.

AlinShin

Thursday, January 24, 2013

ကျွန်တော်နဲ့အမှားများ(သို့) မြန်မာနိုင်ငံအတွင်း (၂၀၁၂)ရဲ့အထူးခြားဆုံး ဒီမိုကရေစီရသ



ကျွန်တော်ဟာ တော်တော် မိုက်လုံးကြီး မိုက်လုံးထွား မိုက်လုံးငွားငွားဆင့်တဲ့အကောင်ပါ။ ကိုယ့်ရင်ဘတ် ထူထူထဲထဲကို အများမြင်အောင် ဇွတ်အတင်းဖွင့်ချပြနေတော့ အခြားရင်ဘတ်တွေက ကာလာပုံစံကွဲတွေလေ ဒါကိုပဲ ကျွန်တော်က မိုက်မိုက်မဲမဲနဲ့ စကားလုံးမိုဖေါက်ပြနေတယ်။
ကျွန်တော်အခုလို ကိုယ့်ရင်ဘတ်အတိုင်းအများကိုထပ်တူပြုနေမှုရဲ့ အမှားကို ကျွန်တော်ကိုယ်ပိုင် အတ္တနောမတိ နဲ့သိတာမဟုတ်ပါဘူး။ အသောကမင်းတရားကြီးကဆုံးမလိုက်တာပါ။ အသောကဆို တာတစ်ချိန်ကမှ အခုတိုင်အောင် ကမ္ဘာစာပေတို့မှာ စာပေလိုက်စားသူများ သိကြပါတယ်။ အဲဒီ အသောကမင်းကြီးရေးသားမှတ်တမ်းပြုထားခဲ့တဲ့ အသောကကျောက်စာများရဲ့ အသံတွေကြောင့်ပါပဲ။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အရှေ့တောင်ဘက်ပိုင်းကို ဗုဒ္ဓခေတ်က ကုရုတိုင်း ကမ္မသဓမ္မမြို့ဖြစ်နိုင် ကြောင်းကို အိန္ဒိယရှေးဟောင်းသုတေသနဌာနက သတ်မှတ်ယုံကြည်ထားပါတယ်။ အဲဒီမြို့လေးမှာ ဗုဒ္ဓဟာ မဟာသတိပဋ္ဌာနသုတ္တန်ကို အထူးဟောကြားခဲ့ကြောင်း အသောကကျောက်စာများက သက် သေထူထားပါတယ်။
ဒါကိုကျွန်တော်သတိထားမိလိုက်တာနဲ့အမျှ ကျွန်တော်ဟာ facebook မှာ ကျွန်တော်လှစ်လှပ်ပြခဲ့တဲ့ စကားလုံးများကို ကျွန်တော်ကိုယ်တိုင်ပဲ ပြန်ဖုံးကွယ်ထားချင်ပါတော့တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဗုဒ္ဓဟာ ၀ါဆိုစဉ်ကိုကြည့်ရင်  အကြာဆုံးနေခဲ့တဲ့ ရာဇဂြိုဟ်မြို့ ဇေတ၀န်ကျောင်းမှာ မဟာသတိပဋ္ဌာ- နသုတ္တန်ကိုမဟောခဲ့ဘူး။ ဒါကိုနှောင်းခေတ်သမိုင်းသုတေသီများက ̏အကြာဆုံးနေတဲ့ ဇေတ၀န် ကျောင်းမှာ အကောင်းဆုံးဖြစ်တဲ့ မဟာသတိပဋ္ဌာနသုတ္တန်ကိုမဟောခဲ့တာဟာ ဗုဒ္ဓခေတ်ဗုဒ္ဓအခါ သမယတုန်းက ကုရုတိုင်း ကမ္မာသဓမ္မမြို့သားတော်တော်များများဟာ ဉာဏ်စူးရှထက်မျက်ကြတဲ့ အတွက်လို့ ကောက်ချက်ချခဲ့ပါတယ်။˝
အဲဒီကောက်ချက်သာမှန်မယ်ဆိုရင် ကျွန်တော်ဟာကိုယ့်ရင်ဘက်ထဲကပုံရိပ်သွင်ပြင်စကားလုံးများကို facebook မှာအားကုန်သွန်ပြနေခြင်းဟာ အမှားကြီးပဲပေါ့။ စရိုက်မတူဉာဏ်မတူနိုင်တဲ့ အခြေအ နေတစ်ခုမှအကြောင်းအရာတွေကို ရေးသားဖေါ်ပြနေတယ်ဆိုတာ ရေးသူသာမှားတာပါလို့ ဆုံးဖြတ် ချက်ချရပေတော့မယ်။
ဥပမာ မြန်မာနိုင်ငံအတွင်း အခု(၂၀၁၂)ခုမှာ မွတ်ဆလင်ဘာသာဝင်တွေပွဲတော်ဖြစ်တဲ့အီးဒ်နေ့ အထိမ်းအမှတ်ပွဲတော်အား ကျင်းပတော့မည်မဟုတ်ကြောင်းသတင်းကိုဖတ်လိုက်ရတော့ကျွန်တော့် ရင်ထဲမှာ ဘာသာရေးအယူဝါဒအရသော်လည်းကောင်း ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း တုန်လှုပ် ၀မ်းသာမှုမရှိခဲ့သလို ၀မ်းနည်းစိတ်ဆင်းရဲမှုလည်းမဖြစ်ခဲ့။
သို့သော် သတ္တ၀ါတို့အားကရုဏာတရားအရ မြန်မာလယ်ယာမြေမှာ ဆန်စပါးနဲ့အခြားသီးထပ်သီး ညှပ်များကို တောင်သူဦးကြီးများနဲ့အတူ ရင်ဘောင်တန်း ထွန်ယက်စိုက် ပျိုးခဲ့တဲ့ မြန်မာ့သားကောင်းခိုင်း နွားကြီးများမှာ အသက်အရွယ်အရဖြစ်စေအကြောင်းအမျိုးမျိုးကြောင့် အလုပ်မလုပ်နိုင်ကြတော့တဲ့အ ခါ အထူးသဖြင့် ဒီလိုနွားသတ်ပွဲနေ့ဖြစ်တဲ့ အီးဒ်နေ့ဟာ မြန်မာခိုင်းနွားပင်စင်စားများအတွက် မရဏနေ့ မဟုတ်တော့ပါဘူး။ ဒါမြန်မာနိုင်ငံရဲဒီမိုကရေစီရေးမှာ အထူးခြားဆုံးပြုပြင်ပြောင်းလဲမှုတစ်ခုပါပဲ။

အဲဒီလို သတ္တ၀ါထဲတွင် အပါအ၀င်ဖြစ်သော်လည်း မြန်မာနိုင်ငံအနေနဲ့ မိခင်အဖြစ် ဒီနေ့တိုင်သတ်မှတ် နေရတဲ့ ပင်စင်စားမြန်မာ့လုပ်သားခိုင်းနွားကြီးများကို အထူးတစ်လည် အသတ်မခံရတော့တာမို့ ကျွန် တော်က ကရုဏာစိတ်ထား ၀မ်းသာမှုများနဲ့ ပိုစ့်တင်ခဲ့ပါတယ်။ ဘယ်သူမှာ Like မလုပ်ကြသလို ဖတ် မယ်လည်းမထင်ခဲ့ပါဘူး။ဒီဥပမာကိုကြည့်ပြီး ဗုဒ္ဓဟာမဟာသတိပဋ္ဌာနသုတ္တန် ကိုရာဇဂြိုဟ်မြို့မှာမဟောခဲ့တာပါလားလို့ ကျွန် တော်နားလည် သွားခဲ့ပါတယ်။ ဒီလိုပါပဲ အခြား နိုင်ငံရေးကဏ္ဍတွေမှာလည်း ဒီသဘောဆောင်နေပါ တယ်။
သို့သော်လည်း ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံနဲ့သော်လည်းကောင်း ကမ္ဘာနဲ့သော်လည်းကောင်း သုခဒုက္ခများကို ကြုံတွေ့ရတဲ့အခြေအနေအရပ်ရပ်တွေကို ကိုယ်တိုင်ထိတွေ့လာတဲ့အခါ မရေးရရင်မ နေနိုင်တော့ပါ။ အများသိပါစေတော့ . . . အများသုံးစွဲပါစေတော့ . . .  အဲလိုကုသိုလ်အားကထောင်း ထောင်းထလာတော့ . . . အခုလိုရေးပြီး တင်မိပြန်ပါရော။
ဘာပဲဖြစ်ဖြစ်ပါ။ သဲထဲကိုသေးပေါက်လိုက်ရင်တောင် အရာထင်သွားမယ်။ ရေထဲကိုခဲလုံးလေးတစ်လုံး ချလိုက်ရင်တောင် အသံမြည်သွားမယ်။ ကျွန်တော် facebook မှာစာတွေရေးနေလို့ ဘယ်သူ ဘယ်သင်းမှ မသိရင်တောင် ရေးလိုက်ရတဲ့အခုက် post တင်လိုက်ရတဲ့အချိန်လေးမှာတော့ ကျွန် တော့အတွက် မဟာကုသိုလ်စိတ်တွေတော့ ထင်ကျန်နေရစ်ခဲ့ပါတယ် . . . . လို့သာ။

Wednesday, January 23, 2013

အလ္လာဟုအရှင်မြတ်၏ဂုဏ်နာမတော်ကျမ်း




ကျွန်တော်ဟာ ဗုဒ္ဓဘာသာဝင်စစ်စစ်ပါ။ သို့သော်လည်း မျက်ကန်းတစ္ဆေမကြောက်ဆိုတဲ့သူမဖြစ်ရ အောင် ယနေ့ကမ္ဘာမှာထင်ရှားနေတဲ့ ဗုဒ္ဓဘာသာအပြင် အခြားသော ဘာသာများကိုပါအတွင်းကျကျ လေ့လာခဲ့ပါတယ်။ ကျွန်တော် sumday schoo မှာ ကိုယ်တိုင်ဂစ်တာတီးပြီး ဓမ္မတေးများကိုသီဆိုခဲ့ပါ တယ်။ ခရစ်စမတ်ညဟာ စ်တာတီးရလွန်းလို့လက်တွေညောင်းတဲ့အပြင် ခြေထောက်တွေပါ မသယ် နိုင်အောင်ဖြစ်ရဲတဲ့ အမှတ်တရအပျှော်ဆုံးနေ့တွေပါ။
သေချာတာကတော့ ကျွန်တော့အမေနဲ့အဖေဟာ ခရစ်ယာန်ဘာသာဝင်များမဟုတ်ကြလို့ပါ ဟုတ်ခဲ့ မယ် ဆိုရင် အခုအချိန်မှာ ကျွန်တော်ဟာခရစ်ဘာသာရေးဘုန်းေ တ်ာကြီးတစ်ပါးဖြစ်နေလောက်ပါပြီ။ူ ခရစ္စမတ်ရက်တွေမှာ အနမ်းချိုချိုလေးတွေပေးခဲ့တဲ့ ကျွန်တော့ချစ်သူအပြင် ကျွန်တော့်ကို ကူပျှော်ပေး ခဲ့တဲ့ (သို့) ကျွန်တော်ကိုပျှော်ရွှင်မှုရေချိုတွေ ချိုးသောက်ခွင့်ပေးခဲ့တဲ့ ကျွန်တော့်သူငယ်ချင်းခရစ်ယာန် ဘာသာဝင်များကိုလည်း အခုတိုင်မမေးနိုင်သေးကြောင်း ဒီပိုစ့်လေးကနေ မေတ္တာစာလွှာညွှန်းခွင့်ပြုပါ။
ဒါ့အပြင် မွတ်ဆလင်ဘာရေးဆိုင်ရာများကို သွန်သင်ပြခဲ့တဲ့ ကျွန်တော့်ရဲ့အတန်းဖေါ်သူငယ်ချင်း မောင် ၀င်းလှိုင်ကိုလဲ ယခုဝေမျှသက်သေခံလျှက်ရှိသော အလ္လာအရှင်မြတ်ရဲ့ ဘာသာပြန်ကျမ်းများနဲ့ သတိရကြောင်း မတွေ့ဖြစ်ပေမယ့် ကျွန်တော့်ရင်ထဲမှာ တစ်သက်တာမေ့လို့ရမှာမဟုတ်ကြောင်း ရင်ဖွင့်ပါရစေ။
ကျွန်တော်ဟာ အဲဒီလို ယခုတိုင်အချိန်ရရင်ရသလို ကမ္ဘာပေါ်မှာပေါ်ပေါက်ခဲ့တဲ့ ထူးခြားဖြစ်စဉ်များကို အတွင်းကျကျလေ့လာဖြစ်ခဲ့ပါတယ်။ အများသိကြတဲ့ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်က ဆင်းသွားရင် ရောက်နိုင်တဲ့ မွတ်ဆလင်ဘာသာကိုသက်ဝင်ယုံကြည်သူဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ ဘုရင်တစ်ပါးဖြစ်ခဲ့ သော စပါးသျှား ဘုရင်ကြီးရဲ့ အုတ်ဂူကို မွတ်ဆလင်ဘာသာဝင် သူငယ်ချင်းကိုမင်းမင်းနဲ့အတူ သွား ရောက်ဂါရ၀ပြုဆုတောင်းပေးခဲ့ဖူးပါတယ်။
ကျွန်တော်ဟာ ဘာသာရေးအစွန်းရောက်သူမဟုတ်ဘဲ . . . မွတ်ဆလင်ဘာသာမှ ဗုဒ္ဓဘာသာသို့ကူး ပြောင်းကာ မြတ်သောရဟန်းဘ၀ဖြင့် ပျံလွန်တော်မူသွားခဲ့သော ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာပါ မောက္ခဆရာဦးဆန်းလွင် ရေးသားတဲ့ ရတနာသုံးပါးကိုကိုးကွယ်ယုံကြည်ဆည်းကပ်လာသူ လူတစ် ယောက်အကြောင်း စာအုပ်ပါအတိုင်း open mine စိတ်ဓာတ်နဲ့ ဘာသာရေး/လူမှုရေး/နိုင်ငံရေး/စီးပွား ရေးတွေကို အစဉ်တစ်စိုက်အားစိုက်ထည့်ကာ လေ့လာခဲ့သူပါ။
ဟုတ်မဟုတ်ကိုလည်း ယခု ဓာတ်ပုံပါဖြစ်သော မွတ်ဆလင်ဘာသာကျမ်းစာအုပ်များ ကသက်သေခံ လျှက်ပါ။ ဒါ့ကြောင့် ကျွန်တော့ပိုစ့်တွေမှာ ဘာသာရေးအရ မည်သည့်ဘာသာကိုမှ စော်ကားကျူး ကျော်တာမျိုးမရှိပါဘူး။ သို့သော်လည်း ယခု ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံတွင် အီဒ်းနေ့အထိမ်းအမှတ်ပွဲ မဖြစ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံအ၀ှမ်းလုံးမှာရှိတဲ့နွားအချို့လည်မျိုလှီးအသတ်ခံရတဲ့ ဆင်းရဲဒုက္ခက လွတ်မြောက်ခဲ့ကြတဲ့အတွက် ထိုထိုသောနွားများအတွက်ဝမ်းမြောက်မိကြောင်းကိုတော့ ပိုစ့်တင်ဖူးပါ တယ်။
ဒါကလည်း ဘာသာရေးအရစော်ကားတာမျိုးမဟုတ်ဘဲ တရိစ္ဆာန်များအားသနားကျင်နာကရုဏာထား သောအမှုမျိုးသာဖြစ်ပါတယ်ဆိုတာ အခုပိုစ့်လေးက သက်သေပြလိုက်တာပဲမဟုတ်ပါလားခင်ဗျာ။ ယခု ကျမ်းစာအုပ်များကို မွတ်ဆင်ဘာသာဝင်ဘာသာဝင်များ ဖတ်ရှု့လိုပါက ကျွန်တော့မေးကိုပို့လိုက် ပါ၊ ကျွန်တော်ပေးပို့လိုက်ပါ့မယ်။
ကျေးဇူးတင်ပါတယ်။
မြန်မာ့မွတ်ဆင်လူမျိုးများအတွက် ဓမ္မဒါနပြုပါသည်။






















နိဗ္ဗာန်ကိုရောင်းမစားကြပါနဲ့

                                
ဘုရားလက်ထက်တော်အခါက ̏ မဏိစူဠက ̋  အမည်ရှိတဲ့ ဂါမဏိ (လူကြီးလူကောင်း)တစ်ယောက်က ရဟန်း တွေ ဟာငွေကိုမကိုင်ကောင်းဘူးလို့ သူယုံကြည်တဲ့အတိုင်းဘုရားထံ သွားပြီးမေးမြန်း   မေးမြန်းလျှောက်ထားဘူးတဲ့ ဇာတ်ကြောင်းလေး တစ်ပုဒ်ရှိတယ်။ မြတ်စွာဘုရားရှင်က အဲဒီ ဂါမဏိလူကြီးလူကောင်းကို  ̏ ဂါမဏိ . . . သင်ပြော သောစကားသည်မှန်တယ်။ ရဟန်းတွေဟာ ငွေကိုမခံယူကောင်းဘူး ၊ရွှေငွေကိုအပ်ရင်ခံ ယူကောင်းရင် ကာမဂုံငါးပါးလုံး(သားမယားပါ) သုံးစွဲကောင်းလိမ့်မယ်၊ ရွှေငွေကိုသုံးအပ် တယ်ဆိုသောတရားဟာ ရဟန်း တရားမဟုတ်လို့ ဧကန်မှတ်ပါ ̋  လို့ မိန့်ကြားခဲ့ပါတယ်။ ရဟန်းတွေ ငွေကိုင်တယ်ဆိုတာ ပါစိတ်အာပါတ်လေးပါ လို့ဆိုပေမယ့်။ အဲဒီငွေကိုကိုင်မိတာနဲ့ အခြားသော မသင့်ဖွယ်ကိစ္စရပ်တွေပါ ဆိုက်ရောက်လာတက်တာမို့ ဗုဒ္ဓက ငွေကိုကိုင်မိရင် မိန်းမပါအ၀ှာလုပ်မိတာနဲ့မခြားဆိုတဲ့အဓိပ္ပါယ်ကို ပြောသွားတာပါ။ ဒီစကားဟာ ကျုပ်အာဘော် မဟုတ်ပါဘူး။ သဠာယတန၀ဂ္ဂ၊ ဂါမဏိသံယုတ် ပါဠိတော်။အရပြောတာပါ။
ဒါ့ကြောင့် ဒီကနေ့ပြောနေတဲ့ ထေရာဝါဒလို့လဲပြောတယ် ဗုဒ္ဓသာသနာလို့လဲပြောတဲ့ သူတွေ ဗုဒ္ဓရဲ့ဝိနည်းဒေသ နာတော်(၂၂၇)သွယ်သောသိက္ခာပုဒ်တွေထဲက ဒီငွေကိုင်တဲ့ကိစ္စလေးလောက်ကိုပဲမေးရင် ထိုဗုဒ္ဓ၀ါဒအမည်ခံတို့ ခေါင်းငုတ်သွားကြပေလိမ့်မယ်။ ဒုတိယသင်္ဂါယနာတင်ရတဲ့အကြောင်းအရင်းက  ရဟန်းအချို့ဟာ  ̏ ကပ္ပတိ ဇာတရူပရာဇ တံ = ရဟန်းတော်များ ငွေအပ်၏ ̋  ဆိုတဲ့ဝါဒကြီးပေါ်ပေါက်လာလို့ ကာကဏ္ဍကဗြာဟ္မဏရဲ့သား ဖြစ်တဲ့ ရဟန္တာအရှင်မဟာယသဟာ ဒေသစာရီလှည့်လည်ရင်း ၀ဇ္ဇီရဟန်းတို့ရဲ့သတင်းကိုကြားတော်မူရာကနေ မဖြစ်တော့ဘူး၊ဗုဒ္ဓသာသနာတော်ကြီးတော့ ပျက်စီးနေပါလား။ စတဲ့အကြောင်းတွေကြောင့် ဒုတိယသင်္ဂါယန တင်ဖြစ်တာပါ။ ဒါကိုထောက်ရှု့ရင် ဒီကနေ့ ဗုဒ္ဓသာသနာတော်မှာရဟန်းတွေကိုင်ရုံတင်မ ဘဏ်တွေမှာတောင် အပ်ထားပါတယ်။ ကျုပ်ဘဏ်မှာအလုပ်လုပ်တာမို့သိပါတယ်။ ကမ္ဘာသိဘုန်းကြီးတွေဆိုရင် ဒေါ်လာငွေတွေ သောင်းနဲ့ချီပြီးရှိပါတယ်။ နာမည်ထုတ်ပြောလို့ရပါတယ်။ ဒါပေမယ့်ရိုင်းသွားမှာစိုးလို့ပါ။
ဒါ့ကြောင့် အဲဒီလိုဘုန်းကြီးတွေတရားဟောလို့ ဒါယကာဒါယကာမတွေ နိဗ္ဗာန်ရောက်ဖို့နေနေသာသာ အဲဒီ ဘုန်းကြီးကိုယ်တိုင် အာပါတ်တန်းလန်းကြီးနဲ့မို့ ငရဲနဲ့ပဲနီးပြီပေါ့။ ဒုတိယသင်္ဂါယနာဟာ ရဟန်းတွေ ငွေကိုင်လို့ တင်ရတယ်ဆိုရင် ဒီကနေ့ မြန်မာနိုင်ငံမှာ ဘာလုပ်သင့်နေတယ်ဆိုတာ အားလုံးသိအောင် ကျုပ်ပြောပြနေတာ ပါ။
တရားပွဲတွေမှာ ရဟန်းတွေကို ငွေတွေလှူတယ်၊ဒေါ်လာငွေတွေပါလှူတယ်။ အဲဒီတရားပွဲဟာ ဗုဒ္ဓ၀ါဒနဲ့ညီတဲ့ တရားပွဲဖြစ်နိုင်ပါမလား။ ကိုယ့်တိုင်ပဲစဉ်းစားပါ။ ခပ်ကြမ်းကြမ်းပြောရရင် မြန်မာနိုင်ငံမှာ ဗုဒ္ဓ၀ါဒဆိုတာဘီဒိုထဲမှာ ပဲရှိပါတော့တယ်။
ဒါ့ကြောင့် ဘုန်းကြီးများ တရားဟောကြပါ။ ငွေတော့အလှူမခံကြပါနဲ့လို့တောင်းပန်ပါတယ်။ တစ်ခါက နိုင်ငံခြား သားတစ်ယောက် ပုပ္ပါးတောင်သွားလည်ရင်း အဘဘိုးမင်းခေါင်ရုပ်တုမှာ ငွေတွေသီပြီးလှူထားတာတွေ့တော့ စကားပြန်ကိုမေးတယ်တဲ့။ အဲဒီရုပ်တုကြီးက ပိုက်ဆံတွေဘယ်လိုသုံးမလဲတဲ့။ ဟား . . . ဟား . . . ဟား . . . ရယ်လိုက်ပါတော့ဗျာ။ အခုလည်း ဘုန်းကြီးတွေ ပိုက်ဆံတွေဘယ်လိုသုံးမလဲ။ ဘုရားကျောင်းကန်ဇရပ် ဆောက်မယ်လို့ ဆင်ခြေတွေမပေးပါနဲ့။ ရိုးနေပါပြီ။ ဆေးရုံကြီးတွေ ပရဟိတတွေအကြောင်းသက်သေမထူပါနဲ့ ကျုပ်က ဘဏ်မှလုပ်နေတဲ့သူမို့ မာယာတွေရိုးနေပါပြီ။
ဒါ့ကြောင့် မြန်မာနိုင်ငံတွင်မက အခြားနိုင်ငံတွေမှာပါ။ ဗုဒ္ဓ၀ါဒဆိုပြီး ငွေတွေအလှူမခံနေပါနဲ့။ ပြည်တွင်းပြည်ပ တရားပွဲတွေမှာ ငွေတွေအလှူမခံပါနဲ့။ ကျုပ်တင်ပြတာတွေမှားတယ်ဆိုရင် ပိဋကတ်သုံးပုံကို ငုံပြီးမေးရင်လည်း အဖြေမှန်က ကျုပ်လက်ဖြားပေါ်မှာရှိပါတယ်။
ကဲ . . . ကဲ . . . ဆရာတော့ . . . ဆရာတော် . . . ဆ၇ာတော်ဘုရားကြီးများရဲ့ တရားပွဲတွေလည်း နိဗ္ဗာန်ရောင်းကိုရောင်းမစားပါနဲ့ . .. နိဗ္ဗာန်ရောင်းစားတဲ့ပွဲမဖြစ်ပါစေနဲ့လို့သာ။

Sunday, August 19, 2012

သန္ဓေမပေး အသက်စတေးကာပြည်သူတွေကိုပေးတဲ့ အမေ




ဒီနေ့ အမေ့နေ့ပေါ့ဗျာ။ ဟို . . . . သွားလေသူ စာရေး ဆရာ ဒါ ရိုက်တာကြီး ဦးသုခပြောတဲ့ အမေ့နေ့တော့ မဟုတ်ပါဘူး။ အမေတော့အမေပါပဲ၊ ဒါပေမယ့် ကျွန်တော်ပြောတဲ့အမေ့နေ့ဆို တာ ဖ၀ါးလက်နှစ်လုံးပုခုံး လက် နှစ်သစ် သန္ဓေမျိုးစေ့နဲ့ ချစ်ခဲ့တဲ့အမေမဟုတ်ပါဘူး။ “ဟင် . . .  ဒါဆို အမေဆိုတဲ့ နံစားမသုံးနဲ့လေ↔လို့ ခင်ဗျား တို့ဘက်က ပြောစရာရှိတယ်။ ဗုဒ္ဓဘာသာခေါ် ဂေါတမမြတ်စွာဘုရားရှင်ရဲ့ မုခပါတ်တော်မှာ အမေဆိုတာကို လှေနံဓားထစ် ဖေါ်ကျူးထားတာမဟုတ်ပါဘူး။ အာဋ္ဌာဝကကြီးက မြတ်စွာဘုရားရှင်ကို “အမြတ်ဆုံးဆွေမျိုးဆို တာဘယ်သူလဲ? ↔တဲ့။အဲဒီတုန်းက ကျွန်တော်ဟာ ခလေးဉာဏ်လောက်သာရှိသေးတာမို့၊ အာဋ္ဌာဝကကြီးမေး တဲ့အမေးပုဒ်စာကိုဖြေကြားတဲ့ မြတ်စွာဘုရားရဲ့အဖြေကို ခံတွင်းမတွေ့ခဲ့ပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်မဟုတ် ကြတဲ့ ကမ္ဘာကျော်အတွေးအခေါ်ပညာရှင်ကြီးများ၊အတက်ပညာရှင်ကြီးများသော်မှ ဗုဒ္ဓရဲ့ဒဿနများကို နှလုံး ရွက်ပန်ဆင်တော်မူခဲ့တာကြောင့် ကျွန်တော်မငြင်းဝံ့သော်လည်း ခေါင်းညိတ်ဖို့တော့အစီအစဉ်မဲ့ခဲ့ပါတယ်။
ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ၊ အမြတ်ဆုံးဆွေမျိုးဆိုတာအမေပဲဖြစ်ရမှာပေါ့။ ဘယ်ဘာ သာဝင်ပဲဖြစ်ဖြစ် မိဘကျေးဇူးတွေနဲ့ကင်းပြီး ဖြစ်တည်လာခဲ့တာမှမဟုတ်တာ။ ဒါ့ကြောင့်ပဲ အမြတ်ဆုံးဆွေမျိုးဆို တဲ့အဖြေဟာ အမေပဲဖြစ်သင့်တာပေါ့။ မြတ်စွာဘုရားက ကျွန်တော်တို့ရင်ဘတ်ထဲကအဖြေနဲ့ လားလားမှမတူတဲ့ အဖြေကို အာဋ္ဌာဝကကိုဖြေကြားခဲ့တယ်။
အဖြေက “ချစ်ကျွမ်းဝင်တဲ့သူ↔တဲ့။
ကမ္ဘာကြီးမှာ၊လောကကြီးမှာ ဘယ်ပုဂ္ဂိုလ်သတ္တ၀ါမှ အမေနဲ့ကင်းပြီး ဘ၀တစ်ဆောက်ခဲ့ ကြတာမဟုတ်ပါဘူး။ ဖန်ပြွန်သန္ဓေတို့ဘာတို့ကတော့ ချွင်းချက်ပေါ့ဗျာ။အဲဒီတော့က မြတ်စွာဘုရားရှင်ဖြေကြား တဲ့အမြတ်ဆုံးဆွေမျိုးဆိုတာ “ချစ်ကျွမ်းဝင်တဲ့သူပဲ↔ဆိုတဲ့အဖြေကို ကျွန်တော်မနှစ်သက်ခဲ့ပါဘူး။
သို့သော်လည်း အမြဲမပျက်ဆီးဆင်းစေတဲ့ ကျွန်တော်တို့ရဲ့ အသက်တွေနဲ့အတူ အမြဲမ-ပျက်ဆည်းပူးခဲ့တဲ့ ဗဟုသုတနဲ့ အမြဲမပျက်ထိတွေ့ဆက်ဆံလာခဲ့ရတဲ့ လောကဓံအသစ်အသစ်တွေကြောင့် “သြော်↔ . . . . “လောကမှာ အမြတ်ဆုံးဆွေမျိုးဆိုတာ ချစ်ကျွမ်းဝင်တဲ့သူပါလား ↔ရယ်လို့သိလာခဲ့ရပါတယ်။
အကယ်၍များ ခင်ဗျားဟာ ဒီဆောင်းပါးဖတ်နေရင်းနဲ့ မြတ်စွာဘုရားရှင်ရဲ့ အဖြေကို သဘောမကြခဲ့ဘူးဆိုရင် အချိန်နဲနဲယူပြီး ဒီအဖြေလေးကိုမေ့ထားလိုက်ပါ။ နာရီတစ်ခု ရာသီတစ်ခုဟာ ခင်ဗျား အတွက် ကွက်ကွက်ကွင်းကွင်းနားလည်သဘောပေါက်မယ့်အခြေအနေမျိုးကို ရလာပါလိမ့်မယ်။
ကဲ . . .  ကျွန်တော့ဆောင်းပါးကို ဆက်ပြောကြရအောင် . . . .  ဒီကနေ့မြန်မာနိုင်ငံရဲ့  အပျက်သဘောဆောင်မှုများဟာ အဆိုးဝါးဆုံးအခြေအနေကို ရောက်လာခဲ့သလို၊ အကောင်းဆုံးအခြေအနေ တစ်ရပ်လည်းဖြစ်နေပါပြီ။ (၁-၄-၂၀၁၂) ကြားဖြတ်ရွေးကေက်ပွဲက NLD ပါတီအတွက် ၉၉% လောက်ကိုအနိုင် ရခဲ့တယ်(အခုဆောင်းပါးရေးနေချိန်အထိ) ဒါဟာ အဆိုးဆုံးအခြေနေကို ဆိုက်ရောက်နေတဲ့ မြန်မာနိုင်ငံသူနိုင်ငံ သားတွေအတွက် အကောင်းဆုံးအခြေအနေကိုရောက်သွားပြီမဟုတ်ပါလား။
ဒီကနေ့မြန်မာနိုင်ငံသူနိုင်ငံသားတွေထဲက လူငယ်လူရွယ်လေးတွေဟာ ဒေါ်အောင်ဆန်း စုကြည်ကို အမေစုလို့ခေါ်သလို တစ်ချို့ခလေးလေးတွေကလည်း အဖွားစုတဲ့။ အမေဆိုတာ သားသမီးအပေါ်မှာ တော့ အသန့်ရှင်းဆုံးမျှော်လင့်ချက်သာထား ချစ်သွားတက်တာမျိုးမို့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အမေဆိုတဲ့ နာမ်စားကို ခေါ်ဝေါ်သုံးစွဲခြင်းဟာ သင့်လျှော်လျှောက်ပတ်ပါသလား? ကျွန်တော် ဒီမေးခွန်းကိုကိုယ်တိုင်မေးခဲ့ပြီး အဖြေကိုတော့ အချိန်အတော်ကြာယူခဲ့ရပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် အဖေဟာ နောက်မိန်းမယူခဲ့ရင် အဲဒီအဖေ့နောက်မိန်းမမိ ထွေးကိုတောင် ကျွန်တော်တို့ အမေစာရင်းသွင်းဖို့ဝင်လေးတက်ကြတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို တော့ မြန်မာနိုင်ငံသူနိုင်ငံသားလူငယ်လူရွယ်များက “အမေစု↔တဲ့။
အဲဒီမှာတင် ကျွန်တော်ဟာ မြတ်စွာဘုရားမိန့်ကြားခဲ့တဲ့ အမြတ်ဆုံးဆွေမျိုးဆိုတာ “ချစ် ကျွမ်းဝင်သူရယ်လို့ နားလည်သဘောပေါက်မိပါတယ်။ ဒါ့ကြောင့်ပဲကျွန်တော်ဟာ ဒီကနေ့ မြန်မာတစ်နိုင်ငံလုံး ဆိုင်ရာ ပြည်သူလူထုကြီးရဲ့ ကိုယ်စား (၂-၄-၂၀၁၂) ရက်နေ့ကိုအမေ့နေ့လို့ သတ်မှတ်တင်စားပြီး အခုလို ကဗျာလေးနဲ့ အမေစုကို ဂုဏ်ပြုပူဇော်လိုက်ပါတယ်။
   သွေး  မဲ့     မေ 
  • အမေဆိုတာ
  • အသွေးကဖြစ်တည်
  • အသားဆိုင်မှာ . . . .  . သန္ဓေတည်မှမဟုတ်။

  • အမေဆိုတာ
  • ဖ၀ါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်
  • လူဖြစ်အောင်မွေး . . . . .အချစ်တွေပေးမှလည်းမဟုတ်။

  • တကယ်တော့ . . . . .
  • အမေဆိုတာ
  • အသက်တည်ပေး
  • ပြည်သူအတွက်စတေးကာ 
  • ဟိုး . .    အဝေးက
  • မမြင်ဘူးပေမယ့်လည်း . . . . . . အမေပါပဲ၊၊
အခုလို  စပ်ဆိုမိလေတော့ လွန်လွန်ကျူးကျူးများဖြစ်နေမလားလို့ မတွေးသင့်တော့။ ဘာဖြစ်လို့လည်းဆိုတော့  ကျွန်တော်တို့မြန်မာနိုင်ငံကြီး နှစ်ပေါင်းများစွာ အာဏာရှင်လက်ထဲမှာ ဖွတ်ဖွတ်ညက် ညက်ကျေခဲ့ရသလို ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအားလုံးဟာလည်း ဒီစစ်အာဏာရှင်ရဲ့ ခလုပ်ဆွဲသေနပ် ဖြုတ်ကာ နည်းအမျိုးမျိုးနဲ့ သတ်ဖြတ်ငြင်းဆဲခြင်းကိုလည်း အလူးအလှိမ့်ခံခဲ့ရပြန်ပါတယ်။
အဲဒီလို ခံစားနေရတာကို မြန်မာနိုင်ငံရှိ၊ ဘုန်းတော်ကြီးများထဲမှ မ-ဟ-န ခေါ် နိုင်ငံတော် သံဃမဟာနာယကဆရာတော်ဘုရားကြီးများမှ မသိကျိုးကျွံ့ပြုခဲ့ကြတယ်။ သူတို့နေတဲ့ ကျောင်း၊အိပ်ယာနေရာ ဘုံဗိမာန်လေးပျောက်ပျက်မှာဆိုးလို့ ရဟန်းသံဃာငယ်များမှ စုရုံးပြီး ပရိတ်ရွတ်ဖတ်ပြန်တော့လည်း အကာအ ကွယ်မပြုဘဲ ရေငုံနှုတ်ပိတ်နေခဲ့တယ်။ အသက်အရွယ်တွေဟာ သေဘက်သို့နီနေသော်လည်းပဲ သာသနာနဲ့ ဘာသာလူမျိုးတို့ရဲ့ အကျိုးကို မကြည့်ခဲ့ကြသော (မဟန)ဘုန်းကြီးများရဲ့ အထောက်အပံ့ကိုမယူဘဲ အသက်ပေးစတေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံသူနိုင်ငံသားတွေ ဆွမ်းတောင်လောင်းလှူသင့်ပါ တယ်။ ဟို  . . . (မဟန)ဘုန်းကြီးများကိုတော့ ဘုရားအသားရေတော်ကိုသာ တင်လွှမ်းထားတာမို့ (ဘုရားသား တော်များဘက်မှအကာအကွယ်မပေးခဲ့တာမို့) တစ်ယောင်းမျှလောက်သောဆွမ်းကိုပင် မလှူသင့်။
ဒင်း (မဟန)တို့ အသက်ရှင်နေသေးသ၍ မြန်မာနိုင်ငံရဲ့အရေးကို ကာကွယ်ဖို့မဖြစ်နိုင်ဘဲ အာဏာရှင်များရဲ့ အရေးကိုသာ ကာကွယ်နေရသလိုဖြစ်နေတယ်။ တကယ်တော့ နိုင်ငံတော်သံဃမဟာနာယ ကဆိုတာ ဘုရားသားတော်များမဟုတ်ကြပါဘူး။ အင်းဝခေတ် ဆရာတော်ဦးဗုဒ်ပြောသလိုပါပဲ။ “ဟေ့ . . . ဘုရားစကားနားထောင်မှ . . . ဘုရားသားဖြစ်တာ။ မင်းစကားနားထောင်ရင် ဘုရားသားမဖြစ်ဘူး၊ မင်းသားပဲ ဖြစ်မယ်↔ဆရာတော်ဦးဗုဒ်စကားအရဆို ဒီကနေ့ ကမ္ဘာအေးက နိုင်ငံတော်သံဃမဟာနာယကများဟာ ဘုရား စကားနားမထောင်ဘဲ သန်းရွှေရဲ့စကားသာနားထောင်တဲ့အတွက် “သန်းရွှေသားပေါ့↔
အဲဒီလို ကိုယ်ကျိုးရှာရဟန်းရှင်လူများကြားမှ အမေစုဟာ နိုင်ငံသူနိုင်ငံသားတွေအတွက် အစာရေစာတွေရဖို့၊ အလင်းရောင်တွေရဖို့၊ ပညာဗဟုသုတတွေရဖို့ရန် သူ့အသက်ကိုစတေးကာ စစ်အာဏာရှင် လူတစ်စုရဲ့ နှိပ်စက်ညှင်းပန်းတဲ့ကြားထဲက ဒီမိုကရေစီစနစ်အမှန်ကို သူ့အသက်နဲ့ပုံထပ်လဲလှယ်ခဲ့တာမို့ . . . . အမေဆိုတာခေါ်ထိုက်သလို အဖေလို့လဲ သတ်မှတ်သင့်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ဟာ မြန်မာနိုင်ငံလုံးရဲ့ အမေ့ နေ့ဆိုတာဖြစ်သင့်ပါတယ်။
ပြည်သူတွေ . . . . ၀မ်းသာတဲ့နေ့။
ဒီနေ့ဟာ
ကျွန်တော့တို့ပြည်သူတွေ . . . .  လက်ခမောင်းခပ်တဲ့နေ့။
ဒီနေ့ဟာ
ကမ္ဘာ့ယဉ်ကျေးမှုတို့ကို . . . ထုတ်ဖေါ်ခွင့်ရမယ့်နေ့။
ဒီနေ့ဟာ
ဆရာတာရာမင်းဝေသာရှိရင်
စကားလုံးအသစ်စက်စက်တွေနဲ့ . . .  ရယ်မောမယ့်နေ့။
ဒီနေ့ဟာ
. . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . . . ။
    

အမြုတ်မထတဲ့ ကျွန်တော့ဘ၀ဘီယာ


နှုတ်သီးဝက
ထွက်ကျလာတဲ့ ဘီယာလေးတွေဟာ
အကြည်ရောင်ဖန်ခွက်ထဲမှာ
အမြုတ်တစ်စီစီထလို့ . . .  အပြင်ကို ရုန်းကန်ထွက်နေရဲ့။

ကျွန်တော်တို့လည်း
အနီရောင်သံတိုင်ကြီးတွေကို ခပ်တင်းတင်းဆုတ်ရင်း
တစ်ဘ၀စာလွတ်ဖို့  ခေါင်းဝင်ယှက်ရင်း . . . . . (အင်းစိန်ထောင်ပြင်ဝကို) မျှော်ငေးနေဖူးရဲ့။

ရံခါကြားရတဲ့
လော်စပီကာအသံခပ်ပြပြက
အင်းစိန်ထောင်တံခါးတွေကို ကိုက်ဖျက်မိသလို
မြေလျှိုးမိုးပျံနိုင်တဲ့
ဂါထာမန္တာန်အတက်ကို သင်ဖို့စိတ်ကူးရလာတယ်။
ဒီလိုနဲ့
နံက်ညတိုင်း ဆဲဆိုနေတဲ့ တောထုတ်သံတွေကို
ဘုန်းကြီးပရိတ်သံအဖြစ် တစ်ဖြစ်လဲခဲ့ရတယ်။
တကယ်တော့
ပုံစံမောင်းတယ်ဆိုတဲ့ ကိုလိုနီစရိုက်ဟာ
အာဏာပိုင်တွေရဲ့ အိပ်ကပ်ထဲကို ငွေတွေမောင်းထည့်ပေးသလိုပါပဲ။  
ကျွန်တော်ဒီအကြောင်းတွေကို အချိန်ရရင် ဆက်ရေးနေဦးမှာပါ။
ကျွန်တော့အတွက်
 Facebook ကစာမျက်နှာ တစ်ခုပေးလိုက်တာကို
အရင်တုန်းက
ကျွန်တော့ဆောင်းပါးတွေ ကဗျာတွေကို
အများရင်ဘတ်ထဲကူးခပ်စေချင်လို့
ဂျာနယ် တိုက်တွေကို အားကိုးခဲ့ရတယ်။ 

အခုတော့ . .  .
သွားစမ်းပါ . . .  မယာတွေရိုးနေပြီကွာဆိုတဲ့ သီချင်းကိုဆိုရင်း . . .
ဂျာနယ်တွေ  . . . အယ်ဒီတာတွေ . . . .
စာပေစီစစ်ရေးဆိုတဲ့ အကောင်စုတ်တွေ . . . ရေ . . . . . .
ငါ့လက်ချောင်းတွေကို မင်းတို့သော့ခပ်ထားလို့မရတော့ဘူး . . .  ကွ . . . .
အခုကြည့်စမ်း . . .
ကျွန်တော့ဘ၀ ဘီယာခွက်မှာ  
နှုတ်ခမ်းရာဆိုးဆေးတွေက အမည်းတွေပါလား . . . . . ။

By:အလင်းရှင် http://aungminkhoung.blogspot.com
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget