.

AlinShin

Sunday, October 19, 2014

တေဇသား (သို့) ခရိုနီများနှင့်ကခုန်ခြင်း

တေဇသားတွေကတော့ အငယ်ကတစ်မျိုး အကြီးကတစ်ဖုံနဲ့ ဆိုသလို မိဘရဲ့ 
ဂုဏ်ယုတ်တွေကို ထုတ်ဖေါ်ပြလေရဲ့ ။ အဖေက သန်းရွှေသမက်ဆိုတော့ 
သူတို့ လည်း မိုးကျရွှေကိုယ်လေးတွေလိုဘဲ အခွင့်ထူးတွေခံစားပြီး 
ထင်ရာစိုင်းနေကြတာ။မြန်မာပြည်တွင်းမှာဥပဒေမဲ့လုပ်ချင်ရာလုပ်နေကြတဲ့ 
ကိုယ်ကျိုးရှာစီးပွားရေးသမားကြီး အဖေတေဇမျက်နှာနဲ့ ပြည်တွင်းနဲ့ ပြည်ပကို
ခေါက်တုန့် ခေါက်ပြန်သွားပြီး ဖြုန်းတီးနေကြတာ။ 

တကယ်တော့ သူတို့ သုံးဖြုန်းနေတဲ့ငွေတွေဟာ တိုင်းပြည်ရဲ့ သယံဇာတတွေကို

အဓမ္မအေးဓါးမြတိုက်ပြီး၊ တစ်ကိုယ်တော်မောင်ပိုင်စီးပြီး သိမ်းကျူံးဘုန်းထားတဲ့
ငွေတွေဘဲ။ တိုင်းသူပြည်သားတွေမှာတော့ တ်ပြတ်ဆင်းရဲနေပြီးနုံခြာစုတ်ပြတ်
နေသလောက် သူတို့ တစ်တွေကတော့ ပြည်တွင်းမှာရောပြည်ပမှာပါ အရွယ်နဲ့ 
မမျှအောင် သောက်စားမူးယစ်ပြီးပျာ်ပါးသုံးဖြုန်းနေကြတာ။ 

သူ့ တို့ အဖေဘုန်းရသမျှ၊ အခွင့်ထူးခံလို့ ရသမျှငွေတွေဟာ တိုင်းသူပြည်သား
တွေရဲ့ ဂုတ်သွေးကို စုပ်ပြီး၊ တိုင်းပြညိရဲ့  သဘာဝသယံဇာတတွေကို ပိုင်ဆိုင်
ခွင့်မရှိဘဲ လိုချင်သလိုယူ ပြည်ပကို ရောင်းချချင်သလိုရောင်းချပြီး ရလာတာမို့  
ပိုင်ဖြိုးတေဇတို့  ညီအစ်ကိုအတွက်ကတော့ အရည်အချင်းမရှိဘဲ အဖေသူခိုးကြီး
ရဲ့ အမွေတွေရနေတာ။

ပြည်သူတွေအတွက်ကတော့ တစ်နေ့ လုပ်စာမှန်မှန်ရဖို့ မပြောနဲ့ 
ထမင်းရည်တောင်ဝယ်သောက်နေရတဲ့ဘ၀၊ ကျန်းမာရေးအတွက်ဆေး
ဝါးမပြောနဲ့  ဘာရောဂါခံစားရမှန်းတောင် မသိရလောက်အောင် ကျန်း
မာရေးအသိတွေ မပြည့်ဝရတဲ့ဘ၀၊ ပညာရေးကိုကျောင်းမှာသင်ဖို့ မပြောနဲ့  
အခြေခံ က ခ တောင် ဘာမှန်းမသိတဲ့ ကလေးတွေဘ၀၊ ၀တ်စရာအပေါ်ေ
အာက်ပြည့်စုံဖို့ မပြောနဲ့ ကိုယ်ပေါ်တင်ရုံလောက်လေး အ၀တ်အစုတ်
အပြတ်လေးရှိရုံဘ၀နဲ့ နေထိုင်အသက်ရှင်ဖို့  အနိုင်နိုင်ဖြစ်နေတာ။ 
ဒီလို တိုင်းပြည်ရဲ့ သယံဇာတတွေသာ တေဇတို့ လက်ထဲမရောက်ဘဲ 
တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်နေတဲ့ ကျန်းမာရေး ပညာရေး 
ဘ၀ဖူလုံရေးတို့ အတွက်သာ အသုံးပြုနိုင်မယ်ဆိုရင် ပြည်သူတွေအတွက် 
ဘယ်လောက်အကျိုးရှိလိုက်မလည်း။သန်းရွှေက သမက်ကိုဘုံမြောက်၊ 
သမက်က သန်းရွှေကို အာဏာမြဲဖို့ ထောက်ပံ့ပေးနဲ အကျိုးစီးပွားအပြန်
အလှန်ပြေလည်နေကြတော့ သန်းရွှေရဲ့ မြေးတွေနဲ့  တေဇရဲ့ သားတွေက
လည်း လိုင်စင်ရသောင်းကျန်းသူတွေဖြစ်နေပြီး ဥပဒေရဲ့ အပေါ်ဘက်မှ 
သူတို့ လည်းရှိနေကြလေရဲ့ ။

တေဇရဲ့ သားတွေသာ တစ်ချိန်မှာ တိုင်းပြည်ကို အာဏာနဲ့  ကိုယ်ကျိုးရှာစီး
ပွားရေးအမွေဆက်ခံပြီး အုပ်ချုပ်မယ်ဆိုရင်တော့ ပြည်သူတွေရဲ့ ရင်သွေး 
သားသမီးတွေဘ၀က သူတို့ ရဲ့  ကျွန်အဆင့် ခိုင်းဖတ်ဘ၀ရောက်မှာမပြောနဲ့  
မထင်ရင် မထင်သလို ဇီဝန်ချုပ်ခံရမယ့်ဘ၀ရောက်သွားလိမ့်မယ်။

တိုင်းပြည်ရဲ့  ပြည်သူပိုင်သယံဇာတတွေကို ကိုယ်ကျိုးစီးပွားလုပ်ပြီး မ
တရားချမ်းသာနေတဲ့ သန်းရွှေတို့  တေဇတို့ ရဲ့ ဘုန်းလို့ ရသမျှငွေတွေနဲ့  
သားသမီးတွေ ဘယ်လိုဖြုန်းတီးပြီး ပျက်စီးနေကြလည်းဆိုတာ၊ ဆင်းရဲ
တ်ပြတ်နေတဲ့ ပြည်သူတွေ သိရလေအောင် ဖေါ်ထုတ်ပြလိုက်ပါတယ်။

နအဖခေါင်းဆောင်ကြီး သန်းရွှေရဲ့ အမျိုးအဆွေတွေနဲ့  အခွင့်ထူးခံလက်
တစ်ဆုပ်စာကို ဒီလိုဘဲ အခွင့်အလမ်းဆက်ပေးနေရင်တော့၊ အနာဂတ်မှာ 
ကိုယ်ရဲ့ ရင်သွေးတွေ သူတို့ လက်အောက်မှာ ဆက်လက်အအုပ်ချုပ်ခံနေရ
ဦးမယ်ဆိုရင်တော့ ဘယ်ဘ၀ရောက်ကုန်မလဲ ဆိုတာ သိကြရင်ဖြင့် 
မိဘတွေအနေနဲ့  ဘာလုပ်သင့်သလဲဆိုတာ သဘောပေါက်ကြမယ်လို့ 
မျှာ်လင့်မိပါတယ်။

တေဇရဲ့  တိုင်းပြည်သယံဇာတတွေကို ဘုန်းရသမျှငွေဖြင့် ၀ယ်ပေးထားသော ပိုင်ဖြိုးတေဇအတွက် ကား။

အကိုကြီး အဖအရာဆိုတဲ့ ထက်တေဇရဲ့ အကို ပိုင်ဖြိုးတေဇ။
မိန်းမပျိုများဖြင့် ပျော်ပါးနေသော အဖေတူသား ပိုင်ဖြိုးတေဇ။

သောက်စားရုံသာမက မူးယစ်ဆေးဝါးတွေပါသုံးစွဲကာ ပျက်စီးနေသော တေဇရဲ့  အဖေတူသားကြီး ပိုင်ဖြိုးတေဇ။

အမူးလွန်ပြီး အိပ်ပျော်တော့မည့် ဆန်ကုန်မြေလေး တေဇအမွေခံလေး ပိုင်ဖြိုးတေဇ။

သူတို့ လည်းဘဲ နအဖအသိုင်းအ၀ိုင်းထဲမှာပါတယ်။

သန်းရွှေသားမက် တေဇတို့ ရဲ့  (သားဖြစ်သူ ပိုင်ဖြိုးတေဇ၊ ထက်တေဇတို့ ရဲ့ ) ဆွေမျိုးမိတ်ဆွေများ။
တေဇရဲ့  ညာလက်ရုံးလူ ဦးလု (U Lu) ဆိုသူဖြစ်ပါတယ်။ ဦးလုဟာ 
အမေရိကန်နိုင်ငံသားဖြစ်ပြီး Daly မြို့ မှာ နေထိုင်ပါတယ်။ လေလော
ဆယ်မှာတော့ သူနဲ့  သူ့ မိန်းမဟာ မြန်မာပြည်မှာ နေထိုင်နေကြပြီး၊ 
သူရဲ့ သမီး စီစီလီ (Cicily) ကတော့ ဆန်ဖရန်စစ္စကိုမြို့ မှာနေထိုင်နေပါတယ်။
တေဇရဲ့  ငွေကြေးတွေကို ဦးလုရဲ့  ဘဏ် account ထဲက တစ်ဆင့် အမေရိကကို 
ပိုက်ဆံလွဲပေးနေတယ်လို့  သိရှိရပါတယ်။ ဒီ့အတွက် အမေရိကရဲ့  
sanction list နဲ့  visa ban ထဲမှာ ဦးလုတို့ မိသားစုကို ထည့်သွင်းသင့်ပါတယ်။ 

ဦးလုရဲ့ သား ဖြစ်သူ (တေဇရဲ့ သား ပိုင်ဖြိုးတေဇရဲ့  အချစ်ဆုံးသူငယ်ချင်းပါ)။ >

မိန်းကလေးကတော့ ပိုင်ဖြိုးတေဇနဲ့  ထက်တေဇတို့ ရဲ့  မောင်နှမ၀မ်းကွဲ ဖြစ်သူ
ခိုင်ချိုမြင့် ဖြစ်ပါတယ်။ အမေဖြစ်သူ ဒေါ်ခိုင်ဇော် (ခ) မခိုင် ဟာ တေဇလို 
စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး ၁၉၉၈ တုန်းက ထိုင်းဗိုလ်ချုပ်တွေ အမတ်တွေနဲ့  ရောထွေးဆက်ဆံခဲ့သူလို့  ဘန်ကောက်ပို့ စ်သတင်းစာမှာ နာမည်ကြီးခဲ့သူပါ။
ဒေါ်ခိုင်ဇော်ဟာ အမေရိကရဲ့  sanction list ထဲမှာ ပါပေမယ့် သူရဲ့  သမီး
တွကတော့ မပါပါဖူး။ ခိုင်ချိုမြင့်တို့ ညီအစ်မတွေဟာ ဆန်ဖရန်စစ္စကိုတက္ကသိုလ်မှာ ကျောင်းတက်နေပါတယ်။ သူအမေရဲ့  ငွေကြေးတွေကို သမီးတွေရဲ့  ဘဏ် account 
ထဲကနေ အမေရိကမှာ လွဲပြောင်းနေတဲ့အတွက် sanction list ထဲမှာ 
ဒီမိန်းကလေးတွေရဲ့ အမည် ပါသင့်ပါတယ်။
အလယ်ကမိန်းကလေးဟာ စီးပွားရေးလုပ်ငန်းရှင် ဦးမြဟန်ရဲ့  သမီးဖြစ်ပါတယ်။ 
ဦးမြဟန်ဟာ တေဇတို့ နဲ့  အဆက်အသွယ်ရှိနေသူပါ။ ဒီမိန်းကလေးဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ ကျောင်းတက်နေပါတယ်။ 
သူ့ ကိုလည်း sanction list ထဲမှာ ထည့်သင့်ပါတယ်။
အလယ်အနောက်တစ်ယောက်ကတော့ ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းရဲ့  
သားဖြစ်ပါတယ်။ ပိုင်ဖြိုးတေဇတို့ နဲ့  နီးကပ်စွာပေါင်းနေတဲ့ သူငယ်ချင်းဖြစ်ပါတယ်။

အဖေထက် သားတစ်လကြီး။
နအဖခေါင်းဆောင်သန်းရွှေရဲ့ သားမက် တေဇရဲ့ သား ထက်တေဇဆိုတဲ့
ချာတိတ်ဟာ မိမိကိုကိုယ် ဘ၀င်လေ ဟပ်ပြီး အဆင့်မရှိတဲ့  စကားတွေပြော
တာကြားရတော့၊ ပျက်စီးနေတာတွေတွေ့ ရတော့ အာဏာရူး စီးပွား ရေး
လောဘသမားတွေရဲ့  သားသမီးအသိုင်းအ၀ိုင်းကလို့ မပြောရဘူး၊ မိမိတင်မက 
တစ်ဆွေတစ်မျိုးလုံးရဲ့ မ ကောင်းတဲ့ဂုဏ်ယုတ်ကိုပါ ဖေါ် ပြနေတဲ့ မသူတော်ဖြစ်
နေလေရဲ့ ။
အာဏာရူးသန်းရွှေရဲ့  ကိုယ့်အမျိုးကိုယ်သာချစ်တဲ့ မျိုးချစ်စိတ်ယုတ်နဲ့  သမီး ကိုပါ
ပေးထားလို့ တော်နေရတဲ့  သူ ခိုး သမက် ကြီး တေဇတစ်ယောက် တိုင်းပြည်ရဲ့  
သယံဇာတတွေကို
ဘုန်းချင်သလို ဘုန်းပြီး၊ တိုင်းပြည်တစ်ခု လုံး မွဲပြာကျနေပေမဲ့ သူသာလျှင် 
အချမ်းသာဆုံး လုပ်နေတဲ့ မသမာသောစီးပွားရေး လုပ်ငန်းတွေကြောင့် ရနေ 
တဲ့ ပိုက်ဆံငွေတွေကို သားဖြစ်သူ ထက်တေဇက အဖေကသူခိုး သားကလူဆိုး 
ဆိုတာလို ပျက်စီးချင်တိုင်းပျက် စီး နေတာကို တွေ့ ရလေရဲ့ ။
ထက်တေဇဟာ သူ့ ရဲ့ အဖေ တေဇက ရိုးရိုးသားသား သမာအာဇီဝနဲ့ များရှာလို့ 
ချမ်းသာကြွယ်ဝတယ်များထင် နေလားမသိ။ ဒါမှမဟုတ် အဖေလိုဘဲ 
စာရိတ္တပျက်ပြားဖို့  အတွက် အပျော်ကြီးဖို့ ဘဲ သိတဲ့ လေလွင့်ပျက်စီးသူ 
လူငယ်တစ်ယောက်အဖြစ် အဖေဘုန်းရသမျှ ငွေတွေကို သုံးဖြုန်းနေလေရဲ့ ။
ဒီလို လေလွင့်လူငယ်တစ်ယောက်၊ မိမိကိုယ်ကို ဘာကောင်မှန်းမသိတဲ့သူ တစ်ယောက်ကဖြုတ်ဦးနှောက် လောက် လေးနဲ့  ဆင်ခြင်စဉ်းစားဥာဏ်မရှိဘဲ 
ရဟန်းပြည်သူတွေ မိမိတို့ ရဲ့  ဆန္ဒအစစ်အမှန်ကို ငြိမ်းချမ်းစွာနဲ့ လမ်းပေါ်ထွက် ဖေါ်ထုတ်ပြသာတာကိုဘဲ သူ့ အနေနဲ့ က အရူးတွေလုပ်တာလို့ ထင်ကြောင်း
ရေးထား တာက တော့ သူရဲ့ မျိုးယုတ်ဂုဏ်ကို ထိန်းသိမ်းပြလိုက်တာ ဖြစ်လေရဲ့ ။

တိုင်းပြည်ကို လက်နက်နဲ့ အုပ်ချူပ်နေတဲ့ လူသတ်သမား သန်းရွှေနဲ့  တိုင်းပြည်ရဲ့ 
သယံဇာတမှန်သမျှကို သိမ်း ကြုံးခိုးယူပြီး မသမာစီးပွားရေးလုပ်ငန်းတွေလုပ်နေတဲ့
လာဘသမားတေဇရဲ့ တို့ ရဲ့  မျိုးစဉ်ဆက်လေး တစ် ယောက်က အနူပါးစပ်နဲ့ 
လူတတ်လုပ်ပြီး ရဟန်းပြည်သူကို ထပ်စော်ကားပြလိုက်လေရဲ့ ။

တိုင်းပြည်ရဲ့  GDP ပေါ်မှာ သုံးဖြန်းနေကြောင်း၊ တိုင်းပြည်ပိုင် ကျွန်းသစ်တွေ
ရတနာတွေ သဘာဝဓါတ်ငွေ့ တွေကို စင်ကာပူ၊ တရုတ်နဲ့  ရုရှတို့ ကို
ရောင်းတုတ်နေကြောင်းကို ထုတ်ဖေါ် ရေးသားပြနေတော့ လူကြီး မိဘတွေ 
ညာသမျှ ရှေ့ ကဖုံးသမျှ သားမိုက်ငတုံးက နောက်ကဖေါ်ဆိုတာလိုလုပ်နေလေရဲ့ ၊ 
ဝန်ခံပြနေလေရဲ့ ။
ဒီလို ရူးတူး မူးမိုက်နေတဲ့ ထက်တေဇနဲ့ သူ့ အကို ပိုင်ဖြိုးတေဇတို့ ဟာ အချောင်
ဝင်လို့  ရနေတဲ့  စင်ကာ ပူလိုနိုင်ငံမှာ သွားရောက်ပြီး ပျက်စီးချင်တိုင်းပျက်စီး
နေတာဟာ အဖပြောနေတဲ့ တစ်မျိုးသားလုံး အကျင့် စာရိတ္တ မြင့်မားရေးဆို
တာဟာနဲ့  လွဲနေပါလား။ 
တကယ်တမ်း ကြတော့ သူတို့  နအဖမိသားစုအသိုင်းအ၀ိုင်း တစ်မျိုးလုံး 
အကျင့်စာရိတ္တပျက်ပြားနေတာကို အဖတ်ဆယ်မရတော့တာမို့  ဖြစ်သင့်တာ
ကတော့ “နအဖတစ်မျိုးလုံး အကျင့်စာရိတ္တမြင့်မားရေး”ပါ။
ပြည်သူတွေက အကျင့်စာရိတ္တမပျက်ကြပါဖူး။ ဘုရားကို ဘုရားမှန်းသိပါတယ်။ 
တရားကို တရားမှန်းသိပါတယ်။ သံဃာကို သံဃာမှန်းသိပါတယ်။ 
သမာအာဇီဝကို သိကြ ပါတယ်။ (၅) ပါးသီးလ ကို သိကြပါတယ်။ 
ဒါတွေကို မသိကြဘဲ ဖောက်ပြန်နေတဲ့  အကျင့်စာရိတ္တမှာ ဆိုးသွမ်းသောင်း 
ကျန်းနေသူ တွေကတော့ ထက်တေဇ တို့ လို လူမမယ်ချာတိတ်ကနေ 
တေဇ သန်းရွှေလို လူကြီးသူခိုးတွေ အထိပါတဲ့ နအဖ အသိုင်း အ၀ိုင်း 
တစ်ခုလုံးဖြစ်လေရဲ့ ။

နောက်ထပ်ထက်တေဇ ပြောထားတာကတော့ မကောင်းတဲ့မိန်းကလေးတွေနဲ့ 
သူတို့ ပျော်ပါးနေကြောင်းကိုဝန် ခံဖေါ်ပြထားတော့ တိုင်းပြည်ထဲကို ရောဂါဆိုးတွေ
သယ်လာသူတွေဟာ သူတို့ ဘဲဖြစ်ကြောင်း သိသာစေလေ ရဲ့ ။

သနားစရာကောင်းတာကတော့ အဲယားပုဂံကြီး ပိတ်လိုက်ရတာကို သူ့ ခမျာ
အပျော်အပါးမက်ပြီး မသိလိုက်ရှာ ဘူးထင်ပါရဲ့ ။ တော်ကြာ အရေးအကြောင်း
ဆိုရင် ပြေးစရာမြေမရှိ သွားစရာနေရာမရှိဘဲ လမ်းပေါ်လွင့်ပြီး 
(လမ်းပေါ်ကခွေးတောင် မျက်စိနောက်ပြီးကိုက်မှဖြင့်) ရောက်နေရင်ဖြင့်
စင်ကာပူက မြန်မာပြည်သူတွေရဲ့  ၀ိုင်း သမခံနေရဦးမယ်။

သတိပေးချင်တာကတော့ ထက်တေဇလို လူမလေးခွေးမခန့် ကောင်လေးမပြောနဲ့ 
သူ့ ရဲ့ အမျိုးအာဏာရူးသန်း ရွှေနဲ့  လောဘသမားတေဇတို့ လည်း ကမ္ဘာပြည်သူ
မန်မာပြည်သူတွေရဲ့  ဒဏ်ခတ်ခြင်းကို ခံရမှာမို့  အစွယ် အပွားလေးတွေလည်း
ပုန်းစရာနေရာရှိမှာ မဟုတ်ဖူးဆိုတာပါ။ သိပ်ပြီးတော့ လေလုံးထွားပြီး အသံကောင်း 
ဟစ်ပြီးမနေဖို့ နဲ့ ။ 
လူကြီးတွေအလှည့်မရောက်သေးဘဲ ကိုယ်အလှည့်အရင်ဖြစ်သွားဦးမယ်။ 
ရဟန်း ပြည်သူတွေကို မစော်ကားဘဲ ပါးစပ်ပိတ်ပြီး ကိုယ့်ဖာသာ တိတ်တိတ်
အပျော်မက်နေချင် မက်နေပါလို့ ။ ။

သောက်စားပျော်ပါးကာ ပျက်စီးနေသော နအဖအသိုင်းအ၀ိုင်းမှ ထက်တေဇ။

http://www.yeyintnge.com/2008/09/u-lu-daly-cicily-account-sanction-list.html#.VEORz2eSx8E

မင်းတို့ကိုပြည်သူ့ဝိုင်းတွေ .. ရဲထားသည်

ထိုင်းရဲနဲ့ မြန်မာရဲ့ ဘာမှမကွာပါဘူး
ထူးမခြားနားပတ်ပျိုးလိုပါပဲ။ အဲ .. အဲ
ကွာတာတစ်ခုကတော့ ထိုင်းရဲတွေက ယူနီဖေါာင်းဝတ်တာ
အရမ်းကိုသေသပ်တယ်။
အဓိကကတော့ တို့ပြည်သူတွေကိုက ကံဆိုးတာပါ။
ကိုယ့်နိုင်ငံမှာ သယံဇာတတွေ အလျှံမယ်ပေါကြွယ်ဝပါသော်
လည်း စစ်ခွေးနဲ့ခရိုနီတွေစားလို့မလောက်မ၀သေးတာကြောင့်
တိုင်းတစ်ပါးထွက်ပြီး အခုလိုအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ခဲ့ရတော့
တာပါပဲ။
အခုလိုပြောမိတော့ . . .
မှားတာရှိရင် တောင်းပန်ပါတယ်
ကျနော်မျိုးတို့သာလျှင် မြန်မာပြည်မှာလူဖြစ်ခွင့်ရတာကိုက
ကံဆိုးတာပါ .. ခင်ဗျာ။
ဘဒ္ဒန္တကောဝိဒ
Photo: မင်းတို့ကိုပြည်သူ့ဝိုင်းတွေ .. 
❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ရဲထားသည်
ထိုင်းရဲနဲ့ မြန်မာရဲ့ ဘာမှမကွာပါဘူး
ထူးမခြားနားပတ်ပျိုးလိုပါပဲ။ အဲ .. အဲ
ကွာတာတစ်ခုကတော့ ထိုင်းရဲတွေက ယူနီဖေါာင်းဝတ်တာ
အရမ်းကိုသေသပ်တယ်။
အဓိကကတော့ တို့ပြည်သူတွေကိုက ကံဆိုးတာပါ။
ကိုယ့်နိုင်ငံမှာ သယံဇာတတွေ အလျှံမယ်ပေါကြွယ်ဝပါသော်
လည်း စစ်ခွေးနဲ့ခရိုနီတွေစားလို့မလောက်မ၀သေးတာကြောင့်
တိုင်းတစ်ပါးထွက်ပြီး အခုလိုအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ခဲ့ရတော့
တာပါပဲ။
အခုလိုပြောမိတော့ . . .
မှားတာရှိရင် တောင်းပန်ပါတယ် 
ကျနော်မျိုးတို့သာလျှင် မြန်မာပြည်မှာလူဖြစ်ခွင့်ရတာကိုက
ကံဆိုးတာပါ .. ခင်ဗျာ။
ဘဒ္ဒန္တကောဝိဒ

ရေခဲတောင်မင်းသား (သို့) သယံဇာတသူခိုးကြီး

ကိုယ်သိထား ယုံကြည်မိသော အမှန်တရားများကို အခုလိုချပြ
ခွင့်ရတာကိုက ကံကောင်းတယ်လို့ဆိုရမယ်။ ဟိုးတုန်းက facebook
ခေတ်မစားခင်က blog မှာပဲ သွန်ချနေရတာလေ။ blog ကလူသိနဲ
လူကြည့်နဲတော့ အားမရဘူးပေါ့နော်။
Facebook ကတော့ အခုရေးလိုက်တင်လိုက်တာနဲ့ မိနစ်ပိုင်းအတွင်း
လူတစ်ယောက်စီရဲ့ နှလုံးသားကို ရောနှောခွင့်ရခဲ့တယ်။
ဒါကံကောင်းခြင်းလက်ဆောင်ပဲ .. . ။
ကဲ . . ပြောကြရအောင် . . .
မြန်မာပြည်အနှံ့အပြားမှာ ခေတ်စားနေတဲ့ “ဓမ္မစေတီခေါင်းလောင်း”
ကြီးကလည်း နဂါးကြီးထံကမရတော့ဘူးဆိုတဲ့ လှောင်ပြောင်သရော် 
သံတွေမရပ်ခင်
“ရေခဲတောင်မင်းသား”အဖြစ် သယံဇာတသူခိုးကြီး
“တေဇ”က သရုပ်ဆောင်ရိုက်ကူးနေပြန်ပါတယ်။
ဟိုတစ်ယောက်ရှိသေးတယ်လေ .. “ဘော ဥက္ကဋ္ဌ” ခေါ် “ဘောလုံး 
မင်းသားကြီးဇော်ဇော်” လေ။
ဒါတွေ အခုလိုပြောရတာ ထိုသူတွေနဲ့ အလင်းရှင် ရန်ငြိုးရန်စရှိလို့မ
ဟုတ်ရပါ။ ရှိဖိုလည်းနေနေသာသာ အပြင်မှာ တစ်ခါဘူးမှမမြင်ဘူး
ဖူးပါ။ ထိုသို့ တစ်ဦးနှင့်တစ်ဦး အာဃတအငြိုးအတေးများမရှိသော်
လည်း ယင်းတို့ဟာ စစ်ခွေးဗိုလ်ချုပ်ကြီးများနဲ့ အလိုတူအလိုပါဖြစ်
နေလေတော့ ဒါတွေကို ထိမ်ချန်ထား၍ မဖြစ်ပါ။
အခုခေတ်လူငယ်တွေ အသိတရားနက်နက်ရစေချင်တာလည်းပါပါ
တယ်။ အလင်းရှင် ခဏခဏပြောဖူးပါတယ်။“အမှားကြာရင်အမှန် ဖြစ်
 ဘုရားစစ်စစ် မဟောနိုင်” တဲ့။
အမှားတွေဟာ ကြာလာရင် အမှန်အဖြစ် ပုံသဏ္ဍာန်ရောက်သွား 
တာမျိုးတော့မဟုတ်ဘူး။ နောက်ပေါက်လူတွေက အမှန်နဲ့အမှားကို 
မခွဲခြားနိုင်တော့တာပါ။ ဆိုလိုတာက “သမိုင်းတွေဖျောက်ပစ်ခြင်းကို” 
ခံလိုက်ရလိုပါပဲ။
အဲဒီတော့ နောက်ပေါက်လူငယ်တွေဟာ အခုပြောသော
 “ရေခဲ တောင်မင်းသားကြီး” တို့ ။ “ဘော လုံးမင်းသားကြီး” တို့ရဲ့ 
ခရိုနီ မာယာထောင်ချောက်ထဲမှာ အသက်ပျောက်ကုန်တော့တာပါပဲ။
ဒါ့ကြောင့် မသေခင် အားလပ်ချိန်လေးမှာ လောကလူသားများအ
တွက် အမှန်တရားလက်ဆောင်စကားများ ရေးသားဝေငှမိခြင်းသာ ဖြစ်ပါတယ်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
Photo: ရေခဲတောင်မင်းသား (သို့) သယံဇာတသူခိုးကြီး
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  
ကိုယ်သိထား ယုံကြည်မိသော အမှန်တရားများကို အခုလိုချပြ 
ခွင့်ရတာကိုက ကံကောင်းတယ်လို့ဆိုရမယ်။ ဟိုးတုန်းက facebook ခေတ်မစားခင်က blog မှာပဲ သွန်ချနေရတာလေ။ blog ကလူသိနဲ
လူကြည့်နဲတော့ အားမရဘူးပေါ့နော်။ 
Facebook ကတော့ အခုရေးလိုက်တင်လိုက်တာနဲ့ မိနစ်ပိုင်းအတွင်း
လူတစ်ယောက်စီရဲ့ နှလုံးသားကို ရောနှောခွင့်ရခဲ့တယ်။ 
ဒါကံကောင်းခြင်းလက်ဆောင်ပဲ  .. . ။
ကဲ  . .  ပြောကြရအောင်  . . .
မြန်မာပြည်အနှံ့အပြားမှာ ခေတ်စားနေတဲ့ “ဓမ္မစေတီခေါင်းလောင်း” 
ကြီးကလည်း နဂါးကြီးထံကမရတော့ဘူးဆိုတဲ့ လှောင်ပြောင်သရော် သံတွေမရပ်ခင် “ရေခဲတောင်မင်းသား”အဖြစ် သယံဇာတသူခိုးကြီး
 “တေဇ”က သရုပ်ဆောင်ရိုက်ကူးနေပြန်ပါတယ်။
ဟိုတစ်ယောက်ရှိသေးတယ်လေ  .. “ဘော ဥက္ကဋ္ဌ” ခေါ်  “ဘောလုံး မင်းသားကြီးဇော်ဇော်” လေ။
ဒါတွေ အခုလိုပြောရတာ ထိုသူတွေနဲ့ အလင်းရှင် ရန်ငြိုးရန်စရှိလို့မ 
ဟုတ်ရပါ။ ရှိဖိုလည်းနေနေသာသာ အပြင်မှာ တစ်ခါဘူးမှမမြင်ဘူး 
ဖူးပါ။ ထိုသို့ တစ်ဦးနှင့်တစ်ဦး အာဃတအငြိုးအတေးများမရှိသော်
လည်း ယင်းတို့ဟာ စစ်ခွေးဗိုလ်ချုပ်ကြီးများနဲ့ အလိုတူအလိုပါဖြစ်
နေလေတော့ ဒါတွေကို ထိမ်ချန်ထား၍ မဖြစ်ပါ။
အခုခေတ်လူငယ်တွေ အသိတရားနက်နက်ရစေချင်တာလည်းပါပါ
တယ်။ အလင်းရှင် ခဏခဏပြောဖူးပါတယ်။“အမှားကြာရင်အမှန် ဖြစ် ဘုရားစစ်စစ် မဟောနိုင်” တဲ့။
အမှားတွေဟာ ကြာလာရင် အမှန်အဖြစ် ပုံသဏ္ဍာန်ရောက်သွား တာမျိုးတော့မဟုတ်ဘူး။ နောက်ပေါက်လူတွေက အမှန်နဲ့အမှားကို မခွဲခြားနိုင်တော့တာပါ။ ဆိုလိုတာက “သမိုင်းတွေဖျောက်ပစ်ခြင်းကို” ခံလိုက်ရလိုပါပဲ။
အဲဒီတော့ နောက်ပေါက်လူငယ်တွေဟာ အခုပြောသော “ရေခဲ တောင်မင်းသားကြီး” တို့ ။ “ဘော လုံးမင်းသားကြီး” တို့ရဲ့ ခရိုနီ မာယာထောင်ချောက်ထဲမှာ အသက်ပျောက်ကုန်တော့တာပါပဲ။ 
ဒါ့ကြောင့် မသေခင် အားလပ်ချိန်လေးမှာ လောကလူသားများအ တွက် အမှန်တရားလက်ဆောင်စကားများ ရေးသားဝေငှမိခြင်းသာ ဖြစ်ပါတယ်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

မင်းတို့ငါတို့ပြည်သူတွေက လက်ခုပ်တောင်ဝိုင်းတီးပေးသင့်တယ်။

တို့ဆရာသမားများက ဘုရားသားတော်အိုအိုကြီးတွေမို့
စကားပြောရင် မှတ်သားဖွယ်ရာတွေသိပ့်ပါတယ်။
တို့က အဲဒီခေါင်းသုံးလုံးကြီးများကို မှီဝဲဆည်းကပ်ခွင့်ရလေတော့
စကားလုံးများက ပြတ်တယ် ၊ မာတယ် ၊ ထိတယ် ၊ မိတယ်။
မှတ်ထားကြပါ။
ဆန်းဆင့်ဆိုတာ စစ်ရေခွံကျွတ်ပါ။ စစ်ခွေးအခြင်းခြင်းအခုကိုက်ကြ
တာဆိုတာကို မင်းတို့ အသိမဲ့မနေကြနဲ့။
ဖွတ်တွေ ဖွတ်ခြင်း အာဏာလုကြ ၊ ကိုက်ကြတာပါကွာ။
အဓိကက တို့ပြည်သူတွေ ဖြစ်တဲ့ သတင်းသမားတွေကိုအပြစ်မဲ့
ထောင်ချနေတာက ပဓာနပါ။
ဖွတ်ဖွတ်ခြင်း ကိုက်ကြတာ မင်းတို့ငါတို့က လက်ခုပ်တောင်ဝိုင်း
တီးပေးသင့်တယ် .. .
ကဲ . တီးလိုက်ကြစမ်း . .
ဖြောင်း .. ဖြောင်း .. ဖြောင်း ..
ဖြောင်း .. ဖြောင်း .. ဖြောင်း ..
ဖြောင်း .. ဖြောင်း .. ဖြောင်း ..
ဖြောင်း .. ဖြောင်း .. ဖြောင်း ..
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
Photo: မင်းတို့ငါတို့ပြည်သူတွေက လက်ခုပ်တောင်ဝိုင်းတီးပေးသင့်တယ်။
☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ✿☭ ✖ ✿
တို့ဆရာသမားများက ဘုရားသားတော်အိုအိုကြီးတွေမို့
စကားပြောရင် မှတ်သားဖွယ်ရာတွေသိပ့်ပါတယ်။
တို့က အဲဒီခေါင်းသုံးလုံးကြီးများကို မှီဝဲဆည်းကပ်ခွင့်ရလေတော့
စကားလုံးများက ပြတ်တယ် ၊ မာတယ် ၊ ထိတယ် ၊ မိတယ်။
မှတ်ထားကြပါ။
ဆန်းဆင့်ဆိုတာ စစ်ရေခွံကျွတ်ပါ။ စစ်ခွေးအခြင်းခြင်းအခုကိုက်ကြ
တာဆိုတာကို မင်းတို့ အသိမဲ့မနေကြနဲ့။
ဖွတ်တွေ ဖွတ်ခြင်း အာဏာလုကြ ၊ ကိုက်ကြတာပါကွာ။
အဓိကက တို့ပြည်သူတွေ ဖြစ်တဲ့ သတင်းသမားတွေကိုအပြစ်မဲ့
ထောင်ချနေတာက ပဓာနပါ။
ဖွတ်ဖွတ်ခြင်း ကိုက်ကြတာ မင်းတို့ငါတို့က လက်ခုပ်တောင်ဝိုင်း
တီးပေးသင့်တယ်  .. . 
ကဲ  .  တီးလိုက်ကြစမ်း  . .
ဖြောင်း  ..  ဖြောင်း  ..  ဖြောင်း  ..  
ဖြောင်း  ..  ဖြောင်း  ..  ဖြောင်း  ..  
ဖြောင်း  ..  ဖြောင်း  ..  ဖြောင်း  ..  
ဖြောင်း  ..  ဖြောင်း  ..  ဖြောင်း  ..  
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

ဖွတ်ဖွတ်ခြင်း ကိုက်ကြတာ

ဆန်းဆင့်ကိစ္စကို မင်းတို့ပြည်သူတွေဝင်မပါနဲ့
ဒါက ဖွတ်ဖွတ်ခြင်းအစာလုရင်းကိုက်ကြတာ ကွ။
ဒီလောက်တော့ မင်းတို့ ပြည်သူတွေသိထားသင့်တယ်လို့ထင်တယ်။
တို့လည်း ရေးရတာ သေလုပြီ။
ကိုက်ပါစေကွ။ ဖွတ်တွေအခုမှ ကိုက်ကြတာ။ သူ့ပထွေးသန်းရွှေ
ငုတ်တုတ်ကြီးစစ်ရေခွံနဲ့တုန်းကလည်း ဒီလိုပဲ ကိုက်ကြတာပဲမဟုတ်လား
ဟိုကောင်တွေလေ ကွာ။ မြင့်အောင်တို့ ၊ ထွန်းကြည်တို့လေ၊ တင်ဦးဆို
ရင် အသေဆိုးနဲ့သေခဲ့ရတာပဲမဟုတ်လားကွ။
ဒါ့ကြောင့် မင်းတို့ မှတ်ထားကြပါ။
ဒါဟာ ဖွတ်ဖွတ်ခြင်းကိုက်တဲ့ ပွဲကွ။ ဖွတ်တွေက အခုမှ ကိုက်ကြတာ
မဟုတ်ဘူး။ ဟိုး ပဝေသဏီ စစ်ရေခွံဝတ်တွေကတည်းက တစ်ကောင်
နဲ့တစ်ကောင် ကိုက်လာခဲ့ကြတာပါ။
ဒါကို အခုမှအရေးကြီးခွင်ကျယ်လုပ်မနေကြနဲ့။ စာတက်သူတိုင်းသိတယ်။
အဓိကကတော အဲဒီ ဖွတ်အုပ်စုကြီးကို ကိုက်ကြရင်းဖဲ့ကြရင်းနဲ့ ၂၀၁၅
မှာ ပြည်သူဟာ အဲဒီဖွတ်တောင်ဖို့ကြီးကို မီးတိုက်ဖို့တက်ဖို့ပဲလိုတယ်။
ဒါ့ကြောင့် ဒေါါ်အောင်ဆန်းစုကြည်က ။ ပြည်သူတွေကိုစာဖတ်ဖို့ပြော
နေတာ အကြောင်းမဲ့မဟုတ်ဘူး။ အဲဒီ ဖွတ်အုပ်စုကို မီးတိုက်နိုင်တဲ့
အလင်းဆိုတာ စာပေဗဟုသုတမှာပဲရှိတယ်လေ။
အခု ဆန်းဆင့်ထောင်ကျတာဘာဖြစ်လည်း ။ ဒီကောင်တွေဖွတ်အုပ်
စုကြီးက ကျိုးဒါဏ်တောင်ပေးရမှာပါ။
အပြစ်မဲ့ပြည်သူတွေကိုထောင်ချ။ ရဟန်းသံဃာတော်တွေကို သတ်ဖြတ်
ဒီလိုကောင်မျိုးတွေအတွက် မြန်မာပြည်ဟာ နေစရာမပေးသင့်တော့ဘူး
မကြာသေးမီက သတင်းထောက်ကိုပါကြီးကို စစ်ခွေးတွေဖမ်းလိုက်
တယ်လို ဆိုတယ်။
ဒါဟာ ပြည်သူကို နည်းမျိုးစုံနဲ့အလင်းပေးနေတဲ့သူတွေကို မပေးနိုင်
အောင်လုပ်တာပဲ။
ဒါ့ကြောင့် စစ်ခွေးဖွတ်ဆန်းဆင့်ထောင်ကျတာ ကိုပါကြီးလောက်အရေး
မကြီးဘူးဆိုတာ မင်းတို့လူငယ်တွေ မှတ်ထားကြစေချင်တယ်။
အပ္ပမာဒါစကားပေါ့နော်။
ဘဒ္ဒ န္တကောဝိဒ(အလင်းရှင်)
Photo: ဖွတ်ဖွတ်ခြင်း ကိုက်ကြတာ
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  

Saturday, October 18, 2014

ဆန္ဒ၀တော ကိံ နာမကမ္မံ နသိဇ္ဈ တိ

ဆန်းဆင့်ဆိုတဲ့ စစ်ခွေးကြံ့ဖွတ်တစ်ကောင်ကို ထောင်ချပစ်တာထက်
အပြစ်မဲ့ သတင်းသမားတစ်ယောက်ကို လုပ်ကြံနေတာတွေကပိုပြီး
အရေးပါတယ်။
ဒါကို ထမင်းစားကြီးတဲ့ ပြည်သူတွေသိပါတယ်။
ဒါ့ကြောင့် . . . .
အကျဉ်းခံ အပြစ်မဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်စေ
ရန် တို့ . .ဆန္ဒပြင်းပြတယ်။
နောက် .. ကိုပါကြီးကဲ့သို့သော စစ်ခွေးတွေကိုတိုက်ပွဲဝင်နေသော
သူရဲကောင်းများ အမြန်ဆုံးလွတ်မြောက်စေရန် တို့ ဆန္ဒပြင်းပြတယ်။
နောက်ဆုံးဆန္ဒကတော့ . ..
၂၀၁၅ မတိုင်ခင် . .
စစ်ခွေးတွေရဲ့ ငရဲခန်းဇာတ်သိမ်းကို တို့ .. ပြည်သူကိုယ်စား
ဆန္ဒအပြင်းပြဆုံးပါပဲ .. ။
သို့မှာသာ .. . .
ဗုဒ္ဓဘာသာစေတီပုထိုးများ .. သာသသနာတော်ကိုတကယ်ချစ်
မြတ်နိုးတော်မူသော ရဟန်းသံဃာတော်များ .. .စတဲ့ပြည်သူပြည်
သားတွေ ငြိမ်းချမ်းရေးရကြမှာဖြစ်ပါတယ်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
Photo: ဆန္ဒ၀တော ကိံ နာမကမ္မံ နသိဇ္ဈ တိ
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  

စစ်ခွေးတရုတ် ဗိုလ်လုပ်နေသရွေ့

ကိုပါကြီးကို စစ်ခွေးတွေဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းကြားရ ကတည်းက ရင်ထုမနာနဲ့ စာရေးပစ်ချင်တာကြာပါပြီ . . ။ သို့သော် အင်တာနက်လိုင်းတွေက ဘယ်လိုမှသုံးမရတာကြောင့် ကိုယ့်ရင်ထဲ မှာ စစ်ခွေးကြံဖွတ်တစ်သိုက်ရဲ့ မိုက်မဲမှုကို မျိုသိပ့်ခဲ့ရပါတယ်။
ကိုပါကြီးဆိုတာ ဆရာမမသန္တာ၏ ချစ်လှစွာသောခင်ပွန်းသည်ပါ။ ဆရာမမသန္တာဆိုတာကလည်း ခေသူမဟုတ်ပါ။ ပြည်သူအတွက် စစ်ခွေးတွေကို နှလုံးရည်ဖြင့်တိုက်ရင်း အင်းစိန်အကျဉ်းထောင်မှာ အတိဒုက္ခများကို အံကျိတ်ခံစားရင်း သန်းပေါင်းများစွာသော မြန်မာ ပြည်သူပြည်သား ရဟန်းရှင်လူတို့အတွက် နှလုံးရည်တိုက်ပွဲဆင်နွဲ ခဲ့သူပါ။
ဒါလိုရင်းကိုပြောတာနော် . 

Photo: စစ်ခွေးတရုတ် ဗိုလ်လုပ်နေသရွေ့
☤✩☤✩☤✩☤✩☤✩☤✩☤☤✩☤✩☤✩☤✩☤✩☤✩☤
ကိုပါကြီးကို စစ်ခွေးတွေဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းကြားရ ကတည်းက ရင်ထုမနာနဲ့ စာရေးပစ်ချင်တာကြာပါပြီ . . ။ သို့သော် အင်တာနက်လိုင်းတွေက ဘယ်လိုမှသုံးမရတာကြောင့် ကိုယ့်ရင်ထဲ  မှာ စစ်ခွေးကြံဖွတ်တစ်သိုက်ရဲ့ မိုက်မဲမှုကို မျိုသိပ့်ခဲ့ရပါတယ်။
ကိုပါကြီးဆိုတာ ဆရာမမသန္တာ၏ ချစ်လှစွာသောခင်ပွန်းသည်ပါ။ ဆရာမမသန္တာဆိုတာကလည်း ခေသူမဟုတ်ပါ။ ပြည်သူအတွက် စစ်ခွေးတွေကို နှလုံးရည်ဖြင့်တိုက်ရင်း အင်းစိန်အကျဉ်းထောင်မှာ အတိဒုက္ခများကို အံကျိတ်ခံစားရင်း သန်းပေါင်းများစွာသော မြန်မာ ပြည်သူပြည်သား ရဟန်းရှင်လူတို့အတွက် နှလုံးရည်တိုက်ပွဲဆင်နွဲ ခဲ့သူပါ။ 
ဒါလိုရင်းကိုပြောတာနော်  . .. 
အဲလို သားတစ်ကွဲ မယားတစ်ကွဲဖြင့် ဘ၀ခရီးကိုဖြတ်သန်းနေရရှာ သော ထိုမိသားစုရဲ့ဘ၀ကို မိမိအနေဖြင့် စာတစ်ဆောင်ပေတစ်ဖွဲ့ ရေးနိုင်စွမ်းသော လက်မရှိပါ။
သို့သော်  . . .. 
အခုလို ဆရာမမသန္တာ၏ ခင်ပွန်းသည်ကိုပါကြီးအား စစ်ခွေးတွေက ဖမ်းဆီးလိုက်သည်ဟု သိရသောအခါ . . . .
ရရာလက်နက်စွဲကာ တိုက်ပွဲဝင်ခဲ့ကြသော ဆရာစံနှင့်ဂဠုန်တပ် ပေါင်းစုတို့ကို အားကျသည်  . . . .။
နျူကလီယားတစ်လုံးမျှသာ မိမိလက်ဝယ်ရှိခဲ့ပါမူ နေပြည်တော်ကို ပြာမှုန်ပြုလိုက်ချင်သည်  . .။
စစ်ခွေးချုပ်ကြီးသန်းရွှေမသေသရွေ့ ပြည်သူတွေအခုလိုခံစားနေ ရရှာသော အတိဒုက္ခအ၀၀ကို မိမိ မတွေ့လို မမြင်လို မခံစားလို ချင်တော့ပေ  . . . ။
ဒီစာဆုံးသည်နှင့်  . . . .
အဖမ်းခံနေရသော ကိုပါကြီးနှင့် အင်းစိန်အကျဉ်းထောင်ထဲရောက် ကိုထင်ကျော်တို့အစရှိသော သူရဲကောင်းများ အမြန်ဆုံးလွတ် မြောက်ကြပါစေဟု  ..  မိုးနတ်အာကာသို့ ဗဟိုပြုတိုင်တန်းလိုက်ပါ သတည်း  . . . ။

မိစ္ဆာစစ်ခွေးတစ်ကောင်ရဲ့ အတ္တ

ကိုယ့်ကိုယ်ကို အိပ်မက်ထဲမှာတောင်
သူရဲကောင်းမဆန်မိခဲ့ဘူး။
ဘယ်မှာရှာရမှန်းမသိတဲ့ ချစ်သူတစ်ယောက်ကို
စိတ်ကူးထဲမှာတော့ ပတ်ရှာခဲ့ဖူးတယ်။
စိတ်နာတယ် . . . .
မြန်မာပြည်မှာ လူဖြစ်ခွင့်နဲ့ ရဟန်းငယ်တစ်ပါးရဲ့ဘ၀ကိုပေါ့။
လူဖြစ်ခွင့်မှာ . ..
စစ်အာဏာရှင်အဆက်ဆက်ရဲ့စစ်ဖိနပ်အောက်မှာနေခဲ့ရသလို
ရဟန်းတစ်ပါးဖြစ်ခွင့်ကြပြန်တော့လည်း . . .
(မ-ဟ-န)ခေါ် စစ်အာဏာရှင်နေ၀င်း၏ လက်ကိုင်တုတ်တို့ရဲ့
ညွှန်ကြားလွှာတွေအောက်မှာ ရွှေဝါရောင်ဟစ်တိုင်ဝင်ခဲ့ရတယ်။
ကဲ . ..
ဘယ်မှာလည်း ..
လူ့အခွင့်အရေး .. . ရဟန်းအခွင့်အရေး . . .
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
Photo: မိစ္ဆာစစ်ခွေးတစ်ကောင်ရဲ့ အတ္တ
☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀
ကိုယ့်ကိုယ်ကို အိပ်မက်ထဲမှာတောင် 
သူရဲကောင်းမဆန်မိခဲ့ဘူး။
ဘယ်မှာရှာရမှန်းမသိတဲ့ ချစ်သူတစ်ယောက်ကို
စိတ်ကူးထဲမှာတော့ ပတ်ရှာခဲ့ဖူးတယ်။
စိတ်နာတယ်  . . . .
မြန်မာပြည်မှာ လူဖြစ်ခွင့်နဲ့ ရဟန်းငယ်တစ်ပါးရဲ့ဘ၀ကိုပေါ့။
လူဖြစ်ခွင့်မှာ  . .. 
စစ်အာဏာရှင်အဆက်ဆက်ရဲ့စစ်ဖိနပ်အောက်မှာနေခဲ့ရသလို
ရဟန်းတစ်ပါးဖြစ်ခွင့်ကြပြန်တော့လည်း . . .
(မ-ဟ-န)ခေါ် စစ်အာဏာရှင်နေ၀င်း၏ လက်ကိုင်တုတ်တို့ရဲ့
ညွှန်ကြားလွှာတွေအောက်မှာ ရွှေဝါရောင်ဟစ်တိုင်ဝင်ခဲ့ရတယ်။
ကဲ  . ..  
ဘယ်မှာလည်း  .. 
လူ့အခွင့်အရေး  .. .  ရဟန်းအခွင့်အရေး  . . .
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

ခြားနားခြင်း သီအိုရီ

U 20 ကမ္ဘာ့ ဖလားကို မြန်မာဝင်ခွင့်ရလို့ . ..
ဝမ်းသာသလို . . .။
ရှေးဟောင်းသမိုင်းဝင်လယ်တီသိမ်၊စေတီတော်ကို
တရုတ်နဲ့စစ်ခွေးကြံ့ဖွတ်တို့ ဖျက်ဆီးပစ်ခံရတာကိုလည်း . . 
ဝမ်းသာတယ် . . ။
U 20 အတွက်ဝမ်းသာတာက မြန်မာ့ဘောလုံးအသင်းအတွက်ပေါ့။
လယ်တီသိမ်စေတီကိုဖျက်ဆီးပစ်ခံရတာကိုဝမ်းသာရတာက
ဖျက်တဲ့ တရုတ်စစ်ခွေးကြံ့ဖွတ်တွေ မဟာအ၀ီစိအရောင်တင်သွားလို့ပါပဲ။
ဒီလိုနဲ့တူတယ် . . .
သရက်သီးစိမ်းတွေစားပြီး ဗိုက်နာတာနဲ့ ..
ပဋိသန္ဓေဖွားကာနီး ဗိုက်နာသလိုပေါ့။
သြော် . . .
နာတာတော့ . . . . နာတာပဲ ..
သာတာတော့ . . . သာတာပဲ
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

Photo: ခြားနားခြင်း သီအိုရီ
♥  ♥  ♥  ♥  ♥  ♥  ♥ 

ဘာသာရေး လေးခုစရင်း

DownLoad Here
ဘာသာရေး လေးခုစရင်း(အလင်းရှင်).pdf - 130 
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget