.

AlinShin

Friday, April 11, 2014

ရင်ဘတ် .. အိုအို

အလင်းရှင်ရဲ့ ဘလော့မှာ/
 ကချော်ကချွတ်အ၀တ်ကျွတ်ပုံတွေမရှိဘူး။
အသဲကွဲ အနမ်းတစ်ခုရဲ့/
 ပုံပြင်တွေလည်း မေပြောဖြစ်ပါဘူး။
အဲ . . ဒါပေမယ့်/ 
အသက်ငယ်ငယ်ကောင်လေးတစ်ယောက်ဟာ
ဗုဒ္ဓမြတ်စွာသာသနာတော်ကိုခုံမင်ခဲ့ပေမယ့်/
စစ်အစိုးရရဲ့ ထောင်သွင်းအကျဉ်းချခြင်းကိုခံခဲ့ရလို့ ..
ဒါဏ်ရာဒါဏ်ချက်တွေအကြောင်းတော့ .. .ရေးထားတယ်။
အကယ်၍ အဲဒါတွေဟာ ကဗျာဆိုရင် .. . /
 အသက်ငယ်ငယ်ကောင်မလေးတစ်ယောက်ရဲ့
ရင်ခုံသံတွေဟာလည်း .. ကဗျာပဲပေါ့။/ေ
အေး .. မင်းတို့အတွက်တော့/ 
အလင်းရှင်ရဲ့ဘလော့ဟာ
ဟာတာတာကြီးဖြစ်ကောင်းဖြစ်နေမယ်ဆိုခဲ့ရင် . . 
/http://www.alinshin.co.vu/2014/03/blog-post_28.html
လင့်ကိုဝင်ကြည့်လိုက် .. /
 ပိဋကတ်မြန်မာပြန်တွေရယ် .. /
အဓိကရဆရာတော်ကြီးများရဲ့ မြန်မာမှုစကားလုံးတွေရယ် . .
နောက် .. / 
 အလင်းရှင်ရဲ့ ရင်ဘတ်အိုအိုရယ် .. /
အဲဒါတွေတော့ မြင်ရပါလိမ့်မည်။/
█ ░ အလင်းရှင် ░ █

သင်္ကြန်အကြိုရဲ့ တရားချိုချိုများ

Photo: သင်္ကြန်အကြိုရဲ့ တရားချိုချိုများ
✩ ✩ ✩ ✩ ✩ ✩ ✩ ✩
 “နိုင်ငံတော်အစိုးရ ” ကဲ့ အဲဒီစကားလုံးကနေစပြီးမှားခဲ့တာပဲ။
 ဗုဒ္ဓက“အနတ္တ-အစိုးမရ” ဒါကိုသူတို့က “ အတ္တ-အစိုးရ” လို့
သုံးနေကြတယ် ။ 
ဒီတော့ဘဖြစ်လာလဲဆိုတော့။ လွှတ်တော်တို့သမ္မတတို့ဆို
တဲ့ကောင်တွေက သူတို့ကိုယ်သူတို့ဘ၀င်မြင့်သွားတယ်။ အမှန်ကိုမ
မြင်တော့ဘူး။“ ပြည်သူနဲ့နိုင်ငံတော်ရဲ့အကျိုးကိုအသက်ပေး၍သည်
ပိုးရွတ်ဆောင်ရမယ်” ဆိုတဲ့အနက်အဓိပ္ပါယ်အစား “ သံယံဇတတွေ
ကို သူတို့ဘဏ်အကောင့်ထဲရောင်းစားတယ်” “ ကိုးကွယ်ဆည်း
ကပ်ရာသံဃာတော်များကိုအလိုမကျရင် “ ထောင်ချတယ်” ။
ဒါ့ကြောင့် “ နိုင်ငံတော်အစိုးရ” ဆိုတဲ့စကားလုံးကြီးကပြောင်းထိုက်
နေပြီ ။ ဥပမာအနေနဲ့ “ ပြည်သူအကျိုးဆောင်အဖွဲ့” ဒီလိုနာမည်
မျိုးအလားတူရာလေးတွေရွေးသင့်နေပြ၊ီ။ ဒီနာမည်အတိုင်းသာဆို
ရင် “ နိုင်ငံတော်အစိုးရ” ဆိုတဲ့ စကားအတိုင်း နိုင်ငံနဲ့ပြည်သူ၊ပြည်
သူတို့ကိုးကွယ်ရာဘာသာတရားတွေကို ဒီကောင်ဖျက်ဆီးနေတယ်။
ဒီလိုဖျက်ဆီးလို့သူတို့အပါယ်သွားမှာကနောက်မှ။ လောလောဆယ်
ပြည်သူတွေဒုက္ခရောက်နေတယ်။
လက်ပံတောင်းတောင်ကိုကြည့်  ..  သမီးလေးကျေး၇ွာကိုကြည့် 
မီးကျောင်းကန်ကိုကြည့် ၊ ဒီလိုလုပ်နေတာ နိုင်ငံအ၀ှမ်းဘဲ။ (ကပစ)
ကသိမ်းထားတဲ့လယ်မြေတွေကြောင့်အတိဒုက္ခရောက်နေကြတဲ့
မကွေးတိုင်းထဲက  ..  အို  ..  ဒါတွေသာရေးပြရရင် နောက်နှစ်
သင်္ကြန်တောင်ပြီးမှာမဟုတ်ဘူး။
ဒါ့ကြောင့် “နိုင်ငံတော်အစိုးရ” ဆိုတဲ့နာမည်ကြီးအတိုင်း ပြည်သူနဲ့
နိုင်ငံကို စိုးမိုးနှိပ်စက်နေတာတော့ လွန်နေပြီ။ စစ်အရေခွံတုန်းက
လည်းတစ်မျိုး ၊ တိုက်ပုံဝတ်တော့လည်းတစ်ဖုံ  .. ဆိုသလို တို့ပြည်
သူတွေ ခံစားရတဲ့အတိဒုက္ခက မသေးလှဘူး  .. ကွယ်  .. ။
ဒါ့ကြောင့် မြန်မာနိုင်ငံမှာ “ နိုင်ငံတော်အစိုးရ” အစား “ပြည်သူ့အကျိုးဆောင်” အဖွဲ့များအား အလိုရှိပါတယ်လို့ သင်္ကြန်
နှစ်ဦးဒဿနအဖြစ် အသိပေးပါရစေ။

၂၀၁၄မဟာသင်္ကြန်အထူးသတင်း

၂၀၁၄မဟာသင်္ကြန်အထူးသတင်း
✂•••× ✂•••× ✂•••×✂•••×
မြန်မာ့ Mpt ကြီးသည် မဟာစူဠလိပ်ကြီး၏သွားနှုန်းထက်
၉၀၀၀၀၀၀၀၀ ဒီဂရီလျှော့၍ မဟာသင်္ကြန်တွင်အထူးဝန်
ဆောင်မှုပေးမည်ဖြစ်သည်ဟု ဆက်သွယ်ရေးဝန်ကြီးမှပြောကြား။
ယင်းကို သလဒသိန်းစိန်ရဲ့ပြောရေးဆိုခွင့်ရှိသူ ရဲထွဋ်က . .
ဒါဟာမြန်မာနိုင်ငံရဲ့အနာဂါတ်အတွင်ကောင်းမွန်သောအလားအလာ
များဖြစ်သည်ဟု အလင်းရှင်အား ထုတ်ဖေါ်ပြောကြားခဲ့သည်။
အော်ရီဒူးက လက်ခုပ်တီး၍ထောက်ခံသလို
တယ်လီနော့ကလည်း သဘောကျနေပါသည်။
မသာစစ်ခွေးဆိုးကြီးသန်းရွှေကတော့ .. ဒီအတိုင်းလေးပဲထိမ်းထားပါဟု
ပြောဆိုခဲ့ကြောင်း နှစ်သစ်ကူးတွင်သွားရောက်ကန်တော့ခဲ့ကြသည့်
အောင်သောင်းကြီးက အလင်းရှင်အား တမြန်နေ့ကထုတ်ဖေါ်ဝံခံခဲ့သည်။
အထက်ပါသတင်းအချက်အလက်များကိုကြားသိကြသော
ဖေ့ဘွတ်ပေါ်ရှိ .. လော်ဘီမျိုးချစ်များ၊ သခင်အမည်ခံများ၊ ခရိုနီခြံစောင့်
လော်ဘီများ မှ ခေါင်းတစ်ဆတ်ဆတ်ညိတ်ကာ မိမိတို့လော်ဘီကြေးများ
တိုးမြှင့်ရရှိနိုင်ရန် ဆက်လက်လော်ဘီလုပ်ရင်း လော်ဘောများဖြစ်ကုန်သည်။
█ ░ အလင်းရှင် ░ █

သလဒကြီးဦးသိန်းစိန် Mpt သို့ပြောကြားသောလှို့ဝှက်သတင်းစကား

Photo: သလဒကြီးဦးသိန်းစိန် Mpt သို့ပြောကြားသောလှို့ဝှက်သတင်းစကား
☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀ ☀ ✂•••× ☀ ✂•••×✂•••× ☀ 
သင်္ကြန်ကာလအတွင်းတွင် ပြည်သူများအား အထူးဝန်ဆောင်မှု
တစ်ရပ်နေဖြင့် သလဒကြီး သိန်းစိန်ရဲ့ ညွှန်ကြားချက်အရ Mpt 
မှနေ၍ ဖုန်းများအတွင်းသို့ အောက်ဖေါ်ပြပါအချက်များ Message
အဖြစ်ဝင်လာပါလိမ့်မည်။
(၁) သင်္ကြန်ရဲ့ အပူအအေးဒါဏ်ခံနိုင်ရန် ဘီယာအရက်အစား နွားနို့တစ်ခွက်
သောက်သုံးရန် . .။
(၂) ရေပတ်ခံထွက်သူများ ညနေပိုင်းထမင်းတနပ်လျှော့စားရန်
(၃) သီတင်းသီလစောင့်သုံးသူများ လုံးဝထမင်းမစားရန်
(၄)Mpt သည် စူဠလိပ်သွားနှုန်းထက် အဆတစ်ထောင်နှေးမည်ဖြစ်ကြောင်း
ပြောကြားလိုက်ပါသည်။
ပုံ/
သလဒကြီး သိန်းစိန်

သက်တော်(၄၀)နှစ်ပြည့် ဒဿနများ(၀၀၁၃)

Photo: သက်တော်(၄၀)နှစ်ပြည့်
☀ ☀ ☀ ☀ ☀ ဒဿနများ(၀၀၁၃)
   ̏ ဗုဒ္ဓဘာသာမဟုတ်ဘူး အာဏာရှင်ဘာသာ˝
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►
တို့ စာတွေအများကြီးရေးခဲ့တယ်လိုမဆိုဘူး  ရေးနိုင်သလောက်ကိုရေးခဲ့ပြီးပြီ
အထူးသဖြင့် မောက်စ် ကိုင်တဲ့ ညာဘက်လက်ညှိုးဟာ ကိုက်ကိုက်နေတယ်။
အခုဘယ်လက်နဲ့ပြောင်းသုံးနေရတယ် ဒီလိုတို့ကျိုးစားတာဟာ ကုသိုလ်ယူရုံ
လောက်နဲ့မဟုတ်ဘူးကွဲ့။သံသာရာမှာ တင်ရှိခဲ့ဘူးတဲ့ကျေးဇူးများကို နဲနဲလေး
အားစိုက်ပြီး ဆပ်တဲ့သဘောပဲ။ ကုသိုလ်ဆိုတာ ခွေးဘ၀ရောက်ရင်တောင်
ယူလို့ရပါတယ်။ ပိဋကတ်မှာဖတ်ရင်တွေ့ပါတယ်။ တို့ဘာတွေရေးထားတာ
ဆိုတာ www.alinshin.co.vu မှာဝင်ကြည့်လို့ရတယ်။
ဒါ့ကြောင့် တို့စာရေးတာ ကုသိုလ်လိုချင်ရုံနဲ့မဟုတ်ဘူးကွဲ့။ ဗုဒ္ဓမြတ်စွာရဲ့မဟာ
ကျေးဇူးတရားများ ဓမ္မသံဃမိဘဆရာသမားများရဲ့ ကျေးဇူးတရားများကိုဆပ်
လို၍ ရေးမှတ်နေတာပါ။ အခုဒီကနေ့ အများပြောနေတဲ့ မြန်မာပြည်ကဗုဒ္ဓဘာသာ
ဆိုတာ မဟုတ်ဘူးကွဲ့။ အာဏာရှင်ဘာသာပါ။ ဗုဒ္ဓ၀ါဒကိုမင်းတို့ ဖတ်ကြည့်
မြန်မာပြန်တွေရှိတယ်။ အာဏာရှင်မဆန်ဘူး။ အခု(မဟန)ဆိုတာအာဏာရှင်
ရဲ့အလိုကျဗုဒ္ဓ၀ါဒကိုပုံဖေါ်နေတာ။ ဒါ့ကြောင့် တို့ကတော့ ဗုဒ္ဓ၀ါဒကို ကြည်ညို
သမှုပြုပြီးစာရေးတာ ပိဋကတ်သုံးပုံကို (မဟန)အလိုကျတော့တို့ခေါင်းငုံ့မခံဘူး
ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်လည်း သံဃခေါင်းဆောင်အဖြစ် မထားခဲ့ဘူး၊ ဒါ့
ကြောင့် အခုလို သိမ်ဖျက်၊ စေတီဖျက် ၊သံဃာသတ်တာကို လက်ခံနေတဲ့ စစ်ခွေး
အလိုကျ (မဟန)ကို တို့သံဃခေါင်းဆောင်အဖြစ် လက်မခံဘူး။ အဲဒီလို သက်
ရင့်မကြီး သက်ကြားအိုကြီးတွေရဲ့ လောကဇောကို ဘုရားသိရင်လည်း (မောဃ
ပုရိသ)လို့ ပြောမှာပဲ။
အေး ဒါ့ကြောင့် တို့ကိုးကွယ်တဲ့သံဃာစရင်းမှာ (မဟန)မပါဘူး။ 
မည်သူမဆို ဤဓမ္မဒါနကုသိုလ်ကို Share နိုင်ပါသည်။

အလင်းရှင် ဘုန်းဘုန်းလည်း အဲလိုဖြစ်နေတယ် . .

အလင်းရှင် ဘုန်းဘုန်းလည်း အဲလိုဖြစ်နေတယ် . .
ငိုမလိုပဲ .. ဒါပေမယ့် သူနဲ့ကိုယ့်အဖြစ်က
ငိုထားထက် ရယ်အားသန်နေတယ် ..
အင်း . .
စစ်ခွေးတို့ခေတ်မှာတော့ ဘုရားလည်မိုင်းခွဲခံရတာပဲဆိုတော့
ကိုယ်တော်ရေ ..
ဆရာတော်ရေ ..
အရှင်ဘုရားရေ ..
ပြေးနိုင်မှလွတ်တော့မယ် ဘုရား .. ။
█ ░ အလင်းရှင် ░ █

ဘင်္ဂလားဒေရှ့်မှအစွန်းရောက် အကြမ်းဖက်သမားတချို့ မြန်မာနိုင်ငံအတွင်းသို့သင်္ကြန်ကာလအတွင်းဝင်ရောက်ရန်ကြိုးပမ်း

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsRp3UhigVFf7hnR-UUDDlrR9wVn-kfg94eSk3A_H69_uYAqJ61o4aTSgHlgFXjWmIKFiApqjkJPKdCw69HybNDd3cqspLZfVmeRNPMKS44hRN95FLwMOShsM4RsJiUrZ6yoDbC-rNrNdS/s1600/11.jpg

ရန်ကုန်၊ ဧပြီ ၁၀- ဘင်္ဂလားဒေရှ့်မှ အစွန်းရောက် အကြမ်းဖက်သမား တချို့ မြန်မာနိုင်ငံအတွင်းသို့
သင်္ကြန် ကာလအတွင်းဝင်ရောက် ရန်ကြိုး ပမ်း နေကြောင်း အင်တာပိုမှ သတင်းပေး ပို့ထားသည်ဟု
 နိုင်ငံတော် လုံခြုံရေး နှင့်ထောက်လှမ်းရေးဌာနမှအဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

ယင်းကဲ့သို့အကြမ်းဖက်သမား တချို့ဝင်ရောက်ရန်ကြိုးပမ်းနေမှုများ ကို အင်တာ ပို ရဲတပ်ဖွဲ့က စုံစမ်း ထောက်လှမ်းမိခဲ့ပြီး ကြိုတင်တားဆီး မှုများရရန် အတွက် မြန်မာနိုင်ငံရဲတပ် ဖွဲ့ကို အသိပေးထားကြောင်း အဆင့် မြင့်အရာရှိက ဆက်လက်ပြောကြား သည်။

ယင်းက ““အဓိကစောင့်ကြည့် ရမှာကတော့ ရခိုင်ပြည်နယ်ဘက် ကိုပဲ စောင့်ကြည့်ရမှာ။ ဒီသတင်း
က ကျွန်တော်တို့မြန်မာနိုင်ငံရဲတပ် ဖွဲ့ကို အင်တာပိုက အသိပေးအ ကြောင်းကြားထားတာပါ။
လုံခြုံရေး အရတော့ တင်းတင်းကျပ်ကျပ်လုပ် နေပါတယ်။ လတ်တလောတော့ စိတ်ပူစရာ အခြေအနေမရှိပါဘူး။ဒီ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံ ကို ၀င်ဖို့ကြိုးပမ်းနေ တယ်ဆိုပြီး အသိ ပေးထားတာ””ဟုပြောသည်။

မြန်မာနိုင်ငံရှိနယ်စပ်နေရာများ တွင်လည်း အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံသားများ တရားမ၀င် ၀င်ရောက် မှုမရှိစေရန်လည်း လုံခြုံရေးစီစီတီဗွီ ကင်မရာတပ် ဆင်ထားကြောင်း သိ ရသည်။ ရန်ကုန်သင်္ကြန်တွင်လည်းလုံခြုံ ရေးအနေဖြင့် မဏ္ဍပ်များတွင် စီစီ တီဗွီလေးလုံးမှခြောက်လုံးအထိတပ် ဆင်ပေးထားပြီး မဏ္ဍပ်များအနီး တွင်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များက လုံခြုံရေးစောင့်ကြပ် မည်ဖြစ် ကြောင်း သိရသည်။

အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးမြင့်အေးက ““မဏ္ဍပ်လုံခြုံ ရေးတွေ အတွက်
တစ်ခုချင်းလိုက်ပြီး စစ်ဆေးနေတယ်။ အတတ်နိုင်ဆုံး လုံခြုံရေး အတွက် ဆောင်ရွက်နေတယ်။ အများပြည်သူတွေအနေနဲ့လဲ မသင်္ကာစရာ အထုပ်တွေ၊ လူတွေ တွေ့ရင်နီးစပ်ရာရဲစခန်း
ကိုအကြောင်း ကြားဖို့ပြော ချင်ပါတယ်”ဟုပြော သည်။ ရန်ကုန်တိုင်းဒေသကြီးတွင်မဏ္ဍပ်ပေါင်း
၉၃ခုရှိကြောင်းသိရ သည်။
[--Democracy today Daily Newspaper--]
Myanmar News Network
သစ်ထူးလွင်
အလင်းရှင်

Wednesday, April 9, 2014

တက္ကစီမောင်းသူအမျိုးသားကို အမျိုးသမီးမှဓါးထောက်မုဒိန်းကျင့်

အိန်ဂျလီနာ ဂျိုလီနဲ့ ရုပ်ချင်းဆင်တူပြီး အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ Luminita Perijoc ဆိုသူ ရိုမေးနီးယန်း အမျိုးသမီးကို တက္ကဆီမောင်း သူအား ရန်ပြုတိုက်ခိုက်ခဲ့တဲ့အတွက် ထိန်းသိမ်း ထားခဲ့တဲ့  ဖြစ်ရပ် တစ်ခု  ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါအမျိုးသမီးဟာ အသက် ၃၅နှစ်ရှိ တက္ကဆီမောင်းသူ Nicolae Stan နဲ့၂၀၁၂ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ သူမဈေးဝယ်ပြန်လာရာကနေ သူမအိမ်ရှိရာ Tulcea မြို့ကို ပြန်ဖို့အတွက် Nicolae ရဲ့ ကားကို ငှားခဲ့ခြင်း ဖြစ်ပါတယ်။ သူမအိမ်ရောက်တဲ့အခါမှာ သူ့ရဲ့ဖုန်းနံပါတ်ကို တောင်းခဲ့ပါတယ်တဲ့။ ဒါကလည်း နောက်တစ်ကြိမ် သူမကားငှားဖို့အတွက်လို့ အကြောင်းပြခဲ့ပါတယ်။

သူ့ဖုန်းနံပါတ်ပေးပြီးနောက် အချိန်အတော်ကြာပြီး သူမက ၀ိုင်ပုလင်းများစွာ သွားယူပြီး သူမထံလာပို့ပေးနိုင်မလားလို့ မေးမြန်းခဲ့ပါတယ်။ ဒါနဲ့ သူသဘောတူပြီး သူမအိမ်ကို သွားပို့ပေးခဲ့ပါတယ်။ အိမ်ရောက်တဲ့အခါမှာတော့ သူ့ကို သူမက ပွေ့ဖက်ပြီး အိမ်ထဲခေါ်ဆောင်ကာ သူမနဲ့ လိင်ဆက်ဆံဖို့ အတင်းအကျပ် စေခိုင်းခဲ့ပါတယ်။

သူငြင်းဆန်တဲ့အခါမှာတော့ သူမက ၁၀ စင်တီမီတာ ပမာဏရှည်တဲ့ ဓါးကို ထုတ်ပြီး အ၀တ်အစားများ ချွှတ်စေခဲ့ပါတယ် လို့ သူက တရားရုံးမှာ ထွက်ဆိုပါတယ်။ သူဟာ အိပ်ခန်းထဲကို အတင်းပြေးဝင်ပြီး ရဲကို အကြောင်းကြားနိုင်ခဲ့လို့သာ လွတ်မြောက်ခဲ့ခြင်း  ဖြစ်တယ်လို့ ပြောပါတယ်။

ရဲတွေ ရောက်ရှိလာတဲ့အချိန်မှာတော့ ကိုယ်တစ်ပိုင်းချွတ်အမျိုးသမီးတစ်ဦးနဲ့ ဒါဇင်ဝက် အရေအတွက်ရှိတဲ့ ဓါးထိုးရာတွေနဲ့ Mr Stan ကိုတွေ့ခဲ့ရပါတယ်။

သူမဟာ တရားခံဖြစ်ကြောင်း သိသာထင်ရှားတဲ့အတွက် တရားရုံးက ထောင်ဒဏ်ငါးနှစ်ကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ သို့သော်လည်း သူမရဲ့ လက်ရှိကျန်းမာရေး အခြေအနေဲ့ စိတ်ဝေဒနာကြောင့်  လေးနှစ် စောင့်ကြည့်ခံရဖို့  ပြင်ဆင်ချမှတ်ခဲ့ပါတယ်။

အဆိုပါ ပြင်ဆင်ချမှတ်လိုက်တဲ့ အမိန့်ကိုတော့ တရားလို Mr Stan က ယခုလို ပြောဆိုခဲ့ပါတယ်။ သူမကို ယခုလို အမိန့်ချမှတ်လိုက်တာဟာ ကျွန်တော့်ကိုတော့ အသိတွေ သူငယ်ချင်းတွေရဲ့ လှောင်ပြောင်ခြင်း ခံရဖို့ တစ်သက်လုံးစာ အမိန့်ချလိုက်သလိုပါပဲတဲ့။ အခုဆိုရင် ကျွန်တော်ဟာ ဖျော်ဖြေရေး သမားတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေပါပြီ။ ကျွန်တော့်အကြောင်းကို လူတိုင်းက ပြောနေကြပြီလို့ ဆိုပါတယ်။

သူတို့တွေ ကျွန်တော်ဘာလို့ ဒီမိန်းမကို ငြင်းဆန်ခဲ့တယ်ဆိုတာ နားလည်မှာ မဟုတ်ဘူး။ ဓါးထောက်  အော်ဟစ်ပြီး  လိင်ဆက်ဆံခိုင်းနေတဲ့ အရူးမတစ်ယောက်နဲ့ ဘယ်သူက ဆက်ဆံချင်မှာလဲ။ ဒါတွေ သူတို့မသိကြဘူးလို့ ပြောပါသေးတယ်။

သူတို့က အဲဒီမိန်းမကို ကြည့်လိုက် ကျွန်တော့်ကိုကြည့်လိုက်နဲ့ ရယ်ကြတယ်ဗျာ။ အဲဒီမိန်းမကလည်း ရူးသာရူးတာ။ နာမည်ကျော် မင်းသမီး အိန်ဂျလီနာ ဂျိုလီနဲ့ တူတာကိုးဗျ။ မသိတဲ့သူကဆိုရင် Miss Romania က လည်ပင်းကို ဓါးထောက်ပြီး လိင်ဆက်ဆံခိုင်းတယ် ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့တောင် ပြောကြမယ့် သဘောရှိတယ်လို့ သူက ဆိုပါသေးတယ်။

ကလေးသုံးယောက် ဖခင် ကားသမားဖြစ်သူက ထပ်ပြောပါသေးတယ်။ ကျွန်တော်ထင်တယ် ဒီအမျိုးသမီး တစ်ခါမှ အငြင်းမခံရဖူးနဲ့ တူတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ငြင်းလိုက်တဲ့အခါ သူမ အရမ်းကို ဒေါသထွက်သွားတယ်။ ဒါနဲ့ ဓါးနဲ့ထောက်ပြီး ကျွန်တော့်ကို အ၀တ်တွေ ချွှတ်ခိုင်းပြီး သူမနဲ့ ဆက်ဆံခိုင်းတယ်။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ နှစ်ကြိမ်တိုင်တိုင် ဆက်ဆံပေးခဲ့ပါတယ်။

 ဒါပေမယ့် သုံးကြိမ်မြောက် မှာတော့ ကျွန်တော်လည်း ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ ဒါနဲ့ သူမလည်း အလိုမပြည့်ဘဲ ကျွန်တော့်ကို ဓါးနဲ့ထိုးတော့တာဘဲ။ ကျွန်တော် သူစိတ်ကျေနပ်အောင် oral sex လုပ်ပေးပေမယ့် ကျွန်တော့်ကို ဓါးနဲ့ ဆက်ထိုးနေခဲ့တယ်လို့ ပြောပါတယ်။

သူမဟာဆိုရင် ဂျိုလီရဲ့ ပရိသတ်တစ်ဦး ဖြစ်ပြီး Tomb Raider star မှာ သူမကိုယ်သူမ မော်ဒယ်တစ်ဦး ကဲ့သို့ သတ်မှတ်ထားကြောင်း သိရပါတယ်။

World Myanmar
သစ်ထူးလွင်
အလင်းရှင်

အိုဘားမား ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်အဖြစ် အခုလာမယ့် နိုဝင်္ဘာလအတွင်း သွားရောက်ပါလိမ့်မယ်။

နယူးယောက်မြို့မှာ အင်္ဂါနေ့က ကျင်းပတဲ့ (Asia Society Policy Institute) အာရှလူ့ဘောင်မူဝါဒသိပ္ပံ တရားဝင် စတင်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး William Burns က လာ မယ့် ဆောင်းဦး ရာသီမှာ သမ္မတအိုဘားမားဟာ APEC ခေါ် အာရှ ပစိဖိတ်ဒေသ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးညီလာခံ အပါအဝင် ဒေသဆိုင်ရာညီလာခံတချို့ကို တက်ရောက်ဖို့အတွက် မြန်မာ၊ တရုပ်နဲ့ သြစတေးလျနိုင်ငံတွေကို သွားရောက်မယ်လို့ ပြောကြားခဲ့ပါတယ်။ RFA ကရတဲ့ သတင်းအရ သမ္မတ အိုဘားမား ဟာ နေပြည်တော်မှာ လာမယ့် နိုဝင်္ဘာ ၉ ရက် သို့မဟုတ် ၁ဝ ရက်နေ့ စတင်ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံကို တက်ရောက် ရင်း မြန်မာခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ APEC ထိပ်သီးညီလာခံကိုလည်း အဲဒီရက်ပိုင်း အတွင်းမှာပဲ တရုပ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပဖို့ ရှိပါတယ်။

သမ္မတအိုဘားမားဟာ မြန်မာနိုင်ငံကို ၂ဝ၁၂ ခုနှစ်နိုဝင်္ဘာလက ပထမအကြိမ် သွားရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်နဲ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တွေ့ဆုံခဲ့ပါတယ်။
အခုလာမယ့် နိုဝင်္ဘာလ ခရီးစဉ်အတွင်း မြန်မာအစိုးရခေါင်းဆောင်တွေ နဲ့ တွေ့ဆုံရာမှာတော့ လတ်တလောဖြစ်ပွါးခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး ဆိုင်ရာ မငြိမ်မသက်မှုတွေအပါအဝင် လူ့အခွင့်ရေးဆိုင်ရာပြသနာတွေကို အဓိက ထားဆွေးနွေး ပြောကြားမယ် လို့ မျှော်လင့်ရပါတယ်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး William Burns က မြန်မာပြည်က မငြိမ်မသက်မှုတွေ အထူးသဖြင့် ရခိုင်ပြည်နယ်က ပြသနာတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူးစိုးရိမ်ပူပန်နေကြောင်း နယူးယောက်မြို့ အခမ်းအနားမှာ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

RFA Burmese
သစ်ထူးလွင်

█ ░ အလင်းရှင် ░ █

ကမ္ဘာတလွှား ကွန်ပြူတာသုံးစွဲသူတွေအား သတိပေးလိုက်ခြင်း

အင်တာနက် လုံခြုံမှု ဘယ်လောက် ရှိသလဲ
ကမ္ဘာတလွှားက ကွန်ပြူတာ သုံးစွဲသူတွေ အနေနဲ့ passwords ပြောင်းပစ်ဖို့ အင်တာနက် လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

သိန်းသန်းချီတဲ့ ဝက်ဘ်ဆိုက်တွေက သုံးတဲ့ ကွန်ပြူတာ လည်ပတ်ရေး စံနစ် OpenSSL ထဲမှာ Heartbleed လို့ခေါ်တဲ့ ဗိုင်းရပ်စ် ပိုးတမျိုးကို ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။

Heartbleed ကနေ သူများတကာရဲ့ ကွန်ပြူတာ လုံခြုံရေး စံနစ်ထဲ ခိုးဝင်သူ Hacker တွေက ကိုယ်ရေး အချက်အလက်တွေ ဖြစ်တဲ့ passwords တွေနဲ့ အကြွေးဝယ်ယူခွင့် ကဒ်ပြား credit card အသေးစိတ် အချက်အလက်တွေကို ဝင်ကြည့်နိုင်တာ ဖြစ်ပါတယ်။

အခုလို လုံခြုံရေး အရ စိုးရိမ်ပူပန်စရာတွေ ရှိနေတဲ့ အတွက် အင်တာနက် ကနေ တဆင့် လျှပ်စစ် မီတာခ တောင်းခံတဲ့ ဝန်ဆောင်မှုကို လူတွေ ဝင်ကြည့်လို့ မရအောင် ယာယီ ဖြတ်တောက် ထားလိုက်တယ်လို့ ကနေဒါ နိုင်ငံ အခွန်အခ ကောက်ခံရေး အေဂျင်စီက ပြောပါတယ်။

အခုလို အင်တာနက် လုံခြုံရေး ပျက်သွားခဲ့ပြီးတဲ့ နောက်ပိုင်း ဝက်ဘဆိုက်တွေ တိုက်ခိုက်ခံရတာ မကြားရသေးပါဘူး။
ဘီဘီစီ (မြန်မာပိုင်း)
သစ်ထူးလွင်

█ ░ အလင်းရှင် ░ █

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget