Sunday, June 15, 2014
မော်စကိုပြန် ဦးကောဝိဒ
ခေတ်ကိုက ကမ္ဘာကျော်ခေတ်ကွ ၊ ဘာလို့လည်းသိလား
ကမ္ဘာကျော်တွေ မဟုတ်တာလုပ်လည်း ဟုတ်တာမြင်ကြတယ်။
တို့များ စစ်ခွေးတွေက ထောင်သွင်းအကျဉ်းချခံရတော့လေ
ပတ်ဝန်းကျင်ကဘာပြောတယ်ထင်သလဲ ။ ဘုန်းကြီးတန်မဲ့
ဘာတွေမဟုတ်တာလုပ်လို့ထောင်ကျတာလည်းမသိဘူးတဲ့။
သြော် .. လူ့ပါးစပ်တွေနော် ။ ဟောအခုကြည့် ၊ ကမ္ဘာကျော်
ဘုန်းကြိးများ ထောင်ကျတော့ ခေတ်တောင်မီသွားတယ်ဆိုပဲ။
အင်း ဂုဏ်ကြီးသူတွေလုပ်သမျှဟာ တယ်လည်းတင့်တယ်ပါ
ကလား . .. ကွယ်တို့။
ဦးဥတ္တရရဲ့အမှုက ကျောင်းပိုင်ဆိုင်မှု။ ငါတို့က အာဏာရှင်
တော်လှန်ဖီဆန်မှု။ ဘာမှမဆိုင်ဘူးနော် . . သို့သော်လည်း
ပဲ တို့ထောင်ကျတော့ ညီုးငယ်ရတယ်ကွယ် . .။
ငါက အဲဒီတုန်းက အွန်းလိုင်းပေါ်ကနေ စစ်ခွေးတွေရဲ့မဟုတ်
တရုတ်ဓာတ်ပုံတွေကို copy လုပ်ပြီး စစ်ခွေးဝါဒကြေငာ့်တို့
ဗုဒ္ဓဘာသာကြီးပျက်ဆီးနေပြီဆိုတာကိုပေါ့။
ဒါကို မြို့နယ်သံဃနာယကအဖွဲ့က ငါ့ကွန်ပျူတာကိုဖွင့်တယ်
အချက်အလက်တွေကိုကိုယူပြီး (မ - ၀ -တ )တို့ကို အပ်တယ်
(မ-၀-တ) ဥက္ကဌက တရားသူကြီးကို ထောင်သုံးနှစ်ချဖို့အမိန့်
ပေးတယ်။
ဒါနဲ့ အလင်းရှင်တို့ ခေတ်မိတဲ့မော်စကိုကိုရောက်တော့တာ
ပေါ့ကွာ။ သိတယ်မဟုတ်လား ၊ အပြင်မှာလည်း မဟုတ်မခံ
အမှန်တရားအတွက်စတေးဝံ့တဲ့ကောင်ဆိုတော့ မော်စကို
မှာလည်း ဆရာကြီးပေါ့ကွာ။
အပြင်မှာ ဖိုက်တာတွေက မော်စကိုထဲမှာတော့တရားသိသကွ။
ငါက ကမ္မဋ္ဌာန်းနည်းပေးရတယ်။ အဲဒီတော့ စားပေါက်ချောင်
တယ်ကွ။ မော်စကိုမှာ ရေနွေးပူပူမရဘူး။ ကော်ဖီမစ်ပေးမှရတာ။
အလင်းရှင်တို့ကတော့ ဆရာတွေရဲ့ဆရာဆိုတော့ ကော်ဖီမစ်
ပေးစရာမလိုပဲ ရေနွေးပူပူရတယ်ကွ။
အော် . .ဆရာတာ်ဦးဥတ္တရလည်း မော်စကိုမှာအဆင်ပြေသွား
မှာပါ။ မော်စကိုက ကြာလေအဆင်ပြေလေပဲကွ။ ကျမ်းစာအုပ်
များကိုလည်းပဲ ဖတ်လို့ရတယ်နော် . .ထောင်ပိုင်ကတစ်ဆင့်
ငှားရတာပေါ့ကွာ။
ဟဲ . . ဟဲ . .
မော်စကိုပြန်ဦးကောဝိဒ
အကြောင်းသင့်ရင် ဆက်ရေးပါဦးမယ်။
█ ░ အလင်းရှင် ░ █

Saturday, June 14, 2014
လန်ဒန်သင်္ကြန်သိန်းစိန်နှင့်(အကစ)ဦးဥတ္တရ
အခုသတင်းမီဒီယာတွေမှာပါနေတဲ့ သန္တိသုကျောင်းနဲ့ပတ်သက်ပြီးလူဝတ်
လဲအဖမ်းခံထားရတဲ့ ဦးဥတ္တရဆိုတာ အခြားသူမဟုတ်ပါဘူး။ သိန်းစိန်
ပြောင်ကြီးကို “ လန်ဒန်သင်္ကြန်ဘွဲ့” ဆိုပြီးချီးမြှောက်ခဲ့ဖူးတတဲ့သံဃာတော်
တစ်ပါးပါ။
(အဲဒီတုန်းက အလင်းရှင် ထိုဦးဥတ္တရအား ပျက်ရယ်ပြုဖူးပါတယ်။)
အဲ အခုတော့ သိန်းစိန်ကြီးက ဦးဥတ္တရကို (အကစ)ဘွဲ့အပ်နှင်းလိုက်ခြင်း
သာဖြစ်တယ်လို့ ထင်မြင်သုံးသပ်မိပါတယ်။
အညမညပစ္စယောဆိုတဲ့အတိုင်း အချင်းချင်းတစ်ယောက်နဲ့တစ်ယောက်
ချစ်ကြည်ရင်းနှီးမှုကိုပြဆိုလိုက်တာပါ။ စကားလေးချဲ့ပြရရင် ၊ ဦးဥတ္တရ
သည် အင်္ဂလန်နိုင်ငံမှာသီတင်းသုန်းတော်မူနေချိန် ၊ သိန်စိန်ပြောင်ကြီးရဲ့
လုပ်ရပ်ကို ချီးကျူးထောမနာပြုသောအားဖြင့် မြန်မာလူမျိုးများလန်ဒန်တွင်
ကျင်းပတဲ့ သင်္ကြန်အခန်းအနားမှာ သိန်းစိန်ပြောင်ကြီးကို ယင်းဦးဥတ္တရမှ
ကြီးမှူးပြီး “ လန်ဒန်သင်္ကြန်” ဘွဲ့ပေးခဲ့ပါတယ်။
အဲ . အခုအခါမှာ ယင်းဦးဥတ္တရမြန်မာပြည်ကိုပြန်လည်ရောက်ရှိလာချိန်
မှာတော့ သိန်းစိန်ပြောင်ကြီးက “ ကတညုတကတဝေဒီ” ဆိုတဲ့အတိုင်း
မိမိအပေါ်လန်ဒန်သင်္ကြန်ဘွဲ့ကိုပေးခဲ့သော ဆရာတော်ဦးဥတ္တရအား
မြန်မာနိုင်ငံရဲ့အမြင့်မားဆုံးဆုတံဆိပ်ဖြစ်တဲ့ “ အကစ” ဘွဲ့ကြီးအား
၂၉၅ ပုဒ်မကပ်၍ ဆပ်ကပ်ပေးလှူခြင်းသာဖြစ်သည်ဟု အလင်းရှင်သုံး
သပ်မိပါကြောင်း .. . . . . ။

Friday, June 13, 2014
ဘာအခုမှ သိကြတာလဲ
အံ့မောင်က နေ၀င်းလက်ထက်ကတည်းက သာသာနေရေးမှာ
နေရာယူပြီးသကာလ ဖျက်ဆီးကာ ငွေပေးလျှင် အမှုနိုင်သော
စနစ်ဖြင့်ဘ၀ကို ရပ်တည်လာခဲ့တာပါ။ အခုဆိုရင်အရမ်းချမ်းသာ
ကြွယ်ဝနေပါပြီ။ သူ့ပိုင်ပစ္စည်းဥစ္စာတွေဟာ လူ့လောကက၊ တရား
သူကြီးများ အတရားရတဲ့ပစ္စည်းလိုပါပဲ။
သူလည်းဖြစ်လေရာမှာ ကြံ့ဖွတ်စစ်ခွေးတည်းဟူသောဒေ၀ဒတ်ဂိုဏ်း
သားများကိုဆရာလုပ်စားနေဦးမယ့် မိစ္ဆာကြီးတစ်ဦးသာဖြစ်ကြောင်း
ဒီကနေ့ပြည်သူတွေ လယ်ပြင်မှာဆင်သွားသလို ထင်ရှားစွာတွေ့
ကြပြီမဟုတ်လား . . .
ကြာခဲ့ပါပြီ . . ဒီအဓမ္မ၀ါဒီတို့ရဲ့ လုပ်ကွက်လုပ်ရပ်တွေကို အလင်းရှင်တို့
ရေးခဲ့ပြီးပါပြီ။ သို့သော် လူမသိကြဘူးလေ . .
အခုတော့ဖြင့် . . . . .

ဒုတ်တိတ်နယ သတိရ
မျိုးချစ်တို့ရေ .. .
လယ်တီသိမ်တော်နဲ့ စေတီတော်ဆိုတဲ့ အဓိကရသမိုင်းဝင်တုန်းက
အခုလိုသာ (မဘသ) တို့ (၉၆၉)တို့ ပြည်ပရောက်သောတုဇနသံဃာ
တော်တို့ အခုလို သဘောာထားထုတ်ပြန်ချက်လေးများထုတ်ပြန်ခဲ့ရင်
အလင်းရှင် ငိုရကျိုးနပ်ပါတယ် . .
ရေးရကျိုးနပ်ပါတယ် . .
သြော် . . .လောက . .လောက
လယ်တီဆရာတော်ဘုရားကြီးတည်းဟူသော ဂုဏ်ကျေးဇူးတို့သည်
ပါးလျှားခဲ့ကြပေတော့သည်တကား . .ဟု ..
အတ္ထိပစ္စည်းနဲ့ နတ္ထိပစ္စည်းစသော ဒုတ်တိတ်နယတို့ကို သတိရမိပါ
တော့သတည်း . .. ။
ဘဒ္ဒ န္တကောဝိဒ █ ░ အလင်းရှင် ░ █

ကာပေါ်ဘောင်းဘီကျပ်ဖြင့်တက်နေသူ
ယနေ့ နံနက် ၅ နာရီ ခန့် မှ စ၍ သည်းသည်းမဲမဲ ရွာနေ ခဲ့သော
မိုးကြောင့် ရန်ကုန် တမြို့ လုံးရှိ လမ်းများ ပိုမို ကားကျပ်နေချိန်တွင် ပါရမီလမ်းနှင့်ပြည်လမ်းထောင့်၌ ဘောင်းဘီတိုနဲ့ ကားခေါင်မိုးပေါ်
မိုးကြောင့် ရန်ကုန် တမြို့ လုံးရှိ လမ်းများ ပိုမို ကားကျပ်နေချိန်တွင် ပါရမီလမ်းနှင့်ပြည်လမ်းထောင့်၌ ဘောင်းဘီတိုနဲ့ ကားခေါင်မိုးပေါ်
မိုးရေထွက်ချိုးသူကြောင့် ကားတွေပိုကြပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဘောင်းဘီတိုနှင့် ဆေးကွဲနေသော အမျိုးသမီးတစ်ဦးသည် ကိုယ်ပိုင်ကားပေါ်တွင်
ဘောင်းဘီတိုနှင့် ဆေးကွဲနေသော အမျိုးသမီးတစ်ဦးသည် ကိုယ်ပိုင်ကားပေါ်တွင်
တက်ပြီးရပ်သည့်ဖြစ်ရပ် တစ်ခုလည်းထူးခြားစွာဖြစ်ပွားခဲ့သည်။
ထိုအမျိုးသမီးကို
လည်းတာဝန်ရှိသူများက
သူ့ကားတွင်းသို့ပြန်လည်ဝင်ရောက်ရန်ပြောဆို
ခဲ့ကြောင်းသိရသည်။
++++++++++++++++++++++++++++++++++++++++++++++++
ဒီသတင်း အရင်းအမြစ်ကိုသိချင်တယ်။ ရန်ကုန်မြို့တော်ဝန်ကိုဆန္ဒပြတာလား
ရေကြီးခြင်းရဲ့ပြယုဂ်ကို ကမ္ဘာကသိအောင် အက်ရှင်ပြတာလား
ရန်ကုန်မြို့ရဲ့ မော်တော်ပီကယ်တွေကို လမ်းရှင်းစနစ်ညါံဖြင်းမှုကိုလား
စသည်ြ့ဖင့် စသည့်ဖြင့် တွေးချင်ရာတွေးမိပါသည်။
အလင်းရှင်

အရူးဆန်သော မျိုးချစ်စိတ်မဖြစ်စေနဲ့
အမျိုးသားရေးစိတ်ဓာတ်ဆိုပြီး အွန်လိုင်းပေါ်မှာ အော်ရီဒူးမသုံးရေးဆိုပြီး
နှိုးဆော်စာများပလူပျံနေတာကိုတွေ့ရပါတယ်။ ဒါကလည်းပဲ အခုမှရယ်
လို့မဟုတ်ပါဘူး။ မင်းကွန်းဆရာတော်ကြီးကိုယ်တော်တိုင် နှိုးဆော်ခဲ့
တယ်လို့လည်း သိရပါတယ်။ ပြောချင်တာကတော့ သဘာဝကိုလွန်လွန်
ပြီးပြောတဲ့စကားဟာ အဓိပ္ပါယ်ကင်းမဲ့ပါတယ်။ စကားပုံလေးတစ်ခုနဲ့ကပ်
ပြီးပြောပြပါမယ်။

̏ ကမ္ဘာမီးလောင် သားကောင်ချနင်း˝ တဲ့။ သတ္တလောကဆိုတာတကယ်
တော့ အရိယာမဖြစ်သရွေ့ အတ္တကိုမလွန်ဆန်နိုင်ပါဘူး။ တကယ့်အရေး
တကယ့်ဘေးမှာကိုယ့်သားသေကိုယ်ပြန်စားခဲ့ရတာပဲမဟုတ်လား။ တ
ကယ်တမ်းကြုံလာတော့ ကိုယ့်သားကိုယ်ပြန်နင်းရတာပဲ။
အခုဒါကိုပြောချင်တာပါပဲ။ ကုလားအော်ရီဒူးမသုံးနဲ့ မသုံးနဲ့ဆိုပြီးကြွေး
ကျော်နေတဲ့ကောင်တွေ တကယ်တမ်းသေမယ့်ဘေးနဲ့လည်းဆိုက်ရော
ကုလားမသုံးလို့မရဘူး။ မျိုးချစ်တယ်ကဲ့ကောင်တွေ တကယ်တမ်းဖြစ်
လာကြည့် ဘယ်မျိုးမှမချစ်နိုင်ဘူး။ သုတ္တန်တစ်ခုထုတ်ပြရဦးမှလား။
ဝိဋ္ဋူဘ ဘုရားအမျိုးမလ္လမင်းတွေကိုအကုန်လိုက်သတ်တော့ သေဘေး
နဲ့လည်းဆိုရော မလ္လမင်းဆိုအသတ်ခံရမှာဆိုတော့က နီးရာမြက်လေး
ကိုင်ပြီး ̏ ငါတို့က မလ္လမင်းမဟုတ်ပါဘူး မြက်မျိုးပါ˝ လို့ မုသားသုံးခဲ့ရ
တယ်။ လူ့ဘ၀မှအသတ်ထက်တန်ဘိုးကြီးတာဘာမှမရှိဘူးလို့ လောက
ကသတ်မှတ်ကြတယ်မဟုတ်လား။ စကားပုံတစ်ခုကတော့ရှိပါသေးတယ်
̏ အသတ်ထက်အရှက်ကိုတန်ဘိုးထားတယ်˝ တဲ့ ။ ဒါယေဘူယျစကား
ပါ။ ဒီတော့က ကုလားဖုန်းမသုံးဖို့ဆိုတာ မြန်မာဖုန်းရှိရင်ဘယ်သုံးပါ့မလဲ
ဒါကိုနှိုးဆော်နေတဲ့ကောင်တွေသိဖို့ကောင်းတယ်။ ထမင်းစားတဲ့ကောင်
မှန်ရင် ကိုယ့်အမျိုးကိုယ်ချစ်တာပဲ။ ဘာမှမကြည့်နဲ့ ခွေးခွေးချင်းတောင်
ကိုယ့်အိမ်ကခွေးကို သူများအိမ်ကခွေးလာကိုက်ရင် ဘယ်သခင်မှကြည့်
မနေဘူး။ ဒီလိုပါပဲ ၊ ဗမာဖုန်းက လိုင်းမကောင်းဘူး။ ပိုက်ဆံပိုပေးရတာ
မပေးရတာအသာထား လိုင်းကောင်းမှသုံးစွဲသူလိုရာရောက်မှာပေါ့။ အခု
ဒီစာရေးပြီးပိုစ့်တင်နေတာ Mpt လိုင်းကမဟုတ်ဘူး။ Mpt လုံးဝသုံးလို့မ
ရဘူး။ ကိုယ့်ကျောင်းမှာစာရေးပြီး အချောသပ်ပြီးရင်အင်တာနက်ဆိုင်ကို
ပြေးရတယ်။ အဲဒီမှာတင်ရတယ်။ ဘယ်လောက်ဒုက္ခရောက်လည်း။ ဒါ
တစ်နေ့ထဲကိစ္စမဟုတ်ဘူး။ နေ့တိုင်း။ အခုအော်ရီဒူးလာရင် တို့ဒီဒုက္ခကို
ငြိမ်းစေဖို့ဝယ်ရမှာပဲ။ ၀ယ်မသုံးနဲ့လို့ပြောတဲ့ကောင်က ကိုယ့်ဒုက္ခကိုလာ
ခံစားပေးသလား? ပြောစမ်းပါဦး မျိုးချစ်ကြီးတို့။
ဒီတော့က တကယ့်အရေးမှာတော့ ကုလားဖြစ်ဖြစ် တရုတ်ဖြစ်ဖြစ် လွယ်
တဲ့ဟာသုံးရမှာပဲ။ ရံဖန်ရံခါမှ အင်တာနက်သုံးသူဆိုရင်တော့ကုလားဖုန်း
မို့မ၀ယ်ဘဲ အင်တာနက်ဆိုင်မှာသွားသုံးမှာပါ။ အခု ကိုယ်တွေကနိစ္စဓူဝ
လေ။ အ၀ိုင်းလည်တာနဲ့ တစ်နေကုန်ရမယ့် mpt ကို ဒုက္ခခံပြီးပိုစ့်တင်ရ
မယ်ဆိုတာ လူဖြစ်မယ်ဆိုရင်လူလိုစဉ်းစားတက်ပါတယ်။ မှတ်မှတ်ရရ
ပြောရရင် ။ ဆယ်တန်းအောင်စရင်းထွက်တဲ့နေက ပိုစ့်တင်တာ ၊ တစ်နာ
ရီနဲ့မိနစ်လေးဆယ်သာရောက်သွားတယ် ပိုစ့်တင်လို့မရဘူး။
ကဲ . . အဲဒီနေ့ရဲ့အဖြစ်ကို ဘယ်မျိုးချစ်ခွေးသားကလာဒုက္ခခံလည်း။
လူခြင်းမတွေ့လို့ပါ တွေ့ရင် အဲဒီကောင်မျိုးတွေပါးတောင်ရိုက်ပစ်လိုက်
ဦးမယ်။ အဲဒီညက ကျောင်းသားကိုခေါ်ပြီးအင်တာနက်ဆိုင်ကို ညမှာပြန်
သွားရတယ်။ ညဆယ်နာရီလောက်မှပိုစ့်တင်လို့ရတယ်။ သောက်ပိုပြော
နေတာမဟုတ်ဘူး။ တကယ်ဖြစ်နေတာကိုပြောတာ။ အဲလိုဒုက္ခကို ငါတို့
ခံရပေါင်းများပြီ။ ငါရေးတဲ့စာစုစုပေါင်းပုဒ်ရေ (၁၈၀၀) ကျော်ရှိတယ်။
မယုံရင် http:// aungminkhoung.blogspot.com မှာဝင်ကြည့် မဟုတ်
ရင် ပါးရိုက်ခံရဲတယ်။
ဒါ့ကြောင့်တို့မှာ Mpt ရဲ့အနှိပ်အစက်ကိုခံပြီး စာရေးတင်နေတာ ၊ မင်္ဂလာ့
သုတ်နှလုံးသွင်းပြီး သည်းခံရတယ်။ ̏ သြော် ˝ ငါဒီဆောင်းပါးလေးဟာ
ဖြင့် ဖတ်သူအတွက် ဓမ္မအလင်းလေးတော့ရမယ် ၊ ဖတ်သူအတွက်လည်း
ဓမ္မဿဝနာမင်္ဂလာထိုက်သလို ငါ့မှာလည်း ဓမ္မဒေသနာမင်္ဂလာထိုက်ကြ
တာမို့ သံသရာအတွက်အကျိုးများပါတယ်˝ ဆိုတဲ့ ကုသိုလ်သတ္တိကိုရင်း
နှီးပြီး ဒုက္ခကိုရင်စည်းခံနေရတယ်။
ဒါကို ဘယ်ခွေးသားမျိုးချစ်က လာပြီးကူညီပေးနိုင်သလဲ။ မကူညီကူညီလို့
ပြောချင်းမဟုတ်ဘူးနော် .။ ငါ့လိုပဲအတိဒုက္ခရောက်နေကြတဲ့စာရေးတဲ့
သူတွေကို ငဲ့ပြီးပြောတာပါ။ ပါးစပ်ကပြောတာ သိပ့်လွယ်တာပေါ့ ။ ငါလဲ
ပြောတက်တာပေါ့ကွာ။ အော်ရီဒူးမသုံးနဲ့လို့ပေါ့။ အေး မသုံးပါဘူး။ mpt
လိုင်းကောင်းရင် ကုလားဖုံးမသုံးပါဘူး။ အခုဟာကပြောခဲ့ပြီးသလို အ၀ိုင်း
လည်တာထိုင်ကြည့်နေရာတဲ့ ဒုက္ခကို မျိုးချစ်စိတ်တစ်ခုနဲ့ခံရမယ်ဆိုတာ
အရူးဆန်ပါတယ်။ ̏ အမေမှာတဲ့ဆန် တစ်ခွဲ ၊ တစ်တင်းနဲ့မလဲ˝ ဆိုတဲ့
ဈေးတွက်မတွက်တက်တဲ့ ငပေါမျိုးချစ်မဖြစ်ဖို့ ဒီဆောင်းပါးလေးရေးတာ
ပါ။ အော်ရီဒူးကို ရောင်းချခွင့်ဘယ်ခွေးသားတွေပေးခဲ့တာလည်း ။ မျိုးချစ်
တို့ပြောစမ်း ။ မင်းတို့အဘလိုတတနေတဲ့ စစ်ခွေးတွေပေးသွင်းတာနော်။
ဘာလို့သွင်းတာလည်းသိလား ?
(၁) ကုလားဆီကဒေါ်လာရတယ်။
(၂) ကုလားဗမာအဓိကရုဏ်းဖြစ်အောင် သွေးထိုးပေးဖို့။
အဲဒီနှစ်ချက်နဲ့ ကုလားအော်ရီဒူးကို မြန်မာပြည်ထဲထည့်လိုက်တာကွ။
စောက်ရူးတွေ ။ ဘာမှမသိဘဲ မျိုးချစ်နေတယ်။ စစ်ခွေးက ရန်တိုက်ပေး
လို့ကောင်းအောင် ကိုယ့်အိမ်ဝိုင်းထဲထည့်ပေးထားတာ။
ဒါ့ကြောင့် မင်းတို့တကယ်မျိုးချစ်သလား ? တကယ်မျိုးချစ်တယ်ဆိုရင်
အော်ရီဒူးကိုလက်ခံတဲ့ ကောင်တွေကို မင်းတို့လိုက်သတ်လိုက်လေ။
ဘုရားရှင်က အကြောင်းနဲ့အကျိုးယှဉ်လာရင် အကျိုးတရားသည်အ
ကြောင်းတရားကိုမှီပြီးဖြစ်တာမို့ အကြောင်းတရားကိုသတ်လို့မှာတယ်။
အေး . အခုလည်း ။ စစ်ခွေးက အကြောင်းတရား။ အော်ရီဒူးက အကျိုး
တရား။ စစ်ခွေးလက်ခံတဲ့အကြောင်းတရားကိုသတ်ဖို့ စစ်ခွေးကိုဖြုတ်ချ
ရမှာကွ။ အော်ရီဒူးကိုဖြုတ်ချရမှာမဟုတ်ဘူး။ လက်ခံတဲ့စစ်ခွေးပြုတ်ရင်
အော်ရီဒူးက Auto ပြုတ်ပြီးသားကွ။
စောက်ရူးတွေ . .ဒါလေးလောက်မှမသိဘဲ မျိုးချစ်စကားကိုရေလဲသုံး
နေကြတယ်။ ဒါနဲ့ပဲ မင်းတို့အဲလို စောက်အသိတရားမဲ့လို့ ကုလားမုဒိန်း
ကျင့်တာခံနေရတာ။ ကုလားအိမ်မှာကျွန်ခံနေတဲ့ ဗမာတွေ ကရင်တွေ
တစ်ပုံကြီး ။ ရန်ကုန်မြို့ဖုန်းဆိုင်ကိုလိုက်ကြည့် ကုလားဆိုင်မှန်သမျှ
ဗမာတွေကရင်တွေချည်းပဲ။
ငါပြောတာ ဟုတ်မဟုတ် မျက်လုံးပါတဲ့ကောင်တိုင်းသိတယ်။ ဗမာမတွေ
ဘောင်းဘီဖင်ကျပ် ၊ စကက်အကွဲ နဲ့ရောင်းနေကြတယ်လေ။
ကဲ နိဂုံးချုပ်ရရင် ..
မျိုးချစ်တယ်ဆိုရင် မျက်ကန်းမျိုးချစ်မဖြစ်ဖို့လိုတယ်။ ငါနောက်ထပ်ဥပမာ
လေးတစ်ခုထပ်ပေးမယ်။ ̏အပုတ်နံသည်လေညာကလာတာဒါ့ကြောင့်
အပုတ်ကိုဖယ်ရှားလိုရင် လေအောက်ကနေယပ်ခပ်မနေနဲ့။ လေညာကို
ဆန်ပြီး ပုတ်နေတဲ့အရာကိုရအောင်ရှာ တွေ့ရင်မြေမြှုတ်ပစ်လိုက်˝
ဒါပဲ လွယ်လွယ်လေး။ အဲကို မင်းတို့က အပုတ်ကောင်ကိုမရှာပဲ အပုတ်
နံ့ကိုယပ်လိုက်ခပ်နေတယ်။ စောက်ရူးလုပ်ပေါက်စောက်ပေါလုပ်ပေါက်
ဖြစ်နေတယ်နော်။
ဒါ့ကြောင့် အပုတ်နံနဲ့တူတဲ့အော်ရီဒူကိုတိုက်ဖို့ ၊အပုတ်ကောင်ဖြစ်တဲ့စစ်
ခွေးကိုမြေမြုတ်ဖို့လုပ်ကြ။ (၂၀၁၅)မှာဒီစစ်ခွေးကြံ့ဖွတ်တွေကိုမြေမြုတ်
ပစ်နိုင်အောင်တို့တွေ ညီညာစွာနဲ့ကြိုးစားကြရမယ်။ ဒီအပုတ်ကောင်ကြီး
ကိုမြေမြုတ်ပစ်လိုက်တာနဲ့ အပုတ်နံတွေ နံစရာအကြောင်းမရှိတော့ဘူး။
ဥပဒေအတိုင်း နိုင်ငံသားနဲ့ တိုင်းရင်းသား အကျိုးတူအချိုးကျခံစားရမှာ
ပဲ။ ဗုဒ္ဓဘာသာအများစုကိုးကွယ်တဲ့နိုင်ငံမှာ မွတ်ဆလင်ဘာသာခရစ်ယန်
ဘာသာဆိုတာထူးပြီးဖြစ်စရာအကြောင်းမရှိဘူး။ အခုဖြစ်နေတာဟာစစ်
ခွေးတွေက သူတို့ကုလားထိုင်မြဲရေးအတွက် ရန်လှည့်တိုက်ပေးနေတာ
ဆိုတာကို ပညာမျက်စေ့နဲ့မြင်အောင်ကြည့်ပြီး (၂၀၁၅)မှာစစ်ခွေးကြံ့ဖွတ်
ကိုတို့တွေ ညီညာစွာနဲ့မြေမြှုတ်ပစ်ကြပါစို့။
မှတ်ချက်။ သမ္ဖပလာပ၀ါစာဟူ၍ မထင်ကြပါနှင့် စေတနာထူထဲခြင်း
ကြောင့်ဟူ၍သာ နှလုံးသွင်းတော်မူကြပါကုန် .. ။
█ ░ အလင်းရှင် ░ █
မှတ်မိပါစေ ၊ စေတနာတွေဟု ၊ ငါလေးပင်ပန်း ၊
မှတ်မိပါစေ ၊ စေတနာတွေဟု ၊ ငါလေးပင်ပန်း ၊
မရွှင်လန်းလည်း ၊ သာသနာအရေး ၊ ကြောင့်ကြတွေးကာ၊
အားလျှင် အားသလို ၊ ရေးအားပို၍ ၊ လက်တွေညောင်းလဲ၊
ဂရုမငဲ့ဘဲ ၊ စစ်ခွေးတရုတ် ၊ သူယုတ်စုတ်တို့ ၊
ယုတ်မာ ပတ်စက် ၊ သာသနာဖျက်ကာ၊ သန္တိလည်းသိမ်း၊
လယ်တီကိန်းလည်း ၊ မိုင်းခွဲဒိုဇာ ၊ ဖျက်ကြပါ၏။
မြတ်သောသံဃာ ၊ရတာနာအား ၊ မီးလောင်ဗုံးပစ်၊
သူသတ်ရစ်သည် ။ မိုက်တွင်းနက်ကြပါတကား . .။
အရဟဓဇ ၊ ဆင်းမြန်းကြသည့်၊ ထိုသည့်သံဃာ၊
ထေရ်ငယ်ခမျာတို့ ၊ ပြည်သူ့ထမင်း၊ ပြည်သူ့ဟင်းကို၊
မေတ္တာနှင့်ယှဉ် ၊ သစ္စာဝင်၍ ၊ လက်ပံောတင်းတောင်အရေး၊
ဆန္ဒပေးသည်၊ သေပွဲဝင်ကြ ၊ ပါတကား။
မှတ်ချက်။ စိတ်ပေါ်ရာရေးမိ၍ ၊ သဒ္ဒါ ပုဒ်အား ငဲ့တော်မူကြပါ
လေကုန်သော် . .။

Labels:
ရင်ဘတ်ကြွေရာမြေ
အံ့မောင်ဆိုတာ သိသလား?
အံ့မောင်ဆိုတာ သိသလား?
ဘုန်းကြီးတွေ အချင်းချင်းကျောင်းလုကြရင်
ငွေပေးတဲ့ဘုန်းကြီးကို အနိုင်ပေးတယ်။
အံ့မောင်ဆိုတာ သိသလား ?
ကြာပြီ နေ၀င်းလက်ထက်ကတည်းက
အာဏာရှင်အထာကိုသိနေတာ။
အံ့မောင်ဆိုတာသိသလား ?
(မဟန)ဘုန်းကြီးတွေကို ( ဖြုတ်ထုတ်သတ်)လုပ်ခွင့်ရတဲ့
အထူးလုပ်ပိုင်ခွင့်အာဏာရထားသူ။
အံ့မောင်ဆိုတာသိသလား ?
အာဏာရှင်တည်မြဲရေးအတွက် ညွှန်ကြားလွှာကို
ရေးပြီး (မဟန)ကိုလက်မှတ်ထိုးခိုင်းတဲ့သူ။
အံ့မောင်ဆိုတာသိသလား ?
သန်းရွှေကို အဘိဓမ္မတရားသင်ပေးနေတဲ့သူ။
အံ့မောင်ဆိုတာသိသလား ?
ဂိုဏ်းပေါင်းစုံသံဃညီလာခံမှာ (မဟန)ကြီးကို သူရေးထား
တဲ့ စာဖတ်ခိုင်းတဲ့သူ။ ဒါ့ကြောင့် (မဟန)ကို '' ပါတာဖတ်ရလို့''
နောက်ထပ်ဂုဏ်ပုဒ်တစ်ထပ်ပေးလိုက်တယ် . .(ပါရာဖတ်) တဲ့။
ကဲ . . .. မျိုးချစ်ဆိုတဲ့ကောင်တွေ . .
သခင်လို့အော်နေတဲ့ကောင်တွေ . .
အော်ရီဒူးကို ဘီလူးမယ်ဆိုတဲ့ကောင်တွေ . .
မင်းတို့ အဲလို သမိုင်းကြောင်းကိုသိရဲလား?
အခုငါေ၇းပြတာ အကျဉ်းပဲရှိသေတယ်နော် . .။
ဒီထက်ထက်ရေးရင် နာမည်ကြီးတဲ့ ဘုန်းကြီးအချို့အမှုဖြစ်တဲ့အခါ
အံ့မောင် သိန်းရာချီစားတာတွေ ၊ (မဟန)တွေ ဂွင်တည့်သွားတာ
တွေပါ ပါလာရင် မကောင်းဖြစ်မယ်။
ကဲ . . .တော်ပြီ ။ နောက်မှဆက်ပြောမယ်။

ဗုဒ္ဓသာသနာ စီရံ တိဋ္ဌတု
အဟီး . .
သန္တိသုခကြီးကလေည်း ကျူးကျော် . .တဲ့။
အဟီး . .
လယ်တီသိမ်နဲ့ရှေးဟောင်းစေတီတော်ကြီးကလည်း မိုင်းမလွတ်လို့တဲ့။
အဟီး . .
တောင်သူဦးကြီးများရဲ့ လယ်ယာမြေတွေကစီမံကိန်းလုပ်မလိုတဲ့။
အဟီး . .
သမီးလေးရွာက ဘိုးဖွားပိုင်မြေမဟုတ်လို့တဲ့။
အဟီး . .
ရခိုင်ပြည်ကသဘာဝဓာတ်ငွေ့တွေက တရုတ်ပိုင်မို့တဲ့။
အဟီး . .
ခွေးရိုးမသားတွေ . .တရိုးကသွားတွေ . .
လူကမွေးတဲ့ လူမဟုတ်တဲ့စစ်ခွေးမျိုးယုတ်တွေ။
အဟီး . . တော်သေးတယ်
ငါ့ ရွှေပန်းလေးကိုတောင် အကြိုင်ကြီးကတပ်ပိုင်အဖြစ်မသိမ်းလိုက်လို့။

Subscribe to:
Posts
(
Atom
)