုင်ဆရာတော်များကို နန်တော်တွင်းအန္တရာယ်
ကင်းဖို့ ပရိတ်ရွတ်ပင့်တယ်။ အဲဒီခေတ်က ̏ ဆရာတော်ဦးဗုဓ်က သာသနာပိုင်
ဆရာတော်အဖြစ် ရာထူးမရဘူး˝ (မယူချင်လို့ပါ) ဆရာတော်ဦးဗုဓ်ဟာသာသနာ
ပိုင်ရာထူးမရှိပေမယ့် ပရိယတ္တိနေရာမှာ ထူးလွန်းချွန်လွန်းထက်လွန်းတော့ မင်းအ
စိုးရကလက်မလွှတ်ကြဘူးပေါ့။ ဒီတော့ နန်းတော်ထဲ အန္တရာယ်ကင်းပရိတ်ရွတ်မှာ
ဆရာတော်ဦးဗုဓ်ကလည်း မပါမပြီးပေါ့။ 
နန်းတော်ထဲ ပရိတ်ရွတ်ရမယ့်နေရာမှာ သာသနာပိုင်ဆရာတော်အသီးအသီးတို့
ရောက်ရှိနေတဲ့အပြင် မရှေးမနှောင်းဆရာတော်ဦးဗုဓ်လည်းရောက်တယ်။ ဘ
ကြီးတော်မင်းကြီးနဲ့တကွမူမတ်သေနာပတိများ ရံရွေတော်များလည်းအစုံအညီ
ရောက်ကာနေရာယူထားကြတယ်။ အားလုံးစုံညီနေတဲ့အချိန် ပရိတ်ရွတ်ဖို့ ဆရာ
တော်ဦးဗုဓ်က ချောင်းဟန့်တယ်။ အဲဒီအခါ အနားရှိဆရာတော်တစ်ပါးက ̏ နန်း
မတော်ကြီးမရောက်သေးဘူးဘုရား˝ လို့ ခပ်တိုးတိုးလေးနှစ်ကိုယ်ကြားပြောလိုက်
တယ်ဆိုရင်ပဲ  ..  ဆရာတော်ဦးဗုဓ်က
 ̏ နန်းတွင်းအန္တရာယ်ကင်းပရိတ်ရွတ်တာမိဘုရားကြီးပါမှအန္တရာယ်ကင်းမှာလား˝
အဲဒီလိုကို ခပ်ပြတ်ပြတ်ပြန်ပြောလိုက်တယ်။ 
ဘကြီးတော်မင်းကြီးက ဆရာတော်ဦးဗုဓ်အကြောင်းကိုသိနေလေတော့  .. 
 ̏ ရပါပြီဘုရား ရွတ်တော်မူချီးမြှင့်တော်မူပါဘုရား˝ လို့လျှောက်လိုက်ရတယ်။
ကဲ  ..  ဗျာ  .. ညီတို့ညီမတို့ရေ  .. .
တို့များရဲ့ သံဃဥသျှောင်မထေရ်တော်မြတ်တွေဟာ မပြောပလောက်တဲ့ကိစ္စလေး
တွေမှာတောင် လောက၀တ်ကိုမငဲ့ဘူး။ ရှင်းရှင်းပြတ်ပြတ် ပြောကြလုပ်ကြတယ်
ဆိုတာ သမိုင်းတွင်တဲ့ ဥဒါန်းစကားများပဲ။
ဟော  ..  ဒီနေ့ခေတ်ကတော့  .. 
အဲလို ၀ိနည်းဓမ္မရိုသေလေးစားကြတဲ့ မထေရ်ကျော်များရဲ့ သမုတ်တည်ထားကိုး
ကွယ်ခဲ့ကြသော သိမ်တော်တွေကို လွယ်လင့်တကူဖျက်ဖို့ သြ၀ါဒပေးရဲတဲ့ ပေး
ခဲ့တဲ့ (မဟန)ဥက္ကဌကြီးက မင်းတို့ငါတို့မျက်ဝါးထင်ရှားအတွေ့သားပဲမဟုတ်လား
ကြီးလေးတဲ့ သိမ်တော်မြတ်ကို ဖယ်ရှားဖို့အတွက်  . .. 
(၁)မင်းအစိုးရကို . . ငဲ့ကြတယ်  .. 
(၂)လောဘသက္ကာယကို . . . .ငဲ့ကြတယ် . . ။
(၃)(မဟန)ဥက္ကဌဆိုတဲ့သေရင်မပါမဲ့ ဂုဏ်ဒြပ်ကြီးကို . . . ငဲ့ကြတယ် . . ။
(၄)နံပါတ်အ၀ါကြီးနဲ့ခန့်ခန့်ကြီးစီးရတဲ့ ဇိမ်ခံကားကြီးကို  ..  ငဲ့ကြတယ် . .။
(၅) သေတဲ့အခါ မင်းခန်းမင်းနာနဲ့ချရမဲ့ဈာပနကြီးကို  .. . ငဲ့ကြတယ် . .။ 
ဒီလိုမငဲ့သင့်တဲ့ ၀ိနည်းဓမ္မများကို ငဲ့ပြီး  . 
ငဲ့သင့်တဲ့ အထက်ဘဝဂ်၊ အောက်အဝီစိတိုင်အောင် ပညတ်ထားတဲ့
မြတ်စွာဘုရားရှင်၏ ပညတ်တော်၊ အာဏာတော်ကို ဖျက်စီးလွန်ကျူးတဲ့ အာဏာဝီတိက္ကမန္တရာယ်ဘေးသင့်မည်ကိုတော့ မငဲ့မကြောက်ကြသည်မှာ
အလွန်ပင် ၀မ်းနည်းဖွယ်ရာဖြစ်ကြောင်း . .   
ဤဓမ္မဒါနကုသိုလ်ကို လက်ပတောင်းတောင်စောင့်နတ်များအားပေးဝေပါ၏
ဘ၀ကိုကြောခိုင်းထွက်ခွာသွားတော်မူသော ဖခင်ကြီးဆရာစံအားပေးဝေပါ၏
█ ░ အလင်းရှင် ░ █

သက်တော်(၄၀)နှစ်ပြည့် ဒဿနများ(၀၀၀၇)

သက်တော်(၄၀)နှစ်ပြည့်
☀ ☀ ☀ ☀ ☀ ဒဿနများ(၀၀၀၇)
 ̏ စိက်ကိုပြုပြင်˝
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►
ဗုဒ္ဓ၀ါဒကအရည်အဆင်းကိုဦးစားပေးတာမျိုးမဟုတ်ဘူးအရည်အချင်းကို
သာဦးစားပေးတာပါ။ ရံခါမှာ ကိုယ့်ကိုယ်ကိုပိဋကတ်စာပေမတက်ရကောင်း
ရယ်လို့ စိတ်မကောင်းမဖြစ်မိစေနဲ့။ အေး စိတ်ကောင်းမမွေးဘူးဆိုရင်တော့
ခက်ပြီ။ ပိဋကတ်စာပေမတက်တိုင်းအပါယ်ငရဲမကျဘူး၊စိတ်ကောင်းမရှိရင်
တော့ အဲဒီသူအပါယ်ငရဲလို့သာမှတ်။
ဒ့ါကြောင့် ကိုယ်ကိုယ်ကို စိတ်ကောင်းမရှိဘူးလို့သိထားရင် ပြင်လိုက်နော်
မပြင်ရင် ငရဲပဲ။ 

(၃-၃-၂၀၁၄)ထွန်တုံးတိုက်ပွဲအမှတ်တရ

Photo: (၃-၃-၂၀၁၄)ထွန်တုံးတိုက်ပွဲအမှတ်တရ
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►
မတ္တ၇ာနယ်ဖွား . . . အညာသားမို့
ခရိုနီဆိုလည်း ..  တိုက်။
စစ်ခွေးဆိုလည်း  ..  ရိုက်။
ထွန်တုံးတိုက်ပွဲနှင့်  ..  မိုက်ခဲ့သည်။
█ ░ အလင်းရှင် ░ █
နိုင်ငံသားများရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်သော
တောင်သူလယ်သမားဦးကြီးများအား အလင်းရှင် (ဘဒ္ဒန္တကောဝိဒ) 
မှ ဂုဏ်ပြုလိုက်ပါသည်။

လယ်တီသိတော်မြတ်နှင့် စေတီတော်ရဲ့အသက်ကိုကာကွယ်ပါ။(ဓာတ်ပုံ)

Photo: လယ်တီသိတော်မြတ်နှင့် စေတီတော်ရဲ့အသက်ကိုကာကွယ်ပါ။
☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀ ✂•••×✂•••× ☀ 
█ ░ အလင်းရှင် ░ █
လယ်တီသိတော်မြတ်နှင့် စေတီတော်ရဲ့အသက်ကိုကာကွယ်ပါ။
✂•••× ✂•••× ✂•••×✂•••× ✂•••×✂•••×
█ ░ အလင်းရှင် ░ █

Monday, March 3, 2014

NLDပါတီသို့ မှတ်ချက်ပြုခြင်း(၁)

NLDပါတီသို့ မှတ်ချက်ပြုခြင်း(၁)
◄►✂•••× ✂•••× ◄►
NLD ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက
ဘုန်းတော်ကြီးများးကို နွားနဲ့နှိုင်းတာကို ဒေါ်အောင်ဆန်းစုကြည်က
သွားရောက်တောင်းပန်ကြောင်း သတင်းဖတ်ရလို့ သာဓုခေါ်မိတယ်။
ဟုတ်တယ်  ..  ပုထုဇန်တွေပဲ  ..  မှားတက်ပါတယ်။
မှားရင်တောင်ပန်တက်ရမယ်။ အခုလိုတောင်းပန်တာဟာ တကယ်ကို
လူသားဆန်တယ်လို့ အလင်းရှင်မှတ်ချက်ပြုတယ်။
ကဲ  .. တစ်ဆက်တည်းပြောချင်တာဟာ  .. 
စက်တင်ဘာမှာဘုန်းကြီးတွေသတ်တဲ့ စစ်ခွေးတွေကိုရောမတောင်းပန်
ခိုင်းဘူးလား  .. ဗျို့  ..  လို့ ဟစ်တိုင်ရှိရင် ဟစ်ချင်ပါတယ်။
အဲဒီ (မဘသ)ဘုန်းတော်ကြီးများကရော စစ်တင်ဘာသံဃာသတ်တဲ့
စစ်ခွေးဆိုးကြီးတို့အဖွဲ့ကို ဘာလို့များမတောင်းပန်ခိုင်းတာလည်းဆိုတာ
ထမင်းစားပြီးကြီးတဲ့သူတိုင်းတွေးတက်ရင်အဖြေထွက်ပါတယ်။

ခေတ်ဘုန်းကြီးနှင့်ကွဲပြားခြားနားသော (၁)

https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-frc1/t1/1977112_470034253123440_353445512_n.jpg

Format အရိုက်ခံလိုက်ရသော လယ်တီသိမ်
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂
ဘ၀ဒုက္ခတွေကြားထဲမှာနေ၍ ဖေ့ဘွတ်ပေါ်တွင်အလင်းရှင်စာရေးခဲ့သည်
ဟိုးယခင် Blog တွေကိုစစ်အဆိုးရပိတ်ပင်တားဆ
ီးကတည်းကရေးခဲ့တာပါ။
ပြောလိုတာက . အရမ်းပင်းပန်းတယ်ဆိုတာထက် ..
ရံခါမှာ ကိုယ်နဲ့ စိတ်တူကိုယ်တူများးကို မမြင်ဘူးမတွေ့ဘူးသော်လည်း
ယင်းတို့ရဲ့စကားများကိုဖတ်ရ
ရုံနှင့်ပင် ဘ၀အမောကိုပြေစေပါသည်။
အလင်းရှင်ဆိုတာ . . .ရဟန်းဦးပြည်းကတုံးမို့ . .
စားစရာဆွမ်းမပူရ သပိတ်ရှိလျှင်ဆွမ်းရှိသည်။ အေး . အဲဒီသပိတ်ထဲ
ဆွမ်းရောက်ဖို့ .. ရပ်ကွက်သူရပ်ကွက်သားကျေးရွာ
သူကျေးရွာသားများ
အဆင်ပြေကာမှ။ သူတို့တနည်းတစ်ဖုံအဆင်မပြေေ
သ်ာရဟန်းဦးပြည်း
ကတုံးများသည်း သပိတ်မှောက်ရေသောက်ရမည်။
ဒါ့ကြော်င့် ရှေးက ရဟန်းတော်များသည် ဘွဲ့ထူးဂုဏ်ထူး မင်းအမတ်တို့ကို
ငဲ့ကွက်ခြင်းမရှိကြပါဘူး။ ပုဂ္ဂလပညတ်ကိုဖျက်တောက်က အရှိကိုသတိကပ်
၍ ဘ၀နေ၀င်ချိန်အထိ အမှန်တရားများကိုသာ ချပြသွားခဲ့သည်မှာအထင်
အရှားသာတည်း . . .။

ဒေါက် . . ဒေါက် ..

̏ အေးကွယ် .. ˝ ̏ အပြင်ကဘယ်သူများတုန်း ၀င်လာခဲ့လေ˝
̏ တခါးစေ့တားတာ ˝

̏ မှန်ပါဘုရား ˝
̏တပည့်တော် . .သားစိုးတို့အဖွဲ့ပါဘုရား ˝

̏ သြော် ˝ ̏ ၀င်လာကြ ၀င်လာကြ˝
̏ မင်းတို့လာတာအတော်ပဲငါစဉ်းစ
ားနေတဲ့အကြောင်းလေးက ˝
̏ မင်းစိတ်ဝင်စားစရာကွ˝

̏ မှန်ပါဘုရား။ ˝ ̏ တပည့်တော်တို့ကအလည်းအရှင်ဘု
ရားပြောမယ့်˝
̏ ရှေးဖြစ်နောက်ကြောင်းလေးတွေ
ကို မှတ်သားချင်လို့ကိုလာကြတာပါဘုရား˝

̏ အေး . .˝ ̏ ဒီလိုကွ˝
̏ မင်းတို့ငါတို့က နောက်ပေါက်တွေ˝
̏ ရှေးကပွင့်ပေါ်လာကြတဲ့ရဟန်းပ
ညာရှိလူပညာရှိများအကြောင်းကို˝
̏ မှတ်သားခြင်းအားဖြင့် သုတမယဉာဏ်ဆိုတဲ့ ကြားနာမှတ်သားခြင်းကနေ
စိန္တာမယဉာဏ်ဆိုတဲ့ တွေးတောကြံစည်စိတ်ကူးပုံဖေါ်
နိုင်တာပေါ့ကွာ။˝

̏ မှန်ပါ့ဘုရား၊˝
̏ မှတ်သားထိုက်ကြောင်းပါဘုရား
˝

̏ အခုလိုဟောကြပြောကြတစ်ယောက်အ
သိလေးကိုတစ်ယောက်ဝေမျှ
နားလည်လိုက်ခြင်းဟာ သုတမယဉာဏ်ပဲ . .ကွ˝ ဒီသုတမယဉာဏ်ကြောင့်
မင်းတို့ငါတို့မှာ . . ဘယ်ဘုန်းကြီးရဲ့လုပ်ရပ်ဟာဖြ
င့် သဘာဝဓမ္မကြတယ်
မကြဘူး ဆိုတဲ့ စိန္တာမယဉာဏ်တွေ တို့ရသွားတာပေါ့ကွာ။˝

