.

AlinShin

Wednesday, October 29, 2014

ကမ္ဘာကျော်မင်းသမီး Lindsay Lohan လက်တော့အခိုးခံရသဖြင့်ယင်း၏ဓာတ်ပုံများပါသွား


Lindsay Lohan တစ်ယောက် တရုတ်ပြည်မှာ Laptop အခိုးခံရပြီးတဲ့နောက်မှာ တော်တော်လေး စိတ်အနှောင့်ယှက်နေတာဖြစ်ပြီး အဲဒီ့ Laptop ထဲမှာအရေးကြီးတဲ့ အချက်အလက်အချို့ ပါဝင်တယ်လို့သိရပါတယ်။


Lindsay Lohan ကို တင်္နလာနေ့ညက Sohu Fashion Achievement ဆုနဲ့ ဂုဏ်ပြုခဲ့တာဖြစ်ပြီး “တရုတ်ပြည်မှာ ရှိနေရတာကောင်းပါတယ်။ ပြီးတော့ ရင်းနှီးဖေါ်ရွေမှုတွေအတွက် အားလုံးကိုကျေးဇူး တင်ပါတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က ကျွန်မရဲ့ ကွန်ပျူတာကို လေဆိပ်မှာ ခိုးသွားတယ်။ ဒီကွန်ပျူတာကိုပြန် ယူပေးနိုင်မယ့်သူ ဘယ်သူမဆို ဆုကြေးငွေပြန်ပေးပါမယ်။ ဒါမပါပဲပြန်သွားရမှာစိတ် ညစ်ပါတယ်။ နှုတ်ဆက်ခဲ့ပါတယ်” လို့ သူမရဲ့ Twitter မှာရေးခဲ့တာဖြစ်ပါတယ်။

TMZ.com ရဲ့အဆိုအရ အဲဒီ့ Laptop မှာသူမရဲ့ ၀တ်လစ်စလစ်ပုံတွေနဲ့ Woody Allen နဲ့ Lady Gaga အပါဝင် သူမရဲ့နာမည်ကြီးမိတ်ဆွေတွေရဲ့စာတွေပါတယ်လို့သိရပါတယ်။

Lohan ဟာ New York မြို့မှာ နှစ်သစ်ကူးကိုဆင်နွှဲအပြီး ဒီဆုပေးပွဲအတွက် တရုတ်ပြည်ကို သွားခဲ့တာဖြစ်ပြီး Shanghai မြို့က ကလပ်တွေမှာ ပါတီလုပ်နေတာကိုလဲတွေ့ရပါတယ်။

လက်တလောမှာတော့ သူမဟာ ဂီတလုပ်ငန်းဘက်ကိုပြန်လှည့်နေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ New York ကစတူဒီယိုတစ်ခုမှာ Electornic ဂီတသီချင်းတွေကို စမ်းသပ်အသံ သွင်းပြီးအချိန် ကုန်စေခဲ့ပါတယ်။


Lohan ဟာသူမရဲ့ကိုယ်တိုင်ရေးအထ္တုပ္ပတိကိုလည်း ရေးနေတာဖြစ်ပြီး သူမရဲ့ကလေးသရုပ်ဆောင် ဘ၀အကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုအကြောင်း၊ အချစ်ရေးကိစ္စတွေ၊ တရားရင်ဆိုင်မှုကိစ္စတွေ နဲ့ ပြန်လည်ထူ ထောင်ရေးစင်တာကအတွေ့အကြုံတွေ အကြောင်းရေးဖို့စိတ်ကူးထား တာဖြစ်ပါတယ်။

From: Trend Myanmar
http://tentativeness15.rssing.com/chan-8895410/all_p140.html

မိန်းမ (၂၁)ယောက်ကို အစွန်းရောက် မေထုန်မှီဝဲသူ . ..

ဂိုအယ် ရတ်ဇန် 
  ဂိုအယ် ရတ်ဇန်
အစ္စရေးတရားရုံးတခုက မယားပြိုင်ယဉ်ကျေးမှုခေါင်းဆောင်တဦးကို 
သူ့ဇနီးတွေနဲ့သမီးတွေအပေါ် လိင်ပိုင်းရာဇဝတ်မှု ကျူးလွန်တဲ့အတွက်
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ရက်နေ့က ထောင်ဒဏ် နှစ် ၃၀ 
ချမှတ်လိုက်ပါတယ်။
ဂိုအယ် ရတ်ဇန်
ရှေ့နေတွေကတော့ နတ်ဘုရားတည်ရှိမှုအပေါ် ယုံမှားလွန်တာနဲ့ 
ထင်ယောင်ထင်မှားဖြစ်မှု လွှမ်းမိုးတာရဲ့ အစိတ်အပိုင်း လို့ ပြောပါတယ်။
အသက် ၆၄ နှစ်အရွယ် ခုခံလျှောက်လဲသူ ဂိုအယ် ရတ်ဇန်ကတော့ 
မဖွယ်မရာလုပ်မှုနဲ့မုဒိမ်းမှု စွဲချက်တွေ ကို ငြင်းဆိုထားပါတယ်။
တဲလ်အဗစ်ခရိုင် တရားရုံးကတော့ မြို့တလွှားက အိမ်အသီးသီးမှာ 
ပိတ်ထားတဲ့ ဇနီးသည်၂၁ ယောက်နဲ့သမီး ၃၈ ယောက်အပေါ် ကျွန်ပြုမှု 
သီးခြားအမှုတွဲတွေကနေ သူ့ကို တရားသေလွှတ်ပေးခဲ့ဖူးပါတယ်။
ကိုယ်ပေါ်မှာ သူ့ရုပ်ပုံနဲ့ နာမည်ကို ဆေးမင်ကြောင်ထိုးထားတဲ့ 
ဇနီးသည်အများအပြားကသူတို့သဘောနဲ့ သူတို့ အတူနေခဲ့ကြတာ 
မဟုတ်ဘူးလို့ ငြင်းပါတယ်။
ဇနီးသည်တွေထဲက တယောက်ကတော့ အစ္စရေးစစ်တပ်ရေဒီယိုနဲ့ လူတွေ့
မေးမြန်းခန်းအတွင်း ခုတကြိမ် ပြစ်ဒဏ်စီရင်မှုကို ကြိုဆိုလိုက်ပါတယ်။

၂၀၁၀ ပြည့်နှစ်က အစ္စရေးရဲ့ချန်နယ်တန်း ရုပ်သံလိုင်းက တဲလ်အဗစ်မြို့က
သူ့အိမ်တလုံးကို ချဉ်းကပ်ပြီး သူ့ဘဝကို ရှားရှားပါးပါး မှတ်တမ်းတင်ခွင့်ရခဲ့ပါတယ်။
သူကတော့ အမျိုးသမီးတွေရဲ့ လိုအင်ဆန္ဒအားလုံးနဲ့ တန်ဖိုးအားလုံးကို ဖြည့်စွမ်း
ပေးနိုင်လို့ သူမှာ အရာရာပြည့်စုံနေတယ်လို့ ချန်နယ်တန်း သတင်းထောက်တွေကို
ပြောခဲ့ပါ တယ်။
http://burmese.dvb.no/archives/69123

မြန်မာအမျိုးသမီးသာဆိုရင် facebook ပေါ်မှာ အဆဲခံရပြီပေါ့။

အသက် ၁၉ နှစ်အရွယ် တရုတ်နိုင်ငံ ရှန်ဟိုင်းက ကျောင်းသူလေး တဦးဟာ ခရီးသွားဖော် ယာယီ ချစ်သူ 
ယောက်ျားလေးတွေကို ရှာနေပါတယ်တဲ့။ 


 ဓာတ်ပုံ- China Topix

ဒီလို ရှာဖွေနေတဲ့နေရာမှာ သူ့မှာလည်း စည်းမျည်းစည်းကမ်းတွေလည်း ပါဝင်တယ်လို့ China Topix လို့ခေါ်တဲ့ တရုတ် အွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 


အဆိုပါ ရှန်ဟိုင်းသူလေးဟာ လူမှု ကွန်ယက် စာမျက်နှာတွေမှာ အဖော်တွေ ရှာတာနဲ့ပတ်သက်ပြီး သူ့ရဲ့ လှပတဲ့ ဓာတ်ပုံ တွေနဲ့ တကွ ပို့စ်တွေ တင်ထားတာပါ။ 

တရုတ်ပြည် တခွင် ခရီးလျှောက်ထွက်တဲ့အခါ သူနဲ့ အတူလိုက်ပါရမှာဖြစ်ပြီး အရပ်အမောင်းက အနည်းဆုံး ၁.၇၅ မီတာ ရှိရ မှာဖြစ်ပြီး အသက်ကလည်း ၃ဝ အောက်ဖြစ်ရပါ့မယ်တဲ့။ 

ဒီအပြင် ငွေကြေးချမ်းသာပြီး ရက်ရော ရပါမယ်တဲ့။ သူ့ရဲ့ ကုန်ကျစရိတ်တွေ အကုန်လုံးကိုလည်း ပေးနိုင် သူဖြစ်ရမှာလို့ ဆိုပြီး ညဘက် အတူ ရှိချိန်တွေ မတိုင်ခင် တနေ့လုံး သူနဲ့ အတူ ခရီးထွက်နေရမှာပါလို့လည်း သူက ဆိုထားပါတယ်။ 

နေရာ တခု၊ မြို့တခုရောက်တိုင်း ယာယီ ယောက်ျားလေး ချစ်သူတဦးစီနဲ့ သူဟာ အတူခရီးသွားဖို့ ဖြစ်ပြီး ညဖက်အချိန်တွေကိုလည်း သူနဲ့ အတူ ဖြတ်သန်းမှာဖြစ်တယ်တဲ့။ 

ရှန်ဟိုင်းသူလေး ရှင်းပြထားတာက သူ့မှာ ဘာဝင်ငွေမှလည်း မရှိတာကြောင့် တရုပ်ပြည်တခွင်ကို ခရီးလျှောက် ထွက်ချင်ခဲ့ လို့ ဒီအစီအစဉ်ကို ကြော်ညာလိုက်တာလို့ ဆိုတယ်။ ခရီးထွက်တဲ့ အခါ ဘာဒုက္ခမှ လည်း သူက မခံစားလိုပါဘူးတဲ့။ 

တရုတ်ပြည် တခွင် ခရီးဆန့်ချင်တဲ့ ရှန်ဟိုင်း ကျောင်းသူလေးဟာ အခုလို ယာယီချစ်သူတွေ တယောက်ပြီး တယောက်နဲ့ ဒေသ တခုစီကို သူတို့ရဲ့ ကုန်ကျခံပေးမယ့် စာရိတ်နဲ့ သွားဖို့ အစီအစဉ် ဘယ်တော့ စဖြစ်မယ် ဆို တာတော့ သတင်းမှာ သေချာ မရေးထားပါဘူး။ 

အခုလို တရုပ်ကျောင်းသူလေးရဲ့ ယာယီချစ်သူ ရှာပုံတော် ကြော်ညာသတင်းဟာ အနောက်ကမ္ဘာက သတင်းဝက်ဆိုက် တွေမှာလည်း အသီးသီး ဖော်ပြလာနေကြပါတယ်။ 

ဒီသတင်းအတွက် လျှောက်ထားကြတဲ့ ယောက်ျားလေးတွေလည်း အသီးသီး ပေါ်လာနေပြီလို့သတင်းတွေ က ရေးနေကြ ပါပြီ။ 

ရှန်ဟိုင်း ကျောင်းသူလေးရဲ့ အခုလို ထူးခြားတဲ့ ကမ်းလှမ်းကြော်ညာမှုအပေါ် ဝေဖန်မှုတွေလည်း အသီးသီး 
ရေးနေကြပါတယ်။
http://blog.irrawaddy.org/2014/10/blog-post_423.html
အိမ့်သံစဉ် ~
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget