.

Sunday, November 30, 2014

နိုင်ဂျီးရီးယား နိုင်ငံရှိ ဗလီတစ်ခုတွင် ဗုံးဖောက်ခွဲမှုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားပြီး လူပေါင်း(၁၀၀)ကျော် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Unknown | 10:57 PM | Be the first to comment! Unknown | 10:57 PM | Be the first to comment!
Unknown | 10:57 PM | Best Blogger Tips

နိုင်ဂျီးရီးယား မြောက်ပိုင်းရှိ ကာနိုမြို့တွင် နိုဝင်ဘာ (၂၈)ရက်က ဖြစ်ပွားသော အကြမ်းဖက် တိုက်ခိုက်မှုအတွင်း လူပေါင်းများစွာ သေဆုံးခဲ့သလို နောက်ထပ် အသေအပျောက် ပမာဏ မြင့်တက်လာနိုင်ဆဲဟု ဆေးရုံမှ သူနာပြု တစ်ဦးက ပြောကြားခဲ့သည်။

သိန်းစိန်နှင့်စိန်ဖူး မြေခ ခြင်း

Unknown | 8:40 PM | Be the first to comment! Unknown | 8:40 PM | Be the first to comment!
Unknown | 8:40 PM | Best Blogger Tips
“တကယ်မသိတော့ မဘူးဗျ”၊ “တကယ်သိတော့ သိတယ်ဗျ”
ဆိုတဲ့စကားဟာ ရယ်မောနောက်ပြောင်ကျီစယ်တဲ့စကားမဟုတ်ပါဘူး။
လူ့ဘ၀မှာအသိဉာဏ်အလိမ္မာပညာဆိုတာ ပါရမီနဲ့ဆိုင်ပါတယ်။ ပါရမီ
ဆိုတာလည်း ကိုယ့်တိုင်လုပ်ယူရတာပါ။ တစ်စုံတစ်ယောက်က  . .

အလင်းရှင်လော . . . Sexy လော . . .

Unknown | 7:14 PM | Be the first to comment! Unknown | 7:14 PM | Be the first to comment!
Unknown | 7:14 PM | Best Blogger Tips

ကိုပါကြီးဆိုတဲ့  . ..
ဓမ္မဂဝေသီ ဓမ္မာမာမက ဓမ္မသုတေသီတစ်ဦးက အလင်းရှင်ကို အကြံ
ပေးလာတဲ့ comment လေးဖတ်ရပါတယ်။
ကိုပါကြီးဆိုသူက . . ..
“sexy ပုံတွေကို ဖယ်ပေးပါ” တဲ့။

ONLINE BUSINESS လုပ်ကြမလား..?

Unknown | 12:30 AM | Be the first to comment! Unknown | 12:30 AM | Be the first to comment!
Unknown | 12:30 AM | Best Blogger Tips

တစ်ချို့ တလေကတော့ ဒီနည်းလမ်းတွေကို သိပြီးဖြစ်ပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေး တစ်ခုကို မိမိ အိမ်ကနေ အင်တာနက် ရှိရုံနဲ့ လုပ်နိုင်တဲ့ အခွင့်အလမ်းပါ။ နိုင်ငံတကာမှာတော့ ဒီလို နည်းလမ်းတွေဟာကိုယ်ပိုင် အားတဲ့ အချိန်တွေမှာ တစ်ဖက် တစ်လမ်းကနေ ၀င်ငွေရှာနိုင်ဖို့  လုပ်ကိုင်တတ်ကြပါတယ်။

အိမ်ထောင်ရှင် မိခင်တစ်ယောက်က ကလေးထိန်းရင်း အလုပ်လုပ်နိုင်သလို ၊ ကျောင်းတက်နေရ တဲ့ ကျောင်းသားတွေကလည်းသူတို့  လိုအပ်တဲ့ ကျုရှင်ကြေးကို ရှာဖွေနိုင်မယ်။ လူငယ်တွေကလည်း အိမ်မှာ လုပ်နိုင်တဲ့ အွန်လိုင်း စီးပွားရေး တစ်ခုကို ဖန်တီးနိုင်ပါမယ်။
(၁) – ဘလော့ရေးခြင်း

အွန်လိုင်းကနေ အလုပ်လုပ်ဖို့ အတွက် အလွယ်ဆုံး နဲ့  အစောဆုံး စတင်ခဲ့တဲ့ ပိုက်ဆံ ရှာတဲ့ နည်းလမ်းဖြစ်ပါ တယ်။ ပထမဆုံးကတော့ စာရေးရတာ မျှဝေရတာ ၀ါသနာ ပါတဲ့ သူ ဖြစ်ရပါမယ်။ မိမိ အားသန်တဲ့ လိုင်း တစ်ခုခုကို ထိထိရောက်ရောက် ရေးသားရပါမယ်။

စက်ဘီးပြင်သမားကနေ သန်းကြွယ်သူဌေး ဖြစ်လာသူ

Unknown | 12:13 AM | Be the first to comment! Unknown | 12:13 AM | Be the first to comment!
Unknown | 12:13 AM | Best Blogger Tips


အမေရိကန်နိုင်ငံမှာပါ။ Chris Zane လို့အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။
မိဘ ၂ ပါးက စက်ဘီး ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်တာပါ။

စွန့်စားလိုစိတ်ရှိသော အမျိုးသမီးများသည်လိင်မှုကိစ္စတွင် ပိုမိုပြင်းပြစွာဆောင်ရွက်လိုစိတ် ရှိကြောင်း

Unknown | 12:03 AM | Be the first to comment! Unknown | 12:03 AM | Be the first to comment!
Unknown | 12:03 AM | Best Blogger Tips


ရှီကားဂိုး တက္ကသိုလ်မှ ပညာရှင် များသည် တက္ကသိုလ် ကျောင်းသား၊
ကျောင်းသူ အယောက် (၅၀၀) ၏ တံတွေးမှ တဆင့် လိင်မှု အာရုံကို
လှုံ့ဆော်ပေးသော Testosterone ပမာဏကို တိုင်းတာ မှတ်သားခဲ့ရာ

Saturday, November 29, 2014

မြန်မာပြည်တွင်လှုပ်ခပ်ခဲ့ဖူးသောငလျင်/ဥက္ကာပျံနှင့်ဆက်စပ်ရာကြောက်မက်ဖွယ်ရာများ

Unknown | 11:37 PM | Be the first to comment! Unknown | 11:37 PM | Be the first to comment!
Unknown | 11:37 PM | Best Blogger Tips
လွယ်မွေမြို့ငလျင်နှင့် ယခင်က မြန်မာပြည်ကို ကိုင်လှုပ်ခဲ့သည့် ငလျင်ကြီးများ
မတ် ၂၅၊ ၂၀၁၁

ငလျင်ဗဟိုက ကျိုင်းတုံ-တာချီလိတ်ကားလမ်းပေါ်ရှိ လွယ်မွေမြို့ဖြစ်သည်ဟု
ဆိုသည်။ လွယ်မွေတွင် မြန်မာ့တပ်မတော်၏ ရေဒါစခန်း တည်ရှိသည်။
မြေပုံကို EMG မှ ကူးယူသည်။
၂၀၁၁ ခုနှစ်၊ မတ် ၂၄၊ ပြင်းအား RM ၇ ဒသမ သုည၊ လွယ်မွေမြို့ (ကျိုင်းတုံမြို့
အရှေ့တောင်ဘက် ၃၅ မိုင်ခန့်အကွာ)၊ ပျက်စီးဆုံးရှုံးမှုသတင်း မသိရသေး
(ကိုးကားချက် – ယနေ့သတင်းစာပါ မိုးဇလ ထုတ်ပြန်ချက်)

မြန်မာပို့စ် ဂျာနယ်တွင် ဖော်ပြခဲ့ဖူးသော ယခင် မြန်မာ့ငလျင်များအကြောင်း
မြန်မာနိုင်ငံတွင် ရှေးဟောင်းယဉ်ကျေးမှုသမိုင်းအမွေအနှစ် ပျက်စီးဆုံးရှုံးမှု အကြီး
မားဆုံးပုဂံငလျင်လွန်ခဲ့သော ၃၅နှစ် မျက်မြင်ကိုယ်တွေ့သတင်းလိုက်ခဲ့စဉ်က (၁)

စစ်ကိုင်းငလျင်နှင့်ဇဗ္ဗူဒီပါနိမိတ္တကျမ်းကြီး၏ကြိုတင်ဟောကိန်း

Unknown | 10:57 PM | Be the first to comment! Unknown | 10:57 PM | Be the first to comment!
Unknown | 10:57 PM | Best Blogger Tips
စစ်ကိုင်းမြို့ တွင် နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီ ၄၇ မိနစ်ကပြင်းအား
၅ ဒသမ သုည ရစ်ခ်ျတာစကေးရှိ ငလျင် တစ်ခုလှုပ်ခတ်ခဲ့သဖြင့် စစ်
ကိုင်းမြို့ ပေါ်ရှိ စေတီတော်သုံးဆူမှ စိန်ဖူး တော်များ ကြွေကျမြေခ
မှုဖြစ်ခဲ့ ကြောင်း သိရသည်။
စိန်ဖူးတော်များ မြေခခဲ့သည့် စေတီများမှာ စစ်ကိုင်းမြို့ ပန်းပဲတန်း ရပ်ကွက်
နှင့် စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းဘေးရှိ ဆင်များရှင်စေတီတော် အရံစေတီ၊
မြို့သစ်ရပ်ရှိ မရှိခဏစေတီနှင့် သောတာပန်ရပ်ရှိ လေးကျွန်းမာရ်အောင်
စေတီတော် တို့ ဖြစ်သည်။
''စိန်ဖူးတော်ကျသွားတာကို ရေ ဦးကျောင်းတိုက်ဆရာတော်ဦးကုမာရ၊
မင်္ဂလာအေးမြကျောင်းဆရာ တော်ဦးစန္ဒဝရနဲ့ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်
လှ၊ အဖွဲ့ဝင်ဦးစိုးတင့်တို့က လွင့်စဉ်သွားတဲ့ ပစ္စည်းမှန်သမျှ ကောက်ယူပြီး
ဘုရားကြီး သေတ္တာ အတွင်းမှာ စနစ်တကျ သိမ်းဆည်း ထားပါတယ်။
မနှစ်က သြဂုတ်လ ၁၈ ရက်မှာ ထီးတော်တင်လှူခဲ့တာ ပါ။ ဆရာတော်
ဓမ္မဒူတ အရှင်ဆေကိန္ဒနဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်တို့နှစ်ဦးက
ကရိန်းနဲ့တက် ပြီး စိန်ဖူးတော်ကို တင်လှူခဲ့တာပါ၊ စိန်ဖူးတော်တင်လှူခဲ့တာ
တစ်နှစ်ကျော်ပဲ ရှိပါသေးတယ်''ဟု သော တာပန် ရပ်ကွက်မှ အကျိုးဆောင်
တစ်ဦးက ပြော သည်။

အောင်သောင်းကို မေတ္တာပို့ကြ အလီလီ

Unknown | 10:07 PM | Be the first to comment! Unknown | 10:07 PM | Be the first to comment!
Unknown | 10:07 PM | Best Blogger Tips


 
ဗိုလ်ခင်ညွန့် ဘုန်းမီးနေလ တောက်စဉ်ကပေါ့။ မူးကြောင်ကြောင် ခပ်ထွေထွေ လူတယောက်ဟာ ဘတ်စ်ကားပေါ်မှာ “ဗိုလ်ခင်ညွန့်ကို လူ တရာ ကိုးဆယ့်ကိုးယောက် လက်မခံဘူး”လို့ ထပ်ခါထပ်ခါ ပြောလာသတဲ့။ အဲဒီမှာ အဲဒီလူမှတ်တိုင်ကဆင်းတော့ ထောက်လှမ်းရေးက လက်ထိပ် ခတ်ဖမ်းလိုက်ပါရော။ ဘာအပြစ်ရှိလို့လဲပေါ့။ ဘတ်စ်ကားပေါ်မှာ ဗိုလ်ခင်ညွန့်ကို လူတရာ ကိုးဆယ့်ကိုးယောက် လက်မခံဘူးပြောလို့တဲ့။ အဲဒီမှာ အဖမ်းခံရတဲ့သူက “ဟုတ်တယ်လေ၊ လူတရာ့ ကိုးဆယ့်ကိုးယောက် လက်မခံပေမယ့်၊ လက်ခံတဲ့ တယောက်ဟာ ကျွန်တော်ပဲ”ဆိုတော့ လွှတ်လိုက်ရတော့ တာပေါ့။

နောက်(7)အတွင်း ကမ္ဘာပျက်ကိန်းကြုံနိုင်ဖွယ်ရာရှိ

Unknown | 9:33 PM | Be the first to comment! Unknown | 9:33 PM | Be the first to comment!
Unknown | 9:33 PM | Best Blogger Tips

အမေရိကန်နိုင်ငံ အခြေဆိုက်တဲ့ American Christian အဖွဲ့တစ်ခုဟာ
ကမ္ဘာကြီးက နောက်ထပ် ၇ နှစ်ပြည့်ပြီးနောက် ပျက်ဆီးတော့မှာ ဖြစ်ကြောင်း
ထုတ်ပြန်ပြောဆိုခဲ့ ပါတယ်။

ခွပ်ဒေါင်း(သို့) အကြမ်းခံငှက်သို့ မြည်တမ်းခြင်း

Unknown | 7:57 PM | Be the first to comment! Unknown | 7:57 PM | Be the first to comment!
Unknown | 7:57 PM | Best Blogger Tips

blog စာမျက်နှာများ facebook စာမျက်နှာများ၊ သတင်းမီဒီယာစာမျက်နှာ
များတွင် . . . အလံနီတွေရဲနေသည်  . .  ခွပ်ဒေါင်းများပျံဝဲကာခွပ်ရန်
ပင်အသင့်ဖြစ်နေပြီ . . .။

ညဥ့်ငှက်မတစ်ကောင်၏ အတ္ထုပ္ပတ္တိ

Unknown | 7:32 PM | Be the first to comment! Unknown | 7:32 PM | Be the first to comment!
Unknown | 7:32 PM | Best Blogger Tips
ခင်ပွန်းဖြစ်သူဆုံးပါးချိန်မှာ မနှင်းဆီ (အမည်လွှဲထား) အသက်က ၂၆ နှစ် ဖြစ်သည်။ အားကိုးရာ မြင်းမိုရ်တောင် ပြိုလဲသွားပြီး နောက်ပိုင်း သားသမီး ၄ ဦးကို ရှာဖွေကျွေးမွေးရမည့် တာဝန်မှာ မုဆိုးမဖြစ်သည့် သူ့ပခုံးပေါ် ကျရောက်လာခဲ့တော့သည်။
ငယ်ရွယ်သူ မုဆိုးမတဦးအတွက် ရွေးချယ်စရာ အလုပ်အကိုင် အခွင့်အလမ်း အနည်းငယ်ထဲကမှ ငွေရလွယ်သည့် ခန္ဓာရင်း၍ စီးပွားရှာသော ညဥ့်ငှက်ဘဝကို မလွှဲမရှောင်သာ သူရွေးချယ်ခဲ့ရသည်။ ဒီလိုနှင့် မနှင်းဆီတယောက် ကလေးမီးဖွားပြီးသည်မှာ ၃ လသာ ရှိသေးသော အချိန်မှာပင် ညဥ့်ငှက်ဘဝကို ဝင်ရောက်ခဲ့တော့သည်။

မျက်နှာဖုံးစွပ် ဆန္ဒပြ စာတမ်းချိပ်ဆွဲခြင်း (မီလောင်းဗုံးသင့် ၂ နှစ်ပြည့်အထိမ်းအမှတ်)

Unknown | 7:35 AM | Be the first to comment! Unknown | 7:35 AM | Be the first to comment!
Unknown | 7:35 AM | Best Blogger Tips



ဓာတ်ပုံ - ဧရာဝတီ
The Irrawaddy (Burmese Version)

ပန်းဆိုးတန်းဂုံးတံတားပေါ်တွင် မျက်နှာဖုံးစွပ်ဆန္ဒပြသူများ ကို နိုဝင်ဘာ၂၉ ရက်
နေ့ညနေပိုင်းက ဆန္ဒထုတ်ဖေါ်ခဲ့ကြပါသည်။

ယောအတွင်းဝန်ဗိမာန်ရောက် အတွေးများ

Unknown | 4:07 AM | Be the first to comment! Unknown | 4:07 AM | Be the first to comment!
Unknown | 4:07 AM | Best Blogger Tips
မြန်မာနိုင်ငံ ကုန်းဘောင်ခေတ်သမိုင်းတွင် ယောမင်းကြီး ခေါ် ယောအတွင်းဝန် ဦးဘိုးလှိုင်သည် ပညာရှိ မင်းမှုထမ်း အဖြစ် ထင်ရှားခဲ့သူတဦး ဖြစ်သည်။ မြန်မာသမိုင်းကို စိတ်ဝင်စားသူတွေတိုင်း ဦးဘိုးလှိုင်ကို သိကြသည်။ သို့သော် စိတ်မကောင်းစရာကား ဦးဘိုးလှိုင်လို သမိုင်းတင်ခံခဲ့ရသည့် ပညာရှိပုဂ္ဂိုလ်၏ အထိမ်းအမှတ် ဂူဗိဗာန်
မည်သည့်နေရာတွင် စံမြန်းနေသည်၊ မည်သို့ ထိန်းသိမ်းစောင့်ရှောက်ထားသည်ကို ယနေ့ခေတ် လူငယ်အများစု အပါအ၀င် သမိုင်းကို စိတ်ဝင်စားသူအချို့ပါ သိရှိသူ နည်းပါးနေခြင်းဖြစ်သည်။
ယောအတွင်းဝန် အထိမ်းအမှတ် အုတ်ဂူသည် ယဉ်ကျေးမှုမြို့တော်ဟု ခေါ်တွင်သည့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ပင်းယလမ်း( ၂၂ စီ လမ်း) အနောက်ထိပ်အနီးတွင် မထင်မရှား တည်ရှိသည်။ စာရေးသူသည်ပင်လျှင် ယောအတွင်းဝန် အထိမ်းအမှတ်အုတ်ဂူ နေရာ အနီးဝန်းကျင်တွင် နေထိုင်သူဖြစ်ပါလျက် တခေါက်တခါမျှ ၀င်ရောက်လေ့လာကြည့်ရှုခြင်း မရှိခဲ့ဘူးပါ။ အပြင်ပမ်းကသာ ဖြတ်သွားဖြတ်လာ ငေးမောကြည့်ဖူးပါသည်။
ယောအတွင်းဝင်ဦးဖိုးလှိုင်ရုပ်တု

ပြီးခဲ့သည့်ရက်ပိုင်း မနက်ခင်းတခုမှာတော့ ယောအတွင်းဝန် အထိမ်းအမှတ် အုတ်ဂူထားရှိရာ ၀င်းအတွင်း သွားရောက်လေ့လာဖြစ်ခဲ့ပါသည်။ အထိမ်းအမှတ် ဂူနေရာဝင်း မျက်နှာစာရှေ့မှာ အခွန်လွတ်ဈေးရဲ့

မြန်မာပြည်ကတရုတ်သူဌေးကြီးတစ်ဥိး၏ ရာဇ၀င်

Unknown | 3:23 AM | Be the first to comment! Unknown | 3:23 AM | Be the first to comment!
Unknown | 3:23 AM | Best Blogger Tips
စာရေးဆရာနှင့် ဗြိတိသျှ  အရပ်ဘက် အရာရှိဟောင်း တဦးဖြစ်သည့် မောရစ်ကောလစ် (Maurice Collis) သည် ၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်သွားရန် ဆုံးဖြတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံမြောက်ပိုင်းမှ ရှမ်းပြည်နယ်သို့ သွားရောက်ခဲ့သည်။ သူ၏ ခရီးစဉ်အတွင်း ရန်ကုန်မြို့၌ ပထမရပ် နားသည့်အချိန်တွင် အင်းလျားကန်အတွင်းရှိ “ကျွန်းပေါ်မှ အိမ်ကလေး”  တွင် လာရောက်တည်းခိုရန် အင်္ဂလိပ်အမျိုးသား မိတ်ဆွေတယောက်ကဖိတ် ကြားခဲ့သည်။သူရေးသားခဲ့သော “နေဝင်ဘုရင်များ” စာအုပ် တွင် မောရစ်ကောလစ်က ထိုအိမ်လေးတွင် တွေ့ခဲ့ရသည့် တရုတ်ကြွေထည်များ၊ ပါရှန်း ကောဇောများ၊ ကြေးဖြင့် သွန်းလောင်းထားသည့် စည်ကြီးများ၊ ပြောင်လက်နေအောင် ဖယောင်းတိုက်ထားသည့် ကြမ်းပြင်၊ အဖြူရောင်အမွှေးပွ ခွေးလေးတကောင် တို့နှင့်အတူ ထင်ရှားသည့် မြန်မာပန်းချီဆရာကြီး ဦးဘဉာဏ်၏ လက်ရာပန်းချီကားများကြောင့် စိတ် ချမ်းမြေ့ခဲ့ရကြောင်း ရေးသားထားသည်။ ထိုအိမ်ကို ကျော်ကြားသည့် တရုတ်သူဌေးကြီး လင်ချင်းချောင်း (Lim Chin Tsong) စတင်ပြီး ကြွယ်ဝချမ်းသာလာခါစ အချိန်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း စာရေးဆရာက အတိုချုပ်ဖော်ပြခဲ့သည်။ မောရစ်ကောလစ် သွားရောက်တည်းခိုသည့် အချိန်မှာတော့ လင်ချင်းချောင်း ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။
လင်ချင်းချောင်း နှင့်ဇနီး

ဖိုးစနေခေါ်သူရဲကောင်းတစ်ယောက်နှင့် အလင်းရှင်၏အာဘော်

Unknown | 9:12 PM | Be the first to comment! Unknown | 9:12 PM | Be the first to comment!
Unknown | 9:12 PM | Best Blogger Tips
စစ်ခွေးကြံ့ဖွတ်အစိုးရကိုအယုံအကြည်မရှိတကိုယ်တော်ဆန္ဒထုတ်ဖေါ်ခဲ့သော
နေလင်းစိုး(ခေါ်)ဖိုးစနေကို စစ်ခွေးအာဏာပိုင်တို့မှဖမ်းလိုက်ပြီဖြစ်သည်။
*************************************************
နိုင်ငံတ်ာကိုအကြည်ညှိပျက်စေမှုပုဒ်မ၅၀၅(ခ)ယနေ့တရားရုံးတင်ပြီး။
အင်းစိန်ထောင်ကိုပို့လိုက်ကြောင်းသိရှိရသည်။ 
တကယ်ကနိုင်ငံတော်ကိုသော်၎င်းကမ္ဘာကြီးကိုသော်၎င်း အကြည်အညိုမဲ့
အောင်လုပ်သူများမှာ ယင်းစစ်ခွေးကြံ့ဖွတ်သိန်းစိန်တို့ပင်ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်တို့အထွဋ်အမြတ်ထားရာ ရှေးဟောင်းသမိုင်ဝင်စေတီတော်
သိမ်တော်၊ကျောင်းတော်မုဒ်ဦးစသည့် စေတီလေးမျိုးတို့ကိုဖျက်ဆီးကြသည်
ယင်းကိုထိမ်းသိမ်းစောင့်ရှောက်ကြသော သံဃာတော်များအားသတ်ဖြတ်
သည်။ထောင်ချသည်။ လူဝတ်လဲ၍ ဘ၀ပျက်အောင်နှိပ်စက်ခဲ့ကြသည်။
ထိုအထဲတွင် ယခု ညီငယ် နေလင်းစိုး ခေါ် ဖိုးစနေလည်းတစ်ယောက်အပါ
အ၀င်ဖြစ်ပါသည်။

ပျောက်ကွယ်တော့မည့်လက်ပတောင်းတောင်နှင့်လူမျိုးတုန်းသတ်ဖြတ်မှုများ

Unknown | 8:16 PM | Be the first to comment! Unknown | 8:16 PM | Be the first to comment!
Unknown | 8:16 PM | Best Blogger Tips
လက်ပံတောင်းတောင် သပိတ်စခန်းကို မြန်မာအာဏာပိုင်တွေက 
အင်အားသုံး ဖြိုခွဲခဲ့တာ ၂ နှစ်ပြည့်တော့မည့်အချိန်မှာ မီးလောင်စေတဲ့ 
လက်နက်တွေ အသုံးပြုခဲ့မှုနဲ့ပတ်သက်ပြီး .....
ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ တာဝန်ရှိသူအဖြစ်နဲ့ မဖော်ထုတ်နိုင်သေးဘူး
ဆိုပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ကပြော
လိုက်ပါတယ်။











Blogger တစ်ယောက်ရဲ့ဥသြငိုသံ

Unknown | 7:09 AM | Be the first to comment! Unknown | 7:09 AM | Be the first to comment!
Unknown | 7:09 AM | Best Blogger Tips











(မဘသ) နဲ့ (၉၆၉)တို့ကိုဝေဖန်ပြလိုက်တာနဲ့ ငါ့ကိုကုလားတဲ့။
ဒါဆို န၀တ၊နအဖ၊တစ်လျှောက်လုံး အာဏာရှင်အလိုကျ (ထောက်ထိုး)
ဘုန်းကြီးများအဖြစ် နာမည်ကြီးခဲ့တဲ့ ။ (ပါရာဖတ်)ဘုန်းကြီးများအဖြစ်
တန်ခိုးထွားခဲ့တဲ့ (မဟန)ကြီးကို 2012 ထောင်ကထွက်ကတည်းက
ဝေဖန်ထောက်ပြခဲ့တာပါကွာ။
ငါအရင်ဆုံးရေးခဲ့တာက wordpress .com မှာရေးခဲ့တာပါ။

မင်းအောင်လှိုင်ကာချုပ်အားလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှစိန်ခေါ်လိုက်ပြီ

Unknown | 12:50 AM | Be the first to comment! Unknown | 12:50 AM | Be the first to comment!
Unknown | 12:50 AM | Best Blogger Tips
ချုပ်ပြောကြားချက်အပေါ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ရန်
ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်












အခြေခံဥပဒေ ပြင်ဆင် ရေးသော့ချက်ဖြစ်သော ပုဒ်မ ၄၃၆ပြင်ဆင်ရေးနှင့်
ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်အပေါ်
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်၍ လူထုအဆုံးအဖြတ်ရယူရန် ပြောကြား
ခဲ့ခြင်း ဖြစ်သည်။

Thursday, November 27, 2014

TV အစီအစဉ်တင်ဆက်သူမိန်းကလေးရဲ့ ဖင်ကို သဲပွတ်ပေးရသူ ၂ ဦးရဲ့အဖြစ်

Unknown | 11:55 PM | Be the first to comment! Unknown | 11:55 PM | Be the first to comment!
Unknown | 11:55 PM | Best Blogger Tips

နာမည်ကြီး အကျော်အမော် တစ်ဦးရဲ့  အကူ တစ်ဦးဖြစ်ရတာ တကယ့်ကို 
ခက်ခဲတဲ့ဘ၀ပါပဲ။ဒါပေမယ့် Kim Kardashian ရဲ့  အကူ နှစ်ဦးအတွက်
ကတော့ သူတို့ ရဲ အလုပ်ဟာ တကယ့်ကို အဓိပ္ပါယ်အသစ်တစ်မျိုး
သက်ရောက်သွားပါတယ်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားသော သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများထဲ၌ တပ်မတော် သား၊ ရဲတပ်ဖွဲ့ဝင်များနှင့် သင်္ကန်း ဝတ်အချို့ ပါဝင်ကြောင်း

Unknown | 11:37 PM | Be the first to comment! Unknown | 11:37 PM | Be the first to comment!
Unknown | 11:37 PM | Best Blogger Tips









http://7daydaily.com/story/25613#.VHgdidKUeSo
၂၀၁၂ ခုနှစ်တွင် တပ် မတော်သားသုံးဦး၊ သင်္ကန်းဝတ်သုံးဦး၊ ရဲတပ်ဖွဲ့ဝင်သုံးဦး၊
၂၀၁၃ တွင် တပ်မတော်သားငါးဦး၊သင်္ကန်းဝတ် ငါးဦး၊ ၂၀၁၄ ခုနှစ်တွင် တပ်
မတော်သားသုံးဦး၊ သင်္ကန်းဝတ်နှစ်ဦး၊ ရဲတပ်ဖွဲ့ဝင် နှစ်ဦးတို့ ပါဝင်ကျူးလွန်
ခဲ့ကြောင်း ရဲတပ်ဖွဲ့၊လူကုန်ကူးတားဆီးနှိမ်နင်းရေးအဖွဲ့စာရင်းများအရသိရသည်။
သက်ငယ်မုဒိမ်းမှုကျူးလွန် စေရန်အတွက် တွန်းအားပေး သည့်အကြောင်း
များမှာ အင်တာ နက်၊ ဖေ့စ်ဘွတ်ခ်များမှတစ်ဆင့် ညစ်ညမ်းပုံ၊ ဇာတ်လမ်း
များကြည့် ရှုရလွယ်ကူခြင်း၊ တိုင်းတစ်ပါး ယဉ်ကျေးမှုကို အတုခိုးခြင်း စသည့်
အချက်များကြောင့်ဖြစ် ကြောင်း ယင်းအဖွဲ့မှ အရာရှိ တစ်ဦးက ပြောသည်။
‘‘အရွယ်မရောက်ကလေး တွေ မုဒိမ်းမှုကျူးလွန်မှုနည်း အောင် မိဘတွေကလည်း
သေ သေချာချာထိန်းသိမ်းဖို့လိုတယ်။ ကာမစိတ်ကိုနှိုးဆွစေတဲ့ သရုပ် ပျက်အ
ဝတ်အစားဝတ်တာတွေ ကို မဝတ်အောင်ဆင်ခြင်ခိုင်းသင့် တယ်’’ဟု ပျဉ်းမ
နားပေါင်းလောင်း ရပ်ကွက်နေ အငြိမ်းစားဆရာမကြီးတစ်ဦးက မှတ်
ချက်ပြုပြောကြားသည်။
၂၀၁၄ အောက်တိုဘာလ အထိ သက်ငယ်မုဒိမ်းမှု ၂၈၀ နှင့် သက်ကြီးမုဒိမ်းမှု 
၃၁၇ မှု စုစု ပေါင်း ၅၉၇ မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
သက်ငယ်မုဒိမ်းမှုကျူးလွန် သူများအား အမြင့်ဆုံးချမှတ်နိုင် သည့် တရားရုံး
များသို့ တရားစွဲ တင်ပို့ခြင်း၊ ၁၉၉၃ ခုနှစ် ကလေး သူငယ်ဥပဒေပုဒ်မ ၆၅(က)
အရ အရေးယူခဲ့ကြောင်း သတင်းရရှိ သည်။

ဖာဂူဆန်မြို့ သို့မဟုတ် မငြိမ်းသောမီး

Unknown | 11:12 PM | Be the first to comment! Unknown | 11:12 PM | Be the first to comment!
Unknown | 11:12 PM | Best Blogger Tips
အမေရိကန် နိုင်ငံ မစ်ဆူရီ ပြည်နယ် ဖာဂူဆန် မြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လက လူမည်း 
ဆယ်ကျော်သက် တစ်ဦးကို ရဲတပ်ဖွဲ့က ပစ်သတ် ခဲ့မှုနဲ့ ပတ်သက်ပြီး တရားစွဲ အရေး
ယူတာတွေ မလုပ်ဖို့ ဂျူရီ တရားသူကြီးက ဆုံးဖြတ်ခဲ့ အပြီးမှာ မကျေမနပ် ဆူပူ အုံကြွ
လုယက်မှုတွေ ဖြစ်ခဲ့ပါတယ်။
ငြိမ်းငြိမ်းချမ်းချမ်း ကန့်ကွက် တာမျိုး မတွေ့ရကြောင်း၊ ဒီကိစ္စ စဖြစ်ခဲ့တဲ့ ဩဂုတ်လ 
ကတည်းက ဖာဂူဆန် မြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေထဲမှာ မနေ့ညက
ဖြစ်ခဲ့တဲ့ ဆူပူ အုံကြွမှုတွေဟာ အဆိုးဝါးဆုံး ဖြစ်ကြောင်း စိန့်လူဝစ်စ် ခရိုင် ရဲချုပ် 
Jon Belmar က ပြောသွားပါတယ်။













ဆူပူ အုံကြွသူတွေဟာ အကြိမ် ၁၅၀ လောက် ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ သူက
ပြောပါတယ်။မော်တော်ယာဉ်တွေနဲ့ ဈေးဆိုင် အဆောက်အအုံတွေလည်း မီးရှို့ 
ဖျက်ဆီး ခံခဲ့ရပါတယ်။
ဆန္ဒပြ လူအုပ်ကြီးကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေ၊ မီးခိုးဗုံးတွေ 
သုံးပြီးလူစုခွဲခဲ့ပြီးလူ ၆၀ ကျော်လောက်ကို ဖမ်းဆီး ထားပါတယ်။
အသတ်ခံရသူ လူမည်း လူငယ် Michael Brown ရဲ့ ကျန်ရစ်သူ မိသားစု ကလည်း 
အဲဒီ ရဲအရာရှိကို တရားစွဲဆို အပြစ်ပေးတာမျိုး မလုပ်ဖို့ တရာရုံးက ဆုံးဖြတ်ခဲ့တာ
အပေါ် အကြီးအကျယ် စိတ်ပျက်သွားခဲ့ရတယ်လို့ ပြောပါတယ်။
အဲဒီ ရဲအရာရှိ Darren Wilson ဟာ ကိုယ့်ကိုကိုယ် ခုခံ ကာကွယ်တဲ့ အနေနဲ့ ပစ်ခဲ့တာ 
ဆိုပြီး တရားစွဲဆို အရေးယူမှု မလုပ်ဖို့ ဂျူရီ တရားသူကြီးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
သမ္မတ အိုဘားမားကတော့ အမေရိကန် ပြည်သူ တချို့ ဒေါသအမျက်ထွက်ခဲ့ကြတာကို
သူ့အနေနဲ့နားလည်ပါကြောင်း ဒါပေမယ့်လည်း ငြိမ်းငြိမ်းချမ်းချမ်း ရှိကြဖို့ ဆန္ဒပြသူတွေ
ကို တိုက်တွန်းလိုက်ပါတယ်။
လော့စ်အိန်ဂျလိစ်၊ ဖီလာဒဲဖီးယား နဲ့ နယူးယောက် မြို့တွေမှာလည်း လူတွေ
ထောင်နဲ့ချီ ချီတက် ဆန္ဒပြ ခဲ့ကြသလို နိုင်ငံတဝှမ်းက တခြား မြို့တွေမှာလည်း ကန့်ကွက် 
ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

မုန့်တိုက်ပွဲ (သို့)တရုတ်နိုင်ငံအစိုးရ၏ရက်စက်ယုတ်မာမှုများ

Unknown | 8:51 PM | Be the first to comment! Unknown | 8:51 PM | Be the first to comment!
Unknown | 8:51 PM | Best Blogger Tips

















စာရေးသူသည် ၁၉.၁၁.၂၀၁၄ ရက်နေ့ကတရုတ်နိုင်ငံနယ်စပ် ရွှေလီမြို့သို့
အလည်အပတ်ရောက်ခဲ့ပါသည်။ရွှေလီမြို့ရှိအကင်ဆိုင်သို့မိတ်ဆွေတဦးက
ခေါ်၍လိုက်စားဖြစ်ပြီး မထင်မှတ်ပဲသတင်းထူးတခု ကို ရခဲ့သဖြင့်မြန်မာနိုင်ငံ

မြန်မာ့သမီးပျိုလေးများ သတိထားဆင်ခြင်ဖွယ်ရာသတင်း

Unknown | 6:50 PM | Be the first to comment! Unknown | 6:50 PM | Be the first to comment!
Unknown | 6:50 PM | Best Blogger Tips













တရုတ်နိုင်ငံထုတ် လျှို့ ဝှက်ကင်မရာအများအပြား မြန်မာနိုင်ငံရှိ တရုတ်ပိုင် ဟိုတယ်များတွင် တပ်ဆင်ထားကြောင်း သိရှိရ


အင်းလေး ဖောင်တော်ဦးဘုရား ရွှေဆိုင်းဌာန ဖောက်ထွင်းခံရ၊ ကျပ်သိန်း ၁၀၀ ကျော်ဖိုး ပျောက်ဆုံး

Unknown | 3:37 AM | Be the first to comment! Unknown | 3:37 AM | Be the first to comment!
Unknown | 3:37 AM | Best Blogger Tips
အင်းလေး ဖောင်တော်ဦး













အင်းလေး ဖောင်တော်ဦးဘုရားအား ဖူးမြှော်နေကြသူများကို စက်တင်ဘာလ 
အတွင်းက တွေ့ရပုံ (ဓာတ်ပုံ – သော်ဟိန်းထက်/ ဧရာဝတီ)
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ နာမည်ကျော် အင်းလေး ဖောင်တော်ဦးဘုရား ရင်ပြင်တော် ရွှေဆိုင်းဌာနမှ ငွေသေတ္တာသည် နိုဝင်ဘာ ၂၆ ရက်နေတွင် ဖောက်ထွင်းခံခဲ့ရပြီး ရွှေငွေ၊ လက်ဝတ် ရတနာများနှင့် ငွေစက္ကူများ အပါအ၀င် တန်ဘိုး ကျပ်သိန်း ၁၀၀ ကျော် ပျောက်ဆုံးခဲ့သည်ဟု သိရသည်။

Twitter Bird Gadget