.

AlinShin

Saturday, June 28, 2014

လက်ပတောင်းတောင် ဆန္ဒပြ ကျိန်စာတိုက်မှုများ

လက်ပံတောင်းဒေသ ကြေးနီတူးဖော်ရေး စီမံကိန်းနယ်မြေမှာရှိတဲ့  အက်ဆစ်စက်ရုံဟာ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မပါဘဲ ဆောက်ထားတာဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ဒေါ်ဒေဝီသန့်စင်က ပြောပါတယ်။
လက်ပံတောင်းတောင် ဒေသခံတို့၏ စတုထ္ထအကြိမ်မြောက် ကျိန်စာတိုက်ပွဲကို လက်ပံတောင်းတောင်ခြေ ဆည်တဲရွာမြောက်ဖက်တွင် မေ၂၄ရက်နေ့က ပြုလုပ်ခဲ့သည် (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)
    
သူက စီမံကိန်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ လေ့လာ၊ မကြာသေးမီက အဲဒီဒေသကို ကိုယ်တိုင် သွားရောက်ပြီး ဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။
 
ကြေးနီတူးဖော်ရေးက ထွက်လာတဲ့ စွန့်ပစ်မြေပုံတွေက အင်မတန် ကြီးလွန်းတာကြောင့် တောင်ကြီးလို ဖြစ်နေတယ်လို့ ဆိုတယ်။
 
ဒီလိုအနေအထားတွေကြောင့် အဲဒီဒေသမှာ ရှူရတဲ့လေက တခြားဒေသနဲ့ မတူပါဘူး။ အဲဒီဒေသကို ရောက်တာနဲ့ သိသိသာသာ ဖြစ်မှာကတော့ ရှူမိတဲ့လေမှာ အနံ့အသက်တွေ ပါနေတယ် ဆိုတာပါပဲ။ ဒေသခံတွေက အနေကြာလို့ သိချင်မှ သိမယ်၊ အပြင်လူက ဝင်တာနဲ့ ဒါကို သတိပြုမိတယ်လို့ ဆိုတယ်။

ဒီလေက ဒေသခံတွေအတွက် ဘယ်လောက် အန္တရာယ် ရှိနေပြီလဲ။

စက်ရုံကို စနစ်တကျ ဆောက်ထားရဲ့လား၊ စွန့်ပစ်မြေကို စနစ်တကျ စွန့်ရဲ့လား ဆိုတာ မေးစရာ ဖြစ်လာပါပြီ။

အစိုးရနဲ့ စာချုပ် ချုပ်စဉ်က ဒီလို စည်းကမ်းချက်တွေ ပါမှ ပါပါရဲ့လား။ အဆင်ပြေသလိုလုပ်ဖို့ ခွင့်ပြုတဲ့ စာချုပ်များ ဖြစ်နေရော့လား။

ဒေါ်ဒေဝီသန့်စင်ကတော့ မြန်မာပြည်မှာ ပွင့်လင်းမြင်သာမှု ဆိုတဲ့ စကားလုံးက အင်မတန် အသုံးများလာနေပေမယ့် အဲဒီ ပွင့်လင်းမြင်သာမှုဆိုတာ မရှိသေးဘူး၊ အမှောင်ထဲ စမ်းတဝါးဝါး လုပ်နေကြသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ လေ့လာမှုအစပိုင်း အခြေအနေတွေကို မကြာသေးခင်က ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ပြောသွားတာပါ။ အဲဒီဒေသ ရေ၊ မြေ အနေအထားကို နိုင်ငံတကာအဆင့်မီ စမ်းသပ်ဖို့လည်း စီစဉ်နေတယ်လို့ ပြောပါတယ်။

ဒါဆိုရင်တော့ စီမံကိန်းမှာ လုပ်ချင်သလို လုပ်နေကြသလား၊ အဲဒီဒေသ ရေ၊ မြေ အနေအထားက ဒေသခံတို့ကို ထိခိုက်မှု ရှိမရှိ ဆိုတာတွေ မကြာခင် ပိုမို ရှင်းလင်းလာပါတော့မယ်။

စီမံကိန်းအတွက် ဒေသခံတို့ရဲ့ လုပ်ငန်းခွင် လယ်မြေတွေ ဖယ်ပေးရပါတယ်။

လယ်မြေတေ။ွကို ဒီလို ဖယ်ပေးရ အသိမ်းခံရတာတွေက နိုင်ငံတဝန်းမှာ ဖြစ်နေတာပါ။

ဒီလို ပြဿနာတွေကို အစိုးရက ပြေလည်အောင် မရှင်းပေးနိုင်ရင် ဒုတိယ လယ်သမား အရေးတော်ပုံ ပေါ်လာနိုင်တယ်လို့ ရှေ့နေဦးအောင်သိန်းက သတိပေးပါတယ်။

ဒေါ်ဒေဝီသန့်စင်တို့ လက်ပံတောင်းဒေသအရေး ရှင်းလင်းပွဲပြုလုပ်ရာမှာ ရှေ့နေဦးအောင်သိန်းလည်း ပါဝင်ပါတယ်။

မုံရွာ လက်ပံတောင်းဒေသ နဲ့ အနီးတဝိုက် သဘာဝပတ်ဝန်းကျင် အကြီးအကျယ်ပျက်စီးသွားပုံ၊ ဒေသခံတို့ ဥပဒေမဲ့ သို့မဟုတ် ဥပဒေကို လက်တလုံးခြားလုပ်ခံရပုံတွေကို သူတို့တွေ လေ့လာပြီး ဆက်လက် ထုတ်ဖော် ဖွင့်ချသွားကြဖို့ ပြင်ဆင်ထားပုံရပါတယ်။

http://blog.irrawaddy.org/2014/06/blog-post_3612.html
ဧရာဝတီ Facebook / ဧရာဝတီ Twitter .http://blog.irrawaddy.org/2014/06/blog-post_3612.html

Friday, June 27, 2014

ဧရာဝတီကို အစိုးရကြောက်ရွံနေပြီလော .. . ။

ဇွန်လ ၂၆ ရက် မနေ့က နေ့ခင်း ၁၂ နာရီလောက် ဧရာဝတီ ရန်ကုန်ရုံးကို
 ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံး သတင်းတပ်ဖွဲ့က ရဲအုပ် ၂ ယောက် အရပ်ဝတ်နဲ့
 ရောက်လာပါတယ်။ တာဝန်ခံ အယ်ဒီတာနဲ့ တွေ့ချင်တယ်ဆိုပြီး စကားပြော
ပါတယ်။ သူတို့ ရဲမှူးက “တွေ့ဆုံ စကားပြော”လိုတာမို့ ရုံးကို လာဖို့
 “ဖိတ်ကြား”လိုတယ်လို့ ရည်မွန်ပျူငှာစွာ ပြောပါတယ်။ ဒါဟာ သတင်း
ဂျာနယ်တိုက်တွေ အားလုံးကို ဖိတ်ကြားတာ ဖြစ်ပြီး သတင်းဂျာနယ်တွေရဲ့
 အစိုးရနဲ့ ဆက်ဆံရေးမှာ ဘာတွေ အခက်အခဲတွေ ရှိသလဲဆိုတာ
စူးစမ်းချင်တာ ဖြစ်ကြောင်းလည်း ဆိုတယ်။ ကျနော်တို့ကလည်း ဒီရက်ပိုင်း
အတွင်း သတင်းဂျာနယ်တိုက်တွေကို သူတို့ ရောက်လာနေတဲ့အကြောင်း
 ကြားထားပြီး ဘာကြောင့် ဒီလို ရောက်လာရတယ်ဆိုတာ သိချင်နေတယ်။
 ဒါကြောင့် “ဖိတ်ကြား”မှုကို လက်ခံပြီး တခြား အယ်ဒီတာတဦးဖြစ်တဲ့
သာလွန်ဇောင်းထက်နဲ့အတူ ပန်းဆိုးတန်းလမ်းပေါ်က သတင်းတပ်ဖွဲ့ရုံးဆီ
ချီတက်ပါတယ်။
ချိန်းထားတဲ့အချိန် နေ့ခင်း ၁ နာရီခွဲ ရုံးရောက်တော့ သတင်းတပ်ဖွဲ့
ရဲမှူးကျော်စိုးက ဦးဆောင်ပြီး လေအေးစက် တပ်ဆင်ထားတဲ့ သီးသန့်ဧည့်ခန်း
 (အစိုးရ ရုံးများမှာ လေအေးစက် အခန်းတိုင်း တပ်ဆင်နိုင်ခြင်း မရှိလို့
ထည့်ပြောရတာပါ) မှာ ဧည့်ခံပါတယ်။ ရဲမှူးက သူဟာ ရသဝတ္ထုတိုတွေ
 ရေးသားသူ စာရေးဆရာ ဖြစ်တာမို့ စာနယ်ဇင်းလောကသားတဦးလို့
ဆိုလာပါတယ်။  မိမိကိုယ်တိုင် ဧရာဝတီရုံးကို လာပြီး တွေ့ဆုံလိုပေမယ့်
အကြောင်းကြောင်းများကြောင့် ယခုလို ရဲတပ်ဖွဲ့ရုံး ဖိတ်ခေါ်ရခြင်းအတွက် အားနာပါကြောင်း၊ ခေါ်ယူစစ်ဆေးတာ မဟုတ်ဘဲ ရင်းရင်းနှီးနှီး တွေ့ဆုံ
တာဖြစ်ကြောင်း၊ ငွေကြေးခ၀ါချမှုနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းတာလည်း
 မဟုတ်ကြောင်း၊ မေးခွန်းများကို မဖြေလိုပါက မဖြေနိုင်ကြောင်း၊ အတင်း
အကျပ် ဖြေဆိုရမည် ဆိုသော သဘောမရှိကြောင်း မိတ်ဆက်ပြောဆိုပါတယ်။
ကျနော်တို့ဘက်ကလည်း ကျနော်တို့ ဘာကြောင့် ရောက်လာရတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်။ အခုလို ဘာကြောင့် သတင်းဂျာနယ်တိုက်တွေကို ခေါ်ယူမေးမြန်းနေရတာလဲ၊ ဘယ်သူ ဘယ်ဌာနရဲ့
 ညွှန်ကြားချက်နဲ့လဲ၊ အခုလိုဖြစ်ရတာ မဟာသန္တိသုခကျောင်းတိုက် ၀င်ရောက်
စီးနင်းမှုကြောင့် သံဃာနဲ့ ပြည်သူများအကြား အစိုးရကို မကျေနပ်မှု ဖြစ်ပွားနေချိန်၊
 သမ္မတ ဦးသိန်းစိန်က သာသနာရေးဝန်ကြီးဦးဆန်းဆင့်ကို ဖမ်းဆီးအရေးယူထားချိန်နဲ့ တိုက်ဆိုင်နေတာမို့ ဒီဟာနဲ့ ပတ်သက်မှု ရှိသလား၊ ကျနော်တို့ သိချင်နေတယ်လို့
 ပြောတော့ ရဲမှူးက လူကြီးတွေရဲ့ ခိုင်းစေချက်အရ တွေ့ဆုံခြင်းဖြစ်ပြီး မီဒီယာလုပ်
ငန်းတွေရဲ့ သဘောသဘာဝကို စူးစမ်းတာလို့ ပြန်ဖြေတယ်။ ကျနော်တို့ ရေးသား
တင်ပြမှုတွေကို ဘာမှ ဝင်ရောက်စွပ်ဖက်တာလည်း မဟုတ်ကြောင်း၊ နှစ်ဖက်
 ပြောဆိုချက်များကို အထက်ကို ပြန်လည်တင်ပြမှာ ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက်
အမြင်များ ပွင့်လင်းစွာ ပြောဆိုနိုင်ကြောင်းလည်း ဆိုပါတယ်။
ကျနော်တို့ သိချင်တဲ့အကြောင်းအရာတွေ သူတို့ပြောနိုင်မှာ မဟုတ်ဘူးဆိုတာ နားလည်သဘောပေါက်ပါကြောင်း ပြောအပြီး ဧရာဝတီအကြောင်း ကျနော်တို့
စပြောပြတယ်။ သမ္မတဦးသိန်းစိန်က နိုင်ငံတကာက အဝေးရောက်သူတွေ ပြန်
လာပြီး တိုင်းပြည်ကို အတူတကွ ပြန်လည်တည်ဆောက်ကြဖို့ ဖိတ်ခေါ်အပြီး
စာပေစိစစ်ရေးရဲ့ ထိန်းချုပ်မှုတွေ လျှော့ချလိုက်တဲ့အခါ တရားဝင်မှတ်ပုံတင်ပြီး
အင်္ဂလိပ်ဘာသာနဲ့ လစဉ်မဂ္ဂဇင်း၊ မြန်မာဘာသာနဲ့ အပတ်စဉ်ဂျာနယ်တွေကို
ထုတ်ဝေဖြန့်ချိခဲ့တာရယ် ဧရာဝတီရဲ့ အယ်ဒီတိုရီယဲလ် ပေါ်လစီရယ်ကို
ရှင်းပြတယ်။ ဧရာဝတီရဲ့ သတင်းတင်ပြပုံဟာ ကျင့်ဝတ်နဲ့အညီဖြစ်ပြီး ထိုးထွင်း
 ဝေဖန် သုံးသပ်တတ်တာကို ရှင်းပြတယ်။ အသားပေးပြောတာကတော့ ဒီမို
ကရက်တစ် ယဉ်ကျေးမှုပဲ၊ တဖက်သက် မဟုတ်ဘဲ ရှုထောင့်ပေါင်းစုံက
တင်ပြရေးသားမှုပဲ။ စာဖတ်ပရိသတ်ကို စဉ်းစား တွေးခေါ်စေပြီး အမှန်အမှား သုံးသပ်ဆုံးဖြတ်ပိုင်ခွင့်လည်း ပေးတာ ပြောဖြစ်တယ်။
ရဲမှူးက ကျနော်တို့ ပြောတာ အစပိုင်း လိုက်မှတ်ပြီး စကားဝိုင်း အရှိန်ကောင်း
လာတော့ မမှတ်တော့ဘူး။ ကျနော်တို့ကတော့ စပြီဆိုကတည်းက အသံဖမ်း
ထားတယ်။ ရဲမှူးမေးတဲ့အထဲ ဂျာနယ်တွေ ရှုံးတယ်ကြားပြီး ဆက်ထုတ်နိုင်နေတာ
ဘာကြောင့်လဲ ဆိုတာ အဓိက စူးစမ်းချက်လို့ ထင်တယ်။ ကျနော်တို့က ဧရာဝတီကို ထုတ်ဝေဖြန့်ချိတဲ့ ငွေကြေးရှင်းတမ်းဟာ အထူးတပ်ဖွဲ့နဲ့ မဆိုင်ဘဲ ပြည်တွင်းအခွန်နဲ
့သာ ဆိုင်တာမို့ အခု ပြောနိုင်မှာ မဟုတ်ဘူးလို့ အခိုင်အမာ သိစေပါတယ်။ နောက်
 ဂျာနယ်တွေ မရှုံးကြောင်း၊ နေ့စဉ်ထုတ် သတင်းစာတွေကတော့ လုပ်ငန်းအရွယ်အစား
၊ အလုပ်သမား အရေအတွက်၊ ကုန်ကျစရိတ် ကြီးတာမို့ လတ်တလော ရှုံးနေနိုင်ကြောင်း၊ ဒါပေမယ့် ရေရှည်မှာ မြတ်ဖို့ မျှော်လင့်တွက်ဆပြီး ရင်းနှီးမြှုပ်နှံထားတာမျိုးလည်း ရှိကြောင်း၊
 ပုဂ္ဂလိကပိုင် သတင်းစာ ဂျာနယ်တွေဟာ ကြော်ငြာကရတဲ့ ဝင်ငွေဟာ အဓိက ဝင်ငွေလမ်းကြောင်းတကြောင်းဖြစ်ပြီး အစိုးရသတင်းစာနဲ့ ပြိုင်လုရတာ မလွယ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနပိုင် သတင်းမီဒီယာတွေဟာ ပြည်သူ့
ဘဏ္ဍာစားပြီး စီးပွားရေးလုပ်နေတာ မသင့်တော်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ အာဏာရှင် နိုင်ငံတွေမှာသာရှိကြောင်း၊ အာဏာရှိသူတွေနဲ့ ခရိုနီတွေ မီဒီယာတွေကို
အသုံးချပြီး ဩဇာထူထောင်ဖို့ ကြိုးစားတာ ရှိနိုင်ကြောင်း၊ ဒါပေမယ့် ဧရာဝတီရဲ့ အယ်
ဒီတိုရီယဲလ်မူဝါဒဟာ လွတ်လပ်ပြီး သတင်းစာကျင့်ဝတ်နဲ့အညီဖြစ်ကြောင်း ရှည်ရှည်ေ
ဝးဝေး ရှင်းပြတယ်။ သူတို့ နားလည်လား နားမလည်ဘူးလား ကျနော်မသိပါ။ သူတို
့ပြောသလို အပေါ်ကို တင်ပြမလား မတင်ပြဘူးလား ကျနော်တို့ မသေချာပေမယ့်
 ပြောစရာရှိတာ အိတ်သွန်ဖာမှောက် ပြောလိုက်ရလို့ ကျေနပ်ပါတယ်။
နောက် ရဲမှူး ပြောတဲ့အထဲ နောက်တခုက သတင်းဂျာနယ်တွေဟာ
သတင်းတပုဒ်ကို ရေးသားဖော်ပြကြရာမှာ တယောက်တမျိုးရေးနေတာကြောင့် ၀ိဝါဒ
ကွဲပြားစရာ များစွာရှိနေပြီး ပြည်သူတွေ ရှုပ်ထွေးမှု ဖြစ်စေတယ်လို့ ဆိုတာပဲ။ သူတို့
စာနယ်ဇင်းရဲ့ သဘောသဘာဝကို နားလည်ဖို့ စူးစမ်းတာလို့ ပြောတာကို ကျနော်တို့
မအံ့ဩတော့ဘူး။ သတင်းစာတွေရဲ့ သတင်းတပုဒ်ကို ချဉ်းကပ်ပုံ၊ တင်ပြပုံ ကွဲလွဲတာ
သက်ဆိုင်ရာ သတင်းစာတိုက်ရဲ့ အယ်ဒီတိုရီယဲလ် မူဝါဒ ပေါ်မှာ မူတည်တယ်ဆိုတာ
 ကျနော်တို့ ရှင်းပြတယ်။ နောက် အခုလို ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမေးမြန်းမှုတွေဟာ မဟာ
သန္တိသုခကျောင်းတိုက် ၀င်ရောက် စီးနင်းမှုကြောင့် အစိုးရကို မကျေနပ်မှု ဖြစ်ပွားနေချိန်၊
သမ္မတ ဦးသိန်းစိန်က သာသနာရေးဝန်ကြီးဦးဆန်းဆင့်ကို ဖမ်းဆီးအရေးယူထားချိန်နှင့် တိုက်ဆိုင်နေတာမို့ ဦးဆန်းဆင့်ကိစ္စကို ကျနော် နာမည်တပ်ပြီး ပြောခဲ့တယ်။ ဦးဆန်းဆင့်ကို ထောက်ခံတာ၊ ကန့်ကွက်တာ ဒီမိုကရေစီမှာ ဘာမှ မဆန်းဘူး။ သတင်းစာတွေက ရေးတာကို စာဖတ်ပရိသတ်က ရွေးချယ်ဖတ်ရှုပြီး အမှန် အမှားကို
သူတို့ဘာသာ ဆုံးဖြတ်ပါလိမ့်မယ် ကျနော်တို့ ပြောခဲ့တယ်။
ချုပ်ရင် ကျနော်တို့ သတင်းရဲတပ်ဖွဲ့နဲ့ သွားတွေ့ခဲ့တာဟာ သူတို့ ဘာကြောင့်
သတင်းစာတိုက်တွေဆီ ဒီအချိန်မှာ ဝင်ရောက်စုံစမ်းနေရတာလဲ သိချင်လို့ပါပဲ။
အတိအကျ ဘာကြောင့် ဘယ်သူက ခိုင်းတယ်ဆိုတာ မသိရပေမယ့် အစိုးရဘက်က ဘာတွေစိုးရိမ်နေသလဲဆိုတာ သိခဲ့ရသလို ကျနော်တို့ဘက်ကလည်း လွတ်လပ်ပွင့်
လင်းတဲ့ခေတ် မီဒီယာရဲ့ သဘောသဘာဝနဲ့ ဒီမိုကရေစီတည်ဆောက်ရေးမှာ မီဒီယာ
 လွတ်လပ်ခွင့် အရေးပါပုံကို စိတ်တိုင်းကျ ပြောခဲ့ရတာမို့ ကျေနပ်ပါတယ်။ ဒါပေမယ့်
 မတော် လောဘနဲ့ မတရား စီးပွားဖြစ်နေသူတွေ၊ အာဏာနဲ့ တိုင်းပြည်ဘဏ္ဍာကို အလွဲသုံးစားလုပ်နေသူတွေကို ပစ်မှတ် မထားဘဲ ဖွံ့ဖြိုးတိုးတက်လာခါစ ပုဂ္ဂလိကပိုင်
 မီဒီယာတွေကို အာရုံစိုက်လာတာကတော့ သန့်ရှင်းပြီး ကောင်းမွန်တဲ့ အစိုးရရဲ့
 လုပ်ရပ် မဟုတ်ပါ။ အဲဒီအစား ညစ်ပတ်ပြီး မလုံခြုံတဲ့ အစိုးရရဲ့ လုပ်ရပ်သာ ဖြစ်နေ
ပါကြောင်း တင်ပြဆွေးနွေးအပ်ပါတယ်။
http://burma.irrawaddy.org/opinion/viewpoint/2014/06/27/61059.html

█ ░ အလင်းရှင် ░ █
 
ကိုယ်လုံးတီး ၀ိရောဓိ

နှလုံးသားကိုခိုးလည်း အဒိန္နဒါနကံပါပဲ။

အလင်းရှင်ဆိုတာ .. .
တစ်ချိန်က ဆောင်းပါးတစ်ပုဒ်ကို (၃၀၀၀)ကျပ်နဲ့
ကြေးစားလက်ဖြစ်ခဲ့ဖူးပါတယ်။ထောင်ကထွက်ကတည်းက
ကြေးတန်းလောကကိုစွန့်ခွာခဲ့ပြီး အွန်လိုင်းပေါ်မှာ မိမိရင်ဘတ်ကို
တင်ထားနိုင်ခဲ့ပါတယ်။ 
Photo: နှလုံးသားကိုခိုးလည်း အဒိန္နဒါနကံပါပဲ။ 
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►
အလင်းရှင်ဆိုတာ  .. . 
တစ်ချိန်က ဆောင်းပါးတစ်ပုဒ်ကို (၃၀၀၀)ကျပ်နဲ့
ကြေးစားလက်ဖြစ်ခဲ့ဖူးပါတယ်။ထောင်ကထွက်ကတည်းက
ကြေးတန်းလောကကိုစွန့်ခွာခဲ့ပြီး အွန်လိုင်းပေါ်မှာ မိမိရင်ဘတ်ကို
တင်ထားနိုင်ခဲ့ပါတယ်။ 
http://aungminkhoung.blogspot.com/ဟာ 
အလင်းရှင်ရဲ့ ရင်ဘတ်စစ်စစ်ပါပဲ။ 
အဲဒီမှာ  . . .
ကိုယ်တိုင်ရေးမိတ္တူ ကဗျာများနှင့်  .. . 
ပိဋကတ်သုံးပုံမြန်မာပြန်ဖတ်စရာများ။ကမ္ဘာ့နာမည်ကျော်ဆရာတော်
ဘုရားကြီးများရဲ့ လက်ရာကျမ်းစာအုပ်များအပြင် ၊ ကမ္ဘာကျော် မြန်မာ့
စာရေးဆရာကြီးများရဲ့ လက်ရာကောင်းများကိုပါ တစ်နေရာတည်း
ကြည့်ရှု့မှတ်သား သိမ်းဆည်းနိုင်ရန် တင်ထားပါတယ်။ 
မည်သူမဆို ယူသုံးကြပါ ။
သို့သော်  . .
မူရင်းကလောရှင်နာမည်လေးတော့ ဖျက်မပစ်ကြပါနဲ့ ။ အဒိန္နဒါနာကံ
ဆိုတာ  ..  နှလုံးသားကိုခိုးရင်လည်း ထိုက်တာပါပဲ။

— with သား စိုး and 15 others.

Thursday, June 26, 2014

ရင်မခုံပါ သို့သော်

Photo: ရင်မခုံပါ သို့သော် ♥  ♥  ♥  ♥  ♥
လည်းခိုးယူတက်သောမြန်မာ့အလေ့အထကိုပြင်စေချင်လို့ပြောတာပါ။
ပူးတွဲဖေါ်ပြပါဓာတ်ပုံကဗျာသည် အလင်းရှင်ကိုယ်ပိုင်စကားလုံးများ
ဖြင့် ပိုတိုရှောကိုသုံးကာ ဖန်တီးထားသောလက်ယာပါ။
ဒါကို ခိုးယူသူများက ရေးသူနာမည်ကိုဖျက်ပြီးသုံးစွဲထားတာကိုတွေ့
ရတာ ကြာနေပါပြီ။ 
မပြောချင်ပါဘူး။ သို့သော်  မြန်မာတွေအခုအထိ ဒီလိုအောက်တန်း
ကျတဲ့လုပ်ရပ်များကို ရပ်တန်းကမရပ်ကြရင် ဗိုလ်ချုပ်ပြောတဲ့ဖာနိုင်
ငံထက်ဆိုးနေဦးမယ်။ 
ထိုခိုးယူသုံးစွဲသူရဲ့ လင့်ကိုအလင်းရှင်သိမ်းဆည်းထားပါတယ်။
အကယ်၍ သိလိုပါက ချက်ဘောက်စ်ကနေ တောင်းပါ။ပေးပါ့မယ်။
ဒါ့ကြောင့်   .. 
မြန်မာတွေ ခိုးတဲ့အကျင့်လေးတွေဖျောက်ကြပါလို့ အသိပေးချင်ပါတယ်။

မြတ်စွာဘုရားကယ်တော်မူပါ

မင်းတို့ပြောတဲ့ ကြံဖွတ်ဆိုတာ .. တစ်ချိန်ကစစ်ခွေးနော် ..
စက်တင်ဘာမှာ သံဃာတွေကိုပစ်သတ်ခဲ့တာ ..
သမိုင်းကငုတ်တုတ်ကြီးထိုင်နေသေးတယ်။
ရှေးဟောင်းသမိုင်းဝင်လယ်တီသိမ်ကို ဒိုဇာနဲထိုးပစ်တာ ..
ငါ့ရှေ့တင်နော် .. . ။
ဒါကို .. ဒါနဲ့ . .(၂၀၁၅) မှာထပ်ပြီးခေါင်းပေါင်းဝတ်နေရဦးမယ်ဆိုရင် . .
ငါ .. မြန်မာပြည်မှာ မနေတော့ဘူး .. ကွာ။
ရဟန်းမို့ . .
တောမှီရဟန်းအဖြစ်နဲ့နေဖို့ကလည်း . . 

တော့မရှိ ၊ တောင်ပျောက် 
နောက်  သံဃနာယကလက်မှတ်ပါမှ။
မြို့ပေါ်နေပြန်တော့လည်း ..

မြတ်စွာဘုရားကယ်တော်မူပါ 
✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ 
မင်းတို့ပြောတဲ့ ကြံဖွတ်ဆိုတာ  .. တစ်ချိန်ကစစ်ခွေးနော်  .. 
စက်တင်ဘာမှာ သံဃာတွေကိုပစ်သတ်ခဲ့တာ  .. 
သမိုင်းကငုတ်တုတ်ကြီးထိုင်နေသေးတယ်။
ရှေးဟောင်းသမိုင်းဝင်လယ်တီသိမ်ကို ဒိုဇာနဲထိုးပစ်တာ  .. 
ငါ့ရှေ့တင်နော်  .. . ။
ဒါကို  ..  ဒါနဲ့  . .(၂၀၁၅) မှာထပ်ပြီးခေါင်းပေါင်းဝတ်နေရဦးမယ်ဆိုရင် . . 
ငါ  .. မြန်မာပြည်မှာ မနေတော့ဘူး  .. ကွာ။ 
ရဟန်းမို့  . .
တောမှီရဟန်းအဖြစ်နဲ့နေဖို့ကလည်း ၊ သံဃနာယကလက်မှတ်ပါမှ။
မြို့ပေါ်နေပြန်တော့လည်း  ..  ကျောင်းမရှိ။
ဒီတော့က  . . ရှေ့ဆက်လို့  .. 
(မဟန)ကြီး (မဘသ) ကြီး (၉၆၉)ကြီးတို့စိုးမိုးနေဦးမယ်ဆိုရင်  . .
ဆုတောင်းစရာတစ်ဆုပဲရှိတော့တယ်  . .
ဖြစ်လေရာဘ၀အဆက်ဆက်  . . . . 
(မဟန) (မဘသ) (၉၆၉)၀ါဒတို့ကြီးဆိုးသောခေတ်တွင်  . .
ရှင်ရဟန်းမဖြစ်ရပါလို၏။
█ ░ အလင်းရှင် ░ █
ကျောင်းမရှိ၊ ရှိတဲ့ကျောင်းကို (မဟန)ကသိမ်းကာချိပ်ပိတ်ထားတယ်။
ဒီတော့က . . ရှေ့ဆက်လို့ ..
(မဟန)ကြီး (မဘသ) ကြီး (၉၆၉)ကြီးတို့စိုးမိုးနေဦးမယ်ဆိုရင် . .
ဆုတောင်းစရာတစ်ဆုပဲရှိတော့တယ် . .
ဖြစ်လေရာဘ၀အဆက်ဆက် . . . .
(မဟန) (မဘသ) (၉၆၉)၀ါဒတို့ကြီးဆိုးသောခေတ်တွင် . .
ရှင်ရဟန်းမဖြစ်ရပါလို၏။
█ ░ အလင်းရှင် ░ █

စာဖတ်ပါ။

ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲတွေမှာ အမြဲပြောတက်တဲ့စကား
လေးတစ်ခွန်းရှိတယ် . . .
“ စာဖတ်ပါ ” တဲ့။
ဟုတ်တယ်ဒကာတို့ရေ . . စာမဖတ်တော့ စာငတ်တယ်လေ ၊ စာငတ်
တော့ အမှားအမှန်အကြောင်းအကျိုးအကောင်းအဆိုးကို ၀ိဘဇ္ဇမလုပ်နိုင်
တော့ဘူး။ မင်းတို့ နဲနဲလောက် ကောက်ယူတွေးဆကြည့်ပါဦး .. ။
မြန်မာပြည်ကို ခေတ်အဆက်ဆက် နှိပ်စက်ကျွန်ပြုလာတဲ့အာဏာရှင်
အုပ်စုကြီးဖြစ်တဲ့ စစ်ခွေးတွေ . . .။ စစ်ရေခွံဝတ်ပြီးဆက်လက်အုပ်ချုပ်
ရင် “ကဒါဖီ” အသေဆိုးနဲ့သေမှာကြောက်တော့ အရေခွံလဲပြီးတိုက်ပုံဝတ်
ကာ ပြည်သူကိုဆက်လက်နှိပ်စက်နေတယ်။ အဲဒါကိုပဲ . . အဲဒီစစ်ခွေး
အုပ်စုကြံ့ဖွတ်သာသာနာရေးဝန်ကြီးလုပ်တဲ့ဆန့်ဆင့်ကို ဧရာဝတီတိုင်းက
လူအချို့က “သူတော်ကောင်းဝန်ကြီး” တဲ့။

စာဖတ်ပါ။
♥  ♥  ♥  ♥  ♥  ♥  

ကဲ  . . အဲဒီလောက်ကို စာငတ်နေကြတယ်နော်  .. ။
ဒီပုတ်ထဲက ဒီပဲပုတ်ကိုပဲ  ..  ပဲကောင်းလုပ်နေကြတယ်ဆိုတော့က ၊ ဒီ
လောက်စာမတက်တဲ့ကောင်တွေကို ၊ ဒေါ်အောင်ဆန်းစုကြည့်အကြိမ်
ကြိမ်ပြောနေတဲ့ “ စာဖတ်ပါ” ဆိုတဲ့စကားနဲ့ ထိရောက်ပါ့မလား? ဆိုတာ
ငါတွေးမိတယ် ။
ဒါ့ကြောင့် ဆန်းဆင့်ကို သူတော်ကောင်းလို့သမုတ်ကြတဲ့ကောင်တွေကို
လည်ဆည်- မြင့်လှိုင်ပြောသလို ထမင်းတစ်နပ်လျှော့စားခိုင်ပြီး ၊ အုန်း
မြင့်လို့ ပါးရိုက်ပစ်တာပဲကောင်းမယ်နဲ့  .. တူပါတယ်။ နောက်မှ ပြန်ချော့
တဲ့အနေနဲ့ သလဒ သိန်းစိန်ပြောသလို နွားနို့လေးတစ်ခွက်ဝယ်တိုက်
လိုက်မယ်  .. ။

သို့ / ဦးပေါ်ဦးရေ . . .

Photo: သို့ / ဦးပေါ်ဦးရေ  . . .
♥  ♥  ♥  ♥  ♥  ♥  
တော်တော်ရူးတဲ့ လော်ဘီ သခင်တွေ  .. 
တော်တော်တုဏ်းတဲ့ လော်ဘီ မျိုးချစ်တွေ  .. 
ဆန်းဆင့်ကိုများ ဧရာဝတီတိုင်းရဲ့အကျိုးပြုတဲ့ . . . .
မှတ်တောင်ထားရဦးမယ်။
စစ်ခွေးထဲက စစ်ဝန်ခွေးတစ်ကိုများ ချေးမစားတဲ့ ခွေးတဲ့ . . . 
မှတ်တောင်ထားရဦးမယ် ။
မင်းတို့စာမတက်ရင် ငါ့ကဗျာတွေဖတ်သွား  .. 
ကြောင်မှန်ရင် မင်းပဲမွေးမွေး၊သူဆင်းရဲပဲမွေးမွေး  .. 
ကြွက်တွေ့ရင်တော့ခုတ်တက်တယ်  .. တဲ့။
ဒီသမိုင်းဝင်စကားကို လူပညာရှိကြီးဦးပေါ်ဦးဖေါ်ကောင်လုပ်သွားတာ။
ဒီတော့က 
မင်းတို့ခေတ်ကြမှ သံဃာသတ်တဲ့ စစ်ခွေးမျိုးယုတ်တွေထဲက 
ဆန်းဆင့်က သူတော်ကောင်းကြီးပါဆိုတော့  .. .  .. 
လူပညာရှိကြီးဦးပေါ်ဦးရဲ့စကားကိုပဲပြင်ရတော့မလိုဖြစ်နေပြီ။
ဦးပေါ်ဦးကလည်းမရှိလေတော့  . .
ငါကိုတိုင်းပဲအခုလိုပြင်ပေးလိုက်ပါတယ်  .. ကွာ။ 
သို့ / 
ဦးပေါ်ဦးရေ  .. .
“ ကြောင်တိုင်းတော့ကြွက်ခုတ်ပါသည်၊ သို့သော် ၊ ဆန်းဆင့်မပါ ” 

— with သား စိုး and 7 others.

Tuesday, June 24, 2014

Get out FIFA & Get out Myanmar Constitution 2008

အီဂျစ်လူငယ်လေးများရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို ဟိုတစ်နေ့က
ရေးတင်ပြီးပြီ၊ အခုလည်း အီဂျစ်လူငယ်လေးတွေရဲ့ ပြည်သူအပေါ်
ချပြတင်ဆက်မှုအနုပညာဟာ မြန်မာနိုင်ငံရဲ့အနာဂါတ်လူငယ်တွေအ
တွက် အတုယူဖွယ်ရာဖြစ်ပါတယ်။
“ FIFA ဘောလုံးအဖွဲ့ချုပ်မှ ကမ္ဘာ့ဖလားအတွက် အီဂျစ်နိုင်ငံမှဒေါ်လာ
သန်းပေါင်းများစွာကို ရယူသွားနိုင်ခဲ့တာကို” အီဂျစ်အမျိုးသားရေးဝါဒီ
လူငယ်လေးများက မြင်အောင်ကြည့်နိုင်သည်။
Photo: Get out FIFA & Get out Myanmar Constitution 2008
☤♥✩☤♥✩☤♥✩☤♥✩☤♥✩☤♥✩☤♥✩☤♥✩☤♥✩☤♥
အီဂျစ်လူငယ်လေးများရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို ဟိုတစ်နေ့က
ရေးတင်ပြီးပြီ၊ အခုလည်း အီဂျစ်လူငယ်လေးတွေရဲ့ ပြည်သူအပေါ်
ချပြတင်ဆက်မှုအနုပညာဟာ မြန်မာနိုင်ငံရဲ့အနာဂါတ်လူငယ်တွေအ
တွက် အတုယူဖွယ်ရာဖြစ်ပါတယ်။ 
“ FIFA ဘောလုံးအဖွဲ့ချုပ်မှ ကမ္ဘာ့ဖလားအတွက် အီဂျစ်နိုင်ငံမှဒေါ်လာ
သန်းပေါင်းများစွာကို ရယူသွားနိုင်ခဲ့တာကို” အီဂျစ်အမျိုးသားရေးဝါဒီ
လူငယ်လေးများက မြင်အောင်ကြည့်နိုင်သည်။
ဒီလိုမျိုးအသိအမြင်ကြွယ်ဝမှုကို မြန်မာမျိုးချစ်လူငယ်များ သိရှိနားလည်
စေချင်သော ဆန္ဒသည် အလင်းရှင်၌ အားကြီးခဲ့သည်။ ထို့ကြောင့်လည်း
စာများရေးသားနေခြင်းဖြစ်သည်။  အီဂျစ်လူငယ်တို့သည် “ အားကစား
နှင့်ကျန်းမာရေးကိုသိသလို အမျိုးသားရေးနှင့် အားကစားကိုလည်းခွဲခြား
နားလည်နိုင်သော အသိဉာဏ်ကာရကတို့အားကောင်းကြသည်။ 
မြန်မာပြည်၌ ပြည်သူတွေ  . . . .
ထမင်းနပ်မမှန် .  
ရွာလုံးကျွတ်ဘော်ဒိုဇာဖြင့်ထိုးကော်ဖျက်ဆီးခံရသော အတိဒုက္ခရောက်
နေသည်၊ စစ်ဘေးဒုက္ခကြောင့်စစ်ဒါဏ်သင့်နေကြသလို ပြည်မထဲတွင်
လည်း အိပ်ယာလယ်မြေများကို စစ်ခွေးတွေမှမတရားသိမ်းယူနေကြ
သည်။ ခရိုနီတွေဆိုရင်လည်း အင်္ဂလိပ်ကုလားဖြူလက်ထက်က ချစ်တီ
ကုလားကြီးများထက်ပင် အရာအဆအထောင်အသန်းသာလွန်အောင်
ဆင်းရဲသားပြည်သူများအပေါ် လယ်ယာအိမ်ခြံမြေများကို မောင်ပိုင်စီး
နိုင်ခွင့်အာဏာရထားသည်။ 
ကဲ  . .. မြန်မာလူငယ်ဟုဆိုသော မျိုးချစ် သခင်ချစ် ဘာသာချစ် စသော
နာမည်များဖြင့် အွန်လိုင်းပေါ်တွင် ကြီးဆိုးနေသော အနှီကောင်သဘော
က်တွေ မျက်စေ့ကန်းနေကြသည် ။ အမျိုးသားရေးမျက်စေ့အမြင်မှန်မရှိ
ခဲ့ကြပေ။ 
ဒါကို အလင်းရှင်က လှစ်လှပ်ဖေါ်ပြ ပေးခြင်းသာဖြစ်သည်။ 
အီဂျစ်အမျိုးချစ်လူငယ်လေးများသည် fifr ကြောင့်ကုန်သွားသော (၁၁)
ဘီလျှံဒေါ်လာများကို ပညာရေးနှင့်ကျန်းမာရေးစသော အဓိပ္ပါယ်ရှိသော
အခန်းကဏ္ဍတွင် အစားထိုးစေချင်သည်။ သို့သော် အီဂျစ်အစိုးရက fIFA
တွင် ကုန်ကျခံလိုက်သည်။ ဒါကို အီဂျစ်မျိုးချစ်လူငယ်လေးများကအပြင်း
အထန်ဆန့်ကျင်ခဲ့ကြသည်။
ဒီလို အီဂျစ်လူငယ်လေးများရဲ့အတွေးအမြင်မျိုးကို မြန်မာလူငယ်လေး
များအား မျက်လုံးဖွင့်ပေးရမည်။ သို့မှာသာ မြန်မာပြည်ရဲ့အနာဂါတ်သည်
အာဏာရှင်စနစ်ခရိုနီစစ်နစ်ဆိုးမှလွတ်မည်ဖြစ်သည်။
စစ်ခွေးတွေအလိုကျရေးဆွဲထားသော ခြေဥကြီးသည် စစ်ခွေးနဲ့ခရိုနီတို့အ
တွက် ရည်ရှည်တည်တံ့ရေးသာဖြစ်သည်။ ဒါကို မျိုးချစ်လူငယ်လေးများ
သိစေချင်သည်။ စစ်ရေခွံကနေတိုက်ပုံပြောင်းဝတ်လိုက်ရုံနဲ့ “ ဘဘကြီး”
ဟုခေါ်တက်သော လူငယ်လေးများရဲ့အသိဉာဏ်ကာရကဂြိုလ်တို့ ချို့ငဲ့
မှုကို အလင်းရှင်စိတ်မကောင်းဖြစ်ရသည်။ “ယင်းဘဘကြီးသည်တစ်ချိန်
က ရဟန်းရှင်လူမျိုးချစ်ကျောင်းသားလူငယ်လေးများအား စစ်ဖိနပ်နှင့်
နင်းခဲ့သည် ပြည်သူ့ငွေဖြင့်ဝယ်ယူထားသော ပြည်သူပိုင်သေနပ်ဖြင့်သတ်
ခဲ့သည်”  ဒီလိုအသိအမြင်မှန်မျိုးကို မျိုးချစ်လူငယ်လေးများသိစေချင်
သည်။ “ စစ်ရေခွံပြောင်းပြီး ”  “ မိဘပြည်သူများခင်ဗျား” လို့ခေါ်ကာ  .. 
ယင်းမိဘပြည်သူများကိုးကွယ်အားထားသော ရှေးဟောင်းစေတီပုထိုး
များကို စီမံကိန်းမလွတ်လျှင်ဖျက်ဆီးသည်။ ရဟန်းသံဃာတော်တို့အား
ထောင်သွင်းအကျဉ်းချသည်။ ဒါဟာ “ အစိုးရကောင်းတစ်ရပ်လို့” ခေါ်
တွင်ထိုက်သလား ? “ ဒီလိုအယုတ္တမာကောင်တွေရေးထားတဲ့ ခြေဥ
ကြီးဟာ တို့ပြည်သူတွေအတွက်အကျိုးစီးပွားရှိသောဥပဒေဟုတ်ပါရဲ့
လား?  စသည့်အတွေးအခေါ်စဉ်းစားဆင်ခြင်တုံတရားများ မြန်မာလူထု
မြန်မာလူငယ်တွေတွင် ရှိသင့်သည်သိသင့်သည် ထို့ကြောင့် အီဂျစ်နိုင်
ငံသားများကဲ့သို့ အသိဉာဏ်ပညာမှန်ဖြင့်အစိုးရလုပ်သမျှကို ဆန်ကျင့်
နိုင်သော နှလုံးရည်များ မြန်မာနိုင်ငံသားတိုင်းတွင်ရှိထိုက်သည်။ မရှိသ
ရွေ့ စစ်ခွေးအရေခွံတစ်ဖြစ်လဲ ကြံ့ဖွတ်တို့က ကြီးစိုးနေဦးမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေဖြင့် တင်ပြရပါမူ  . .
အီဂျစ်မျိုးချစ်များက FIFA ကို မောင်းထုတ်သကဲ့သို့  ..  စစ်ခွေးတွေရေး
ဆွဲထားသော ခြေဥကြီးကိုလည်း မြန်မာပြည်ကမောင်းထုတ်သင့်သည်။
ဒီခြေဥကြီးကိုပြင်ဆင်နိုင်မှသာလျှင် ပြည်သူတွေ ထမင်းနပ်မှန်မည်ဖြစ်
ကြောင်း . .  ။ ပြည်သူတွေ ပါးရိုက်မခံရမှာဖြစ်ကြောင်း  ..  ။ ပြည်သူ
တွေ လယ်ယာအိမ်ခြံမြေတွေအသိမ်းမခံရမှာဖြစ်ကြောင်း  .. ။ အသိ
ပေးလိုက်ပါသည်။ 
ဆက်လက် ဝေမျှခြင်းဖြင့် ဓမ္မအလင်းကုသိုလ်ယူနိုင်ပါသည်

Saturday, June 21, 2014

စစ်ခွေးကျိုးနဲ့ ယုန်လိုက်နေကြသူများ

ရှေးလူကြီးသူမတို့၏ စကားပုံများသည် နိစ္စဓူဝမှန်သောအခြေအနေတစ်
ခုကိုလက်တွေ့ကျကျထင်သာမြင်သာရှိသောသာဓကတစ်ခုကိုဆောင်
ကြပါတယ်။ အခုလည်း စစ်ခွေးအရေခွံကျွတ်တွေက ADSL အင်တာန
က်စနစ်ကို ပုံသေငွေကောက်ခံသောစနစ်အစား၊နှစ်သက်ရာစနစ်ကိုသုံး
စွဲသူများရွေးချယ်နိုင်ရန်ပြင်ဆင်နေပြီဟု ပထမအကြိမ်ပြည်သူ့လွှတ်တော်
အစီးအဝေးဆဋ္ဌမနေ့မှာတင်ပြဆွေးနွေးကြသည်။
ဒါ “ခွေးကျိုးနဲ့ယုန်လိုက်နေတာပဲ” အခုအချိန်အထိပြည်သူ့ထံကငွေကို မ
တရားနည်းမျိုးစုံဖြင့်ယူလာခဲ့တာတွေကို ပြည်သူကသိလာပြီ။ ဒီမိုကရေစီ
ဆိုတဲ့နာမည်နဲ့အလိုက်ပြည်သူ့တွေရဲ့ ဘ၀စာမျက်နှာတွေဟာ ခပ်ရေး
ရေးမြင်နေရပြီလေ ..။ ဒါကိုသိတဲ့ စစ်ခွေးအရေခွံကျွတ်တွေက ADSL 

စစ်ခွေးကျိုးနဲ့ ယုန်လိုက်နေကြသူများ
☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ✿ ☭ 
ရှေးလူကြီးသူမတို့၏ စကားပုံများသည် နိစ္စဓူဝမှန်သောအခြေအနေတစ်
ခုကိုလက်တွေ့ကျကျထင်သာမြင်သာရှိသောသာဓကတစ်ခုကိုဆောင်
ကြပါတယ်။ အခုလည်း စစ်ခွေးအရေခွံကျွတ်တွေက ADSL အင်တာန
က်စနစ်ကို ပုံသေငွေကောက်ခံသောစနစ်အစား၊နှစ်သက်ရာစနစ်ကိုသုံး
စွဲသူများရွေးချယ်နိုင်ရန်ပြင်ဆင်နေပြီဟု ပထမအကြိမ်ပြည်သူ့လွှတ်တော်
အစီးအဝေးဆဋ္ဌမနေ့မှာတင်ပြဆွေးနွေးကြသည်။
ဒါ “ခွေးကျိုးနဲ့ယုန်လိုက်နေတာပဲ” အခုအချိန်အထိပြည်သူ့ထံကငွေကို မ
တရားနည်းမျိုးစုံဖြင့်ယူလာခဲ့တာတွေကို ပြည်သူကသိလာပြီ။ ဒီမိုကရေစီ
ဆိုတဲ့နာမည်နဲ့အလိုက်ပြည်သူ့တွေရဲ့ ဘ၀စာမျက်နှာတွေဟာ ခပ်ရေး
ရေးမြင်နေရပြီလေ  ..။ ဒါကိုသိတဲ့ စစ်ခွေးအရေခွံကျွတ်တွေက ADSL စနစ်ဟောင်းကြီးကိုပြောင်းဖို့ တာဆူနေကြတယ်။ 
ဒါ “ ရယ်စရာကောင်းသည်” နေ့စဉ်အင်တာနက်စာမျက်နှာပေါ်ကသ-
တင်းများကိုအမိအရကြည့်နေသော သူအတွက် ယင်းစစ်ခွေးအရေခွံ
ကျွတ်တို့ရဲ့ “ခွေးကျိုးနဲ့ယုန်လိုကသော ” မူဘောင်စနစ်တို့သည်ရယ်စ
ရာဖြစ်လာသည်။ 
အကြောင်းမူကား  .. .
(၂၀၁၅) ဇွန်လထဲတွင် အမေရိကန်နိုင်ငံက တစ်ကမ္ဘာလုံးရှိလူသားများ
အား လူသားအခွင့်အရေးရပိုင်ခွင့်များကို ရရှိပါစေရန်ဆိုသောစေတနာ
ဖြင့်ပညာလင်းများရစေရန် Wifi internet ကို အာကသမှနေ၍ သံလိုက်
တုံးလေးများသဖွယ် ပေးဝေသွားမည်ဖြစ်ကြောင်း အသိပေးပြီးသွားပါပြီ
(မှတ်ချက်) ယင်းစာမျက်နှာကို ဒီလင့် http://aungminkhoung.blogspot.
com/2014/02/blog-post_2913.htmlမှာဝင်ဖတ်ပါ။
ဒါကိုအခုကြမှ စစ်ခွေးအရေခွံကျွတ်တွေက ADSL ကိုမူပြောင်းပြီးပိုက်
ဆံတောင်းမယ်ဆိုတော့ “ စာတက်သူများအတွက်တော” ယင်းတို့ကို
ရယ်မိပေလိမ့်မည်။ 
ဦးဇင်းတို့လူငယ်များရဲ့ဘ၀ဟာ ကမ္ဘာ့ခေတ်ရဲ့နောက်မှာ အနှစ်(၁၀၀)
လောက် နောက်ကျကျန်ခဲ့ပါပြီ။ အာဏာရှင်နေ၀င်းကစလို့ တခါးပိတ်
အလင်းမှိတ်ထားခဲ့တာ စစ်ခွေးသန်းရွှေရဲ့ကြိုးဆွဲရုပ်သိန်းစိန်အထိပါပဲ။
ဘယ်လို့မှလိုက်လို့မမီနှိုင်တော့ပါဘူးဟုပြောလျှင် မျိုးချစ်အတုအခင်
အတုများက ကဲ့ရဲ့ပြစ်တင်ကြလိမ့်မည်။ တကယ်တန်းလိုက်မီမလားဆို
တော့လည်း ဝေးမှဝေးပေါ့။ 
တစ်ခုတော့ရှိသည်  .. 
(၂၀၁၅)မှာ စစ်ခွေးကျိုးကြီးကြံ့ဖွတ် တို့အဖွဲ့ကို အပြတ်အသတ်အနိုင်ရ
လိုက်မယ်ဆိုရင်တော့ စိတ်ကူးယဉ်လို့တော့ရနိုင်တယ်။ ဒါတောင် PR
စနစ်ကိုကျင့်သုံးဦးမယ်ဆိုရင် ခက်ပြန်ပါပြီ။
ဒါ့ကြောင့် စစ်ခွေးကျိုးအုပ်စုနဲ့ခရိုနီအုပ်စုကြီးတွေကို ဘင်္ဂလားပင်လယ်
အော်ထဲမြောဖို့ထက် ပြာချပစ်နိုင်ခဲ့ရင်တော့ ဒီခေတ်လူငယ်တွေအ
တွက်ကျိုးစားရမယ့် နှစ်တစ်ရာဟာ တစ်ရက်တည်းနဲ့လည်းရောက်နိုင်ပါ
တယ်ဟု ထင်မြင်သုံးသပ်မိပါသည်။
█ ░ အလင်းရှင် ░ █
စနစ်ဟောင်းကြီးကိုပြောင်းဖို့ တာဆူနေကြတယ်။

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget