.

AlinShin

Tuesday, March 25, 2014

မရဏမင်း၏သားကောင်များ MH 370 သတင်း

မလေးရှား လေကြောင်းဌာန၏ MH 370 နောက်ဆုံး အဆုံးသတ်ပြီ ။
မလေးရှားလေကြောင်း ပိုင် Boring 777-200 အမျိုးအစားလေယာဉ် ကြီး၏ ကွာလာလမ်ပူ - ပေကျင်း ခရီးစဉ် ဖြစ်သော ပျံသန်းအမှတ် MH370 သည် ယနေ့ ၂၄.၃.၂၀၁၄ တွင် တောင်အိန္ဒိယ သမုဒ္ဒယာတွင်း သို့ ပျက်ကျ ခဲ့ပြီး ခရီးသည် ၊ လေယာဉ် အမှုထမ်း အားလုံး အသက်ဆုံးရှုံးပြီးဖြစ်ကြောင်း ကို မလေးရှား နိုင်ငံ ၏ ရုပ်သံ လိုင်းများမှ တဆင့် မလေးရှား ဝန်ကြီးချုပ် Najib မှ ရှဖွေသူများ၏ အတည်ပြုချက်အရ ဝမ်းနည်းစွာ ကြော်ငြာကြောင်း သိရှိရသည် ။
ကမ္ဘာ့ပထမဦးဆုံး အင်ဂျုင် ၂ လုံးတပ် လေယာဉ်Model ဖြစ်သော Boeing 777-200 သည် သမိုင်းတစ်လျှောက် လုံခြုံမှု အရှိဆုံး လေယာဉ် အမျိုးအစား အဖြစ် သတ်မှတ်ခံထားရသော လေယာဉ် ဖြစ်ပြီး အရေးပေါ် ကိစ္စ အတွက် မိနစ် ၁၈၀ တိတိ လေပေါ်တွင် နေနိုင်သည့် ပထမဆုံး လေယာဉ် အမျိုးအစား ဖြစ်သည် ။ ထို့အတူ အင်ဂျင် ၁ လုံးပျက်စီးပါက ကျန် အင်ဂျင် ၁ လုံးဖြင့် လေပေါ်တွင် ၃ နာရီနေနိုင်သော ကမ္ဘာ စိတ်အချရဆုံး လေယာဉ် အမျိုးအစား လည်းဖြစ်ကြောင်းနိုင်ငံတကာ သတင်းဌာနများမှ မှတ်ချက်ပေးခဲ့ကြရသည် ။
ပထမဆုံးBoeing 777-200 လေယာဉ် မတော်တဆ မှုဖြစ်ခဲ့သော Asiana လေကြောင်းလိုင်း အပြီး ယခု မလေးရှား အဲလိုင်း ပျက်ကျမှုသည် လေယာဉ်၏ ချွတ်ယွင်းမှုဖြစ်မည်ဆိုပါက MH370 - Boeing 777-200 လေယာဉ်အမျိုးအစားတွင် ဒုတိယ မြောက် ပျက်ကျသည့် လူသေဆုံးမှုအများဆုံးသော လေယာဉ်ဖြစ်ပေလိမ့်မည် ။
လွန်ခဲ့သော မတ်လ ၈ ရက်နေ့ နံနက် ၁ နာရီ ၅၀ ခန့်တွင်မူ အဆိုပါ မလေးရှား အဲလိုင်း ပိုင် ဘိုးရင်း ၇၇၇-၂၀၀ မော်ဒယ် (ကမ္ဘာ့စိတ် အချရဆုံးလေယာဉ်အမျိုးအစားကြီး) ရုတ်တရက် ပျောက်ဆုံးနေပါသည်ဆိုသော အခါ ကမ္ဘာ့ နိုင်ငံတိုင်းသည် မေးခွန်းများစွာ ၊ အံအားသင့်မှုများစွာ ဖြင့် ကမ္ဘာဂြိုလိ၏ တတိယ အကြီးဆုံးသော သမုဒ္ဒယာ ဖြစ်သည့် အဒ္ဒိယ သမုဒ္ဒယာ အတွင်း ပိုက်စိပ်တိုက် ရှာကြရတော့သည် ။
ထိုသို့ ရှာဖွေမှု ရက်များအတွင်း နိုင်ငံတကာ အကူအညီများ (မြန်မာအပါအဝင်) အပြင် ...
သတင်းပေးမှုများ ၊ နိုင်ငံတကာ မှော်ပညာရှင်များ ၊ နိုင်ငံတကာ ဗေဒင်ပ ညာရှုင်များ ၊ နိုင်ငံတကာ ဘာသာ အလိုက် လူစွမ်းကောင်းများသည် နိုင်ရာ ဆိုင်ရာ ပညာများဖြင့် လေယာဉ်ကြီးအား ရှာဖွေ ကြရာ လေယာဉ် ရှာဖွေသည့် ဂိမ်း ဖြစ်သော Bomoh App အထိ ပင် နာမည်ကြီး ခဲ့ကြလေသည် ။
ယနေ့မူ ထိုသူများ အားလုံး ပညာစွမ်းပြ ရှာဖွေခဲ့ကြသောလေကြောင်း အမှတ် MH 370 လေယာဉ်ဖြစ်သည့် Boeing 777-200 အမျိုးအစားသည် တောင်အိဒ္ဒိယ သမုဒ္ဒယာ တွင် အပိုင်းအစ သေးသေး လေးအဖြစ်ဖြင့် မနည်းရှာဖွေ ခဲ့ရပြီး ထိုလေယာဉ်ပေါ်ပါဝင်သော ခရီသည် ၂၂၇ ဦး နှင့် လေယာဉ်ဝန်ထမ်း ၁၂ လုံး အသက်ရှင်မည် မဟုတ်ကြောင်းကို မလေးရှား ရုပ်သံ ဌာနများတွင် ယခု ကြော်ငြာပြီဖြစ်သည် ။
ထိုသို့ကြော်ငြာခဲ့ပြီးနောက် လေကြောင်း ပညာရှုင်များအားလုံး ထို MH 370 လေကြောင်းသည် အဆိုပါပျက်ကျရာ နေရာသို့ မည်မျှသော လေယာဉ်ဆီဖြင့် ပျံသန်းသည်ဆိုသည်ကို အဖြေအတိအကျရရှိကြတော့မည်ုဖြစ်ကြောင်း လည်း သတင်းဌာနများက ရေးသားသွားခဲ့သည် ။
Ref - http://www.stuff.co.nz/world/asia/9863247/Flight-MH370-crashed-in-Indian-Ocean-no-survivors
MH 370 သယ်ဆောင်သွားခဲ့သော လေယာဉ် ပေါ်တွင်ပါဝင်သည့် ခရီးသည် ၂၂၇ ဦး နှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး ပေါင်း ၂၃၉ ဦးထဲမှ တစ်ဦး (သို့) တစ်ဦး ထက်မက မှ အသက်ပေးအဆုံးစီရင်မှု (သို့) အသေခံ သေကြောင်းကြံမှု ကို ကျူးလွန်ကြောင်း လေယာဉ် ပျက်ကျရာနေရာ က သက်သေခံနေပြီဖြစ်ပေသည် ။
MH370 လေယာဉ် ပျောက်ဆုံးသော ၈.၃.၂၀၁၄ နံနက် ၁ နာရီ ၄၀ မှ ယနေ့တိုင် မီဒီယာများရေးသားခဲ့သော သတင်း အပုဒ်ရေ သောင်းပေါင်းများစွာ ကို အခြေခံသော်ငြား မည်သူ ၊ မည်သည့်အတွက် MH370 အားယခုလို အဆုံးသတ်သည်ကို မူ ယနေ့မည်သူမျှ မသိရှိနိုင်သေးပေ ။
စတင် ပျောက်ဆုံးကာစကတည်းက စိတ်ဝင်စားစရာကောင်းခဲ့သော MH370 သည် .. ယနေ့ည မျက်ရည်များစွာကြား အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း Malaysia's Prime Minister Najib နှင့် ညီဝမ်းကွဲ (ပို့ဆောင်ရးဝန်ကြီးဌာန သရုပ်ဆောင်ဝန်ကြီး) Hishammuddin Hussein တို့မှ တစ်ဦးမှ အသက်မရှင်ကြောင်း ကြော်ငြချာက်တွင် အဆုံးသတ်ပြီဖြစ်လေသည် ။
ကမ္ဘာ့စိတ်ဝင်စားစရာအကောင်းဆုံး လေယာဉ် အကြမ်းဖက်မှု အဖြစ် စံချိန်တင်သွားခဲ့သည့် Malaysia Airline MH370 (Boeing 777-200) ကွာလာလမ်ပူ - ပှကျင်းဇတ်လမ်းသည် ယနေ့မှ စတင်ကာ ပိုမိုစိတ်ဝင်စားစရာကောင်းတော့မည်ဟု မှတ်ချက်ချရတော့မည်ဖြစ်သည် ။
ယနေ့တိုင် အဖြေရှာမရသော ဇတ်လမ်းဖြင့် အဆုံးသတ်ခဲ့သည့် MH370 အကြောင်း နိုင်ငံတကာ မီဒီယာများမှ "အဖြေမရှိသေးသော မေးခွန်း ၅ ခု" ဆိုသည့် ခေါင်းစဉ်ဖြင့် ဆက်လက်ရေးသားနေမည် ကိုလည်း တွေ့ကြ ရမည်ဖြစ်လေသည် ။ ....
မည်သို့ပင်အဆုံးသတ်စေ ...
သားတစ်ယောက်အတွက် ပူဆွေးနေမည့် မိခင် ၊ ဖခင်များ ..
အဖေတစ်ယောက်အတွက် တစ်ကြော်ကြော်မေးနေဦးမည့် သား ၊ သမီးများ ...
ခင်ပွန်းတစ်ဦးအတွက် ကြေကွဲနေမည့် ဇနီးသည်များ ....
ဇနီးသည်တစ်ဦးအတွက် ယူကြုံးမရဖြစ်နေမည့် ခင်ပွန်းများ ....
ညီ တစ်ယောက်အတွက် ရင်ကွဲနေမည့် အကိုများ ...
အကိုတစ်ဦးအတွက် အစားထိုးမရတော့မည့် ညီများ..
ညီမတစ်ယောက်အတွက် မျက်ရည်ကျနေမည့် အမများ ...
အစ်မတစ်ယောက်အတွက် သောကပင်လယ်ဝေနေမည့် ညီမများ ...
ထို့အတူ
အလုပ်ရှင်တစ်ဦး အား ကြိုဆိုနေသော ဝန်ထမ်းများ ...
ခရီးသည်များအတွက် ဝန်ဆော်ငမှုပေးနေမည့် လေယာဉ်ဝန်ထမ်းများ...
ရိုးသားစွာ ဝမ်းရေးအတွက် ရှာဖွေနေသော သူများအားလုံး ..
ထိုသူများ၏ မိသားစုဝင်များအားလုံးသည် ...
ယနေ့ ဆိုးရွားစွာ ပူဆွေးနေမည်ကို နားလည်ကြေကွဲရင်..
***Pray for MH370 passenger's and Crew's Families***
Kayan Times
အလင်းရှင်

တုံရွာသူအသဲလဲမယ်လို့ ကြံ့တုန်း

တုံရွာသူအသဲလဲမယ်လို့ ကြံ့တုန်း
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  
တရုတ်ရဲ့ ၀ိသမလောဘဆန်မှုကို မြန်မာနိုင်ငံကပြည်သူတွေတင်သိသည်မဟုတ်
ကမ္ဘာ့ပြည်သူတွေကပါသိနေပြီဆိုတာ ဒီ  
http://www.alinshin.co.vu/2014/03/blog-post_2160.html သတင်းမှာဖတ်ကြည့်ရင်သိပါတယ်။
အခုတော့ တုံရွာသူ ဒေါ်မာချိုက တို့မြန်မာပြည်သူတွေကိုယ်စား ကမ္ဘာကိုအသိပေး
လိုက်ပါတယ်။ သူ့မှာကိုယ်ပိုင်လယ်ယာမြေအသိမ်းခံရတဲ့အထဲမှာမပါဘူး။ သို့သော်
အသိပ်းခံတောင်သူတွေကိုယ်စား  ..  
အားမတန်လို့ မာန်မချဘဲ တရုတ်ကိုတိုက်မယ်ဆိုပဲ  ..  .။
ကြည့်စမ်း အညာသူအသဲက နေပူမှာမို့ မာနေရော့တာလားလို့ ငါစဉ်းစားမိတယ်။
ငါလည်း အမြဲစာရေးနေရတော့ အသဲနုတယ်ကွာ။
အညာသူဒေါ်မာချိုလိုအသဲမာအောင် တုံရွာမြေမှာတစ်ဝါလောက်တော့သွားဆိုးဦးမယ်။
ဟဲ  . .ဟဲ့  . . 
ငါ ၀မ်ပေါင်ကြိးကိုတော့ကြောက်တယ်ကွ။ ဘာဖြစ်လို့လည်းဆိုတော့
ဟိုစစ်ဗိုလ်ပြုတ်တွေတောင် တရုတ်ကိုကြောက်ရတယ်လို့ အတိအလင်းဝန်ခံထားတယ်လေ . .။
ဒီတော့က  . . တုံရွာမှာဝါမဆိုဘဲ  . . တုံရွာသူအသဲကိုအစားထိုးလဲလှယ်လိုက်ရင်
Ok သွားမယ်ထင်တယ်  . .
ဒါကလည်း မီးပျက်တဲ့မြန်မာပြည်မှ လဲလို့မဖြစ်ဘူး ကိုယ့်အသဲလည်းနေတုန်းမီး
ပျက်သွားရင် ဆရာဝန်တွေငါ့ကို ဒုက္ခပေးလိမ်မည်။
ကဲ မဖြစ်သေးပါဘူး  .. .ဒီကိစ္စကိုလွှတ်တော်ထဲတင်ပြီး ဆက်လက်ဆွေးနွေး
ရမယ်။ အောက်မလေး  . .. ပိုမဖြစ်သေးတယ်  . .။
လွှတ်တော်က တော်နေကြာ (မှတ်တမ်းတင်ထားလိုက်ပါမယ်) ဆို့ ဒုက္ခ။
█ ░ အလင်းရှင် ░ █

စေတနာမပါရင် ရွှေတိဂုံစေတီတော်ကိုလည်းဒီနေ့ကစဖျက်လို့ရပြီ

စေတနာမပါရင် ရွှေတိဂုံစေတီတော်ကိုလည်းဒီနေ့ကစဖျက်လို့ရပြီ
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ 
ဝီရသူ  . .ဘယ်လဲ  . .
ဒီမေးခွန်းအတွက် အဖြေကထွက်နေပြီ  .. 
တို့အစဉ်တစ်စိုက်အမျိုးဘာသာသာသနာအတွက်ထောက်ခံအားပေးခဲ့တယ်။
ကဗျာတွေရေးပြီး ဂုဏ်ပြုခဲ့တယ်။
ဟော့  . .အခုတော့
စတွေ့ပြီ  . . . ပေါ်ပြီ  . .
ဒင်းဟာ ဘယ်သူ့ရဲ့လက်ပါးစေဆိုတာ မြင်သာပြီ  .. 
ဟား  . ..  ဟား  . .
(၉၆၉) ခေါင်းဆောင်ဆိုတာ . . 
တကယ်တော့ စစ်ခွေးကြီးရဲ့သားတော်ပါလားကွ။
စေတနာမပါလို့အပြစ်မရှိဘူးဆိုရင်  . .
ရွှေတိဂုံကြီးကိုပါ မင်းအဖေတရုတ်က ဖျက်လိမ့်ဦးမယ်ဆိုတာမှတ်။
ကဲ  . .. ဗုဒ္ဓဘာသာဝင်သူတော်စဉ်တို့ရေ  . .
စေတနာမပါရင် ရွှေတိဂုံစေတီတော်လည်းဖျက်လို့ရတယ်ဆိုတဲ့လုပ်ထုံးလုပ်နည်း
အသစ်ကို (မဟန) က ညွှန်ကြားလွှာတစ်ရပ်ထုပ်ပါလိမ့်ဦးမည်။

ဝိသမလောဘတရုတ်တို့ရဲ့ လုပ်ရပ်များကို ကမ္ဘာကသိနေပြီ

ရန်ကုန်၊ မတ် ၂၄

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများတွင် နိုင်ငံတကာ စံချိန်စံနှုန်းနှင့် မကိုက်ညီသော စီမံကိန်းများကို အာဆီယံ ဒေသတွင်း နိုင်ငံများမှ သက်ဆိုင်ရာ အစိုးရများက တာဝန်ခံ ဖြေရှင်းပေးရန် အာဆီယံ ပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေး ဦးဆောင် ကော်မတီ တွဲဖက်ဥက္ကဋ္ဌ မစ္စဖရီမရူဒီဒေါင်ရွန်က မတ်လ ၂၄ ရက်နေ့က တိုက်တွန်း ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း သုံးရက်တာ ပြုလုပ်ခဲ့သော အာဆီယံ ပြည်သူ့ဖိုရမ်၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများမှာ နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် ညီညွတ်ခြင်း မရှိဘဲ တစ်ဖက်သတ် ချမှတ်ထားသော မူဝါဒများ ဖြစ်သောကြောင့် အာဆီယံ ဒေသအတွင်းရှိ ပြည်သူများ အကာအကွယ် ရရှိရေးအတွက် သက်ဆိုင်ရာ အစိုးရပိုင်းမှ တာဝန်ယူ ဖြေရှင်းရမည် ဖြစ်ကြောင်း မစ္စဖရီမရူဒီဒေါင်ရွန်က ပြောကြားသည်။

“မြန်မာနိုင်ငံမှာလည်း အစိုးရသစ် အနေနဲ့ တရုတ် စီမံကိန်းတွေကို ကိုင်တွယ်ရ ခက်နေပါတယ်။ ဒါဟာ ဘယ်အစိုးရတက်တက် အရေးတကြီး ဖြေရှင်းပေးရမယ့် ကိစ္စတစ်ရပ် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အရှေ့တောင်အာရှ ဒေသအတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်နေခြင်းကြောင့် ဒေသခံ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် အစိုးရ အဖွဲ့အစည်းများ အနေနှင့် ဂရုစိုက် ကိုင်တွယ်သင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းသို့ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများစုမှာ စံချိန်စံနှုန်း မမီသည်ကို ဆက်လက် လုပ်ကိုင်ရန် ခွင့်ပြုပေးနေသော အစိုးရပိုင်းကသာ အဓိက တာဝန်ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

“ကျွန်တော်တို့က တရုတ်ကို မုန်းလို့ မရဘူး။ သူက စီးပွားရေးမှာ ကျားတစ်ကောင် ဖြစ်နေပြီ။ ဒါပေမဲ့ ပြည်တွင်းမှာ လာရောက် လုပ်ကိုင် ရင်တော့ ဘယ်လို အာမခံချက်တွေကို ပေးရမယ် ဆိုတဲ့ အစိုးရရဲ့ မူဝါဒတွေ ရှိမှရမယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင်လည်း တရုတ်နိုင်ငံမှ လုပ်ဆောင်နေသော မြစ်ဆုံ ရေကာတာ စီမံကိန်းနှင့် ကျောက်ဖြူ စီမံကိန်းများမှာ ပွင့်လင်းမြင်သာမှု အားနည်းခြင်းနှင့် ဒေသခံများ ထိခိုက်နစ်နာမှု များကြောင့်ဟု ဆိုကာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက် ရှိသည်။

The Voice Weekly

ဘဏ္ဍာစားကိုသတိထား

ဝိနယပိဋကတ်အလိုအရ စေတီပုထိုးများကိုဘဏ္ဍာစာပေးပြီးပြောင်းရွှေ့ခွင့်ရှိတယ်
ဆိုတာ ရဟန်းတိုင်းသိတယ်။ ၀ိနည်းသင်ဖူးတဲ့လူများလည်းသိတယ်။
သို့သော်
လုပ်ထိုက်သည်မလုပ်ထိုက်သည်ကို (မဟန)ကြီးစဉ်းစားသင့်သည်။
လုပ်ကောင်းသည်မလုပ်ကောင်းသည်ကို (မဟန)ကြီးစဉ်းစားသင့်သည်။
လုပ်အပ်သည်မလုပ်အပ်သည်ကို (မဟန)ကြီးစဉ်းစားသင့်သည်။
စစ်ခွေးခိုင်းသမျှလုပ်ပေးနေလိုကတော့ ဒင်းလည်း စစ်ခွေးလိုမဟာအ၀ီစိဆင်းရမှာပဲ။
အခုအတိုင်းဆိုရင် မြန်မာဗုဒ္ဓဘာာသာသမိုင်းမှာ ဘယ်စေတီဖြစ်ဖြစ် ဘဏ္ဍာစာပေးပြီး
ဖျက်လို့ရတဲ့ လုပ်ထုံးလုပ်နည်းတစ်ရပ်အဖြစ် သမိုင်းဝင်သွားပြီ။
ဘယ်သိမ်ဖြစ်ဖြစ်ဘဏ္ဍာစာပေးပြီးဖျက်လို့ရသလို့ရတဲ့လုပ်ထုံးတစ်ခုသမိုင်းတွင်သွားပြီ
ဒီအတွက် ငါပြောနေတာ။
ဒီအတွက်ငါ အသိပေးနေတာ။
နောက်ပိုင်းကြရင် လူ့အသက်ကိုတောင် ဘဏ္ဍာစာပေးပြီး သက်လို့ရတဲ့လုပ်ထုံးလုပ်
နည်းတွေပေါ်လာတော့မယ်ဆိုတာ စဉ်းစားစရာဖြစ်လာပြီ။
တို့ပြည်သူတွေရဲ့အသက်တွေကို ဘဏ္ဍာစာပေးပြီး ခရိုနီသန်းကြွယ်သူဌေးတွေက
သတ်တော့မယ် . . ။
ဘဏ္ဍာစားပေးလို့ရစတမ်းဆိုရင် .. .
ရွှေတိဂုံစေတီတော်အောက်မှာ စိန်သိုက်ကြီးရှိလို့ တရုတ်က ရွှေတိဂုံစေတီကိုဖျက်
ခိုင်းရင် ယင်း(မဟန)ကြီးဘဏ္ဍာစာပေးပြီး ဖျက်ပေးမှာပဲလား . . .
စဉ်းစားကြ .. စာဖတ်ကြ . . ဒီလို အကုသိုလ်သက်ကြားရွယ်အိုကြီး(မဟန)ကြောင့်
သန်းခြောက်ဆယ်အတွက် ဘဏ္ဍာစာပေးပြီး အားလုံးကိုလုပ်လို့ရတော့မယ်ကိန်းပဲ။
█ ░ အလင်းရှင် ░ █

Photo: ဘဏ္ဍာစားကိုသတိထား
◄►✂•••× ✂•••× ◄►

ခလေးလောက်မှအသိမရှိခွေးလောက်သာအသိရှိသူ

လုပ်ဘုန်းကြီးခေါ်ကလေးလောက်တောင်အသိမရှိ ခွေးလောက်သာအသိရှိသူ
မဟန ဥက္ကဌ ဗန်မော်တွင်ခေါ် ဦးကုမာရာဘိဝံသ . .သိစေရန်တင်ပြလိုက်သည်
ဒီလောက်တောင်မှ မိုက်တွင်းနက်လှပါလား ။ ပိဋကတ်တော်အရ၊ အဋ္ဌကထာအရ၊ ဋီကာတို့အရ ဘဏ္ဍာစားပေးလို့ဖျက်လိုရတယ်ဆိုရင် . ..
ရွှေတိဂုံစေတီတော်ကိုရော ဖျက်ဖို့သြ၀ါဒပေးမှာလား
ကျိုက်ထီးရိုးစေတီတော်ကိုရော ဖျက်ဖို့သြ၀ါဒပေးမှာလား
နေပြည်တော်က ဥပ္ပါတသန္တိစေတီကိုရောဖျက်ဖို့သြ၀ါဒပေးမှာလား
မင်းက သြ၀ါဒပေးရအောင် . .
အဲဒီစေတီတွေက မင်းပိုင်လို့လားခွေးသူတောင်းစားရ
ဒါဆိုရင် ပုဂံကစေတီတွေကိုရော မင်းကဘဏ္ဍာစာပေးပြီးဖျက်ခိုင်းဦးမှာလား
မင်းရဲ့အသက်က သေတော့မယ်အရွယ် . . အသိဉာဏိမိုက်တွင်းနက်ပုံက
ကြီးမိုက်ကြီးပါလားကွာ။
မင်းလိုသက်ကြားအို လုပ်ဘုန်းကြီးကြောင့် မြန်မာပြည်မှာသမိုင်းဝင်ရှေးဟောင်း
စေတီပုထိုးတွေအကုန်လုံးဘဏ္ဍာစားပေးပြီးတရုတ်ကဖျက်တော့မယ်ဆိုတာမင်းသိရဲလား
ငါဆိုတဲ့အလင်းရှင်က မင်းမြေးအရွယ်လောက်သာရှိတယ်ပါကွာ။ ဒါပေမယ့် ဗုဒ္ဓသာသာနာ
ကိုကြည်ညိုတဲ့အဆင့်က မင်းရဲ့အဖေရဲ့အဖေထက်သာတယ်မှတ်။
မင်းကိုအခုလိုဆိုဆုံးမလို့ ငရဲရမယ်ဆိုရင် ရှင်မဟာသာရိပုတ္တရာကိုလမ်းညွှန်ဆိုဆုံးမတဲ့
ကိုရင်လေးလည်းအခုအထိအ၀ီစိကတက်ရမှာမဟုတ်ဘူးကွ။
မင်းတို့က တို့ဗုဒ္ဓဘာသာပြည်သူတွေကို .
(၁) အသက်နဲ့ကိုင်ပေါက်တယ်
(၂) ၀ါတော်နဲ့ကိုင်ပေါက်တယ်
(၃) ဘွဲ့တံဆိပ်တွေနဲ့ကိုင်ပေါက်တယ်
(၄) စစ်ခွေးခိုင်းသမျှလုပ်ပေးတယ်
█ ░ အလင်းရှင် ░ █

Photo: ခလေးလောက်မှအသိမရှိခွေးလောက်သာအသိရှိသူ
☀✂ ✂ ✂ ☀ ✂ ✂ ✂ ☀ ✂ ✂ ✂ ☀ ✂ ✂ ✂ ☀ 

တကယ့်ခေါင်းဆောင်

Photo: တကယ့်ခေါင်းဆောင်
☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀ 
ငါဟာ . . . 
သူတို့လို အဂ္ဂမဟာပဏ္ဍိတဘွဲ့ဂုဏ်တွေတော့မရှိဘူး
ဒါပေမယ့် 
ရှေးဟောင်းစေတီသိမ်တွေကိုဖျက်ဖို့သြ၀ါဒမပေးခဲ့ဘူးနော်။
ငါဟာ  .. 
သူတို့လို သန်းကြွယ်သူဌေးတော့မဟုတ်ဘူး
ဒါပေမယ့် 
သန်းခြောက်ဆယ်ရဲ့ဘ၀တွေကိုတော့မီးမရှို့ခဲ့ဘူးနော်။
ငါဟာ . . .
သူတို့လို သေနပ်ကိုခါးချိပ်နယ်တကာလှည့်ပြီးလူထုကိုပါးမရိုက်ခဲ့ပါဘူး။
ငါဟာ  .. 
သူတို့လို (မဘသ)နဲ့(၉၆၉)ခေါင်းဆောင်တော့မဟုတ်ဘူး
ဒါပေမယ့်
သမိုင်းဝင်ဗုဒ္ဓအမွေအနှစ်တွေကိုကန့်ကွက်တဲ့နေရာမှတော့
ငါဆိုတဲ့ကောင်က . . . တကယ့်ခေါင်းဆေင် . . ။

https://www.facebook.com/photo.php?fbid=480661292060736&set=a.153025728157629.30701.100003506093022&type=1&relevant_count=1
█ ░ အလင်းရှင် ░ █

ဘာသာပြန်ကဗျာ

ဘာသာပြန်ကဗျာ
◄►✂•••× ✂•••× 
စေတနာဆိုတာ ဘာကိုပြောတာလဲ ?
ရင်ထဲက သွန်ပြရဲတဲ့ . . .
လွှန်ချလိုက်တဲ့အတ္တကိုပြောတာပါကွာ။
မင်းတို့က ပါဠိကို ဒီလိုမှနားမလည်ကြပဲကို  .. .။
မှတ်ထားကြ  .. . 
အများအကျိုးအတွက် . . နာရီတွေကို မီးရှို့ရဲတဲ့ငါ့လိုကောင်ကိုမှ
စေတနာရှင်လို့မခေါ်ရင်  .. . .
အများအကျိုးအတွက် . . ငါ့ဘ၀ကိုပေးဆပ်ခဲ့တဲ့ ငါ့လိုကောင်ကိုမှ
ပါရမီလို့ခေါ်ထိုက်ရင်  . .. 
နောင်အဂါတ်အတွက်သမိုင်းဝင်တွေကိုမဖျက်ရန်တားဆီးနေတဲ့ငါ့လိုကောင်ကိုမှ
မျိုးချစ်လို့မခေါ်ထိုက်ရင်  .. . 
ခေါ်ကြပါစေတော့  . . 
မင်းတို့ရဲ့ (မဘသ) ကြီးကို  . .. . 
ပြောကြပါစေတော့  . .. 
မင်းတို့ရဲ့ (၉၆၉) ကြီးကို  .. 
ခေါ်ကြပါစေတော့ 
မင်းတို့ရဲ့ သိမ်ဖျက်သြ၀ါဒပေးတဲ့ (မဟန) ကြီးကို  .. 
ခေါ်ကြလေ  . ..တမ်းတကြလေ  .. 
အ၀ီစိကိုအတူသွားကြမယ့်အဖွဲ့တွေတော့မဖြစ်စေပါနဲ့လို့
အညတရအရဟန်းလေးအလင်းရှင် ဆုတောင်းလိုက်ပါတယ်။

https://www.facebook.com/photo.php?fbid=480656882061177&set=a.153025728157629.30701.100003506093022&type=1&relevant_count=1
█ ░ အလင်းရှင် ░ █

ရင်ထဲမှအုံ့ဆိုင်းနေသော . .မိုးတိမ်တို့ရဲ့အတ္ထုပ္ပတ္တိ

Photo: ရင်ထဲမှအုံ့ဆိုင်းနေသော  . .မိုးတိမ်တို့ရဲ့အတ္ထုပ္ပတ္တိ
☀✂ ✂ ✂ ☀ ✂ ✂ ✂ ☀ ✂ ✂ ✂ ☀ 
ဒကာ မိုးတိမ်ရယ် . . 
ငါ . . . မန္တလေးကိုချစ်သလို  .. 
ပုဂံကိုလည်းလွမ်းတက်လွန်းတဲ့ကောင်ပါ  .. ကွာ။
သို့သော်  . .. 
နေအရမ်းပူတော့မခံနိုင်ဘူးလေ . . ။ 
အဲဒီလို မိုးနဲ့ပြီးနေပူရှိုန်ကြောင့်
စေတီတော်တွေမှာ အက်စစ်ဒါဏ်မခံရတော့ အခုတိုင်းမဆွေးမြေ့ကြဘူးလို့
ပုဂံရောက်တိုင်းနေပူဒါဏ်ကို ယောနိသောမနသိကာရဖြစ်မိတယ်။
ပူပါစေ  . .နေမင်းရယ်  .. .
ပုဂံကစေတီပုထိုးတွေ ကြံ့ကြံ့ခံနိုင်ဖို့ ပူခြင်သလောက်ပူပါစေတော့ . .။
မရွာပါနဲ့ မိုးမင်းရယ်  .. 
ပုဂံကစေတီတော်အုတ်ကျိုးအုတ်ပဲ့တို့ မဆွေးမြေ့စေဖို့ပေါ့။
ပုဂံမှာမိုးမရွာလို့ စပါးမရဘူးဆိုရင်  .. 
ှုငါ့ရင်ဘတ်ကြီးကလည်မြေတွေပေါ်သွန်ချပေးပါ့မယ်။
ရင်ထဲကပုဂံ ကြံ့ကြံ့ခံနိုင်ဖို့ပေါ့  ..  ။
ငါ့လိုပဲ . .
ဗုဒ္ဓဘာသာဝင်တွေ မန္တလေးကိုချစ်၍ ပုဂံကိုလွမ်းတက်ကြပါစေ .. 
သယံဇာတတွေကို တန်ဘိုးထား၍ ရှေးဟေင်းလယ်တီသိမ်နဲ့စေတီတော်ကို ချစ်မြတ်နိုးကြပါစေ . .. 
ဒီလိုငါစေတနာတစ်ခုတည်းနဲ့ 
ငါအားတိုင်း စာတွေကဗျာတွေတင်ပေးနေတာပါ။
ဒါပေမယ့်ကွာ  . .
ဗမာတွေဟာ ပုဂံကိုမလွမ်းတက်ကြတော့သလို  .. 
မန္တလေးကိုလည်း မချစ်တက်ကြတော့ဘူး ..  
ငါ့ရဲ့အခုလိုစွပ်စွဲချက်ကို သက်သေပြပါဆိုရင်  . .
မုံရွာက ရှေးဟောင်းလယ်တီသိမ်နဲ့ သမိုင်းဝင်စေတီတော်ကို ဘယ်သူမှမကန့်ကွက်ကြတော့ဘူးလေ။
မှတ်ချက်။
မည်သူမဆို ကုသိုလ်ကမ္မပထစိတ်ဖြင့် Share မျှသာဓုခေါ်နိုင်သည်။

https://www.facebook.com/photo.php?fbid=480649445395254&set=a.153025728157629.30701.100003506093022&type=1&relevant_count=1
█ ░ အလင်းရှင် ░ █
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget