.
A Lin Shin
AlinShin
မူလစာမျက်နှာသို့
ထူးခြားသုတ
ရင်ဘတ်ကြွေရာမြေ
ကဗျာ့အနုဋီကာ
ရင်နဲ့ရင်းခဲ့ရသော ဆောင်းပါး
ရင်နဲ့ရင်းခဲ့ရတဲ့သတင်း
ဖြစ်စဉ်ထူးသတင်း
အာဏာရူးတို့အကြောင်း
ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ
ဥပဒေရေးရာ
ရင်နာစရာကာတွန့်
သူတို့ရင်တွင်းစကား
ဝတ္ထုတိုများ
ပေါရာဏကထာ
ထိုသူတို့ကဗျာ
Thursday, May 15, 2014
အာဖရိကတိုက် ။ ယုဂန္ဓာနိုင်ငံရှိဗုဒ္ဓဘာသာရဟန်းတော်
တင်ထားတဲ့ ဓာတ်ပုံတွေကတော့ အာဖရိကတိုက် ယုဂန္ဓာနိုင်ငံ
ထေရ၀ါဒဗုဒ္ဓဘာသာကျောင်းမှ ရဟန်း သာမဏေ သီလရှင်နှင့်
ဥပါသကာများပါ။ အောက်ဖေါ်ပြပါလင့်တွင်ဝင်ရောက် ဖတ်ရှု့နိုင်ပါသည်။
http://www.ugandabuddhistcenter.org/home.php
အလင်းရှင်
သစ္စာစကားရပ်တို့အား ဘာသာပြန်ဆိုခြင်း
အလင်းရှင်ရဲ့အကြောင်းရင်းကို မသိကြတော့ ..
စစ်ခွေးတွေကလည်းအလင်းရှင်ကိုမုန်းသလို အန်အယ်ဒီတွေလည်းမုန်းတက်တာပါ
ပဲ။ ဒါတင်ဘယ်ကဦးမှာလည်း (မဟန) (မဘသ) (၉၆၉)တွေဆိုတာ အလင်းရှင်ကို
အမုန်းဆုံးပေါ့။တကယ်တော့ သူတို့တတွေဟာ အလင်းရှင်တင်ပြမှုကို လိပ်ပတ်မ
လည်ကြလို့ပါပဲ။ ပိဋကက်ကိုလှမ်းကြည့်ရင် . . . . .
ဗုဒ္ဓရှင်တော်မြတ်ဟာ ရံခါမှာသူတောင်းစားနဲ့တွေ့ရင် သူ့ကိုယ်သူသူတောင်းစားပဲလို့
စာတမ်းထိုးကာ လူများကို နိဗ္ဗာန်အထိအရောက်ပို့တက်တဲ့ တရားဥပဒေသတွေရှိပါ
တယ်။ဒါတင်ဘယ်ကဦးမှာလည်းဗြာဟ္မဏတစ်ယောက်နဲ့တွေ့ဆုံကြတဲ့အခါမျိုးမှာ
လည်း ဗုဒ္ဓဟာသူ့ကိုယ်သူ ဗြာဟ္မာဏအဖြစ်သရုပ်ဆောင်ကာ နာကြားသူကိုနိဗ္ဗာန်
အထိ ခေါ်သွားတက်တယ်။
ဆွမ်းခံကြွရင်း လယ်သမားကြီးနဲ့ဆုံကြပြန်တော့လည်းပဲ ဗုဒ္ဓဟာ သူသည်လယ်
သမားကောင်းကြီးတစ်ဦးဖြစ်ကြောင်း ဥပမေယျဆောင်ကာ နားကြားသူကို နတ်ရွာ
လမ်းသို့ညွှန်ပြတော်မူပါတယ်။
စသည်ဖြင့် စသည်ဖြင့် ပိဋကတ်စာပေမှာ ဗုဒ္ဓရဲ့ဆုံးမမှုများဟာ ဖတ်ရှု့ရသူအတွက်
နာကြားရသူအတွက် မရိုးနိုင်အောင်ကိုပါပဲ။ဒါ့ကြောင့်အလင်းရှင်ဟာမြတ်ဗုဒ္ဓနိဿျှ
ရည်းကိုကြည်ညိုသဘောကြတဲ့အတွက် ပရိတ်သတ်ကို နိဗ္ဗာန်လမ်းကိုညွှန်းတော်မူ
ရာမှာ စကားလုံးအရောင်အဆင်းတွေဟာ မတူကွဲပြားခြားနားမှုများရှိမှာသေချာပါ
သော်လည်း .. သစ္စာစကားရပ်များသာဖြစ်ပါတယ်လို့ ၀န်ခံရဲပါသည်။
ဒီတော့က ဖတ်ရှု့နားကြားသူဘက်က လိုအပ်ချက်တစ်ခုရှိတာကတော့သေချာ
တယ်။ ဘာလည်းဆိုရင် . . .
(၁) “သစ္စာ”ထိုက်သောစကားကို ချစ်သလား? မုန်းသလား?
(၂) “ယထာဘူတ” ဟုတ်တိုင်းမှန်စွာပြောဆိုဝေဖန်မှုကို ချစ်သလား? မုန်းသလား?
ဒီလို နှလုံးသားကိုယ်ရည်ကိုယ်သွေးများရှိဖို့တော့လိုပါတယ်။
ဗုဒ္ဓဟာ အတ္တ၀ါဒမဟုတ်ဘူး အနတ္တ၀ါဒသမားဖြစ်သလို အမှန်တရားနဲ့ပတ်သက်
လာရင်လည်း သူ့ရဲ့အသက်ကိုတောင် မငဲ့ကွက်ခဲ့ဘူးဆိုတာ ဇာတကပိဋကတ်
တွေမှာ ဗုဒ္ဓဟောကြားခဲ့ပါတယ်။
ထို့ကြောင့် နာကြားသူ ဖတ်ရှု့သူဟာ “ အမှန်တရားနဲ့သစ္စာသမား”မဟုတ်ခဲ့ဘူးဆို
ရင် သေချာပါတယ် .. အလင်းရှင်ကို မုန်းရုံတင်မက ဆဲ၍ပင်ဆိုနေပေဦးမည်။.။
█ ░ အလင်းရှင် ░ █
တစ်ခေတ်တစ်ခါက သာသနာ့အာဇာနည်များနှင့် ပြောတိုင်းမယုံတက်သော ထေရ်သံဃာ (၁)
(မဘသ)ရဲ့လှုပ်ရှားမှုအခြေအနေကို တို့အသိဆုံးပါ။ ဘာဖြစ်လို့လည်းဆိုရင်
(မဘသ)ထဲမှာဆရာသမားဖြစ်သူကအကျိုးတောင်ဆောင်အဖြစ်တာဝန်ယူနေသလို သူငယ်ချင်းရဟန်းတော်များကိုယ်တိုင်းလည်း
တက်တက်ကြွကြွနဲ့ ဆောင်ရွက်
နေကြတာပါ။ပြောချင်တာကတော့ (မဘသ)တိုင်း၊(၉၆၉)တိုင်း ကြံ့ဖွတ်စစ်ခွေး
တို့ရဲ့အလိုတော်ရိတွေမဟုတ်ကြပါဘူး။
အထူးသဖြင့်တို့ဆရာတော်တပည့်တွေကတော့ ကြံ့ဖွတ်ဆိုရင်ခွေးထက်ရွံတယ်။
တို့ဆရာတော်ကြီးကိုတိုင်ထောင်ထဲမှာနှစ်နှစ်ကျော်နေလာခဲ့ရတာပါ။
(မဘသ)ဆိုရာမှာကြံ့ဖွတ်များကနိုင်ငံရေးဂိမ်းအတွက်အသုံးခြဖွဲ့စည်းထားသော်
လည်းပဲ၊ ယင်းအဖွဲ့ထဲတွင် အမျိုးဘာသာသာသနာကိုချစ်သောစိတ်သန့်သန့်ဖြင့်
လှုပ်ရှားနေကြသော ဆရာတော်သံဃာတော်များပါဝင်ကြပါသေးတယ်။
တစ်ခုပြောချင်တာက နိုင်ငံရေးလုပ်တိုင်းနိုင်ငံရေးအပေါ်မှာ စေတနာသန့်သန့်
နဲ့လုပ်ကြတဲ့သူရှိသလိုမလုပ်သူလည်းရှိပါတယ်။ ဒီအတိုင်းပါပဲ (မဘသ)ထဲမှာ
လည်းပဲ ဆောင်ရွက်နေကြတဲ့ဆရာတော်တွေထဲမှာလည်းအတိုအရှည်တော့
ရှိတက်ပါတယ်။် (၉၆၉)အဖွဲ့ထဲမှာလည်းဒီအတိုင်းပါပဲ။ စစ်ခွေးအတွက်မဲဆွယ်
တရားဟောသော ဘုန်းကြီးများရှိသလို စစ်ခွေးတို့ရဲ့ယုတ်မာပတ်စက်မှုကိုသိရှိခံ
စားနားလည်ထားသော ဆရာတော်သံဃာတော်များမြောက်များစွာရှိပါတယ်။ ဒါ အလင်းရှင်ကိုယ်တိုင်သိရသလောက်ပါ။ အလင်းရှင်ကိုယ်တိုင်လည်း (မဘသ)တို့ (၉၆၉)တို့ဆိုတဲ့ ခေါင်းစည်းစာတမ်းကိုကြိုက်ပါတယ်။လုပ်ဆောင်ချက်အနေနဲ့တော့
ပြည်သူအတွက်မလုပ်ဘူးဆိုရင်တော့ Sorry ပါဘဲ။ Sorry ဆိုရာမှာ အဖွဲ့အစည်းကြီး
ကိုမရည်ရွယ်ပါဘူး လုပ်ဆောင်ချက်များကိုသာရည်ရွယ်တာပါ။ ဘာဖြစ်လို့
လည်းဆိုတော့ ယင်း(မဘသ)တို့ (၉၆၉)တို့ထဲမှာ အလင်းရျင်တို့ထက် အသက်
သိက္ခာဝါကြီးကြသော မထေရ်ကြီးတွေပါနေတယ်ဆိုတာထက် ကြံ့ဖွတ်စစ်ခွေးတို့
ရဲ့ပြည်သူနဲ့ဗုဒ္ဓသာသာနာတော်အပေါ်ကို ယုတ်မာဖျက်ဆီးခဲ့တာကိုသိတော်မူကြ
ပါတယ်။ နောက် (မဟန)ဒီအဖွဲ့ကတော့ ခွေးကအစရွံရှာမုန်းတီးသောအဖွဲ့ဆိုတာ
ကမ္ဘာကသိပါတယ်။ ဒီအကြောင်းအတွင်းစကားတွေကို ပိုစ့်တင်ရေးပေးပါဦးမယ်။ ဘာဖြစ်လို့လည်းဆိုတော့ (မဟန) ထဲကဆရာတော်ကိုယ်တိုင် အလင်းရှင်ကို
မနေ့ကတည်းက မိန့်ကြားထားလို့ပါ။
နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ငါးသိန်းမကသောသံဃာထုကြီးထဲမှာ
ဦးဝီရသူပြောသလို စစ်ခွေးကြံ့ဖွတ်အလိုတော်ကျ ခေါင်းငုံခံနေကြမယ့်သံဃာ
တွေမပါဘူး။ သံဃာအများစုဟာ ဗုဒ္ဓစာပေများကိုလော့လာသင်ကြားထားမိ
လေတော့ နိုင်ငံရေးမာယာထောင်ချောက်ကိုသိပါတယ်။ ဦးဝီရသူအပါအ၀င်
အခြားသောပုဂ္ဂိုလ်များပြောတိုင်း ခေါင်းညိတ်တက်တဲ့အထဲမှာ မြန်မာနိုင်ငံ
အ၀ှမ်းလုံးရှိတောနေလှေအောင်းမြင်းစောင်းမကျန် သီတင်းသုံးတော်မူကြကုန်
သည့် သံဃာများမပါဝင်ပါ။
သံဃာထုဆိုတာ အင်မတန်ကြည်ညိုဖို့ကောင်းတယ်။ အခြားမကြည့်နဲ့ အဋ္ဌကထာ
ကျမ်းပြု အရှင်မဟာဗုဒ္ဓဃောသကိုတောင် ပြန်လည်ဝေဖန်သုံးသပ်တင်ပြလေ့ရှိ
တယ်ဆိုတာ ဗုဒ္ဓစာပေကိုလေ့လာထားသူတိုင်းသိပါတယ်။ ဋီကာကျော်ကျမ်းဆိုတာ
ကြီးကို မှားပါတယ်လို့အမှားများထောက်ပြခဲ့တဲ့သမိုင်းစာပေဟာ ဗုဒ္ဓဘာသာဝင်မှာ
ရှိခဲ့ပြီးပါပြီ။ ဒါ့ကြောင့် ဗုဒ္ဓအစ ဗုဒ္ဓအလယ် ဗုဒ်အဆုံးကိုတောင် ပိဋကတ်မော်ကွန်း
ဝန်တဲ့ ရှင်မဟာဗုဒ္ဓဃောသကိုတောင် ဝေဖန်ရဲတဲ့သာသနာ့အာဇာနည်ဖြစ်သော
လယ်တီဆရာတော်ဘုရားကြီးတို့ပေါ်ထွက်လာခဲ့ဖူးပါတယ်။
ဒါ့ကြောင့် သံဃာထုထဲမှာ ဦးဝီရသူထက်သာလွန်ထင်ရှားကျော်ကြားခဲ့သော
အဋ္ဌကထာ ဋီကာကျမ်းအိပ်ကျမ်းလေးကြီးများကိုပြုစုခဲ့တဲ့သူပြောတိုင်းတောင်
ခေါင်းညိတ်ခဲ့တာမဟုတ်ဘူးဆိုရင် .. .
(မှတ်ချက်။)
ဤဆောင်းပါးသည် ပုဂ္ဂိုလ်ရေးအရတင်ပြသည်မဟုတ် ဖြစ်ပေါ်ခဲ့ဖူးသောဗုဒ္ဓသာ
သနာ့သမိုင်းကို သာဓကဆောင်တင်ပြခြင်းသာဖြစ်သည်။
█ ░ အလင်းရှင် ░ █
Wednesday, May 14, 2014
အစားအစာသတင်းမိတ္တူ (၁)
တရုတ်ကလည်း ယုတ်ပတ်သကဲ့သို့
ဗမာကလည်းစုတ်ပြတ်သည်။
ယိုးဒယားကလည်း ပိုးလောက်ကောင်တွေတစ်ဖွားဖွား
ကုလားကြက်ကြော်ကတော့ ဆီကနေကင်စာရောဂါကိုဖြစ်စေတယ်။
ဒါကို ဗမာတွေမသိကြဘူး ။ အခုလည်းဓတ်ပုံကိုကြည့်ပါ
ဗမာလုပ်တဲ့ သရပ်ချဉ်အိုးသိပ့်နေတာ ခြေထောက်နဲ့နင်းနေတယ်။
ကဲ .. .
စားသုံးသူမိတိတို့သာလျှင် သတိထား၍ စားကြပါကုန်
█ ░ အလင်းရှင် ░ █
တစ်နှစ်လုံးမှ သုံးခါထဲမီးပျက်ပါတယ်။
အစိုးရကို $ပစ်မပြောကြပါနဲ့ ၊ မြန်မာနိုင်ငံမှာ လျှပစ်စစ်မီးက
တစ်နှစ်လုံးနေပါမှာ သုံးကြိမ်လောက်ပဲပျက်တာပါ။
(၁)ပထမ နွေရာသီလောပီတရေအားလျှပ်စစ်ရေနဲသွားလို့
(၂)ဒုတိယ မိုးရာသီမှာ မိုးအလွန်များတော့ သစ်ကိုင်းတွေကျိုးကျိုးကြလို့။
(၃)တတိယ ဆောင်းတွင်းမှာ နှင်းကြပြီး မြူဆိုင်းနေလို့ပါ။
█ ░ အလင်းရှင် ░ █
Sein Tun သိစေရန်
အလင်းရှင်ရဲ့ပိုစ့်အောက်မှာ လာမန့်တဲ့ Sein Tun သိစေရန်
https://www.facebook.com/sein.tun.395?fref=ufi
Sein Tun ရယ် မင်းကမြင်အောင်မှမကြည့်တက်တာကို ၊ မျက်လုံးဆိုတာ
ဒီတိုင်းကြည့်ရုံနဲ့မမြင်ဘူး၊ ပညာနဲ့တွဲကြည့်တက်ရတယ်ကွ။ပညာမပါတဲ့မျက်လုံးကို
''ြေ
ကာင်တောင်ကန်းလို့ခေါ်တယ်ကွ။''
အေး အဲလိုမျက်လုံးမျိုးကိုဗုဒ္ဓရဲ့အဘိဓမ္မာနဲ့ဆေးကြောတက်ရတယ်။ဒါမှအမှန်ကို
မြင်နိုင်တယ်ကွ။
ဥပမာကွာ၊ မင်းမှာရဲမျက်လုံးကလည်းပဲ စက္ခုပသာဒရုပ်တွေကောင်းမယ်
ငါ့မျက်လုံးကလည်းပဲ စက္ခုပသာဒရုပ်တွေကောင်းမယ် ၊ အေး ဒါပေမယ့် မြင်ရတဲ့
ရူပါရုံအဆင်းပေါ်မှာ ဘာသာပြန်နိုင်တဲ့ ဉာဉ်ခြင်းကတော့ ကွာပေလိမ့်မည်။
ဒါ့ကြောင့် အရာအရာကို ဘာသာမပြန်နိုင်တဲ့ မင်းမျက်လုံးနဲ့ငါ့ကို မတွေ့ဘူးလို့ comment ရေးတာဟာရေးသင့်ရေးထိုက်ပါတယ်။ ဒါတော်သေးတယ်။ မင်းဒီကန်းသွားရင်
ငါရေးတဲ့စာတောင် မြင်နိုင်တော့မှာမဟုတ်ဘူး။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်၊
စမ်းချောင်းမြို့နယ်။ရန်ကုန်
Sirinda Ven
https://www.facebook.com/sirinda.ven?fref=ufi
ရေ ..
အလင်းရှင်ဆိုတာ ဉာတ္ထစရိယာအကျင့်ကိုဝါသနာအလျှောက်ကျင့်နေတာပါ။
ဘေးထိုင်ဘုမပြောပါဘူးလက်တွေ့လုပ်နေတာပါ။ အဲလိုလက်တွေ့လုပ်ခဲ့လို့
ရွှေဝါရောင်မှာထောင်ထဲသုံးနှစ်နေခဲ့ရပါသေးတယ်။
ဒီလောက်ပဲပြောပါရစေ ၊
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုတူနေမှာစိုးလို့။
commentရေးရင် သမိုင်းရာဇ၀င်သိမှရေးပါရန်မေတ္တာရပ်ခံအပ်ပါတယ်။
နောက်တစ်ခါဆို ဘလော့ပစ်မှာပါ။ အခုသတိပေးလိုက်ပါတယ်။
ကိုယ့်အလုပ်ကိုယ်လုပ်ပါ။ ဘုရားခြ င်းတောင် ပွင့်ထွန်းပုံခြင်းကျင့်ရတဲ့ကာလ
စတဲ့အပိုင်းအခြားတွေမတူပါဘူး။
အလင်းရှင်က (မဘသ) (၉၆၉) (မဟန) မည်သူ့ကိုမှမစော်ကားပါ။
ဖြစ်ဆဲ ၊ ဖြစ်လတ္တံ ၊ သောအကြောင်းအရာတွေကို ဗုဒ္ဓဘာသာကောင်းကျိုး
အတွက်ရေးတာပါ။
အလင်းရှင်
Newer Posts
Older Posts
Home
Subscribe to:
Posts ( Atom )
Twitter Bird Gadget