.

AlinShin

Friday, December 13, 2013

ရောင်းကုန်ကဗျာလေးအားဖွင့်ဆိုချက်

"ရောင်းကုန်" ဆိုတဲ့ ကဗျာလေးကို အလင်းရှင်ရေးပြီးခဲ့တာ လကျော်နေပါပြီ
ကုန်စိမ်းစကားနဲ့ပြောရင် " ရောင်းကုန် " ကဗျာလေးကလာကြနေလို့
" ပုတ်ကုန် "တောင်ဖြစ်နေပါပြီ။ ဟုတ်လည်းဟုတ်ပါတယ်။ အလင်းရှင်တို့
ရဟန်းပျိုများလူငယ်များရဲ့ အနာဂါတ်ဟာ စစ်ခွေးဆိုးကြီးဗိုလ်သန်းရွှေရဲ့ မိုက်ရူးရဲ
ဆန်မှုကြောင့်ဘ၀တွေဟာ ပုတ်သိုးကုန်ပစ္စည်းများဖြစ်နေပါပြ။ိ
ကမ္ဘာမှာလူငယ်တွေ တီထွင်ဖန်တီးမှု့တွေလုပ်နေချိန်မှာ မြန်မာပြည်မှာတော့ ဆေးရူ
ချိန်ဖြုန်း ဘ၀တွေဆုံးရှုံးနေကြရပါပြ။ိ။ ဒါ့တွေကိုသိလွန်းတော့ အလင်းရှင်တို့ခမျာ
နိစ္စဒူဝ ကိုယ်ပိုင်အချိန်များကို လူငယ်များအတွက် စာရေးသားနေရပါတယ်။
စတီဒီယိုတေးသမားမင်းအောင်သီချင်းဆိုသလိုဆိုရရင် . .
နာမည်ကြီးဖို့ စာရေးနေတာမဟုတ်ပါဘူး။
ပိုက်ဆံရဖို့စာရေးနေတာမဟုတ်ပါဘူး။
အမေအိုကို ထမင်းရှာကျွေးဖို့စာရေးနေတာမဟုတ်ပါဘူး။
ချစ်သူရဲ့ နှုတ်ခမ်းတစ်စုံကို အပိုင်ရဖို့ စာရေးနေတာမဟုတ်ပါဘူး။
အိပ်မက်မြစ်ကို နှစ်ယောက်ကူးခပ်ဖို့ စာရေးနေတာမဟုတ်ပါဘူး။
ပေါင်တံသွယ်သွယ်လေးတွေကို အပိုင်ရဖို့ စာရေးနေတာမဟုတ်ပါဘူး။
ကိုယ်လိုပဲ အသိပညာနဲပါးခဲ့ကြတဲ့ ဉာဏ်ရည်ဒုက္ခသည်။ အလင်းရောင်ဒုက္ခသည်
များအတွက် ပိုးစုန်းကျူးလေးတစ်ကောင်လို ကိုယ့်ဘ၀ကိုအသေခံ သန်းခေါင်းယံကို
အလင်းပေးနေတာပါ။ ဒါကိုမှ စစ်ခွေးဆိုးကြီးတွေက ဒုတိယမ္ပိဖမ်းပြီးထောင်ချချင်
သပဆိုလည်း . . ပြည်သူတစ်ယောက်ရဲ့ ခုခံပိုင်ခွင့်မရတဲ့ စစ်အာဏာရူးတွေရဲ့လက်
ထက်မှာ ခံနေရဦးမှာပေါ့လေ . . . .
█ ░ အလင်းရှင် ░ █
 
Photo: ရောင်းကုန်ကဗျာလေးအားဖွင့်ဆိုချက်
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀

အာဏာရှင်တို့ရဲ့နောက်ဆုံးလမ်း

အာဏာရှင်တို့ရဲ့နောက်ဆုံးလမ်း
▲ ▼ ▲ ▼ ▲ ▼ ▲ ▼ ▲ ▼ ▲ ▼ ▲ ▼ ▲
မြန်မာနိုင်ငံ၏ အဓိကမြို့တော်ဖြစ်သော ရန်ကုန် မြို့၏ အရှေ့တောင်ဘက်ရှိ စံရှားတင်၏
ချိချိ နဲ့နဲ့ ဝါးအိမ်ကလေးက သူ့အိမ်အပါအဝင် ပတ် ဝန်းကျင် ရှိ မြက်ခင်းပြင်ကြီးတစ်ခု
လုံးအား ဝါးမျိုတော့မည့် စက်မှုတော်လှန်ရေးကို ထီးထီးကြီး ခြေကုပ်အန်တုနေ သည်။

သူ့မြေကွက်ကလေးအား ပိုက်ဆံပေးယူပြီး သူ့ကို ထွက်ခွာခိုင်းနေသည့် အစိုးရ၏ ကြိုးစား
အားထုတ်မှုကို အသက် ၄၁နှစ်အရွယ်ရှိပြီဖြစ်သော သူက ပယ်ချလိုက် သည်။ ဂျပန်ကျောထောက်နောက်ခံပြုထားသော ထုတ် လုပ်ရေးဇုန်ကြီးတစ်ခုအတွက်
ပထမအဆင့် လမ်းပွင့်သွား စေရန် အစိုးရက ဆောင်ရွက်နေခြင်းဖြစ်သည်။

''အစိုးရအရာရှိတွေက နည်းလမ်းနှစ်ခုရှိတယ်လို့ ပြောတယ်။ ပထမ နည်းလမ်း က အစိုးရရဲ့
ညှိနှိုင်းမှုကိုလက် ခံဖို့နဲ့ နောက်နည်းလမ်းက အဲဒါမဟုတ်ရင် အဖမ်းခံဖို့ပဲ'' ဟု ၁၂ဧကအကျယ်
ရှိသော သူ့မြေကွက် ကို ဒေါ်လာ ၈၀၀ ခန့်လျော်ကြေးပေးမည့်အစီအစဉ်ကိုသူမက ရယ်မော
စရာဟာသအဖြစ် ပြန်လည်သတိရရင်း ပြောပြသည်။

မစံရှားတင်နှင့် အခြားသောဒေသခံအချို့၏အန်တု မှုအပေါ် တစ်ဝက် တစ်ပျက်အရပ်သားအစိုးရနှင့် 
ယင်း၏ နိုင်ငံတကာ လုပ်ဖော်ကိုင် ဖက်များအနေဖြင့် အဆိုပါအငြင်း ပွားဖွယ်ကိစ္စအား အာဏာရှင် ဆန်သော အတိတ်နှင့် မည် သို့ခြားနားစွာ ကိုင်တွယ်ဖြေရှင်းမည်လဲဆိုခြင်းက အရေး ကြီးသော စမ်းသပ်မှုကြီးတစ်ခုအဖြစ် ပေါ်ထွက်လာနေ သည်။

ပြီးခဲ့သည့်စနေနေ့က နေပြည်တော်နှင့် တိုကျိုမြို့တော် နှစ်ခုမှ အရာရှိများသည် သီလဝါအထူးစီး
ပွားရေးဇုန်ဟု သိကြသည့် စက်မှုစီမံကိန်းကြီးအား အုတ်မြစ်ချဖို့ စုရုံးခဲ့ ကြသည်။ သူတို့အနေဖြင့် အလျင်အမြန် ဖွံ့ဖြိုးတိုးတက် ရေးနှင့် ယခင် စစ် အစိုးရများက ပုံမှန်စော်ကားမော်ကား လုပ်ခဲ့ကြ
သည့် နိုင်ငံသားအခွင့်အရေးနှစ်ခုအကြား မည် ကဲ့သို့ ချိန်ခွင်လျှာညှိလုပ်ဆောင်ကြမည်ဆိုသည့်
အပေါ် မေးခွန်းများအထုတ်ခံခဲ့ကြရသည်။

''လူတွေကို စနစ်တကျ နေရာပြန် လည်ချ ထားမှု နဲ့ ပတ်သက်ရင် သီလဝါစီမံကိန်းက မှတ်တိုင်တစ် ခုပဲ''ဟု ထို စီမံကိန်းနှင့်ရင်းနှီးကျွမ်းဝင်နေသည့် န်ကုန်အခြေစိုက် ဝေဖန်သုံးသပ်သူတစ်ဦးကပြော
သည်။ ''ဒါပေမဲ့ ခက်နေတာက အစိုးရ အနေနဲ့ အစီအစဉ် တကျ အလုပ်တွေ မလုပ်ခဲ့ကြ ဘူး။ အဲဒါကြောင့် ကောလာ ဟလတွေနဲ့ နားလည်မှုလွဲတာတွေအများကြီးဖြစ်နေတယ်'' ဟု သူက
ဆက်ပြောသည်။

ဟက်တာ ၂၄၀၀ ကျယ်ဝန်းသည့် သီလဝါစီမံကိန်း သည် သမ္မတဦးသိန်းစိန် အစိုးရအတွက် နိုင်ငံတ
ကာစက် မှုဇုန်စီမံကိန်းအတွဲလိုက်တွင် အခရာကျသော စီမံကိန်း တစ်ခုဖြစ်သည်။ အစိုးရက ရာစုနှစ်
ဝက်နီးပါး အထီးကျန် အုပ်စိုးမှုနှင့် အနောက် နိုင်ငံများ၏ အပယ်ခံအဆင့် အဆုံး သတ်ရေးအ
တွက် ကြိုးစားပြီး ရင်းနှီးမတည်မှုများပြုလုပ် နေသည်။ ဂျပန်အစိုးရနှင့် ဘဏ္ဍာအဆောက်အအုံကြီး
များဖြစ် သော မစ်ဆူဘီရှီ၊ ဆူမီတိုမိုနှင့် မာရူဘီနီကုမ္ပဏီကြီးများ က ဇုန်နှင့် ဆိပ်ကမ်း ဖွံ့ဖြိုးရေး
လုပ်ငန်းများအတွက် အခြေခံ အဆောက်အအုံချေးငွေ ဒေါ်လာသန်း ၅၀၀ ထည့်သွင်း ထားသည်။ ထိုဇုန်က ကားမှအစ အထည်ချုပ်လုပ်ငန်း အထိ လုပ်ကိုင်မည့်သူများကို ဖိတ်ခေါ်ထားရာ ယင်း အတွက် စိတ်ချ အာမခံ နိုင်သော လျှပ်စစ်၊ ရေနှင့်ပို့ဆောင် ထောက်ပံ့မှုအစီအစဉ်များ
ဆောင်ရွက်ရန်ဖြစ်သည်။ ယင်း တို့က မြန်မာနိုင်ငံအနှံ့ ခိျု့ယွင်းအားနည်းလျက်ရှိနေသည်။

အစိုးရအား တိုက်ပွဲဝင်နေသော သီလဝါဒေသခံအခိျု့ ပင် ယင်းစီမံကိန်းကို ကြိုဆိုကြောင်ြးေ
ပာကြသည်။စစ်တပ်ကပိုင်သော ခြောက်ကပ်ကပ်နိုင်လှသည့် သွပ်မိုးစက်ရုံ တစ်ရုံသည်သာ လှုပ်ရှားသက်ဝင်နေသော စက်ရုံအခိျု့ ထဲက တစ်ခုဖြစ် နေသော ထိုစိုက်ပျိုးရေး ဒေသ၌ ယခုစီမံ ကိန်းသည် အလုပ်အကိုင်အခွင့်အလမ်းအတွက် အရင်း အမြစ်နေရာတစ်ခုဖြစ်မည်ဟု သူတို့ကပြောသည်။

''ကျွန်တော်တို့က ဒါကို မဆန့်ကျင်ပါဘူး။ ဒါပေမဲ့ အစိုးရက လူ့အဖွဲ့အစည်းရဲ့အခွင့်အရေးတွေကို ချိုးဖောက် ခဲ့တယ်'' ဟု အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်သော လယ် သမားကြီးလည်းဖြစ်
ဒေသခေါင်းဆောင်လည်းဖြစ်သူ ဦးမြလှိုင် ကပြော သည်။

၁၉၉၇ ခုနှစ်တွင် စစ်အစိုးရက တစ်ဧကလျှင် ဒေါ်လာ ၂ဝခန့်နှင့် မြေများသိမ်းလိုက်ခြင်းအပေါ် သဘောမတူကြ သည့်အတွက် ဒေသခံများက ထိုနေရာများတွင် လယ်များ ပြန်စိုက်ခဲ့ကြသည်။ ဟင်းသီးဟင်းရွက်ခင်းများ စိုက်ခဲ့ကြ သည်။ စားကျက် မြေလုပ်ခဲ့ကြသည်။ အပေးအယူလုပ် သည်ဆိုခြင်းမှာ ဒေသခံများအား သူတို့အိမ်နှင့် စိုက်ပျိုးမှု ခြောက်နှစ်စာ ဆုံးရှုံးခဲ့ခြင်းများအပေါ်တွင်
လျော်ကြေး ပေးခြင်းသာဖြစ်သည်ဟု အစိုးရက ပြောဆိုနေချိန်တွင် ဒေသခံအခိျု့က ဒီမြေများ ကို သူတို့သည် တရားဝင်အရ ရော၊ စိတ်ဓာတ်ရေးရာအရပါ ပိုင်ဆိုင်သည်ဟုပြောကြ သည်။ ထိုမြေများသည် ယခုအခါ ဒေါ်လာထောင်ချီတန် နေရာ အာဏာရှင်အလွန် အစိုးရခေတ် အိမ်ခြံမြေဈေး စန်းထမှုကို ကျေးဇူးတင်ရမည်။

စီမံကိန်း အကျိုးသက်ရောက်မှုနယ်မြေများအား ပုံနှိပ်ထားသည့် ဂူးဂဲလ်မြေပုံကြီးကို နံရံတွင်ကပ်ထားသည့် အိမ်တစ်အိမ်၌ နိုဝင်ဘာလက အစည်းအဝေးလုပ်ခဲ့ရာ ဒေသခံအခိျု့က အချိန်ကြာမြင့်နေသည့် တောင်းဆိုချက် နှစ်ချက်ကို ချပြခဲ့ သည်။ ပထမအချက်မှာ စစ်တပ်သည် သူတို့အား လျှော့ဈေးအများကြီးဖြင့် အဓမ္မရောင်းခိုင်းခဲ့ ခြင်းဖြစ်သည်။ ဒုတိယအချက်မှာ ၂၀၁၂ မြေယာဥပဒေ အရ အစိုးရက နှစ်ပေါင်း ၁၅နှစ်အတွင်း ဖွံ့ဖြိုးရေးမလုပ် နိုင်လျှင် ထိုမြေများအား သူတို့ဆီ ပြန်ပေးရမည်ဟုဆိုသည်။

သီလဝါလယ်သမား အစုလိုက်အပြုံလိုက်က အစိုးရ သစ်၏ လျော်ကြေးပေးအစီအစဉ်အား သဘောတူခဲ့ကြ သော်လည်း ဒေသဆိုင်ရာအာဏာပိုင်များက ခြိမ်းခြောက် သဖြင့် ခေါင်းညိတ်
ခဲ့ကြရပါသည်ဟု အခိျု့ကပြောကြသည်။ ''ခင်ဗျားတို့ လက်မှတ်မထိုးဘူး ဆိုရင် အထက်အဆင့် ကို အစီရင်ခံစာပို့ရလိမ့်မယ်လို့ သူတို့ကပြောတယ်''ဟု အသက် ၃၉နှစ်အရွယ်ရှိ ဦးကျော်ဝင်းက
ပြောသည်။လက်မှတ်ထိုးပြီးသား စာရွက်မိတ္တူကို သူ ဘယ်တုန်းကမှ မရခဲ့ဟု သူက ဖြည့်စွက်
ပြောသည်။ ''စစ်အာဏာရှင်အောက် ကျွန်တော်တို့က အကြာ ကြီး နေခဲ့ကြရတာ။ အကျင့်ေ
ဟာင်းတွေ မပျောက်သေး ဘူး'' ဟု သူကဆက်ပြောသည်။

ထိုနေရာမှ ကီလိုမီတာအနည်းငယ်ခန့်အကွာသို့ နာရီများစွာနောက်ကျပြီး ရောက်သွားသည်။ ထိုနေရာ တွင် ရွှေ့ပြောင်းခံရသောဒေသခံများက ပျဉ်ပြားပုံများ၊ သံဆန်ခါလိပ်များနှင့် စွန့်ပစ်ထားသောဖရဲသီးခွံများကြား တွင်ရပ်နေကြသည်။ သူတို့အိမ်များကို အပြင်းအထန် တည်ဆောက်ပေးနေကြသော ဆောက်လုပ်ရေးလုပ်ငန်း များကို စောင့်ကြည့်နေကြခြင်းဖြစ်သည်။

အသက်၂၉နှစ်အရွယ်ရှိ မသီတာက သူ့အနေဖြင့် သီးနှံအတွက် လျော်ကြေးဒေါ်လာ ၃၀၀၀ ခန့်နှင့် အိမ် ဆောက်ရန်အတွက် ဒေါ်လာ ၂၅၀၀ ခန့်ရရှိကြောင်း ပြော ပြသည်။ သို့သော် သူ့အနေဖြင့် အစိုးရ၏လျော်ကြေး သို့ မဟုတ် အစိုးရက ဒေသခံများနှင့် တိုင်ပင်ပြောကြားရန် ပျက်ကွက်မှုတို့
အပေါ် မကျေနပ်ဟုဆိုသည်။ ထိုသို့ဆို လျှင် သူ့အနေဖြင့် ဘာကြောင့်သဘောတူခဲ့ပါသလဲဟု
မေးကြည့်ရာ မသီတာက- ''ကျွန်မတို့ မပြောင်းချင်ဘူးဆိုရင် သူတို့က ဘူဒိုဇာ နဲ့ ထိုးဖျက်
ပစ်လိုက်မှာလေ''ဟု ပြောသည်။

သီလဝါစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးဝင်စတန်ဆက်အောင်က
ဒေသခံများအား ဆွေးနွေးတိုင် ပင်မှုများ ထပ်ခါထပ်ခါပြုလုပ်ခဲ့ပြီး လျော်ကြေးမှာလည်း မျှတမှုရှိကြောင်း ခိုင်ခိုင်မာမာပြောသည်။ မြန်မာနိုင်ငံမှာ တစ်ခါမျှ မကျင့် သုံးခဲ့ဖူးသော နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီအောင် ပထမဆုံးလုပ်ဆောင်မှုဖြစ်သည့်အတွက် အာဏာပိုင်များအနေဖြင့် အခိျု့သောအမှားများ အခြေ အနေအရ လုပ်ခဲ့ကြသည်ဟု သူကဖြည့်စွက်ပြောသည်။ ''ဒါဟာ ပထမဆုံး အတွေ့ အကြုံပါ။ ခြေလှမ်းတိုင်း မှာ ကျွန်တော်တို့ ပြီးပြည့်စုံတယ်လို့ ကျွန်တော်တို့မပြော နိုင်ပါဘူး''ဟု သူက ဆက်ပြောသည်။

သီလဝါစီမံကိန်းတွင် မြန်မာအစိုးရနှင့် လက်တွဲလုပ် နေသည့် ဂျပန်နိုင်ငံတကာဖွံ့ဖြိုးေ
ရးအေဂျင်စီ(ဂျိုက်ကာ) က ယင်းနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်ငြင်းဆန်သည်။
နေပြည်တော်ရှိအစိုးရက ဒေသခံများအား ပြန်လည်နေရာ ချထားရေး ကို စနစ်တကျ ကိုင်တွယ်မည်ဟူသော အာမခံ ချက် တိုကျို(ဂျပန်အစိုးရ)ကလက်ခံရရှိထားကြောင်း ဂျပန် ကုန်သွယ်ရေးအေဂျင်စီ(ဂျက်ထရို) ရန်ကုန်၏မန်းနေဂျင်း ဒါရိုက်တာ မာဆာကီတာကာဟာရာကပြောသည်။

'အငြင်းပွား စရာတွေဖြစ်လာမယ်ဆိုရင် ဂျပန်ပုဂ္ဂ လိကကုမ္ပဏီတွေရဲ့ဂုဏ်သတင်းကို ထိခိုက်သွားလိမ့်မယ်။ အဲဒါကြောင့် ဒါကိုကောင်းကောင်းမွန်မွန် ဖြေရှင်းဆောင် ရွက်လိမ့်မယ်လို့မျှော်လင့်ပါတယ်'ဟု သူကပြောသည်။ မြန်မာအစိုးရသည် အရွှေ့ ပြောင်း ခံပြည်သူများအား ဒေါသအမျက်ခြောင်းခြောင်းထွက်စေခဲ့သည့် ယခင်စစ် အစိုးရ၏အစီအစဉ်များထက် ပိုမိုပြီး တာဝန်သိလုပ်ဆောင် မှုများရှိသည်ဟူသောအချက်ကို အခိျု့က ငြင်းပယ်ကောင်း ငြင်းပယ်နိုင်သည်။ သို့သော် သီလဝါ ကိစ္စ သည် အစိုးရနှင့် ယင်း၏မဟာမိတ်များအတွက် အတိတ်က မြေသိမ်းမှု၊ အကျပ်ကိုင်မှု၊ လှိျု့ဝှက်မှု၊ ပြီးတော့ ယင်းတို့နှင့်ပတ်သက်ပြီး ပြည်သူတွေက တေးမှတ်ထားမှုတို့အပေါ် သတိပေးချက် လည်းဖြစ်သည်။ မြန်မာနိုင်ငံသစ် အတွက် မဟာစီးပွားရေး စီမံကိန်းကြီးများအပေါ်တွင်လည်း အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေလိမ့်မည်။ သူ့ကို ရွှေ့ပြောင်းစေဖို့ အာဏာပိုင်များက ဖိအား အလွန်အမင်းပေးခဲ့သည်ဟု ခံစားနေရသည့် စံရှားတင် က ယခုလိုပြောလေသည်။

''ကျွန်မကတော့ ဒါကိုမမျှော်လင့်ဘူး။ အပေါ်ပိုင်း က ပြောနေတာတွေနဲ့
အောက်ခြေကလုပ်နေတာတွေက ခြားနားနေတယ်''။

ဒီဇင်ဘာ ၅ရက်ထုတ် FINANCIAL TIMES မှ Michael Peel ရေးသားသည့် Memories of Myanmar's past cloud land deals သုံးသပ်ချက်ဆောင်းပါးကို မြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုပါသည်။
ညီလတ် - Yangon Media Group
Thit Htoo Lwin - News
█ ░ အလင်းရှင် ░ █
— with သု ဓမ္မ and 14 others.
Photo: အာဏာရှင်တို့ရဲ့နောက်ဆုံးလမ်း
▲ ▼ ▲ ▼ ▲ ▼ ▲ ▼ ▲ ▼ ▲ ▼ ▲ ▼ ▲
မြန်မာနိုင်ငံ၏ အဓိကမြို့တော်ဖြစ်သော ရန်ကုန် မြို့၏ အရှေ့တောင်ဘက်ရှိ စံရှားတင်၏ 
ချိချိ နဲ့နဲ့ ဝါးအိမ်ကလေးက သူ့အိမ်အပါအဝင် ပတ် ဝန်းကျင် ရှိ မြက်ခင်းပြင်ကြီးတစ်ခု
လုံးအား ဝါးမျိုတော့မည့် စက်မှုတော်လှန်ရေးကို ထီးထီးကြီး ခြေကုပ်အန်တုနေ သည်။

သူ့မြေကွက်ကလေးအား ပိုက်ဆံပေးယူပြီး သူ့ကို ထွက်ခွာခိုင်းနေသည့် အစိုးရ၏ ကြိုးစားအားထုတ်မှုကို အသက် ၄၁နှစ်အရွယ်ရှိပြီဖြစ်သော သူက ပယ်ချလိုက် သည်။ ဂျပန်ကျောထောက်နောက်ခံပြုထားသော ထုတ် လုပ်ရေးဇုန်ကြီးတစ်ခုအတွက် 
ပထမအဆင့် လမ်းပွင့်သွား စေရန် အစိုးရက ဆောင်ရွက်နေခြင်းဖြစ်သည်။

''အစိုးရအရာရှိတွေက နည်းလမ်းနှစ်ခုရှိတယ်လို့ ပြောတယ်။ ပထမ နည်းလမ်း က အစိုးရရဲ့
ညှိနှိုင်းမှုကိုလက် ခံဖို့နဲ့ နောက်နည်းလမ်းက အဲဒါမဟုတ်ရင် အဖမ်းခံဖို့ပဲ'' ဟု ၁၂ဧကအကျယ်
ရှိသော သူ့မြေကွက် ကို ဒေါ်လာ ၈၀၀ ခန့်လျော်ကြေးပေးမည့်အစီအစဉ်ကိုသူမက ရယ်မော 
စရာဟာသအဖြစ် ပြန်လည်သတိရရင်း ပြောပြသည်။

မစံရှားတင်နှင့် အခြားသောဒေသခံအချို့၏အန်တု မှုအပေါ် တစ်ဝက် တစ်ပျက်အရပ်သားအစိုးရနှင့် ယင်း၏ နိုင်ငံတကာ လုပ်ဖော်ကိုင် ဖက်များအနေဖြင့် အဆိုပါအငြင်း ပွားဖွယ်ကိစ္စအား အာဏာရှင် ဆန်သော အတိတ်နှင့် မည် သို့ခြားနားစွာ ကိုင်တွယ်ဖြေရှင်းမည်လဲဆိုခြင်းက အရေး ကြီးသော စမ်းသပ်မှုကြီးတစ်ခုအဖြစ် ပေါ်ထွက်လာနေ သည်။

ပြီးခဲ့သည့်စနေနေ့က နေပြည်တော်နှင့် တိုကျိုမြို့တော် နှစ်ခုမှ အရာရှိများသည် သီလဝါအထူးစီး
ပွားရေးဇုန်ဟု သိကြသည့် စက်မှုစီမံကိန်းကြီးအား အုတ်မြစ်ချဖို့ စုရုံးခဲ့ ကြသည်။ သူတို့အနေဖြင့် အလျင်အမြန် ဖွံ့ဖြိုးတိုးတက် ရေးနှင့် ယခင် စစ် အစိုးရများက ပုံမှန်စော်ကားမော်ကား လုပ်ခဲ့ကြ
သည့် နိုင်ငံသားအခွင့်အရေးနှစ်ခုအကြား မည် ကဲ့သို့ ချိန်ခွင်လျှာညှိလုပ်ဆောင်ကြမည်ဆိုသည့်
အပေါ် မေးခွန်းများအထုတ်ခံခဲ့ကြရသည်။

''လူတွေကို စနစ်တကျ နေရာပြန် လည်ချ ထားမှု နဲ့ ပတ်သက်ရင် သီလဝါစီမံကိန်းက မှတ်တိုင်တစ် ခုပဲ''ဟု ထို စီမံကိန်းနှင့်ရင်းနှီးကျွမ်းဝင်နေသည့် န်ကုန်အခြေစိုက် ဝေဖန်သုံးသပ်သူတစ်ဦးကပြော
သည်။ ''ဒါပေမဲ့ ခက်နေတာက အစိုးရ အနေနဲ့ အစီအစဉ် တကျ အလုပ်တွေ မလုပ်ခဲ့ကြ ဘူး။ အဲဒါကြောင့် ကောလာ ဟလတွေနဲ့ နားလည်မှုလွဲတာတွေအများကြီးဖြစ်နေတယ်'' ဟု သူက
ဆက်ပြောသည်။

ဟက်တာ ၂၄၀၀ ကျယ်ဝန်းသည့် သီလဝါစီမံကိန်း သည် သမ္မတဦးသိန်းစိန် အစိုးရအတွက် နိုင်ငံတ
ကာစက် မှုဇုန်စီမံကိန်းအတွဲလိုက်တွင် အခရာကျသော စီမံကိန်း တစ်ခုဖြစ်သည်။ အစိုးရက ရာစုနှစ်
ဝက်နီးပါး အထီးကျန် အုပ်စိုးမှုနှင့် အနောက် နိုင်ငံများ၏ အပယ်ခံအဆင့် အဆုံး သတ်ရေးအ
တွက် ကြိုးစားပြီး ရင်းနှီးမတည်မှုများပြုလုပ် နေသည်။ ဂျပန်အစိုးရနှင့် ဘဏ္ဍာအဆောက်အအုံကြီး
များဖြစ် သော မစ်ဆူဘီရှီ၊ ဆူမီတိုမိုနှင့် မာရူဘီနီကုမ္ပဏီကြီးများ က ဇုန်နှင့် ဆိပ်ကမ်း ဖွံ့ဖြိုးရေး
လုပ်ငန်းများအတွက်  အခြေခံ အဆောက်အအုံချေးငွေ ဒေါ်လာသန်း ၅၀၀ ထည့်သွင်း ထားသည်။ ထိုဇုန်က ကားမှအစ အထည်ချုပ်လုပ်ငန်း အထိ လုပ်ကိုင်မည့်သူများကို ဖိတ်ခေါ်ထားရာ ယင်း အတွက် စိတ်ချ အာမခံ နိုင်သော လျှပ်စစ်၊ ရေနှင့်ပို့ဆောင် ထောက်ပံ့မှုအစီအစဉ်များ
ဆောင်ရွက်ရန်ဖြစ်သည်။ ယင်း တို့က မြန်မာနိုင်ငံအနှံ့ ခိျု့ယွင်းအားနည်းလျက်ရှိနေသည်။

အစိုးရအား တိုက်ပွဲဝင်နေသော သီလဝါဒေသခံအခိျု့ ပင် ယင်းစီမံကိန်းကို ကြိုဆိုကြောင်ြးေ
ပာကြသည်။စစ်တပ်ကပိုင်သော ခြောက်ကပ်ကပ်နိုင်လှသည့် သွပ်မိုးစက်ရုံ တစ်ရုံသည်သာ လှုပ်ရှားသက်ဝင်နေသော စက်ရုံအခိျု့ ထဲက တစ်ခုဖြစ် နေသော ထိုစိုက်ပျိုးရေး ဒေသ၌ ယခုစီမံ ကိန်းသည် အလုပ်အကိုင်အခွင့်အလမ်းအတွက် အရင်း အမြစ်နေရာတစ်ခုဖြစ်မည်ဟု သူတို့ကပြောသည်။

''ကျွန်တော်တို့က ဒါကို မဆန့်ကျင်ပါဘူး။ ဒါပေမဲ့ အစိုးရက လူ့အဖွဲ့အစည်းရဲ့အခွင့်အရေးတွေကို ချိုးဖောက် ခဲ့တယ်'' ဟု အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်သော လယ် သမားကြီးလည်းဖြစ်
 ဒေသခေါင်းဆောင်လည်းဖြစ်သူ ဦးမြလှိုင် ကပြော သည်။

၁၉၉၇ ခုနှစ်တွင် စစ်အစိုးရက တစ်ဧကလျှင် ဒေါ်လာ ၂ဝခန့်နှင့် မြေများသိမ်းလိုက်ခြင်းအပေါ် သဘောမတူကြ သည့်အတွက် ဒေသခံများက ထိုနေရာများတွင် လယ်များ ပြန်စိုက်ခဲ့ကြသည်။ ဟင်းသီးဟင်းရွက်ခင်းများ စိုက်ခဲ့ကြ သည်။ စားကျက် မြေလုပ်ခဲ့ကြသည်။ အပေးအယူလုပ် သည်ဆိုခြင်းမှာ ဒေသခံများအား သူတို့အိမ်နှင့် စိုက်ပျိုးမှု ခြောက်နှစ်စာ ဆုံးရှုံးခဲ့ခြင်းများအပေါ်တွင်
 လျော်ကြေး ပေးခြင်းသာဖြစ်သည်ဟု အစိုးရက ပြောဆိုနေချိန်တွင် ဒေသခံအခိျု့က ဒီမြေများ ကို သူတို့သည် တရားဝင်အရ ရော၊ စိတ်ဓာတ်ရေးရာအရပါ ပိုင်ဆိုင်သည်ဟုပြောကြ သည်။ ထိုမြေများသည် ယခုအခါ ဒေါ်လာထောင်ချီတန် နေရာ အာဏာရှင်အလွန် အစိုးရခေတ် အိမ်ခြံမြေဈေး စန်းထမှုကို ကျေးဇူးတင်ရမည်။

စီမံကိန်း အကျိုးသက်ရောက်မှုနယ်မြေများအား ပုံနှိပ်ထားသည့် ဂူးဂဲလ်မြေပုံကြီးကို နံရံတွင်ကပ်ထားသည့် အိမ်တစ်အိမ်၌ နိုဝင်ဘာလက အစည်းအဝေးလုပ်ခဲ့ရာ ဒေသခံအခိျု့က အချိန်ကြာမြင့်နေသည့် တောင်းဆိုချက် နှစ်ချက်ကို ချပြခဲ့ သည်။ ပထမအချက်မှာ စစ်တပ်သည် သူတို့အား လျှော့ဈေးအများကြီးဖြင့် အဓမ္မရောင်းခိုင်းခဲ့ ခြင်းဖြစ်သည်။ ဒုတိယအချက်မှာ ၂၀၁၂ မြေယာဥပဒေ အရ အစိုးရက နှစ်ပေါင်း ၁၅နှစ်အတွင်း ဖွံ့ဖြိုးရေးမလုပ် နိုင်လျှင် ထိုမြေများအား သူတို့ဆီ ပြန်ပေးရမည်ဟုဆိုသည်။

သီလဝါလယ်သမား အစုလိုက်အပြုံလိုက်က အစိုးရ သစ်၏ လျော်ကြေးပေးအစီအစဉ်အား သဘောတူခဲ့ကြ သော်လည်း ဒေသဆိုင်ရာအာဏာပိုင်များက ခြိမ်းခြောက် သဖြင့် ခေါင်းညိတ်
ခဲ့ကြရပါသည်ဟု အခိျု့ကပြောကြသည်။ ''ခင်ဗျားတို့ လက်မှတ်မထိုးဘူး ဆိုရင် အထက်အဆင့် ကို အစီရင်ခံစာပို့ရလိမ့်မယ်လို့ သူတို့ကပြောတယ်''ဟု အသက် ၃၉နှစ်အရွယ်ရှိ ဦးကျော်ဝင်းက
 ပြောသည်။လက်မှတ်ထိုးပြီးသား စာရွက်မိတ္တူကို သူ ဘယ်တုန်းကမှ မရခဲ့ဟု သူက ဖြည့်စွက်
 ပြောသည်။  ''စစ်အာဏာရှင်အောက် ကျွန်တော်တို့က အကြာ ကြီး နေခဲ့ကြရတာ။ အကျင့်ေ
ဟာင်းတွေ မပျောက်သေး ဘူး'' ဟု သူကဆက်ပြောသည်။

ထိုနေရာမှ ကီလိုမီတာအနည်းငယ်ခန့်အကွာသို့ နာရီများစွာနောက်ကျပြီး ရောက်သွားသည်။ ထိုနေရာ တွင် ရွှေ့ပြောင်းခံရသောဒေသခံများက ပျဉ်ပြားပုံများ၊ သံဆန်ခါလိပ်များနှင့် စွန့်ပစ်ထားသောဖရဲသီးခွံများကြား တွင်ရပ်နေကြသည်။ သူတို့အိမ်များကို အပြင်းအထန် တည်ဆောက်ပေးနေကြသော ဆောက်လုပ်ရေးလုပ်ငန်း များကို စောင့်ကြည့်နေကြခြင်းဖြစ်သည်။

အသက်၂၉နှစ်အရွယ်ရှိ မသီတာက သူ့အနေဖြင့် သီးနှံအတွက် လျော်ကြေးဒေါ်လာ ၃၀၀၀ ခန့်နှင့် အိမ် ဆောက်ရန်အတွက် ဒေါ်လာ ၂၅၀၀ ခန့်ရရှိကြောင်း ပြော ပြသည်။ သို့သော် သူ့အနေဖြင့် အစိုးရ၏လျော်ကြေး သို့ မဟုတ် အစိုးရက ဒေသခံများနှင့် တိုင်ပင်ပြောကြားရန် ပျက်ကွက်မှုတို့
အပေါ် မကျေနပ်ဟုဆိုသည်။ ထိုသို့ဆို လျှင် သူ့အနေဖြင့် ဘာကြောင့်သဘောတူခဲ့ပါသလဲဟု
 မေးကြည့်ရာ မသီတာက- ''ကျွန်မတို့ မပြောင်းချင်ဘူးဆိုရင် သူတို့က ဘူဒိုဇာ နဲ့ ထိုးဖျက်
ပစ်လိုက်မှာလေ''ဟု ပြောသည်။

သီလဝါစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးဝင်စတန်ဆက်အောင်က
 ဒေသခံများအား ဆွေးနွေးတိုင် ပင်မှုများ ထပ်ခါထပ်ခါပြုလုပ်ခဲ့ပြီး လျော်ကြေးမှာလည်း မျှတမှုရှိကြောင်း ခိုင်ခိုင်မာမာပြောသည်။ မြန်မာနိုင်ငံမှာ တစ်ခါမျှ မကျင့် သုံးခဲ့ဖူးသော နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီအောင် ပထမဆုံးလုပ်ဆောင်မှုဖြစ်သည့်အတွက် အာဏာပိုင်များအနေဖြင့် အခိျု့သောအမှားများ အခြေ အနေအရ လုပ်ခဲ့ကြသည်ဟု သူကဖြည့်စွက်ပြောသည်။  ''ဒါဟာ ပထမဆုံး အတွေ့ အကြုံပါ။ ခြေလှမ်းတိုင်း မှာ ကျွန်တော်တို့ ပြီးပြည့်စုံတယ်လို့ ကျွန်တော်တို့မပြော နိုင်ပါဘူး''ဟု သူက ဆက်ပြောသည်။

သီလဝါစီမံကိန်းတွင် မြန်မာအစိုးရနှင့် လက်တွဲလုပ် နေသည့် ဂျပန်နိုင်ငံတကာဖွံ့ဖြိုးေ
ရးအေဂျင်စီ(ဂျိုက်ကာ) က ယင်းနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်ငြင်းဆန်သည်။
 နေပြည်တော်ရှိအစိုးရက ဒေသခံများအား ပြန်လည်နေရာ ချထားရေး ကို စနစ်တကျ ကိုင်တွယ်မည်ဟူသော အာမခံ ချက် တိုကျို(ဂျပန်အစိုးရ)ကလက်ခံရရှိထားကြောင်း ဂျပန် ကုန်သွယ်ရေးအေဂျင်စီ(ဂျက်ထရို) ရန်ကုန်၏မန်းနေဂျင်း ဒါရိုက်တာ မာဆာကီတာကာဟာရာကပြောသည်။

'အငြင်းပွား စရာတွေဖြစ်လာမယ်ဆိုရင် ဂျပန်ပုဂ္ဂ လိကကုမ္ပဏီတွေရဲ့ဂုဏ်သတင်းကို ထိခိုက်သွားလိမ့်မယ်။ အဲဒါကြောင့် ဒါကိုကောင်းကောင်းမွန်မွန် ဖြေရှင်းဆောင် ရွက်လိမ့်မယ်လို့မျှော်လင့်ပါတယ်'ဟု သူကပြောသည်။ မြန်မာအစိုးရသည် အရွှေ့ ပြောင်း ခံပြည်သူများအား ဒေါသအမျက်ခြောင်းခြောင်းထွက်စေခဲ့သည့် ယခင်စစ် အစိုးရ၏အစီအစဉ်များထက် ပိုမိုပြီး တာဝန်သိလုပ်ဆောင် မှုများရှိသည်ဟူသောအချက်ကို အခိျု့က ငြင်းပယ်ကောင်း ငြင်းပယ်နိုင်သည်။ သို့သော် သီလဝါ ကိစ္စ သည် အစိုးရနှင့် ယင်း၏မဟာမိတ်များအတွက် အတိတ်က မြေသိမ်းမှု၊ အကျပ်ကိုင်မှု၊ လှိျု့ဝှက်မှု၊ ပြီးတော့ ယင်းတို့နှင့်ပတ်သက်ပြီး ပြည်သူတွေက တေးမှတ်ထားမှုတို့အပေါ် သတိပေးချက် လည်းဖြစ်သည်။ မြန်မာနိုင်ငံသစ် အတွက် မဟာစီးပွားရေး စီမံကိန်းကြီးများအပေါ်တွင်လည်း အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေလိမ့်မည်။ သူ့ကို ရွှေ့ပြောင်းစေဖို့ အာဏာပိုင်များက ဖိအား အလွန်အမင်းပေးခဲ့သည်ဟု ခံစားနေရသည့် စံရှားတင် က ယခုလိုပြောလေသည်။

''ကျွန်မကတော့ ဒါကိုမမျှော်လင့်ဘူး။ အပေါ်ပိုင်း က ပြောနေတာတွေနဲ့
 အောက်ခြေကလုပ်နေတာတွေက ခြားနားနေတယ်''။

ဒီဇင်ဘာ ၅ရက်ထုတ်  FINANCIAL TIMES မှ Michael Peel  ရေးသားသည့် Memories of Myanmar's past cloud land deals  သုံးသပ်ချက်ဆောင်းပါးကို မြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုပါသည်။
ညီလတ် - Yangon Media Group
Thit Htoo Lwin - News 
█ ░ အလင်းရှင် ░ █

တကောင်း နီကယ်စက်ရုံရဲ့ ပြည်သူ့အတွက်အန္တရာယ်

ဆက်သွယ်ရေးစနစ်များ အသင့်အတင့်ကောင်းမွန်လာသောအခါ ပြည်သူသည် မျက်စေ့
အနည်းငယ်ပွင့်လာသည်။ အကြားအာရုံများလည်း အရင်ထက်ကောင်းလာသည်။ ထို့
ကြောင့် သတင်းများကို ဖတ်ကြည့်လိုက်တိုင်း ပြည်သူတွေဟာ မိမိတို့ရဲ့ဘ၀ကို စုတ်ပြတ်
သတ်အောင် လုပ်ခဲ့တဲ့ အာဏာရှင်ရဲ့ ဆိုးမွေတွေကို တွန်းလှန်နေတာကိုမြန်မာနိုင်ငံအ၀ှမ်း
လုံးမှာ ဖြစ်ပေါ်နေမှုကို သတင်းတွေမှာအခုလိုစဉ်ဆက်မပျက်တွေ့နေရပါတယ်။ တွေ့တိုင်း
လည်းအလင်းရှင်ကတော့ မိမိရဲ့တာဝန်အရ ပြည်သူကိုအလင်းပေးလျှက်ရှိပါတယ်။
အခုလည်း ဒုတိယလက်ပံတောင်းတောင်လို့တောင် သတင်းတွေကဆိုထားတယ်
ဖတ်ကြည့်ကြပါ။
█ ░ အလင်းရှင် ░ █
۞ ۞ ۞ ۞ ۞ ۞ ۞ ۞ ۞ ۞ ۞ ۞ ۞ ۞ ۞ ۞ ۞ ۞ ۞ ۞ ۞ ۞ ۞
ရန်ကုန် ၊ ဒီဇင်ဘာ ၁၂။ ။ တကောင်း နီကယ်စက်ရုံနှင့်ပတ်သက်ပြီး လူ မှုပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ချက်(EIA/SIA)အား ပွင့်ပွင့်လင်းလင်းချမပြပါက လက်ပံ တောင်းတောင်စီမံကိန်း၏ အကျိုး ဆက်ကဲ့သို့ ဖြစ်ပေါ်လာနိုင်ကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ကိုင် ဆောင် ရွက်နေသူများက ထောက် ပြပြောဆိုလိုက်ကြသည်။

အဆိုပါတကောင်းနီကယ် စက်ရုံသည် သတ္တုတွင်းဝန်ကြီး ဌာနနှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်း ကာ နှစ်၃ဝစီမံကိန်းဖြင့် လုပ်ဆောင် ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းနှင့်ပတ် သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ လုပ်ကိုင်နေသည့် Myanmar Mobile Instituter မှ ကိုထက်ဦးကျော်က ''ကျွန်တော် တို့ လေ့လာတွေ့ရှိရသလောက် EIA/SIA လုပ်ဆောင်ထားတာ မတွေ့ရပါဘူး။ လုပ်ဆောင်ထား တယ်ဆိုရင်လဲ ပွင့်ပွင့်လင်းလင်း ချပြသင့်ပါတယ်။ အဲဒီလိုမှမဟုတ် ရင် နောက်ပြဿနာတွေ ဖြစ်လာ နိုင်ပါတယ်''ဟုပြောသည်။

အဆိုပါစီမံကိန်းအတွက် ကျောက်မီးသွေးကို အသုံးပြုမည် ဖြစ်ခြင်းကြောင့် ပတ်ဝန်းကျင် ဆိုင်ရာပြဿနာနှင့် ကျန်းမာရေး ဆိုင်ရာပြဿနာများ ဖြစ်ပေါ်လာ နိုင်ကြောင်း သိရသည်။

ကိုထက်ဦးကျော်က ''စီမံ ကိန်းက EIA/SIA လုပ်ထားတာ မတွေ့ရပါဘူး။ စက်ရုံအတွက် သုံး မယ့်ကျောက်မီးသွေးတွေကို ပုံ ထားတာကလဲ အမိုးပဲ ရှိတယ်။ အကာမရှိဘူး။ ပြည်သူတွေ အဲဒါ ကိုရှူရှိုက်မိရင် ကျန်းမာရေးထိ ခိုက်နိုင်တယ်။ နောက်ဧရာဝတီ ကမ်းနားကနေ စက်ရုံကိုသယ်တဲ့ အခါမှာလဲ စည်းကမ်းတကျမရှိ ဘူး''ဟု ပြောသည်။

အဆိုပါစီမံကိန်းကြောင့် သိမ်းဆည်းခံ မြေဧက၃၀၀ဝကျော် မှာ သစ်တောကြိုး ဝိုင်းနယ်မြေအ ဖြစ် သတ်မှတ်ထားပြီး လျော်ကြေး မရရှိခြင်းကြောင့် ဒေသခံများက ကျေနပ်မှုမရှိကြောင်း သိရသည်။

ထီးချိုင့်ကွန်ရက်မှ ပြော ရေးဆိုခွင့်ရှိသူ ဦးကျော်ကျော်က ''သူတို့စီမံ ကိန်းကြောင့် တောင် အောက် မှာ ရှိတဲ့ ချောင်းကလဲ ကောသွားပြီ။ အရင်ကဆိုရင် ဒူး လောက်ရေ အမြဲရှိတယ်။ အခု မရှိတော့ဘူး ။ တောင်ပေါ်ကနေ ကျလာတဲ့မြေလွှာမှုန့်တွေကြောင့် လယ်စိုက်ခင်းတွေ ပျက်ကုန်တယ်။ အထွက်ဆိုရင် ထက်ဝက်လောက် ကို လျော့ကျ သွားတယ်။ နောက် ပြီး အဲဒီမြေမှုန့်တွေက အခုချိန် အထိကျနေတယ်။ ကျန်းမာရေး နဲ့ပတ်သက်ပြီး အလုပ်သမားတွေ ဆိုရင်လဲ ကျန်းမာရေး စစ်ပေး ပါလို့ တောင်းဆိုတယ်။ ဘာမှ လုပ်မပေးဘူး။ ဆေးခန်းတောင် ဆောက် မပေးပါဘူး''ဟု ပြော သည်။

အဆိုပါစက်ရုံတွင် မြန်မာ ဝန်ထမ်း ၁၀၀ဝနှင့် တရုတ်ဝန်ထမ်း ၅၀ဝနီးပါးရှိပြီး မြန်မာဝန်ထမ်း များသည် တရုတ်ဝန်ထမ်းများ ထက် ကျွမ်းကျင်မှုများရှိသော် လည်း အလုပ်ကြမ်းသာလုပ်ကိုင် နေရမှု များရှိကြောင်း ထီးချိုင့်ကွန် ရက်အဖွဲ့မှ သိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာလုပ်ကိုင်နေသည့် မြန်မာ့ အစိမ်းရောင် ကွန်ရက်မှ ဦးစောမိုး မြင့်က ''တွေ့ရသလောက်တော့ EIA/SIA လုပ်တာ မတွေ့ရပါ ဘူး။ လုပ်တယ်ဆိုရင်လဲ ရှင်းရှင်း လင်းလင်းချပြသင့်ပါတယ်။ အဲ ဒါမှ ပြည်သူတွေရဲ့ယုံကြည်မှုကို ရမှာပါ''ဟု ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ပတ် ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ''ပတ် ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ နဲ့ပတ်သက်ပြီး သွားလေ့လာပြီး ပါပြီ။ တွေ့ရှိချက်တွေကို ပြည် ထောင်စုအစိုးရအဖွဲ့ကို တင်ပြထား ပါတယ်''ဟု ပြောသည်။

အဆိုပါစီမံကိန်းကိုစတင် လုပ်ဆောင်နေသည်မှာ ၂၀၁၀ ပြည့်နှစ်မှစတင်ကာ လုပ်ဆောင် နေခြင်းဖြစ်ကြောင်း ဒေသခံများ ၏ ပြောကြားချက်များအရ သိ ရသည်။

အောင်အောင် - Yangon Media Group
Thit Htoo Lwin - News
█ ░ အလင်းရှင် ░ █

Photo: ဆက်သွယ်ရေးစနစ်များ အသင့်အတင့်ကောင်းမွန်လာသောအခါ ပြည်သူသည် မျက်စေ့

အတွေး ကုသိုလ် (၁)

ခေါင်းစဉ်လေးက လှသားပဲ အတွေးကုသိုလ်တဲ့။ ကုသိုလ်ဖြစ်အောင်တွေးမှာလား?
ကုသိုလ်အတွေးကို ကုသိုလ်ဖြစ်အောင်ပြန်တွေးမှာလား ? အကုသိုလ်ကို အတွေး
ကို ကုသိုလ်ဖြစ်အောင်တွေးမှားလား ? ။ ဒီလိုမေးခွန်းကြောင့် စာဖတ်သူ စိတ်မ
အိုက်သွားနဲ့နော်။ ဗုဒ္ဓ၀ါဒဟာ တက္ကနယ်ကရုံးထွက်ပြီး စရဏနယ်ရောက်အောင်
လျှောက်တက်ရတဲ့ ခရီးဆိုသော်လည်း ကုသိုလ်အတွေးကိုတော့ ချန်လှပ်ထားလို့
မရနိုင်ပါဘူး။ ဗုဒ္ဓကိုယ်တောင်တိုင် စကြ်ာဝတေးမင်းဖြစ်စဉ်ဘ၀မှာ အတွေးနဲ့တင်
ကုသိုလ်ပေါင်းများစွာကို အားထုတ်ခဲ့ဖူးပါတယ်။ ဒါ့ကြောင့် နောက်ဆုံးဘ၀မှာအင်
မတန်ကြီးမားလှသော ရွှေအိုးကြီးလေးလုံးဟာ သူ့ဘ၀နဲ့အတူဖြစ်ပေါ်ခဲ့ပါတယ်။
ဒါ့ကြောင့် ဗုဒ္ဓ၀ါဒကိုလေ့လာရာမှာ ကုသိုလ်အတွေးများကိုလည်း ယူနိုင်အောင်
ယူသွားဖို့လိုပါတယ်။ ကာယကံမြောက်ကုသိုလ်တွေကိုလည်းလုပ်နိုင်သမျှလုပ်
သွားဖို့လိုပါတယ်။ ၀စီကံမြောက်ကုသိုလ်တွေကိုလည်းပြောနိုင်သမျှပြောသွားဖို့
လိုပါတယ်။ ဒါ့ကြောင့် နံက်မိုးလင်းတာနဲ့ အလင်းရှင်တို့ ကုသိုလ်ဓမ္မများကိုအား
တာနဲ့ အခုလိုဝေငှနေတာမျိုးပါ။
►► ဆက်ရန် . .► ►►
█ ░ အလင်းရှင် ░ █
 .
Photo: အတွေး ကုသိုလ် (၁)
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ 

ကောသလမင်းအိပ်မက်(၁၆)ချက်

ဒီနေ့မနက် တို့တွေ ပေါ့ပေါ့ပါပါး အိပ်မတတ္တုံ အတွေးစလေးများကို ချတွေး
ကြရအောင် . .။ အခြားတော့မဟုတ် အိပ်မက်တွေကကနေတကယ်လက်တွေ့
အဖြစ် ဒီနေ့အထိအောင်မှန်နေတဲ့ အိမ်မက်ဘုရကြီးတစ်ယောက်ရဲ့အကြောင်း
ပါ။ တို့တွေများအိပ်မက်မက်ရင် မှန်တယ်ကိုမရှိဘူး။ ကိုယ့်အိပ်ထဲကကပါပါသွား
တဲ့ငွေတွေလည်း မနည်းလှဘူးနော် . .။ ဒါပေမယ့် ဒီဘုရင်ကြီးမက်လိုက်တဲ့
အိပ်မက်ကတော့ အနာဂတေ ဘာဝေ ဆိုတဲ့ တို့လူသားတွေရဲ့အနာဂါတ်ကာလ
ဘ၀ဖြစ်ပျက်များကို ကွက်တိမှန်စေတယ်နော် ပန်းချီပုံများကို လိုချင်ရင်တော့
အအောက်ပါ DOWN LOAD တွင် ၀င်ဒေါင်းပါ
DOWNLOAD HEAR

Thursday, December 12, 2013

တရာမျှတမှုကင်းမဲ့သော တရားဥပဒေ

မြန်မာနိုင်ငံကတရားသူကြီးများ မည်မျှလာဘ်စားသည်ကိုသိလိုပါက ဒီသတင်းကို
ဖတ်ပါ။ ပြည်တွင်းနေသူတစ်ယောက်ထံမှ ဒေါ်လာတစ်ကျပ်(တစ်ဒေါ်လာ)လက်ဝယ်
မိတာကိုတော့ ထောင်(တစ်နှစ်ခွဲ) ချပြီး တရားမ၀င်နိုင်ငံသားများကိုလက်ခံသူကို
တော့ ဒါဏ်ငွေ (တစ်သိန်း)ကျပ်ပဲဒါဏ်ရိုက်တယ်တဲ့ . . ဗျာ။ သြော် . . အာဏာရှင်
တို့ခေတ်မှာ သူတို့လုပ်ချင်သလို လုပ်နေတာကိုက ပြည်သူတွေရဲ့ ဒုက္ခဆိုတာ
အသိပေးလိုလို့ ဒီသတင်းကိုဖေါ်ပြတာပါ။ ဒါ့ကြောင့် ကိုယ်တိုင်ကြုံတွေ့ခံစား
ဖူးသူတို့သည် အာဏာရှင်စန်စကို မုန်းတီးနားကျည်းတယ်ဆိုတာ . . ဒီသတင်းက
သက်ပေပါပဲ . . ။
█ ░ အလင်းရှင် ░ █

မန္တလေး ၊ ဒီဇင်ဘာ ၁၀ ။ ။ မန္တလေး တိုင်းဒေသကြီး ရမည်းသင်းမြို့ နယ် မိုးထိမိုးမိဒေသရှိ အမျိုးသား ကြီးပွားတိုး တက်ရေး ရွှေတူးဖော် ထုတ်လုပ်မှု ကုမ္ပဏီလီမိတက်သို့ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရန်အတွက် ဌာနဆိုင် ရာများ သို့ သတင်းပေးပို့ခြင်းမရှိ ဘဲ ရောက်ရှိ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ဦးကို ဒီဇင် ဘာ ၉ရက်တွင် မန္တလေးအပြည် ပြည် ဆိုင်ရာ လေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ပြည် နှင်ပို့ဆောင်လိုက်ကြောင်း တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရ သည်။

အမျိုးသားကြီးပွားတိုးတက် ရေး ကုမ္ပဏီသို့ Business Visa များဖြင့် Mr.Zhang Ongqiang, Mr.Liao Guotai နှင့် Mr. Zhang Denghua ပါ တရုတ်နိုင်ငံသား ၂၄ဦးသည် နိုဝင်ဘာ၂၃ရက်တွင် နည်းပညာရပ်ပိုင်းဆိုင်ရာ ပူး ပေါင်းဆောင် ရွက်ရန်အတွက် ရောက်ရှိလာရာ ၎င်းတို့ သုံးဦး သည် နိုဝင်ဘာ၂၅ရက်တွင် အ ဆိုပါကုမ္ပဏီ တရုတ်လုပ်ကွက် Adit(1) အတွင်း ယမ်းဖောက်ခွဲ ပြီး ရွှေတူးရာမှ အောက်ဆီဂျင် ပြတ်လပ်ခဲ့သဖြင့် မိုင်းမြို့ဆေးခန်း သို့ပို့ဆောင်ရာ Mr.Zhang Denghua မှာ ဆေးခန်းသို့ပို့ဆောင် စဉ် သေဆုံးသွားခြင်းဖြစ်သည်။

ကျန်နှစ်ဦးသည် စိုးရိမ်ဖွယ် ရာ အခြေအနေမရှိသဖြင့် မိုင်း မြို့ဆေးခန်းတွင် ဆက်လက်ဆေး ကုသလျက်ရှိသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ၍ တရုတ်နိုင်ငံသားများအား တ ရားမဝင်လက်ခံသူ တရုတ်လုပ် ကွက် Adit(1) မိုင်းတာဝန် ခံ ဖြစ် သူ ဦးမင်းမင်းဦးကို ၁၉၄၈ခုနှစ် နိုင်ငံခြားသားများမှတ်ပုံတင်ရေး အက်ဥပဒေအပိုဒ်-၁၄အားကျူး လွန်၍ ၁၉၄ဝပြည့်နှစ် နိုင်ငံခြား သားများ မှတ်ပုံတင်ရေးအက်ဥပ ဒေ ပုဒ်မ-၅(၁)အရ၊ ရမည်းသင်း မြို့နယ်တရားရုံးသို့ တရားစွဲဆို တင်ပို့ ရာ ပြစ်မှုထင်ရှားသဖြင့် ဒဏ် ငွေနှစ်သိန်းပေးဆောင်ရန်နှင့် မပေးဆောင်ပါက ထောင်ဒဏ် တစ်နှစ်ကျခံရန်အမိန့်ချမှတ်ရာ ဦးမင်းမင်းဦးက ဒဏ်ငွေကျပ်နှစ် သိန်းပေးဆောင်သွားခဲ့ကြောင်း သိရသည်။

ကျန်ရှိသည့် တရုတ်နိုင်ငံ သား ၂၃ဦးကို ဒီဇင်ဘာ၆ရက် တွင် ၁၉၄ရခုနှစ် လူဝင်မှုကြီးကြပ် ရေး (လတ်တလော)ပြဌာန်းချက် များ) အက်ဥပဒေပုဒ်မ-၄ (၂) /၂၀၁၃(၁)အရ ရမည်းသင်းမြို့ နယ် တရားရုံးသို့ ထပ်မံတရားစွဲ တင်ပို့ရာ ပြစ်မှု ထင်ရှား သဖြင့် ငွေ ဒဏ် ကျပ်နှစ်သိန်းပေးဆောင် ရန်နှင့် ပေးဆောင်ခြင်းမရှိပါက ထောင်ဒဏ်တစ်နှစ်အမိန့်ချမှတ် ရာ တရားခံတရုတ်နိုင်ငံသားများ က ငွေဒဏ် ကျပ်နှစ်သိန်းစီပေး ဆောင်သွားကြောင်း သိရသည်။ ငွေဒဏ်ကျခံပေးဆောင် ပြီးဖြစ် သည့် တရုတ်နိုင်ငံသား၂၃ ဦးအနက် ငါးဦးအား သတ္တုတွင်း ဝန်ကြီးဌာန အမှတ်(၂)သတ္တုတွင်း လုပ်ငန်း၏ စုံစမ်းစစ်ဆေးရေးအ ဖွဲ့အစည်းခွင့်ပြုမိန့်အရ စုံစမ်း စစ်ဆေးမှုကာလအတွင်း နေထိုင် ခွင့် ပြုထားသောကြောင့် ကျန် တရုတ်နိုင်ငံ သား၁၈ဦးကို တရုတ် နိုင်ငံ ကူမင်းမြို့သို့ပြန်လည်စေ လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ခွန်စိုင်းအောင်
Yangon Media Group
Thit Htoo Lwin - News
█ ░ အလင်းရှင် ░ █
 
Photo: မြန်မာနိုင်ငံကတရားသူကြီးများ မည်မျှလာဘ်စားသည်ကိုသိလိုပါက ဒီသတင်းကို
ဖတ်ပါ။ ပြည်တွင်းနေသူတစ်ယောက်ထံမှ ဒေါ်လာတစ်ကျပ်(တစ်ဒေါ်လာ)လက်ဝယ်
မိတာကိုတော့ ထောင်(တစ်နှစ်ခွဲ) ချပြီး တရားမ၀င်နိုင်ငံသားများကိုလက်ခံသူကို
တော့ ဒါဏ်ငွေ (တစ်သိန်း)ကျပ်ပဲဒါဏ်ရိုက်တယ်တဲ့ . . ဗျာ။ သြော် . . အာဏာရှင်
တို့ခေတ်မှာ သူတို့လုပ်ချင်သလို လုပ်နေတာကိုက ပြည်သူတွေရဲ့ ဒုက္ခဆိုတာ
အသိပေးလိုလို့ ဒီသတင်းကိုဖေါ်ပြတာပါ။ ဒါ့ကြောင့် ကိုယ်တိုင်ကြုံတွေ့ခံစား
ဖူးသူတို့သည် အာဏာရှင်စန်စကို မုန်းတီးနားကျည်းတယ်ဆိုတာ . . ဒီသတင်းက
သက်ပေပါပဲ . . ။
█ ░ အလင်းရှင် ░ █
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀
မန္တလေး ၊ ဒီဇင်ဘာ ၁၀ ။ ။ မန္တလေး တိုင်းဒေသကြီး ရမည်းသင်းမြို့ နယ် မိုးထိမိုးမိဒေသရှိ အမျိုးသား ကြီးပွားတိုး တက်ရေး ရွှေတူးဖော် ထုတ်လုပ်မှု ကုမ္ပဏီလီမိတက်သို့ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရန်အတွက် ဌာနဆိုင် ရာများ သို့ သတင်းပေးပို့ခြင်းမရှိ ဘဲ ရောက်ရှိ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ဦးကို ဒီဇင် ဘာ ၉ရက်တွင် မန္တလေးအပြည် ပြည် ဆိုင်ရာ လေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ပြည် နှင်ပို့ဆောင်လိုက်ကြောင်း တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရ သည်။

အမျိုးသားကြီးပွားတိုးတက် ရေး ကုမ္ပဏီသို့ Business Visa များဖြင့် Mr.Zhang Ongqiang, Mr.Liao Guotai နှင့် Mr. Zhang Denghua ပါ တရုတ်နိုင်ငံသား ၂၄ဦးသည် နိုဝင်ဘာ၂၃ရက်တွင် နည်းပညာရပ်ပိုင်းဆိုင်ရာ ပူး ပေါင်းဆောင် ရွက်ရန်အတွက် ရောက်ရှိလာရာ ၎င်းတို့ သုံးဦး သည် နိုဝင်ဘာ၂၅ရက်တွင် အ ဆိုပါကုမ္ပဏီ တရုတ်လုပ်ကွက် Adit(1) အတွင်း ယမ်းဖောက်ခွဲ ပြီး ရွှေတူးရာမှ အောက်ဆီဂျင် ပြတ်လပ်ခဲ့သဖြင့် မိုင်းမြို့ဆေးခန်း သို့ပို့ဆောင်ရာ Mr.Zhang Denghua မှာ ဆေးခန်းသို့ပို့ဆောင် စဉ် သေဆုံးသွားခြင်းဖြစ်သည်။

ကျန်နှစ်ဦးသည် စိုးရိမ်ဖွယ် ရာ အခြေအနေမရှိသဖြင့် မိုင်း မြို့ဆေးခန်းတွင် ဆက်လက်ဆေး ကုသလျက်ရှိသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ၍ တရုတ်နိုင်ငံသားများအား တ ရားမဝင်လက်ခံသူ တရုတ်လုပ် ကွက် Adit(1) မိုင်းတာဝန် ခံ ဖြစ် သူ ဦးမင်းမင်းဦးကို ၁၉၄၈ခုနှစ် နိုင်ငံခြားသားများမှတ်ပုံတင်ရေး အက်ဥပဒေအပိုဒ်-၁၄အားကျူး လွန်၍ ၁၉၄ဝပြည့်နှစ် နိုင်ငံခြား သားများ မှတ်ပုံတင်ရေးအက်ဥပ ဒေ ပုဒ်မ-၅(၁)အရ၊ ရမည်းသင်း မြို့နယ်တရားရုံးသို့ တရားစွဲဆို တင်ပို့ ရာ ပြစ်မှုထင်ရှားသဖြင့် ဒဏ် ငွေနှစ်သိန်းပေးဆောင်ရန်နှင့် မပေးဆောင်ပါက ထောင်ဒဏ် တစ်နှစ်ကျခံရန်အမိန့်ချမှတ်ရာ ဦးမင်းမင်းဦးက ဒဏ်ငွေကျပ်နှစ် သိန်းပေးဆောင်သွားခဲ့ကြောင်း သိရသည်။

ကျန်ရှိသည့် တရုတ်နိုင်ငံ သား ၂၃ဦးကို ဒီဇင်ဘာ၆ရက် တွင် ၁၉၄ရခုနှစ် လူဝင်မှုကြီးကြပ် ရေး (လတ်တလော)ပြဌာန်းချက် များ) အက်ဥပဒေပုဒ်မ-၄ (၂) /၂၀၁၃(၁)အရ ရမည်းသင်းမြို့ နယ် တရားရုံးသို့ ထပ်မံတရားစွဲ တင်ပို့ရာ ပြစ်မှု ထင်ရှား သဖြင့် ငွေ ဒဏ် ကျပ်နှစ်သိန်းပေးဆောင် ရန်နှင့် ပေးဆောင်ခြင်းမရှိပါက ထောင်ဒဏ်တစ်နှစ်အမိန့်ချမှတ် ရာ တရားခံတရုတ်နိုင်ငံသားများ က ငွေဒဏ် ကျပ်နှစ်သိန်းစီပေး ဆောင်သွားကြောင်း သိရသည်။  ငွေဒဏ်ကျခံပေးဆောင် ပြီးဖြစ် သည့် တရုတ်နိုင်ငံသား၂၃ ဦးအနက် ငါးဦးအား သတ္တုတွင်း ဝန်ကြီးဌာန အမှတ်(၂)သတ္တုတွင်း လုပ်ငန်း၏ စုံစမ်းစစ်ဆေးရေးအ ဖွဲ့အစည်းခွင့်ပြုမိန့်အရ စုံစမ်း စစ်ဆေးမှုကာလအတွင်း နေထိုင် ခွင့် ပြုထားသောကြောင့် ကျန် တရုတ်နိုင်ငံ သား၁၈ဦးကို တရုတ် နိုင်ငံ ကူမင်းမြို့သို့ပြန်လည်စေ လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ခွန်စိုင်းအောင်
Yangon Media Group
Thit Htoo Lwin - News
█ ░ အလင်းရှင် ░ █

sea games ထက်အရေးကြီးသော rice games

အလင်းရှင်တို့ပြောရင်ဆိုရင် ဘယ်တော့မှ အစွန်းထွက်အောင်မပြောတက်
မရေးတက်ပါဘူး။အခု ဆီးဂိမ်းအကြောင်းပြောမယ် ရေးမယ်။ ကဲ စပြီ . .
မြန်မာစကာားပုံကစပြောမယ်။ “အူမတောင့်မှ သီလစောင့်နိ
ုင်တယ်” တဲ့
ဒီအတိုင်းဆိုဘ၀အတွက် သံသာရာအတွက်အရေးကြီးတဲ့ သီလတရားကို
တောင် ပုထုဇဉ်များဟာ အူမတောင့်ဦးမှ။ ဟုတ်တယ်လေ။ ကောက်စိုက်ပျိုး
နှုတ်တဲ့ရက်မှာ ၀ါတွင်းကာလဆိုသော်လည်း လယ်ထဲယာထဲဆင်းရသေး
တယ်လေ။ လယ်စိုက်ယာစိုက်တယ်ဆိုတာ တစ်၇က်နောက်ကြလို့မရဘူး
ပျိုးထောင်ရက် ပျိုးချရက် ပျိုးနှုတ်ရက် ပြီးရင် ဒီပျိုးပင်ကို ပြန်စိုက်ရတဲ့ရက်
အားလုံးဟာ ကွက်တိလုပ်ရတာမျိုး။ နောက်မို့ဆို ရာသီဥတုနဲ့ စိုက်ပျိုးပင်တို့
ရဲ့timing လွဲသွားရင် ထမင်းအိုးကွဲသွားမယ်မှတ်။ အဲလို ပြည်သူအများစုမှာ
Sea games ထက် rice gamesထမင်းဂိမ်းကို အလေးပေးနေရတာဖြစ်
ကြောင်း မြို့နေလူတန်စားဂုဏ်နွယ်ဝင်တို့အား အသိပေးလိုက်ပါတယ်။
ဘာဖြစ်လို့အသိပေးရတာလည်းဆိုတော့ အထက်ကပြောခဲ့သလိုမြန်မာပြည်
မှာ သယံဇာတတွေဘယ်လောက်ပေါပေါ စစ်ခွေးဆိုးတို့တစ်သိုက်တာကြီး
ပွားပြီးပြည်သူမှာတော့ ထမင်းနှပ်မှန်ဖို့အမြဲကြိုးစားနေရတာကို မြို့နေကြေး
ရတက်လူငယ်များကိုသိစေချင်လို့ပါ။ နဲနဲချဲ့တွေးပြရင် နိုင်ငံတိုင်းမှာ သူဆင်း
ရဲဆိုတာရှိပါတယ်။ သို့သော် တို့နိုင်မှာဖြစ်နေကြတဲ့သူဆင်းရဲသားတွေဟာ
အလုပ်မလုပ်လို့မဟုတ်။ လုပ်စရာလယ်ယာမြေများကို အစိုးရနဲ့ခရိုနီတို့ပူး
ပေါင်းသိမ်းယူကြတယ်။ နေစရာအိုးအိမ်များကိုလည်း ထိုနည်းလည်းကောင်း
ပင်တည်း။ကဲ . . Sea Games ကိုဂုဏ်ယူနေကြတဲ့ သူတွေ ဘယ့်နှယ့်လည်း
အခုလိုပြောလိုက်တော့ သဘောပေါက်သွားပြီမဟုတ်လား။ သိန်းစိန်ပုံတွေ
နဲ့တွေ့ရတော့ သံဃာတွေကိုသတ်ခဲ့တဲ့ဒီကောင်ကြီးတွေမျက်နှာမကြည့်
ချင်ဘူးကွာ ဆီးဂိမ်းဆိုဆီးဂိမ်းပုံတွေတင်ကြပါ။စစ်ရေခွံကျွတ်ထားတဲ့ စစ်ခွေး
ဆိုးကြီးဗိုလ်သန်းရွှေရဲ့မိသားစုဘ၀ကိုစောက်ရှောက်နေရတဲ့ ကောင်ပါ။
ဝံပုလွေတွေကို ငါအသည်းနာလို့ပါ။မင်းတို့က ဆိးဂိမ်းဆီးဂိမ်းနဲ့ လက်ပံတောင်း
မြေမှာနဲ့ပြည်သူအများကတော့ထမင်းတွေဂိမ်းနေကြတယ်။ နပ်မမှန်လို့လေ . .
ဆင်းရဲသားပပျောက်ရေးကလည်းအပ်ကပ်ထဲရောက်သွားတယ်နဲ့တူတယ်။
“အပေါ်ယံရွှေမှုန်ကြဲ အတွင်းကနွားချေးကာ” ဆိုတဲ့စကားပုံအတိုင်း အစိုးရက
တော့ ကမ္ဘာကို ရွှေမှုံကြဲ Sea Games ကြီးကိုဟန်ပြလုပ်နေချိန်မှာတော့
ပြည်သူအများစုဟာ rice gamesထမင်းဂိမ်းကြီးကိုတော့ အသက်နဲ့ရင်းပြီး
လုပ်နေရပါတယ်ဆိုတာကိုတင်ပြရင်းမိမိတို့ရဲ့ ကိုယ်ပိုင်အလင်းများ
လင်းလက်တောက်ပနိုင်ကြပါစေ . .။

█ ░ အလင်းရှင် ░ █
 
Photo: Sea games ထက်အရေးကြီးသော  rice games
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  
အလင်းရှင်တို့ပြောရင်ဆိုရင် ဘယ်တော့မှ အစွန်းထွက်အောင်မပြောတက်
မရေးတက်ပါဘူး။အခု ဆီးဂိမ်းအကြောင်းပြောမယ် ရေးမယ်။ ကဲ စပြီ . . 
မြန်မာစကာားပုံကစပြောမယ်။ “အူမတောင့်မှ သီလစောင့်နိုင်တယ်” တဲ့
ဒီအတိုင်းဆိုဘ၀အတွက် သံသာရာအတွက်အရေးကြီးတဲ့ သီလတရားကို
တောင် ပုထုဇဉ်များဟာ အူမတောင့်ဦးမှ။ ဟုတ်တယ်လေ။ ကောက်စိုက်ပျိုး
နှုတ်တဲ့ရက်မှာ ၀ါတွင်းကာလဆိုသော်လည်း လယ်ထဲယာထဲဆင်းရသေး
တယ်လေ။ လယ်စိုက်ယာစိုက်တယ်ဆိုတာ တစ်၇က်နောက်ကြလို့မရဘူး
ပျိုးထောင်ရက် ပျိုးချရက် ပျိုးနှုတ်ရက် ပြီးရင် ဒီပျိုးပင်ကို ပြန်စိုက်ရတဲ့ရက်
အားလုံးဟာ ကွက်တိလုပ်ရတာမျိုး။ နောက်မို့ဆို ရာသီဥတုနဲ့ စိုက်ပျိုးပင်တို့
ရဲ့timing လွဲသွားရင် ထမင်းအိုးကွဲသွားမယ်မှတ်။ အဲလို ပြည်သူအများစုမှာ
Sea games ထက် rice gamesထမင်းဂိမ်းကို အလေးပေးနေရတာဖြစ်
ကြောင်း မြို့နေလူတန်စားဂုဏ်နွယ်ဝင်တို့အား အသိပေးလိုက်ပါတယ်။
ဘာဖြစ်လို့အသိပေးရတာလည်းဆိုတော့ အထက်ကပြောခဲ့သလိုမြန်မာပြည်
မှာ သယံဇာတတွေဘယ်လောက်ပေါပေါ စစ်ခွေးဆိုးတို့တစ်သိုက်တာကြီး
ပွားပြီးပြည်သူမှာတော့ ထမင်းနှပ်မှန်ဖို့အမြဲကြိုးစားနေရတာကို မြို့နေကြေး
ရတက်လူငယ်များကိုသိစေချင်လို့ပါ။ နဲနဲချဲ့တွေးပြရင် နိုင်ငံတိုင်းမှာ သူဆင်း
ရဲဆိုတာရှိပါတယ်။ သို့သော် တို့နိုင်မှာဖြစ်နေကြတဲ့သူဆင်းရဲသားတွေဟာ 
အလုပ်မလုပ်လို့မဟုတ်။ လုပ်စရာလယ်ယာမြေများကို အစိုးရနဲ့ခရိုနီတို့ပူး
ပေါင်းသိမ်းယူကြတယ်။ နေစရာအိုးအိမ်များကိုလည်း ထိုနည်းလည်းကောင်း
ပင်တည်း။ကဲ . . Sea Games ကိုဂုဏ်ယူနေကြတဲ့ သူတွေ ဘယ့်နှယ့်လည်း
အခုလိုပြောလိုက်တော့ သဘောပေါက်သွားပြီမဟုတ်လား။ သိန်းစိန်ပုံတွေ
နဲ့တွေ့ရတော့ သံဃာတွေကိုသတ်ခဲ့တဲ့ဒီကောင်ကြီးတွေမျက်နှာမကြည့်
ချင်ဘူးကွာ ဆီးဂိမ်းဆိုဆီးဂိမ်းပုံတွေတင်ကြပါ။စစ်ရေခွံကျွတ်ထားတဲ့ စစ်ခွေး
ဆိုးကြီးဗိုလ်သန်းရွှေရဲ့မိသားစုဘ၀ကိုစောက်ရှောက်နေရတဲ့ ကောင်ပါ။
ဝံပုလွေတွေကို ငါအသည်းနာလို့ပါ။မင်းတို့က ဆိးဂိမ်းဆီးဂိမ်းနဲ့ လက်ပံတောင်း
မြေမှာနဲ့ပြည်သူအများကတော့ထမင်းတွေဂိမ်းနေကြတယ်။ နပ်မမှန်လို့လေ . . 
ဆင်းရဲသားပပျောက်ရေးကလည်းအပ်ကပ်ထဲရောက်သွားတယ်နဲ့တူတယ်။
“အပေါ်ယံရွှေမှုန်ကြဲ အတွင်းကနွားချေးကာ” ဆိုတဲ့စကားပုံအတိုင်း အစိုးရက
တော့ ကမ္ဘာကို ရွှေမှုံကြဲ Sea Games ကြီးကိုဟန်ပြလုပ်နေချိန်မှာတော့
ပြည်သူအများစုဟာ rice gamesထမင်းဂိမ်းကြီးကိုတော့ အသက်နဲ့ရင်းပြီး
လုပ်နေရပါတယ်ဆိုတာကိုတင်ပြရင်းမိမိတို့ရဲ့ ကိုယ်ပိုင်အလင်းများ 
လင်းလက်တောက်ပနိုင်ကြပါစေ . .။
 
█ ░ အလင်းရှင် ░ █

ကမ္ဘာမကြေမြန်မာပြည်။ . . . တရုတ်ပိုင်လို့နေ . .

ကမ္ဘာမကြေသီချင်းနှင့်ပတ်သက်၍ မဆိုချင်တာကို အပြစ်မပြောကြပါနဲ့။
ကမ္ဘာမကြေသီချင်းက ကမ္ဘာကတော့မကြေဘူးကွ။ မြန်မာပြည်ကတော့
စစ်ခွေးဆိုးကြီးဗိုလ်သန်းရွှေ ထုခြေပစ်လို့ ကြေမွသွားပြီဆိုတာကိ
ုတော့
စစ်ခွေးဆိုးများနဲ့ လော်ဘီများသိပါစေ . .နောက် မွတ်ဒေါင်းတွေလည်း
သိပါစေ . . အဲလိုကမ္ဘာမြေ့ကသီချင်းသံကြားတိုင်း ငါရွာမြေမုံရွာကိုသတိ
ရတယ်။ အခုအချိန်အထိ တို့ဆွေမျိုးတွေကို တ၇ုတ်အမိန့်နဲ့ ပြည်သူ့လစာ
စားနေတဲ့ ရဲတွေစစ်ခွေးတွေနှိပ်စက်လို့သေကြေနေကြပါတယ်။ ဒါ့ကြောင့်
ငါကိုယ်တိုင်လည်းကမ္ဘာမကြေ ကိုမဆိုချင်ဘူး။ ဘာဖြစ်လို့လည်းမေးရင် . . 
အသံက ဒီလိုဖြစ်နေတယ်။ ကမ္ဘာမကြေ၊မြန်မာပြည်၊တို့ဘိုးဘွားအမွေစစ်မို့၊
 တရုတ်ယူလို့နေ။ တို့ပြည်၊တရုတ်မြေ၊ . . အဲလိုသံကြီးဖြစ်နေတယ်လေကွာ။ 
 လက်ပံတောင်းမြေနဲ့ ရခိုင်မြေဟာ တရုတ်သိမ်းပိုက်ာထးတာကို ငါသ
တင်းဆေငာ်းပါးများရေးပြီးပါပြီကွာ။ ဒီလိုအဖြစ်အပျက်တွေမြန်မာပြည်မှာ
ရှိနေသရွှေ့ကမ္ဘာမကြေသိချင်းက ရင်နာစရာကြီးပါကွာ။
█ ░ အလင်းရှင် ░ █
— with Kula Rakkhita and 13 others.

ဘယ်မှာလည်း Sea Game

မြန်မာနိုင်ငံရဲ့ အနာဂါတ်ဟာ ဒီပုံစံတိုင်းသားသွားနေပါက စက်တွေတင်
မဟုတ် လူတွေရဲ့ စိတ်ဓာတ်တွေပါ ပျက်ပြားကုန်ဖွယ်ရာရှိသည်။ အလွယ်
နှိုက်အချောင်လိုက်တဲ့ အကျင့်တွေပေါ့။ ဒီအကျင့်တွေဟာ စစ်ခွေးဆိုးတွေ
ကနေ ဆင့်ပ
ွားရရှိလာတဲ့ သောက်ကျင့်ဆိုးတွေပဲဖြစ်ပါတယ်။ ၀မ်းစာကို
ကာယအားဉာဏအားနဲ့ မရှာချင်ဘဲ သယံဇာတကိုတရုတ်ကိုရောင်းစား
ပြည်သူ့ဘဏ္ဍာကိုခိုးစားဝှက်စားလုစားတိုက်စားပြနေလေတော့ ပြည်သူထဲ
ကလူငယ်များကလည်း အတုမြင်အတက်သင်လာနေကြပါပြီ။ သမ္မာအာဇီ
ဝရိုးသားကြိုးစားစွာ ရိုးရိုးကျင့်မြင့်မြင့်ကြံဆိုတဲ့ သမ္မာဝါယမသမ္မာသင်္ကပ္ပ
တရားများဟာ လုံးပါးပါးလျှက်ရှိနေတာကိုတွေ့မြင်နေရပါတယ်။
အခုလည်းကြည့်ပါ။ အခုမှ Sea Games ပွဲစတယ် စက်ကပျက်နေပြီတဲ့။
ဒါကိုဒီလိုဆောင်းပါးလေးတွေရေးတင်ပေးနေတာ အပြစ်တင်တာမဟုတ်
ဘူး။ ထောက်ပြတာ။ ပြည်သူ့ဝန်ထမ်းတွေကိုတစ်ဦးချင်းစီမှာ တာဝန်ယူ
မှု၊တာဝန်သိမှုစိတ်ဓာတ်တွေမွေးမြူသင့်ကြောင်း ပြောပြတာပါ။ တစ်စုံ
တစ်ယောက်ကိုအပြစ်ဆိုချင်လို့မဟုတ်ပါဘူး။ ပြည်သူ့လစာစားနေတဲ့
ပြည်သူ့ဝန်ထမ်းများဟာ ကိုယ်ကျရာတာဝန်ကိုကျေပွန်အောင်ထမ်းဆောင်
နိုင်တဲ့ အသိစိတ်ဓာလေးတွေကို ထည့်ပေးနေတာပါ။ နှစ်ပေါင်းများစွာ
ခေါင်းဆောင်ယုတ်တွေရဲ့ သောက်ကျင့်များကြောင့် ပြည်သူများမှာလည်း
ရှေ့နွားကြီးကောက်လို့ နောက်နွားကောက်သည့်ပမာ။ ဒီလိုမဖြစ်ရအောင်
သမ္မာမဂ္ဂင်္တရားများဖြင့် သုဂတိခရီးကို လျှောက်လှမ်းနိုင် စေတနာထား
ရေးပြတာပါ။

█ ░ အလင်းရှင် ░ █
— with Kula Rakkhita and 16 others.
Photo: ဘယ်မှာလည်း Sea Game 
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  
မြန်မာနိုင်ငံရဲ့ အနာဂါတ်ဟာ ဒီပုံစံတိုင်းသားသွားနေပါက စက်တွေတင်
မဟုတ် လူတွေရဲ့ စိတ်ဓာတ်တွေပါ ပျက်ပြားကုန်ဖွယ်ရာရှိသည်။ အလွယ်
နှိုက်အချောင်လိုက်တဲ့ အကျင့်တွေပေါ့။ ဒီအကျင့်တွေဟာ စစ်ခွေးဆိုးတွေ
ကနေ ဆင့်ပွားရရှိလာတဲ့ သောက်ကျင့်ဆိုးတွေပဲဖြစ်ပါတယ်။ ၀မ်းစာကို
ကာယအားဉာဏအားနဲ့ မရှာချင်ဘဲ သယံဇာတကိုတရုတ်ကိုရောင်းစား
ပြည်သူ့ဘဏ္ဍာကိုခိုးစားဝှက်စားလုစားတိုက်စားပြနေလေတော့ ပြည်သူထဲ
ကလူငယ်များကလည်း အတုမြင်အတက်သင်လာနေကြပါပြီ။ သမ္မာအာဇီ
ဝရိုးသားကြိုးစားစွာ ရိုးရိုးကျင့်မြင့်မြင့်ကြံဆိုတဲ့ သမ္မာဝါယမသမ္မာသင်္ကပ္ပ
တရားများဟာ လုံးပါးပါးလျှက်ရှိနေတာကိုတွေ့မြင်နေရပါတယ်။
အခုလည်းကြည့်ပါ။ အခုမှ Sea Games ပွဲစတယ် စက်ကပျက်နေပြီတဲ့။
ဒါကိုဒီလိုဆောင်းပါးလေးတွေရေးတင်ပေးနေတာ အပြစ်တင်တာမဟုတ်
ဘူး။ ထောက်ပြတာ။ ပြည်သူ့ဝန်ထမ်းတွေကိုတစ်ဦးချင်းစီမှာ တာဝန်ယူ
မှု၊တာဝန်သိမှုစိတ်ဓာတ်တွေမွေးမြူသင့်ကြောင်း ပြောပြတာပါ။ တစ်စုံ
တစ်ယောက်ကိုအပြစ်ဆိုချင်လို့မဟုတ်ပါဘူး။ ပြည်သူ့လစာစားနေတဲ့
ပြည်သူ့ဝန်ထမ်းများဟာ ကိုယ်ကျရာတာဝန်ကိုကျေပွန်အောင်ထမ်းဆောင်
နိုင်တဲ့ အသိစိတ်ဓာလေးတွေကို ထည့်ပေးနေတာပါ။ နှစ်ပေါင်းများစွာ
ခေါင်းဆောင်ယုတ်တွေရဲ့  သောက်ကျင့်များကြောင့် ပြည်သူများမှာလည်း
ရှေ့နွားကြီးကောက်လို့ နောက်နွားကောက်သည့်ပမာ။ ဒီလိုမဖြစ်ရအောင်
သမ္မာမဂ္ဂင်္တရားများဖြင့် သုဂတိခရီးကို လျှောက်လှမ်းနိုင် စေတနာထား
ရေးပြတာပါ။ 
█ ░ အလင်းရှင် ░ █

အသေ၀နာ စ ဗာလနံ

သိန်းစိန်ကောင်းကြောင်းမပြောနဲ့ အဲဒီကောင်
ဝံပုလွေ စစ်ရေကနေ တိုက်ပုံအရေခြုံထားတာ။ ဒါ့ကြောင့် . .
အခုအချိန်ကနေစပြီး ဦးသိန်းစိန်ပုံများဖြင့်အမွှန်းတင်နေသူများကို လိုက်လံရှာဖွေ၍
စတင်ဘလော့ပစ်ပါပြီ ဘာဖြစ်လို့လည်းဆိုတော့
စစ်ခွေးဆိုးကြီးများရဲ့ ခြံစောင့်ခွေး
များဖြစ်နေတာကို တဖြေးဖြေးပေါ်လွှင်လာလို့ပါ။ အလင်းရှင်ရဲ့ ဘ၀ထဲမှာ ပြည်သူ
စစ်စစ်ကိုသာလျှင် (၅၀၀၀)သန့်သန့်လေးထားချင်ပါတယ်။
ပြောမယ့်သာပြောရတာ ဖေ့ဘွတ်ကကလည်း ပြည်သူစစ်စစ်တွေထဲမှာ အယောင်ဆောင်ဝါဒဖြန့်ချီရေးခွေးတွေကများနတယ်။
ကဲ ဒါ့ကြောင့် စစ်ခွေးအယောင်ဆောင်ဝါဒဖြန့်သူ မွတ်ဒေါင်းအယောင်ဆောင်
ဝါဒဖြန့်သူ . .စတဲ့ သူများကို ဖရင့်အဖြစ်စာရင်း မသွင်းလိုပါ။ ဘုရားရှင်
ကိုယ်တော်မြတ်ကြီိးသည်ပင် အသေ၀နာ စ ဗာလနံလို့ဟောခဲ့သည်မဟုတ်ပါလား . ။

█ ░ အလင်းရှင် ░ █
 
Photo: အသေ၀နာ စ ဗာလနံ 
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ 
သိန်းစိန်ကောင်းကြောင်းမပြောနဲ့ အဲဒီကောင် 
ဝံပုလွေ စစ်ရေကနေ တိုက်ပုံအရေခြုံထားတာ။ ဒါ့ကြောင့် . . 
အခုအချိန်ကနေစပြီး ဦးသိန်းစိန်ပုံများဖြင့်အမွှန်းတင်နေသူများကို လိုက်လံရှာဖွေ၍
စတင်ဘလော့ပစ်ပါပြီ ဘာဖြစ်လို့လည်းဆိုတော့ စစ်ခွေးဆိုးကြီးများရဲ့ ခြံစောင့်ခွေး
များဖြစ်နေတာကို တဖြေးဖြေးပေါ်လွှင်လာလို့ပါ။ အလင်းရှင်ရဲ့ ဘ၀ထဲမှာ ပြည်သူ
စစ်စစ်ကိုသာလျှင် (၅၀၀၀)သန့်သန့်လေးထားချင်ပါတယ်။
ပြောမယ့်သာပြောရတာ ဖေ့ဘွတ်ကကလည်း ပြည်သူစစ်စစ်တွေထဲမှာ အယောင်ဆောင်ဝါဒဖြန့်ချီရေးခွေးတွေကများနတယ်။ 
ကဲ ဒါ့ကြောင့် စစ်ခွေးအယောင်ဆောင်ဝါဒဖြန့်သူ မွတ်ဒေါင်းအယောင်ဆောင်
ဝါဒဖြန့်သူ . .စတဲ့ သူများကို ဖရင့်အဖြစ်စာရင်း မသွင်းလိုပါ။ ဘုရားရှင်
ကိုယ်တော်မြတ်ကြီိးသည်ပင် အသေ၀နာ စ ဗာလနံလို့ဟောခဲ့သည်မဟုတ်ပါလား . ။
█ ░ အလင်းရှင် ░ █

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget