.

AlinShin

Sunday, April 27, 2014

သူလို့လူ

Photo: သူလို့လူ
✩ ✩ ✩ ✩ ✩
ဦးဝင်းတင်က သူ့ကိုယ်သူ (သတင်းသမား)လို့ဝန်ခံသွားတယ်။
အေး  ..  မှတ်ထားကွ  . .အလင်းရှင်ဆိုတဲ့ငါကလည်း 
ဘယ်ပါတီ ဘယ်ဝါဒဂိုဏ်းစွဲသမားမဟုတ်ဘူး  .. 
(အလင်းသမားကွ)  . . အလင်းသမား  . .
အသိဉာဏ်စက္ခုကာရကကို တန်ဘိုးထားတယ်၊မြတ်နိုးတယ်
ထမင်းငတ်ရင်ငတ်ပါစေ  ..  အသိဉာဏ်အငတ်မခံနိုင်တဲ့အထဲမှာ
အလင်းရှင်က  . တစ်ပဲ။
ဘ၀သိုးရင်းသိုးပါစေ  ..  အသိဉာဏ်အသိုးအပုတ်မခံနိုင်ဘူးကွ။
ဘုရားဟောတဲ့ ပိဋကတ်ကို (မဟန)အလိုတော်ကြလည်းလက်မခံဘူး
ဘယ်သူ့အလိုတော်ကျမှလက်မခံဘူး  .. 
ကိုယ့်မှာကိုယ်ပိုင်ဉာဏ်ရှိတယ်  . .ဘုရားရှင်ကိုယ်တိုင်ကလည်းပဲ
ဒီအတိုင်းဟောထားတာ လူတိုင်းသိတယ်။
အေး  .. ဒါ့ကြောင့်  .. 
အလင်းရှင်တင်သမျှပိုစ့်တွေမှာ  .. 
(၁)ဘာသာစွဲမထားဘူး  .. 
(၂)လူမျိုးစွဲမထားဘူး  .. 
(၃)ဘုန်းကြီးစွဲမထားဘူး  .. 
(၄)ဘုရားရုတ်တုစွဲမထားဘူး  .. 
(၅)နိုင်ငံစွဲမထားဘူး . .  အဲဒီအစွဲနယ်ကိုအလင်းရှင်ချိုးဖြတ်ပြီး  .. 
လောကနဲ့လောကကောင်းကျိုး သည်ပိုးစိတ်ဖြင့်သာစာရေးသည်။
█ ░ အလင်းရှင် ░ █

https://www.facebook.com/azmsuper.man?fref=ufi

Photo: https://www.facebook.com/azmsuper.man?fref=ufi
Azmsuper Man ရေ ထပ်ပြောမယ်ကွ။ လက်ဝဲရံကိုတောင်ကို၇င်ကဆု့းမခွင့်ရှိတယ် အေးငါလည်း ဆယ်ဝါကျော်တဲ့
ရဟန်း သာသနာမှ ထေရ န၀ မဇ္ဈိမ ဆိုတာရှိတယ်။ အလင်းရှင်ရဲ့သိက္ခာဝါဟာ မဇ္ဖျိမအဆင့်ထဲမှာပါတယ်ကွ။ အေး ဒါ့ကြောင့် သာသနာမှ ထေရ န၀အဆင့်မရှိတဲ့ ကိုရင်လေးတောင် ဆုံးမခွင့်ရှိတယ် ၊ ဒါ့ကြောင့် ငါပြောနေတာ ၊ ဆဲနေတာမဟုတ်ဘူး။ ပြည်သူနဲ့သံဃာကို အလင်းပေးနေတာကွ။
လွဲမှားနေတဲ့ သံဃာခေါင်းဆောင်အမည်ခံတွေရဲ့လုပ်ရပ်တွေကို အသိပေး
နေတာ။ ပေးကောင်းတယ် ။ ဒီလိုပြောဆိုတာဟာ အပြစ်မရှိဘူး။ လမ်းမှန်ကို
ညွှန်ပြတာ။ လမ်းမှာကိုလက်ညိုးထိုးတာမဟုတ်ဘူး။

https://www.facebook.com/photo.php?fbid=497433043716894&set=a.153025728157629.30701.100003506093022&type=1&ref=notif&notif_t=like
https://www.facebook.com/azmsuper.man?fref=ufi
Azmsuper Man ရေ ထပ်ပြောမယ်ကွ။ လက်ဝဲရံကိုတောင်ကို၇င်ကဆု့းမခွင့်ရှိတယ် အေးငါလည်း ဆယ်ဝါကျော်တဲ့
ရဟန်း သာသနာမှ ထေရ န၀ မဇ္ဈိမ ဆိုတာရှိတယ်။ အလင်းရှင်ရဲ့သိက္ခာဝါဟာ မဇ္ဖျိမအဆင့်ထဲမှာပါတယ်ကွ။ အေး ဒါ့ကြောင့် သာသနာမှ ထေရ န၀အဆင့်မရှိတဲ့ ကိုရင်လေးတောင် ဆုံးမခွင့်ရှိတယ် ၊ ဒါ့ကြောင့် ငါပြောနေတာ ၊ ဆဲနေတာမဟုတ်ဘူး။ ပြည်သူနဲ့သံဃာကို အလင်းပေးနေတာကွ။
လွဲမှားနေတဲ့ သံဃာခေါင်းဆောင်အမည်ခံတွေရဲ့လုပ်ရပ်တွေကို အသိပေး
နေတာ။ ပေးကောင်းတယ် ။ ဒီလိုပြောဆိုတာဟာ အပြစ်မရှိဘူး။ လမ်းမှန်ကို
ညွှန်ပြတာ။ လမ်းမှာကိုလက်ညိုးထိုးတာမဟုတ်ဘူး။

https://www.facebook.com/photo.php?fbid=497433043716894&set=a.153025728157629.30701.100003506093022&type=1&ref=

လိုင်းကျသွားလို့ ဓာတ်ပုံထုတ်ပြီးအသိပေးလိုက်တယ်

Photo: လိုင်းကျသွားလို့ ဓာတ်ပုံထုတ်ပြီးအသိပေးလိုက်တယ်
✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩
█ ░ အလင်းရှင် ░ █
လိုင်းကျသွားလို့ ဓာတ်ပုံထုတ်ပြီးအသိပေးလိုက်တယ်
✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩
█ ░ အလင်းရှင် ░ █

ဆုံးမစကား နားထောင်ပါသန်းရွှေ ..

သန်းရွှေ ..
မင်းဟာ (၁၁)ဘီလျှံနာမကသောဒေါ်လာတွေကိုသိမ်းပိုက်နေချိန်မှာ
မင်းရဲ့စစ်ခွေးသားပေါက်တွေ ဒီလိုဘ၀မျိုးရောက်နေတယ်ဆိုတာမင်းသိလား?

သန်းရွှေ . . .
မင်းဟာ လယ်တီသိမ်၊စေတီတော်ကိုတရုတ်ကိုဒိုဇာနဲ့ထိုးခိုင်းနေချိန်မှာ
သံဃာထုရဲ့ကြေကွဲနေတဲ့ နှလုံးသားကိုမင်းမြင်ရဲ့လား ?

သန်းရွှေ . . .
မင်းဟာသိန်းစိန်ကိုရုပ်သေးလိုသဘောထားခိုင်းစားနေချိန်မှာ
သမီးလေးကျေးရွာဟာ ဒိုဇာစာမိသွားတာမင်းသိလား ?

ငါဆက်မပြောချင်သေးဘူးသန်းရွှေ ..
သေမင်းမလာခင် မင်းရဲ့ အစ္ဇျတ္တသဏ္ဍာန်ကိုပြင်သင့်ပြီ။
█ ░ အလင်းရှင် ░ █

ဗုဒ္ဓဘာသာဝင်တို့နှိုးထကြကုန်လော့ . . . . အပိုင်း(၁)

ဗုဒ္ဓမြတ်စွာသည် အစွန်းရောက်ကျင့်စဉ်ကိုအထူးရွံရှာတော်မူသည့်အတွက် . . . . . 
 “ ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန နသေ၀ိတဗ္ဗာ” လို့ ဆုံးမထားတယ်။ သကျပုတ္တခေါ်သာကီဝင်မင်းသားဘုရားသာတော်များဟာ ဒီအစွန်းနှစ်ပါးကိုရှောင် 
ကျဉ်ရပါမယ်။ ဒါ ဗုဒ္ဓဘာသာဝင်တိုင်းသိတယ်၊ (၁)ကာမသုခလ္လိကာနုယောဂေါ 
ကာမဂုံအာရုံပဲ၊ ဒီကောင်က ဂမ္မောလို့ဘုရားကပြောတယ်။ worldly pleasure 
ရွာနေအိမ်နေသူတွေ ဖြစ်တဲ့ ပုထုဇ္ဇန်တို့ရဲ့ ကာမဂုဏ်ခံစားတဲ့အကျင့်ဆိုးတစ်ခုမို့။
 အဲဒီအကျင့်ကြီးက အနတ္တသံဟိတော ပစ္စုပ္ပန်မျက်မှောက်ရောနောင်သံသရာ အတွက်ဆိုတဲ့အကျိုးစီးပွားမဖြစ်ဘူးတဲ့။ (၂)အတ္တာကိလာမထနုရောဂေါ သူက 
လည်းကလည်း ကြမ်းတမ်းတယ်ပြင်းထန် တယ် အဲလိုအကျင့်ကြမ်းကြီးကိုလည်းပဲ 
ဘုရားရှင်မနှစ်သက်ဘူး။ ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာက ဒီအကျင့်နှစ်ပါးကို နသေ၀ိတဗ္ဗာ 
မကျင့်နဲ့တဲ့။
ထိုခေတ်ထိုအခါကာလက အိန္ဒိယမှာ အရိယာဖြစ်ဖို့တွက် ဘ၀လွတ်မြောက်မှုကိုရ 
ဖို့အတွက် ဗုဒ္ဓမပွင့်ခင်မှာ အစွန်းယောက်ကျင့်စဉ်တွေဟာခေတ်စားနေတယ်။ ဗုဒ္ဓ ကသူလည်းဘုရားဖြစ်ရောဒီအစွန်းရောက်ကျင့်စဉ်တွေဟာလောကကိုမငြိမ်းချမ်း
နိုင်ဘူးဆိုတာသိမြင်တော်မူတယ်။ ဒါ့ကြောင့် ဘုရားဖြစ်တာနဲ့တစ်ပြိုင်နက် ကမ္ဘာ့ 
လူသားများကို “ ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေအနုပဂမ္မ မဇ္ဈိမ ပဋိပဒါ ” 
ဆို ပြီး အလင်းပေးခဲ့တယ် ..။
အခုတို့ဘာလို့ ဒီဓမ္မကိုဝေငှရသလဲဆိုတာ ဒီကနေ့မြန်မာနိုင်ငံမှာ ဗုဒ္ဓ၀ါဒကိုမကွဲ
ပြားဘဲ အတ္တ၀ါဒတွေလုပ်နေကြတယ်။ (၉၆၉) တဲ့ ။ ဒါအင်မတန်မွန်မြတ်တဲ့ ဂဏန်းအဖြစ် လောကီကိစ္စတွေမှာတောင် ရှေးသူတော်ကောင်းကြီးတွေက 
အင်းစမ္မအစီအရင်တွေမှာ “န၀”ဆိုတဲ့ (၉)ဂဏန်းကိုသုံးကြတယ်။ အဲဒီ
လောက်ကောင်းတဲ့ ဂဏန်းတော်ကို အစွန်းရောက်အတ္တတွေမှာသွားသုံးတော့ ဗုဒ္ဓဘာသာဟာနာမည်ပျက်တယ်။
ဗုဒ္ဓ၀ါဒဆိုတာ လက်နက်မဲ့ဝါဒလို့အထူးပြောစရာမလိုဘူး။ တနည်းအားဖြင့် ခံစစ်
ဝါဒပါ။ကိုယ့်အမျိုးကိုယ့်ဘာသာကိုယ့်သာသနာတော်အတွက် ဟောကြ ပြောကြ
တာဆိုတာ ဟောထိုက်ပြောထိုက်ပါတယ်။ ကိုယ့်အမျိုးဆိုင်မှာသာဈေး ၀ယ်ပါတို့ . 
 စတာတွေဟာ ဘာသာရေးအခန်းကဏ္ဍအနေနဲ့အသိပေးဆုံးမထိုက် သလို 
အိမ်ထောင်ရေးမှာလည်းပဲ သိင်္ဂါလောဝါဒသုတ်မှာဘုရားဟောခဲ့တာမို့လည်း
ဟောသင့်ပြောသင့်ပါတယ်။
ဒီထက်ပိုပိုသာသာပြောလာမယ်ဆိုရင် ဒါအစွန်းရောက်ပဲ။ မသိမသာရောက်သွား 
တာရှိသလို သိသိကြီးနဲ့လည်းရောက်သွားနိုင်ပါတယ်။ ဒါ “ ပမာဒ” ဖြစ်သွားတယ်။ ဒီတရားကိုနားကြားသူအတွက် “ အဒေါသ” တွေတိုးပွားရမယ့်အစား “ ဒေါသ” 
တရားတွေသာ တိုးပွားနေမယ်။ ဒါဆိုရင် ဒီသူအတွက် အပါယ်ခရီးပဲ။
ဗုဒ္ဓတရားဟာ အပါယ်ခရီးလမ်းကို မသွားဖို့တိုက်တွန်းတဲ့ဝါဒပါ။ ဒါကို ဟောကြား
 ရေးသားသူများက indifferent ဖြစ်သွားတာ။ ဒါကို နားကြားသူ ဖတ်ရှု့သူများ 
ဘက်က အထူးသတိထားရမယ်နော် .. ။ ရေးသူကတော့ ရေးမှာပဲ ။သူအာဘော် 
ကိုသူရေးနေတာ .. ။ ဟောသူကလည်း ဟောမှာပဲ သူ့အာဘော်ကိုသူဟောနေတာ . . ။ ဘာဖြစ်လို့လည်းဆိုတော့ ရေးသူရော ဟောကြားသူတွေဟာ ပုထုဇ္ဇန် တွေလေ .. ။ 
ဒီတော့ပုထုဇ္ဇန်ပီပီ “ ဥပါဒါနိယ” ဆိုတဲ့ အစွဲလေးတွေကတော့ပါနေ မှာပဲ။
သိပ့်အရေးကြီးတယ် ။ ဒ့ါကြောင့် ဗုဒ္ဓမြတ်စွာက သူဘုရားဖြစ်ဖြစ်ခြင်း ကမ္ဘာ့လူ 
သားတွေကို အသိပေးလိုက်တာ။ သိပ့်အရေးကြီးလို့နော် . . ။ တို့ကြားရတာလေး
တွေတစ်ခါတစ်ရံ နားထဲမှာ အလွန်ဆိုးဝါးတယ်။ ပလ္လင်ပေါ်မှာ အနတ္တတရားတွေ 
အစား အတ္တတရားတွေ ဟောနေကြတယ်။ နိုင်ငံရေးဘက်ကကြည့်ရင်လည်း
 ခေါင်းဆောင်တွေတော်တော်များများဟာ ဒါတွေကို မသိကြဘူး။
အဲဒီတော့ဘာတွေဖြစ်နေလည်း သိလား ? ။ ဗုဒ္ဓနဲ့ဗုဒ္ဓ၀ါဒတရားဟာ ၊ အတ္တနဲ့အတ္တ ၀ါဒတရားတွေဖြစ်နေတယ်။ ပုံပျက်သွားတယ်။ ဒါ့ကြောင့် အစွန်းမထွက်မိစေနဲ့ ။ 
အမျိုးကိုချစ်ပါ သို့သော် အစွန်းရောက်အချစ်မျိုးမဖြစ်စေနဲ့။ ဘာသာကိုချစ်ပါ သို့ သော်အစွန်းရောက်အချစ်မျိုးတော့မရောက်စေနဲ့။
ဘာဖြစ်လို့ဒီလိုပြောရသလဲဆိုတော့ ၊ ဗုဒ္ဓ၀ါဒဟာ “ဒေါသ” anger (or) defect ကို 
 ပယ်သတ် တဲ့တရားကွ။ မင်းတို့ရဲ့စိတ်ထဲမှာငါ့စာတွေဖတ်နေပြီးdefect တွေဖြစ်ဖြစ်နေ
မယ် ဆိုရင် ဗုဒ္ဓတရားမဟုတ်ဘူးကွ။ အပါယ်ရောက်ကြောင်းဒိဋ္ဌို့ရဲ့တရားအဖြစ်သို့ရောက်
သွားတယ်။ ဒါလေးမှတ်ထား။
ဒါ့ကြောင့် ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာတော်အတွက် ဟောကြပြော ကြတဲ့အမျိုးစောင့်တရားတွေမှာ defect တွေမပါဖို့လိုတယ်။ သူတို့ပါလာရင်မင်း တို့နားကြားကျင့်သုံးသူတွေအတွက် ငရဲနော် ..ငရဲ . . ။
အချိန်ရရင်ဆက်ပြောပါဦးမယ်။ ဤဓမ္မအလင်းကုသိုလ်ကို ကျေးဇူးကြီးမားလှသော 
ခမည်းတော်ကြီး ဆရာစံအားဝေငှပါသည်။ Share သူထပ်မျှရစေသောဝ် . . ။
█ ░ အလင်းရှင် ░ █
References
ဝိနည်းပိဋကတ်၊သုတ်မဟာဝဂ်ပါဠိတော်
မဟာခန္ဓက၊ ပဉ္စ၀ဂ္ဂိယကထာ။

အတွဲကောင်းဖို့လိုတယ် ..

Photo: အတွဲကောင်းဖို့လိုတယ်  .. 
☀ ✂•••× ☀ ✂•••× ☀ 
အမျိုးစောင့်ထောက်ခံပွဲတွေလုပ်နေတဲ့သူတွေကိုမေးချင်တယ်
လယ်တီသိမ်ကို တရုတ်စစ်ခွေးတွေဖျက်မှာကို ကန့်ကွက်ပွဲလေးမျာ
လုပ်ရင် အမျိုးတင်မကဘူး သာသနာကိုပါစောင့်တဲ့ပွဲလေးဖြစ်မယ်
ဆိုတာ အကြံပေးပါရစေ  .. ။ 
တစ်ချက်ခုတ်ရင် နှစ်ချက်ပြတ်တဲ့ သာသနာစောင့်ပွဲလေးကို
ခင်းကျင်းစီမံချင်တယ်။တို့က အိုမင်းမစွမ်းသာလို ဖြစ်နေတော့
ခေါင်းမဆောင်နိုင်ဘူး။ အခုလို စာလေးနဲ့ပဲရေးပြီးအကြံပေးနိုင်တာပါ။
ဒါ့ကြောင့် အမျိုးစောင့်ပွဲလေးနဲ့အတူ တစ်ပါတည်းလယ်တီသိမ်နဲ့
စေတီတော်ကိုပါဖျက်ဆီးမဲ့တရုတ်နဲ့စစ်ခွေးတွေကို ကန့်ကွက်ပွဲလေး
ယှဉ်တွဲလိုက်ရင် ငွေလည်းထပ်မကုန်ဘူး၊ တစ်ပွဲတည်းနှင့်နှစ်ပွဲ
ဖြစ်တယ်။ တို့ဆရာကြီးအီကြာကွေးပြောသလို အတွဲကောင်း
လေးပေါ့ကွာ။
မှတ်ချက်
(မဖတ်ဖူးသူများဖတ်စေချင်တယ်-ဆရာအီကြာကွေးရေးသားတဲ့
သေမင်းတောင်သေချင်တယ်နှင့်အခြားဝတ္ထုတိုများ) ထဲတွင်ပါတယ်။
ဒါ့ကြောင့်အမျိုးစောင့်ပွဲများမှာ သာသနာစောင့်ပွဲလေးပါတွဲလိုက်မယ်
ဆိုရင် အလွန်မတန်လျှော်ကန်ကောင်းမြတ်သော မင်္ဂလာပွဲလေး
တစ်ပွဲဖြစ်မယ်ဆိုတာ ဉာဏ်အမြော်အမြင်ရှိသူများလက်ခံမှာပါ။

Saturday, April 26, 2014

သီတဂူရယ် .. ရှင်ကြီးက ကျားထက်ဆိုးဆိုတဲ့ကိန်းဆိုက်နေပြီ

သီတဂူဆရာတော်မိန့်ကြားချက် လိုက်နာတဲ့ သဲကုန်းမြို့ရဲတပ်ဖွဲ့

Friday, February 14, 2014
သဲကုန်းမြို့ရဲတပ်ဖွဲ့က သီတဂူ ဆရာတော်ကြီး၏ တားမြစ်ချက်အရဟု ဆိုကာ မြို့တော်ခန်းမအနီး ၄ ရက်ကြာ ဖွင့်ထားသည့် သပိတ်စခန်းကို  ယနေ့ နံနက်ပိုင်းတွင် ၀င်ရောက်စီးနင်းကာ ဆန္ဒပြနေသည့် တောင်သူ (၃၀) ခန့်ကို ကားပေါ်တင်ပြီး နေရပ်ရင်း ပြန်ပို့လိုက်သည်။ 
 -

  -
 (ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ)
  -
သပိတ်စခန်းကို  စီးနင်းရာတွင်   အကြမ်းဖက်ခြင်း မရှိကြောင်း သဲကုန်း ရဲစခန်းမှ ဒုရဲအုပ်ဇော်အောင်က ပြောသည်။

“ဒါ ကျနော်တို့ အကြမ်းဖက်ဖြိုခွင်းတာ မဟုတ်ပါဘူး။ ဆရာတော်က တားမြစ်တဲ့အတွက်၊ (တရား)ပွဲကို အနှောက်အရှက် ဖြစ်စေနိုင်တယ်ဆိုတဲ့စာထုတ်ထားတဲ့အတွက်ကြောင့်ဖယ်ရှားရတာပါ။
ရဲ အင်အား (၁၀) ယောက်နဲ့ပဲ ဖယ်ရှားတာပါ။ ဒီရပ်ကွက်က
လူတွေကလည်း သပိတ်စခန်းကလူတွေကို ရိုက်မယ်လုပ်နေလို့ ကျနော်တို့က လုံခြုံရေးအရ ကူညီပေးတာပါ”

သီတဂူဆရာတော်ကြီး၏ သီတဂူရွှေဥရာစုသစ်စက္ကုဒါနဆေးရုံဖွှင့်ပွဲ အခန်းအနားသို့ ပဲခူးတိုင်း ၀န်ကြီးချုပ် ဦးဥာဏ်ဝင်း   လာရောက်ပြီး  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးမည့် အစီအစဉ် မတိုင်ခင် သပိတ်စခန်း ဖြိုခွင်းခံရခြင်းဖြစ်ကြောင်း သိရသည်။

သပိတ်စခန်းတွင် ပါဝင်ဆန္ဒပြခဲ့သူ ၄ ဦး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အရေးယူခံရပုံကို ဧရာဝတီဘလော့
http://blog.irrawaddy.org/2014/02/blog-post_3480.html တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

အုတ်ဖိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၆) ရွာမှ လယ်သိမ်းခံရသည့် တောင်သူတွေအနေနှင့် လယ်ယာမြေများပြန်လည်ရရှိရန် ဥပဒေလမ်းကြောင်းအရ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်  ထူးခြားမှုမရှိတဲ့အတွက်    သဲကုန်းမြို့ မြို့တော်ခန်းမအနီး သပိတ်စခန်းဖွင့်လိုက်ရတာဖြစ်တယ်၊ ရက်အကန့်အသတ်မရှိ  ဆန္ဒပြ တောင်းဆိုသွားမယ် ဟု သပိတ်စခန်းဖွင့်သူတို့က ပြောခဲ့သည်။
 
ကမ္ဘာမှာနံမည်ကြီးတဲ့သီတဂူဆရာတော်ရဲ့ မြို့မှာ ဒီမိုကရေစီထက်လယ်ယာမြေတွေသာပြန်ပေးပါတဲ့။

“ဒီမိုကရေစီထက် ကိုယ့်လယ်ပဲ ကိုယ်ပြန်လိုချင်တယ်”

Wednesday, February 12, 2014
~
 -
ပဲခူးတိုင်း သဲကုန်းမြို့နယ်မှာလည်း  ဒေသခံ အများအပြား သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြပါတယ်။ အင်္ဂါနေ့ကတည်းက အစပြုတဲ့ ဆန္ဒပြရခြင်းအကြောင်းရင်းကတော့ မြေသိမ်းမှုကြောင့်ပါပဲ။ အုတ်ဖိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၆) ရွာမှ လယ်သိမ်းခံရသည့် တောင်သူတွေအနေနှင့် လယ်ယာမြေများပြန်လည်ရရှိရန် ဥပဒေလမ်းကြောင်းအရ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်  ထူးခြားမှုမရှိတဲ့အတွက်    သဲကုန်းမြို့ မြို့တော်ခန်းမအနီး သပိတ်စခန်းဖွင့်လိုက်ရတာဖြစ်တယ်၊ ရက်အကန့်အသတ်မရှိ  ဆန္ဒပြ တောင်းဆိုသွားမယ်လို့ သိရပါတယ်။ သူတို့ထဲက တောင်သူတဦးကတော့  အောင်ကုန်းကျေးရွာမှ   ဒေါ်ညို ဖြစ်ပြီး  လယ် ၇ ဧက အသိမ်းခံထားရသူလို့ ဆိုပါတယ်။

“ကျမတို့ ဥပဒေအရ အကြိမ်ကြိမ်စာတင်ပြီး တောင်းဆိုခဲ့သလို။ သဲကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်ကိုလည်း အားကိုးတကြီး အကူအညီတောင်းခဲ့ပြီးပါပြီ။ ဘာမှ ထူးခြားမှုမရှိပါဘူး။
 နေပြည်တော်ကို စာတင်တာ သုံးကြိမ်ရှိပါပြီ။ တောင်သူလယ်သမား စာမတတ်ပေမတတ်တွေ တတ်သလောက် မှတ်သလောက် စာတင်တာ အခုထိဘာမှမထူးခြားပါဘူး”

၁၉၉၉ ခုနှစ် ဧပြီလ (၇) ရက်နေ့က ပြည်ခရိုင်ဦးစီးမှူး ဦးခင်မောင်ဝင်းက   အောင်ကုန်း၊ သင်တော၊ ကစွန်းအင်း၊ ရင်းတိုက်တန်း၊ နှောကုန်း၊ ဆောက်ခြုံကြီးကျေးရွာတွေတဝိုက် လယ် ၁၁၅၉.၅၅ ဧကကို ရေနက်ကွင်း ဖေါ်ထုတ်ရန်ဆိုပြီး  သိမ်းခဲ့တယ်၊ 
  လယ်ယာလက်ကား သမဝါယမအသင်း အမှတ်(၃) လီမီတက်ပိုင်ရှင် ဦးထိုင်ထိုင်က  ၂၀၀၁ နှစ်မှစတင်ကာ လွှဲပြောင်းရယူခဲ့တယ် တဲ့၊
လယ်ယာမြေနှင့် အခြားမြေယာများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ပေးပို့တဲ့ တိုင်ကြားစာတွေမှာ အဲသလို ရေးထားတာပါ။

ဆန္ဒပြသူများထဲ သင်တောရွာက တောင်သူ ဦးဝင်းကြည်ရဲ့ အပြောကတော့ ဒီမိုကရေစီထက် သူ့လယ်ပဲ သူပြန်ရချင်ပါတယ် တဲ့။

“လာဖမ်းရင်လည်း လိုက်သွားရုံပဲ။ ပြန်လွတ်လာရင် ပြန်လုပ်မှာ ကျနော်တို့ဆီက သိမ်းတုန်းက ဘာမှပြန်ပြောခွင့်မရပဲ သိမ်းခံခဲ့ရတာ။
ကျနော်တို့ကတော့ ဒီမိုကရေစီထက် ကိုယ့်လယ်ပဲ ကိုယ်ပြန်လိုချင်တယ်။ တပ်မတော်ကိုလည်း မတော်လှန်ရဲဘူး၊ ဦးသိန်းစိန်ကိုလည်း ပုန်မကန်ရဲဘူး။ ဦးထိုင်ထိုင်သိမ်းတဲ့ ကျနော်တို့ လယ်ပဲပြန်လိုချင်တယ်။
မရမချင်း သပိတ်စခန်းဖွင့်ပြီး ဒီမှာပဲနေမှာ”

 သပိတ်စခန်းထဲမှာတော့  တောင်သူ ၃၀ ခန့်က ကြွေးကြော်သံတွေအော်ဟစ်၊  ဆန္ဒပြတောင်းဆိုခဲ့ကြတာ တွေ့ရပါတယ်။
သဲကုန်းမြို့နယ် ရဲစခန်းတာဝန်ခံ ဒုရဲမှူးဇော်အောင်ကတော့ ဒီသပိတ်စခန်းကို ဖြိုခွင်းမှာမဟုတ်ဘူးလို့ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
သက်ဆိုင်သူများ အဆင်ပြေစေဖို့ ညှိနှိုင်းဖြေရှင်းပေးမယ်လို့ ဆိုတယ်။ သို့သော်လည်း သပိတ်စခန်းမဖွင့်ခင် စီတန်းလှည့်လည်ခဲ့တဲ့အတွက်  ပုဒ်မ(၁၈) နဲ့ အရေးယူသွားမှာပါလို့ ဆိုပါတယ်။

သူပြောတဲ့အတိုင်းပါပဲ ... စခန်းထဲက တချို့ကို သူတို့ သွားခေါ်ပါတယ်။  နောက်တနေ့မှာတော့ စခန်းထဲ ဆန္ဒပြသူများထဲက
ကိုသန့်ဇင်ထက်၊ ဒေါ်ညို၊ ကိုပေါက်စ၊ ဒေါ်ဝင်းတို့ ရဲစခန်းမှာ သွား အဖမ်းခံပါတယ်၊ ပုဒ်မ ၁၈ နဲ့ တရားစွဲခံရပါတယ်၊ အာမခံရတဲ့အတွက် အခုတော့ သူတို့ ၄ ဦးစလုံး သပိတ်စခန်းထဲ ပြန်ရောက်နေပါပြီ။

သပိတ်စခန်းနားမှာလည်း အထင်ကရ ဘုန်းတော်ကြီးတပါးရဲ့ တရားပွဲ ပြုလုပ်ဖို့ ပြင်ဆင်ထားတာ ရှိပါတယ်၊ တရားပွဲစီစဉ်သူများထဲက တချို့ကတော့
ဒီသပိတ်စခန်းကြောင့် တရားပွဲ ပျက်မှာကို စိုးရိမ်နေပါတယ်။ စိုးရိမ်ကြောင်းကိုလည်း အဲဒီသပိတ်စခန်းသွားပြီးတော့ ပြောဆိုခဲ့ပါတယ်။
  တရားပွဲကို ဖျက်လိုဖျက်ဆီးလုပ်တာလားလို့လည်း မေးမြန်းခဲ့ပါတယ်။ အဲဒီလို သွားရောက် မေးမြန်းချိန် အနီးတ၀ိုက်မှာ  အာဏာပိုင်တို့လည်း ရှိနေ ကြည့်နေပါတယ် တဲ့။

ပြီးတော့ မနေ့ညက သပိတ်စခန်းကို လေးခွနဲ့ပစ်ခံရတယ်လို့လည်း သတင်းထွက်ပါတယ်၊ ဒဏ်ရာမရဘူးလို့လည်း ဆိုပါတယ်။

.

အွန်လိုင်းမှာ ဝေဖန်ခံနေရတဲ့ ရွှေတိဂုံပုံတူ ကိတ်မုန့်ခွဲခြင်း

Saturday, April 26, 2014
အခုရက်ပိုင်း အွန်လိုင်းမှာ ဝေဖန်မှုအများဆုံး ဖြစ်နေတာကတော့ ဥရောပကနေ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို တိုက်ရိုက်ပြေး ဆွဲမယ့် လေကြောင်းလိုင်း နားလည်မှု လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ မြန်မာ့ သင်္ကတ အထွဋ်အမြတ်ထားရာ ရွှေတိဂုံ ပုံစံတူ ကိတ်မုန့်လှီး တဲ့ ကိစ္စပါဘဲ။ 

မူရင်း သတင်းမှတ်တမ်းဓာတ်ပုံများကို ဤနေရာမှ ကူးယူဖော်ပြပေးလိုက်ပါတယ်။ 

ဂျာမနီနိုင်ငံ ဖရန့်ဖတ် လေဆိပ်ကနေ ရန်ကုန် လေဆိပ်ကို မရပ်မနား တိုက်ရိုက်ပျံသန်းမယ့် Condor ဂျာမနီ လေကြောင်း လိုင်းရဲ့ ကုမ္ပဏီ အကြီးအကဲတွေ၊ လေကြောင်း အရာရှိတွေနဲ့ အတူ ဂျာမနီ ဆိုင် ရာ မြန်မာသံအမတ်ကြီး ဦးစိုးနွယ်တို့က ဖဲကြိုးဖြတ်တာ၊ ရွှေတိဂုံပုံစံ ကိတ်မုန့်ကို လှီးဖြတ်ကြတာတွေ အပေါ် အွန်လိုင်းလောကသားတွေက ပြင်းပြင်းထန်ထန် ဝေ ဖန်နေကြတာပါ။ 

အဓိက ထောက်ပြ ဝေဖန်တာကတော့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေရဲ့ ရွှေတိဂုံပုံစံတူကို အခုလို 
လေကြောင်း ပျံသန်း မယ့် အထိမ်းအမှတ် ကိတ်မုန့်လုပ်ပြီး လှီးဖြတ်ကြတာကို မြန်မာသံအမတ်ကြီးကပါ ပြုံးပြုံးရွှင်ရွှင် ပူးပေါင်း ပါဝင်နေတဲ့ အပေါ် ပြင်းပြင်း ထန်ထန် ဝေဖန်ကြတာပါ။ 

မလုပ်ကောင်းတာကို လုပ်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိသလို တချို့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်
ရေး လုပ်နေသူ တွေကလည်း ဒါကို ပြင်းပြင်းထန်ထန်ထောက်ပြသင့်တယ်လို့ ဝေဖန်တာတွေလည်း ရှိပါ တယ်။ 
အိမ့်သံစဉ် ~ 

ကြိုးပေးရင်လည်း နှစ်ဆပါပဲ

ဗိုလ်ချုပ်မှူးကြီးဟောင်း အငြိမ်းစား လစာ သမ္မတ လစာ၏ ၂ ဆ ရှိ
 
    By ဒီဗွီဘီ
    25 April 2014
    
အနားယူသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၁၁ ခုနှစ် မတ်လကုန်က စပြိး ပင်စင်လစာအဖြစ် ၁ လ ကျပ် သိန်း ၁၀၀ ခံစားနေတဲ့အပြင် အငြိမ်းစားယူစဉ်ကာလက နိုင်ငံရေးဆုငွေအဖြစ် ကျပ် သိန်း ၂၃၀၀ ရရှိခဲ့တယ်လို့ ဆောင်းပါးရှင် အောင်ထွန်းလင်းက ဒီနေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မှာ ရေးသားဖော်ပြပါတယ်။

အလားတူ အငြိမ်းစား ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးဟာ လည်း ပင်စင်လစာ ၁ လ ကျပ် သိန်း ၈၀၊ နိုင်ငံရေးဆုငွေ ကျပ် သိန်း ၁၈၄၀ ရရှိခဲ့တယ် လို့ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ စစ်အစိုးရအဖွဲ့ဟာ သူတို့ တာဝန်ကနေ အနားမယူခင် လက်ရှိ တာဝန်ယူမယ့် အစိုးရအဖွဲ့ ခံစားနိုင်မယ့် လစာဥပဒေ ပြဋ္ဌာန်းပေးခဲ့ပြီး အဲဒီ ဥပဒေထဲမှာ သမ္မတ ကို လစာ ကျပ် သိန်း ၅၀ ခံစားခွင့်ပြုထားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဟာ ကုန်လွန်ခဲ့တဲ့ အစိုးရသက်တမ်း ၃ နှစ်တာ ကာလ အတွင်း ၁ လ လစာ ကျပ် ၁၅ သိန်းပဲ ရယူခဲ့ပြီး အခု ဧပြီလ ဘဏ္ဍာရေးနှစ် ကျမှသာ ၁ လ ကျပ် သိန်း ၅၀ ခံစားမယ်လို့ သိရပါတယ်။

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget