.

AlinShin

Friday, February 1, 2013

ညစ်ညမ်းပုံများကြောင့်

by U Ko Vi Da on Wednesday, 14 November 2012 at 04:36 ·

                               
ကျွန်တော်နားမလည်တဲ့အထဲမှာ အဲဒါလဲပါတယ်။ ဘာလဲ ။ အဲဒါလေ ။ အလှမယ်တစ်ယောက်ဟာ ညစ်ညမ်းပုံကြောင့်အလှမယ်ဘွဲ့မရတော့ဘူးတဲ့။ အဲဒါပါပဲ။ အလှမယ်ဆိုတာ သောက်ရှက်မရှိလို့ငွေမ ရှိလိုများသောအားဖြင့်လုပ်ကြတာလေ။ သူက ညစ်ညမ်းပုံရိုက်မှပိုက်ဆံရမှာပေါ။ I PHONE ရောင်း စားလို့မှမရတာ။ သူကတီထွင်တက်သူမဟုတ်၊ဈေးရောင်းတက်သူမဟုတ်။ပညာနဲ့အသက်မွေးတက်သူ မဟုတ်။ ခန္ဓာကိုယ်နဲ့အသက်မွေးတက်တဲ့သူကို ညစ်ညမ်းပုံမရိုက်လိုဘယ်ပုံရိုက်မှာလဲ။
ပိုက်ဆံနဲ့ဝယ်ကြည့်တဲ့သူက ကိုယ်တုံးလုံးသီးပုံပဲ ၀ယ်ကြည့်မှာပေါ။ အင်း . . . ခက်ပါတယ်လေ . . . ဒါ့ကြောင့် ကျွန်တော် မကြာခင် တောခိုတော့မယ်။ ဟား . . . ဟား . .. ဟား။

Moethee Zun shared Soe Zeya Tun's photo.




ဒီမြေမှာမွေး ဒီမြေမှာ ကြီးလာတဲ့ ဒီလူမျိုးတွေမှာ ဒီမြေ တွေပေါ်မှာမနေရရင် ဘယ်သူတွေနေမလဲ။ အစိုးရက လူတွေအတွက် နေစရာအိုးအိမ်တွေကို မဖေါ်ထုတ်ပေး ရင် ဒီလိုပြသနာတွေတက်နေမှာပဲ။ စကင်ဒီနေဗီးယန်းနိင်ငံ တွေမှာ ပြည်သူလူထု တွေအတွက် အစိုးရက အဖိုးနည်းအိမ်ယာ ( ကျယ်ကျယ်ဝန်းဝန်းရှိတယ်။ ) တွေကို အဆက်မပြတ်ဆောက်လုပ်တယ်။ ရောင်းချပေးတယ်။ ဒီတော့ ဒီတော့ ခုလို ကျူးကျော်သူဆိုတာမရှိတော့ဘူးပေါ့။မြန်မာ နိင်ငံသားအချင်းအချင်းကို ကျူးကျော်သူလို့ သုံးတာ ရန်သူသဖွယ်ဆက်ဆံတာ မြန်မာစစ်ခေါင်းဆောင်တွေပဲရှိတယ်။ ကိုယ်ကတော့ အိမ်တွေ သုံးလေးလုံးပိုင်တယ်။ လူထုက တဲတလုံးတောင်မပိုင်ဘူး။ ကျူးကျော်သူလို့ စွပ်စွဲ တယ်တံဆိပ်ကပ်တယ်။
လှိုင်သာယာ ၅ ထိပ် ပီမိုးနှင်း လမ်းထဲက မြေကွက်လပ် တစ်ခုမှာ ကျူးကျော် အိမ်ပေါင်း တစ်ရာလောက်ကို ဘယ်ကမှန်း မသိတဲ့လူတွေက ဆောက်ဖို့ ကြိုးစားတယ်...
ရဲလာပြီး ဖယ်ခိုင်းတော့ တော်တော်များများက ကိုယ်ထောင်ထားတဲ့ ဝါးလုံးလေး ကိုယ်စီ ပြန်ချွတ်ပြီး ပြန်ယူသွားကြပေမယ့်...လူနှစ်ဆယ်လောက်ကတော့ ရဲ ရော ခရိုင်အုပ်ချုပ်ရေးမှုးကိုရော နည်းနည်းလေးမှ ဂရုမစိုက်ဘူး ခပ်တည်တည်နဲ့ ဆက်ဆောက်နေတယ်...
ဆောက်ထားတဲ့ အိမ်တွေကို အိုးအိမ်လား... မြို့နယ်အုပ်ချုပ်ရေးကလား ငှားထားတဲ့ အလုပ်သမားတွေနဲ့ ဝင်ဖျက်တော့...လာဖျက်တဲ့လူတွေကို ကျူးကျော်အိမ် ဆောက်တဲ့လူတွေက ရဲတွေ အရှေ့မှာ ဒုတ်တွေ နဲ့ လိုက်ရိုက်တယ်...သတင်းထောက် ကောင်မလေးတစ်ယောက်ရဲ့ ကျောကိုတောင် ထိသွားတယ်... ဒါပေမယ့် ကြီးကြီးမားမား ထိတာ မဟုတ်ပါဘူး...
ရဲတွေလည်း အထက်အမိန့် မကျလို့လား မသိဘူး... ဘာမှ မလုပ်ရဲဘူး... ဖျောင်းဖျပြီးပဲ ပြောနေရတယ်...ဒီညတော့ အဲဒီ ခေါင်းမာတဲ့လူတွေနဲ့ ရဲတွေ ဘာတွေ ဆက်ဖြစ်ကြဦးမလဲ မသိဘူး...

ခ.ခရိုနီ. . . ရက်စက်သည်

by U Ko Vi Da on Friday, 1 February 2013 at 15:22 ·

တချိန်က(၂)

by U Ko Vi Da on Friday, 1 February 2013 at 14:52 ·

သေရင်ပြိတ္တာဖြစ်မယ့် သူတွေရဲ့အကြောင်း

by U Ko Vi Da on Friday, 1 February 2013 at 14:06 ·



ငါ . . . လွမ်းမိတယ် . . ..
ဟိုးတုန်းက . . .. ဆူးလေကိုပေါ့။
အဲဒီတုန်းက
ဆူးလေနံဘေးမှာ
သဘာဝတရား . .. လယ်မြေများလဲရှိသေးတယ်။
အခုကြည့်စမ်း
ရန်ကုန်နယ်တစ်ဝိုက်
ကုလားဗလီသွေးရောင်တိုက်လို့
တို့ . . .
ဆူးလေ
ရောင်တော်ကွန့်ရတယ် . . .
ဟဲ့ . . .
ဗမာတွေ . . .သတ္တိပြစမ်း။

By:အလင်းရှင် http://aungminkhoung.blogspot.com
 

Wednesday, January 30, 2013

နယ်သာလန်ဘုရင်မ ဘီထရစ် ထီးနန်းစွန့်မည်


နယ်သာလန် ဘုရင်မ ဘီထရစ်သည် ယခုအခါ သူမ၏ ထီးနန်းကို စွန့်လွှတ်တော့မည် ဖြစ်ကြောင်း ကမ္ဘာသိ ကြေညာခဲ့သည်။ ဘုရင်မ နန်းစွန့်ပြီးနောက် သူမ၏ အရိုက်အရာကို သားကြီးဖြစ်သူ မင်းသား ဝီလျံ အလက်ဇန္ဒားထံ လွှဲအပ်ပေးရန်လည်း ဆုံးဖြတ်ခဲ့သည်။
Posted on Jan 28 13 - 11:52 PM | Hits : 618
နယ်သာလန်ဘုရင်မ ဘီထရစ် ထီးနန်းစွန့်မည်
နယ်သာလန် ဘုရင်မ ဘီထရစ်သည် ယခုအခါ သူမ၏ ထီးနန်းကို စွန့်လွှတ်တော့မည် ဖြစ်ကြောင်း ကမ္ဘာသိ ကြေညာခဲ့သည်။ ဘုရင်မ နန်းစွန့်ပြီးနောက် သူမ၏ အရိုက်အရာကို သားကြီးဖြစ်သူ မင်းသား ဝီလျံ အလက်ဇန္ဒားထံ လွှဲအပ်ပေးရန်လည်း ဆုံးဖြတ်ခဲ့သည်။ တနင်္လာနေ့ ညနေပိုင်းက ဘုရင်မသည် တစ်နိုင်ငံလုံးသို့ ဝီလျံသည် ဘုရင်အသစ် ဖြစ်လာတော့မည်ဆိုသော သတင်းကို အတည်ပြု အသိပေးခဲ့သည်။

"ကျွန်မရဲ့ သားကို ထီးနန်း လွှဲအပ်ဖို့အတွက် အကြီးမြတ်ဆုံး ယုံကြည်စိတ်ချမှုမျိုး ရှိနေပါတယ်"ဟု ဘုရင်မက မိန့်ကြားခဲ့သည်။ သူမက "ဝီလျံနဲ့ မင်းသမီး မက်ဆီမာတို့ဟာ သူတို့ရဲ့ အလုပ်တာဝန်တွေအတွက် ပြင်ဆင်နေပါပြီ။ သူတို့ရဲ့ ကိုယ်ပိုင် အရည်အသွေးကို အခြေခံပြီး တော်ဝင်စုံတွဲဟာ ကိုယ်ပိုင် စိတ်ကူးအမြင်တွေနဲ့ ထီးနန်းရေးရာကို ချဉ်းကပ် လုပ်ဆောင်ပါလိမ့်မယ်"ဟုလည်း ဆိုသည်။



သူမက "ပြည်သူတွေနဲ့ နောက်ထပ်လည်း မကြာခဏ တွေ့ဆုံနေဖို့ မျှော်လင့်ပါတယ်။ တကယ်တော့ နယ်သာလန်ကို နှစ်ပေါင်းများစွာ ဘုရင်မအဖြစ် တာဝန်ယူခွင့် ရလာတဲ့အတွက် ကျွန်မ အရမ်းဂုဏ်ယူသလို ယုံကြည်မှုလည်း ပြည့်ဝခဲ့ပါတယ်"ဟုလည်း မိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆိုသွားသည်။ ဘီထရစ်သည် ဝီလျံကို ဧပြီလ (၃၀)ရက်နေ့တွင် ထီးနန်း အတည်ပြု လွှဲအပ်ကာ ဘုရင်အဖြစ် ဘိသိက်မြှောက် ခံယူစေမည် ဖြစ်သည်။

"ကြာသပတေးနေ့မှာ ကျွန်မရဲ့ အသက်(၇၅)နှစ်ပြည့် မွေးနေ့ပွဲကို ကျင်းပပါမယ်။ ကျွန်မအနေနဲ့ ခုထိ ကျန်းမာနေတာ ကျေနပ်စရာပါ။ နယ်သာလန်ဟာ ဒီနှစ်ကုန်မှာ သက်တမ်း နှစ်ပေါင်း(၂၀၀) ပြည့်မြောက်မှာ ဖြစ်ပါတယ်။ ကျွန်မ ထီးနန်းစွန့်ချိန်မှာ အဲဒီကိစ္စ နှစ်ခုကတော့ အမှတ်ရစရာအဖြစ် တည်ရှိနေမှာပါ"ဟုလည်း ဘုရင်မကြီးက ပြောဆိုသွားသည်။ သူမသည် နယ်သာလန် ထီးနန်းကို (၁၉၈၀)ပြည့်နှစ်က စတင် တာဝန်ယူခဲ့ပြီး စည်းမျဉ်းခံ ဘုရင်စနစ်ဖြင့် နယ်သာလန် ဘုရင်မအဖြစ် နှစ်ပေါင်း(၃၀)ကျော် ကြာအောင် စိုးစံခဲ့သည်။

Source: XinhuaNe

မြောက်ကိုရီးယားအငတ်ဘေး လူသားစားသည်အထိ ဆိုးရွားလာ


north korea
မြောက်ကိုရီးယား နိုင်ငံတွင် အငတ်ဘေးကြောင့် မိဘများသည် မိမိတို့၏ သားသမီးများကိုပင် သတ်ဖြတ် စားသောက်သည်အထိ အခြေအနေ ဆိုးရွားလာကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ပုန်းလျှိုးကွယ်လျှိုး အခြေအနေမှ ထွက်ပေါ်လာသည့် နောက်ဆုံး သတင်းများသည် အံ့ဩ တုန်လှုပ်ဖွယ် အခြေအနေမျိုး ဖြစ်လာခဲ့ပြီး မြောက်ကိုရီးယားရှိ အငတ်ဘေး ဆိုက်နေသော အချို့ဒေသများတွင် ဆာလောင်မွတ်သိပ်မှုသည် လူသားများကို ရက်စက် ရူးသွပ်သွားစေကြောင်း သိရှိရသည်။ မိုးခေါင်ခြင်းနှင့် လယ်ယာစိုက်ပျိုးမှု ထွက်ကုန်များကို သိမ်းယူခံရခြင်းများကြောင့် ရိက္ခလာပြတ်လပ်မှုများ ဖြစ်ပေါ်နေခဲ့ရာ အချို့သော နေရာများတွင် လူအချို့သည် သုဿန်မှ အလောင်းများကို ပြန်လည်တူးဖော် စားသောက်ခြင်းနှင့် ကလေးများကို သတ်စားခြင်းများ ပြုလုပ်လာကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။


(မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း)

အဆိုပါ အငတ်ဘေးဆိုး ဆိုက်ကပ်နေသော ဒေသများမှာ ဟွမ်ဟီ တောင်ပိုင်းနှင့် မြောက်ပိုင်း ဒေသများတွင် ဖြစ်ကြောင်းလည်း သိရသည်။ ငတ်မွတ်ခြင်းနှင့်အတူ လူပေါင်း (၁၀၀၀၀)ကျော်မျှ သေဆုံးခဲ့သလို ဇာတ်တူသားစားခြင်း အလေ့အထလည်း မြင့်တက်လာသည်မှာ စိုးရိမ်စရာ ဖြစ်လာကြောင်း သိရသည်။ အဆိုပါ စက်ဆုပ် အော့နှလုံးနာဖွယ် ဇာတ်လမ်းသည် ငတ်မွတ် ခေါင်းပါးမှုများ ကြုံနေရသည့် ဒေသများတွင် သိုသိပ်ဖုံးကွယ်ထားသမျှ အရာများ၏ အနည်းအကျဉ်းမျှ ကိစ္စသာ ဖြစ်နေကြောင်း Asia Press သတင်းဌာနမှ အမည်ဖော်မပြသော ဒေသခံ သတင်းထောက်များက Sunday Timesသို့ ပြောကြားခဲ့သည်။

အဆိုပါ ဒေသတွင် လူတစ်ဦးသည် မိမိ၏ မြေးဖြစ်သူ၏ အလောင်းကို ပြန်လည်တူးဖော် စားသောက်ခဲ့သလို အခြားသူ တစ်ဦးက မိမိ၏ သားသမီး အရင်းကို ရေနွေးဖြင့် ပြုတ်ကာ စားခဲ့ကြောင်း ယင်းသတင်းပေးများက ဆိုသည်။ မြောက်ကိုရီးယားတွင် ခေါင်းဆောင်သစ် ကင်မ်ဂျုံအန်းသည် မကြာသေးမီ လပိုင်းအတွင်း ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုများအတွက် နိုင်ငံဘဏ္ဍာ မြောက်မြားစွာ အသုံးပြုနေချိန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အငတ်ဘေး ရိုက်ခတ်မှု သတင်းများမှာ ပိုမို ကျယ်ပြန့်လာခဲ့သည်။

north korea

(မိုးခေါင်မှုကြောင့် စိုက်ပျိုးရေးအခက်အခဲများ ကြုံတွေ့နေရသည့် မြောက်ကိုရီးယားလယ်သမားများ)

Asia Press၏ သတင်းပေး တစ်ဦးက "ပြီးခဲ့တဲ့ မေလတုန်းက ကျွန်တော်နေတဲ့ ရွာမှာ အမျိုးသား တစ်ယောက်က ကိုယ့်ကလေးနှစ်ယောက်ကို ပြန်သတ်ပစ်ခဲ့တယ်။ ပြီးတော့ အသားကို စားမလို့ လုပ်တာကြောင့် ရွာမီးသတ် တပ်ဖွဲ့ကပဲ သူ့ကို သေဒဏ်ပေးခဲ့တယ်"ဟု ပြောကြားခဲ့သည်။ ထိုသတင်းပေးက အဆိုပါ အမျိုးသားသည် ဇနီးဖြစ်သူ ရွာတွင် မရှိခိုက် သမီးကြီးကို သတ်ဖြတ်ခဲ့သလို အဆိုပါ လူသတ်မှုကို တွေ့မြင်ခဲ့သည့် သားငယ်ကိုပါ သတ်ပစ်ခဲ့ခြင်းဟု ရှင်းပြခဲ့သည်။ ဇနီးဖြစ်သူ ပြန်လာချိန်တွင် ထိုသူက မိမိတို့ အသားခွဲတမ်း ရကြောင်း ပြောဆိုခဲ့သော်လည်း ဇနီးက မသင်္ကာသဖြင့် ကျေးရွာမှ တာဝန်ရှိသူများကို ဆက်သွယ် အကြောင်းကြားပြီး ရှာဖွေရာက ကလေးများ၏ ကြွင်းကျန် အလောင်းများကို တွေ့ရှိခဲ့သည်။

north korea

(မိုးခေါင်မှုကြောင့် စိုက်ပျိုးရေးအခက်အခဲများ ကြုံတွေ့နေရသည့် မြောက်ကိုရီးယားလယ်သမားများ)

Asia Pressမှ ဂျီရီု အီရှင်မာရူက ယင်းအငတ်ဘေးနှင့် ပတ်သက်ပြီး စာမျက်နှာ (၁၂)ရွက်စာ အစီရင်ခံစာ တစ်ခုကို ရေးသားခဲ့သည်။ ယင်းအစီရင်ခံစာတွင် မြောက်ကိုရီးယား၌ အငတ်ဘေးသည် လူသားစားမှု အလေ့အထထံ ဦးတည်လာနေကြောင်း အလေးအနက် ဖော်ပြထားသည်။ သတင်းပေးများ၏ အဆိုအရ မြောက်ကိုရီးယား အစိုးရသည် ဒေသနှစ်ခုမှ အစားအသောက်များကို သိမ်းယူကာ မြို့တော် ပြုံယမ်းရှိ ဒေသခံများအတွက် ဝေငှပေးနေပြီး မိုးခေါင်သည့် အခြေအနေကလည်း အငတ်ဘေးကို ပိုမို ဖိစီး ဆိုးရွားလာစေကြောင်း သိရှိရသည်။ ပြီးခဲ့သည့်နှစ်ကလည်း တောင်ကိုရီးယားရှိ ကိုရီယား နှစ်နိုင်ငံ ပေါင်းစည်းမှု လုပ်ဆောင်ရေး ဌာနကလည်း မြောက်ကိုရီးယား အမျိုးသား တစ်ဦးသည် လုပ်ဖော်ကိုင်ဖက် တစ်ဦးကို သတ်ဖြတ်ကာ စားသောက်ပြီး ကြွင်းကျန်သော အသားများကို သိုးသားအဖြစ် လိမ်လည် ရောင်းချမှု ပေါ်ပေါက်ခဲ့သဖြင့် သေဒဏ်စီရင် ခံရကြောင်း ဖော်ပြခဲ့ဖူးသည်။


(မြောက်ကိုရီးယားခေါင်းဆောင်နှင့် အရာရှိကြီးများ အစည်းအဝေးပြုလုပ်စဉ်)

မြောက်ကိုရီးယားတွင် အငတ်ဘေးကြောင့် ဇာတ်တူသားစားမှုများ ရှိနေကြောင်း သတင်းများသည် (၂၀၁၁)ခုနှစ် ကတည်းက စတင်ထွက်ပေါ်လာခဲ့သည်။ ထိုစဉ်က အမျိုးသား တစ်ဦးသည် မိန်းကလေး တစ်ဦးကို သတ်ဖြတ် စားသောက်ခဲ့သလို မေလအတွင်းကလည်း လူ(၁၁)ဦးကို သတ်ဖြတ်ကာ အသားများကို ဝက်သားအဖြစ် လိမ်လည် ရောင်းချမှုကြောင့် လူတစ်ဦးကို သေဒဏ် ပေးခဲ့ရကြောင်း သိရှိရသည်။ မြောက်ကိုရီးယားတွင် (၁၉၉၀)ပြည့်လွန် နှစ်များက အဆိုးရွားဆုံး အငတ်ဘေး ဆိုက်ရောက်ခဲ့ပြီး ယင်းကို Arduous March ဖြစ်စဉ်ဟု ခေါ်တွင်ခဲ့သည်။ အဆိုပါ ဘေးဆိုးကြီးအတွင်း စာရင်းအတိအကျ မသိရသော အရေအတွက်မျှ လူအများ အသက်ဆုံးရှုံးပြီး လူပေါင်း (၂၄၀၀၀၀)မှ (၃.၅)သန်းကြားထိ သေဆုံးခဲ့ကြောင်း ခန့်မှန်းထားသည်။

Source: DailyMai


ပုန်းလျှိုးကွယ်လျှိုး အခြေအနေမှ ထွက်ပေါ်လာသည့် နောက်ဆုံး သတင်းများသည် အံ့ဩ တုန်လှုပ်ဖွယ် အခြေအနေမျိုး ဖြစ်လာခဲ့ပြီး မြောက်ကိုရီးယားရှိ အငတ်ဘေး ဆိုက်နေသော အချို့ဒေသများတွင် ဆာလောင်မွတ်သိပ်မှုသည် လူသားများကို ရက်စက် ရူးသွပ်သွားစေကြောင်း သိရှိရသည်။
Posted on Jan 29 13 - 01:17 AM | Hits : 1539
မြောက်ကိုရီးယားအငတ်ဘေး လူသားစားသည်အထိ ဆိုးရွားလာ

ထမင်းတစ်နပ်လျှော့စားခိုင်းတဲ့ဝန်ကြီး သေရင်ပြိတ္တာဖြစ်မယ်။

by U Ko Vi Da on Wednesday, 30 January 2013 at 18:37 ·


လယ်သမားများ အကြွေးဆပ်နိုင်ရန် ထမင်းတစ်နပ် လျှော့စား သင့်ကြောင်း လယ်ဆည် ၀န်ကြီး အကြံပြု လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးမြင့်လှိုင်က အကြွေးကင်းအောင် နေထိုင်နည်းကို မျှဝေရင်း လယ်သမားများ အကြွေးဆပ်ရန် တစ်ရက်လျှင်ထမင်းတစ်နပ် လျှော့စားသင့်ကြောင်း ဓနုဖြူမြို့နယ်၌ လယ်သမားများနှင့် တွေ့ဆုံပွဲတွင် ပြောခဲ့ကြားသည်။---

နှစ်သောင်းတန်ဖုန်းကိုင်ရဖို့ သူတို့ရဲ့စားဝါးကိစ္စပြီးမှသိရမယ်တဲ့။

by U Ko Vi Da on Wednesday, 30 January 2013 at 18:24 ·



မိုဘိုင်းဆင်းကတ်ဈေး နှစ်သောင်းကျပ် ဖြစ် မဖြစ် ဆက်သွယ်ရေး အရှုပ်တော်ပုံ ရှင်းပြီးမှ သိမည်


လတ်တလော ဖြစ်ပွားနေသော ဆက်သွယ်ရေး အရှုပ်တော်ပုံကို ရှင်းလင်းပြီး မှသာ တန်ဖိုးနည်း မိုဘိုင်း ဆင်းကတ်ဈေးကို သိရှိမည်ဟု သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ တန်ဖိုးနည်း မိုဘိုင်းဆင်းကတ် ဈေး နှုန်းနှင့် ပတ်သက်၍

ဇွန်းလား . . . လက်လား သီအိုရီ

by U Ko Vi Da on Wednesday, 30 January 2013 at 17:59 ·




ထမင်းငတ်နေတဲ့ ပြည်သူကို ၊ ထမင်းတစ်နပ်လျှော့စားရမယ်တဲ့
ပြောရဲ . . . ပြောဝံ့ . . . ပြောရက်တဲ့ ၀န်ကြီးမြင့်လှိုင်ရယ်
ငါ့တို့ . ..
ပြည်သူ့ဘဝ
စစ်ဖိနပ်အောက်မှာ
ပိပြားခဲ့ရလို့
ထမင်းနပ်မမှန်
ဒါကို သိလျှက်နဲ့မသိဟန်ဆောင် အာဏာရူးတွေ
ပြည်သူရဲ့ ဒုက္ခဒဿနဆိုတဲ့
ဇွန်းလား . . .    လက်လား  . . .
အဲဒီမေးခွန်းကိုမင်းသိလား . .. 

By:အလင်းရှင် http://aungminkhoung.blogspot.com
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget