.

AlinShin

Monday, November 18, 2013

မဟနကိုထိလျှင် မချိအောင်နာတက်သော မိစ္ဆာအဖွဲ့တို့သိစေရန်



ရှမ်းပြည်နယ် တောင်ကြီးမြို့က ထင်းရူးမြိုင်ဘုန်းကြီးကျောင်းဝင်းထဲက ဘုရားရဲ့ ထီးတော်ကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အာဏာပိုင်တွေက ဆွဲချခဲ့တာကို မြို့ခံ သံဃာတော်တွေက မကျေနပ် လို့ ရွှေဝါရောင် မျိုးဆက် သံဃာတော်အပါး ၄၀ လောက်ဟာ အဲဒီ ကျောင်းဝိုင်းအတွင်းမှာ ဒီကနေ့ နေ့ခင်းပိုင်းက ဘုရားအနေကဇာတင်ပွဲ ကျင်းပခဲ့ကြပါတယ်။ ဘုရားထီးတော်ချခဲ့သူတွေကို အမှုဖွင့်တိုင်ကြားသွားမယ်လို့ အဲဒီဘုရား အနေကဇာတင်ပွဲကို ဦးဆောင်ခဲ့တဲ့ လောကမာရ်အောင်ကျောင်း တိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တခေမာနန္ဒက RFA ကိုမိန့်ကြားပါတယ်။ "ရွှေဝါရောင် သံဃာတော်တွေ ဦးဆောင်ပြီး မြို့က သံဃာတွေ အနေကဇာတင်တယ်။အနေကဇာတင်တဲ့ရည်ရွယ်ချက်ကဆက်လက် ပြီးတော့ သာသနာ ပြန့်ပွားအောင်လုပ်ရမယ်။ဒီထီးတော်ကြီးကို အကာလညအခါ ဖျက်ဆီးတဲ့သူတွေကို ဥပဒေကြောင်းအရ အရေး ယူပေးပါလို့ပြောရလိမ့်မယ်" ဆေးတက္ကသိုလ်ဆောက်မယ့်မြေနေရာဖြစ်တယ်ဆိုပြီး အာဏာပိုင်တွေဘက်က သိမ်းယူထားတဲ့ အဲဒီ ထင်းရှူးမြိုင်ကျောင်းတိုက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က အာဏာပိုင်တွေဘက်က ဖျက်ဆီးခဲ့သလို ဘုရားရဲ့ထီးတော်ကိုလည်း ဆွဲချခဲ့ကြတယ်လို့ မျက်မြင် သက်သေတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၁ ရက်က တောင်ကြီးဆေးတက္ကသိုလ် ဆောက်လုပ်မယ့်မြေနေ ရာကိုကျူးကျော် တယ်ဆိုပြီး ထင်းရူးမြိုင်ကျောင်းတိုက်က သံဃာ ၁၂ ပါးကို အာဏာပိုင်တွေကလူဝတ်လဲ ခိုင်းခဲ့သလို ကျောင်းထိုင်ဆရာတော်ဦးကဝိစာရကို သာသနာညှိးနွမ်းစေမှုနဲ့အာဏာပိုင်တွေဘက်က တရားစွဲဆိုခဲ့ပြီး ဆရာတော် ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ်ခွဲပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
RFA Burmese
Thit Htoo Lwin - News
  ကဲ . . အလင်းရှင်မှ ဒီသတင်းကိုအခြေခံပြီးဖြည့်စွပ်ပြောကြားချင်တာကတော့
 "ရွှေတိဂုံဘုရား ထီတော်ကြီးကို ဘယ်သူတင်၊
မင်းတုန်းမင်းကြီးတင် ။
ထီးတော်ကြီးဘယ်သူချ၊ မအေလိုးတွေချ"
အထက်ပါသံချပ်ကဗျာလေးကို အာဏာရှင်ဦးနေ၀င်းလက်ထက်မှာရွှေတိဂုံဘုရား 
ယင်ပြင်တော်ပေါ်တွင် တရားပွဲလား တကာဒကာများအား နှုတ်တိုက်ချပေးခဲ့တဲ့ 
ဆရာတော်ကတော့ ပိဋကတ်တော်ပါဠိတော်ဂ္ထါပေါင်း သုံးထောင်ကျော်လောက်ကို 
အာဂုံဆောင်နိုင်ခဲ့တဲ့ " ခမုံဆရာတော်ဘုရားကြီး " ဖြစ်ပါတယ်။ ဆရာတော်ဘုရား
 ကြီးဟာ ထိုစဉ်က ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ ရင်ပြင်တော်လေးပြင်လေးမုဒ်တို့မှာ တရားပွဲများကို ဟောပြောခဲ့ပြီးထိုတရားပွဲများတွင် အထက်ပါသံချပ်ကို တရားနာလာ ပရိတ်သတ်အပေါင်းတို့အားနှုတ်တိုက် ချပေးခဲ့ပါတယ်။ ပြောချင်တာက အာဏာရှင်ကို
ဆန့်ကျင်တာ မဟနမဟုတ်ပါဘူး သံဃာရတာနာတွေပါ။ မဟနဟာ အာဏာရှင်ကို 
မဆန့်ကျင်ခဲ့ပါဘူး မဟနမှအာဏာရှင်ကိုဆန့်ကျင်ခဲ့တဲ့သမိုင်း အထောက်အထားမရှိပါဘူး။
ဒါကြောင့် သံဃာရတာနာတို့သည် ဗုဒ္ဓစေတီတော်များကို ကာကွယ်ခဲ့သည်။ ဓမ္မစေတီ
တော်များကို ကာကွယ်ခဲ့သည်။ သံဃာအဖွဲ့အစည်းကြီးကိုကာကွယ်ခဲ့သည်ဟု . . 
မဟန ကိုထိလျှင် မချိအောင်နာတက်သော . . လူ့အန္ဓအဖွဲ့တို့အားအသိပေးလိုက်ပါသည်။
မှတ်ချက်။ ။ ခမုံဆရာတော်ဘုရားရဲ့ အသံသွင်းကြိုးခွေများကို အမျိုးသားရေးကိုဝါ သနာပါသော နီးစပ်ရာဆရာတော်များထံတွင် တောင်းယူနာထောင်ကြည့်ပါ။
☀အလင်းရှင် ☀

မြန်မာနိုင်ငံကို အာဏာရှင်ဇာတ်သွင်းခဲ့သည့်ဗိုလ်နေ၀င်းရဲမြေးများကိုအခါပေးခဲ့သောသူထောင်မှလွတ်



စကြာအောင်ပွင့်ခေါင် ဗေဒင်ဆက်ဟောမည်ဟုဆို
နိုင်ငံတော် ပုန်ကန်မှုဖြင့် အကျဉ်းကျခဲ့ပြီး ဦးနေဝင်း၏ မြေးနှစ်ဦးနှင့်အတူ လွတ်မြောက်လာသော စကြာ အောင်ပွင့်ခေါင်သည် ဗေဒင်ဟောသည့် အလုပ်ကိုသာ ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းမ် နေ့စဉ်နှင့် နိုဝင်ဘာ ၁၇ ရက်က သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ဗေဒင်ဟော၊ ဓာတ်ခန်းဖွင့်ပြီးခုနစ်ရက်သားသမီးများအကျိုးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ယင်းကဲ့သို့ဟောကြားဖွင့်လှစ် မည့်အစီအစဉ်ကို တရားဝင်ကြေ ညာသွားမည်ဖြစ်ကြောင်း သိရသည်။ စကြာအောင်ပွင့်ခေါင်က ''ဒီမနောဗေဒ ပညာရပ် အလုပ်ကို ပဲ ဆက်လက်လုပ်ဆောင်သွားမှာ ပါ။ လောလောဆယ် လူရောစိတ်ပါ အနားယူထားတဲ့အတွက် ဓာတ် ခန်းဖွင့်ဟောပြောမယ်ဆိုရင်အ များပြည်သူတွေကို တရားဝင်အ သိပေးသွားမယ်။ နောက်ပြီး ဥပဒေ ဘောင်အတွင်းက စီးပွားရေတွေလဲ လုပ်သွားမယ်လို့စဉ်းစားထား တယ်''ဟု ပြောသည်။ စကြာအောင်ပွင့်ခေါင်သည် နိုဝင်ဘာ၁၅ရက်က သာယာဝတီ ထောင်မှ လွတ်မြောက်လာခဲ့ ကြောင်း၊ ၁၂နှစ်နီးပါးအကျဉ်း ကျခံခဲ့ရကြောင်း သိရသည်။ ''စုစုပေါင်းထောင်ဒဏ် ၂၁ နှစ်ချတာ။ ဒီအသုတ်ကျမှလွတ် လာတာ။ သက်ဆိုင်ရာတာဝန်ရှိ သူတွေက ထောင်ကမထွက်မီ အ ပြင်ရောက်ရင် ဗေဒင်မဟောရဘူး တို့၊ ဓာတ်ခန်းမဖွင့်ရဘူးတို့ တား မြစ် ပိတ်ပင်ထားတာတွေ မရှိပါ ဘူး''ဟု ပြောသည်။ စကြာအောင်ပွင့်ခေါင်သည် ဦးနေဝင်းမြေးများ၏ ဆရာတစ် ဦးဖြစ်ကာ ၎င်းကို နိုင်ငံတော် ပုန် ကန်မှု၊ အာဏာသိမ်းမှုများ ပြု လုပ်ရန် ကြံစည်သည်ဟုဆိုကာ ၂၀၀၂ခုနှစ် မတ်လက စတင်ဖမ်း ဆီးခြင်းခံ ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
 ကျော်မြတ်ဇံ
Yangon Media Group Thit Htoo Lwin - News
☀အလင်းရှင်☀

Oic ကုလား မြန်မာပြည်ကထွက်ပြေးသွားပါပြီ . . .



မြန်မာနိုင်ငံမှာ အစိုးရက စစ်မှန်တဲ့ပြုပြင်ပြောင်းမှုတွေကိုဆက်ပြီးလုပ်ဆောင်ဖို့နဲ့ အခြေခံကျတဲ့ လွတ်လပ်ခွင့်ပိတ်ပင်ထားမှုတွေကိုဖြေလျှော့ပေးဖို့ မြန်မာနိုင်ငံကနေ ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ပြန်လည်ထွက်ခွာသွားပြီဖြစ်တဲ့ OIC အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က တိုက်တွန်းသွားပါတယ်။ ရခိုင်ပြည်နယ်ဒေသအသီးသီး မှာ အကြမ်းဖက်မှုပပျောက်ရေး ဆောင်ရွက်ဖို့၊ ပြည်သူတွေကို အကြမ်းဖက်မှုတွေကနေ အကာအကွယ်ပေးပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ အခြေခံလွတ်လပ်ခွင့်တွေ ရရှိဖို့ ဆောင်ရွက်မယ်ဆို ပြီးမြန်မာ အစိုးရက အာမခံထားတာတွေကို OIC ကိုယ်စားလှယ်အဖွဲ့က ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီနဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ဒီကနေ့ထုတ်ပြန်သွားတဲ့ ပူးတွဲကြေညာချက်မှာ ပြောထားပါတယ်။ မြန်မာအစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေတွေကို နိုင်ငံ တကာ စံနှုန်းတွေနဲ့အညီ ပြန်သုံးသပ်နေတာကိုလည်း အသိအမှတ်ပြုပါတယ်လို့ ပြောပြီး မြန်မာနိုင်ငံမှာ အခြေခံလွတ်လပ်ခွင့်ကို ကန့်သတ်ရာရောက်တဲ့ ဥပဒေတွေ ပြန်ပြင်ဆင်တာတွေအပါအဝင် ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက် ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားတာပါ။ မြန်မာအစိုးရဘက်ကလည်း အခုလို OIC အဖွဲ့ရဲ့ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကြိုးပမ်း မှုတွေအတွက် စိတ်ဝင်တစားနဲ့ ကူညီဖို့လုပ်လာတာကို အသိအမှတ်ပြုကြောင်း ပြောကြားထားပါတယ်။ ဗွီအိုအေ (မြန်မာဌာန)
Thit Htoo Lwin - News ☀အလင်းရှင်☀
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget