.

Friday, November 28, 2014

ဖိုးစနေခေါ်သူရဲကောင်းတစ်ယောက်နှင့် အလင်းရှင်၏အာဘော်

Unknown | 9:12 PM | Unknown | 9:12 PM |
Unknown | 9:12 PM | Best Blogger Tips
စစ်ခွေးကြံ့ဖွတ်အစိုးရကိုအယုံအကြည်မရှိတကိုယ်တော်ဆန္ဒထုတ်ဖေါ်ခဲ့သော
နေလင်းစိုး(ခေါ်)ဖိုးစနေကို စစ်ခွေးအာဏာပိုင်တို့မှဖမ်းလိုက်ပြီဖြစ်သည်။
*************************************************
နိုင်ငံတ်ာကိုအကြည်ညှိပျက်စေမှုပုဒ်မ၅၀၅(ခ)ယနေ့တရားရုံးတင်ပြီး။
အင်းစိန်ထောင်ကိုပို့လိုက်ကြောင်းသိရှိရသည်။ 
တကယ်ကနိုင်ငံတော်ကိုသော်၎င်းကမ္ဘာကြီးကိုသော်၎င်း အကြည်အညိုမဲ့
အောင်လုပ်သူများမှာ ယင်းစစ်ခွေးကြံ့ဖွတ်သိန်းစိန်တို့ပင်ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်တို့အထွဋ်အမြတ်ထားရာ ရှေးဟောင်းသမိုင်ဝင်စေတီတော်
သိမ်တော်၊ကျောင်းတော်မုဒ်ဦးစသည့် စေတီလေးမျိုးတို့ကိုဖျက်ဆီးကြသည်
ယင်းကိုထိမ်းသိမ်းစောင့်ရှောက်ကြသော သံဃာတော်များအားသတ်ဖြတ်
သည်။ထောင်ချသည်။ လူဝတ်လဲ၍ ဘ၀ပျက်အောင်နှိပ်စက်ခဲ့ကြသည်။
ထိုအထဲတွင် ယခု ညီငယ် နေလင်းစိုး ခေါ် ဖိုးစနေလည်းတစ်ယောက်အပါ
အ၀င်ဖြစ်ပါသည်။






ဖိုးစနေကို . . . . . .

တောင်ဒဂုံမြို့နယ်တရားရုံးတွင်တကိုယ်တော်ဆန္ဒထုတ်ဖေါ်ခဲ့သဖြင့် တောင်
ဒဂုံမြို့နယ်(၅၆)ရပ်ကွက်နေအိမ်တွင်ညဘက် အချိန်မတော်တွင်ဖမ်းဆီးခံခဲ့
ရပါသည်။၅၆ရဲကင်းတွင်ဖမ်းထားပြီးယနေ့တရားရုံးတင်ပြီး၅၀၅(ခ)ဖြင့်
အင်းစိန်ဗဟိုအကျဉ်းထောင်သိုခေါ်ဆောင်သွားခဲ့သည်။

ဖိုးစနေသည်ဒဂေုံတရားရုံးတွင်တကိုယ်တော်ဆန္ဒထုတ်ဖေါ်ပြီး။ရန်ကင်းမြို့
နယ်တွင်တကိုယ်တော်ဆန္ဒထုတ်ဖေါ်ခဲ့သောအမှုအတွက်သွားရောက်
တရားရင်ဆိုင်ခဲ့သောပုဒ်မ၁၈သည်ဒီဇင်ဘာလ၁ရက်နေ့သို့ချိန်းဆိုထားခဲ့
သည်နေလင်းစိုးသည်။ပုဒ်မ၁၈ဖြင့်။ကျောက်တံတားမြို့နယ်။ဗဟန်းမြို့
နယ်ရန်ကင်းမြို့နယ်။တောင်ဒဂုံမြို့နယ်များတွင်အမှုရင်ဆိုင်နေရခြင်း
ဖြစ်ပါသည်။

ယခုလို မြန်မာနိုင်ငံမြန်မာလူမျိုးများအတွက် မတစ်ထောင်တစ်ကောင်
ဘွားဖြစ်သော တောင်ဒဂုံဖိုးစနေခေါ်နေလင်းစိုး၏နိုင်ငံရေးစိတ်ဓါတ်ကို
ဂုဏ်ယူချီးကြူးထိုက်သည်ထက်သူရဲကောင်းဆန်လွန်းသည်ဟု အလင်း
ရှင်ထင်မြင်မိပါသည်။

မြန်မာပြည်တွင် ဟိုးတုန်းဟိုကာလဆီက ကိုလိုနီနယ်ချဲကို တော်လှန်
ခဲ့သော သူရဲကောင်းများများစွာပေါ်ထွန်းသကဲ့သို့၊မျက်မှောက်ခေတ်ဖြစ်
သော အာဏာရှင်နေ၀င်းယင်း၏လက်ပါးစေ စစ်ခွေးသန်းရွှေမှတိုင်ယခု
သိန်းစိန်အထိ တစ်လျှောက် လက်နက်စွဲကိုင်မှုမရှိဘဲ နှလုံးရည်ဖြင့်တိုက်
ပွဲဝင်ကာ သေဆုံးခဲ့ကြသောရဟန်းရှင်လူကျောင်းသားအလုပ်သမားပြည်
သူပေါင်းများစွာရှိသကဲ့သို့ ထောင်ကျခြင်းယင်းထောင်ထဲတွင် အသေ
ဆိုးဖြင့်ကျဆုံးခဲ့ရသော သူရဲကောင်းများစွာရှိပါသည်။ထိုအထဲတွင်မူ
ဖိုးစနေ သို့မဟုတ် တောင်ဒဂုံရှိ ညီငယ်နေလင်းစိုးတစ်ယောက်လည်း
အပါအ၀င်ဖြစ်ပါသည်။

ယင်းကို သန်းပေါင်းငါးဆယ်မကရှိသောကျွန်ုပ်တို့ပြည်သူလူထုကြီးသည်
မမေ့ထားသင့်ပေ။ မိမိတို့စားဝတ်နေရေးပြဿနာများကြားထဲမှပင် ထိုကဲ့
သို့သော အာဇာနည်းများကို နှလုံးသားတွင် ပူဇော်နေကြမည်။ ဘုရားဝတ်
တက်ချိန်တွင်မူ ထိုသို့သောအထောင်အသောင်းအသိန်းမကသည့် သူရဲ
ကောင်းအညတရများအတွက် ရည်စူးရည်မျှော်၍ ပန်းရေချမ်းဆီမီးဆွမ်း
တို့ဖြင့် ပတ္တဒါနများပြုရမည်ဖြစ်သည်။

ထိုသို့ဖြင့်ကျွန်ုပ်တို့သည် ထိုထိုသော ခေါင်းဆောင်များကို သူရဲကောင်းများကို
နှလုံးမူ၍ အာဏာရှင်စစ်နစ်ဆိုးခေါ် စစ်ခွေးကြံ့ဖွတ်တို့အား အောင်မြင်စွာ
မျိုးဖြုတ်နိုင်မှသာ ကျွန်ုပ်တို့၏ အနာဂါတ်မျိုးဆက်သစ်များအတွက် လတ်
လတ်ဆတ်မွှေးပျံ့သော နံက်ခင်းများစွာကို ပိုင်ဆိုင်နိုင်မည်ဟု . . .
ယုံကြည်မိပါသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Post a Comment

Twitter Bird Gadget