̏ အဖိုးတန်လှကြောင်းပါဘုရား˝

̏ ဒီတော့က လူတစ်ယောက်မှာ ˝
̏အဖြူကိုအဖြူရယ်လို့သိဖို့ အမည်းကိုမည်းရယ်လို့သိဖို့ learning ဆိုတဲ့သင်
ကြားမှုမရှိ မှတ်သားမှုမရှိဘဲ မသိနိုင်ဘူးကွ˝ ̏ အေး အဲလိုသင်ကြားရာမှာ
လည်းပဲ အဖြူကို အမည်းလို့သင်ကြားမိပြန်ရင်လ
ည်း ဒီလူအတွက် အမှန်သိ
မရရှိတော့ဘူးပေါ့ . . .။

̏ မှန်ပါ့ဘုရား ˝

̏ ဒါ့ကြောင့် စိန္တာမယဉာဏ်အမှန်ရောက်ဖို့ သုတမယဉာဏ်အမှန်ကြားမြင်သိရှ

နိုင်ဖို့အရေးကြီးတယ်နော် . .။˝ ဥပမာကွာ လယ်တီသိမ်ဆိုတာ အုတ်အင်္ဂတေ
နဲ့လုပ်ထားတာပဲ အပေါ်မှာသွပ်မိုးမယ် သစ်တံခါးလေးတွေတပ်ဆင်မယ်သင်

တော်တဲ့အရောင်အသွေးရှိတဲ့ ဆေးသုတ်မယ် ˝ ကဲ . . အဲဒီ လယ်တီသိမ်နဲ့
မင်းတို့တွေနေတဲ့ တိုက်အိမ်ဘာကွာလဲ? ထင်သာမြင်သာအောင် ခပ်တင်း
တင်းနှိုင်းလိုက်မယ် မင်းတို့အိမ်က toilet ကလည်း အုတ်အင်္ဂတေနဲ့လုပ်သစ်
တံခါးတပ် ဆေးသုတ်ထားတာပဲမဟုတ်လား ?

̏ တပည့်တော်များ ရှင်းလင်းစွာသိအောင် ဆက်မိန့်တော်မူပါဘုရား˝

̏ အေးလေ ˝ ̏ ဒါရှင်းနေတာပဲ .. လယ်တီသိမ်နဲ့စေတီတော်ဟာလည်း
 
မင်းတို့အိပ်သာလုပ်တဲ့အုတ်နဲ့ အင်္ဂတေနဲ့ ဆေးနဲ့ ဒီလိုပဲလုပ်ထားတာပဲ˝
ဒါကို မင်းတို့ငါတို့က ̏ ဒီလယ်တီသိမ်ကို (မဟန)ဥက္ကဌဘုန်းကြီးဖျက်ဖို့
သြ
ဝါဒပေးတာကို ကန့်ကွက်နေတယ်ဆိုတာ ˝ ဘာသဘောလဲ? ငါဒါကိုသိ
အောင်ရှင်းပြချင်လို့ ဥပမာဆောင်နေတာ .. ကွ။

̏ မှန်ပါ့ဘုရား˝

̏ အေး .. ဒီတော့က ˝ ̏ မင်းတို့တွေကိုသိအောင်ပြောရ
ရင် သိမ်နဲ့အိပ်သာ
အခုလို ခိုင်းနှိုင်းပြတာတောင် လွန်နေပြီ . . သို့သော်ငါက ထင်ထင်ရှားရှား
အများအမှန်သိရအောင်မို့ .. ပြောနေတာပါ။

̏ မင်းတို့အိပ်သာဟာ ˝ ̏မစင်စွန့်ခြင်းဆိုတဲ့ ဂုဏ်ကျေးဇူးတော့ရှိပါတယ်။˝
အိမ်တစ်အိပ်မှာအိမ်ဘယ်လောက်
ကောင်းကောင်း အိပ်သာမကောင်းရင် 

တယ်
ဟန်မကျဘူး မဟုတ်လား˝ ̏ ဒါ့ကြောင့် အိပ်သာသည်လည်း သူ့ဂုဏ်ကျေးဇူး
တော့ရှိတာပဲကွ˝

̏ အေး .. သို့သော် ˝
သိမ်တော်ရဲ့ ဂုဏ်ကျေးဇူးဆိုတာ အနှိုင်းမဲ့ကွ။ မင်းတို့ကိုသိမ်အကြောင်း
အကျယ်မပြောတော့ဘူး သိချင်ရင် ဒီလင့်မှာသွားသာဖတ်တော့နော်
. .
ဒီတော့က အုတ်အင်္ဂတေခြင်းတူသော်လည်း ဂုဏ်ကျေးဇူးခြင်းမတူတာမို့
လယ်တီသိမ်ကိုတို့က အဖျက်မခံနိုင်တာပါ။ ̏ သီမ˝ ဆိုတဲ့သဒ္ဒါကလာတဲ့
လယ်တီသိမ်မှာ သိမ်ရဲ့ဂုဏ်ကျေးဇူးတွေတင်မက
ဘဲ လယ်တီဆရာတော်
ရဲ့ ဂုဏ်ကျေးဇူးတွေကလည်း အနန္တပဲကွ။ ဒီနေရာမှာ လယ်တီဂုဏ်ကျေး
ဇူးတွေငါပြောလို့ ဆုံးဖွယ်ရာမရှိဘူးနော် ။ ။
အဲဒီလို အနှိုင်းမဲ့အတုမဲ့ထေရ်သံဃာအရ
ှင်မြတ်ရဲ့သိမ်တော်ကို နေရာရွေ့
တယ်ဆိုတာ . . အရူးအလုပ်ပဲကွ။ သိမ်ဆိုတာနေရာရွေ့လို့ မူလရုပ်ဓာတ်
နာမ်ဓာတ်တည်နေတာမဟုတ်ဘူး။ သိမ်နေရာရွေ့တယ်ဆိုကတည်းက
လယ်တီရဲ့ ဓာတ်ကိုနှုတ်ပစ်လိုက်ရပြီ ဒါကို သိမ်နှုတ်တယ်လို့အလွယ်ခေါ်
တယ်။ ပြောမယ်ဆိုရင် လယ်တီဆရာတော်ရဲ့သိမ်ကို ခြေဖျက်ပစ်လိုက်တဲ့
သဘောပဲ˝ ကွန်ပျူတာပြောပြောရင် delet လုပ်ရုံတင်မကဘူးနော်
format ပါရိုက်လိုက်ရတာ delet လုပ်တယ်ဆိုတာ Recovery Softwares
ကောင်းကောင်း လိုင်စင်ဘားရှင်းနဲ့ပြန်ရှာ
ရင် data တွေရသေးတယ်နော်
Format ရိုက်လိုက်ရင်တော့ ဘယ်လိုမှမရတော့ဘူး။
အဲလိုပဲကွ။ လယ်တီသိမ်ကိုနေရာရွေ့တယ်ဆို
တာ Format ရိုက်လိုက်တာ
ပဲ ။ ဒါကိုဒေါ်စုကြည်က နားမလည်ဘဲ မူလအတိုင်းနေရာရွေ့ဖို့ စုံစမ်းစစ်
ဆေးရေးမှာတင်ပြထားတယ်။ တော်တော် ဟန်မကြတဲ့ မာတုဂါကကြီးပဲ။
သိမ်ကိုနေရာရွေ့ဖို့ဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ သံဃာတော်တွေနဲ့ဆိုင်
တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရွေ့မယ့်သိမ်က လယ်တီသိမ်လေ . .
လယ်တီဆိုတာ တစ်ကမ္ဘာလုံးကဗုဒ္ဓဘာသာဝင်တွေ
သိတယ် . ကွ။
ဒီတော့ ဒီလိုသိမ်ကြီးတစ်ဆူကို နေရာရွေ့ Format ရိုက်ဖို့ဆိုတာ(မဟန) ဥက္ကဌ
လောက်နဲ့မရဘူးလေ .. ။ နောက်ပြီးပြောဦးမယ် အဲဒီ(မဟန) ဥက္ကဌဆိုတာ
ဘယ်သူကဖွဲ့ပေးထားတာလည်း ၊ စစ်အာဏာရှင်နေ၀င်းကြီးရဲ့ လက်ထက်က
တည်းက စစ်အာဏာအသက်သွင်းထားတဲ့ စစ်ခွေးယုတ်မျိုးပါကွာ။ ငါပြောတာ
မှန်တယ်မှားတယ်ဆိုတာ လယ်တီသိမ်ကိုဖျက်မိန့်သြ၀ါဒ
ပေးတာကသက်သေ
ခံနေတယ်မဟုတ်လား။ လယ်တီသိမ်ဟာ အိပ်သာမဟုတ်ဘူးကွ။ ဒါ့ကြောင့်
နေရာရွေ့ချင်ရင် သံဃာထုရဲသဘောထားကိုတောင်းခံ
ရတယ်။ သံဃာဆိုတာ
ဘုရားဖွဲ့စည်းပေးထားတာ၊ (မဟန)ဆိုတာ အဲဒီသံဃာကို ကိုယ်စားပြုတယ်လို့
ပြောနေတာဟာ ၂၀၀၈ ခြေ/ဥ ကြီးနဲ့အတူတူပဲကွ။˝

̏ မှန်ပါ့ဘုရား˝
̏ အခုလိုဆရာတော်ရှင်းပြတော့˝
̏တပည့်တော်များပိုသဘောပေါက်
မိပါတယ်ဘုရား˝
► ► ► ► ဆက်ရန်
█ ░ အလင်းရှင် ░ █

Sunday, March 2, 2014

ခေတ်ဘုန်းကြီးနှင့်မတူသောလယ်တီဘုန်းကြီး

https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-prn1/t1/q71/s720x720/1965083_469872766472922_1923129594_n.jpg
AD -1904- March လ၊ သက္ကရာဇ် ၁၂၆၅ခု၊တပေါင်းလလောက်မှာ လယ်တီဆရာ
တော်ဘုရားကြီးသည် မြန်မာနိုင်င်ငံအ၀ှမ်းလုံးသ
ို့ တရားရေးအေးအမြိုက်ဆေးကိုတိုက်
ကျွေးပြီးသကာလ မိမိသီသတင်းသုံးရာမုံရွာလယ်
တီတောရတိုက်ကို ပြန်လည်ရောက်ရှိ
လာပါတယ်။ အဲဒီမှာထူးခြားတာလေးက . .
ခေတ်ဘုန်းကြီးနဲ့မတူတဲ့ လယ်တီဘုန်းကြီးအကြောင်းပါ . . ။
ခေတ်ဘုန်းကြီးဟာ .. စေတီတော်ကိုသော်လည်းကောင်းသ
ိမ်ကိုသော်လည်းကောင်း
ဝမ်ပေါင်တရုတ်စစ်ခွေးစုတ်တိ
ု့ခိုင်းရင် ၊ ပါဠိတော်၊အဋ္ဌကထာ၊ဋီကာဆိုတာနဲ့ကိုင်ပေါက်
ပြီး ဖျက်တော့တာပါပဲ ..
ဒါ့ကြောင့်လယ်တီဘုန်းကြီးက သိမ်ဆောက်တည် ခေတ်ဘုန်းကြီးက လယ်တီဆောက်
တဲ့သိမ်ကိုဖျက်တယ် .. ။ ဒါလေးတွေ .. ဒါလေးတွေဟာ နှောင်းလူတွေသိစေချင်လို့
အခုလိုအပင်ပန်းခံပြီးအလင်းရ
ှင်ရေးနေတာပါ။ (သောက်တင်းထုနေတာမဟုတ်ဘူး)
ဓမ္မလက်ရာတွေပျက်သုန်းနေလို့
. . ဓမ္မတွေကိုအရောင်ပြ ရှေးဟောင်းသမိုင်းဝင်သိမ်
တွေ စေတီတွေကို ဖျက်နေလို့ ပြောနေတာ။
ကိုယ့်ဒကာတွေလှူတဲ့ဆွမ်းအငြ
ိမ့်သားထိုင်စားနေလို့ရတယ်နော် .. .။ အေး ဒါမျိုးကိုဘု
ရားရှင်က မချီးမွန်းဘူး . .ကွဲ့။ ဒါ့ကြောင့်ဘုရားရှင်ချီးမွန
်းတော်မူတဲ့ သူတော်ကောင်း
တွေ ရွှင်ပြုံးတော်မူတဲ့ လယ်တီသိမ်ကာကွယ်ရေးတရားများ
ဟောနေတာပြောနေတာ
နော် .. ။ လက်ယားလို့မဟုတ်ဘူး . .ကွဲ့။ လက်ယားရင် ကွန်ပျူတာမှာ ဂိန်းဆော့နေမှာ
ပေါ့။ ဒါ့ကြောင့် ခေတ်ဘုန်းကြီးတွေ ဗရုတ်သုတ်ခလုပ်နေတာကို ပြောနေတာဟာ ကိုယ့်
ထက်ကြီးတဲ့ ကိုယ့်မိဘအရွယ်ကို (သောက်တင်းပြော)တာမဟုတ်ဘူး။

ဓမ္မကိုပြောတာ . .. ဖြစ်သင့်ဖြစ်ထိုက်လုပ်သင့်လ
ုပ်ထိုက်တာကိုပြောတာ။
(မဟန)တွေ အခုအထိကို အာဏာရှင်ခိုင်းတဲ့ အဆင့်ကနေ မပြောင်းသေးဘူးဆိုတာသိ
စေချင်လို့ပြောနေတာ။ ခေတ်ဘုန်းကြီးဖြစ်ကုန်တဲ့ ဒီ မဟနဥက္ကဌကြီးက ဘာဖြစ်လို့မ
လုပ်သင့်မလုပ်ထိုက်တာကို မတားမြစ်မပဲ့ပြင်ဘဲနဲ့. သိမ်တွေစေတီတွေကိုဖျက်မိန့်
သြ၀ါ
ဒပေးနေရတာတုန်း .. ။ ဒါ့တွေကို ဒီနေ့ကမ္ဘာအ၀ှမ်းရှိသံဃာတော်
တွေသိစေချင်တယ်။
ခေတ်ဘုန်းကြီးမလုပ်ကြပါနဲ့ .. . ။ လယ်တီဘုန်းကြီးလိုပဲလုပ်ကြပ
ါ။
ကဲ . . လယ်တီကိုပြန်ဆက်ကြရအောင် .. ။
လယ်တီတောရတိုက်ကိုပြန်ရောက်
တယ်ဆိုရင် .. ကုလားတက်ခေါက်ပြီး သံဃာများကို
အသိပေးလိုက်တယ်။ ကျောင်းဆောင်တွေကျောင်းဆောင
်တွေဆီမှာနေတဲ့သံဃာတော်
တွေဟာကုလားတက်သံကြားတယ်ဆိုတ
ာနဲ့ ကျောင်းမကြီးထံအလျှိုအလျှိုရောက်လာ
ကြတယ်။ အသင့်ထိုင်နေတဲ့ လယ်တီဆရာတော်ဘုရားကို ၀တ်ဖြည့်ဦးချရင်းဆရာတော်
မိန့်မှတ်မဲ့သြ၀ါဒနဲ့ ခရီးပြန်လက်ဆောင်များကိုရဖိ
ု့စောင့်နေကြတာပေါ့ . .။
သံဃာများဆုံလို့ သြကာသနဲ့ညီညာစွာကန်တော့ပြီး
တဲ့အခါ လယ်တီဆရာတော်ဘုရား
ကြီးက အခုလို မိန့်ကြားလက်ဆောင်ပေးလိုက်ပ
ါတယ် . .။
̏ ယနေ့အောက်ပြည်အောက်ရွာမှအပြ
န် သင်္ကန်း၊သပိတ်၊ထီးဖိနပ်၊ကောဇော
ပရိက္ခရာအသုံးအဆောင်များပါလာ
၍ တိုက်တာသံဃာများအား ဝေငှလှူဒါန်း
ရန်ကုလားတက်ခေါက်၍ခေါ်တာမဟုတ
်၊ မနက်ဖြန်ခါ စာချရန်အတွက်ဖြစ်
ဒီက တို့ပါသွားသော လက်စွပ်အိတ်နှင့် သင်္ကန်းသုံးထည်ပင်လျှင်
ပြန်ပါလာတယ်။ အပိုအလျှံဟူသည် ဘာတစ်မှမပါဘူး။ တစ်မြို့မှရသော
သင်္ကန်းပရိက္ခရာအသုံးအဆောင်ဟူ
သမျှကို တစ်မြို့သို့မယူရ၊ သူ့မြို့သူရွာမှာ
ရှိကြတဲ့ စာသင်တိုက်များအား ဝေငှလှူဒါန်းခဲ့တယ်˝ ဆိုတဲ့ သြ၀ါဒကိုသာ
ပြောကြားပြီး သံဃာများအားမနက်ဖန်စာဝါကောက
်မှာမို့ ပြင်ဆင်သတိပေးခဲ့ပါ
တယ်။
ကဲ .. ညီငယ် ညီမငယ်တို့ရေ . ..
ကြားကြလားဟေ့ .. လယ်တီဘုန်းကြီးပြောတဲ့ စကား။ တိုက်တာသံဃာတွေက
တော့ တို့အဓိပတိကြီးက ကမ္ဘာကျော်မို့ တို့အတွက်တော့ သင်္ကန်းထီးဖိနပ်တော့
အလျှံပယ်ရပြီလို့ ထင်မှတ်ထားတာ .. တကယ်ရတာက ̏ မနက်ဖန်စာဝါကောက်˝
မယ်ဆိုတဲ့ သြ၀ါဒလေးပဲ။
ဒါ့ကြောင့် ဒီနေ့ ခေတ်ဘုန်းကြီးများအတုယူဖွယ်
ရာ၊သတိပေးလိုက်တာပါ။ အခုလို
သီလသမာဓိပညာနှင့်ပြည့်စုံတေ
ာ်မူသော လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်
တော် စေတီတော်တွေကို ဖျက်ပြီးနေရာရွှေ့ဆောက်မယ်ဆိ
ုတဲ့ ခေတ်ဘုန်းကြီး
မဟနဥက္ကဌဦးကုမာရာဘိဝံသတို့ သတိထားဆင်ခြင်သင့်ပါတယ်။
ဒါ့ကြောင့် လယ်တီသိမ်ကျောင်းကို နေရာပြောင်းကြမယ့် ရဟန်းမိစ္ဆာ(မဟန)ဘုန်း
ကြီးရဲ့သြ၀ါဒခံ လူမိစ္ဆာများ အပါယ်ဘေးအတွက်ပြင်ဆင်ထားသင်
့ပါတယ်လို့ အလင်း
ရှင် ဘဒ္ဒ န္တကောဝိဒ က ချိန်းခြောက်စကား ပြောကြားလိုက်သည်။

References
လယ်တီဦးလှတင်(ဦးဝဏ္ဏိတ)ရေးသားပြုစုသည့်
လယ်တီထေရုပ္ပတ္တိကထာ၊

█ ░ အလင်းရှင် ░ █

ငိုကျွေးခဲ့လေသော .. ကင်းဝန်မင်းကြီးဦးကောင်း

ငိုကျွေးခဲ့လေသော  .. ကင်းဝန်မင်းကြီးဦးကောင်း
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂
AD 1904- သက္ကရာဇ် ၁၂၆၅ ခုနှစ်တွင်၊ ကင်းဝန်မင်းကြီးဦးကောင်းမှလယ်တီဆရာ
တော်ဘုရားကြီး၏တရားကိုနောက်ဆုံးအကြိမ်နာယူခွင့်ပြုပါရန် ပင့်လျှောက်တဲ့အတွက်
မန္တလေးမြို့ နန်းတွင်း၊ ကင်းဝန်မင်းကြီး၏ ̏ စကြောသုံးဆက်အိမ်˝ ၏ အိမ်ဦးခန်းတွင်
တည်းခိုးသီတင်းသုံးတော်မူပြီး ရောက်သည့်နေညမှစကာ တရားရေအေးအမြိုက်ဆေး
ကို အိုမင်းမစွမ်းပြီဖြစ်သော အသက်(၈၀)ကျော် ကင်ဝန်မင်းကြီးအားအမှူးထား၍ လှေ
သင်းအတွင်းဝန်ကြီး၊ ရွှေတိုက်ဝန်ကြီး၊ ကျောက်မြောင်းအတွင်းဝန်ဦးရွှေအိုးစတဲ့ မှူးကြီး
မတ်ကြီးဝန်ထောက်ကြီးတို့အား ဟောကြားဆုံးမတော်မူရာ . .. 
̏ ပိဋကတ်ကေသရာခြင်္သေ့ကြီး ဒေသစာလှည့်၍လာခဲ့တာပဲ ˝ဟုပြောစမှတ်တွင်ခဲ့သလို
ကင်းဝန်မင်းကြီးသည် ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးအား အောက်ပါအတိုင်း
လျှောက်ထားငိုကျွေးလေရှာသည်။
♥  ̏ အရှင်ဘုရား ၊ အရှင်ဘုရားဟောပြောသော အဘိဓမ္မာသဘောအချက်
♥  အလက်ကြီးတွေကို နတ်ရွာစံဘ၀ရှင်မင်းတရားကြီး(မင်းတုန်းမင်း) 
♥  ကြားနာမသွားရရှာပါဘူးဘုရား။ ဘ၀ရှင်မင်းတရားကြီး၏ မျက်နှာတော်ကို
♥  ပြေး၍မြင်မိပါသည်။ ဘုရား ပုထိုး ဂူ ကျောင်း ပြာသာဒ် ဇရပ်ကြီးအသွယ်
♥  သွယ်တို့နှင့် ပိဋကတ်သုံးပို ကျောက်ထက် အက္ခရာတင်၍ ဓမ္မာနုဂ္ဂဟ 
♥ ပစ္စယာနုဂ္ဂဟ ထောက်ပံ့ကာ သာသနာ့ဒါယကာအမည်ခံသွားသော်လည်း
♥  အတ္တာဒိဋ္ဌိကိုတွန်းလှန်ဖြိုဖျက်၍ အနတ္တသမ္မာဒိဋ္ဌိမဂ္ဂင်ဝဇ္ဇာဉာဏ်အလင်းနယ်
♥ သို့ ဆိုက်ရောက်အောင်ဟောပြောသည့် အဘိဓမ္မာသဘောသန်တရားရင်းကြီး
♥ ကို ကြားနာမသွားရရှာသောကြောင့် ၀မ်းနည်း၍ မျက်ရည်တတွေတွေယိုစီး
♥  ကြောင်း . . . . ˝ ရယ်လို့ လျှောက်ထားတော်မူခဲ့ဘူးပါသည်။
ဒါ့ကြောင့် လူဖြစ်လာခိုက်မှာ ပစ္စည်းပစ္စယများနဲ့ ဘယ်လိုပင်လှူဒါန်းနိုင်သော်လည်းပဲ 
အတ္တာဒိဋ္ဌိကိုခွာရန် အရေးကြီးသည်။ အတ္တာဒိဋ္ဌိကွာလျှင်  .. . 
(၁) စစ်ခွေးဆိုးကြီးများ၊တရုတ်ဝမ်ပေါင်းနှင့် ခရိုနီများကဲ့သို့ စေတီတော်ကြီးတွေကို
ဖြိုရန် . . ဖျက်ရန် . . ပြောင်းရန် . . မကြိုးစားသလို  .. သံဃာတော်များကိုလည်း 
သတ်ရန် . .  ထောင်သွင်းအကျဉ်းချရန်  . .အားထုတ်မည်မဟုတ်။
(၂) မဟန - ဥက္ကဋ္ဌ ဘုန်းကြီး ဦးကုမာရာဘိဝံသကဲ့သို့  ..  စေတီတော်ကြီးကို .  .
ဖြိုရန်  ..  ဖျက်ရန် ..  ပြောင်းရန် သြ၀ါဒပေးဝံ့မည်မဟုတ်။
(၃) အောင်ဆန်းစုကြည်ကဲ့သို့  .  . . ဖြိုရန်  ..  ဖျက်ရန်  ..  နေရာပြောင်းရွေ့ရန်
ကိုလည်း (စုံစမ်းစစ်ဆေးရေးအဖွဲ့ထုတ်ပြန်စာတွင် နိုင်ငံတော်အားညွှန်ကြားမည်
မဟုတ်)
အင်း  ..  အခုတော့ အတ္တဒိဋ္ဌိကြီးဆိုးနေကြသောကြောင့်  .. . 
ငါသည်သာ   ..  သန်းကြွယ်သူဋ္ဌေးဖြစ်ရေး  ..  ငါ့မိသားစုသည်သာ ကြွယ်ဝချမ်း
သာရေး  .. ငါသည်သာ . . . နိုင်ငံတော်သမ္မတဖြစ်ရေး စတဲ့လောကဇောတိုက်
မောဟအမှောင်မိုက်ဝယ် လုပ်ချင်တိုင်းလုပ်နေကြသောကြောင့် . . 
(၁) ဗုဒ္ဓဘာသာတော်ကြီးသည်လည်းကောင်း 
(၂) ပြည်သူပြည်သားတို့သည်လည်းကောင်း  ..  ဆင်းရဲဒုက္ခအ၀၀ကိုခံစားရနေရပေ
တော့သည်ဟု  .. . 
References
လယ်တီဦးလှတင်(ဦးဝဏ္ဏိတ)ရေးသားပြုစုသည့်
လယ်တီထေရုပ္ပတ္တိကထာ၊
█ ░ အလင်းရှင် ░ █
AD 1904- သက္ကရာဇ် ၁၂၆၅ ခုနှစ်တွင်၊ ကင်းဝန်မင်းကြီးဦးကောင်းမှလယ်တီဆရာ
တော်ဘုရားကြီး၏တရားကိုနောက်ဆုံးအကြိမ်နာယူခွင့်ပြုပါရန် ပင့်လျှောက်တဲ့အတွက်
မန္တလေးမြို့ နန်းတွင်း၊ ကင်းဝန်မင်းကြီး၏ ̏ စကြောသုံးဆက်အိမ်˝ ၏ အိမ်ဦးခန်းတွင်

တည်းခိုးသီတင်းသုံးတော်မူပြီး ရောက်သည့်နေညမှစကာ တရားရေအေးအမြိုက်ဆေး
ကို အိုမင်းမစွမ်းပြီဖြစ်သော အသက်(၈၀)ကျော် ကင်ဝန်မင်းကြီးအားအမှူးထား၍ လှေ
သင်းအတွင်းဝန်ကြီး၊ ရွှေတိုက်ဝန်ကြီး၊ ကျောက်မြောင်းအတွင်းဝန်ဦးရွှေအိုးစတဲ့ မှူးကြီး
မတ်ကြီးဝန်ထောက်ကြီးတို့အား ဟောကြားဆုံးမတော်မူရာ . ..
̏ ပိဋကတ်ကေသရာခြင်္သေ့ကြီး ဒေသစာလှည့်၍လာခဲ့တာပဲ ˝ဟုပြောစမှတ်တွင်ခဲ့သလို
ကင်းဝန်မင်းကြီးသည် ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးအား အောက်ပါအတိုင်း
လျှောက်ထားငိုကျွေးလေရှာသည်။
̏ အရှင်ဘုရား ၊ အရှင်ဘုရားဟောပြောသော အဘိဓမ္မာသဘောအချက်
အလက်ကြီးတွေကို နတ်ရွာစံဘ၀ရှင်မင်းတရားကြီး(မင်းတုန်းမင်း)
ကြားနာမသွားရရှာပါဘူးဘုရား။ ဘ၀ရှင်မင်းတရားကြီး၏ မျက်နှာတော်ကို
ပြေး၍မြင်မိပါသည်။ ဘုရား ပုထိုး ဂူ ကျောင်း ပြာသာဒ် ဇရပ်ကြီးအသွယ်
သွယ်တို့နှင့် ပိဋကတ်သုံးပို ကျောက်ထက် အက္ခရာတင်၍ ဓမ္မာနုဂ္ဂဟ
ပစ္စယာနုဂ္ဂဟ ထောက်ပံ့ကာ သာသနာ့ဒါယကာအမည်ခံသွားသော်လည်း
အတ္တာဒိဋ္ဌိကိုတွန်းလှန်ဖြိုဖျက်၍ အနတ္တသမ္မာဒိဋ္ဌိမဂ္ဂင်ဝဇ္ဇာဉာဏ်အလင်းနယ်
သို့ ဆိုက်ရောက်အောင်ဟောပြောသည့် အဘိဓမ္မာသဘောသန်တရားရင်းကြီး
ကို ကြားနာမသွားရရှာသောကြောင့် ၀မ်းနည်း၍ မျက်ရည်တတွေတွေယိုစီး
ကြောင်း . . . . ˝ ရယ်လို့ လျှောက်ထားတော်မူခဲ့ဘူးပါသည်။
ဒါ့ကြောင့် လူဖြစ်လာခိုက်မှာ ပစ္စည်းပစ္စယများနဲ့ ဘယ်လိုပင်လှူဒါန်းနိုင်သော်လည်းပဲ
အတ္တာဒိဋ္ဌိကိုခွာရန် အရေးကြီးသည်။ အတ္တာဒိဋ္ဌိကွာလျှင် .. .
(၁) စစ်ခွေးဆိုးကြီးများ၊တရုတ်ဝမ်ပေါင်းနှင့် ခရိုနီများကဲ့သို့ စေတီတော်ကြီးတွေကို
ဖြိုရန် . . ဖျက်ရန် . . ပြောင်းရန် . . မကြိုးစားသလို .. သံဃာတော်များကိုလည်း
သတ်ရန် . . ထောင်သွင်းအကျဉ်းချရန် . .အားထုတ်မည်မဟုတ်။
(၂) မဟန - ဥက္ကဋ္ဌ ဘုန်းကြီး ဦးကုမာရာဘိဝံသကဲ့သို့ .. စေတီတော်ကြီးကို . .
ဖြိုရန် .. ဖျက်ရန် .. ပြောင်းရန် သြ၀ါဒပေးဝံ့မည်မဟုတ်။
(၃) အောင်ဆန်းစုကြည်ကဲ့သို့ . . . ဖြိုရန် .. ဖျက်ရန် .. နေရာပြောင်းရွေ့ရန်
ကိုလည်း (စုံစမ်းစစ်ဆေးရေးအဖွဲ့ထုတ်ပြန်စာတွင် နိုင်ငံတော်အားညွှန်ကြားမည်
မဟုတ်)
အင်း .. အခုတော့ အတ္တဒိဋ္ဌိကြီးဆိုးနေကြသောကြောင့် .. .
ငါသည်သာ .. သန်းကြွယ်သူဋ္ဌေးဖြစ်ရေး .. ငါ့မိသားစုသည်သာ ကြွယ်ဝချမ်း
သာရေး .. ငါသည်သာ . . . နိုင်ငံတော်သမ္မတဖြစ်ရေး စတဲ့လောကဇောတိုက်
မောဟအမှောင်မိုက်ဝယ် လုပ်ချင်တိုင်းလုပ်နေကြသောကြောင့် . .
(၁) ဗုဒ္ဓဘာသာတော်ကြီးသည်လည်းကောင်း
(၂) ပြည်သူပြည်သားတို့သည်လည်းကောင်း .. ဆင်းရဲဒုက္ခအ၀၀ကိုခံစားရနေရပေ
တော့သည်ဟု .. .

References
လယ်တီဦးလှတင်(ဦးဝဏ္ဏိတ)ရေးသားပြုစုသည့်
လယ်တီထေရုပ္ပတ္တိကထာ၊

█ ░ အလင်းရှင် ░ █

ဘုရားသတ်သူနဲ့ သိမ်ဖျက်သူ

ဘုရားသတ်သူနဲ့ သိမ်ဖျက်သူ
◄►✂•••× ✂•••× ◄►
♥ တိဋ္ဌန္တေ နိဗ္ဗူတေစာပိ၊ သမေစိတ္တေ သမံဖလံ။
♥ စေတောပဏီဓိဟေတုမှိ ၊ သတ္ထာ ဂစ္ဆန္တိ သုဂတိံ။ 
ဘုရားကိုကြည်ညိုရာမှာ စေတီတော်၊ရုပ်တုတော်၊ပန်းချီကားချပ်တော် စတဲ့
သက်မဲ့ဒြပ်ဆင်များကို တကယ့်သက်တော်ထင်ရှားဘုရားအဖြစ်ကြည်ညိုမိ
ရင် ဘုရားရှိနေသလိုအကျိုးပေးပါတယ်။ သက်ရှိဘုရားကဲ့သို့အကျိုးပေးပါ
တယ်။ ဒါကိုနောက်တစ်မျိုးဘာသာပြန်ကြည့်ရင် အဲဒီ သက်မဲ့စေတီတော်
ရုပ်တုတော်၊ ရုပ်ပုံတော်စတဲ့ ဘုရားပုထိုးသိမ်ကျောင်းဂူတို့ကို ဖျက်ဆီးသူ
များဟာလည်းပဲ သက်ရှိဘုရားကိုဖျက်ဆီးသကဲ့သို့ အကုသိုလ်အကျိုးဖလ
ကိုပေးစေတက်ကြောင်း အပါယ်ငရဲ့သို့ရောက်စေတက်ပါသည်။
ထို့ကြောင့် လယ်တီသိမ်တော် ၊စေတီတော်ဆိုတာ သက်မဲ့အ၀ိဉာဏကဆို
သော်လည်း ယင်းကိုတည်ထားကိုးကွယ်ပူဇော်ခဲ့သည့် ထေရ်တော်ရ၀ါတော်
ရ သိက္ခာတော်ရ အဂ္ဂဓမ္မာလင်္ကာရက၀ိဓဇမဟာဓမ္မရာဇာဓိရာဇဂုရုများဖြစ်
တော်မူကြသော ဆရာတော်ဘုရားကြီးများနှင့် လူ့သိလ၀န္တပုဂ္ဂိုလ်များမှ
သဒ္ဓါဟုန်မောက်ဖြိုး သက်တော်ထင်ရှားမြတ်ဘုရားအဖြစ်ကိုးကွယ်တော်မူ
လိုကြသဖြင့် အချိန်၊ငွေ၊လူအင်အားများကိုမငဲ့ကွက်ဘဲ ထင်ရှားရှိသောဘုရား
အဖြစ်စေတီပေါက် သိမ်ဖေါက်ကာကိုးကွယ်တော်မူခဲ့ရင်းဖြစ်ပါသည်။
ထိုသဒ္ဓါသတ္တိကို ဖျက်ဆီးခြင်းသည် ဘုရားအသက်ကိုဖျက်ဆီးခြင်းမည်သော
ကြောင့်  .. ယင်းအကုသိုလ်ဓမ္မကိုပြုလုပ်ခဲ့ကြသည့်  .. 
(၁) စစ်ခွေးဆိုးကြီး ဦးသန်းရွှေ
(၂) ၀မ်ပေါင် တရုတ်
(၃) ဒေါ်အောင်ဆန်းစုကြည် (စုံစမ်းစစ်ဆေးရေးတွင်ပြောင်းရွှေ့ရန်မှတ်ချက်)
(၄)(မဟန)ဥက္ကဌဗန်းမော်၊ဦးကုမာရာဘိဝံသနှင့်အလိုတူအလိုပါသံဃာများ
(၅) ကာယကံမြောက် bulldozer ဖြင့်ထိုးဖျက်ကြမည့်သူများ 
(၆) မသိကျိုးကျွံပြုကာ နှာဆေးနေသူများ 
စသည်ဖြင့် ထိုရဟန်းရှင်လူပုဂ္ဂိုလ်တို့သည် ဗုဒ္ဓဘုရားရှင်အား သတ်ဖြတ်လုပ်ကြံ
ကြသော ဒေ၀ဒတ်ဂိုဏ်းသားများသာဖြစ်ကြောင်း  ..  သေခြင်း၏အခြားမဲ့တွင်
မဟာအ၀ိစီငရဲတွင်ကျက်ကြရမည်ဖြစ်ကြောင်း  .. အလင်းရှင်မှ ဓမ္မသံဝေဃ
သဘင်ပွဲ ဆင်နွဲ့လိုက်ပါသည်။ 
References
သုတ္တာန်ပိဋကတ်၊ 
ခုဒ္ဒကနိကာယ်၊ ၀ိမာန၀တ္ထု။ 
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂
█ ░ အလင်းရှင် ░ █
တိဋ္ဌန္တေ နိဗ္ဗူတေစာပိ၊ သမေစိတ္တေ သမံဖလံ။
စေတောပဏီဓိဟေတုမှိ ၊ သတ္ထာ ဂစ္ဆန္တိ သုဂတိံ။

မနက်ဖန်ဆိုရင် လယ်တီသိမ်တော်နှင့် စေတီတော်တို့ ပရိနိဗ္ဗာန်စံဝင်တော်မူတော့မည်။

Photo: မနက်ဖန်ဆိုရင် လယ်တီသိမ်တော်နှင့်
☀ ☀ ☀  စေတီတော်တို့ ပရိနိဗ္ဗာန်စံဝင်တော်မူတော့မည်။
Share ခြင်းဖြင့် လယ်တီစေတီပရိနိဗ္ဗာန်ပြုခြင်းကို ကန့်ကွက်ကြပါ။
သြော်  .. .  ပိဋကတ်သုံးပုံကိုကျွမ်းကျင်ပိုင်နိုင်စွာလေ့လာခဲ့ကြတဲ့ အနောက်တိုင်း
သုတေသီတွေက သုတ္တန်ပိဋကတ်တော် မဟာပရိနိဗ္ဗာနသုတ္တန်ကို အထူးချီးကျူး
ပေါ်ဇော်ဂုဏ်ပြကြတယ်။
 ̏ဘုရားရှင်ဟာ နောက်ဆုံးခွဲခွာခါနီးမှာတောင် နောက်လူတို့အတွက်လို
အပ်ချက်မရှိရအောင်ကို ဆုံးမသွားတော်မူခဲ့တယ်လို့ ˝ကောက်ချက်ချခဲ့ကြသလို
အချို့ သုတေသီကြီးများကလည်း ̏ ဂေါတမမြတ်စွာဘုရားဟာ အလွန်မတန်စေ့
စပ်သေချာတဲ့ ဘုရားတစ်ဆူ˝ ရယ်လို့လည်း ထောမနာပြုခဲ့ကြပါတယ်။
တကယ်တော့ ထိုစဉ်အခါက နတ်ပြည်ခြောက်ထပ်မှာရှိကြတဲ့ ဗုဒ္ဓသာဝကနတ်
သားများဟာ ဘုရားပရိနိဗ္ဗာန်စံလွန်တော်မူတာကို ၀မ်းနည်းလွန်းလို့ . . 
အခါမဲ့ပန်းတွေ ပွင့်ပြီးလူ့ပြည်ကိုကျဲချခဲ့သလို ထီးလက်ကြီးတွေပမာလောက်ရှိတဲ့ မန္ဒာရ၀နတ်ပန်းကြီးတွေကိုလည်းကျဲချတော်မူခဲ့ကြတယ်။ 
ဒါတင်ဘယ်ကဦးမှာလည်း . . . .
ကုသိနာရုံပြည်ရဲ့မလ္လမင်းတို့ရဲ့ ဥယျာဉ်ကြီးထဲမှာ သက်မဲ့များဖြစ်ကြတဲ့ အင်ကျင်းပန်းတွေကလည်းပဲ ဘုရားရှင်ရှိရာသို့ ကိုင်းညွှတ်ပြီး အခါမဲ့ပန်းတွေ
ပွင့်ကာ ပူဇော်ခဲ့ကြတယ်  .. ။
အင်း  . . ဆက်ပြောရင် အလင်ရှင်ပင် ငိုယိုမိရော့မယ်  ..  ။
ကဲ  .. . အခုလည်း မနက်ဖန် (၃-၃-၂၀၁၄) ရက်နေ့ဆို လယ်တီစေတီတော်
ကြီးလည်း မာနတ်ဝမပေါင်တရုတ်၊ဦးပိုင်စစ်ခွေးဆိုးကြီးတို့ရဲ့လက်ချက်ဖြစ်
သော bulldozer ကြီးကြောင့် ပရိနိဗ္ဗာန်ပြုရချေတော့မည်။
နတ်ပြည်နတ်လောကရှိ နတ်သားနတ်သမီးအပေါင်းတို့သည်  .. .
စီးကျသော မျက်ရည်တို့ဖြင့်  .. အဘယ်မျှငိုကျွေးမည်တမ်းကြဦးမည် . . 
ထီးမျှမကသော မန္ဒာရ၀နတ်ပန်းတို့ကိုလည်း ကျဲချပေဦးမည်  . .
အခါမဲ့ တောပန်းတောင်ပန်းတို့သည်လည်း ပွင့်ဖူးပူဇော်ကြပေဦးမည် . .
ယင်းပန်းများကိုလည်း ဗုဒ္ဓဘာသာဝင်တွေသိမည်မှာစိုး၍ တရုတ်ဝမ်ပေါင်ကြီးက
လက်စသိမ်းဖြောက်ပေဦးတော့မည်။  . .
မှတ်တမ်းအနေနဲ့  ..  လယ်တီသိမ်ကိစ္စကို  . . 
(၁) ဦးဝီရသူနှင့် (၉၆၉)အဖွဲ့တော်ဝင်များ  . . 
(၂) အင်းစိန်ရွာမ(မဘသ)ဥက္ကဌဆရာတော်ဦးတိလောကနှင့် သီတဂူဆရာတော်
(၂) ရွှေည၀ါဆရာတော်နှင့်ဒယ်အိုးစသောဆရာတော်များ . . .
(၃) မေတ္တာရှင်ရွှေပြည်သာနှင့် အခြားနာမည်ကျော်ဓမ္မကထိကများ
တစ်ခွန်းတစ်ပါဒများ ကန့်ကွက်သည်ကို  ..  အလင်းရှင် မကြားသိရပါ။
ဒါကိုထူးခြားသော ၀ိသေသအဖြစ် အလင်းရှင်မှတ်တမ်းတင်ထားပါသည် ။
စကားကြွင်း။  ။ ကန့်ကွက်သောတရား၊ဆောင်းပါး၊အင်တာဗျူးများရှိလျှင်
အလင်းရှင်အားလင့်ပေးကြပါ။
█ ░ အလင်းရှင် ░ █
သြော် .. . ပိဋကတ်သုံးပုံကိုကျွမ်းကျင်ပိုင်နိုင်စွာလေ့လာခဲ့ကြတဲ့ အနောက်တိုင်း
သုတေသီတွေက သုတ္တန်ပိဋကတ်တော် မဟာပရိနိဗ္ဗာနသုတ္တန်ကို အထူးချီးကျူး
ပေါ်ဇော်ဂုဏ်ပြကြတယ်။
̏ဘုရားရှင်ဟာ နောက်ဆုံးခွဲခွာခါနီးမှာတောင် နောက်လူတို့အတွက်လို
အပ်ချက်မရှိရအောင်ကို ဆုံးမသွားတော်မူခဲ့တယ်လို့ ˝ကောက်ချက်ချခဲ့ကြသလို
အချို့ သုတေသီကြီးများကလည်း ̏ ဂေါတမမြတ်စွာဘုရားဟာ အလွန်မတန်စေ့
စပ်သေချာတဲ့ ဘုရားတစ်ဆူ˝ ရယ်လို့လည်း ထောမနာပြုခဲ့ကြပါတယ်။
တကယ်တော့ ထိုစဉ်အခါက နတ်ပြည်ခြောက်ထပ်မှာရှိကြတဲ့ ဗုဒ္ဓသာဝကနတ်
သားများဟာ ဘုရားပရိနိဗ္ဗာန်စံလွန်တော်မူတာကို ၀မ်းနည်းလွန်းလို့ . .
အခါမဲ့ပန်းတွေ ပွင့်ပြီးလူ့ပြည်ကိုကျဲချခဲ့သလို ထီးလက်ကြီးတွေပမာလောက်ရှိတဲ့ မန္ဒာရ၀နတ်ပန်းကြီးတွေကိုလည်းကျဲချတော်မူခဲ့ကြတယ်။
ဒါတင်ဘယ်ကဦးမှာလည်း . . . .
ကုသိနာရုံပြည်ရဲ့မလ္လမင်းတို့ရဲ့ ဥယျာဉ်ကြီးထဲမှာ သက်မဲ့များဖြစ်ကြတဲ့ 
အင်ကျင်းပန်းတွေကလည်းပဲ ဘုရားရှင်ရှိရာသို့ ကိုင်းညွှတ်ပြီး အခါမဲ့ပန်းတွေ
ပွင့်ကာ ပူဇော်ခဲ့ကြတယ် .. ။
အင်း . . ဆက်ပြောရင် အလင်ရှင်ပင် ငိုယိုမိရော့မယ် .. ။
ကဲ .. . အခုလည်း မနက်ဖန် (၃-၃-၂၀၁၄) ရက်နေ့ဆို လယ်တီစေတီတော်
ကြီးလည်း မာနတ်ဝမပေါင်တရုတ်၊ဦးပိုင်စစ်ခွေးဆိုးကြီးတို့ရဲ့လက်ချက်ဖြစ်
သော bulldozer ကြီးကြောင့် ပရိနိဗ္ဗာန်ပြုရချေတော့မည်။
နတ်ပြည်နတ်လောကရှိ နတ်သားနတ်သမီးအပေါင်းတို့သည် .. .
စီးကျသော မျက်ရည်တို့ဖြင့် .. အဘယ်မျှငိုကျွေးမည်တမ်းကြဦးမည် . .
ထီးမျှမကသော မန္ဒာရ၀နတ်ပန်းတို့ကိုလည်း ကျဲချပေဦးမည် . .
အခါမဲ့ တောပန်းတောင်ပန်းတို့သည်လည်း ပွင့်ဖူးပူဇော်ကြပေဦးမည် . .
ယင်းပန်းများကိုလည်း ဗုဒ္ဓဘာသာဝင်တွေသိမည်မှာစိုး၍ တရုတ်ဝမ်ပေါင်ကြီးက
လက်စသိမ်းဖြောက်ပေဦးတော့မည်။ . .
မှတ်တမ်းအနေနဲ့ .. လယ်တီသိမ်ကိစ္စကို . .
(၁) ဦးဝီရသူနှင့် (၉၆၉)အဖွဲ့တော်ဝင်များ . .
(၂) အင်းစိန်ရွာမ(မဘသ)ဥက္ကဌဆရာတော်ဦးတိလောကနှင့် သီတဂူဆရာတော်
(၂) ရွှေည၀ါဆရာတော်နှင့်ဒယ်အိုးစသောဆရာတော်များ . . .
(၃) မေတ္တာရှင်ရွှေပြည်သာနှင့် အခြားနာမည်ကျော်ဓမ္မကထိကများ
တစ်ခွန်းတစ်ပါဒများ ကန့်ကွက်သည်ကို .. အလင်းရှင် မကြားသိရပါ။
ဒါကိုထူးခြားသော ၀ိသေသအဖြစ် အလင်းရှင်မှတ်တမ်းတင်ထားပါသည် ။
စကားကြွင်း။ ။ ကန့်ကွက်သောတရား၊ဆောင်းပါး၊အင်တာဗျူးများရှိလျှင်
အလင်းရှင်အားလင့်ပေးကြပါ။
█ ░ အလင်းရှင် ░ █
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget