.

Sunday, November 30, 2014

သိန်းစိန်နှင့်စိန်ဖူး မြေခ ခြင်း

Unknown | 8:40 PM | Unknown | 8:40 PM |
Unknown | 8:40 PM | Best Blogger Tips
“တကယ်မသိတော့ မဘူးဗျ”၊ “တကယ်သိတော့ သိတယ်ဗျ”
ဆိုတဲ့စကားဟာ ရယ်မောနောက်ပြောင်ကျီစယ်တဲ့စကားမဟုတ်ပါဘူး။
လူ့ဘ၀မှာအသိဉာဏ်အလိမ္မာပညာဆိုတာ ပါရမီနဲ့ဆိုင်ပါတယ်။ ပါရမီ
ဆိုတာလည်း ကိုယ့်တိုင်လုပ်ယူရတာပါ။ တစ်စုံတစ်ယောက်က  . .

“ ဥုံ ” “သြောင်း” ခံပြီးပေးလို့မရပါဘူး။
အခုလည်း သိန်းစိန်ခေါ် သန်းရွှေရဲ့ ရုပ်သေးရုပ်လေးက သမ္မတရာထူး
အဖြစ်သရုပ်ဆောင်နေရင်း သူတင်လှူထားတဲ့ ဘုရားတွေရဲ့စိန်ဖူးတော်
တွေဟာ မြေခကုန်ပါပြီ။
ဒါဟာ စစ်ခွေးသိန်းစိန်ရဲ့ သန်းရွှေအပေါ်အကာအကွယ်ပေးဆောင်ရွက်ခဲ့
သော မဟာအကုသိုလ်ကံကြီးထိုက်တော့မယ်ဆိုတဲ့ အတိတ်တဘောင်
နိမိတ်ဆောင်နေပါပြီဆိုတာကို  .. . စာပေသမိုင်းလေ့လာလိုက်စားကြသော
သူများသိကြပါလိမ့်မည်။အောက်ဖေါ်ပြပါ 7day မှာတွေ့ရလို့ပါပဲ။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်ကာ ပင့် ဆောင်တင်လှူပူဇော်ခဲ့သည့်
စစ် ကိုင်းမြို့ရှိ လေးကျွန်းမာရ်အောင် မြတ်စွာဘုရား စိန်ဖူးတော် ငလျင်
ဒဏ်ကြောင့် မြေခခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီ ၄၇ မိနစ်က ပြင်ဦးလွင် မြို့အနီး ဗဟိုပြုကာ
လှုပ်ခတ်ခဲ့ သည့် ရစ်ခ်ျတာစကေး ၅ အဆင့် ရှိ ငလျင်ကြောင့် စစ်ကိုင်းမြို့ သောတာ
ပန်ရပ်ရှိ လေးကျွန်း မာရ်အောင် မြတ်စွာဘုရားကြီး၏ စိန်ဖူးတော်မြေခခဲ့သည်။
အဆိုပါ စိန်ဖူးတော်အား ၂၀၁၃ ခုနှစ် သြဂုတ် ၁၈ ရက်က ဓမ္မဒူတ ဒေါက်တာအရှင
်ဆေကိန္ဒအမှူး ပြုပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်၍ ပင့်ဆောင် 
တင်လှူပူဇော်ခဲ့ခြင်း ဖြစ်သည်။
‘‘ပျက်စီးတာကတော့ အခု လောလောဆယ် စိန်ဖူးတော်တစ် ခုတည်းပါပဲ။ ဘုရားက
တခြား ဘယ်နေရာတွေ ပျက်စီးနေသေး လဲဆိုတာကိုတော့ ဆက်ရှာ နေတယ်’’ဟု
လေးကျွန်းမာရ် အောင်မြတ်စွာဘုရားဂေါပက အဖွဲ့မှ ဘဏ္ဍာရေးမှူးဦးမျိုးသန့်
က ပြောကြားသည်။
စိန်ဖူးတော်မှာ ငလျင်ဒဏ် ကြောင့် ပထမပစ္စယံ၊ ဒုတိယပစ္စ ယံနှင့် စေတီပေါ်များသို့
အပိုင်း သုံးပိုင်းကွဲကာ မြေခကျရောက်ခဲ့  ခြင်းဖြစ်ပြီး စိန်ဖူးတော်ရှိ ဌာပနာ ပစ္စည်းများ
အပါအ၀င် ပစ္စည်းများ ပြန်လည်တွေ့ရှိကြောင်း ဂေါပက အဖွဲ့က ပြောသည်။
လေးကျွန်း မာရ်အောင် မြတ်စွာဘုရားတွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က 
လှုပ်ခဲ့သောငလျင်ကြောင့် ပထမ စိန်ဖူးတော်မြေခခဲ့သည့်အတွက် နိုင်ငံတော်
သမ္မတဦးစီးကာ ပူဇော်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ငလျင် ကြောင့် လေးကျွန်းမာရ်အောင်
မြတ်စွာဘုရားအပြင်စစ်ကိုင်းမြို့ ရှိ ဆင်များရှင်ဘုရား အရန် စိန်ဖူး တော်နှင့် မရှိခဏ 
ဘုရားရှိ စိန်ဖူး တော်ကြီးများလည်း မြေခခဲ့ ကြောင်း သတင်းရရှိသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)


No comments :

Post a Comment

Twitter Bird Gadget