.

AlinShin

Tuesday, September 9, 2014

ပြုပြင်ပြောင်းလဲရေးတည်ငြိမ်ခြင်း တပ်မတော်ကျေးဇူးကြောင့်ဟု သမ္မတပြောကြားချက် နိုင်ငံရေးအင်အားစုအချို့ သဘောမတူ

 မြန်မာ့နိုင်ငံရေးပြုပြင် ပြောင်းလဲမှုလုပ်ငန်းစဉ်သည် အာ ရပ်နွေဦး ဖြစ်စဉ်ကဲ့သို့ မဖြစ်ဘဲ တည်ငြိမ်နေခြင်းမှာ တပ်မတော် ၏ ကျေးဇူးကြောင့်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က စက်တင် ဘာ ၈ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ၌ ပြောကြားခဲ့မှုအပေါ် မြန်မာ့ နိုင်ငံရေးအင်အားစုအချို့က သ ဘောမတူနိုင်ကြောင်း ပြောကြသည်။
ဥရောပတွင် ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်က ဆွစ်ဇာလန် ခရီးစဉ်အတွင်း ဆွစ် ဇာလန် အခြေစိုက် The Neue Zurcher Zeitung(NZZ)သတင်း ဌာနနှင့် အင်တာဗျူးစဉ်ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘တပ်မတော်ခေါင်းဆောင် ပိုင်းဟာ မြန်မာနိုင်ငံအနေနဲ့အကူး အပြောင်းကာလတစ်ရပ်ကို ဖြတ် သန်းနေတယ်ဆိုတာကိုအပြည့် အ၀သတိပြုမိကြပါတယ်။ ခင် ဗျားတို့ သတိထားမိကောင်းထားမိ မှာဖြစ်သလိုပဲ ကျွန်တော်တို့ရဲ့ပြု ပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်ဟာ အာရပ်နွေဦးရဲ့ တစ်ချိန်တည်းနီး ပါးမှာ စတင်ခဲ့တာပါ။ ဒါပေမဲ့အ ရှေ့အလယ်ပိုင်းက နိုင်ငံတချို့က ဖရိုဖရဲ ပရမ်းပတာ အဖြစ်ကို ရောက်သွားချိန်မှာ မြန်မာကယှဉ် ကြည့်လိုက်ရင် တည်တည်ငြိမ် ငြိမ်ရှိနေခဲ့ပါတယ်။ အဲဒါဟာ လည်းပဲ တပ်မတော်ရဲ့ ကျေးဇူး ကြောင့်ပါ’’ဟု သမ္မတဦးသိန်းစိန် ကပြောသည်။
အဆိုပါ ပြောကြားချက်နှင့် ပတ်သက်ပြီး သမ္မတအပါအ၀င် ယခုလက်ရှိတိုင်းပြည်ကို အုပ်ချုပ် နေသူအများစုသည်တပ်မတော် ဘက်မှ ကူးပြောင်းလာသူများဖြစ် ၍ ၎င်းတို့အနေဖြင့် တပ်မတော် နှင့်ပတ်သက်ပြီး ပြန်လည်ဝေဖန် ရာ၌ အခက်အခဲရှိနေပုံရသည် ဟု ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)မှ ဦးမြအေးကပြောကြားသည်။
http://www.7daydaily.com/story/20287#.VA_hmEDYH0s
‘‘တပ်မတော်ရဲ့  ကျေးဇူး ကြောင့်အခုလိုတည်တည်ငြိမ်ငြိမ် ဖြစ်နေတာလို့ပြောတာကတော့ မပြည့်စုံဘူးလို့ပြောချင်ပါတယ်။ အခုပြုပြင်ပြောင်းလဲရေးကိုလူထု ရဲ့အသိနဲ့ နိုင်ငံရေးသမားတွေက ထိန်းကျောင်းနေတာပါ။ တပ်မ တော်က အရေးမကြီးဘူးလို့ မ ပြောပါဘူး။ ဒါပေမဲ့ တပ်မတော် က ကျေးဇူးရှင်ကြီးပါ။မဖြစ်မနေ ပါရမယ်လို့ပြောတာမျိုးကတော့ အပြည့်အ၀ မမှန်ဘူးလို့ပြောချင် ပါတယ်’’ဟုကျောင်းသားခေါင်း ဆောင်ဦးမြအေးက ပြောကြားသည်။

လက်နက်ကိုင် တွန်းလှန်မှု များဖြစ်ပွားနေခဲ့သော ပြီးခဲ့သည့် ဆယ်စုနှစ်များကိုရည်ညွှန်းရင်း နိုင်ငံစည်းလုံးမှုကို ထိန်းသိမ်းရန် တစ်ခုတည်းသော နည်းလမ်းမှာ တပ်မတော်သာ ဖြစ်ကြောင်း သမ္မတက ဆွစ်ဇာလန်သတင်းဌာနနှင့် အင်တာဗျူးတွင်ပြောကြားခဲ့သည်။ ထို့ကြောင့်တပ်မတော်သည် နိုင်ငံရေး အခန်းကဏ္ဍတစ်ရပ်ကို တာဝန်ယူရသည်ဟု ၎င်းကဆိုသည်။
တအောင်း(ပလောင်)အမျိုး သားပါတီအထွေထွေအတွင်းရေး မှူးမန်းအုဏ်းခိုင်ကလည်း ပြီးခဲ့ သည့် နှစ်ပေါင်း ခြောက်ဆယ် ကျော်ကာလကို တပ်မတော်က သာတာဝန်ယူခဲ့ပုံကိုထောက်ပြ၍ သမ္မတ၏ ပြောကြားမှုနှင့်ပတ် သက်ပြီး အပြည့်အ၀သဘောမတူ နိုင်ဟုဆိုသည်။
‘‘တပ်မတော်က နိုင်ငံတာ ၀န်ကို ၁၉၆၂ခုနှစ်ကတည်းကယူ ခဲ့တာပါ။ လွတ်လပ်ရေးရပြီး ၁၉၄၈ခုနှစ်နောက်ပိုင်းအာဏာရ အစိုးရကိုတိုက်တဲ့ရောင်စုံသူပုန် ဆိုတာ ငါးဖွဲ့၊ ခြောက်ဖွဲ့ပဲရှိတာ ပါ။ ဦးနေ၀င်းလက်လက်နောက် မှာ အဖွဲ့ နှစ်ဆယ်ကျော်သွား တယ်။ နောက် န၀တ/နအဖ လက်ထက်မှာ အဖွဲ့ ရှစ်ဆယ် ကျော်အထိရှိသွားပြီ။ ဒါကို သုံး သပ်လိုက်ရင် နိုင်ငံတော်တည်ငြိမ် မှုဟာ တပ်မတော်ကြောင့်ဆိုတာ တပ်တော်က တာဝန်ယူဖို့လို တယ်ဆိုတာ မှန်လား၊မမှန်လား သုံးသပ်လို့ရပါတယ်။ ငြိမ်းချမ်း ရေးဆိုတာ လက်နက်နဲ့ယူလို့ဖြေ ရှင်းလို့မရပါဘူး’’ဟု မန်းအုဏ်း ခိုင်ကပြောသည်။

မွတ်ဆလင်အစွန်းရောက် ဂျီဟာ့ဒ်တွေကို ချေမှုန်းပိုင်ခွင့် ရှိတယ်လို့ အိုဘားမားပြော

အမေရိကန် သမ္မတ အိုဘားမားက အီရတ်နဲ့ ဆီးရီးယားမှာ ရှိတဲ့ ဂျီဟာ့ဒ် ဝါဒီ လက်နက်ကိုင် တွေကို စစ်ရေးအရ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆင် တိုက်ခိုက်ဖို့ အခွင့်အာဏာ သူ့မှာ ရှိကြောင်း ပြတ်ပြတ်သားသား ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

အမေရိကန် ကွန်ဂရက်စ် ခေါင်းဆောင်တွေနဲ့ Capitol Hill မှာ တွေ့ဆုံခဲ့စဉ် သမ္မတ အိုဘားမားက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် IS အစ္စလာမစ် နိုင်ငံအဖွဲ့ကို ချေမှုန်းဖို့ကို အမေရိကန်နိုင်ငံအနေနဲ့ တညီတညွတ်ထဲ ရှိတယ် ဆိုတာကို ကမ္ဘာကို ပြဖို့ အမေရိကန် ကွန်ဂရက်စ် လွှတ်တော်ထံက တုန့်ပြန်ချက်တွေကိုလည်း ကြိုဆိုမှာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောသွားကြောင်း သူ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

သမ္မတ အိုဘားမားဟာ သူ့ရဲ့ စီမံကိန်းတွေကို စက်တင်ဘာ ၁၁ရက် အမေရိကန်နိုင်ငံ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ နှစ်ပတ်လည်နေ့မတိုင်ခင် နာရီပိုင်း အလို ဗုဒ္ဓဟူးနေ့ညမှာ ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်ဖော် ကြေညာဖို့ ရှိပါတယ်။
IS လက်နက်ကိုင်အဖွဲ့ကို ချေမှုန်းဖို့ အစီအစဉ်တွေကို သမ္မတ အိုဘားမား ချပြဖို့ ရှိ
လတ်တလော စစ်တမ်း ကောက်ယူမှုတွေအရ အစ္စလာမစ် နိုင်ငံ အဖွဲ့အပေါ် စစ်ရေးအရ တိုက်ခိုက်မှုတွေကို အမေရိကန် နိုင်ငံသား ၃ပုံ ၁ပုံက ထောက်ခံတယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/09/140910_obama_jihad_congress.shtml

ဂျော့ဘုရင်(၂)သို့ အလောင်းဘုရားပေးခဲ့သော ရွှေပေလွှာမိတ္တူ ဂျာမနီက မြန်မာထံ ပေးအပ်

 မြန်မာဘုရင်အလောင်း မင်းတရားက ၁၇၅၆ ခုနှစ်တွင် ဗြိတိသျှအင်ပါယာ၏ ဒုတိယ မြောက်ဂျော့ဘုရင်ထံသို့ လက်ဆောင်ပေးအပ်ခဲ့သော ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ရွှေပေလွှာ၏ ဒစ်ဂျစ်တယ်မိတ္တူကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံပေးအပ်ခဲ့ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက  သ တင်းထုတ်ပြန်သည်။
၁၇၅၆ခုနှစ်တွင်အလောင်း မင်းတရားသည် တန်ဖိုးကြီးမားသော ပတ္တမြား ၂၄လုံးနှင့် ရွှေစင်ရွှေသားဖြင့်ပြုလုပ်ထားသော ရွှေပေလွှာကို ဂျော့ဘုရင်ထံပေးပို့ခဲ့ခြင်းဖြစ်ပြီး  လက်ရှိအချိန်တွင် ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့ရှိ စာကြည့်တိုက်၌  ထိန်းသိမ်းပြသ ထားသည်။
သန့်စင်သည့် ရွှေအစစ်ဖြင့် ပြုလုပ်ထားပြီး ကမ္ဘာပေါ်တွင် တစ်ခုတည်းသာရှိပြီး   ရှားပါးသော သမိုင်းဝင်အမွေအနှစ်ပစ္စည်း လည်းဖြစ်သော အဆိုပါရွှေပေ လွှာမိတ္တူကို မြန်မာနိုင်ငံသို့ ပေး အပ်နိုင်ရန် ဂျာမနီနိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် သမိုင်းဝင်စာရွက် စာတမ်းများ ထိန်းသိမ်းစောင့် ရှောက်သည့် ဂျာမနီမှ Gottfried Wihelm Leibiniz စာကြည့်တိုက် တို့ ပူးပေါင်း၍ 3D ဒစ်ဂျစ်တယ် နည်းပညာဖြင့် မိတ္တူကူးယူခဲ့ခြင်း ဖြစ်သည်။
ရွှေပေလွှာလွှဲပြောင်းပေး အပ်ရေးအတွက် ၂၀၁၃ခုနှစ်က တည်းက မြန်မာနိုင်ငံယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ဂျာမနီနိုင်ငံခြား ရေးဝန်ကြီးဌာနတို့ စီစဉ်ဆောင် ရွက်နေခြင်းဖြစ်ပြီး ဂျာမနီ-မြန် မာသံတမန်ဆက်ဆံရေး  နှစ် (၆၀)အထိမ်းအမှတ်အခမ်းအနားတွင် ရွှေပေလွှာဒစ်ဂျစ်တယ်မိတ္တူကို ပေးအပ်ခြင်းဖြစ်သည်။
ဂျာမနီသမ္မတ ဂျိုအာဂျင် ဂေါက် မြန်မာနိုင်ငံသို့ လာ ရောက်သည့် ခရီးစဉ်ကတည်းက ယင်းရွှေပေလွှာမိတ္တူကို ပေးအပ် လိုက်ကြောင်း ကမ်းလှမ်းပြော ကြားခဲ့သည်ဟု မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး ကပြောကြားသည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၅၀ ကျော်က မြန်မာ့လက်မှုအနုပညာ ကို လေ့လာနိုင်မည့်ရွှေပေလွှာ၏ သုံးဖက်မြင်ဒစ်ဂျစ်တယ်မိတ္တူကို ရန်ကုန်မြို့တွင် ခေတ္တပြသ၍ နေ ပြည်တော်ရှိ အမျိုးသားပြတိုက်၌ ပြသထားမည်ဖြစ်သည်။
သက်တမ်းနှစ်၂၅၀ကျော်ရှိနေပြီဖြစ်သော ရွှေပေလွှာအစစ်ကို တွေ့ရစဉ်
 ရွှေပေလွှာဒစ်ဂျစ်တယ်မိတ္တူ ပေးအပ်ခြင်းသည် နှစ်နိုင်ငံယဉ် ကျေးမှုဖလှယ်ရေးအတွက်အ လွန်အရေးကြီးသောဆောင်ရွက် မှုဖြစ်ကြောင်း၊ ၂၀၁၃ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သောယဉ်ကျေးမှုဖလှယ်ရေးသဘောတူညီ မှုမှာ  တိုးတက်ကောင်းမွန်လာနေ ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန် ကြီိးကပြောသည်။
‘‘ခုပြန်ပေးတာကို ယဉ်ကျေး မှုဝန်ကြီးဌာနကို ပြန်လွှဲမှာပေါ့။ ပြီးတော့ထိန်းသိမ်းစောင့်ရှောက် ရေးလုပ်ငန်းစဉ်တွေကို ယဉ်ကျေး မှုကလည်း လုပ်မှာပေါ့။ ပထမ ဆုံးရွှေပေလွှာကို ရန်ကုန်အမျိုး သားပြတိုက်မှာ ပြသမယ်။ ပြီးရင် နေပြည်တော်က အမျိုးသားပြ တိုက်မှာ ထိန်းသိမ်းသွားမှာဖြစ် တယ်။ ဒီပေလွှာပြန်ပေးအပ်တဲ့ ကိစ္စက မြန်မာ−ဂျာမနီ နှစ်နိုင်ငံ ကြားက ချစ်ခင်ရင်းနှီးမှုနဲ့ ပူး ပေါင်းဆက်ဆံရေးတိုးမြှင့်ခြင်း အတွက် ယဉ်ကျေးမှုတံတားထိုး လိုက်တာတစ်ခုပဲ’’ဟု ၎င်းက ပြောကြားသည်။
သမ္မတဦးသိန်းစိန်သည် ဂျာ မနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန် နိုင်ငံတို့သို့ ဆယ်ရက်ကြာခရီး သွားရောက်နေပြီး သမ္မတ၏ ဂျာမနီခရီးစဉ်အတွင်း ဂျာမနီနိုင်ငံခြား ရေးဝန်ကြီးဌာနက နှစ်နိုင်ငံသံတ မန်ဆက်ဆံရေးအစပြုခဲ့သည့် နှစ် (၆၀) အထိမ်းအမှတ်အဖြစ် နှစ် နိုင်ငံအကြားပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ ယဉ်ကျေးမှုမြှင့်တင်ရေး ပြပွဲကို စက်တင်ဘာ ၃ ရက်တွင် ပြုလုပ်ခဲ့သည်။ ယင်းပြပွဲတွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး စတိုင်းလိုင်က မြန်မာနိုင်ငံခြားရေးဝန် ကြီးကို ပေးအပ်ခဲ့ခြင်းလည်းဖြစ် သည်။ မြန်မာ-ဂျာမနီနှစ်နိုင်ငံ ကြား ယဉ်ကျေးမှုအပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးသဘော တူညီချက်ကို ၂၀၁၃ ခုနှစ်က ရေး ထိုးခဲ့ပြီး ယင်းသဘောတူညီချက် အရ နှစ်နိုင်ငံတက္ကသိုလ်များကြား ပူးပေါင်းဆောင်ရွက်မှုများ တိုး တက်လာနေပြီး သတင်းစာဆရာ များအား လေ့လာရေးခရီးစဉ် ဖိတ် ခေါ်မှုများလည်းရှိနေကြောင်း ဂျာ မနီနိုင်ငံခြားရေးဝန်ကြီး စတိုင်း လိုင်ကပြောကြားကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာန ၀က်ဘ် ဆိုက်တွင်ဖော်ပြထားသည်။
Goethe-Institute  ကိုလည်း ရန်ကုန်မြို့တွင် မကြာမီဖွင့်လှစ်သွားမည်ဟု၎င်းကဆိုသည်။
မြန်မာနိုင်ငံသည် အသွင်ကူး ပြောင်းရေးလုပ်ငန်းများကို ၂၀၁၁ ခုနှစ်တည်းက စတင်ခဲ့ပြီး ဂျာမနီနိုင်ငံက မြန်မာနိုင်ငံ၏ စီး ပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှု တို့တွင် ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးလုပ်ငန်းများကို ထောက်ခံ ကြောင်းနှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် ထောက်ပံ့မှု များဆက်လက်ပြုလုပ်မည်ဖြစ် ကြောင်း ဂျာမနီနိုင်ငံခြားရေး ၀န်ကြီးက ကတိပြုပြောကြား ကြောင်း ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget