.

AlinShin

Tuesday, February 25, 2014

ကိုယ့်အမေကိုယ်ပြန်မုဒိန်းကျင့်သော . . သူများ (သိမ်အကြောင်းPdf)

̏  ဒကာသားစိုးရေ .. ˝

̏ ဘုရား˝

̏ မနက်ဖန် (၂၆) ရက်နေ့ လယ်တီသိမ်တော်ကိုဖျက်တော့မယ်ဆို˝

̏ မှန်ပါ့ဘုရား˝  ̏  သတင်းတော့ကြားနေရပါတယ်ဘုရား˝

̏ အေးကွယ် ˝
 ̏  မြန်မာနိုင်ငံတော့အာဖဂန်လိုမွတ်ဆလင်နိုင်ငံဖြစ်တော့မယ့်အရိပ်အယောင်ပဲကွ˝
̏ စက်တင်ဘာမှာ သံဃာတော်တွေကိုသတ်တယ်˝
̏ အခုတစ်ခါ ရှေးဟောင်းအမွေအနှစ်စာရင်းဝင်သိမ်ကို
ဖျက်တယ်˝
̏ ဒီလုပ်ရပ်တွေဟာ အတော်ကို ဘာသာမဲ့တဲ့လုပ်ရပ်ပဲကွ˝
̏ ကိုယ့်အမေကိုယ်ပြန်မဒိန်းကျင့်သလိုပဲ˝
̏ ကိုယ့်အဖေ ကိုယ်ပြန် သတ်သလိုလဲ အလားတူတယ်
˝
̏ ကိုယ့်ဘိုးဘွားတွေ ရိုသေဦးချကိုးကွယ်တဲ့
ဘာသာအထွဋ်အမြတ်သံဃာကို
သတ်တယ် ˝  ̏  ဟော  .. သိမ်ကို ဖျက်တယ်˝
̏ ဒီလို ကောင်တွေကို ( ဘဘကြီး) လို့ခေါ်နေတဲ့ကောင်တွေဟာ˝
လမ်းစဉ်တူ ၀ါဒတူတွေပဲ ကွ˝

̏ မှန်ပါ့ဘုရား˝
 ̏ စစ်ခွေးနဲ့ခရိုနီတို့ရဲ့ ခြေသုတ်ပုဆိုးများပါဘုရား˝

̏ အေး  ..  ဒကာသားစိုးရေ
˝̏ ဒီလိုကောင်တွေရဲ့ အလှူမျိုးကိုဘယ်တော့မှ
သာဓုမခေါ်မိစေနဲ့ ˝
̏ ရေစက်ဆုံရတက်တယ်˝
နောက် မှတ်ထားစရာတစ်ခုက
̏ ၀ိနည်းမှာသိမ် ၊ သဒ္ဒါလိင်˝ လို့ ရှေးဆတော်ကြီးများအမှာအထားပြုကြတယ်။
̏ သိမ်ဆိုတာ အထွဋ်အမြတ်ဖြစ်သလို သိမ်တစ်လုံးဖြစ်ဖို့ဆိုရာမှာလည်းမလွယ်ဘူး˝
̏ သဒ္ဒါစာဝါမှာလည်း လိင် ကခက်တယ်ကွ။
˝ ခက်လွန်းတဲ့လိင်နဲ့ သိမ်ကိုတင်စား
တော်မူကြတယ်။ ဒါ့အပြင် လယ်တီဆိုတာ ဗုဒ္ဓသာသနာမှာ
သူမတူတဲ့ ဆရာတော်
ကြီး ။ ပိဋကတ်အစဉ်အလာမှာ ဋီကာဆိုတဲ့
ကျမ်းကို ဘယ်နေရာမှားနေတယ်လို့
ထောက်ပြခဲ့တာ သူတစ်ဆူပဲရှိတယ်ကွ။
အဲလိုဆရာတော်ကြီး အထိမ်းအမှတ်တွေကို  ..
(၁) ကိုယ်တိုင်ဖျက်ဆီးသူ
(၂) အားပေးအားမြှောက်ပြုသူ
(၃) နှာဆေးနေတဲ့ ရဟန်းသံဃာလူပုဂ္ဂိုလ်
တွေဟာ အလွန်ကြီးလေးတဲ့အကုသိုလ်
ကိုပြုတဲ့ အကုသိုလ်ကောင်တွေပဲ  . .ကွ။ အဲဒီအထဲမင်းမပါစေနဲ့။
အခုဒီလင့်မှာ သိမ်အကြောင်းကို ၀င်ပြီးဒေါင်းလိုက် . .
̏ မှန်လှပါဘုရား ˝
̏ အခုလိုအမှားကို အမှားမှန်းသိအောင်ညွှန်ပြဆုံးမတာကျေးဇူးဦးတင်ပါတယ်ဘုရား˝

̏ အေး  . အေး  .. သာဓုပါ ဒကာတော် ˝

ဤ ဓမ္မဒါနကုသိုလ်ကို . . . . .
လက်ပတောင်းတောင်ရှိတောင်စောင့်နတ်များအားအထူးဝေငှ
ပါသည်။ သိမ်ကိုဖျက်မဲ့ ရဟန်းမိစ္ဆာ၊လူမိစ္ဆာ၊
များအား ဆုံးမတော်မူကြပါစေသတည်း။
█ ░ အလင်းရှင် ░ █

Monday, February 24, 2014

မယုံမရှိနဲ့ .. .

မယုံမရှိနဲ့  .. .
☀ ✂•••× ☀ 
ဒီကလေးမလေးက ရုပ်တာချောတာ 
စိတ်ကတော့ ခပ်ကြမ်းကြမ်းပဲ  .. 
စစ်ခွေးဆို ပြုတ်သောက်တယ်  .. 
မွတ်ဒေါင်းဆို အမွှေးနှုတ်တယ်  ..အတောင်ချိုးပစ်တယ်။
ပြောမယ်ဆိုရင်တော့  .. 
ဗုဒ္ဓဘာသာကိုချစ်တဲ့ အမေရိကန်စစ်သူရဲမလေးပေါ့။
သူ့ကိုကြောက်လို့  ..  ဖိုးလပြည့်တောင်အမေရိကန်မသွားရဲဘူးလေ
သန်းရွှေကတော့ ပြောမနေနဲ့ အိပ်မက်တောင်မမက်ရဲဘူးတဲ့။
အခုလာမယ့်(၂၀၁၅)ကို စောင့်ကြည့်နေတဲ့သူရဲမလေးပေါ့

Sunday, February 23, 2014

နို့ ချို ချို

နို့ ချို ချို
☀ ✂•••× ☀ 
ရူးချင်ယောင်ဆောင်နေတဲ့  .. . စစ်ခွေးအရေခွံကျွတ်တွေ
ခရိုနီခိုင်းတာလုပ်  ..  တရုတ်ကြီးအမိန့်ကိုနားထောင်မလွန်ဆန်ဝံ့။
ပြည်သူကိုနည်းမျိုးစုံနဲ့ ဒုက္ခပေးနေကြတယ်  .. . 
ဒီကြားထဲ ဖေ့ဘွတ်ပေါ်ကနေ သမ္မတကောင်းကြောင်းလော်ဘီလုပ်
နေကြတဲ့ . .  
ဖွတ်သခင်မျိုးချစ်တွေကတစ်မျိုး  .. 
မွတ်သခင်မျိုးချစ်တွေက တစ်ဖုံ  .. 
ဒီအတိုင်းဆို အလင်းရှင်တို့ သေဖွယ်ရာသာရှိတော့တယ်  .. 
Share ခြင်းဖြင့် လောကတ္ထစရိယာကုသိုလ်ယူပါ။

ကိုကိုလားလို့ခေါ်ပါရန် . .

ကိုကိုလားလို့ခေါ်ပါရန် . . 
☀ ✂•••× ☀ ✂•••× ☀ 
အလင်းရှင်ဟာ ဆင်းရဲနွမ်းပါးတောင်သူယာလုပ့်မိဘနှစ်ပါးကပေါက်ပွားကာ
ဗုဒ္ဓဘာသာဝင်ရဟန်းတစ်ပါးအနေနဲ့ လူဖြစ်ခွင့်မှာကောင်းစွာသရုပ်ဆောင်
နိုင်ခဲ့ပါတယ်။ အညတရမို့  . . စစ်အစိုးရရဲ့ စက်တင်ဘာရောင်တော်ဖွင့်ပွဲမှာ
ထောင်သွင်းအကျဉ်းချခံခဲ့ရပြန်တယ်။ သို့သော်လည်းမလျှော့သောဇွဲလုံ့လ
ဖြင့် . . ဘုရားအလောင်းတော်များရဲ့ ညာတတ္ထစရိယာအကျင့်ကို ကျိုးစားကာ
ဖြည့်ကျင့်ခဲ့ပါတယ်။ 
လူ့တန်ဘိုးဟာ ဂုဏ်ဒြပ်နဲ့မဆိုင်ပါဘူး  .. 
အများကောင်းကျိုးကိုသည်ပိုးဆောင်ရွက်နိုင်ခြင်းသာပါ။  ဒါ့ကြောင့်ဘ၀ကို
ကြေနပ်စွာ ဖြတ်သန်းပျံသန်းချင်ရင်တော့  ..  .လောကတ္ထစရိယာဖြစ်တဲ့
လောကကောင်းကျိုးကို ခနိုးခနဲ့ ထောင်သံကျဉ်းသံတွေကြားထဲကနေကြိုးစား
ကြရပါလိမ့်မည်။ အခုလည်း ဗုဒ္ဓဘာသာသာသနာအတွက် အဓိပ္ပါယ်ကင်းမဲ့လှ
သော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ္ဘာသိစကားကို ပြင်းထန်စွာရှုတ်ချပါတယ်။

ဖြစ်မှဖြစ်ရလေ ဘပြောင်ရယ်

ဖြစ်မှဖြစ်ရလေ ဘပြောင်ရယ်
☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀ 
ကာတွန့်မဆွဲတက်ဘူးကွာ။ ရင်ထဲမှာတော့စကားလုံတွေရှိတယ်။
ဒီတော့ အဖြစ်ဖြစ်တဲ့နည်းနဲ့ သူများကာတွန့်ပုံလေးတွေကိုအွန်လိုင်းပေါ်
ရှာပြီး ဖြတ်ညှပ်ကပ်လုပ်ထားရတာ  ..  အသက်ကလေးဆယ်ကျော်နေ
ပြီ  . .အခုမှ ကာတွန့်ဆွဲနည်းလည်းမသင်ချင်တော့ဘူး။

သက်တော်(၄၀)နှစ်ပြည့် ဒဿနများ(၀၀၀၅)

သက်တော်(၄၀)နှစ်ပြည့်
☀ ☀ ☀ ☀ ☀ ဒဿနများ(၀၀၀၅)
̏ သတင်းဈေးကွက်ထဲက ဘုရားသာတော် ˝
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►
̏ မီဒီယာကိုမီဒီယာနဲ့တိုက်မယ်˝ တချိန်ကဒီစကားကို ပြန်/ဆက်ကျော်ဆန်း
ပြောခဲ့တဲ့စကားပေါ့။ ငကျင်းဆီနဲ့ငါးကျင်းသားပြန်ကျော်တဲ့သဘောပေါ့။ 
အခုလုလည်းသံဃာသံဃာနဲ့တိုက်နေကြပြီ။ ဂျီစုသံဃာနဲ့ ကြံဖွတ်သံဃာ
ဖိုက်ကြပြီ .. ဟိုတစ်လောက ဒီလိုစကားလေးရေးတင်ဘူးသေးတယ်။ 
̏ ဥသျှစ်နှစ်လုံးထုတော့ ခံတဲ့ဥသျှစ်ရော ထုတဲ့ဥသျှစ်ရောကွဲမှသလို˝
̏ ကုတုံး ကုတုံးချင်းဆိုင်တိုက်ကြတော့လည်း နှစ်ကုတုံးလုံးကွဲကြမှာပဲ˝
ဒီတော့က  ..  ညောင်ကန်ဆရာတော်ဦးဗုဓ်ပြောတာပဲသတိရတယ် . . 
̏ ဘုရားခိုင်းတာလုပ်ရင်ဘုရားသားတော်˝ တဲ့။ဒီလိုဆိုရင် . . 
ကြံဖွတ်ခိုင်းတာလုပ်တဲ့ ရဟန်းတော်တွေက ̏ ကြံ့ဖွတ်သားတော်˝ ဖြစ်သလို
မွတ်ဒေါင်းခိုင်းတာလုပ်တဲ့ ရဟန်းတော်တွေက ̏ မွတ်ဒေါင်းသားတော်˝ ဖြစ်
ကုန်ပြီ . .. ပေါ့။ အခုမြန်မာပြည် သတင်းဈေးကွက်မှာ ပထမကြာနီကန်ဆရာ
တော်ဘုရားကြီးပြောသလို ̏  ဗလုံးရှုတ်ထွေးကျော်˝ တွေများနေပြီ။
အေး အေး  ..  ဗုဒ္ဓဘာသာဝင်ဒကာဒကာမတို့ရေ  .. 
̏ ရှုတ်ထွေးပွေလီလှသောသတင်းဈေးကွက်ထဲမှာ ဘုရားသားတော်များကိုသာ
ရှာကိုးကွယ်ကြပါ˝ လို့ အပ္ပမာဒစကားပြောလိုက်တာပါ။ 
နောက်တစ်ခုက . . . သခင်အမည်ခံတွေ . .  
သူတို့က ̏ ခရိုနီနဲ့စစ်ခွေးရဲ့ခြေသုတ်ပုဆိုးတွေပါ˝ ပြည်သူကို ကုလားဗမာအရေး
မျိုးချစ်စိတ်ပေးတယ်ဆိုတဲ့သဘောနဲ့ ( NLD) ကိုတိုက်တာပါ။ ဒီကောင်တွေကို
ဖေ့ဘွတ်စာမျက်နှာမှာ တွေ့နေရပါတယ်။ သူတို့ကိုယ်တိုင်လည်း သူတို့အဖေ
ဟာ စစ်ခွေးဗိုလ်ပြုတ်ကြီးပါလို့ဝန်ခံထားတဲ့ပို့တွေဖတ်ရပါတယ်။ ဒါ့ကြောင့်ပြည်
သူစစ်စစ်များ ခရိုနီစစ်ခွေးရဲ့ခြေသုတ်ပုဆိုးများဖြစ်တဲ့ သခင်အမည်တပ်များကို
လည်း သတိကြီးစွာထား၍ယုံကြည်ကြပါ။

သက်တော်(၄၀)နှစ်ပြည့် ဒဿနများ(၀၀၀၄)

Photo: သက်တော်(၄၀)နှစ်ပြည့်
☀ ☀ ☀ ☀ ☀ ဒဿနများ(၀၀၀၄)
အသက်သခင်ကျေးဇူးရှင်များ  ..  သို့
☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀ 
ထမင်းအသက် (၇)ရက် . . ရေအသက်(၁)နံက်နက်။ ရေကဟိုဟိုဒီဒီကိုယ်တိုင်
ရှာကြံသောက်လို့ရတယ်။ ထမ်းတစ်လုပ်အတွက်တော့ . . မလွယ်ဘူးနော်  .. ။
အမေ၀ါးခွံ့ကျွေးခဲ့ဖူးတဲ့ထမ်းကဆီအနှစ်လေးကိုရဖို့  . . တောင်သူဦးကြီးများက
နွားကျွဲတွေနဲ့ ရာသီသုံးမျိုးစလုံးကို နွားလိုဖက်ရုန်းပြီးမှ အမေ၀ါးခွံနိုင်ခဲ့တာပါ။
အခုဓာတ်ပုံဟာတောင်သူဦးကြီးမိသားစုတို့ တကယ်ပေးဆပ်နေရတဲ့ရိုက်ကွက်
တွေပါ။ လွှတ်တော်ထဲမှာ အိပ်ပျှော်နေတာမျိုးမဟုတ်ပါဘူး။ နေပူမိုးရွာ ဥတုသုံး
မျိုးကို အန်တုခဲ့ရတဲ့အပြင် မြွေဆိုးကိုက်လို့ သေပွဲဝင်ခဲ့ရသောတောင်သူယာသမ
များရဲ့ ဘ၀ကို ကိုယ်ချင်းစာနာသင့်ပါတယ်။ အခုတင်ပြထားတဲ့ဓာတ်ပုံတွေဟာ
အတုတွေဟန်ဆောင်ထားတာတွေဆိုရင် အလင်းရှင်ကို ပါးလာရိုက်လှည့်ပါ။
တစ်ချက်တည်းမဟုတ်ဘူး အချက်ရေ (သန်းခြောက်ဆယ်)ပါ။
ဒီကြားထဲ သိန်းစိန်ခေါ်ရုပ်သေးသမ္မတက̏ ပြည်သူတွေကျန်းမာရေးကောင်းဖို့
နွားနို့သောက်ပါတဲ့˝ ထမင်းတောင်နပ်မမှန်တဲ့ ပြည်သူဟာ နွားနို့တစ်ခွက်ကို
ဝယ်သောက်နိုင်ပါ့မလား? 
̏ တော်တော် စောက်သုံးမကျတဲ့ လူ့အန္ဓကောင်တွေ˝ မိုက်ကိုင်ပြီးပြောချင်ရာ
ပြောနေကြတယ်။ ပါးရိုက်မယ် နားရိုက်မယ် စစ်ဖိနပ်နဲ့နင်းသတ်မယ်ဆိုတဲ့စ
ကားကလည်း ပွနေပြီ။ ကဲ  ..  ထားပါတော့ . . ။
အဲဒီလောက်ကို ခက်ခဲတဲ့ ထမင်းရှင်အသက်သခင်ကျေးဇူးရှင်စာရင်းဝင်များဖြစ်
တဲ့တောင်သူဦးကြီးများနဲ့ သနားစရာကောင်းတဲ့ ကျွဲနွားတွေကို လည်ဖြတ်သတ်
နေတာတွေကတော့ မိုက်မဲလွန်းသူတွေပါ။ ဒါတောင်အားမရလို့  .. .
လည်ဆည်ဝန်ကြီးမြင့်လှိုင်က အစိုးရကိုဆပ်ရမယ့်အကြွေးတွေအမြန်ကျေအောင်
ထိုကျေးဇူးရှင်တောင်သူဦးကြီးတို့အား ညနေစာထမင်းတစ်နပ်လျှော့စားခိုင်းတယ်
 . .။ ကဲ  ..  အလိုကောင်ကို ̏ လူလို့ စာရင်းသွင်းထိုက်ပါလား˝? အဲဒီအဖွဲ့အစည်း
ဖြစ်တဲ့ ကြံ့ဖွတ်အုပ်စုကြီးကိုရော ̏ သားများအုပ်စုအဖြစ်မှတ်ယူထိုက်ပါသလား?˝
ဒါတောင် comment တစ်ခုက (အဲလိုမပြောပါနဲ့  .. တဲ့ ) သိလိုက်တယ်ဒီကောင်
စစ်ခွေးအုပ်စုဆိုတာကိုပေါ့။ ဒါနဲ့ ဘလော့ပစ်လိုက်ပါတယ်။
ဤစာလွှာကို မေတ္တာကရုဏာသက်ရောက်စွာဖြင့်ရေးသားတင်ဆက်ပါသည်။
Share ခြင်းဖြင့်ဆင့်ပွားကုသိုလ်ယူနိုင်ပါသည်။ ဓမ္မဒါနကုသိုလ်အဖို့ကို ကျေးဇူးရှိ
သော ကွယ်လွန်သူဖခင်ကြီးဆရာစံနှင့်လက်ရှိမိခင်ကြီးနှင့်တကွ ဆင်းရဲသားဘဝ
အနွမ်းများကို ဝေငှမိပါသည်။
█ ░ အလင်းရှင် ░ █
အသက်သခင်ကျေးဇူးရှင်များ .. သို့
✂•••× ✂•••× ✂•••×✂•••×

မြန်မာပြည်က ခေါင်းဆောင်တွေကဘာတွေလဲဗျာ။

Photo: မြန်မာပြည်က ခေါင်းဆောင်တွေကဘာတွေလဲဗျာ။
✂•••×✂•••×✂•••×✂•••×✂•••×✂•••×
စဉ်းစားပေးကြပါဦးဗျာ။
ဒီကောင်တွေပြည်သူကိုအရူးကွက်နင်းနေတယ်။
လယ်ဆည်ဝန်ကြီးမြင့်လှိုင်ဆိုတဲ့ တရိစ္ဆန်က 
တောင်သူဦးကြီးတွေကို ကြွေးကျေအောင်ထမင်းတစ်နပ်လျှော့စား
ပါလို့ပြောတယ်။ 
ကဲ  ..  နောက်ထပ် သမ္မတပြောင်ကြီးက 
မိဘပြည်သူများကျန်းမာရေးအတွက် နွားနို့သောက်ကြပါတဲ့။
ထမင်းတောင်နှပ်မှန်အောင်မစားနိုင်တယ်သူကို နွားနို့သောက်
ခိုင်းတယ်ဆိုတာ . .
တော်တော် စောက်သုံးမကျတဲ့ သမ္မတပဲ . . 
လူဖြစ်ပြီး လူလိုနားမလည်တဲ့သမ္မတပဲ . . 
ခရိုနီခိုင်းတာလုပ်ပြီး သန်းရွှေပြောသမျှခေါင်းညိတ်နေရတဲ့သမ္မတပဲ။

Saturday, February 22, 2014

သွားပုတ်လေလွင့်ဟောပြောပွဲတော့မဖြစ်စေနဲ့။

သြော် ..
ဒီဒကာထောင်ထဲကထွက်လာခဲ့တာတောင် မရင့်ကျက်သေးပဲကိုး . .
ထောင်ဆိုတဲ့လောကဓံကပေးတဲ့ ဓမ္မတွေက ပြောမကုန်ဟောမကုန်ပါဘူး
ဒကာရယ် .. ။
ဟောပြောပွဲဆိုတာ .. . မျိုးက
ဘုန်းတော်ကြီးများတရားဟောသကဲ့သို့ မခက်ဘူးကွဲ့။
ဥပမာ ကဗျာလေးတစ်ပုဒ်လောက်အလွတ်ရရင်ကိုပဲပြောလို့ရတယ်။
အလင်းရှင်ရေးထားတဲ့ ကဗျာပေါင်း (၄၃၃)ပုဒ်ရှိတယ်။
ဆောင်းပါးနဲ့ဝတ္ထုတိုပုဒ်ရေ (၁၀၀၀)ကျော်ရှိတယ်
အဲဒီထဲက တစ်ပုဒ်လောက်ရအောင်ကျက်ပြီး ပြောလိုက်စမ်းပါ ဒကာရယ် . .
ဒီမှာလင့် .. . www.http://aungminkhoung.blogspot.com/
ဥပမာ .. .
̏ ထမင်းပန်းချီ ˝ဆိုတဲ့ ကဗျားလေးရှိတယ်ကွ။ အဲဒီကဗျာက အလင်းရှင်
ထောင်မကျခင်ကတည်းက ရေးထားတာ။ ခေါင်းစဉ်လေးနဲ့တင် တစ်နာရီလောက်
ဟောလို့ရတယ်။ စစ်ခွေးတွေ မွတ်ခွေးတွေ ကြံ့ကောင်တွေ စုတ်ပျက်သသတ်
အော င်ကိုပြောလို့ရတယ်။
နောက် . .
̏ သံလမ်းပေါ်က ဥသြ ငိုသံတွေ ˝ အဲဒီကဗျာလည်း ခေါင်းစဉ်နဲ့တင် မျက်ရည်ကျ
နေပြီ .. . ကဲပါလေ .. ရင်ထဲမှာ စကားလုံးတွေရှိရင် အဲဒီစကားလုံးအထုတ်ကို
ဖြည်ချပြတာဟာ စာပေဟောပြောပွဲပဲ။
ရင်ထဲမှာ စကားလုံးမရှိဘဲနဲ့တော့ ဘယ်အထုတ်ဖြည်ချပြလို့ရမှာလည်း . ..
အရည်တစ်ထုတ် ..
အဖတ်တစ်ထုတ် . .
အပြော့တစ်ထုတ် . .
အမာတစ်ထုတ် ..
အပူတစ်ထုတ် . .
အအေးတစ်ထုတ် . . အေး . .အေး အဲလို စကားလုံးအတ္ထဗေဒကိုခွဲခြားစိတ်ဖြာပြော
ဆိုခြင်းကို စာပေဟောပြောပွဲလို့ခေါ်တယ်။
ဒီလိုမဟုတ်ဘဲ ဟိုပါတီမကောင်းကြောင်း ဒီပါတီမကောင်းကြောင်း ပြောတာကတော့
̏ သွားပုတ်လေလွင့်ဟောပြော˝ လို့ခေါ်တယ်။ စာပေဟောပြောပွဲပဲဖြစ်ပါစေလို့
အလင်းရှင်ဆန္ဒပြုလိုက်ပါတယ်။
█ ░ အလင်းရှင် ░ █

သက်တော်(၄၀)နှစ်ပြည့် ဒဿနများ(၀၀၀၃)

Photo: သက်တော်(၄၀)နှစ်ပြည့်
☀ ☀ ☀ ☀ ☀ ဒဿနများ(၀၀၀၃)
ရှင်ဒေ၀ဒတ်ဝါဒနှင့်ဘုရားအလောင်းဝါဒ
✂•••×✂•••×✂•••×✂•••×✂•••×✂
သမ္မတရာထူးကိုရအောင် လုနေဖို့မလိုပါဘူး
သမ္မတရာထူးဟာ ဘ၀တစ်သတ်တာကိုလုံခြုံမှုမပေးနိုင်ပါဘူး။
ပြည်သူ့မေတ္တာသည်သာ ဘ၀အဆုံးအထိလုံခြုံစေတာပါ။
ဘုရားအလောင်းအစရှိတဲ့သူတော်ကောင်းကြီးများဟာ ဘုရင်သမ္မတရထူး
ကိုမလုယူခဲ့ကြတဲ့အပြင် . . . 
ထိုစည်းစိမ်တွေကိုတောင် စွန့်ပစ်ထားရစ်ခဲ့ကြတာမျိုးပါ။
̏ရာထူးဆိုတာ ရူးတာ၊˝ 
 ̏အာဏာဆိုတာမသာ˝ ပါ။
̏သမ္မတအစ သြက္ကာကမင်းက˝ ပါ။ 
ပြည်သူ့အကျိုးကိုသည်ပိုးဖို့အတွက် မဟာသမ္မတမင်း
အဖြစ် ကမ္ဘာဦးအစမှာ သြက္ကာကမင်းကြီးကိုပြည်သူကတင်မြောက်ခဲ့တာပါ။
အာဏာရူးဖို့အတွက်မဟုတ်ပါဘူး။ ပြည်သူပိုင်ပစ္စည်းကို ခရိုနီနဲ့စစ်ခွေးပိုင်လုပ်
ဖို့မဟုတ်ပါဘူး။ ပြည်သူ့အကျိုးကို လိုလားသည်ပိုးနိုင်ရန်အတွက် ခေါင်းဆောင်
အဖြစ် ပြည်သူဟာ သြက္ကာကမင်းကြီးကို သမ္မတရာထူးပေးခဲ့တာပါ။
ပြည်သူ့အကျိုးခေါ်လောကအကျိုးကိုသည်ပိုနိုင်ခြင်းသည်သာ ပဓာန  .. ။
သမ္မတရားထူးဆိုသည်မှာ  ..  သာမည ။ 
ဒီလိုနားလည်ပြီး  ..  
ဓမ္မ၀ါဒ၊ဘုရားအလောင်းဝါဒများကို နှလုံးသွင်းတက်ရင်  .. 
မြန်မာပြည်မှာ  .. . 
(၁) ထမင်းတစ်နပ်လျှော့စားစရာမလိုဘူး
(၂) ဖယောင်းတိုင်မီးထွန်းစရာမလိုဘူး
(၃) လက်ပတောင်းတောင်ကိုတရုတ်ကြီးစိုးစရာအကြောင်းမရှိဘူး
(၄) ကုလားကို ကုလားလို့ခေါ်လို့လည်းပြဿာနာမကြီးထွားလာဘူး
(၅) ကမ္ဘာ့လူသားတွေကိုလည်း ခွေးနဲ့အနှိုင်းခံစရာမရှိဘူး
(၆) တရုတ်ကိုလည်းဆွေမျိုးပေါက်ဖေါ်ရယ်လိုသဘောထားစရာအလိုဘူး
(၇) ဧရာဝတီလည်း ငိုကျွေးစရာမလိုဘူး
(၈) ရခိုင်ပြည်ကဂက်စ်တွေလည်း တရုတ်ပြည်ထည်းရောက်သွားစရာမရှိဘူး
(၉) တနင်္လာရီတိုင်းကကျောက်မီသွေးတောင်ကြီးလဲ ယိုးဒယားပြည်ထဲမရောက်။
(၁၀) အသက်(၂၀)ပြည့်တဲ့ပြည်သူတိုင်း ပြင်သစ်နိုင်ငံလုပ် 2003Eurocopter 
EC 130 B4 စားရဟတ်ယာဉ်တစ်စင်းမွေးနေ့လက်ဆောင်ရမယ်။
(၁၁) ပြည်သူတိုင်း စစ်ခွေးဝန်ကြီးတွေပါးရိုက်ခံစရာမလိုတော့ဘူး
(၁၂) ဗိုက်မှာသေနပ်ကျည်ဆံရှိတိုင်းသန်းကြွယ်သူဋ္ဌေးမဖြစ်တော့ဘူး
(၁၃) မီးပွိုင့်စောင့်တဲ့ ရဲလည်း ဒူးထောက်ပြီးပါးရိုက်မခံရတော့ဘူး
(၁၄) စက်တင်ဘာမှာဘုန်းကြီးတွေသေနပ်နဲ့အပစ်မခံရတော့ဘူး
(၁၅) မုံရွာက တကယ့်မီးလောင်ဗုံးဟာ ဒေါ်စုပြောတဲ့ရေဗုံးမဖြစ်တော့ဘူး
ကျမ်းကိုး . . 
သုတ္တန်ပိဋကတ်၊ အဗ္ဗဋ္ဌသုတ္တ၊

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget