.

AlinShin

Wednesday, November 20, 2013

ဟောင်းပေမယ့် မပြောင်းလည်းနိုင်တဲ့ ထေရ၀ါဒနိုင်ငံတော်

မြစ်သားမြို့ ၁၁ လမ်းရှိ ပေတော မိဘမဲ့ ကလေးများ စောင့်ရှောက်ရေး 
ပရဟိတ မွန်ကျောက်စာ သုံးချပ် တွေ့ရှိ
  ☭     ☭   ☭   ☭   ☭   ☭   ☭   ☭        
ဒါကတော့ တို့နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဘုရားပေးတဲ့လက်ဆောင်တော့
မဟုတ်ဘူး ရှေးကမြန်နိုင်ငံသားသူတော်ကောင်းကြီးတွေက ပေးဆပ်ခဲ့ကြတဲ့ လက်
ဆောင်ပါ။ ထိုရှေးရှေးက မြန်မာနိုင်ငံသူနိုင်ငံသားကြီးများနည်းတူ တစ်ချိန်က မလေး
ရှားပါကစ္စတန်၊အာဖန် စတဲ့ဒေသတွေမှာလည်း ဗုဒ္ဓဘာသာသမိုင်းအမွေအနှစ်များရှိ
ခဲ့တာဟာ မျက်မှောက်ခေတ်သက်သေများပါ။ သို့သော်လည်း မွတ်မိစ္ဆာဝါဒီများက
မိုင်းခွဲကာနည်းမျိုးစုံနဲ့ဖျက်ဆီးခဲ့တဲ့အတွက် ထိုထိုသောနိုင်ငံများမှာ ဗုဒ္ဓဘာသာအ
ထိမ်းအမှတ်များ လုံးဝပျောက်ကွယ်ကုန်ပါပြီ။ ပါကစ္စတန်မှာတော့ အနဲငယ်ကျန်
နေသေးတယ်။ အခုလည်း မွတ်ဆလင်များဟာ မြန်မာနိုငံသူများကို ၀ါးမျိုဖျက်ဆီး
လို့နေပါပြီ့။ ဒါတင်မက မြန်မာနိုင်ငံဖွားတို့ ရခိုင်များကိုလည်း လည်လှီးသတ်ခဲ့ကြ
သလို နောက်ဆုံး အထွဋ်အမြတ်ထားရာ ပူဇော်ရာထေရသံဃာကိုပါလည်လှီးသတ်
ခဲ့ပြန်ပါတယ်။ အခုလို ဘေးဒုက္ခတွေကြားထဲမှာမှ မထင်မှတ်ဘဲ . .သစ်ထူးလွင်
သတင်းတွင် . .
မြစ်သားမြို့ ၁၁ လမ်းရှိ ပေတော မိဘမဲ့ ကလေးများ စောင့်ရှောက်ရေး ပရဟိတ ကျောင်းဝင်း အတွင်း ကျောက်စာ သုံးချပ် တွေ့ရှိ ဆိုသော သတင်းကို ရတနာပုံ သတင်းစာတွင် ဖတ်ရှုရသဖြင့်
 ဆရာကြီး တမ္ပ၀တီ ဦးဝင်းမောင် က လာရောက် သုတေသန ပြုလုပ်ရာ ၁၂ ရာစု မွန်တို့၏ လက်ရာ ဖြစ်သော နှစ်ပေါင်း ၈၀၀ ကျော်က စာမျက်နှာ နှစ်ဖက်ပါ ကျောက်စာ တစ်ချပ် ဖြစ်ကြောင်း သိရသည်။
ဖော်ပြပါ ပုံသည် အပိုင်း နှစ်ပိုင်းသာ ဆက်စပ် ထားသောပုံ ဖြစ်ပြီး ကျန်တစ်ပိုင်းမှာ ဆက်လက် တူးဖော် နေဆဲ ဖြစ်သည်။ ကျောက် အမျိုးအစား မှာ အနက်ရောင် ထုံးကျောက် ကျောက်သား ( Black Calcify ) ဖြစ်ပြီး အလျား ၄ ပေ ၃ လက်မ ၊ အနံ ၂ ပေ ၆ လက်မ နှင့် ထု ၅ လက်မ ရှိကြောင်း သိရသည်။
ဤကျောက်စာ မှာ မွန်ဘာသာဖြင့် ရေးထိုး ထားသော ကျောက်စာ တစ်ချပ်ဖြစ်ပြီး အနော်ရထာ မင်းကြီး သထုံပြည်မှ ပိဋကတ် တော်များ ပင့်ဆောင် လာချိန်နှင့် အတူ ပါလာသော မွန်လူမျိုး များကို လယ်တွင်း ၁၁ခရိုင် မြစ်သာ (ယခုမြစ်သား) အရပ်၌ လုပ်မြေ ၊ စားမြေများ အဖြစ် ပေးအပ်ခဲ့သည်။ 
ထို မွန်လူမျိုး များမှာ ဤကျောက်စာ အနီးတွင် စေတီတည်ထား တော်မူပြီး ဝတ္ထုကံမြေ အဖြစ်
 လှူဒါန်းသည့် မှတ်တမ်း ကျောက်စာ တစ်ချပ် ဖြစ်ကြောင်း သိရှိရသည်။
အလင်းရှင်
— with Thet Thet Aung and 19 others.
Photo: ဟောင်းပေမယ့် မပြောင်းလည်းနိုင်တဲ့ ထေရ၀ါဒနိုင်ငံတော်
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥ 
ဒါကတော့ တို့နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဘုရားပေးတဲ့လက်ဆောင်တော့
မဟုတ်ဘူး ရှေးကမြန်နိုင်ငံသားသူတော်ကောင်းကြီးတွေက ပေးဆပ်ခဲ့ကြတဲ့ လက်
ဆောင်ပါ။ ထိုရှေးရှေးက မြန်မာနိုင်ငံသူနိုင်ငံသားကြီးများနည်းတူ တစ်ချိန်က မလေး
ရှားပါကစ္စတန်၊အာဖန် စတဲ့ဒေသတွေမှာလည်း ဗုဒ္ဓဘာသာသမိုင်းအမွေအနှစ်များရှိ
ခဲ့တာဟာ မျက်မှောက်ခေတ်သက်သေများပါ။ သို့သော်လည်း မွတ်မိစ္ဆာဝါဒီများက
မိုင်းခွဲကာနည်းမျိုးစုံနဲ့ဖျက်ဆီးခဲ့တဲ့အတွက် ထိုထိုသောနိုင်ငံများမှာ ဗုဒ္ဓဘာသာအ
ထိမ်းအမှတ်များ လုံးဝပျောက်ကွယ်ကုန်ပါပြီ။ ပါကစ္စတန်မှာတော့ အနဲငယ်ကျန်
နေသေးတယ်။ အခုလည်း မွတ်ဆလင်များဟာ မြန်မာနိုငံသူများကို ၀ါးမျိုဖျက်ဆီး
လို့နေပါပြီ့။ ဒါတင်မက မြန်မာနိုင်ငံဖွားတို့ ရခိုင်များကိုလည်း လည်လှီးသတ်ခဲ့ကြ
သလို နောက်ဆုံး အထွဋ်အမြတ်ထားရာ ပူဇော်ရာထေရသံဃာကိုပါလည်လှီးသတ်
ခဲ့ပြန်ပါတယ်။ အခုလို ဘေးဒုက္ခတွေကြားထဲမှာမှ မထင်မှတ်ဘဲ . .သစ်ထူးလွင်
သတင်းတွင် . . 
မြစ်သားမြို့ ၁၁ လမ်းရှိ ပေတော မိဘမဲ့ ကလေးများ စောင့်ရှောက်ရေး ပရဟိတ ကျောင်းဝင်း အတွင်း ကျောက်စာ သုံးချပ် တွေ့ရှိ ဆိုသော သတင်းကို ရတနာပုံ သတင်းစာတွင် ဖတ်ရှုရသဖြင့် ဆရာကြီး တမ္ပ၀တီ ဦးဝင်းမောင် က လာရောက် သုတေသန ပြုလုပ်ရာ ၁၂ ရာစု မွန်တို့၏ လက်ရာ ဖြစ်သော နှစ်ပေါင်း ၈၀၀ ကျော်က စာမျက်နှာ နှစ်ဖက်ပါ ကျောက်စာ တစ်ချပ် ဖြစ်ကြောင်း သိရသည်။
ဖော်ပြပါ ပုံသည် အပိုင်း နှစ်ပိုင်းသာ ဆက်စပ် ထားသောပုံ ဖြစ်ပြီး ကျန်တစ်ပိုင်းမှာ ဆက်လက် တူးဖော် နေဆဲ ဖြစ်သည်။ ကျောက် အမျိုးအစား မှာ အနက်ရောင် ထုံးကျောက် ကျောက်သား ( Black Calcify ) ဖြစ်ပြီး အလျား ၄ ပေ ၃ လက်မ ၊ အနံ ၂ ပေ ၆ လက်မ နှင့် ထု ၅ လက်မ ရှိကြောင်း သိရသည်။
ဤကျောက်စာ မှာ မွန်ဘာသာဖြင့် ရေးထိုး ထားသော ကျောက်စာ တစ်ချပ်ဖြစ်ပြီး အနော်ရထာ မင်းကြီး သထုံပြည်မှ ပိဋကတ် တော်များ ပင့်ဆောင် လာချိန်နှင့် အတူ ပါလာသော မွန်လူမျိုး များကို လယ်တွင်း ၁၁ခရိုင် မြစ်သာ (ယခုမြစ်သား) အရပ်၌ လုပ်မြေ ၊ စားမြေများ အဖြစ် ပေးအပ်ခဲ့သည်။ ထို မွန်လူမျိုး များမှာ ဤကျောက်စာ အနီးတွင် စေတီတည်ထား တော်မူပြီး ဝတ္ထုကံမြေ အဖြစ် လှူဒါန်းသည့် မှတ်တမ်း ကျောက်စာ တစ်ချပ် ဖြစ်ကြောင်း သိရှိရသည်။
☀ အလင်းရှင်☀

သတင်းတွေကိုမျက်ခြေမပျက်ပါစေနဲ့

☭ ☭ ☭ ☭ ☭ ☭ ☭
ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့် ကုလတိုက်တွန်း

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့၊ နိုင်ငံတွင်းက တခြား အစ္စလမ်ဘာသာဝင်တွေအပေါ် အကြမ်းဖက်တာတွေကို တားဆီးကာကွယ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းရေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက အင်္ဂါနေ့က အားလုံးသဘောတူ အတည်ပြုခဲ့ပါတယ်။

ဒါဟာ လာမယ့်ဒီဇင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း အဲဒီဆုံးဖြတ်ချက်ကို အတည်ပြုမယ့်သဘောဖြစ်တယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။

အင်္ဂါနေ့ မွန်းလွဲပိုင်းကတော့ မန္တလေးမြို့မှာ OIC ခေါ် အစ္စလမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို အလိုမရှိကြောင်း သံဃာတော်တွေဦးဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ် ဦးပွားဘုရားကနေ ဘုရားကြီး အရှေ့မုခ်အထိ ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ သံဃာတစ်ပါးက အခုလို မိန့်ပါတယ်။

“ဦးဇင်းတို့ တောင်းဆိုချက်က (၁) တိုင်းရင်းသားအဖြစ် လက်မခံရေး၊ (၂) မြန်မာပြည်ရဲ့ မည်သည့်နေရာတွင်မဆို အိုအိုင်စီရုံးဖွင့်ခွင့်မပြု (၃) ၁၉၈၂ နိုင်ငံသား ဥပဒေဖြစ်ရမယ်၊ (၄) အိုအိုင်စီ အလိုမရှိ၊ (၅) ခိုးဝင်ဘင်္ဂါလီများအား ရခိုင်ဒေသမှ အစ္စလာမ်မစ်နိုင်ငံများသို့ အမြန်ဆုံးခေါ်ယူသွားရန်၊ အဲဒီရည်ရွယ်ချက် ၅ ချက်ပါ”

ဆန္ဒပြသံဃာတွေဟာ ဦးပွားဘုရားကို ပြန်ကြွခဲ့ကြပြီး ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ပါတယ်။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြတာဖြစ်ပေမဲ့ ချမ်းမြသာစည်မြို့နယ် ရဲစခန်းကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

RFA Burmese

Thit Htoo Lwin - News
အလင်းရှင်
— with Thet Thet Aung and 19 others.
Photo: သတင်းတွေကိုမျက်ခြေမပျက်ပါစေနဲ့ 

☀ အလင်းရှင် ☀

ငိုကျွေးကြပေဦးပေါ့ . . .သန်းခြောက်ဆယ်ရေ . . .

မန်မာပြည်တွင်း ပဋိပက္ခဒုက္ခသည်များကို
အမေရိကန်က ဒေါ်လာ(၂၅)သန်းပေးလိုက်တဲ့ အချိန်မှာ
လက်ပံတောင်းတောင်မှာတော့
ဦးပိုင်သတ်လို့သေတဲ့မသာတွေများလှပြီ။

ငိုကျွေးကြပေဦးပေါ့ . . .သန်းခြောက်ဆယ်ရေ . . .
မင်းတို့ပိုင်တဲ့
(၁၁ )ဘီလျှံဆိုတာ စစ်အာဏာရူးကြီးသိမ်းထားတယ်
သူသေရင်တော့ ပြန်ရမှာပါ။
ဒါတောင် ငါတို့က
စစ်ခွေးတွေ အစာလုတဲ့အချိန် ၀ိုင်းရိုက်နိုင်မှရမှာနော်
ဒီကြားထဲ
ဒေါ်စုကြည်ကို ပါးစပ်ပိတ်ထားဦးမှ
နောက်မို့ဆို
သူက နှုတ်ခပါးရန်တွေ့သလို ပလပ်ပလပ်နဲ့။
စစ်ခွေးတွေကသိတော့
(၂၀၀၈) ခြေ/ ဥ ကြီးနဲ့ တို့ကို ထိမ်းထားတယ်။
ဒါ့ကြောင့်တို့တွေ တစ်ဖွဲဖွဲဝင်လိုက်ထွက်လိုက်နဲ့ ထောင်ထဲကို . .
တကယ်ပြန်ထွက်လာတာတော့
အာဏာရှင်နေ၀င်းရဲမြေးနှစ်ကောင်ပဲ။
တော်ပါပြီကွာ။
ငါလည်းဖေ့ဘွတ်မသုံးဖြစ်တာနဲ့ စာဖတ်ချိန်တော့ရသွားတယ်။

အလင်းရှင်
ဖေ့ဘွတ်မသုံးဖြစ်ပေမယ့် သတင်းတော့ အွန်းလိုင်းပေါ်တက်ကြည့်ပါတယ်။
ဘလော့မှာစာရေးရတာ ဧရာဝတီမြစ်ကမ်းနဘေးမှာစာရေးနေရသလိုနဲ့တူပြီး
ဖေ့ဘွတ်မှာစာရေးရတာကတော့ ပန်းဆိုးတန်းမှတ်တိုင်မှာစာရေးရသလိုပါပဲ။
ကောင်းတော့ကောင်းတယ် . . ဒါပေမယ့် မျက်စေ့စပ်တယ်။ ကဲအခု
အမေရိကန်က ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများကို
အစားအစာ၊ ရေနှင့် သန့်ရှင်းရေး ပစ္စည်းများ၊ အသက်မွေးဝမ်းကျောင်း အစီအစဉ်များ ထောက်ပံ့ပေးရန်အတွက် အမေရိကန် အစိုးရက အမေရိကန်
ဒေါ်လာ ၂၅ သန်း ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့တွင်
ရန်ကုန်မြို့ အခြေစိုက် အမေရိကန်သံရုံးက ဆိုပါတယ်။ ဒါနဲ့ ဒီကဗျာလေးကို
ရေးမိသွားတာပါ။ ဖတ်ကြည့်ကြပါဦး . .
အလင်းရှင်
— with Kula Rakkhita and 26 others.
Photo: ငိုကျွေးကြပေဦးပေါ့  . . .သန်းခြောက်ဆယ်ရေ . . .
♥  ♥   ♥   ♥   ♥   ♥   ♥  ♥   ♥   ♥ ♥   ♥  
မြန်မာပြည်တွင်း ပဋိပက္ခဒုက္ခသည်များကို 

Tuesday, November 19, 2013

၁၁ ဘီလျှံနာထက် တန်ဘိုးများ . .

ဘ၀ရသ
☭ ☭ ☭ ☭ ☭
ရေအလိုက် . .
လေအလိုက်နဲ့
ရွတ်တိုက်သွားရတဲ့ဘ၀က တစ်မျိုး . . ။
လှိုင်းအထန် . . .
လေအပြန် . . .
ရေဆန်ကိုကျော်ဖြတ်ရတဲ့ ဘ၀က တစ်ဖုံ . . .။
ဘ၀နှစ်မျိုး
အကောင်းအဆိုးမှာ
ကြုံလာတဲ့ လောကဓံကို
ကြံ့ကြံ့ခိုင်ရင်ဆိုင်ရင်းနဲ့
ကျော်ဖြတ်နိုင်ခြင်းကိုက ဘ၀ရသ ။ ။
အလင်းရှင်
☛ ဧရာဝတီကမ်းနဘေး . . အမှတ်တရ။ ☚
အခုမင်းတို့ ဖတ်လိုက်ရတဲ့ ဒီကဗျာလေးကိုလင်းရှင်ထောင်မကျခင်
ကရေးခဲ့တာပါ။ မှတ်မှတ်ရရကတော့ ညနေခင်းပုဂံဘူးဘုရားစေတီ
ရင်ပြင်တော်ဘောင် ပေါ်ထိုင်ရင် ဧရာဝတီမြစ်ရေပြင်ပေါ်မှာ ရွက်
လွှင့် သွားနေတဲ့ လှေလေးကိုကြည့်ပြီးရေးမိတာပါ။
ပြောချင်တာကတော့ ဘ၀ရဲ့အဓိပ္ပါယ်ကို တူးဆွမိတာကိုပါ။ ဗုဒ္ဓ
မြတ်စွာက လူသားဘ၀ရဲ့တန်ဘိုးကို ဒုလ္လဘတရားငါးပါးဆိုပြီး
ဒီလိုလေး ဖွင့်ဆိုထားတယ် . ။
ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ၊ ဘုရားတစ်ဆူဖြစ်ဖို့ ရခဲ့တယ်။
မနုဿတ္တဘ၀ ဒုလ္လဘ၊ လူဖြစ်ဖို့ကလည်း ရခဲတယ်။
သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ၊ သဒ္ဓါတရားနဲ့ပြည့်စုံတဲ့သူအဖြစ်ရခဲ။
ပဗ္ဗဇ္ဇိတဘ၀ ဒုလ္လဘ၊ ရဟန်းအဖြစ်ကိုလည်းရခဲ။
သဒ္ဓမ္မသာဝန အတိဒုလ္လဘ၊သူတော်ကောင်းတရားကြားခရဖို့ရခဲ။
အဲလို ဗုဒ္ဓက တို့များလူသားကမ္ဘာကို ရှု့မြင်သုံးသပ်ထားတယ်။
ဒီတော့ကွာ ဒီဒုလ္လတရားငါးပါးထဲက တို့ တစ်ပါးပဲဆွဲထုတ်ပြီး
တွေး ကြရအောင် ၊ အခုအလင်းရှင်လက်ထဲမှာ ငွေ သိန်းဂဃန်း
မရှိတဲ့အ တွက် (၁၁ဘီလျှံ)ဆိုတာ မက်မောစရာကြီးပါ။ အလင်းရှင်လို
အညတရကို မပြောနဲ့ဦး အခုစာဖတ်နေတဲ့မင်းတို့တောင် သွားရေကျ
နေမှာပဲ။ ဒီလောက်တောင် တန်ဘိုးများလှတဲ့ ငွေကိုမဆိုထားနဲ့
သိန်းဆယ်ဂဃန်းလောက်တင် တရားတဘောင်ရင်ဆိုင်ကြရတယ်
ဆိုတာ အများသိပါ။
အေးဟုတ်ပြီး ဒီလို ငွေ ဘီလျှံနာထက် လူ့အသက်ကို တန်းဘိုးချိန်
ဆကြည့်ရင် လူ့အဖြစ်က ပိုတန်ဘိုးရှိမနေဘူးလား? ဒီလိုချိန်ဆက်
နိုင်ဘို့အတွက် လူတစ်ယောက်မှာ မွေးရာပါ ပဋိသန္ဓေဉာဏ်ရှိမှသိ
နိုင်ပြန်တာပါ။ အခု ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ မနုဿတ္တဘဝ
ဒုလ္လဘ၊ လူဖြစ်ဖို့ကလည်း ရခဲတယ်။လို့ သူပြောကိုယ်ပြောနဲ့သိနေ
ကြသော်လည်းပဲ တကယ်တမ်း ဓနဥစ္စာငွေကြေးအာဏာနဲ့ ယှဉ်
လာပြန်တော့ လူသားဟာ တန်ဘိုးမဲ့သော အနှစ်ကင်းမဲ့သော
ငွေးကြေးရာထူးကိုသာ လှမ်းယူဆုတ်ကိုင်ကြတယ်။ ဒါ့ကြောင့်ပဲ
ကမ္ဘာကိုအသာထားလို့ မြန်မာနိုင်ငံမှာ အင်္ဂလိပ်အစိုးရထံက လွပ်
လပ်ရေးပြန်ရကတည်းက နေ့ အခု စာရေးချိန် (၁၉-၁၁-၂၀၁၃)
ရက်နေ့အထိကိုပဲ လက်ပံတောင်းတောင်မှာ လူတွေရဲကသေနပ်
နဲ့ပစ်လို့ ဆေးရုံရောက်သူတွေ ထောင်ချခံရသူတွေနဲ့ အတိဒုက္ခ
ရောက်နေရသလို ရခိုင်မြေကိုပြန်ကြည့်ပြန်တော့လည်း ဘင်္ဂါလီ
တွေရဲ့ လည်လှီးမုဒိန်းကျင့်ကို ခံရပြန်တယ်။
ဒီလိုဖြစ်စဉ်တွေဟာ အာဏာကိုမက်မောသူ ဗိုလ်သန်းရွှေရဲ့ လော
ဘတစ်ခုဟာ သန်းပေါင်းခြောက်ဆယ်လောက်ရဲ့ ရင်ကို လောင်
မြိုက်စေတယ်။ ဒီနေရာမှာ စာဖတ်သူအချို့ကပြောတက်မယ် ငါ
တို့က ဘာမှပူလောင်မှုမဖြစ်ဘူး အေး . . ဟုတ်တယ် ဒါဆိုရင် မင်း
က အာဏာရူးနဲ့ပေါင်းပြီး ကြီးပွားနေတဲ့ ခရိုနီပဲဆိုတာ မလွဲဧကန်
ပေါ့။ နောက်ဆုံးအဆင့် ထမင်းပွဲရှေ့ရောက်စားရပါတယ်ဆိုတဲ့
ညီငယ်ညီမငယ်တွေတောင် ဖေ့ဘွတ်သုံးရင် Internet –
connection မကောင်းလို့ (တာရိုးကသွား အစိုးရလို့) ဆဲဆိုနေတာ
တွေကို အလင်းရှင် New Feed မှာမတွေ့ချင်မကြားချင်မှအဆုံးပါ။
ဒါဘာလဲဆိုရင် အာဏာရှင်များက သတင်းမီဒီယာတွင် ပဓာနကျ
သော Internet Websites များရှိ Social new များကို အများပြည်
သူများသိရှိပါက မိမိတို့ရဲ့အတွင်းရေးအချက်အလက်များကို ဖုံး
ကွယ်နိုင်စေရန် Internet connection နှေးအောင်တမင်လုပ်ပေး
ထားပါတယ်။ (ကိုယ်တွေ့ပါ) ဗိုလ်ချုပ်အိမ်ယာတွေမှာတပ်ဆင်
ပေးထားသော Internet connection ရဲ့ Download Speed
သည် ။ 5Mb ဖြစ်သည်။ (အလင်းရှင်ကိုယ်တွေ့သုံးခဲ့ဖူးသည်) အဲ
ဒီလို အရာရာကို ကာကွယ်ပိတ်ပင်တားဆီးထားတဲ့ အာဏာရူးအစိုး
ရတဲ့ရဲ့ အကုသိုလ်တရားသည် သူတို့ရရှိသော ဘီလျှံနာငွေထက်
ကြီးလေးသောအကုသိုလ်များဖြစ်သည်။
လျှပ်စစ်မီးကို ပြည်သူများအမြဲအသုံးမပြုနိုင်အောင် အလှည့်ကျပေး
ဝေသည့်စနစ်ကိုကျင့်သုံးသည်။ နိုင်ငံနဲ့အ၀ှမ်းလျှပ်စစ်မီးရသူပမာဏ
မှ (၃၀%)သာရှိသည်ဟုသိရသည်။ ကဲ ကျန်တဲ့ (၇၀%)သောပြည်
သူသည်ဘ၀ကို အမှောင်ဖြင့်သာပြီးဆုံးခဲ့ရ၏။ ထိုအကုသိုလ်က
ကြောက်စရာ ထိုအာဏာရှင်များသည် ဖြစ်လေရာဘ၀အဆက်
ဆက်တို့တွင် မွေးရာပါ မျက်စေ့ကန်းခြင်း မွေးရာပါ စက္ခုပသာဒ
ကန်းကွယ်ခြင်းများအပြင် ဒဏ်ရာကြောင့် ကန်းခြင်းဆိုတဲ့ အကု
သိုလ် အကျိုးဆက်ကိုခံကြရမည်။ ဒါတင်မက အသိဉာဏ် မွေးရာပါ
ကင်းမဲ့တက်ခြင်း ဉာဏ် ထိုင်းခြင်း စာပေမတက်မြောက်ခြင်း စတဲ့
အသိဉာဏ်ကာရကများပျက်ဆီးဆုံးပါးသော အကုသိုလ်အကျိုး
ကိုခံ စားရမည်။
ကဲ . .သူရလိုက်သော ဘီလျှံနာသည် တစ်ဘ၀တွင်ခံစားရမည်ဖြစ်
တဲ့အပြင်ထိုတစ်ဘ၀တွင်လည်း ဆယ်စုနှစ်အပိုင်းအခြားလောက်
သာပါ။ ဗိုလ်သန်းရွှေဆိုရင် အသက်ရှစ်ဆယ်ကျော်ပြီဖြစ်လို့ ထိုငွေ
များကို သူခံစားရလည်း ဆယ်နှစ်ပေါ့။ ထိုဆယ်နှစ်မှာသူ ဗိုက်တစ်
လုံးပြည့်အောင်ထက်ပိုစားလို့မရ အိမ်တစ်လုံးထက်ပိုအိပ်လိုမရ
ကားတစ်စီးထက်ပိုစီးလို့်မရပါ။ ဒါ့ကြောင့် ဘီလျှံနာရဲ့အခွင့်အရေး
က သုံးဆောင်ခံစားရသည်ထက် ပေးဆပ်ငိုကျွေးရသည်က ပိုနေ
မည်သာတည်း။
ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာသည် လူ့ဘ၀ရဲ့ရခဲခြင်းကိုသာ အနှစ်ထုတ်ပြ
ခဲ့ပြီး ထိုလူ့ဘ၀တွင် အကုသိုအဆိုင်အခဲကို မကောက်ယူမိစေရန်
ဆုံးမခဲ့ပေသည်။ သူကိုယ်တိုင် ဘုရင်မင်းစည်းစိမ်ကို စွန့်လွှတ်ပြ
ခဲ့သည်။ သူ့ဝါဒကို ယုံကြည်သူသည် ဘာ့အတွက်ကြောင့် ရာထူး
အာဏာမက်မောနေသင့်သနည်း။ ဒီကနေ့ ထိုအာဏာရှင်နှင့်တွဲ
၍ အာဏာကိုထိမ်းကြောင်းနိုင်ရန် ဗုဒ္ဓမြတ်စွာ၏ သာသနာတော်
ကို အသုံးခြခဲ့ရာ ( မဟန ) ဆိုသော နိုင်ငံတော်သံဃမဟာနာ
ယကအဖွဲ့အဆက်ဆက်သည် အာဏာရှင်တို့ရဲ့ လက်ပါးစေဘ
ဝကို ရောက်မှန်းမသိရောက်ခဲ့ရာ အာဏာရှင်များက သိန်းပေါင်း
သုံးလေးဆယ်မျှတန်သော လက်ကိုင်ဖုန်း ဇိမ်ခံကားများနှင့်
ထိုမဟနများရဲ့ ဘ၀သံသရာကို နစ်မွန်းအောင်လုပ်ခဲ့သည်။ မြှုတ်
ခဲ့သည်။ ဒါကိုသိသော အချို့ထေရ်သံဃာများသည် ယင်းမဟန
အဖွဲ့ထဲတွင် မပါဝင်ကြဘဲ နှုတ်ထွက်ခဲ့ကြသည့် ဆရာတော်များ
ရှိကြသည်။ အထူးသဖြင့်မစိုးရိမ်ဆရာတော်ဦးရာဇဓမ္မပင်ဖြစ်သည်။
သာဓက( ပီနံဆရာတော်ဘုရားကြီး၏ကျောင်းကို မဟန မှသိမ်းယူ
ရာတွင် မစိုးရိမ်ဆရာတော်ဦးရာဇမှ သဘောမတူကန့်ကွက်ခဲ့)
ထို့ကြောင့် လူသားသည် လောကို ရှု့မြင်သုံးသပ်ရာတွင် ဘ၀နာရီ
စံနှုန်းကို နားလည်သင့်သည်။ ဗုဒ္ဓသည် ထိုဘ၀နာရီစံနှုန်းကို သူမ
တူအောင် ရှင်းလင်းပြသခဲ့သည်မှာ ဗုဒ္ဓအဘိဓမ္မာပိဋကတ်ကသက်
သေပင်တည်း။
ဒါ့ကြောင့် လူသားသည် ဘ၀နာရီစံနှုန်းကို နားမလည်သရွေ့ ဘီလျှံ
နာကိုလည်း မက်ကြမည်။ ဗိုလ်ချုပ်ကြီးရာထူးကိုလည်း တက်ကြ
မည်။ သမ္မတကြီးအဖြစ်လည်း ခုံမင်ကြပေဦးမည်။ ဒါကို ဗုဒ္ဓမြတ်စွာ
က ရွံမုန်းစရာကောင်းသော အရာအဖြစ် ပိဋကတ်တော် ဇာတက
တွင် တေမိယဇာတ်အဖြစ် ဟောကြားခဲ့ပြန်ပါသည်။
ထို့ကြောင့် ဗုဒ္ဓ၀ါဒတွင် မင်းစိုးရာဇာတို့ရဲ့ အပြစ်များကို တွင်တွင် ဟောထားပါလျက်နှင့် လောဘဇောတွယ်ကပ်နေကြသော
မိစ္ဆာ စစ်ဘီလူးများကြောင့် ဒီကနေ့ သန်းခြောက်ဆယ်သည် ဒုက္ခပင်
လယ်ဝေခဲ့ရသည်။ လယ်လုပ်သော တောင်သူလယ်သမားကြီးများ
ကို လယ်ဆည်ဝန်ကြီးမြင့်လှိုင်က အစိုးရသို့ပေးရမည့်အကြွေးများ
ကြေလည်စေရန် (ထမင်းတစ်နပ်လျှော့စားခိုင်းသသည်) ။ ကဲ ဤမျှ
လောက် မိုက်တွင်းနက်ကြသော အာဏာရူးများရဲ့ဘ၀နိကန္တိဟာ
ငရဲအထပ်ထပ်များဆီသို့သာဖြစ်ကြောင်းနှင့် အကယ်၍ ၁၁ ဘီလျှံ
နာဟူသောခံစားရမည့် ငွေကြေးထက် ငရဲအထပ်ထပ်ဖြတ်ကျော်ရ
မည့် ပဏသည် ကြောက်စာရာဖြစ်သည်။
ဘ၀ရသကဗျာရဲ့ အလိုအရပြောရမည်ဆိုပြန်သော် ဘ၀သည်လော
ကဓံတရားအဆိုးလေးပါးက ဘုရားရဟန္တာများလည်းခံစားရသည်။
ထို့ကြောင့် ထိုအဆိုးလောကဓံကိုလေးပါးကို ဗုဋ္ဌဿ လောကဓ
မ္မေဟိ စိတ္တံ ယဿာ နကမ္ပတိ၊ ဟိုဆိုအပ်သောဗုဒ္ဓ၀ါဒဖြေဆည်
ရာများ နှင့်အစားထိုးကာ နေထိုင်နိုင်မည်ဆိုပါက အသောကံ ၀ိရာဇံ
ခေမံ ဆိုတဲ့ မင်္ဂလတရားများကိုခံစားရမည်ဖြစ်သောကြောင့် . .
ဇာတိဖြစ်ချင်းမရှိ၍ . . . ဇရာဖြစ်ခြင်းမရှိသော။
ဇာရာဖြစ်ခြင်းမရှိ၍ . . . မရဏသေခြင်းမရှိသော ။
မရဏသေခြင်းမရှိ၍ . . . သောကစိုးရိမ်ခြင်းမရှိသော . . . .
နိဗ္ဗာန်သို့ ရောက်မည်မှာ . . . . မလွဲဧကန်ဖြစ်ပါတော့သည်ဟု
လိုရင်းတိုရှင်းရေးလိုက်ရပါသည်။
အလင်းရှင်
— with Thet Thet Aung and 26 others.
Photo: ၁၁ ဘီလျှံနာထက် တန်ဘိုးများ . .
♥  ♥   ♥   ♥    ♥    ♥    ♥    ♥
ဘ၀ရသ 
☭  ☭   ☭   ☭   ☭
ရေအလိုက် . .  
လေအလိုက်နဲ့ 
ရွတ်တိုက်သွားရတဲ့ဘ၀က တစ်မျိုး . . ။
လှိုင်းအထန်  . .  .
လေအပြန်  . . .
ရေဆန်ကိုကျော်ဖြတ်ရတဲ့ ဘ၀က တစ်ဖုံ . . .။
ဘ၀နှစ်မျိုး 
အကောင်းအဆိုးမှာ
ကြုံလာတဲ့ လောကဓံကို
ကြံ့ကြံ့ခိုင်ရင်ဆိုင်ရင်းနဲ့ 
ကျော်ဖြတ်နိုင်ခြင်းကိုက ဘ၀ရသ ။  ။
☀အလင်းရှင်☀

လင်းရှင်

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget