.

AlinShin

Friday, July 25, 2014

ခွေးတစ်ကောင်ကို တရွတ်တိုက်ဆွဲကာ နှစ်မိုင်နီးပါး မာင်းနှင်ခဲ့တဲ့အမျိုးသားကို ထောင်ဒဏ် ၁ဝ နှစ်ချ

ကယ်ရိုလိုင်းနား၊ ဇူလိုင် ၁၈- အမေရိကန်နိုင်ငံတောင်ပိုင်း ကယ် ရိုလိုင်းနားပြည်နယ်မှာ ခွေးတစ်ကောင်ကို ကားနောက်ကနေ တ ရွတ်တိုက်ဆွဲကာ နှစ်မိုင်နီးပါး ကားကိုမောင်းနှင်ခဲ့တဲ့အမျိုးသားကို ထောင်ဒဏ် ၁ဝ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသားဟာ ခွေးရဲ့လက်ကို သူ့ရဲ့ကားအ နောက်မှာ ချည်နှောင်ကာ တရွတ်တိုက်ဆွဲ မောင်းနှင်ခဲ့ပါတယ်။ ယင်းအမျိုးသားရဲ့အမည်ကတော့ Roger Owens လို့အမည်ရပြီး သူ့ရဲ့ ရူးကြောင်ကြောင်နိုင်တဲ့လုပ်ရပ်တွေကြောင့် ပြည်နယ်တရား ရုံးတော်က သူ့ကို ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ်ခဲ့ပါတယ်။

ကယ်ရိုလိုင်းနားပြည်နယ်ရဲ့ ရှေ့နေတစ်ဦးကတော့ သူ့ အနေနဲ့ ဒီလိုမျိုးလုပ်ရပ်ကို တစ်ခါမှမမြင်ဖူးပါလို့ ပြောဆိုခဲ့ပါတယ်။
Roger ရဲ့ ထွက်ဆိုချက်အရ ''ကျွန်တော် အဲဒီခွေးရဲ့ လက်ကို ကားအနောက်မှာ ချည်နှောင်ခဲ့ပြီး နှစ်မိုင်နီးပါး တရွတ် တိုက်ဆွဲ မောင်းနှင်ခဲ့တယ်''လို့ ထွက်ဆိုထားပါတယ်။
Roger ဟာ တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုနဲ့ ထောင်ဒဏ် ငါးနှစ်၊ ကားလမ်းပိတ်ဆို့မှုများ ပြုလုပ်တဲ့အမှုနဲ့ ထောင်ဒဏ်ငါးနှစ် ကျခံခဲ့ရတယ်လို့ အေပီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Ref : AP ၊ Flower News Journal အတွဲ (၁၀) အမှတ်(၂၈)
အလင်းရှင်
 
အငြင်းစကားနဲ့ .. အတင်းမပွားကြပါနဲ့လား ..

တို့ကိုရင်ဘ၀လောက်တုန်းက မြောင်းမြမြိုရွှေကျင်ကျောင်းကို
အလည်သွားဖူးတယ်။ ရွှေကျင်ဆရာတော်ဘုရားကြီးရဲ့
ဆုံးမသြ၀ါဒလေးကိုတို့ အခုအထိမှတ်မိနေသေးတယ်။
☛ခွေးအလုပ် ခွေးလုပ်၊
☛ မြင်းအလုပ်ကိုမြင်းလုပ်လိမ့်မယ်၊
☛ မြင်းအလုပ်ကိုခွေးဝင်ရှုတ်ရင်ကြာပွတ်စာမိတက်တယ်) တဲ့။
ကြာခဲ့ပါပြီးနှစ်ပေါင်း သုံးဆယ်ကျော်က အမှတ်တရစကားလေးပါ။
တိုက်ဆိုင်ရင် ယူသုံးလို့ရပါတယ်။

❝ ❞ ❝ ❞  ❝ ❞  ❝ ❞  ❝ ❞  ❝ ❞

နောက် တို့ အလတ်တန်းမှာ မုံရွာကိုရောက်ဖူးတယ်။ 
နာမည်ကျော် ဒီပဲရင်းဆရာတော်ဘုရားကြီးရဲ့(သမန္တာစက္ခုဒီပနီ)
ကျမ်းကိုဖတ်ခဲ့ရတယ်။ တစ်အုပ်လုံးကောင်းတော့ ဒီတိုင်အောင် 
စွဲနေမိပါတယ်။ 
☛(အသိမစုံ ၊ ဤလူ့ဘုံ၊ ငြင်းခုံကြလေသည်။ 
☛အသိလည်းစုံ ၊ မငြင်းခုံ ၊ တရားနှလုံးသွင်းတက်သည်) 
တဲ့ ကဲ . .လိုချင်သူများမှတ်သွားကြပါလေ .. 
ပညာရှိစကားမို့ . .မိုးကြိုးသွားတွေပေါ့ကွာ။
█ ░ အလင်းရှင် ░ █

မဇ္ဈိမသို့ . . . . မောင်းနှင်ခြင်း

ကဲ .. ညီတို့ညီမတို့ရေ .. . . .
တို့ဒီနေ့ မင်္ဂလာမြောက်ကုသိုလ်လေးများဖြန့်ကြဲတဲ့အနေနဲ့ ပါဠိတော်
လေးနှစ်ဆူလောက်ကို definition ပြန်ကာဓမ္မသာကစ္ဆာဓမ္မဒေသနာ
စတဲ့မင်္ဂလာလေးများသီကုံးကြရင် ကောင်းမယ် . .
• (၁) အတ္တကိလမထာနုယောဂ .. တဲ့၊
• ကိုယ်၏ပင်ပန်းခြင်းကို လုံ့လပြုခြင်း။
• မိမိကိုယ်ကို ပင်ပန်းဆင်းရဲစေသောအကျင့်။
ဒီအကျင့်ကို ဘုရားရှင်က မကျင့်နဲ့တဲ့။ ကိုယ်ပန်ပန်းဆင်းရဲပြီးအကျိုးမ
ဘူး တဲ့။
• (၂)ကာမသုခလ္လိကာနုယောဂ . .တဲ့၊
• ကာမဂုဏ်ချမ်းသာ၌ ကပ်ငြိသောအားဖြင့် လုံ့လပြုခြင်း။
ဒီအကျင့်ကလည်းပဲ ဇိမ်ခံပြီး ကိုယ့်ကြောင့် အခြားသောသတ္တ၀ါများကို
ဘေးဖြစ်စေတယ်။ ကိုယ်တော့မပင်ပန်းဘူး အခြားသူတွေတော့ကိုယ့်
ကြောင့် ဒုက္ခရောက်စေတယ် . ဒါ့ကြောင့်မကျင့်နဲ့ဆိုပြီး . . .
• ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန နသေ၀ိတဗ္ဗာ . .လို့
အဲဒီအကျင့်နှစ်ခုကိုလုံးဝရှောင်ကျဉ်ခိုင်းခဲ့တယ်။ ငါဘုရားရှင်ရဲ့လမ်းစဉ်
ကိုလိုက်မယ်ဆိုရင် ဒီအကျင့်ကြီးနှစ်ခုကိုတော့ နဲနဲလေးမှမကျင့်ကြပါနဲ့
တဲ့။
ကဲ .. ညီတို့ညီမတို့ရေ ..
ဒီဗုဒ္ဓ၀စနံပါဠိတော်နှစ်ဆူကို တို့ ဒီထက်ပိုပြီး အဓိပ္ပါယ်လေးတွေဆွဲထုတ်
ကြည့်ကြရအောင် . . အချိန်ရရင်ရသလောက်ပေါ့နော် .. . ။
တစ်က အတ္တကိလမထာနုယောဂ ၊ နှစ်က ကာမသုခလ္လိကာနုယောဂ
နော်။ ဒီပါဠိတော်နှစ်ဆူလောက်ကို တို့နှလုံးသားထဲ မြန်မာပြုပြီးသိမ်းနိုင်
ပြီဆိုရင် အပါယ်ငရဲပိတ်ပြီပေါ့။
(၁) အတ္တကိလမထာနုယောဂ ၊ (၂) ကာမသုခလ္လိကာနုယောဂ တဲ့။
(၁) အတ္တကိလမထာနုယောဂ ၊က ကျင့်သူကိုသာဒုက္ခပေးတာ အခြား
ဝန်းကျင်ကိုဒုက္ခမပေးဘူး။ အများသိကြတဲ့အတိုင်းတို့ပြောကြမယ် ၊ရေ
ငုတ်တယ် ၊ မီးလှုံတယ် ၊ တုံးခုန်တယ် ၊ ဇယ်ခပ်တယ် ။ ကဲ အဲဒါတွေ
က လုပ်နေတဲ့သူကိုသာ ပန်ပန်းတာ ဆင်းရဲတာပါ ပတ်ဝန်းကျင်ကို
ပြင်းပြင်းထန်ထန် မထိခိုက်ဘူး မနစ်နာဘူး .. ။ 
Photo: မဇ္ဈိမသို့  . . . . မောင်းနှင်ခြင်း  
♥  ♥  ♥  ♥  ♥  ♥  ♥ 

အခြားကျင့်စဉ်တွေမြောက်များစွာရှိပါသေးတယ် ၊ ဆူးပေါ်မှာပဲအိပ်တာ
တွေ၊ အေးတဲ့အချိန်မှာ ကိုယ်ဝတ်မပါဘဲ အအေးခံပြီးနေတာ ။ ပူတဲ့အ
ချိန်မှာလည်းပဲ ကိုယ်ဝတ်မပါဘဲ အပူထဲမှာပဲနေတာ။ 
အဲလို ခန္ဓာကာယကိုယ်ကြီးကို အတိဒုက္ခရောက်အောင်ကျင့်တာ။ဒါကို
အတ္တကိလမထာနုယောဂ အကျင့်လို့ဘုရားကပြောတယ်။ ဒီအကျင့်
ကိုကျင့်ရင် ကိုယ်ကာယဆိုတဲ့ခန္ဓာကိုယ်ကြီးသာ အမျိုးမျိုးဆင်းရဲသော်
လည်းပဲ ကိလေသာကိုကြတော့ မပါယ်သတ်နိုင်ဘူး  .တဲ့ ။ 
ပတ်ဝန်းကျင်တော့ ဒုက္ခပေးရာမရောက်သော်လည်းပဲ မိမိအတွက်တော့
အချည်းအနှီးဖြစ်စေတယ်လို့ ဆိုတယ်။
(၂) ကာမသုခလ္လိကာနုယောဂ  ..ဒီအကျင့်ကြတော့ ကိုယ်ကာယတော့
သိပ့်ပင်ပန်းတယ်လို့မဆိုသာတဲ့အပြင် ဇိမ်ခံသလိုဖြစ်နေတယ်  .. ၊စိတ်
ကတောင့်တတာမှန်သမျှကို လိုက်လျောတာကိုး  .. ။ 
Cappuccino ကော်ဖီလေးသောက်ချင်တဲ့စိတ်လေးဖြစ်လာရင် တောင့်
တတယ် သောက်လို့ရတဲ့ဆိုင်သွားတယ်  သောက်တယ် ။ Black Lavel
ရနံ့သင်းသင်းလေးကို ရေခဲတုံးလေး သုံးလေးတုံးလောက် စိမ်ပြီးလျှာ
ဖြားလေးနဲ့စုတ်ချင်သပဆိုရင်လည်း ရအောင်ဖန်တီးတက်တယ်။ ဆိုလို
တာက စိတ်ရဲ့တောင့်တတဲ့အာရုံနောက်ကို မီအောင်လိုက်နေတာ။
မော်ဒယ်အသစ်စက်စက်လေးတွေ သိပ့်လှတယ်ပေါ့။ မြင်တာနဲ့ကို သူနဲ့
တွဲချင်နေတယ်။ အချို့ကပြောသေးတယ် ။ “ကြည့်ပါလား သူ့ရဲ့ကနွဲ့က
ယလေးကိုက စွဲမက်စရာနော် ” တဲ့။ 
ကဲ  .. . ကာမသုခလ္လိကာနုယောဂအကျင့်ကတော့ ဟင်  ..ဆူးပေါ်လည်း
မအိပ်ရဘူး နေပူထဲလည်းမထိုင်ရဘူးနော်  . . သတ္တ၀ါတွေသိပ့်ကြိုက်တဲ့
အကျင့်ပဲမဟုတ်လား  .. . 
ဒေါ်လာသိန်းချီပေးရတဲ့ Sport Car Red Mercedes Benz SLS ကား
လေးပေါ်မှာ ကမ္ဘာကျော်အလှမယ်မဟုတ်ရင်တောင်မှ မြန်မာကျော်မော်
ဒယ်မလေးကိုတင်ပြီး ဟိုး . .  အဝေးကြီးကိုမောင်းသွားချင်တယ်ဆိုတာ
ကလည်း ကာမသုခလ္လိကာနုယောဂအကျင့်ပါပဲ။
ဒီတော့က တို့တွေးကြည့်ရမှာက ဒီကာမသုခလ္လိကာနုယောဂအကျင့်မှာ
အဆင်း၊အသံ၊အနံ့၊တွေ့ထိစရာဆိုတဲ့ ရုပ်ဝတ္ထုများကိုတောင့်တာလာ
တယ်နော်။ 
“သူလေးနဲ့ဆို ဒီဆောင်းနံက်ခင်းကို မှုစရာမလိုဘူး” ဒါ ဖေဋ္ဌဗ္ဗာရုံ ၊ 
touch ၊ ကနေတစ်ဆင့်  Sex ဘက်ကိုကူးပြောင်းသွားနိုင်တယ်။ဒီတော့
က ကာမသုခလ္လိကာနုယောဂ အကျင့်ဟာ ဘ၀ကိုထုံမှိုင်းစေတယ်နော်၊
သူ့ကိုလိုချင်ရာကနေတစ်ဆင့်ရနိုင်အောင်ကျိုးစားဖို့အတွက် ပတ်ဝန်း
ကျင်ကို အရောင်စိတ်တွေချယ်လှယ်သလိုဖြစ်သွားတယ်။
“ကောင်မလေးကို ကိုယ်ကလိုချင်တယ်” “ကောင်မလေးက အဆောင်
အယောင်တွေပါမှလို့ဆိုတယ်” အဲဒီအခါ ကောင်လေးဟာ ဥပဒေကိုချိုး
ဖေါက်ခြင်းနှင့် လူ့ပတ်ဝန်းကျင်ကို ဖေါက်ပြန်သောနည်းဖြင့်ဓနဥစ္စာကို
ရှာဖွေခြင်းဆိုတဲ့ ပြစ်မှုတွေကျူးလွန်မိတော့တယ်။
မြင်သာတဲ့ဥပဒေသတစ်ခုကိုထုတ်ပြမယ်  . .ဒါကိုနိုင်ငံရေးလို့မသမုတ်နဲ့။
အများသိကြတဲ့ ဦးသန်းရွှေ ၊ သူဟာပြောမယ်ဆိုရင် အမေရိကန်နိုင်ငံအ
နေနဲ့ကြည့်ရင် စစ်ဦးစီးချုပ်ရာထူးပဲ။ ဒါဟာလည်းပဲ ကြီးမြတ်တာပါပဲ။ ဒီ
တာဝန်နဲ့ ဒီအလုပ်နဲ့ ပြည်သူ့အကျိုးကိုသည်ပိုးဆောင်ရွက်တယ်ဆိုရင်
အတော်ကို ဂုဏ်ယူစရာပေါ့နော်။
ဒါပေမယ့် ဦးသန်းရွှေက သူ့မှရှိထားတဲ့ ဓနဥစ္စာနဲ့မတင်းတိမ်ဘူး ၊ ပြည်သူ
တွေအများပိုင်တဲ့ သယံဇာတတွေကို တရုတ်၊ထိုင်းစတဲ့နိုင်ငံတွေကို
ရောင်းပြီး ယင်းဒေါ်လာတွေကို သူပိုင်လုပ်တယ်။
ဒါဘာလဲဆိုရင် သူဟာသူနဲ့သူ့မိသားစုဆိုတဲ့ တစ်ဘို့တည်းကြည့်တဲ့ခံစား
မှုပဲ ဒါကို ကာမသုခလ္လိကာနုယောဂအကျင့်လို့ခေါ်တယ်။ သူတို့မိသားစု
တွေခံစားနိုင်ဖို့အတွက် အဓမ္မမှုတွေကို ပြုကျင့်တယ်။ အဲဒီအဓမ္မမှုက 
ဘာလဲဆိုရင် ကာမသုခလ္လိကာနုယောဂ ပဲ။ 
ကဲ  ..  ဆက်မပြောတော့ဘူး ဒီကနေ့နိုင်ငံထဲမှာအော်ဟစ်ငိုယိုနေကြတာ
ကို မင်းတို့မျက်လုံးကောင်းကောင်းနားကောင်းကောင်းပါရင်ကြားရမယ်။
ဒါ့ကြောင့်  ..  ကာမသုခလ္လိကာနုယောဂအကျင့်ဟာ အတ္တကိလမထာနု-
ယောဂအကျင့်လိုမဟုတ်ဘူးကွ။ ပတ်ဝန်းကျင်ကို သွေးသံရဲရဲဒုက္ခမီးခဲ
ဖြစ်စေတယ်။
ဒီ ဦးသန်းရွှေတို့  .. အစရှိတဲ့ ဗိုလ်ချုပ်တွေဝန်ကြီးတွေ တေဇအစရှိတဲ့ခရို
နီတွေဟာ အစွန်းရောက်အကျင့်ဖြစ်တဲ့ ကာမသုခလ္လိကာနုယောဂအကျင့်
ကိုကျင့်လွန်းတဲ့အတွက် ကိုယ်တိုင်လည်း အပါယ်ဒုဂ္ဂတိကိုအကျိုးပေးစေ
သကဲ့သို့ သန်းပေါင်းများစွာသော ရဟန်းရှင်လူပြည်သူလူထုကြီးမှာလည်း
မျက်ရည်နဲ့မျက်ခွက်ပဲမဟုတ်လား။
ဒါ့ကြောင့် ဗုဒ္ဓရှင်တော်ဟာ လောကကြီးကိုအကောင်းဆုံးစကားလုံးနှစ်
လုံးနဲ့ ဆုံးမသွန်သင်ခဲ့တယ်နော်  .. .
ကဲ  .. အပေါ်က ရွတ်ခဲ့တဲ့ ပါဠိတော်အစလေးပါ ပြန်ကောက်ပြီး ပူဇော်
ကြည့်ကြရအောင်  .. . နော်
• ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန နသေ၀ိတဗ္ဗာ  ကတာမေဒွေ 
• ယော စာယံ ကာမေသု ကာမသုခလ္လိကာ နုယောဂေါ  ဟီနော 
• ဂမ္မော ပေါထုဇ္ဇနိကော ၊ အနရိယော အနတ္တသံဟိတော ၊ ယော
• စာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခေ အနရိယော အနတ္တ-
• သံဟိတော။ ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိ-
• မာပဋိပဒါ တထာဂတေန အဘိသမ္ဗုဒါ စက္ခုကရဏီ ဉာဏက-
• ရဏီ ဥပသမာယ အဘိညာယ သဗ္ဗောဓာယ နိဗ္ဗာနယ သ၀တ္တတိ။
ကဲ  .. ညီတို့ညီမတို့ရေ  ..ပါဠိတော်များ ရွတ်ပွားပူဇော်ရတာ တယ်လည်း
ချိုမြိန်တယ်နော်  .. ။ တို့ ဒီဆောင်းပါးလေးရေးစဉ်က အခုလောက်ပါဠိ
တော်များရွတ်မယ်လို့ စိတ်ကူးမရှိခဲ့ပါဘူး။ ရေးရင်းနဲ့ ပြောရင်းနဲ့ အင်တာ
နက်ကွန်ပျူတာပေါ်ကနေ ဟိုး  ..  မဇ္ဈိမဒေသက ဣသိပတနတောအုပ်
ကြီးထဲရောက်သွားခဲ့တယ်ကွယ်  .. ။ 
သားသမင်တို့ဘေးမဲ့ပေးရာမို့လားမသိငြိမ်းချမ်းပါဘိ။နေမင်းကြီးကလည်း
ပဲ နေ့လည်ခင်းလိုပူပူလောင်လောင်မဟုတ် လိမ္မော်သီအမှည့်အရောင်
လေးနဲ့ အနောက်ဘက်ကနေ လှနေတဲ့အပြင် ဟောတဲ့အချိန်ကလည်းပဲ
သားငှက်တို့အိပ်တန်းဝင်ချိန်ဆိုတော့ ကျေးငှက်လေးများရဲ့သီကျူးသံ၊
သမင်ကလေးများတို့ရဲ့တောက်သံ စတဲ့ သဘာဝအလှသံစဉ်တွေနဲ့မို့  . .
ဒီဓမ္မသဘင်ဟာ ငြိမ်းချမ်းတော်မူပါရဲ့။ 
တို့ဘုရားကနော် . . အင်မတန်မှ ငြိမ်းချမ်းရေးကိုလိုလားတော်မူတယ်။
(၁) ဖွားတော်မူတော်မူတော့လည်း “တော”။ 
(၂)တရားကျင့်တော်မူတော့လည်း “တော” ။ 
(၃)ဘုရားဖြစ်တော်မူတော့လည်း “တော” ။ 
(၄)တရားဦးကိုဟောတော်မူတော့လည်း “တော”။ 
(၅)ဘ၀ကိုနိဂုံးချုပ်ပြန်တော်မူတော့လဲ“တော” ။
ရှု့စမ်း  .. . ဘုရားများ ငြိမ်းချမ်းရေးကိုအလိုရှိလိုက်တာ။ 
ဒီကနေ့နောက်ပေါက်သာဝကတွေကတော့ “တော”မကြိုက်တော့ဘူး 
မြို့ကြီးပြကြီးတွေအတက်ကာ ကျောင်းတိုက်တာကြီးတွေဆောက်လို့
“သူပိုင်၊ငါပိုင်” လုနေကြတာမင်းတို့မျက်လုံးများနားများကြားမိကြပါရဲ့
နော်။
မကြာသေးဘူး “မဟာသန္တိသုခ” ကျောင်းလုပွဲကြီးက ကမ္ဘ့ာတောင်ကျော်
သွားတယ်။ ဒါတင်မကသေးဘူး နောက်ပေါက် ဒလမြို့“ကန်ဦးကျောင်း”
က“ဦးကုသလ”ကသူ့ကိုကျောင့်စောင့်ထားတဲ့ ဆရာရင်းဖြစ်တဲ့ ဒေါက်-
တာပ၀ရာဘိဝံသ ၊ သ၊စ၊အ၊ဓမ္မာစရိယ၊စေတိယင်္ဂဏ၊ပါဠိပါရဂူ၊ လက်ရှိ
အပြည်ပြည်ဆိုင်ရာထေရာဝါဒတက္ကသိုလ်မှာ အဘိဓမ္မာပိဋကတ်ကိုအင်္ဂ
လိပ်လိုစာသင်ကြားပေးနေတဲ့ အဓိပတိဆရာတော်ဘုရားကြီးရဲ့ကျောင်း
ကို ရွာသားတွေနဲ့ပေါင်းပြီး “ လု” တာ DvB မှာတို့ကြည့်လိုက်ရတယ်။
ဗုဒ္ဓ၀ါဒနဲ့သွေဖီကုန်ပြီ  .. နော်။ ဒါကို ၀ိနည်းမသိတဲ့ အွန်လိုင်းပေါ်ကလူ
များက “ဘုလည်းမသိ ဘလည်းမသိဘဲ” ကျောင်းလုသူ ဦးကုသလကို
ရုပ်ရှင်ရိုက်နေကြတယ်။ သြော်  . .လောကကလည်း “ သူခိုးကလူပြန်
ဟစ်” နေတာကိုး  .. . . ။ နောက်တစ်ခါ DvB ကလည်းပဲ မူလဘူတ
ကျောင်းပိုင်ကျောင်ထိုင်ဆရာတော်ရင်းကို မလိုက်မသိဘဲ ကျောင်းစောင့်
(အိမ်စောင့်အစိုးရ)ကို ကျောင်းပိုင်ထင်ပြီးသတင်းများလွှင့်နေတယ်နော်။
တို့ သေချာကြည့်ပြီး “အံ့သြမိတယ်”
DvB သတင်းဌာနမှာ “၀ိနည်းဓမ္မကံလုပ်ထုံးလုပ်နည်း”များသိတဲ့ ပညာရှိ
များလိုအပ်နေပြီ။ ဘုန်းကြီးနဲ့ပတ်သတ်သောသတင်းများကိုတင်မယ်ဆို-
ရင် ၀ိနည်းဓမ္မကိုလိမ္မာကျွမ်းကျင်မှဖြစ်မယ်။သို့မဟုတ်ရင် ၊ (အိမ်စောင့်-
အစိုးရ)က အစိုးရအစစ်ဖြစ်သွားတယ်။ 
ဒီသတင်းကိုကြည့်ရလို့ တို့များ အတော်ကိုသံဝေဃဖြစ်မိပါတယ်။
မဟာသန္တိသုခကျောင်းရဲ့အမှုသွားအမှုလာနဲ့ ဒလကန်ဦးကျောင်းရဲ့အမှု
သွားအမှုလာမတူပါဘူး။ 
ဒါကို DvB ကလုံးချသွားတယ်။ အဲဒီလို ၀ိနည်းဓမ္မကံလုပ်ထုံးလုပ်နည်း
မသိတဲ့ DvB တင်ဆက်သမျှကို အင်တာနက်ပေါ်မှာနောက်သံလိုက်တဲ့
သူတွေကလည်းမနည်းလှ။ 
သြော်  . . ၀ိနည်းဓမ္မများ သင်ကြားစေလိုပါသည်။ 
ဒါ့ကြောင့်တို့များ မထင်မရှားနဲ့ကိုယ်နိုင်တဲ့စာလေးရေးလို့သာနေတော့
တယ်  .. ကွယ်။ 
ဗုဒ္ဓအလိုတော်တွေနဲ့ ဒီကနေ့ဖြစ်နေတာနဲ့က ဘာပြောလို့ပြောရမှန်းမသိ
အောင်ကိုပါပဲ  .. ။ ကိုယ်တောင် အာဏာရှင်စနစ်ဆိုးခေတ်မှာ ရဟန်းဖြစ်
ရတဲ့ဒုက္ခကို သံဝေဃရမိပါသေးတယ်။
ဗုဒ္ဓရှင်တော်က  .. .   တောကိုချစ်တယ် ၊ နောက်ပေါက်တွေက တော . . 
ကို ပစ်တယ်။ ပြောစရာက တောကလည်းမရှိတော့ဘူး။တောတွေတောင်
တွေ ဂူတွေ ကျောင်းတွေကလည်းပဲ အာဏာရှင်စစ်ခွေးတွေတရုတ်နဲ့
ပေါင်းပြီးဖြိုလို့ ကုန်ပြီ။ 
နောက်တစ်ချက်က “သံဃနာယက”ခွင့်ပြုလက်မှတ်ရှိမှ “ရုက္ခမူကက”
ဆိုတဲ့ သစ်တစ်ပင်ရင်း ၀ါးတစ်ပင်ရင်းမှာနေလို့၇တယ်။ “သုညဂါရ” ဆိပ်ငြိမ်တဲ့နေရာကိုကိုယ်နေခြင်းတိုင်းနေလို့မရတော့ဘူး။ “သာသနာရေး
ဝန်ကြီးဌာနက” ချုပ်ကိုင်ထားတယ်။ သူတို့ခွင့်မပြုရင် ထို ဘိက္ခုကို လူ -
ဝတ်လဲပြီးထောင်ချတယ်လေ။ 
ကဲ  .. ကဲ  .. ညီတို့ညီမတို့ရေ  ..  တို့စကားများ ဘေးထွက်ကုန်ပြီပါဠိ
တော်လေးပြန်ကောက်ကာ ပါဠိနိဿယလေးရွတ်ကြည့်ကြရအောင် . . .
အစောကပြောခဲ့သလို မူလအစက တို့ရည်ရွယ်ထားတာက ပါဠိတော်နှစ်
ဆူလောက်ပဲ မင်းတို့ကိုပေးဖို့ပါ။ အခုတော့ ရေးရင်း သဒ္ဓါတရားများတိုး
လာလို့ တစ်ပိုဒ်လုံးရွတ်မိသွားတယ်  .. ကွယ်   .. ။ အကယ်၍ ရှည်တယ်
ထင်ရင် သည်းခံကြပါကွယ်  ..  ဘုရားစကားတော်များမို့ ကြားနာရခဲ့ပါ
တယ်။ 
• ဘိက္ခဝေ၊ရဟန်းတို့။ ဒွေ၊ နှစ်ပါးကုန်သော။ ဣမေ အန္တာ၊ ဤ
• အစုတို့ကို။ ပဗ္ဗဇိတေန၊ ရဟန်းသည်။ န သေ၀ိတဗ္ဗာ၊ မမှီဝဲအပ်
• ကုန်။ ကတာမေ ဒွေ၊ အဘယ်အစုတို့နည်းဟူမူ။ ဟိနော၊ ယုတ်
• သော။ ဂါမော၊ရွာသူတို့၏ဥစ္စာ(၀ါ)ရွာသူတို့၏အလေ့အကျင့်ဖြစ်
• သော။ ပေါထုဇ္ဇနိကော၊ အန္ဓပုထုဇဉ်သည်လေ့ကျက်အပ်သော။
• အနရိယော၊မသန့်ရှင်းမမြင့်မြတ်သော(၀ါ)အရိယာတို့၏ဥစ္စာမ
• ဟုတ်သော။ အနတ္တသံဟိတော၊စီးပွားချမ်းသာကြောင်းနှင့်မစပ်
• ယှဉ်သော။ ကာမေသု၊၀တ္ထုကာမ တေဘူမကတရားတို့၌။ ယော
• စ အယံ ကာမသုခလ္လိကာနုယောဂေါ၊ ကိလေသာ ကာမ ဆန္ဒ 
• ရာဂနှင့်ယှဉ်သည်ကို ကပ်ငြိခံစားခြင်းဟူသောအကြင်အစု၎င်း။
• (ကာမသုခလ္လိကနုယောဂေါမှတ်ဖွယ်အဖွင့်အနက်ပြီး)
• 
• ဒုက္ခော၊ဆူးပေါ်၌အိပ်ခြင်းစသည်ဖြင့် ဆင်းရဲစေတက် ဆင်းရဲကို
• ဆောင်တက်တက်သော။ အနရိယော၊အရိယာမဟုတ်ပုထုဇဉ်တို့
• ၏ဥစ္စာဖြစ်သော။ အနတ္တသံဟိတော၊စီးပွားချမ်းသာကြောင်းနှင့်
• မစပ်ယှဉ်သော။ ယော စ အယံ အတ္တကိလာမထာနုယောဂေါ၊
• ကိုယ်ခန္ဓာပင်ပန်းဆင်းရဲခြင်းကို ပြုလုပ်အားထုတ်ခြင်းဟူသော 
• အကြင်အစု၎င်းတည်း။ 
• (အတ္တကိလာမထနုယောဂေါမှတ်ဖွယ်အဖွင့်အနက်ပြီး)
• 
• ဘိက္ခဝေ၊ ရဟန်းတို့။ ဥဘော၊ နှစ်မျိုးကုန်သော။ ဧတေ ခေါ
• အန္တေ၊ ထိုအစုတို့ကို။ အနုပဂမ္မ၊မကပ်ရောက်မူ၍။ တထာဂ-
• တေန၊ငါဘုရားသည်။ အဘိသမ္ဗုဒ္ဓါ၊ထိုးထွင်း၍သိအပ်သော။
• စက္ခုကရဏီ၊သစ္စာ(၄)ပါးကိုမြင်သည့် ပညာမျက်စိကိုပြုတက်
• သော။ ဉာဏကရဏီ၊ သစ္စာ(၄)ပါးကိုသိသည့် မဂ်ဉာဏ်ကိုပြု
• တက်သော။ မဇ္ဈိမာ၊အစု(၂)ပါးတို့၏အလည်၌ဖြစ်သော။ ပဋိပဒါ၊
• (အရိယာမဂ်)အကျင့်သည်။ ဥပသမာယ၊ ကိလေသာမီးငြိမ်းခြင်း
• ငှာ။ အဘိဉာယ၊ သစ္စာ(၄)ပါးကိုထူးသောဉာဏ်ဖြင့် သိခြင်းငှာ။
• သမ္မောဓာယ၊သစ္စာ(၄)ပါးကိုကောင်းစွာသိခြင်းငှာ။ နိဗ္ဗာနာယ၊
• နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းငှာ။ သံဝတ္တတိ၊ဖြစ်၏ ။  . . .။
ကဲ  ..  တို့လည်းဒီလောက်ရေးနေသော်လည်း လက်မညောင်းဘူးကွယ်
ဗုဒ္ဓဓမ္မအပေါ်ထားတဲ့ သဒ္ဓါသတ္တိတွေနဲ့တူပါရဲ့။
ညီတို့ညီမတို့ အခု ရေးလိုက်တဲ့အနက်ကလေးများ နှုတ်တိုက်ဆောင်
ထားနိုင်ရင်  “မဇ္ဈိမဒေသသို့မောင်းနှင်ခြင်း” ဆောင်းပါးလေးဟာအကျိုး
များပါတယ်ကွယ်။
ထိုဆိုခဲ့ပြီးတရားများဟာ မရှည်ပါဘူး။တိုတိုလေးပါ။ ဒီလိုပါပဲမင်းတို့ ၊ငါ
တို့ရဲ့ သံသရာခရီးရှည်အတွက် အကောင်းဆုံးသော “ဓမ္မယာဉ်” ပါ။
လောကကိုဖျက်ဆီးစေတဲ့၊ အာဏာယစ်မူးတဲ့၊ ပြည်သူပိုင်ပစ္စည်များကို
ငါပိုင်လုပ်တဲ့ ကာမသုခလ္လိကာနုယောဂေါအကျင့်တွေကို တို့တွေမင်းတို့
တွေ ပါးရှားအောင်ကျင့်ကြရမယ်။
အဲဒီအခါ လောကကြီးမှာ ငြိမ်းချမ်းရေးစာချုပ်လက်မှတ်တွေထိုးစရာမလို
တော့ဘဲ တကယ်ငြိမ်းချမ်းသွားမှာပါ။ 
ဒါ့ကြောင့် တို့များလက်ရေးပေးလိုက်တဲ့ “ဓမ္မယာဉ်”ကိုမောင်းနှင်ကာ 
မဇ္ဈိမဒေသဆီသို့  .. . . သွားရင်း  .. ငြိမ်းအေးသောဘ၀ပိုင်ရှင်များဖြစ်
ကြပါစေဟု စာရေးသူဆန္ဒပြုမိပါသတည်း  . .. . ။

ဤအလင်းကုသိုလ်ကို ကျေးဇူးရှင်ဖခင်ကြီးဆရာစံနှင့်(၃၁)ဘုံသားများ
အားဝေငှပါသည်။ Share ခြင်းဖြင့်ဆင့်ပွားကုသိုလ် ယူနိုင်ကြပါသည်။

References 
သုတ္တန်ပိဋကတ်၊ မဟာဝဂ္ဂပါဠိတော်
ဓမ္မစက္ကပ၀တ္တသုတ်။
ပါဠိမြန်မာအဘိဓာန်ကျမ်း
ဦးဟုတ်စိန်။

ဘဒ္ဒ န္တကောဝိဒ 
အရှေ့ဥယျာဉ်တိုက်၊
စမ်းချောင်းမြို့နယ်၊ရန်ကုန်

Thursday, July 24, 2014

ဖ၀ါးတော်အောက်လာရောက်ခစားအသနားခံဝင်သောရုပ်ရှင်သရုပ် ဆောင်အောင်ခိုင်အား .. မိစ္ဆာသမ္မတသိန်းစိန်မှ

သိန်းစိန်နှင့် အနုပညာရှင်များတွေ့ဆုံပွဲတွင် . . သိန်းစိန်းသည်၊ဘူးဖေး
အားအကြိုက်ဆွဲနေစဉ် ၊ မိမိ၏ဖ၀ါးတော်အောက်သို့ လာရောက်ခစား
အသနားခံဝင်သော ရုပ်ရှင်သရုပ်ဆောင်အောင်ခိုင်အား ၀ါးဖက်ကယ်
ကစီနှစ်များကို . . .
• “ မိစ္ဆာသိဒ္ဓိ”
• “ သာသနာဖျက်သိဒ္ဓိ”
• “စေတီသိမ်ဖျက်သိဒ္ဓိ” ၀င်ဆေးတော်များအဖြစ်အဖြစ်ချီးမြှောက်တော်မူ
ခဲ့ကြောင်းသက်သေခံဓာတ်ပုံများတွင်တွေ့မြင်ရသည်။ 
Photo: ဖ၀ါးတော်အောက်လာရောက်ခစားအသနားခံဝင်သောရုပ်ရှင်သရုပ်
ဆောင်အောင်ခိုင်အား  ..  မိစ္ဆာသမ္မတသိန်းစိန်မှ  .. 
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  
သိန်းစိန်နှင့် အနုပညာရှင်များတွေ့ဆုံပွဲတွင် . . သိန်းစိန်းသည်၊ဘူးဖေး
အားအကြိုက်ဆွဲနေစဉ် ၊ မိမိ၏ဖ၀ါးတော်အောက်သို့ လာရောက်ခစား
အသနားခံဝင်သော ရုပ်ရှင်သရုပ်ဆောင်အောင်ခိုင်အား ၀ါးဖက်ကယ်
ကစီနှစ်များကို . . .
• “ မိစ္ဆာသိဒ္ဓိ” 
• “ သာသနာဖျက်သိဒ္ဓိ”
•  “စေတီသိမ်ဖျက်သိဒ္ဓိ” ၀င်ဆေးတော်များအဖြစ်အဖြစ်ချီးမြှောက်တော်မူ
ခဲ့ကြောင်းသက်သေခံဓာတ်ပုံများတွင်တွေ့မြင်ရသည်။ 
ဒါ့အပြင် မြန်မာ့ရုပ်ရှင်ဇာတ်ကားကြီးများအား တရုတ်ကားများကို Copy
ကူး၍ များများရိုက်ကြရန်မှာကြားသည့်အပြင် ယင်းဇာတ်ကားများကိုလဲ
မဖြစ်မနေ “အကောင်းဆုံးအကယ်ဒမီဆုများ” ချီးမြှင့်ပေးသနားမည်ဟု
ကတိက၀တ်ပြုခဲ့ပါသေးသည်။
ဒါတင်မကသေးပါ။ တရုတ်အော်ပရာပြဇာတ်ကြီးများကို မြန်မာပြည်တွင်
ကပြနိုင်ရန် ပြဇာတ်ရုံကြီးနှစ်၇ုံကိုဆောက်ပေးမည်ဟုလည်း တာဝန်ခံသွား
သည်။
ဒါကို သိန်းစိန်ဖ၀ါးတော်အောက်လာရောက် ခစားအသနားခံဝင်သော
ရုပ်ရှင်သရုပ်ဆောင်အောင်ခိုင်မှာ သွားရေများကြ၍ သေပွဲပင်ဝင်မိကာ
ဝမ်းသာလုံးဆို့သွားကြောင်းသိရသည်။
အမှန်တရားအတွက် မည်သူမဆို ရဲဝံ့စွာ share နိုင်ပါသည်။

ခေတ်မီဖွံ့ဖြိုးပြီဖြစ်သော မြန်မာပြည်။

ခေတ်မီဖွံ့ဖြိုးပြီဖြစ်သော မြန်မာပြည်။
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥ 
သိန်းစိန်အစိုးရခေါ် စစ်ခွေးတစ်ဖြစ်လဲကြံ့ဖွတ်တို့သည်၊မြန်မာနိုင်ငံအား
အိမ်နီးခြင်းနိုင်ငံများဖြစ်ကြသော စင်ကာပူနိုင်ငံကို အပြိုင်လိုက်နိုင်ရန်
အတွက် ကိုယ်ပိုင် formula ကိုယ်ပိုင် design များဖြင့် အမီလိုက်နိုင်
အောင်ကြိုးစားရာမှာ စက်မှုဝန်ကြီးဌာနသည် အတုယူစံနာမူနာကောင်း
ဖြစ်သကဲ့သို့ မြို့တော်စီပင်လမ်းတံတားဌာနများကလည်းပဲ အားကောင်း
စွာပံ့ပိုးနိုင်ခဲ့သည်ကို အောက်ပါရေပေါ်ရထားများ၊ ရေပေါ်ကားများ ၊ရေ
ပေါ်ဆိုက္ကားများကို အောင်မြင်ခြောမွေ့စွာစမ်းသပ်ခုတ်မောင်းနိုင်ခဲ့ပါသည်။
ယင်းကို လွှတ်တော်တွင်တင်သွင်းရာ မဲအများဆုံးရရှိခဲ့ကြောင်း သတင်း
ရရှိပါသည်။
အမှန်တရားအတွက် မည်သူမဆိုလွတ်လပ်စွာ Share နိုင်သည်။

ဒါ့အပြင် ရန်ကုန်နှင့်မြန်မာနိုင်ငံအ၀ှမ်းလုံးတွင် ယခုလို ခေတ်မီဖွံ့ဖြိုးတိုး
တက်နေမှုအား . . .
သခင်အမည်ခံများ လော်ဘီများ
ကြံ့ဖွတ်စစ်ခွေးလော်ဘီများ
မျိုးချစ်အမည်ခံ လော်ဘီများ
ဘာသာချစ်မြတ်နိုးသူများမှ . . . . .
ယခုကဲ့သို့ နိုင်ငံတော်ကြီးတိုးတက်နေမှုသည်၊သမ္မတကြီးဦးသိန်းစိန်၏ ပွင့်
လင်းမြင်သာမှုကြောင့်သာဖြစ်ကြောင်း (မစားရ၀ခမန်း) ပြောကြားကြသည့်
အပြင် ရန်ကုန်နှင့်အခြားမြို့ကြီးများတွင် (၀ဲဆေးများ)ရောင်းခြလျှင် ယခုကာ
လအတွင်း လူအများ ရေ၀ဲစား၍ရောင်းကောင်းမည်ဖြစ်သည်ဟုသုံးသပ်ကြ
ပြီး အမျိုးဘာသာသာသနာတော်အတွက် ရန်ပုံငွေရှာရန်လွန်စွာတွက်ခြေ
ကိုက်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
ယင်းနောက် ရန်ကုန်နှင့်အခြားမြို့ကြီးများသို့ မိုးကာလအမှီ ၀ဲဆေးများရောင်း
ချမည်ဟုသိရပါသည်။ ယင်းဝဲဆေးများတွင် (၉၆၉)တံဆိပ်များကပ်၍ရောင်း
ချမည်မဟုတ်ကြောင်းကိုလည်းဝန်ခံကတိပြုကြသည်ဟုလည်း ခိုင်လုံသော
သတင်းရပ်ကွက်မှ အလင်းရှင်အား ဖုန်းဆက်ပြောကြားခဲ့ပါသည်။
ယင်းကို သမ္မတကြီးဦးသိန်းစိန်မှ ရန်ပုံငွေ ကျပ်သိန်းတစ်ရာလှူဒါန်းထည့်
ဝင်သွားပါသည်။

အမှန်တရားအတွက်မည်သူမဆိုလွတ်လပ်စွာ Share နိုင်သည်။
█ ░ အလင်းရှင် ░ █

သတ္တလောကရဲ့ movies . .

ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်၊ ရန်ကုန်
Photo: သတ္တလောကရဲ့ movies . .
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ 
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်၊ ရန်ကုန်

ငွေပုံပေါ်မှာ တကယ်အိပ်ပြတဲ့ မော်ဒယ်မလေး

ခိုးရာပါပစ္စည်းများဖြင့် . ..
ကြွယ်ဝချမ်းသာနေသောခရိုနီနှင့်အာဏာရှင်တို့သိစေရန်
•••× •••× •••ו••× •••ו••×
ရဟန်းတစ်ပါးအနေနဲ့ ဒီလိုပုံတွေ မတင်သင့်ဘူးဆိုတာသိပါတယ်။
ထူးခြားသောသတင်းအဖြစ် (ဗဟုသစ္စဉ္စ သိပ္ပဉ္စ)ဆိုသောရည်ရွယ်
ချက်ဖြင့်လင့်ချိပ်ပေးလိုက်တာပါ။
ပြောချင်တာကတော့ ..
မိမိလုံ့လနဲ့ရှာဖွေထားတဲ့ငွေကြေးဥစ္စာကို ကမ္ဘာကိုချပြနိုင်ရဲတဲ့မိန်း
ခလေးရဲ့သတ္တိကိုပါ။ ဒီကနေ့ စစ်အာဏာရှင်နဲ့ခရိုနီတွေ ဘာဏ်
ထဲက ဒေါ်လာသန်းပေါင်းများစွာကို . ..
ဒီနေ့အထိ ပြည်သူနဲ့ကမ္ဘာကို ချမပြရဲသေးဘူး။
ဒါကို message ပေးချင်တာပါ။
ဘဒ္ဒ န္တကောဝိဒ
█ ░ အလင်းရှင် ░ █
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်၊ရန်ကုန်
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget