.

AlinShin

Friday, October 24, 2014

ကိုယ်လုံးတီးဓာတ်မော်ဒယ်ဖြစ်လာရသော . .. မြန်မာမလေးတစ်ယောက်၏ကံကြမ္မာ

နင့်ရုပ်နဲ့ ဖြစ်နိုင်ပါ့မလား။စဉ်းစားဦး၊ အဲလိုမျိုး အရမ်းနှိမ်တာ…အခု ဇာ ကြိုးစားခဲ့တယ်။ ဖြစ်လာတယ်။ အဲတော့ ကျွန်မ ဖြစ်နေပြီဆိုပြီး သူ့ဖေ့စ်ဘွခ်မှာ 

“ပိုက်ဆံပေးပြီးတော့ ရိုက်ပါရစေဆို တာတောင် နင့်ရုပ်နဲ့ ဖြစ်နိုင်ပါ့မလား။ စဉ်းစားဦး၊ အဲလိုမျိုး အရမ်းနှိမ်တာ…”
===== ===== =====
ပညာရေးအတွက် ဂျပန်သွားဖို့ ရည် ရွယ်ပြီး ဂျပန်သံရုံးမှာ ဂျပန်စာသင်နေရင်း
Sexy ဓါတ်ပုံများနဲ့ အောင်မြင်နေတဲ့ မော်ဒယ်များကို အားကျပြီး ဆရာဂျွန်လွင်
ဆီမှာသင်တန်းတက်ဖြစ်ခဲ့ပါတယ်။ သင်တန်းကာလတလျှောက် သင်ခန်းစာ
များကို စိတ်မ၀င်စားခဲ့ဘဲ ပေါ့ပေါ့ပါးပါးဖြတ်သန်းခဲ့ကာ သင်တန်းဆင်းပြီး
ကျောင်းဆက်တက်ခဲ့ပါတယ်။
၂၀၁၁ မှာတော့ မိခင်ဖြစ်သူ လေဖြတ်ရောဂါခံစားခဲ့ ရခြင်းကြောင့် ဂျပန်သွားမည့်
အစီအစဉ်ကို လက်လျှော့ကာ မော်ဒယ်လောကထဲ ခြေစုံပစ်ဝင်ခဲ့ပြီး ယနေ့မှာတော့
Sexy များနဲ့ Sexy Party များမှာ မပါမပြီး ဇာဇာထက်ဆိုတဲ့ နာမည်တခုကို ရယူပိုင်
ဆိုင်နေပြီဖြစ်တဲ့ မော်ဒယ် ဇာဇာထက်က သူမအတွက် ကြိုးစားချင်စိတ်နဲ့
မခံချင်စိတ်တွေ အဓိကဖြစ်စေခဲ့တာနာမည်ကြီး ဓာတ်ပုံဆရာတယောက်ကြောင့်လို့
ဆိုပါတယ်။

“ဇာ ဒီနှစ်ပိုင်းထဲမှာ Sexy ပုံတွေ Sexy Party တွေနဲ့ ပိုပေါက်လာခဲ့တယ်။ နောက် ဇာ
ယုံကြည်တာက ဇာ့ကျောမှာ နေ့နံ မကိုက်ပေမယ့် ဇာကြိုက်လို့ထိုးထားခဲ့တဲ့ ကျားရုပ်
လေးကြောင့်လို့လည်း ထင်တယ်။ ဇာ စလုပ်တုန်းကတော့ ကော့မန့်တွေ အများကြီးရ
တာပေါ့နော်။ တင်ကကြီး တယ်၊ ခါးကကြီးတယ်၊ ဘောလုံးသမား ဆိုဒ် အမျိုးမျိုးပေါ့။
ဒါတွေကို ဇာ ဘယ်လိုမှမခံစားရဘူး။ ဒါပေမဲ့ နာမည်ကြီး ဓာတ်ပုံဆရာတယောက်ပဲ
မောင်နှမလိုကို ခင်တာ။ သူက နွယ်နွယ်ထွန်းတို့ ပေါက်နေ တဲ့အချိန်မှာ ရိုက်ပြီးရင်
ဘယ်သူက ဘယ်လိုလှတာ…
ဖြူဖွေးနုဖက်နေတာပဲ … ဘယ်လို Sexy ဖြစ်တာဆိုပြီး လာလာပြော တယ်။ အဲတော့
ဇာလည်း ရိုက်ချင်တာပေါ့ နော်။ ပိုက်ဆံပေးပြီးတော့ ရိုက်ပါရစေဆို တာတောင်
သွား Add တယ်။ အရင်ကဆို သိပ်ခင်ခဲ့ကြတာ။ ဒါပေမဲ့ ဇာ့ကို Sexy Model အနေနဲ့
တကယ့်ကို ရွံရွံရှာရှာပုံစံမျိုးနဲ့ ကြည့်ခဲ့တာ။ သူသာ ဇာ့ကို ခုချိန်မှာ ရိုက် ပါမယ်လို့ဆိုခဲ့ရင်
ဇာ အခုမပြောနဲ့ နောင် တသက်လုံးလည်း သူ့ကိုဆိုရိုက်ပေးမှာ မဟုတ်ဘူး။ သူက ဘာကို Jealousy ဖြစ်ပြီးတော့ ဇာ့ကို မုန်းနေမှန်း မသိဘူး။ သူက ဇာ့ကို ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး၊ ဖြစ်လာရင် လည်ဖြတ်ခံလိုက် မယ်ဆိုပြီးပြောခဲ့တာ။ ရိုက်လည်း ဇာ့ပုံနဲ့
ဘယ်လိုမှထွက်မှာမဟုတ်ဘူးဆိုပြီး ပြောခဲ့တာ။ လူတိုင်းကို သူအဲလိုထင်လို့မရဘူး
ဆိုတာ ဇာပြချင်တာ။ သူပြောခဲ့တဲ့စကား တခွန်းက ဇာ့အတွက် တွန်းအားတွေ
ဖြစ်စေခဲ့ပြီး ဇာအခုလိုဖြစ်လာတော့ သူမခေါ် ရဲတော့ဘူး” လို့ ရင်ဖွင့်ခဲ့ပါတယ်။

ဇာဇာထက်က ဓာတ်ပုံဆရာ နာမည်ပြောဖို့ ငြင်းဆန်ခဲ့ပေမယ့် သူ့ကို ၀တ်လစ်စား
လစ်မော်ဒယ်ဖြစ်အောင် တွန်းပို့ပေးလိုက်သူက နာမည်သုံးလုံးနဲ့ လူငယ်ပိုင်းထဲက
နာမည်ကြီး ဓာတ်ပုံဆရာလို့သာ ပြောခဲ့ပါတယ်။

MYN
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Thursday, October 23, 2014

အနိဋ္ဌာရုံ(ကိုပါကြီးသေဆုံးသည်ဟုသတင်းထွက်နေသည်)

စစ်ခွေးဆိုးတွေကို တို့မုန်းတီးတယ် နာကျည်းတယ် စက်ဆုပ်ရွံရှာတယ်
ဆိုတာ အကြောင်းမဲ့မဟုတ်ပါဘူး။ အပြစ်မရှိသော ရဟန်းရှင်လူပြည်သူ
တွေကို ဖမ်းဆီးသတ်ဖြတ်နေလို့ပါပဲ။
အခုလည်း ပူးတွဲဓာတ်ပုံတွင်တစ်ယောက်အပါအ၀င်ဖြစ်သည့်ကိုပါးကြီး
၏ သတင်းဆိုးကိုကြားလိုက်ရသည်။
ကိုပါကြီး သေဆုံး
ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး သုံးရောင်ခြယ်အဖွဲ့ဝင် အလွတ်တန်း
သတင်းထောက်အသက် (၄၉) နှစ်...
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးကွန်ယက် မှ ဒေါ်သန္တာ၏ ခင်ပွန်း
ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သည်ကျိုက်မရောတွင် စစ်တပ်မှ
မတရားဖမ်းဆီး နှိပ်စက်ခံရ၍သေဆုံးသွားပြီးဖြစ်ကြောင်း
အရှေ့တောင်တိုင်းစစ်ဌာနချူပ်က ယနေ့ညနေတွင် သတင်းထုတ်ပြန်သည်။
Photo: အနိဋ္ဌာရုံ
☭ ✖ ✿ ☭ ✖ ✿ 

https://www.facebook.com/photo.php?fbid=374060846082177&set=a.242215922600004.1073741825.100004347940986&type=1
ပြည်သူကို သတင်းပေးတဲ့  .. . 
ပြည်သူကို အလင်းပေးတဲ့  .. သူတွေဆိုရင် စစ်ခွေးဆိုးတွေကမုန်းကြတယ်
လေ။ ဘာလို့လည်းဆိုတော့ သူတို့တွေပြည်သူပိုင်သယံဇာတတွေကို ခိုးစား
နေတဲ့အကြောင်း ပြည်သူသိမှာစိုးလို့ပါပဲ။
အခုလည်း  .. . 
မိသားစုနဲ့ ခွဲခွာကာ ပြည်သူအတွက်ပေးဆပ်နေသော သတင်းသမားတစ်
ယောက်ကို စစ်ခွေးတွေကဖမ်းဆီးထားတယ် ။ နှိပ်စက်နေတယ် ။ စတဲ့
အကြောင်းအရာများကို အွန်လိုင်းပေါ်မှာဖတ်နေရပါတယ်။ 
ဒီအတွက် စိတ်မကောင်းကြီးစွာနဲ့ အခုလိုချရေးမိပါတယ်။
ပြည်သူတွေ ဓမ္မအလင်းကို ခံစားနိုင်ကြပါစေ
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

အင်တာနက်တွင် လိင်ဆက်ဆံရန် ကြိုးစားခဲ့သူ ၁ဝဝဝ မှ တစ်ဦးကို စတင်အရေးယူ

လန်ဒန် အောက်တိုဘာ ၂၁

ရန်ပုံငွေရှာသည့် အဖွဲ့အစည်း တစ်ခုမှ ပရဟိတ ဝန်ထမ်းများ
ဖန်တီးထားသည့် အသက်(၁ဝ)နှစ်အရွယ် လူသားအစစ် မဟုတ်သည့်
မိန်းကလေး အတုနှင့် အင်တာနက်တွင် Webcan မှတစ်ဆင့် တိတ်တခိုး
လိင်ဆက်ဆံရန်ကြိုးစား ခဲ့သူများစွာထဲမှ သြစတြေးလျနိုင်ငံ သားတစ်ဦး
ပထမဆုံး အကြိမ်အဖြစ် အရေးယူခံထားရကြောင်း ဘီဘီစီ သတင်းဌာနက
ယနေ့ဖော်ပြသည်။

အဆိုပါ မိန်းကလေး အတု၏ အမည် မှာ ဆွီတီဖြစ်ပြီး ပရဟိတဝန်ထမ်းများ၏
ထောင်ခြောက်မိကာ ဆွီတီနှင့် Webcan မှတစ်ဆင့် လိင်ဆက်ဆံရန် ကြိုးစား
ခဲ့သူ စုစုပေါင်း ၁ဝဝဝ ခန့် ရှိကြောင်း၊ နိုင်ငံပေါင်း ၇၁ နိုင်ငံမှ ယောက်ျားများ
ပါဝင်ကြောင်း ပရဟိတ ဝန်ထမ်းများက ပြောသည်။ လက်ရှိ အရေးယူခံထားရ
သည့် သြစတြေးလျ နိုင်ငံသားသည် ဆွီတီကို Webcan ရှေ့၌ လိင်ဆက်ဆ
ံသည့်ပုံစံမျိုး သရုပ်ဆောင် ပြရန် ပိုက်ဆံပေး၍တောင်းဆိုခဲ့ကြောင်း သိရသည်။

ဆွီတီနှင့်ပတ်သက်သူများထဲ တွင် ဗြိတိန်နိုင်ငံသား ၁၁ဝ ခန့် ပါဝင်ပြီး ၄င်းတို့၏
အမည်များကို အင်္ဂလန်အမျိုးသား စုံစမ်းထောက်လှမ်းရေးအဖွဲ့ထံသို့ ပေးအပ်
 ထားကြောင်း၊ လက်ရှိအချိန်တွင် အဖမ်း အဆီးမလုပ်သည့်တိုင် စုံစမ်းစစ်
ဆေးမှုများ ကို ထိထိရောက်ရောက်ပြုလုပ်သွားမည် ဖြစ်ကြောင်း စုံစမ်းစစ်
ဆေးရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အရေးယူခံထားရသည့် သြစတြေးလျ နိုင်ငံသား စကော့ရောဘတ်ဟန်ဆန်ဆို
သူသည် ဘရစ်ဘန်းတရားရုံးတွင် ပုဒ်မ သုံးခုဖြင့် တရားစွဲခံထားရပြီး ၄င်းက
ဆွီတီ ထံသို့ ကိုယ်တိုင်ရိုက်ထားသည့် အဖော် အချွတ်ညစ်ညမ်း ဓာတ်ပုံများ
ပေးပို့ခဲ့ ကြောင်း၊ ၄င်း၏ ကွန်ပျုတာထဲတွင် ကလေးများကို လိင်ပိုင်းဆိုင်ရာ
အနိုင် ကျင့်သည့် ဓာတ်ပုံများသိမ်းဆည်းထား ကြောင်း ဝန်ခံထားသည်။

၎င်း၏ ပြစ်မှုများအရ ထောင်ဒဏ် နှစ်နှစ်ကျခံရန် အမိန့်ချခံခဲ့ရသော်လည်း
နောက်ပိုင်းတွင် အကျဉ်းထောင်နှင့် ရှောင်လွှဲနိုင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ရှစ်လတာ ကာလတွင် အချုပ်ခန်းအတွင်း
နေထိုင် ခဲ့ရပြီးနောက် ၄င်းကို ၁၂ လကြာ စိတ်ပိုင်းဆိုင်ရာပြုပြင်ထိန်းသိမ်း
ရေး စခန်းသို့သွားရန် ပြောင်းလဲအမိန့်ချမှတ် ခဲ့သည်။

ထို့အပြင် လိင်ပိုင်းဆိုင်ရာ စိတ္တဇ ဝေဒနာရှင်များကုသရသည့် ကုထုံးများ ဖြင့်
ကုသခြင်းခံရန်လည်း အမိန့်ချမှတ် ခဲ့သည်။

TIP(Ref:Reuters)
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf

ဖေဇော်ဂျီတို့ ကြိတ်စရာ ဆေးမရှိတော့တဲ့ . . တောင်

နံက်စောစောကြီး ဖျတ်ကနဲ ဖျတ်ကနဲ အလင်းရောင်ကြောင့်
ဘုရားအာရုံပြုနေသောစိတ်မှနေ၍ ထိုအလင်းလာရာဆီသို့
သတိပြုလိုက်သည်။

“ ဆရာတော် ဂုဏ်တော်များပွားထုံနေတာလား . .ဘုရား”

မိမိသည် အသံရော ထိုသူ၏ ဥပဓိရုပ်လုံးကိုပါမြင်လိုက်ရ၍ လွန်စွာ
အံ့သြမိသွားသည်။ တော်သေးသည်ဟုပြောရမည်။ ဗုဒ္ဓနုဿတိဂုဏ်
တော်အဓိဋ္ဌာန်မစမီကတည်းက ကျင့်စဉ်နှင့်ပတ်သောပရိကံများကို
ပြည့်စုံအောင်ပြုလုပ်ထားသည်မို့ မိမိစိတ်သည် စိုးစဉ်းမျှသော
ကြောက်ရွံ့မှုတို့မရှိပါ။ ဒီကျင့်စဉ်ကိုကျင့်လျှင် ဒီလိုပဲကြုံတက်သည်
ဆိုတာကို မိမိသည် ပရံပရာရ ဆရာစဉ်ဆက် မှတ်သားသိရှိလာ
သည်ကလည်း တစ်ကြောင်းပေါ့။
ဒါနဲ့ ထိုအသံရှင်ကို အခုလို ပြန်ပြောလိုက်ပါတယ်။

“ဟုတ်ပါတယ် ဒကာတော်”
“ဒကာတော်ဟာ ပိဋကတ်တွေထဲက ၀ိဇ္ဇာဇော်ဂျီလား ”

“မှန်လှပါဆရာတော်”

“သြော် ”
“ဒါဆို ဒကာတော်ဟာ ဘာလို့ တောင်ဝှေးမပါလာတာတုန်း”

“ အဲဒီတောင်ဝှေး ကိစ္စကို အရှင်ဘုရားအားအသိပေးလျှောက်ထား
လို၍ အခုလိုအရှင်ဘုရားထံ လာရောက်ဖူးမြော်ခြင်းပါပဲဘုရား”

“ အို . . ”
“ဘယ်လိုများပါလိမ် ” “လျှောက်ထားပါဦး”

“ တပည့်တော်တို့ ၀ိဇ္ဇာဇော်ဂျီတွေဟာ အတက်ပညာတစ်ခုကိုမီပြီး
တန်ခိုးအရာကို ဖန်တီးကြရတာပါဘုရား။ အဲလိုဖန်တီးရာမှာ တ-
ပည့်တော်တို့အတွက် မသိမဖြစ်လိုအပ်တဲ့ Physics ၊ anatomy ၊
Arithmetic ၊ Psychology ၊ Physiology ၊ Biophysics စတဲ့အ
တက်ပညာတွေကို ဆိုင်ရာဝိဇ္ဇာတိုင်းတက်မြောက်ကြပါတယ်ဘု
ရား။ အဲလိုတက်မြောက်တိုင်းလည်း ၀ိဇ္ဇာဇော်ဂျီရယ်လိုမဖြစ်ကြ
ပါဘူး။ ကိုယ်လိုတဲ့ ဆေးပင်ကို လိုသလိုရမှသာလျှင် ၀ိဇ္ဇာဓိုရ်
ဆင့်ကို တက်လှမ်းလို့ ရှိုန်းဆာယာဖိုမှောက် ကိုယ်ပျောက်တဲ့
သိဒ္ဓိပိုင်ရှင်များဖြစ်ကြပါတယ်။ အခုအခါမှာတော့ စစ်ခွေးဗိုလ်
ချုပ်မှူးကြီးသန်းရွှေခေါ် ခွေလဒကြံ့ဖွတ်ကြီးက တောတွေ
တောင်တွေ မြစ်တွေ မြေတွေရှိသမျှကို ပေါက်ဖေါ်တရုတ်ကြီး
အား အမြဲဆက်သနေရတဲ့အတွက် ငါတို့ ၀ိဇ္ဇာဇော်ဂျီတွေ ဆေးကြိတ်
ဆးရှာအားကိုးအားထားပြုနေရတဲ့ပုပ္ပါးတောင်ကြီးဟာ ပျက်ဆီးနေပြီ။
Photo: ဖေဇော်ဂျီတို့ ကြိတ်စရာ ဆေးမရှိတော့တဲ့  . . တောင်
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥
နံက်စောစောကြီး ဖျတ်ကနဲ ဖျတ်ကနဲ အလင်းရောင်ကြောင့် 
ဘုရားအာရုံပြုနေသောစိတ်မှနေ၍ ထိုအလင်းလာရာဆီသို့
သတိပြုလိုက်သည်။

“ ဆရာတော် ဂုဏ်တော်များပွားထုံနေတာလား . .ဘုရား”

မိမိသည် အသံရော ထိုသူ၏ ဥပဓိရုပ်လုံးကိုပါမြင်လိုက်ရ၍ လွန်စွာ
အံ့သြမိသွားသည်။ တော်သေးသည်ဟုပြောရမည်။ ဗုဒ္ဓနုဿတိဂုဏ်
တော်အဓိဋ္ဌာန်မစမီကတည်းက ကျင့်စဉ်နှင့်ပတ်သောပရိကံများကို
ပြည့်စုံအောင်ပြုလုပ်ထားသည်မို့ မိမိစိတ်သည် စိုးစဉ်းမျှသော
ကြောက်ရွံ့မှုတို့မရှိပါ။ ဒီကျင့်စဉ်ကိုကျင့်လျှင် ဒီလိုပဲကြုံတက်သည်
ဆိုတာကို မိမိသည် ပရံပရာရ ဆရာစဉ်ဆက် မှတ်သားသိရှိလာ
သည်ကလည်း တစ်ကြောင်းပေါ့။
ဒါနဲ့ ထိုအသံရှင်ကို အခုလို ပြန်ပြောလိုက်ပါတယ်။

“ဟုတ်ပါတယ် ဒကာတော်”
“ဒကာတော်ဟာ ပိဋကတ်တွေထဲက ၀ိဇ္ဇာဇော်ဂျီလား ”

“မှန်လှပါဆရာတော်”

“သြော် ” 
“ဒါဆို ဒကာတော်ဟာ ဘာလို့ တောင်ဝှေးမပါလာတာတုန်း”

“ အဲဒီတောင်ဝှေး ကိစ္စကို အရှင်ဘုရားအားအသိပေးလျှောက်ထား
လို၍ အခုလိုအရှင်ဘုရားထံ လာရောက်ဖူးမြော်ခြင်းပါပဲဘုရား”

“ အို  . . ”
“ဘယ်လိုများပါလိမ် ”  “လျှောက်ထားပါဦး”

“ တပည့်တော်တို့ ၀ိဇ္ဇာဇော်ဂျီတွေဟာ အတက်ပညာတစ်ခုကိုမီပြီး
တန်ခိုးအရာကို ဖန်တီးကြရတာပါဘုရား။ အဲလိုဖန်တီးရာမှာ တ-
ပည့်တော်တို့အတွက် မသိမဖြစ်လိုအပ်တဲ့ Physics ၊ anatomy ၊
Arithmetic ၊ Psychology ၊ Physiology ၊ Biophysics စတဲ့အ
တက်ပညာတွေကို ဆိုင်ရာဝိဇ္ဇာတိုင်းတက်မြောက်ကြပါတယ်ဘု
ရား။ အဲလိုတက်မြောက်တိုင်းလည်း ၀ိဇ္ဇာဇော်ဂျီရယ်လိုမဖြစ်ကြ
ပါဘူး။  ကိုယ်လိုတဲ့ ဆေးပင်ကို လိုသလိုရမှသာလျှင် ၀ိဇ္ဇာဓိုရ်
ဆင့်ကို တက်လှမ်းလို့ ရှိုန်းဆာယာဖိုမှောက် ကိုယ်ပျောက်တဲ့
သိဒ္ဓိပိုင်ရှင်များဖြစ်ကြပါတယ်။ အခုအခါမှာတော့ စစ်ခွေးဗိုလ်
ချုပ်မှူးကြီးသန်းရွှေခေါ် ခွေလဒကြံ့ဖွတ်ကြီးက တောတွေ 
တောင်တွေ မြစ်တွေ မြေတွေရှိသမျှကို ပေါက်ဖေါ်တရုတ်ကြီး
အား အမြဲဆက်သနေရတဲ့အတွက် ငါတို့ ၀ိဇ္ဇာဇော်ဂျီတွေ ဆေးကြိတ်ဆေးရှာအားကိုးအားထားပြုနေရတဲ့
ပုပ္ပါးတောင်ကြီး
ဟာ ပျက်ဆီးနေပြီ။သဘာဝအရင်းအမြစ်တွေကုန်လုနေပြီ။
ဆေးပင်မရှိလို့ ကြိတ်စရာမလိုတဲ့အတွက် အရှင်ဘုရားမေးတဲ့ 
တောင်ဝှေးလည်း တပည့်တော်တို့ကိုင်လည်းအပိုဖြစ်နေပါပြီ
ဘုရား။ ဒါ့ကြောင့် အရှင်ဘုရား၏ ကလောင်စွမ်းဖြင့် အများပြည်
သူဝေနေယျတွေသိပြီးစစ်ခွေးမိစ္ဆာကြံ့ဖွတ်တွေအမျိုးလိုက်အဆွေ
လိုက်ပြုတ်ပြုတ်ပြုန်းရအောင် အသိပေးရေးသားတော်မူပါဘုရား။”

“ဒီလိုရှိတယ်လေ ဒကာတော် ၀ိဇ္ဇာကြီးရယ်”
“ဦးဇင်းတို့က ဘာတန်ခိုးမှမရှိဘူးလေ” “ တန်ခိုးရှိတဲ့ဒကာကြီးတို့က”
“စစ်ခွေးသန်းရွှေတို့အုပ်စုကို ဖျက်ဆီးပစ်လို့မရဘူးလား”

“အရှင်ဘုရားမေးတာ မှန်ပါတယ်ဘုရား”
“တပည့်တော်တို့ ၀ိဇ္ဇာတွေဟာ အဓမ္မ၀ါဒီများမဟုတ်ကြပါဘူးဘုရား”
သို့ပါသောကြောင့် ဒီစစ်ခွေးမိစ္ဆာသန်းရွှေသိန်းစိန်တို့တစ်သိုက်ကို
ဒင်းတို့လုပ်သော အကုသိုလ်ကံအတိုင်းသာ စီမံစေချင်ပါတယ်ဘုရား
အရှင်ဘုရားကိုလည်း ထိုသို့အများဝေနေယျတွေသိရန် ဓမ္မ၀ါဒသ
ဘောအတိုင်းသာ စာရေးစေချင်တာပါဘုရား။”

“သြော် ”  “ သြော် ” ကောင်းပါပြီဒကာတော်ဝိဇ္ဇာ”

“၀ိဇ္ဇာကြီးသည် ငြိုးငယ်သော မျက်နှာထားဖြင့်
 မိမိ၏အရှေ့မှကွယ်ပသွားလေတော့သတည်း”
❝ ❞ ❝ ❞  ❝ ❞  ❝ ❞  ❝ ❞  ❝
ပြည်သူတွေဓမ္မအလင်းရောင်ကိုမြင်နိုင်ပါစေ
မိမိရေးသားဝေငှအပ်သော ဓမ္မဒါန၊ဓမ္မသာကစ္ဆာ၊
စတဲ့ မင်္ဂလာကုသိုလ်များကို (၃၁)ဘုံအားဝေငှမိပါသည်
Share ယူသာဓုခေါ်နိုင်စေ  .. . …
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
သဘာဝအရင်းအမြစ်တွေကုန်လုနေပြီ။

Wednesday, October 22, 2014

(DKBA)ဒုဗိုလ်မှူးကြီးဆန်းအောင်ကိုအား တာဝန်မှရုပ်သိမ်းပြီး တပ်ဖွဲ့မှထုတ်ပယ်လိုက်သည်။

မင်္ဂလာသုတ်က . . “ပူဇာ စ ပူဇနေယျာနံ” တဲ့။ ပူဇော်ထိုက်သူ
ကိုပူဇော်ရမယ်တဲ့။ ဒါလေးကိုတစ်ဆင့်တက်ပြီး “ဂုဏ်ပြုထိုက်သူ
ကို ဂုဏ်ပြုရမယ်” လို့နားလည်လိုက်။
ဒါဆိုရင် ဒုဗိုလ်မှူးကြီးဆန်းအောင်ကိုဟာ ဗုဒ္ဓဘာသာအတွက်
တကယ်ကိုဂုဏ်ပြုထိုက်သူပါ။ ဘာလို့လည်းဆိုတော့ . .
(၁) သမီးလေးကျေးရွာကို အတက်နိုင်ဆုံးကယ်ခဲ့တယ်။
(၂)လယ်တီသိမ်ကိုမဖျက်ဖို့ ကန့်ကွက်ဆန္ဒပြခဲ့တဲ့သံဃာတော်များ
ကို မီးလောင်ဗုံးနဲ့ပစ်တုန်းကလည်း စစ်ခွေးကြံ့ဖွတ်အစိုးရကို
ဆန္ဒထုတ်ဖေါ်ခဲ့တယ်။
Photo: (DKBA)ဒုဗိုလ်မှူးကြီးဆန်းအောင်ကိုအား တာဝန်မှရုပ်သိမ်းပြီး
တပ်ဖွဲ့မှထုတ်ပယ်လိုက်သည်။
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥

မင်္ဂလာသုတ်က  . . “ပူဇာ စ ပူဇနေယျာနံ” တဲ့။ ပူဇော်ထိုက်သူ
ကိုပူဇော်ရမယ်တဲ့။ ဒါလေးကိုတစ်ဆင့်တက်ပြီး “ဂုဏ်ပြုထိုက်သူ
ကို ဂုဏ်ပြုရမယ်” လို့နားလည်လိုက်။
ဒါဆိုရင် ဒုဗိုလ်မှူးကြီးဆန်းအောင်ကိုဟာ ဗုဒ္ဓဘာသာအတွက်
တကယ်ကိုဂုဏ်ပြုထိုက်သူပါ။ ဘာလို့လည်းဆိုတော့  . .
(၁) သမီးလေးကျေးရွာကို အတက်နိုင်ဆုံးကယ်ခဲ့တယ်။
(၂)လယ်တီသိမ်ကိုမဖျက်ဖို့ ကန့်ကွက်ဆန္ဒပြခဲ့တဲ့သံဃာတော်များ
ကို မီးလောင်ဗုံးနဲ့ပစ်တုန်းကလည်း စစ်ခွေးကြံ့ဖွတ်အစိုးရကို
ဆန္ဒထုတ်ဖေါ်ခဲ့တယ်။
အဲဒီလို တိုင်းပြည်နဲ့လူမျိုးအပေါ်ကို သစ္စာစောင့်သိသောသူကို 
DKBA တပ်က အကြီးအကဲတွေက တပ်စည်းကမ်းမလိုက်နာမှု
နဲ့ ထုတ်ပယ်တယ်ဆိုတော့က  ..  တကယ်ကို ရွံစရာကောင်း
သောလုပ်ရပ်ပါ။ 
ဒါကို ပြည်သူအများသိရှိပြီး အမှန်တရားသစ္စာသမားတွေထဲ
တွင်အပါအ၀င်ဖြစ်သော ဒုဗိုလ်မှူးကြီးဆန်းအောင်ကိုအား
အလင်းရှင်နှင့်ထပ်တူ ဂုဏ်ပြုကြပါစို့ဟု  ..  အသိပေးတိုက်တွန်း
နှိုးဆော်အပ်ပါတယ်။

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget