.

AlinShin

Monday, March 11, 2013

ထိုနေ့က အဲလိုဗိုလ်ရှုတ်တွေကားပိတ်ရပ်ထားလို့ ပြည်သူများဒုက္ခရောက်ခဲ့ရပါတယ်။

Min San added 4 photos.
www.alinshin.com အရိုးမပါသော စာများကိုဖတ်ပါ။ မှကူးယူဖေါ်ပြပါသည်
မြန်မာပြည်မှဗိုလ်လုပ်အာဏာကိုသေထိဆုပ်ကိုင်ချင်တဲ့ သန်းရွှေတောင် အာဏာမရူးနိုင်တော့ဘူး ။ သို့သော်လည်း စစ်တပ်တည်းဟူသော တပ်မတော်ထဲမှာ ပုခုံးပေါ်ကအပွင့်လေးနှစ်ပွင့်သုံးပွင့်လောက်ရှိတဲ့ ဗိုလ်တွေက မဖြစ်စလောက်အာဏာလေးနဲ့
ဘာ့ကြောင့်ရူးချင်နေကြတာတုန်း . . ..
အခုပုံပါအတိုင်း စစ်တပ်ကကားဟာ လူစည်ကားချိန်ရန်ကုန်မြို့မဂိုလမ်းမထက်သူများကားတွေ စည်းကမ်းရှိရှိရပ်ထားစဉ် ဘာ့ကြောင့် ကန်လန့်ဖြတ်ကြီးရပ်ထားရတာလည်း။ တပ်မတော်သာအမိ တပ်မတော်သာအဖဆိုတော့ ဒီလိုဗိုလ်ချုပ်တွေမဟုတ်တဲ့ ဗိုလ်ရှုတ်တွေကို တပ်မတော်တည်းဟူ သောအမိအဖတို့က မဆုံးမထားဘူးလား ဒါဆိုရင် တပ်မတော်ရဲ့မိမဆုံးမဖမဆုံးမသားသမီးတွေလား။ စစ်သင်တန်းမတပ်ရတဲ့ ပြည်သူတွေဟာ စည်းကမ်းရှိစွာ ကားများကို ရပ်ထားပါသော်လည်း စစ်စည်းကမ်းကောင်းတွေကိုသင်ထားပါတယ်ဆိုသော ဗိုလ်ရှုတ်များက . . . ကဲ . . . မြန်မာနိုင်ငံက ပြည်သူလူထုကြီးခင်ဗျာ။ မိမဆုံးမဖမဆုံးမစစ်ဗိုလ်များကို ဆုံးမကြပါစို့လား ခင်ဗျာ။

Monday, March 4, 2013

အာဏာရှင်ဆိုတာ..

သူတို့ပြောင်းချင်သလိုပဲပြောင်းသွားတယ်...

သူများအလိုဘယ်တော့မှမလိုက်ဖူး..
.

ပြောင်းရင်းနဲ့ကောင်းသွားတာရှိသလို..

ပြောင်းရင်းနဲ့မြောင်းထဲလဲရောက်သွားတတ်ပါတယ် ...

(နာဂစ်ဖွဲ့စည်းပုံသို့တည့်တည့်ရည်ညွန်းသည်။)
အာဏာရှင်ဆိုတာ..

သူတို့ပြောင်းချင်သလိုပဲပြောင်းသွားတယ်...

သူများအလိုဘယ်တော့မှမလိုက်ဖူး...

ပြောင်းရင်းနဲ့ကောင်းသွားတာရှိသလို..

ပြောင်းရင်းနဲ့မြောင်းထဲလဲရောက်သွားတတ်ပါတယ် ...

(နာဂစ်ဖွဲ့စည်းပုံသို့တည့်တည့်ရည်ညွန်းသည်။)
---------------------------------------------------------
Ko Myoe shared Ye Yint Nge's status.
ကိုသောင်း ပုလဲမြေမှကူးယူဖေါ်ပြပါသည် www.alinshin.com

Sunday, March 3, 2013

သံဃာတော်တွေကိုမီးရှို့တဲ့သူကိုအမြန်ဆုံးဖေါ်ထုတ်ပေး

ဆန္ဒပြတယ်
ရဲတွေဖမ်းတယ်
မီးတွေပျက်တယ်
ဒုတ်နဲ့ရိုက်တယ်
၁၄၄ ထုတ်တယ်
ကတိတွေပေးတယ်
တွေ့ဆုံမှုတွေလုပ်တယ်
အကြမ်းတွေဖက်တယ်
အဖက်တွေကြမ်းတယ်
လိမ်တယ်ညာတယ်
အာဝါဒါးလုပ်တယ်
ကျော်တယ်ခွတယ်
၂၀၁၅ အတွက်ဆရာကျအောင်လုပ်တယ်.......... ယို့ယို့ :P
---------------------------------------------------
ကြယ် နီ

Min San shared ကိုသောင်း ပုလဲမြေ's photo.မှကူးယူဖေါ်ပြပါသည် www.alinshin.com

သေဆုံးချိန်အထိ လူသတ်မှု၌မပတ်သက်ရကြောင်း စိုင်းနော်ခမ်းငြင်းဆို

Friday, March 01, 2013 Posted by သျှမ်းသံတော်ဆင့်

မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦးသတ်ဖြတ်မှု တရားခံဟု စွပ်စွဲခံရကာ တရုတ်နိုင်ငံကူမင်းမြို့ ၌ ရုံးတင်စစ်ဆေး၍ ယနေ့ ဆေးထိုးသတ်ခံရသော ရွှေတြိဂံဒေသမှ စိုင်းနော်ခမ်းသည် အဆိုပါအမှု၌ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း မသေခင်တရက်အလိုတွင် စီစီတီဗီ သတင်းဌာနအား ဖြေကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်လွှင့်သော တရုတ်နိုင်ငံပိုင် စီစီတီဗီ၌ စိုင်းနော်ခမ်းက “ သေဆုံးသူ ၁၃ ယောက်ရဲ့ မိသားစုဝင်တွေကို လျော်ကြေးငွေ ပေးပြီးပါပြီ။ ဒါပေမယ့် ကျနော် တရုတ်အာဏာပိုင်တွေကိုတခုတောင်းဆိုချင်ပါတယ်။ ကျနော့်ကို လွှတ်ငြိမ်းခွင့် ပေးပါဗျာ။ ကျနော် ဒီလူသတ်မှုမှာ မပါဝင်ရတာ အမှန်တကယ်ပါ။ ကျနော့်မှာ သားသမီး ၁၀ ယောက်ရှိပါတယ်။ ကျနော်သေရင် ကျနော့်သားသမီးတွေကို ဘယ်သူက ရှာကျွေးမလဲ။ သူတို့အားလုံး ဒုက္ခရောက်ကြရမှာပါ။ ကျနော် သူတို့လေးတွေကို ပြန်သွားပြုစုစောင့်ရှောက်ပါရစေ။ ကျနော် လက်လွတ်စပယ် တခါမှ မလုပ်ဖူးပါဘူး။ တကယ်ပါ” ဟု သျှမ်းဘာသာစကားဖြင့် ပြောသည်။

တရုတ်နိုင်ငံ ကူမင်းမြို့၌ ရောက်ရှိနေသော သျှမ်းပြည်သား စိုင်းနော်ခမ်း အသနားခံ အယူခံဝင်နေမှု မအောင်မြင်ဘဲ မတ်လ ၁ ရက် ၌ ဆေးထိုးသတ်ရန် ပြစ်ဒဏ်ချမှတ်ခံရကြောင်း တရုတ်နိုင်ငံပိုင် သတင်းများက ဖော်ပြပါသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမင်းမြို့တော်တွင် မတ်လ ၁ ရက် ဒေသစံတော်ချိန် ၂ နာရီ ၅၅ မိနစ်၌ စိုင်းနော်ခမ်း နှင့် စိုင်းဆန်ခမ်းအား တရုတ်အာဏာပိုင်းများက ဆေးထိုးသတ်လိုက်ပါသည်။

ရုပ်အလောင်းအားသက်ဆိုင်ရာနိုင်ငံ သံရုံးမှတဆင့် မိသားစုထံပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းလည်း တရုတ်အာဏာ ပိုင်များကပြောကြောင်း တရုတ်နိုင်ငံပိုင်သတင်းမီဒီယာများဖော်ပြပါသည်။

စိုင်းနော်ခမ်းအပါအဝင် မြန်မာနိုင်ငံသား ၃ ဦးအား ထိုင်းအစိုးရက မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဝရမ်းထုတ်ပြီးမကြာခင် ၂၀၁၂ ဧပြီလ ၂၄ က လာအိုနိုင်ငံ၌ အဖမ်းခံရသော ရွှေတြိဂံ မူးယစ်ရာဇာအမည်ရ သျှမ်းပြည်သား စိုင်းနော်ခမ်းအား ၂၀၁၁ အောက်တိုဘာ ၅ ရက်က မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦး အသတ်ခံရမှုအတွက် စစ်ဆေးရန်ဟုဆိုကာ ၂၀၁၂ မေလ ၁၀ ရက်နေ့က တရုတ်နိုင်ငံအစိုးရက လွှဲပြောင်းယူဆောင်ပြစ်ဒဏ် စီရင်ခဲ့ခြင်းဖြစ်သည်။

စိုင်းနော်ခမ်းနှင့်အတူ လက်အောက်ငယ်သားများဖြစ်ကြသော စိုင်းအောင်မြတ်(မြန်မာအစိုးရမှ တရုတ်ပြည်သို့ ပို့ပေးသည့် နိုင်ငံသက်သေ)၊ ဆန်ခမ်း၊ ယီလိုင်း၊ ဂျဆီးကား၊ ဂျထူးပိုး၊ ဂျပိုး တို့လည်း ကူမင်းတရားရုံး၌ ရုံးတင်စစ်ဆေးခြင်းခံရပြီးနောက် ယမန်နှစ် နိုဝင်ဘာလဆန်းက စိုင်းအောင်မြတ်မှလွဲ၍ စိုင်းနော်ခမ်း၊ ဆန်ခမ်း၊ ယီလိုင်း နှင့် ဂျဆီးကားတို့ အားသေဒဏ်၊ လားဟူအမျိုး သား၂ ယောက်အနက် ဂျပိုး မှာ ဆိုင်းငံ့သေဒဏ်၊ ဂျထူးပိုးမှာမူ ထောင်ဒဏ် ၈ နှစ် စသည့်ပြစ် ဒဏ်များ မှတ်ခဲ့ပါသည်။

စိုင်းနော်ခမ်းက အဆိုပါ ပြစ်ဒဏ်ချမှတ်ချက်ကို အယူခံဝင်ရန် ကြိုးစားရာ ( Yunnan Provincial People’s Court) တရားရုံးတော် ကပယ်ချသဖြင့် နောက်ဆုံးအနေဖြင့် ပေကျင်းမြို့တော် အမြင့်ဆုံး ပြည် သူ့တရားရုံးတော်သို့ ထပ်မံအယူခံဝင်ခဲ့သော်လည်း မအောင်မြင်ဘဲ မတ်လ ၁ ရက်နေ့ ဆေးထိုးသတ်ရန် တရားရုံးကပြစ်ဒဏ်ချမှတ်ခဲ့သည်။

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်သား စိုင်းနော်ခမ်းသည် ဦးခွန်ဆာဦးဆောင်သည့် မုန်းတိုင်းအာမီ ၁၉၉၆ လက်နက်ချ စဉ်ပါ ဝင်ခဲ့၏။ ထို့နောက်ပိုင်း အစိုးရကျောထောက်နောက်ခံပြုသည့် တာချီလိတ်မြို့နယ်အခြေစိုက် ပြည်သူ့စစ်အဖွဲ့ အဖြစ် ရပ် တည်ခဲ့၏။ ထိုချိန်မှစ၍ ထိုင်းနိုင်ငံအတွင်းဝင်ရောက်သည့်မူးယစ်ဆေးဝါးများသည် စိုင်းနော်ခမ်း၏ လက်ချက် ဟု စွပ်စွဲ သောကြောင့် မြန်မာအစိုးရက ၂၀၀၆ တွင် ၎င်းနေထိုင်ရာ အိမ် နှင့် ပတ်သက်ဆက်နွယ်သည့် အသိုင်းအဝိုင်း အား ရှာဖွေမွှေ နှောက်ခဲ့၏။ ၎င်းနောက် မဲခေါင်မြစ် ရွှေတြိဂံဒေသအတွင်း အဖွဲ့ဝင်အချို့နှင့်အတူ ပုန်းရှောင်နေထိုင်လှုပ်ရှားခဲ့သည်မှာ ယခုကဲ့သို့ ဖမ်းဆီးစီရင်ခြင်းခံရသည့်အချိန်အထိ ဖြစ်ပါသည်။ စိုင်းနော်ခမ်း ကွယ်လွန်ချိန်တွင် အသက် ၄၅ နှစ် ရှိပါသည်။
--------------------------------------------------------
Ko Myoe shared Jade Land's photo.

စစ်ကျွန်အောက်ကလွတ်မဲ့လမ်း

စစ်ကျွန်အောက်ကလွတ်မဲ့လမ်း
------------------------------
သံဃာ့သပိတ်
ကျောင်းသားသပိတ်
လယ်သမားသပိတ်
အလုပ်သမားသပိတ်
သပိတ်စုံသူပုန်ထမှ
လွတ်မြောက်ရမည် ။

ရဟန်းရှင်လူ
ပြည်သူအပေါင်း
ကျောင်းသားစုံညီ
ဒီမိုကရေစီနဲ့လူ့အခွင့်အရေး
ငြိမ်းချမ်းရေးနဲ့တန်းတူညီမျှရေး
ကြွေးကြော်သံညီညွတ်လို့
ခွပ်လက်ပြင် ခွပ်လက်သွေး ။

ညီလော့ဧရာ
ဧရာညီလော့
အားမပျော့နှင့်
မလျှော့လုံ့လ
မခသူ့အောက်
မကျောက်ရဲသွေး
နီစွေးညီညွတ်
ခွပ်ဒေါင်းအလံနဲ့ချီပါလှဲ့ ။ ။

နီလွင်သွေး(ဒဿနိက)
၃ ၊ ၁ ၊ ၂၀၁၃
သောကြာနေ့ ။ 
----------------------
Zaw Nay Myo
သံဃာ့သပိတ်
ကျောင်းသားသပိတ်
လယ်သမားသပိတ်
အလုပ်သမားသပိတ်
သပိတ်စုံသူပုန်ထမှ
လွတ်မြောက်ရမည် ။

ရဟန်းရှင်လူ
ပြည်သူအပေါင်း
ကျောင်းသားစုံညီ
ဒီမိုကရေစီနဲ့လူ့အခွင့်အရေး
ငြိမ်းချမ်းရေးနဲ့တန်းတူညီမျှရေ
ကြွေးကြော်သံညီညွတ်လို့
ခွပ်လက်ပြင် ခွပ်လက်သွေး ။

ညီလော့ဧရာ
ဧရာညီလော့
အားမပျော့နှင့်
မလျှော့လုံ့လ
မခသူ့အောက်
မကျောက်ရဲသွေး
နီစွေးညီညွတ်
ခွပ်ဒေါင်းအလံနဲ့ချီပါလှဲ့ ။ ။

နီလွင်သွေး(ဒဿနိက)
၃ ၊ ၁ ၊ ၂၀၁၃
သောကြာနေ့ ။
----------------------
Zaw Nay Myo

Min San shared ကိုသောင်း ပုလဲမြေ's photo.မှကူးယူဖေါ်ပြပါသည် www.alinshin.com

မတ်လ -၁၃-ဖုန်းမော်ကျဆုံး

မှတ်မိသေးရင်
သတ္တိသွေးတွေ
ပြလိုက်ကြပါ....။
---------------------------
Ahman Tayar
မှတ်မိသေးရင်
သတ္တိသွေးတွေ
ပြလိုက်ကြပါ....။
---------------------------
Ahman Tayar

Min San shared ကိုသောင်း ပုလဲမြေ's photo.
မှကူးယူဖေါ်ပြပါသည် www.alinshin.com

သက်ဆိုင်တဲ့သူတွေကို တရားစွဲမယ်တဲ့..

အဲဒီနေ့မှာ လါတောင်းပန်ပါတဲ့ ဟော့နယူး မှာပါတယ်နော်.....မလါရင် သက်ဆိုင်တဲ့သူတွေကို တရားစွဲမယ်တဲ့.......အိုး..............လုပ်ချလိုက်ပြန်ပြီ (တိုးတိုးပြောမယ်...အခု အဘတွေက လက်ခံပါ့မလါး ကြည့်လုပ် ကြောက်စရာကြီးနော်)

Min San shared Skyheart Winko's photo.မှကူးယူဖေါ်ပြပါသည် www.alinshin.com

* ၀ါတွင်းချိန် *

* ၀ါတွင်းချိန် *

ငှက်ကလေးက စိုးစီစိုးစီ
ဝင်ပေါက်မှာမြည် ။

ချိန်တန်ပြီ ညီမထွေးရဲ့
ဆွမ်းချက်စို့လေး ။ ။

ဦးပေါင်းကို ဆွမ်းတော်တင်
သုံးချောင်းထောက်ပြင် ။

သံလွင်လွင် ကြေးစီတီးလို့
ထွန်းတဲ့ ဆီမီး ။

အမျှတဲ့သုံးကြိမ်ဝေ
သွန်းတဲ့ညောင်ရေ ။

မာပါစေ ကမ္ဘာသား
အောက် ထက် နံ လျား ။

ရွာဦးက ကြေးစည်သံ
ကျောင်းဝေဠုဝန် ။

ဆွမ်းတော်ခံ ကိုရင်ကြွလိမ့်
ဆွမ်းအုပ်ပြင်ပ ။

ကိုရင်ကြီး ပျိုတို့မောင်
ညှိုးနွဲ့ ယောင်ယောင် ။

ပျိုတို့မောင် မာပါစ
မေးလိုက်ပါကြ ။

မာပါရဲ့အထွေးရယ်
ပြောလိုက်ပါကွယ် ။

ရွာလယ်မှာ ကိုရင်ပန်းလို့
ညှိုးနွမ်းလျ - တဲ့ ။

ကပ္ပိယအဖိုးအို
ဆိုးလှတယ်ဆို ။
ဒို့ကိုရင်ထိပ်ပြောင်သားကို
ခေါက်လိမ့်လေလား - တဲ့ ။

ဟင်းလေးကို ကျိုချက်လို့
မနက်က ထည့်လိုက်တယ်
ကိုရင့်ဘို့ကွယ် ။

ရွာလယ်မှာ သူငယ်လဲတယ်
ဆွမ်းတော်ခွက်ကွဲ ။

ချာရစ်လေး မပျောက်ခင်
ထွက်ခဲ့စေချင် ။

လိင်ပြန်ယင် ဆံရှည်ထားပါနဲ့
သန်းတွေကများ - တဲ့ ။

လိင်ပြန်ရင် ကိုရင်ဝတ်ဖို့
ပလေကတ် အနံကျယ်
ဈေးကြိုက၀ယ် ။
အနံကျယ် ခါးပုံနွဲ့တယ်
ဆုတ်လိုက်ပါ - တဲ့ ။

ဆွမ်းတော်ခံ ကိုရင်ကြွတော့
မယ်စလို့ မေးလိုက်တယ် ။

ရှင်လိင်ပြန် ဘယ်တော့ရက်
ထွက်ခဲ့ပါ့မယ် ။

မျက်နှာငယ်ငယ်
ဘဲ့နှယ်မှ မမိန့် ။
သည်တစ်ဝါ အနိုင်ခဲလို့
နွှဲရှာရလိမ့် ။

ကိုရင်ကြီး လာမယ်ဆို
ဝင်ပေါက်ကကြို ။
အို အလို ကိုရင်ထွက်ကယ်
ငါး ငပိချက် ။

မင်းသုဝဏ်
၁၉၄၈

ရေချမ်းစင် မှ

.......................
ရွာလယ်မှာ ကိုရင်ပန်းလို့
ညှိုးနွမ်းလျ - တဲ့ ။
.............
ဒို့ကိုရင်ထိပ်ပြောင်သားကို
ခေါက်လိမ့်လေလား - တဲ့ ။
........................

လိင်ပြန်ယင် ဆံရှည်ထားပါနဲ့
သန်းတွေကများ - တဲ့ ။
အနံကျယ် ခါးပုံနွဲ့တယ်
ဆုတ်လိုက်ပါ - တဲ့ ။
..........................
အဲဒီ မှာ “ တဲ့ ” တွေ ပါ ၊ မပါ ဗျာ ... နားလည်သူများ ရှိရင် ပြောကြပါဦး ။

-------------------------------------
Bo Han

နော်ဝေနှင်. ဦးသိန်းစိန်-- နော်ဝေ ကိုသိပ်အထင်မကြီးနဲ.ဦး။

နော်ဝေနှင်. ဦးသိန်းစိန်--
နော်ဝေ ကိုသိပ်အထင်မကြီးနဲ.ဦး။

စကင်ဒီနေးဗီးယန်းနိုင်ငံတွေထဲမှာ နော်ဝေ မှာပြောစရာတွေ ရှိတယ်။ ဒီဗွီဘီ ထောင်ထားပေးတာ ကလွဲရင် ၀န်ထမ်းတို.၏ စရိုက်သဘာဝတွေကို နော်ဝေရေဒီယိုက အုပ်ချုပ်ရေးမှုးတို.က အကဲမဆတ်ပါ။ ဟန်ယောင်ငွေပဲကြည်.လေ။ ပွဲခ ရရင် သူတို. က မြန်မာစစ်အုပ်စု၏ တိုက်ရာပါခိုးရာပါငွေမဲတွေကို ၀ိုင်းလျှော် ဖွတ်ပေးကြပါလိမ်.မယ်။

နိုင်ငံတကာ သတင်းတွေမှာလည်း နော်ဝေဟာ အရှေ.ဖျား က ဂျပန်လို သူ. လူဦးရေ၊ သူ.ရေမြေတောတောင်နဲ. ပတ်သက်ရင် အလွန် အကဲဆတ်ပြီး၊ သူတပါးနိုင်ငံ မှာ ဆို အခွင်.အရေးအတွက် သိပ်လက်နှေးသူ မဟုတ်ခဲ.ပါ။
ဘရာဇေးလ် မလေး ရှား အင်ဒို နီးရှား က သစ်တောတွေ အရင်း အမြစ်တွေ နစ်နာမှု မှာ နော် ဝေနိုင်ငံလည်း တရှယ်ယာ ပါဝင်နေတယ် ဆိုတာ မမေ.ပါနဲ.။ ဝေလငါးကြီးတွေကို ရက်ရက်စက်စက် သတ်တဲ.နိုင်ငံ။ အထင်ကြီးစရာ မရှိပါ။ ဂျပန်နဲ.ဆင်တယ်။

မကြာသေးခင်က မှ ဘီလီယံနဲ.ချီပြီး ကုန်ကျမှုတွေများလွန်း အကြံကြီးလွန်းသော တရုတ် ကအမြန် မီးရထားလုပ်ငန်းတွမှာ ခြစားလို.လူမိသွားတဲ. တရုပ်မီး ရထား ၀န်ကြီးဟောင်း နဲ. သူ. အပေါင်းအပါတွေဟာ နော် ဝေနဲ. ၂၀၀၄ ကတည်း က တရုတ် ဆက်သွယ်ရေးဝန်ကြီး ၂၀၁၂ မှာ မပြုတ်ခင်အထိ နီးနီးစပ်စပ် ရှိခဲ.ပါတယ်။

မြန်မာနိုင်ငံ က ရဖျူ၈ျီတွေ ခေါ်ထား၊ ထောက်ပံ.ကြေးတွေပေးတဲ. အတွက်နော်ဝေကို ကျေးဇူးတင်ပါတယ်။

ဒါပေမဲ.- သူများနိုင်ငံကိစ္စ စွက်ဖက်တဲ.နေရာမှာ နော်ဝေ. နိုင်ငံ၏အချိုး နဲ.လုပ်ပုံလုပ်နည်းက က ဂျာမာန်ခေါင်းနဲ. အရှေ. ဥရောပ စတိုင်လ်၂ ခုပေါင်းစပ်ထားသလိုပဲ။
တင်စားပြောတာဖြစ်ပါတယ်။ ဂျာမာန်ခေါင်းဆိုတော. ခိုင်ခံ.တဲ. ဖလော် တခုခုနဲ. အခြေခံထားသလိုလို ရှိပြီး၊ အရှေ. ဥရောပနည်းနဲ.ပွဲစားလုပ် အလယ်လူ -ရှိုးနည်းမျိုးပေါ.။

တချိန်က လူဆိုးတွေ ကမ္ဘာ.နိုင်ငံ အနှံ.အပြားထွက်တိုင်း သိပ် အထင် မကြီးကြပါနဲ.။ တချိန်က လစ်ဗျားက လူဆိုးကြီး ကဒါဖီ.သားအငယ်ဆုံး ပျော် ရာ မြို. က တိုရန်တိုပါ။

နိုင်ငံတခု မှာ သူ. လူမျိုး သူ.ဆိုင်ရာ ရပိုင်ခွင်.တွေနဲ. ဒီမို ကရေစီ ရှိတိုင်း၊ မြန်မာပြည်က လူဆိုးကြီးများ နဲ. ထိုနိုင်ငံတွေက ယဉ်ကျေးမှု အဆက်အစပ်မရှိပါ။ ဒီတော.- နော် ဝေထွက်ပြီး နော်ဝေ၏ ဒီမိုကရေစီ ရေပန်းနဲ. ဦးသိန်းစိန် ဘက်ပတိုက်စ် သွားလုပ်နေတယ်တော. မထင်ကြနဲ.။ အပေး အယူ သွားလုပ်ကြတာ။ ဟန်ယောင်ငွေက ပွဲစား။

သေသေချာချာကြည်.။ ကဒါဖီပိုက်ဆံတွေ ဂျာမဏီက ဘဏ်တွေမှာ ရှိတယ်။ ပြင်သစ်မှာ ရှိတယ်။ ပြီးခဲ.တဲ. ပြင်သစ် ၀န်ကြီးချုပ်ဟောင်းကတော. ၀န်ခံစရာမလိုပဲ ရွေးကောက်ပွဲ ရှုံးတော. အသာလေး ထွက်သွားတယ်။ ဂျာမဏီကတော. ဧဧဆေးဆေးပဲ။ မြန်မာထောက်လှန်းရေးတို. ကို အမြဲ ထိန်းကျောင်းပေးနေတဲ. နိုင်ငံ။ ထွက်ပြေးနေတဲ. ကဒါဖီလက်ထောက် က သြစထီးယား မှာ လူသူ မသိ အသတ်ခံလိုက်ရတယ်။

ကချင်ပြည်နယ်တစ်ခုလုံးကိုဖျက်ဆီးပြီးမှ ကမ္ဘာတစ်ခေါက်ထပ်ပတ်ကြဦးမယ်။ ငြိမ်းချမ်းရေးဝတ်ရုံဝတ်မြန်မာစစ်ဘီလူးများ စီက သင်တို.ဘာ ရပြီးပြီလဲ။
-----------------------------------------
Bo Han shared Aye Aye Soe Win's status.

စကင်ဒီနေးဗီးယန်းနိုင်ငံတွေထဲမှ
ာ နော်ဝေ မှာပြောစရာတွေ ရှိတယ်။ ဒီဗွီဘီ ထောင်ထားပေးတာ ကလွဲရင် ၀န်ထမ်းတို.၏ စရိုက်သဘာဝတွေကို နော်ဝေရေဒီယိုက အုပ်ချုပ်ရေးမှုးတို.က အကဲမဆတ်ပါ။ ဟန်ယောင်ငွေပဲကြည်.လေ။ ပွဲခ ရရင် သူတို. က မြန်မာစစ်အုပ်စု၏ တိုက်ရာပါခိုးရာပါငွေမဲတွေကို ၀ိုင်းလျှော် ဖွတ်ပေးကြပါလိမ်.မယ်။

နိုင်ငံတကာ သတင်းတွေမှာလည်း နော်ဝေဟာ အရှေ.ဖျား က ဂျပန်လို သူ. လူဦးရေ၊ သူ.ရေမြေတောတောင်နဲ. ပတ်သက်ရင် အလွန် အကဲဆတ်ပြီး၊ သူတပါးနိုင်ငံ မှာ ဆို အခွင်.အရေးအတွက် သိပ်လက်နှေးသူ မဟုတ်ခဲ.ပါ။
ဘရာဇေးလ် မလေး ရှား အင်ဒို နီးရှား က သစ်တောတွေ အရင်း အမြစ်တွေ နစ်နာမှု မှာ နော် ဝေနိုင်ငံလည်း တရှယ်ယာ ပါဝင်နေတယ် ဆိုတာ မမေ.ပါနဲ.။ ဝေလငါးကြီးတွေကို ရက်ရက်စက်စက် သတ်တဲ.နိုင်ငံ။ အထင်ကြီးစရာ မရှိပါ။ ဂျပန်နဲ.ဆင်တယ်။

မကြာသေးခင်က မှ ဘီလီယံနဲ.ချီပြီး ကုန်ကျမှုတွေများလွန်း အကြံကြီးလွန်းသော တရုတ် ကအမြန် မီးရထားလုပ်ငန်းတွမှာ ခြစားလို.လူမိသွားတဲ. တရုပ်မီး ရထား ၀န်ကြီးဟောင်း နဲ. သူ. အပေါင်းအပါတွေဟာ နော် ဝေနဲ. ၂၀၀၄ ကတည်း က တရုတ် ဆက်သွယ်ရေးဝန်ကြီး ၂၀၁၂ မှာ မပြုတ်ခင်အထိ နီးနီးစပ်စပ် ရှိခဲ.ပါတယ်။

မြန်မာနိုင်ငံ က ရဖျူ၈ျီတွေ ခေါ်ထား၊ ထောက်ပံ.ကြေးတွေပေးတဲ. အတွက်နော်ဝေကို ကျေးဇူးတင်ပါတယ်။

ဒါပေမဲ.- သူများနိုင်ငံကိစ္စ စွက်ဖက်တဲ.နေရာမှာ နော်ဝေ. နိုင်ငံ၏အချိုး နဲ.လုပ်ပုံလုပ်နည်းက က ဂျာမာန်ခေါင်းနဲ. အရှေ. ဥရောပ စတိုင်လ်၂ ခုပေါင်းစပ်ထားသလိုပဲ။
တင်စားပြောတာဖြစ်ပါတယ်။ ဂျာမာန်ခေါင်းဆိုတော. ခိုင်ခံ.တဲ. ဖလော် တခုခုနဲ. အခြေခံထားသလိုလို ရှိပြီး၊ အရှေ. ဥရောပနည်းနဲ.ပွဲစားလုပ် အလယ်လူ -ရှိုးနည်းမျိုးပေါ.။

တချိန်က လူဆိုးတွေ ကမ္ဘာ.နိုင်ငံ အနှံ.အပြားထွက်တိုင်း သိပ် အထင် မကြီးကြပါနဲ.။ တချိန်က လစ်ဗျားက လူဆိုးကြီး ကဒါဖီ.သားအငယ်ဆုံး ပျော် ရာ မြို. က တိုရန်တိုပါ။

နိုင်ငံတခု မှာ သူ. လူမျိုး သူ.ဆိုင်ရာ ရပိုင်ခွင်.တွေနဲ. ဒီမို ကရေစီ ရှိတိုင်း၊ မြန်မာပြည်က လူဆိုးကြီးများ နဲ. ထိုနိုင်ငံတွေက ယဉ်ကျေးမှု အဆက်အစပ်မရှိပါ။ ဒီတော.- နော် ဝေထွက်ပြီး နော်ဝေ၏ ဒီမိုကရေစီ ရေပန်းနဲ. ဦးသိန်းစိန် ဘက်ပတိုက်စ် သွားလုပ်နေတယ်တော. မထင်ကြနဲ.။ အပေး အယူ သွားလုပ်ကြတာ။ ဟန်ယောင်ငွေက ပွဲစား။

သေသေချာချာကြည်.။ ကဒါဖီပိုက်ဆံတွေ ဂျာမဏီက ဘဏ်တွေမှာ ရှိတယ်။ ပြင်သစ်မှာ ရှိတယ်။ ပြီးခဲ.တဲ. ပြင်သစ် ၀န်ကြီးချုပ်ဟောင်းကတော. ၀န်ခံစရာမလိုပဲ ရွေးကောက်ပွဲ ရှုံးတော. အသာလေး ထွက်သွားတယ်။ ဂျာမဏီကတော. ဧဧဆေးဆေးပဲ။ မြန်မာထောက်လှန်းရေးတို. ကို အမြဲ ထိန်းကျောင်းပေးနေတဲ. နိုင်ငံ။ ထွက်ပြေးနေတဲ. ကဒါဖီလက်ထောက် က သြစထီးယား မှာ လူသူ မသိ အသတ်ခံလိုက်ရတယ်။

ကချင်ပြည်နယ်တစ်ခုလုံးကိုဖျက်ဆီးပြီးမှ ကမ္ဘာတစ်ခေါက်ထပ်ပတ်ကြဦးမယ်။ ငြိမ်းချမ်းရေးဝတ်ရုံဝတ်မြန်မာစစ်ဘီလူးများ စီက သင်တို.ဘာ ရပြီးပြီလဲ။
-----------------------------------------
Bo Han shared Aye Aye Soe Win's status.
Min San shared ကိုသောင်း ပုလဲမြေ's photo.မှကူးယူဖေါ်ပြပါသည် www.alinshin.com
 
" အမွေ "

" အမွေ "
-----------

လက်ပံတောင်းက
ကြေးမောင်း ဒူ ဒူ
မအူပင်ကို ရောက်လာပြီ။

ဘယ်သူ့ အတွက်
ဘာအတွက်လဲ၊ ရဲမှုထမ်းက
လူသတ်လက်နက် သုံးမလား
လယ်သမားလည်း
ဓားကိုင်စွဲခွင့်ရှိတာပဲ။

ကိုယ်ဝန်ဆောင်တောင်
မရှောင်ရိုက်ခိုင်း၊ သမိုင်းမြင်ကွင်း
ပွင့်လင်းမြင်သာလှချည့်ရဲ့ ။

တို့ ဘိုးဘွားမြေ၊ တို့ အဖေ့ယာ
တို့  ခုတ်ထွင်တယ်၊ တို့ ထွန်ယက်မှ
အသက် ၀ ၀ ရှူလို့ ရတယ်၊
တမှေးခန အိပ်ရေးဝတယ်၊
ဘာများ မှားတာ ရှိလို့ လဲ။

ဗေဒါခေါင်းထောင်
ငါးဖောင်ကြိုးဖြုတ်၊ ဘဲအုပ်ကိုမောင်း
ရေကြောင်းကိုပြင်၊ လှေလောင်းကိုဆင်
မြစ်ပြင်ကထွက်၊ ကန်ဘောင်တက်ကြ
မလက်တိုက စိန်ခေါ်ပြီ။

မြစ်ဝကျွန်းပေါ်၊ အရေးတော်ပုံ
ဂဠုန် သူပုန် ထပြီတင့်။

မောင်လွမ်းဏီ
၂၇ - ၂ - ၂၀၁၃
-------------------------
Bo Han shared တို့ဗမာ Dobama's photo.

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget