.

AlinShin

Saturday, February 2, 2013

ဒေးဗစ်ဘက်ခမ်းကြောင့် အသက်ဝင်လာရသောဆောင်းပါများ (၁)


by အလင်း ရှင် on Saturday, 2 February 2013 at 22:37 ·
ဒေးဗစ်ဘက်ခမ်းကြောင့် အသက်ဝင်လာရသောဆောင်းပါများ (၁)

(၁) ဂြိုလ်ပြေ . . .  နံပြေ . . . နင်လည်းသေ . . ငါတို့ကတော့ ဇိတံမေ။

ဦးဇင်းတို့နားလည်ထားတာက ဘာသာဝင်ဖြစ်တာမဖြစ်တာတွေကအရေးမကြီးပါဘူး။အဲ . . ဗုဒ္ဓ၀ါဒဟာဘာလဲ ဆိုတာကိုပဲ သိရမှာပါ။ ဒါကလည်းပြောတော့တာလွယ်တာ သိဖို့ရာ  ဘယ်စာအုပ်တွေလေ့လာရမယ် ဆိုတာက အဓိကပါ။ ဟို . ..ဗေဒင်ဝါဒီတွေရေးတဲ့စာအုပ်တွေဖတ်မိရင် ဗုဒ္ဓ၀ါဒဟာ ခပ်ပေါပေါကြီးဖြစ်သွားတယ်။ အရမ်းကို တိကျတဲ့ လူမှု့ဘ၀နဲ့တစ်ထပ်တည်းဖြစ်တဲ့ ဗုဒ္ဓအယူဝါဒဟာ သူ့ကိုယုံကြည်သူရဟန်းရှင်လူတွေရဲ့လက်ချက် ကြောင့်ပဲ ပညာရှိတို့ရဲ့ ကဲ့ရဲ့ခြင်းကိုခံနေရှာတယ်။
အထူးသဖြင့် ဒီကနေ့ခေတ်အခြေအနေက ပိုဆိုးသွားတယ်။ သတင်းမီဒီယာမှာ အတိုင်းအတာတစ်ခုအထိဖေါ်ပြ လို့ရနေတယ်လေ။ အရင်ဆုံးတွေးစရာလေး . ..  တွေးကြည့်တက်အောင်ပြောပြမယ်။
အလိုတော်ပြည့်ဘုရား ဆိုတဲ့ဘွဲတော်ကစမယ်။ အဲဒီဘုရားဆင်းတုတော်က အလိုတော်ကိုတကယ်ပြည့်ပါတယ် ပဲထားပါ တစ်ခြားဘုရားဆင်းတုတော်များက အလိုတော်မပြည့်တော့လို့ အိပ်သာထဲရိုက်ချိုးထည့်ထားရတော့မှာ လား? ။ ဒါပါပဲ။ ဗမာတွေ စာမတက်တာထက် စူးရောက်အောင်မတွေးတက်တာပါ။ ဦးဇင်းအခုပြောနေတာ အလိုတော်ပြည့်ဆိုတဲ့ နာမည်ပါဘုရားဆင်းတုတော်တစ်ဆူကို ရည်ညွှန်းပြီးအပြစ်ဖို့စကားပြောနေတာမဟုတ် ဘူးနော်။ တကယ်ကိုအလိုတော်ပြည့်တယ်လို့ ဦးဇင်းကိုယ်တိုင် ယုံကြည်လိုက်မယ်။ ဒီလိုယုံကြည်လိုက်ရင် အခြားဒေသတွေမှာရှိနေတဲ့ဘုရားတွေက အလိုတော်ယုတ်ဘုရားဖြစ်သွားမှာပေါ့။
အဲဒီလောက်ကို ဗမာတွေ မစဉ်းစားတက်ဘူးဖြစ်နေတယ်။ ဒါလွယ်လွယ်လေးပါ။ ဒါပေမယ့်မစဉ်းစားမိကြဘူး။ ကလေးဘ၀ကသင်ခဲ့တဲ့ကဗျာလေးလိုဖြစ်နေတယ် (ပြောတိုင်းယုံတဲ့ပေါက်သင်ညို ခေါင်းညိတ်ရသလို) ကိုယ် ပိုင်မတွေးခေါ်တက်တော့ ခေါင်းပဲညိတ်နေရတော့တာပေါ့။ ဦးဇင်းငယ်ငယ်တုန်းက အဖွားပြောတဲ့စကားလေးက (ကျိက်ထီးရိုးဘုရားကို သုံးခေါက်တက်ဖြစ်ရင် စီးပွားတက်တယ်)တဲ့ ။ ဒ်ီလိုမျိုးအသက်ကင်းမဲ့အယူတွေကို မြန်မာနိုင်ငံသူနိုင်ငံသားတွေ ကျင့်သုံးနေကြတယ်။
ပိုလို့ဆိုးတာက န၀တတို့နအဖတို့ခေတ်ကပါပဲ။ ယတြာ ဆိုတဲ့စကားလုံးက အဲဒီကြမှာပေါ်ပြူလာဖြစ်တာ။ တိုင်း ပြည်ကိုမအုပ်ချုပ်တက်တဲ့အပြင် ဧကရာဇ်စနစ်လို  တိုင်းပြည်မှာသူတို့ကဘုရင်တစ်ဆူအဖြစ်ထင်တိုင်းကြဲချင် တော့ ကြဲလို့ရအောင် တန်ခိုးအတုအဖြစ် ယတြာကို သူတို့စတင်တွေ့ရှိဖေါ်ထုတ်ကာလုပ်ခဲ့ကြပါတယ်။ သူတို့နဲ့ ခရိုနီတစ်သိုက်က မဟာဓနတွေအဖြစ် တိုင်းပြည်ရဲ့ပြည်သူ့ဘဏ္ဍာများကို ဖေါ်ထုတ်ရောင်းချလို့ ကြွယ်ဝ ချမ်းသာလာကြတယ်။
အဲလို ခရိုနီနဲ့စစ်အာဏာရူးများတစ်သိုက်တို့က ကမ္ဘာပေါ်မှာ သောက်လုပ်သောက်ကိုင်မရှိဘဲသန်းကြွယ်သူဌေး ကြီးများအဖြစ် နေ့ချင်းညချင်းကြီးပွားလာတာဟာ ယတြာကြောင့်လို့ မြန်မာပြည်သူလူထုဟာ ထင်မြင်ယူဆကြ တယ်။ နောက် (ယတြာကောင်းရင် မင်းလောင်းပျောက်၏)  ဆိုတဲ့ ရှေးစကားကလည်း မြန်မာလူထုရဲ့နှုတ်ဖျား မှာစွဲနေလေတော့ ခရိုနီနဲ့စစ်အာဏာရူးများဟာ ဗေဒင်ယတြာကောင်းလို့ဆိုတဲ့ထင်မြင်ချက်ကို ခိုင်မာစေခဲ့ပါ တယ်။
မြန်မာနိုင်ငံဟာ အဲလိုစစ်အာဏာရူးများ ၎င်းတို့ကိုဖားယားကာကြီးပွားချမ်းသာလာကြသောခရိုနီများရဲ့ စနစ်ဆိုး ကြောင့် ဒီကနေ့မှာ ဗုဒ္ဓ၀ါဒဟာ ထောင့်ဝါဒ၊နေ့ဝါဒ၊ပြဿဒါးရက်ရာဇာဝါဒ အဖြစ်မသိမသာပြောင်းလည်း သွားခဲ့ ရာ ကမ္ဘာ့အံ့ဖွယ်အမည်ခံရွှေတိဂုံဘုရားကြီးရှိ ဂြိုလ်ပြေနံပြေတွေဆိုတာဟာ် ဒီစာရေးသူ ဦးဇင်းဘက်မှ ထူးခြား သော မဟာမျက်မြင်သက်သေကြီးတစ်ခုပါပဲ။
ဒါ့ကြောင့် ကမ္ဘာပေါ်မှာထင်ရှားပါတယ်ဆိုသော မည့်သည့်ပုဂ္ဂိုလ်ကြီးတွေဟာ ဗုဒ္ဓဘာသာဝင်များအဖြစ်ဘာသာ ကူးပြောင်းလာကြတယ်ဆိုတဲ့သတင်းကိုကြားလို့ ဦးဇင်းဝမ်းမသာပါ။ အထက်ကပြောခဲ့တဲ့ ရွှေတိဂုံဘုရားကြီးမှာ ဂြိုလ်တိုင်တွေပျောက်သွားမယ်ဆိုရင်ကိုသာ တကယ့်ဝမ်းသာမိမှာပါ။ ပျောက်သွားတယ်ဆိုတဲ့နေရာမှာ အာဏာ နဲ့ဖြိုဖျက်ပစ်လိုက်တာမျိုးမဟုတ်ဘဲ ဗုဒ္ဓ၀ါဒအမည်ခံတွေဟာ တကယ်ကိုဗုဒ္ဓ၀ါဒမှာ ဒီလိုနေ့နံပြဿဒါးဂြိုလ်ပြေနံ ပြေတွေမလိုအပ်ဘဲ သုနက္ခတ္တံ သုမင်္ဂလံ ဆိုတဲ့ပါဠိတော်အတိုင်း ကောင်းသောပြုမူမှုသည်သာ ကောင်းသော တုန့် ပြန်မှုကိုဖြစ်စေတယ် ဆိုတဲ့ ဗုဒ္ဓအယူဝါဒကို တကယ်သိရှိလိုက်နာပြီး လူသည် အစောကပြောခဲ့သောပြဿ ဒါးဝါဒနေ့နံဝါဒများကိုလက်မခံလိုသောစိတ်ရှိဖို့လိုပါတယ်။
ပြဿဒါးနေ့ ငြုတ်သီးစားလည်းစပ်မှာပဲ ရက်ရာဇာနေ့ငြုတ်သီးစားလည်းစပ်မှာပဲ။ ဒီလိုနိယာမတရားများကို နား လည်ပြီးရွှေတိဂုံဘုရားမှာ ဂြိုလ်ပြေနံပြေတွေပပျောက်သွားတာကိုပဲ တကယ့်ဗုဒ္ဓ၀ါဒလို့ပြောရမှာပါ။ တလောက ကချင်ပြည်နယ်အထိငြိမ်းချမ်းရေးအတွက်လမ်းလျှောက်သူတွေတစ်သိုက်က ရွှေတိဂုံဘုရားကိုသွားပြီးအောင် မြေနင်းတယ်ဆိုတဲ့စကားလေးဖတ်လိုက်ရတယ်။ ရွှေတိဂုံဘုရားကို တပ်ဦးတပ်ထွက်ခရီးထွက် မင်္ဂလာအဖြစ် သွားရောက်ပူဇော်တာဟာ ဗုဒ္ဓ၀ါဒအဖြစ်  ဦးဇင်းတို့ ၀မ်းမြောက်စွာသာဓုခေါ်ပါတယ်။ အဲ . . သူနဲ့ကပ်ပါလာတဲ့ အောင်မြေနင်းတယ် ဆိုတဲ့စကားကတော့ ဗုဒ္ဓ၀ါဒအတွက်မသတီစရာ . . . အော့နှလုံးနာစရာပါ။
ဒီလူငယ်တချို့နဲ့ ဦးဇင်းထောင်ထဲမှာ နေခဲ့ကြဖူးပါသေးတယ်။နာမည်တော့ထည့်မပြောတော့ပါဘူး၊  သူဟာ လူတော်တစ်ယောက်ပါ။ တိုက်ပိတ်ပြီဆိုတာနဲ့ သူ့အခန်းထဲကနေ ဘုရားရှိခိုးပရိတ်ရွတ်သံတွေကိုကြားရပါပြီ . . ဒါ့အပြင်အင်္ဂလိပ်စာကို အသံနေအသံထားနဲ့ ကျက်မှတ်သံကိုလည်း ကြားရပါတယ်။ ဗုဒ္ဓ၀ါဒအရ ပြောရမယ် ဆိုရင် သူတို့ရဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေးခရီးဟာ အောင်မြေနင်းစာရစကားသုံးစရာမလိုပါဘူး။ ဘာဖြစ်လို့ လည်းဆိုတော့  သူတို့ရင်ထဲမှာကိုကတည်းက အောင်နေပြီးသားပါ။ သူတို့ရင်ဘတ်ထဲမှာ ရှိနေတဲ့ဆန္ဒအမှန်ဆို တာဟာ ဘုရားအလာင်းသူတော်ကောင်းကြီးတွေရဲ့ စိတ်မှဖြစ်ပေါ်တက်သော မဟာကရုဏာရဲ့တစိတ်တဒေသ ပါ။
ကချင်ပြည်နယ်ကို ငြိမ်းချမ်းစေချင်တယ်။ ကချင်လူမျိုးတို့ရဲ့နယ်မြေမှာဖြစ်ပေါ်နေတဲ့ စစ်မီးတွေရပ်စေချင်တယ်။ ဒါသူတော်ကောင်းစိတ်ဓာတ်ပါ။ ဒါကို ဂျာနယ်ကပဲဖွတာလားသူတို့ကိုယ်တိုင်ကပဲပြောတာလားတော့မသိ ရွှေတိ ဂုံဘုရားမှာအောင်မြေနင်းမယ် . . . တဲ့။
အောင်မြေနင်းတယ်ဆိုတာ အာဏာရူးစစ်ခေါင်းဆောင်များရဲ့အလုပ်ပါ။ အာဏာတည်မြဲဖို့စစ်တိုက်တယ် စစ် တိုက်တဲ့နေရာမှာအောင်ချင်တယ်။ ဒါနဲ့စစ်မတိုက်ဘဲအောင်ချင်တဲ့ ပရောဟိတ်ကြီးများက ဟိတ်ဟန်နဲ့လုပ်ကြံ လိုက်တာ ဒီကနေ့ ဘုရားတိုင်းမှာအောင်မြေဆိုတာ မပါရင်မပြီးပါဘူး။
ဒီတော့ ဦးဇင်းပြောချင်တာက ဗုဒ္ဓ၀ါဒဆိုတာ ကိုယ့်ကာယကံကိုယ့်ဆီလာတဲ့ဝါဒပါ။ ကာယကံကောင်းမှု၊၀စီကံ ကောင်းမှု၊မနောကံကောင်းမှုကိုသာ ထိမ်းသိမ်းသောဝါဒကျင့်စဉ်ပါ။ ဒီကံသုံးကံကိုထိမ်းထားရင် ကိုယ့်ရင်ဘတ် ဟာအောင်မြေပါပဲ။ ကိုယ့်နှလုံးသားဟာအောင်မြေပါပဲ။ ပါဠိလိုပြောရင် . .. ဇိတံမေ . . . ပေါ့။
ကိုပေါက်တူးရဲ့ ဇိတံမေ . . . ကို မကြာမီ ဆက်ဖတ်ရပါလိမ့် . . . .
by:  အလင်းရှင်
 http://aungminkhoung.blogspot.com

ဒါယကာကြီးဦးကျော်သူရဲ့ ခရိုနီဆိုသောစကားကိုဖြည့်စွပ်လိုက်ခြင်း

ဒီလိုတွေပြောနေရတာ၊မစ္ဆရိယစိတ်တွေကြောင့်မဟုတ်ဘူးနော်။ မြန်မာလူမျိုးတွေအတုယူမှားသွားမှာစိုးလို့ပါ။ ကောင်းတဲ့နေရာကိုအတုယူသင့်သော်လည်း အခုလို အာဏာရူးများကိုအဘခေါ်ခေါင်းငုတ်ပြီးအဓမ္မဖြစ်သောပြည်သူပိုင်ပစ္စ ည်းတွေကို မိမိတစ်ဦးတည်းရအောင် ဖားယားပြီးလုပ်ကိုင်စီးပွားဟာ သဒ္ဓါလာဘတွေမဟုတ်ဘူးဆိုတာကို လူငယ်တွေကိုသိစေချင်ပါတယ်။ ခရိုနီနဲ့အာဏာရူးများရဲ့ ခန္ဓာဟာ မီးခဲလိုပူလောင်လှပါတယ်။ အခိုးအလျှံတွေထွက်နေတဲ့ အဓမ္မလာဘ်လာဘတွေဟာ သံသရာမှာ ယမမင်းစစ်တဲ့အခါ မြန်မာပြည်ပလိပ်စစ်သသလို ဖုံးထား/ကွယ်ထား/လာဘ်ပေးထားလို့မရပါဘူး။ ဒါ့ကြောင့် ရှေးကသူ-တော်ကောင်းကြီးများဟာ (ဟဲ့. . . မိန်းမ နင်နော် ငါ့ကို သူများခြံစည်းရိုးကမသိ
ဘဲခူးလာတဲ့ ကင်းပွန်သီးကိုတော့ ချက်မကျွေးပါနဲ့ဟယ် . . .) ဒီလိုကိုအမှာအထားရှိကာ သန့်ရှင်းသောကိုယ့်ခြံထဲကမရှိရှိတာလေးတွေနဲ့သား ထမင်းတစ်ဝိုင်းကိုစီမံတက်ကြပါတယ်။ ကဲ . . . ဒီလိုသာ ဓမ္မလာဘဆိုရင် ဟိတ် . . .မလွဲဘူးခရိုနီတွေနဲ့ အာဏာရူးတွေဟာ ပြည်သူ့ကျွေးတွေကို သံသရာမှာဆပ်ကြရဦးမှာပဲ။

ခရိုနီတွေလူမှုရေးလုပ်လာကြပြန်ပြီ ဟု ဦးကျော်သူပြော
February 1, 2013Home, သတင်း ဌာနအသီးသီးရှိ အာဏာရှိ သူများနှင့်ပူးပေါင်းကာ ကိုယ်ကျိုး အတွက်ရှာကာ အများအကျိုးကို ပစ်ပယ်ထားတက်သော ခရိုနီများ သည် ကိုယ်ကျိုးအတွက်မျှော်မှန်း ၍ လူမှုရေးလောကနယ်ပယ်သို့ ၀င်ရောက်လာကြောင်း ဦးကျော်သူ ကပြောကြားသည်။
““ခရိုနီအုပ်စုထဲက လူတွေက ဒီကြားထဲမှာ နိုင်ငံရေးလောက ထဲကိုလည်းဝင်နေတယ်။ လူမှုရေး လောကထဲကိုလည်းဝင်နေတယ်။ ဘာလို့ဝင်တာလည်းလို့မေးရင် သူတို့အနေချောင်ဖို့ သူတို့ဒီထဲကို ၀င်ပြီလေ၊လူမှုရေးလုပ်တယ်ဆိုရင် ပြည်သူလူထုက အားကိုးတယ်။ ပြည်သူလူထုက အားကိုးတယ်ဆို ရင် အင်အားရှိတယ်လို့ထင်နေ တယ်။ လူမှုရေးလုပ်တယ်ဆိုတာ ကိုယ့်ရဲ့စိတ်ဓာတ်က လူမှုရေး အတွက်ဘယ်လောက်ရှိလည်း လူမှုရေးအတွက်ကိုယ့်ရဲ့စိတ်ဓာတ် ကဘယ်လောက်အာမခံချက်ရှိ လည်းဆိုတဲ့ ဒီစိတ်ဓာတ်နဲ့လုပ်ရ မှာငွေနဲ့ပေါက်ပြီး လူမှုရေးလောက ထဲကို ၀င်လို့မရဘူး။ဒါတွေက မှား နေပြီ နိုင်ငံရေးဆိုလည်း နိုင်ငံရေး ငွေနဲ့ပေါက်ပြီးဝင်တယ်။
သူတို့အဲလိုလုပ်နေတဲ့အပေါ် မှာတော့ ဘာမှမပြောချင်ဘူး။ သူ့သမိုင်းကိုသူရေးမယ်။ သေတဲ့ အခါကျတော့ သိမှာပဲ၊တစ်ချို့က ဗုဒ္ဓဘာသာဖြစ်ပြီးတော့ ဒီဘ၀မှာ ငါကောင်းကောင်းနေမယ်။ကောင်း ကောင်းစားသောက်ဖို့လည်းအရေး ကြီးတယ်။ သေသွားပြီဆိုရင် နောက်ဘ၀ နောက်တစ်ကောင် ဖြစ်မယ်။အဲဒီအတွေးအခေါ်တွေ ဒါတွေကြောင့် တစ်ကမ္ဘာလုံးဒုက္ခ ရောက်နေတာ။လှူတယ်ဆိုလည်း ပျက်ရမယ်။မလိုအပ်တာကို ကဗျည်းရေးထိုးချင်တယ်။မလိုအပ် တဲ့နေရာကိုလည်း ကိုယ်အကျိုး စီးပွားအတွက် သိန်းတစ်ထောင် လှူတယ်ဆိုရင် နောက်က သိန်း ၄၊၅၊၆ထောင်လောက်ရမယ့် မျှော် ကိုးချက်နဲ့လှူတယ်ဒါတွေက မှား နေပြီ။တကယ်မြန်မာနိုင်ငံမှာလို အပ်နေတဲ့နေရာတွေအများကြီး အဲဒီနေရာတွေကို လုပ်ပေးရမှာ”” ဟုပြောကြားခဲ့သည်။
နာရေးကူညီမှုအသင်းအား နေ့စဉ်၊လစဉ်၊နှစ်စဉ်လာလှူသည် ငွေကြေးများကိုလည်း ကျန်းမာ ရေး၊ပညာရေး၊သဘာဝဘေးနှင့် တခြားသောလိုအပ်သည့်နေရာ များသို့ ခြင့်ချိန်၍လှူဒါန်းနေ ကြောင်းသိရှိရသည်။  
 ဖြိုးအောင်
Credit to :The Hot News
Post By : အေးချမ်းမွန်  https://www.facebook.com/excellencemedia
 


နေမျိုးဇင် . . တို့ . .သွေး . .ရဲ . . နီ















နေမျိုးဇင် . . . တို့ . . . သွေး . . . ရဲ . . . နီ 
ရှင်မဟာသီလ၀ံသတို့ ခေတ်ကတော့
တောင်ကိုမဖေါက် . . . တောင်းကိုဖေါက်
တောင်းကိုမဖေါက် . . . တောင်ကိုဖေါက် . . . တဲ့။
အဲ . . .
ကျနော်တို့ . . . (၂၀၁၃) ခုခေတ်မှာတော့
ဗမာနိုင်ငံက . . ဗမာနိုင်ငံသားဖြစ်တဲ့
နေမျိုးဇင်ကတော့ . . . .
 အာဏာရူးတို့ရဲ့ သံလက်ထိပ်ကို . .. ငါ . . . မကြောက်
ပြည်သူအကျိုးကို . . . . ငါ . . .မသယ်ပိုးနိုင်မှာကိုသာကြောက်သည် . . . တဲ့။
သံလှောင်အိမ် နီနီရဲကို . . ငါ . . .မကြောက်
အာဏာရူးတွေရဲ့သွေးနက်တွေကို . . . ငါ . . . လက်ဖြောက်မတီးရဲမှာကိုသာကြောက်သည် . . . တဲ့။
တိုက်ပိတ်အမှောင်ကို . . . ငါ . . . မကြောက်
ပြည်သူတွေ ပညာအလင်း . . . မဲ့ . . မှာကိုသာ . . . ငါ . . .ကြောက်သည် . .  တဲ့။
ဒါ့ကြောင့်
ငါ . . . နေမျိုးဇင်
ပညာကင်းဆိတ် အလင်းမှိတ်တဲ့သူမဟုတ်
တစ်ချိန်က စစ်အာဏာရူးတွေထဲမှာ ငါလည်း . . .စစ်ဗိုလ်ချုပ်အသေးစားလေးတော့ဖြစ်ခဲ့တာပါပဲ။
ဒါ့ကြောင့် . . .
အဲဒီ . . .ညစ်ပတ်ပလီတဲ့ စစ်သွေညိုညှီတွေကို . . . ငါဖေါက်ထုတ်
ပြည်သူအတွက် . . . ငါ . . . အလုပ်လုပ်ခဲ့သည်။

By:အလင်းရှင် http://aungminkhoung.blogspot.com

ကျနော်ရွတ်ပြမယ်

စစ်အာဏာရူးတွေ . . . ရက်စက်တယ် . . . ယုတ်မာတယ်။ ကျနော်ဟာ သူတို့ သူပုန်ထအာဏရကြီးစိုးတဲ့ ခေတ်မှာ လူလာဖြစ်တော့ . .. ဘ၀ဟာ ချေးပါတာကလွဲလို့ ဘာမှ လွတ်လပ်မှုမရတော့ဘူး။ မြန်မာနိုင်ငံ အပြင်ဘက်မှာလူဖြစ်ခွင့်ရတဲ့သူတွေကြတော့ . . . အို . . . မီးမှန် . . . ရေမှန် . . . လေမှန် . . . အင်တာနက်မှန် နဲ့ မှန်လေးမှန် မြန်မာ့ဆေးထက်စွမ်းတယ်။ လူ့ဘ၀ကို ခါးကော့ရင်မော့လို့နေခွင့်ရကြတယ်။ သူတို့က တကယ်လူ . . . ကျနော်တို့က တကယ့်သူပုန်ပြုခံရတဲ့ လူ။ လူခြင်းတော့တူတယ်။ သူတို့က သူတော်ကောင်း အစိုးရတွေရဲ့ ဥပဒေနဲ့အညီအုပ်ချုပ်မှုအောက်မှာနေရတယ်။ ကျနော်တို့က သူယုတ်မာကြီးတွေအာဏာကို သိမ်းယူပြီး သူတိုအတွက်ကာကွယ်တဲ့ဥပဒေအောက်မှာ မတရားညှင်းပန်းနှိပ်စက် သတ်ဖြစ်ခြင်းတွေနဲ့နေရတယ်။ ဒီလိုနဲ့ ကြာလာတော့ ကျနော်တို့ဟာ စစ်ဖိနပ်သံကြားရင် ရင်တုန်နေတယ်။ နောက်ဆုံးမှာ ရင်ဘတ်ထဲမှာ သူတို့ကို ဆဲခြင်လာတယ်။ သူတို့နဲ့ကျနော် တရားသောစစ်ကိုဆင်နွဲချင်လာတယ်။ နောက်ဆုံးကျနော့ရှေ့မှာရှိတဲ့ ဘော့စ်ပင်လေးနဲ့ အခုလိုဆဲဆိုနေမိတယ်။ . . . အဒီအသံတွေဟာ ကဗျာတဲ့ . . .နားထောင်ကြည့်ပါဦး . . . ဗျာ။ ဟိုး . . . နားမှာအော်သံတွေကြားရတယ်။ . . . ဘယ်နားလည်း ကချင်ဒေသ ဘယ်နားလည်း လက်ပံတောင်းတောင် ဘယ်နားလည်း ရခိုင် . . . အို . . . အော်ဟစ်ငိုယိုသံတွေ . . . .ကမ္ဘာအထိဆုံးနိုင်ဦးပါ့မလား . . . ဗျာ။ ကဲ . . . ကဲ . . . မယုံရင်နားထောင်ကြည့် ကျနော်ရွတ်ပြမယ် . . .
Like · · · 6 hours ago ·

သူကြီးအလှူရွာသားကောင်းမှုတဲ့။ ခရိုနီအလှူပြည်သူတွေ ကောင်းမှုပါပဲ။

Photo: စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် ၄င်းသေဆုံးလျှင် ပိုင်ဆိုင်သမျှလှူဒါန်းခဲ့မည်ဟုဆို

စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က ၄င်းသေဆုံးလျှင် ပိုင်ဆိုင်သမျှလှူဒါန်းခဲ့မည်ဟု ယနေ့မီဒီယားများနှင့်တွေ့စုံစဉ်ပြောကြားသွားခဲသည်။ " မြန်မာလူမျိုးမှန်ရင်ခပ်ညံ့ညံ့ပဲလို့ထင်မှာစိုးလို့ ကျွန်တ်ာကျိုးစားနေတာပါ ကျွန်တော့်ရဲ့စည်းစိမ်တွေအားလုံး ကျွန်တော်လှူဒါန်းခဲ့ဖို့မိသားစုကိုလည်းကျွန်တော်ပြောပြီးပြီ ဒါကြောင့် ဒါကိုတစ်စိုက်မတ်မတ် လုပ်နေတယ် ဆိုတာက မြန်မာတွေမညံ့ဘူးဆိုတာကို နိုင်ငံခြားသားတွေကိုပြခြင်လို့ ပါ"ဟု ၄င်းကပြောသည်။ 
လက်ရှိအချိန်တွင် ဦးဇော်ဇော်ပိုင်ဆိုင်သော Max Myanmar Group of companies ၏ တစ်နှစ်လည်ပတ်ငွေမှာ ဒေါ်လာသန်းငါးရာကျော်ရှိနေပြီး ၀န်ထမ်းအင်အားတစ်သောင်းကျော်ဖြင့်လည်ပတ်နေကြောင်းသိရသည်။ 
(ဓါတ်ပုံ-The Messenger )အဓမ္မနဲ့ရတဲ့ငွေတွေကို မြင့်မိုရ်တောင်အထိလှူလဲ အကျိုးပေးကညံ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပြည်သူသန်းပေါင်းများစွာရဲ့ မျက်ရည်တွေကြောင့်ပါ။ အခု ဇော်ဇော်လှူမယ်ဆိုတဲ့ငွေတွေဟာ ဓနဥစ္စာတွေမဟုတ်ပါဘူး။ ပြည်သူ့မျက် ရည်တွေပါ။ ပြည်သူတွေရဲ့သွေးတွေပါ။ ပြည်သူတွေရဲ့ အသက်တွေပါ။ ပြည်သူတွေရဲ့ဘ၀တွေပါလို့ . . . ဦးဇင်း ကမ္ဘာကိုပြောချင်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် ၄င်းသေဆုံးလျှင် ပိုင်ဆိုင်သမျှလှူဒါန်းခဲ့မည်ဟုဆို

စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က ၄င်းသေဆုံးလျှင် ပိုင်ဆိုင်သမျှလှူဒါန်းခဲ့မည်ဟု ယနေ့မီဒီယားများနှင့်တွေ့စုံစဉ်ပြောကြားသွားခဲသည်။ " မြန်မာလူမျိုးမှန်ရင်ခပ်ညံ့ညံ့ပဲလို့ထင်မှာစိုးလို့ ကျွန်တ်ာကျိုးစားနေတာပါ ကျွန်တော့်ရဲ့စည်းစိမ်တွေအားလုံး ကျွန်တော်လှူဒါန်းခဲ့ဖို့မိသားစုကိုလည်းကျွန်တော်ပြောပြီးပြီ ဒါကြောင့် ဒါကိုတစ်စိုက်မတ်မတ် လုပ်နေတယ် ဆိုတာက မြန်မာတွေမညံ့ဘူးဆိုတာကို နိုင်ငံခြားသားတွေကိုပြခြင်လို့ ပါ"ဟု ၄င်းကပြောသည်။
လက်ရှိအချိန်တွင် ဦးဇော်ဇော်ပိုင်ဆိုင်သော Max Myanmar Group of companies ၏ တစ်နှစ်လည်ပတ်ငွေမှာ ဒေါ်လာသန်းငါးရာကျော်ရှိနေပြီး ၀န်ထမ်းအင်အားတစ်သောင်းကျော်ဖြင့်လည်ပတ်နေကြောင်းသိရသည်။
(ဓါတ်ပုံ-The Messenger )
Like · ·
အလင်း ရှင် and အလင်း ရှင် like thi

ကဲ . . အဲဒါ ပြည်သူကို ချစ်တဲ့ခရိုနီလား

by အလင်း ရှင် on Friday, January 25, 2013 at 7:24pm ·


photo ကိုကလစ်ခေါက်၍သတင်းအကျယ်ကို ဖတ်နိုင်ပါသည်။
အငြင်းပွားနေတဲ့ လယ်ယာတွေကို ဇေကမ္ဘာ ကုမ္ပဏီက ဝင်ရောက်ဖျက်ဆီး
ဇေကမ္ဘာကုမ္ပဏီနဲ့ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက လယ်သမားတွေအကြား
ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ စက်မှုဇုန် ၄ က လယ်ယာမြေ ကန်သင်းတွေကို မနေ့က ဇေကမ္ဘာ ကုမ္ပဏီ ဘက်ကလူတွေ ဝင်ရောက်ဖျက်ဆီး ခဲ့တဲ့အတွက် လယ်သမားတွေနဲ့ ဇေကမ္ဘာကုမ္ပဏီ တာဝန်ရှိသူတွေအကြား ထိပ်တိုက်တွေ့ဆုံ မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

ဂျာနယ်လစ်များကို အုပ်စုဖွဲ့ရိုက်နှက်မှု

by အလင်း ရှင် on Friday, 1 February 2013 at 20:03 ·


သတင်းအပြည့်အစုံဖတ်ရန် Photo ကိုကလစ်ခေါက်ပါ
ဂျာနယ်လစ်များကို အုပ်စုဖွဲ့ရိုက်နှက်မှု တက္က္ကစီ ယာဉ်မောင်းများအား အမှုဖွင့် ပြီးခဲ့သည့် ဇန်န၀ါရီ ၂၆ရက်ည ၁၀နာရီခန့်က ရန်ကုန်မြို့သိမ်ကြီးဈေးအနီး အနော်ရထာ လမ်းမှပေါ်တွင် ဂျာနယ်လစ်တချို့ တက္က္ကစီ ယာဉ်မောင်း တစ်ဦးနှင့် ပြဿနာ တက်ခဲ့ပြီးနောက် တက္က္ကစီယာဉ်မောင်းများ ရောက်လာပြီး အုပ်စုဖွဲ့ရိုက်နှက်မှု ဖြစ်ပွားခဲ့ကာ---
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget