.

AlinShin

Tuesday, June 4, 2013

ငါတစ်ယောက်ထဲပါ

သစ်တစ်ပင်ခုတ်တဲ့ ပြည်သူက ထောင်သုံးနှစ်
သစ်တောတစ်တောလုံးခုတ်ရောင်းစားတ
ဲ့တေဇက ဒေါ်လာထောင်သောင်းပေါင်းများစွာ
ဘာလဲ . . . ဘယ်လဲ . ..
သိသိကြီးနဲ့ခံနေရတဲ့အထဲမှာ
ငါ. . .. အနာဆုံးပဲ။
ငါတစ်ယောက်ထဲပါ
+++++++++++++++
သစ်တစ်ပင်ခုတ်တဲ့ ပြည်သူက ထောင်သုံးနှစ်
သစ်တောတစ်တောလုံးခုတ်ရောင်းစားတဲ့တေဇက ဒေါ်လာထောင်သောင်းပေါင်းများစွာ
ဘာလဲ . . . ဘယ်လဲ . ..
သိသိကြီးနဲ့ခံနေရတဲ့အထဲမှာ
ငါ. . .. အနာဆုံးပဲ။
Like · · ·

စစ်ပြုတ်ဆိုင်

ဒေါ်လာဈေးအတက်အကျနဲ့ ပြည်သူကိုဖမ်းစားတယ်
လုပ်ကြ . . . လုပ်ကြ
ပြုတ်ကျတဲ့ တစ်နေ့ကြရင်
ခင်ညွှန့်လို ဘုန်းကြီးမ၀တ်နဲ့ ကော်ဖီကော်နာ မရောင်းနဲ့
စစ်ပြုတ်ဆိုင်
++++++++++++
ဒေါ်လာဈေးအတက်အကျနဲ့ ပြည်သူကိုဖမ်းစားတယ်
လုပ်ကြ . . . လုပ်ကြ
ပြုတ်ကျတဲ့ တစ်နေ့ကြရင် 
ခင်ညွှန့်လို ဘုန်းကြီးမ၀တ်နဲ့ ကော်ဖီကော်နာ မရောင်းနဲ့

ယမမင်း

တော်တန်တိတ် ငါးကျော်ပန်းကန်ဖိတ်
မနေ့က
တို့ရဲ့ဆရာ ရောဘတ်ဆန်းအောင်ကိုစစ်ကျောရေးထဲ
ရောက်သွားပြီတဲ့
ဖမ်းတဲ့သူကလည်း ရိုးနေသလို အဖမ်းခံရတဲ့သူကလည်းရိုးနေပါပြီ
အဲ . . . မရိုးသေးတာက
အာဏာရူးနဲ့ခရိုနီတို့ကို ငရဲဖမ်းတဲ့နေ့။
ယမမင်း
+++++++++
တော်တန်တိတ် ငါးကျော်ပန်းကန်ဖိတ်
မနေ့က 
တို့ရဲ့ဆရာ ရောဘတ်ဆန်းအောင်ကိုစစ်ကျောရေးထဲရောက်သွားပြီတဲ့
ဖမ်းတဲ့သူကလည်း ရိုးနေသလို အဖမ်းခံရတဲ့သူကလည်းရိုးနေပါပြီ
အဲ . . .  မရိုးသေးတာက
အာဏာရူးနဲ့ခရိုနီတို့ကို ငရဲဖမ်းတဲ့နေ့။
Like · · · a f

Monday, June 3, 2013

နားလည်မှုစာချွန်လွှာ
+++++++++++++++
သစ္စာနှစ်ပါးကိုနားလည်ပါ၊သမုတိသစ္စာမှာ ဘယ်သူမှအမြဲမှန်တာမလုပ်တက်ဘူးနော်၊ နိုင်ငံရေးသမုတိသစ္စာမှာလည်းအမြဲမှန်မနေတက်ဘူး။ဘာသာရေးသမုတိစ္စာကတော့ ဗုဒ္ဓကလုံးဝကိုအမှားတဲ့ဗျ။ ဒေါ်စုနဲ့တကွအားလုံးသောနိုင်ငံရေးခေါင်းဆောင်များ ပြည်သူ့အတွက် ပရမတ္ထသစ္စာသမားတွေဖြစ်ကြပါစေ၊ဒါမှ မြန်မာမှာသာမက ကမ္ဘာကြီးပါ ငြိမ်းချမ်းသွားမှာပါ။ ဒီလိုပြောတဲ့ ဦးဇင်းဟာ ဘယ်လိုသစ္စာသမားလဲ ဆိုတာ တွေးကြည့် ငေးကြည့် ပြေးကြည့်စရာမလိုပါဘူး။

ကျနော်နဲ့ သနပ်ခါးတုံးလေးများ

Min San shared your photo.
ကျနော်နဲ့ သနပ်ခါးတုံးလေးများ
+++++++++++++++++++++++
တစ်နေ့က ကျနော်နေထိုင်ရာ ဗာရဏသီသို့  မြန်မာပြည် ပုခုက္ကူမြို့မှာ မိတ်ဆွေများဘုရားဘူး လာကြပါတယ်။ ကျနော့ကို သူတို့ကအခုလို လှမ်းမေးတယ်။
သူတို့မေးတာကိုမပြောခင် ကျနော်ရဲ့နာမည်က အရှင်ကောဝိဒပါ။ ဒါပေမယ့် အရမ်းပိန်လှီတဲ့အတွက် ကိုရင်ဘ၀တုန်းကကျနော့်ကို ̏ကိုရင်ပိန်သေး˝ ရွာမှာရော ကျောင်းမှာပါခေါ်ကြပြီး အခုလို ရဟန်းပဉ္စင်း ဖြစ်လာပြန်တော့လည်း ̏ဦးဇင်းပိန်းသေး˝လို့ခေါ်ကြပြန်တယ်။ 
သူတို့လှမ်းမေးလိုက်ပုံက . . . 
̏ဦးဇင်း ပိန်သေး˝ . . . ̏အညာသူဘုရားဖူးတွေရဲ့သနပ်ခါးတုံးတွေရှိလား ˝. . . 
အဲဒီအခါမှာ ကျနော်က 
̏ဟ˝ . .  ̏နင်တို့ကလည်း . . သနပ်ခါးဆိုပြီးရောပေါ့ . . အညာသူသနပ်ခါးမှလား˝
ကျနော်က အဲလိုလည်းပြောလိုက်ရော . . .ပခုက္ကူသူညိုချောတစ်သိုက်က အခုလို ပြစ်တင် တော်မူပါတယ်။
̏ဒါ့ကြောင့် ဘုန်းကြီးဖြစ်နေတာ။ အညာသားဖြစ်ပြီး သနပ်ခါးအကြောင်းလည်းမသိဘူး။˝ 
̏ဟဲ့ . . . သနပ်ခါးက ရဟန်းအလုပ်မဟုတ်ဘူး။ သီလရှင်အလုပ်လို့ ˝ ရယ်စရာပြောလိုက်ပါတယ်။
ကျနော့စကားအဆုံးမှာ ပခုက္ကူသူ မ၀င်းမာက အခုလိုရှင်းပြပါတယ်။
̏သနပ်ခါးမှာ ပခုက္ကူထွက်သနပ်ခါးက ပိုပြီးအနံ့ကောင်းတယ်၊ မာကြောတယ်၊ဆေးဖက်ဝင်တယ်၊ ရန်ကုန်နဲ့အခြားအောက်ပြည်အောက်ရွာတွေက သနပ်ခါးရဲ့အကြောင်းကိုမသိတော့ သနပ်ခါးကို နေလှမ်းပြီးမှသုံးကြပါတယ်။ အဲလိုနေလှမ်းလိုက်ရင် သနပ်ခါးမှာရှိတဲ့ (၁)အနံ့ပျက်ပြယ်၊(၂)ပူဒါဏ်ကို ထိမ်းသိမ်းပေးမှုလျှော့နဲသွားတဲ့အတွက် နေလောင်ဒါဏ်ကိုအကာကွယ်ပေးတော့ဘူး။(၃) ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ် လိမ်သူရဲ့ပါးကို တင်းတိတ်ခေါ်အမည်းကွက်တွေဖြစ်စေတယ်။˝
မ၀င်းမာကအဲဒီလိုရှင်းပြတော့မှာ ကျနော်လည်းသဘောပေါက်သွားပြီး အင်းဒါဆိုရင် ငါ့ရဲ့ရန်ကုန်သူ ဒကာမတွေနဲ့အောက်ပြည်အောက်ရွာသားတွေသိရအောင် ̏ကျနော်နဲ့သနပ်ခါးတုံးလေးများ˝ကိုသတင်းကောင်းပါးလိုက်တာပါ။

ကုရ်ဘာနီနဲ့ မွတ်ဆလင်ဘာသာ

ကုရ်ဘာနီနဲ့ မွတ်ဆလင်ဘာသာ
++++++++++++++++++
ကျနော်တို့ကမ္ဘာဟာ အကြောက်တရားကိုရှေ့ရှု့တက်သော ကမ္ဘာဖြစ်နေတယ်။ ဒီလိုဖြစ်ပေါ် လာရ အောင် ပထမဦးဆုံးလက်သည်ကိုအကြောင်းရှာလိုက်တော့ စား၊၀တ်၊နေရေးပဲ။ ဒုတိယလက်သည်က သေခြင်းတရား။ ဒီလိုသောအကြောင်းအရာတွေကြောင့် ကျနော်တို့ကမ္ဘာဟာ သူကိုယ်တိုင်ကြောက်ရွံ ထိတ်လန့်ခံနေရပါတယ်။
နောက်ဆုံးတော့ ကမ္ဘာက နိယာမအလျှောက်မွေးဖွားပေးလိုက်သော အိမ်မွေးတရိစ္ဆာန်ကအစ သားငှက်တိရိစ္ဆာန်ပေါင်းများစွာဟာ အသိဉာဏ်ကောက်ကျစ်စဉ်းလဲမှုတို့နဲ့ပြည့်နှက်နေသော လူသားတို့ရဲ့ ယစ်ပူဇော်ခြင်းကို ခံလိုက်ရပါတယ်။ သူနဲ့အတူရောထွေးဝင်ရောက်လာတာက ဘာသာတရား။ ဘုရားဝါဒ။ အကိုးကွယ်ခံဝါဒ။ ဖန်ဆင်းရှင်ဝါဒ။
ဘုရားပွဲကျင်းပတာပဲဗျာ။ နွားတွေကို လည်လှီးမှ ဘုရားပွဲဖြစ်တာလား။ ကုရ်ဘာနီဖြစ်တာလား။ ကျနော်တို့က ယဉ်ကျေးမှုကိုရှေ့တန်းတင်ပါတယ်။ ကိုးကွယ်မှုကို မငြင်းဆန်ပါဘူး။ လူ့အခွင့်အရေး လို့ပြောနေတဲ့ဒီနေ့စကားလိုပေါ့ဗျာ။ 
အဲ . .. ဒါပေမယ့်။ ဘယ်ဘာသာတရားကမဆို သားသတ်လည်လှီးခွင့်ပြုတယ်ဆိုရင်တော့ အဲဒီဘာသာကို ကျနော်တို့ ရွှံတယ်၊မုန်းတယ်။
ဘာ့ကြောင့်လဲ ဆိုရင် အဖြေက . . ..  လူ့အခွင့်အရေးသမားဆိုသူတွေဟာ တိရိစ္ဆာန်တွေရဲ့အခွင့်အရေးကိုပါ ချိုးဖေါက်နေလို့ပဲ။ ကျနော်သာ ကမ္ဘာတစ်ခုလုံးကို ကိုင်လှုပ်ခွင့်ရမယ် ဆိုရင် ဘယ်သူ့ဘယ်သူကိုမှ သတ်ဖြတ်ခွင့်မပေးနိုင်ဘူး။ ဘယ်ဘာသာတရားကမဆို ဘာသာရေးပွဲ အတွက် ဘယ်တိရိစ္ဆာန်ကိုမှာ သတ်ဖြတ်ခွင့်မပေးနိုင်ဘူး။
အေး . .. ဗုဒ္ဓဘာသာမှာဖြစ်စေ . ..  ခရစ်ယာန်ဘာသာမှာဖြစ်စေ၊ ဟိန္ဒူဘာသာမှာဖြစ်စေ ထိုထိုသော ဘာသာတရားတို့ရဲ့ပွဲမှာ ဘယ်တိရိစ္ဆာန်ကိုမှာ သတ်ဖြတ်ခွင့်မပေးနိုင်ဘူး။ အင်း . . . တစ်ခုတော့ခွင့် ပြုလိုက်မယ် မင်းတို့ယုံကြည်တဲ့ဘာသာေ၇းပွဲမှာ မင်းတို့သိပ့်ယုံကြည်ရင် မင်းတို့လည်ကိုမင်းတို့လှီးပြီး ကုရ်ဘာနီလုပ်ကြ . . .  လို့ပဲ ပြောမယ်။ 
ကမ္ဘာမှာ ဘယ်သူမဆို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသော်လည်း လွတ်လပ်စွာလည်လှီးခွင့်ကိုတော့ အတိုင်းအတာတစ်ခုအထိ ပိတ်ပင်သင့်ပါတယ်။ ဗုဒ္ဓဘာသာဟာ အထူးဝိသေသနှင့်ပြည့်စုံသောဘာသာဟူ၍ သတ်မှတ်ခဲ့သလို လူအများစုကိုးကွယ်သောဘာသာဖြစ် ကြောင်းကိုလည်း အခြေခံဥပဒေမှာတွေ့ရမှာဖြစ်သလို ယုတ္တိဗေဒကြကြလေ့လာရင်လည်း ဟောင်း နွမ်းဆွေးမြေ့နေသော ဗုဒ္ဓစေတီပုထိုးတော်များနဲ့သာသနိကအဆောက်အဦများက သက်သေခံနေပါ တယ်။ ဒါ့ကြောင့် အိမ်ရှင်ဘာသာဖြစ်သော ဗုဒ္ဓဘာသာတောင်မှာ ကျောင်းဆောက်ချင်တိုင်းဆောက် လုပ်ခွင့်မရပါ။ 
ဒါကို မွတ်ဆလင်ကုလားတို့သိဖို့ကောင်းတယ်။ သူ့များနိုင်ငံမှာနေရင် သူများဥပဒေကိုလိုက်နာရပါ တယ်။ မကွဲပြားတာလေးတစ်ခုကို ခွန်ဒီးယံမှာတွေ့ရပါတယ်။ မွတ်ဆလင်လူမျိုး-မွတ်ဆလင်ဘာသာ။ ရခိုင်လူမျိုး-မွတ်ဆလင်ဘာသာ။တရုတ်လူမျိုး-မွတ်ဆလင်ဘာသာ။ ဦးဇင်းဒီလောက်ပဲ ဖေါ်ပြလိုက်ပါတယ်။ ဒါကို ကွဲကွဲပြားပြားမသိဘဲ ပိုစ့်တွေရေးနေကြတယ်။ စဉ်းစားကြပါ။ လေ့လာကြပါ။
 (၁)မွတ်ဆလင်ဘာသာနဲ့လူမျိုးမွတ်ဆလင်ဘာဝင်၊(၂) တရုတ်-ရှမ်း-မြန်မာ. . . . .လူမျိုးမွတ် ဆင်ဘာသာဝင်။ ဆိုပြီးခွဲခြားပြီးနားလည်လိုက်ရင် အဖြေကရှင်းပါတယ။် နောက်ဥပမာဆောင်ပြရရင် (၁)မွတ်ဆလင်လူမျိုးမွတ်ဆလင်ဘာသာဝင်နဲ့ (၂)တိုင်းရင်းသားမွတ်ဆလင်ဘာသာဝင် ။ ဒီကနေ့ မြန်မာနိုင်ငံမှာ မွတ်ဆလင်နဲ့ပတ်သက်ရင် ဒါလေးနှစ်ချက်ကိုပိုင်ပိုင်သိလိုက်ရင် ရှင်းနေတာပါ။ ဒါကိုကွဲ ကွဲပြားပြားမသိဘဲ မွတ်ဆလင်ဘာသာနဲ့တိုင်းရင်းသားကိုပေါင်းပစ်လိုက်တယ်။ အဲဒီမှာဗလုံးရှုတ်ထွေးနားလည်မူတွေရသွားတယ်။
ဒါ့ကြောင့် မွတ်ဆလင်လူမျိုးဟာ တိုင်းရင်းသားဖြစ်ခွင့်မရပါဘူး။ နိုင်ငံသားဖြစ်ခွင့်တော့ရကောင်းရပါ လိမ့်မယ်။
ဒီတော့က မွတ်ဆလင်ဘာသာဟာအိမ်ရှင်ဘာသာကို စော်ကားလို့မရသလို စော်ကားခွင့်လည်းမရှိပါ ဘူး။ ဒါပေမယ့် မွတ်ဆလင်တွေဟာ ဒီကနေ့ကမ္ဘာတစ်လျှောက် အိမ်ရှင်ဘာသာတွေအိမ်ရှင်နိုင်ငံ တွေကိုစော်ကားနေတာဘယ်သူမှမငြင်းနိုင်လောက်အောင်ကို သိမြင်နေရပါတယ်။
ပြောချင်တာလိုရင်းကတော့ . . . မြန်မာနိုင်ငံမှာ မြန်မာဓလေ့ဖြစ်သောရှေးမြန်မာအစဉ် ဆက်လေး စားခဲ့သော နွားများကို လှည်လှီးပြီး ဘာသာရေးပွဲတော်လုပ်ခွင့်ကို ပိတ်ပင်သင့်ပါတယ်။
မြန်မာ့နွားများဟာ မြန်မာတွေရဲ့ မိခင်အဖြစ် ရှေးနှစ်ပေါင်းများစွာကတည်းက သတ်မှတ်အတည်ပြု လာခဲ့ကြတာပါ။ တောရွာမှာ ကြီးပြင်းခဲ့သူများဖြစ်ပါက သိပါတယ်။ နွားကို ခြေထောက်နဲ့မကန်ရပါ ဘူး။ လှည်းမောင်းရင်းဖြစ်စေ ကိုယ်လိုရာမရောက်ရင် ဒုတ်နဲ့ပဲရိုက်ရပါတယ်။ ထိုခိုင်းနွားကြီးများမ လုပ်နိုင်အသက်ကြီးလာရင် နွားသတ်ကုလားလက်ကိုမရောင်းကြပါဘူး။ အလွန်မတန်ဆင်းရဲတဲ့ တောင်သူများသာ နွားသတ်ကုလားလက်ထဲကိုရောင်းချကြတာပါ။
အဲဒီလို အစဉ်အလာယဉ်ကျေးမှုအရ အထူးဝိသေသနဲ့ပြည့်စုံတဲ့ မြန်မာခိုင်းနွားကြီးများကို လည်လှီးတဲ့ ဘုရားပွဲဟာ အရမ်းစိတ်ပျက်သနားစရာကောင်းလှပါတယ်။
ဒါ့ကြောင့် ဘယ်ကမ္ဘာမှာပဲဖြစ်ဖြစ် ဘုရားပွဲဟာ ဘေးမဲ့လွှတ်ပွဲတွေပဲဖြစ်သင့်ပါတယ်။
ကုရ်ဘာနီနဲ့ မွတ်ဆလင်ဘာသာ
++++++++++++++++++
ကျနော်တို့ကမ္ဘာဟာ အကြောက်တရားကိုရှေ့ရှု့တက်သော ကမ္ဘာဖြစ်နေတယ်။ ဒီလိုဖြစ်ပေါ် လာရ အောင် ပထမဦးဆုံးလက်သည်ကိုအကြောင်းရှာ
လိုက်တော့ စား၊၀တ်၊နေရေးပဲ။ ဒုတိယလက်သည်က သေခြင်းတရား။ ဒီလိုသောအကြောင်းအရာတွေကြောင့် ကျနော်တို့ကမ္ဘာဟာ သူကိုယ်တိုင်ကြောက်ရွံ ထိတ်လန့်ခံနေရပါတယ်။

လူထုခေါင်းဆောင်နှင့်သူ၏နောက်လိုက်နောက်ပါများဖတ်ရန်

ဗုဒ္ဓစာပေကို မူကြိုမျှလောက်သင်ဖူးပါရင် ̏စကားတစ်လုံးသုံးတက်ပါစေ˝ဆိုတာကိုနားလည်ပါလိမ့်မယ်။ သူများမေးခွန်းကို ကိုယ်နားမလည်မဖြေရဘူး။ ကိုယ့်အဖြေစကားဟာ ကမ္ဘာအထိတာသွားတာကို လူထုခေါင်းဆောင်လုပ်မယ့်သူတွေကနားလည်ရမယ်။ ဦးဇင်းတို့ထောက်ပြဝေဖန်နေတယ်ဆိုတာ လူစွဲဘာသာစွဲမထားဘူး။ မြင်တာကြားတာကိုပဲ စီစစ်ဝေဖန်ပြတာ။ ကုသိုလ်စိတ်နဲ့ပါ။
ဒါ့ကြောင့် ခေါင်းဆောင်လုပ်မယ့်သူဟာ ပြီးလွယ်စီးလွယ်စကားကိုပြောလို့မရဘူး၊ ကိုယ်ပြောပြီး သွားရင်လည်းအဲဒီစကားအပေါ်မှာတာဝန်ယူရဲရတယ်။ နောက်မှာ။ ကျမပြောတာက ဒီလိုမဟုတ်ပါဘူး မေးတဲ့သတင်းထောက်က ဘာဖြစ်လို့ပါ . . . ညာဖြစ်လို့ပါ။ ကျမက နေပြည်တော်ကိုအမြန်သွားရမှာမို့ အချိန်မရဘူး။ သူမေးတာကို ကမန်းကတန်းပြန်ဖြေမိတာပါ။ စသည်ဖြင့် ̏ထမင်းရေပူလျှာလွှဲ˝စကားပုံ အတိုင်းကိုယ်ပြောပြီးသားကို အကာအကွယ်ဆင်ခြေပေးလို့မရပါဘူး။
မကြာသေးမီက လည်ဆည်ဝန်ကြီးလှမြင့်က ဧရာဝတီတိုင်းကိုရောက်တဲ့အခါ ဓနုဖြူမြိ့မှာနဲ့တူတယ်။ သူ့အဖေအရွယ်လောက်ရှိတဲ့ မြန်မာတောင်သူဦးကြီးများကို ကျွေးကြေဖို့အတွက် ̏ထမင်းတစ်နပ် လျှော့စားပါ˝ လို့ပြောခဲ့တဲ့စကားလိုပေါ့။
၈၈ခုနှစ်အရေးအခင်းမှာ စစ်အာဏာရူးကြီးတိုက်ပုံဝတ်နေ၀င်းပြောခဲ့တာကလည်း သမိုင်းတွင်သွား တာပဲမဟုတ်လား။̏စစ်တပ်ကသေနပ်ကိုမိုးပေါ်ထောင်မပစ်ဘူးတည့်တည့်ပစ်တာ˝ လူထုကိုအဲလို ချိန်းချောက်ခဲ့တယ်မဟုတ်လား။ အဲလိုစကားတွေဟာ ပျောက်မသွားဘူးနော် . . . သမိုင်းတွင်သွား တယ်။
ဒါကိုသိတဲ့ခေါင်းဆောင်အရည်အချင်းပြည့်မီသူတွေက စကားကိုပြောဖို့ထက်နားထောင်ဖို့ကိုဦးစား ပေးတယ်။
မကြာသေးမီကပဲ . . .
̏ကျမခွေးလေးလောက် လူတွေရိုးသားဖြောက်မတ်ကြရင်ကျမတို့တွေ (ကမ္ဘာကြီး)ငြိမ်းချမ်းရေး ရတာကြာခဲ့ပါပြီ။˝ လို့အောင်ဆန်းစုကြည်ပြောခဲ့သလို ̏ဘင်္ဂါလီအရေးမှာလည်း သားဖွားမှုကိုဝေဖန် လိုက်ပြန်တယ်˝ကမ္ဘာ့လူသားတွေအများစုကို ခွေးနဲ့ခိုင်းနှိုင်းပုံပြုခဲ့တာ ငြင်းလို့မရတော့ဘူးနော်။ သူပြောလိုက်တာက အားလုံးဟာ သူ့ခွေးလောက်စောက်သုံးမကျဘူးဖြစ်သွားတယ်။ သူ့ခွေးလောက် မယဉ်ကျေးဘူး။ တည့်ပြောရင်ဒီအတိုင်းအဓိပ္ပါယ်ထွက်နေတယ်။
ဒီလိုအိမ်မွေးတိရိစ္ဆာန်နဲ့ ကမ္ဘာ့လူထုကိုခိုင်းနှိုင်းပုံပြုတာဟာ အလွန်အောက်တန်းကျပါ တယ်။ ̏ကုလားကို ကုလားလို့˝မရိုင်းပါဘူး၊ယဉ်ကျေးတယ်လို့လည်းမပြောပါဘူး။
ဒါ့ကြောင့်ရှေးသောအခါဆီက မြန်မာ့ပညာရှိကြီးများက ̏လက်ကျွံရင်နှုတ်လို့ရတယ်၊စကားကျွံရင်နှုတ် လို့မရဘူး˝လို့ ဥပမာပေးထားခဲ့ပါတယ်။
ဒီဥပမာကို ခေါင်းဆောင်အရည်အချင်းပြည့်မီသူတွေက သေချာစွာလိုက်နာကျင့်သုံးပါတယ်။ ဥပမာလေးကတိုတိုလေးပဲ။ အကျယ်ဝိတ္ထာရချဲ့ရင် အလွန်မတန်ပညာရလိုက်သော ဥပမာဥပမေယျ စကားလေးပါ။
အခုအင်တာနက်မှာ ဒေါ်စုကို ဝေဖန်ပုတ်ခပ်ကြတယ်။ ဒီလိုပုတ်ခပ်မှုတိုင်းဟာ အမှန်မဟုတ်သလို အမှားလည်းမဟုတ်ပါဘူး။ တကယ်မှားနေရင်တော့အမှားပေါ့၊တကယ်မှန်နေရင်တော့ အမှန်ပေါ့။ အမှန်အမှားအကောင်းဆိုး ဆိုတာ တခါတရံကြတော့ အချိန်အခါဆိုတဲ့ကာလအပိုင်းအခြားကိုငဲ့ရပါသေးတယ်။ ဦးဇင်းတို့ကိုယ်တိုင်းလည်း မှား နေမှာပါ။ ကိုယ်တိုင်မကျူးလွန်ဘဲနဲ့လည်းအသမုတ်ခံရတာတွေရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်စေတာနာနဲ့ရည်ရွယ်ချက်မှန်ဖို့လိုပါတယ်။ အမှားဆိုတာအသေးအကြီးပဲကွာမယ် ပုထုဇဉ်မှန် သမျှမှားနေမှာပဲ။ ဒေါ်စုကိုယ်တိုင်ကလည်းအရိယာလို့ကြော်ငြာမထားပါဘူး။ ဒါ့ကြောင့် အနဲနဲ့အများဆိုသလိုမှားနေကြမှာပါပဲ။ ဘယ်အထိလည်း နောက်ဆုံးဘ၀အထိပါပဲ။ အရိယာဖြစ်သွားတဲ့အချိန်မှပဲ အမှားကင်းမှာပါ။ ဒေါ်စုကို ထပ်မမှားစေချင်ပါဘူး။ အခြားသူတွေကိုလည်း ထပ်မမှားစေချင်ပါဘူး။ ကိုယ်တိုင်လည်းထပ် မမှားအောင် ကျိုးစားနေမှာပါလို့ ၀န်ခံပြောကြားရင်း။

++++++++++++++++++++++++++++++++++++++

Like · ·

Sunday, June 2, 2013

အမြီးအမောက်က အဲဒီကစတာ

မုစ္စလိန္ဒအိုင်မှာ လေပြင်းမှုန်တိုင်းတွေတိုက်တော့ အဲဒီအင်းအိုင်ကြီးမှာနေတဲ့နဂါးကြီးက ဘုရားရှင်ကို မိုးလေဒဏ်မှလွတ်အောင် သူ့ခန္ဓာကိုယ်ကြီးနဲ့ ပတ်ခွေကာ အနွေးဓာတ်ပေးလိုက်တယ်တဲ့။ အဲဒီ story လေးဟာ ဗုဒ္ဓသမိုင်းမှာတော့ ဒီကနေ့အထိ မှတ်တိုင်လေးပဲ။ အမြီးအမောက်က အဲဒီကစတာ ဒါဆိုတာ့ နှစ်ထောင်ချီနေပြီပေါ့ . . .
Photo: အမြီးအမောက်က အဲဒီကစတာ
+++++++++++++++++++++
မုစ္စလိန္ဒအိုင်မှာ လေပြင်းမှုန်တိုင်းတွေတိုက်တော့ အဲဒီအင်းအိုင်ကြီးမှာနေတဲ့နဂါးကြီးက ဘုရားရှင်ကို မိုးလေဒဏ်မှလွတ်အောင် သူ့ခန္ဓာကိုယ်ကြီးနဲ့ ပတ်ခွေကာ အနွေးဓာတ်ပေးလိုက်တယ်တဲ့။ အဲဒီ story လေးဟာ ဗုဒ္ဓသမိုင်းမှာတော့ ဒီကနေ့အထိ မှတ်တိုင်လေးပဲ။ အမြီးအမောက်က အဲဒီကစတာ ဒါဆိုတာ့ နှစ်ထောင်ချီနေပြီပေါ့ . . .

ဘယ်လဲဟဲ့ . . .

အေးလေ . . . အဲဒီ(မဟန)တွေတစ်မျိုးလုံးတစ်ဆွေလုံးကြောင့် ဗုဒ္ဓဘာသာပျက်သုဉ်းစပြုနေတာပေါ့။ ဟိုးတုန်းက ရဟန်တွေ ဘယ်တော့နေနေ နေလို့ရတယ်။ ဘယ်သုဿန်နေနေ နေလို့ရတယ်။ အခု မရတော့ဘူး။ အဲဒါကို သာသညိုးနွမ်းသွားရတာပဲ။ ဥပဒေကိုမကြည့်နဲ့။ ဥပဒေကြောင်းအရပြောတာမဟုတ်ပါဘူး။ အစဉ်အလာအရပြောတာပါ။ ကဲ အခု မြန်မာပြည်က ဦးဇင်းတွေ တောရွာတစ်ရွာက သုဿန်မှာ တစ်လလောက် နေဖို့မစဉ်းစားနဲ့ မဟနရဲ့တပည့်သံဃနာယကအမိန့်စာနဲ့ ထောင်ထဲရောက်သွားမယ်။ မယုံမရှိနဲ့ ကိုယ်တွေ့ပြောနေတာ။ တစ်ချိန်မြန်မာပြည်ပြန်ရောက်ရင် တိတိကျကျကိုဖေါ်ပြမယ်။ စစ်ကိုင်းတိုင်းထဲက ပေါ့။
Photo: ဘယ်လဲဟဲ့ . . .
++++++++++++++++

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget