.

Saturday, November 29, 2014

နောက်(7)အတွင်း ကမ္ဘာပျက်ကိန်းကြုံနိုင်ဖွယ်ရာရှိ

Unknown | 9:33 PM | Unknown | 9:33 PM |
Unknown | 9:33 PM | Best Blogger Tips

အမေရိကန်နိုင်ငံ အခြေဆိုက်တဲ့ American Christian အဖွဲ့တစ်ခုဟာ
ကမ္ဘာကြီးက နောက်ထပ် ၇ နှစ်ပြည့်ပြီးနောက် ပျက်ဆီးတော့မှာ ဖြစ်ကြောင်း
ထုတ်ပြန်ပြောဆိုခဲ့ ပါတယ်။


ငါဒီသတင်းကိုကြားရတော့ အလွန်မတန်ကိုဝမ်းသာမိပါတယ်။ ဘာ့ကြောင့်
လည်းဆိုတော့ မြန်မာပြည်မှာ ပြည်သူပိုင်သယံဇာတတွေဟာ စစ်ခွေးကြံ့ဖွတ်
ခရိုနီအုပ်စုကြီးနဲ့ တရုတ်နိုင်ငံအစိုးရလက်ထဲကိုရောက်ခဲ့ပြီလေ။
ဒီတော့က ''မစားရတဲ့အမဲ သဲနဲ့ပတ်'' ဆိုတဲ့ စကားပုံအတိုင်း ငတ်ပြတ်နေတဲ့
သန်းပေါင်းများစွာရဲ့ နောက်ဆုံးအခွင့်အရေးတစ်ခုဆိုရင် ဒီအခွင့်အရေးကိုပဲ
ငါရွေးချယ်လိုက်မယ်။
''ဥစ္စာမရှိ သက်ရှင်ခြင်းထက် ကံခြင်းကုန်ထ သေကမြတ်၏ '' ဆိုသလို မြန်မာ
နိုင်ငံအ၀ှမ်းလုံးကိုကြည့်လိုက်ရင်  .. . 
စစ်ပွဲတွေကြောင့် ဘေးဒုက္ခတွေ  . .
ဘိန်းစိုက်ခင်းတွေကြောင့် ပြည်သူတွေဘိန်းစွဲနေရခြင်းတွေ . . .
လယ်ယာမြေတွေအသိမ်းခံလိုက်ရလို့ ဘ၀တွေပျက်နေရတဲ့ပုံတွေ  . ..
အမှန်တရားကိုလိုလားဖေါ်ထုတ်ကြသော သတင်းသမားတွေကို ရက်စက်စွာ
သတ်ဖြတ်ကြပုံတွေ  . . ..
ပြည်သူ့အခွင့်အရေးရဖို့အတွက် ဆန္ဒဖေါ်ထုတ်ရာမှာ အဓိပ္ပါယ်မရှိသောပုဒ်မ
18 နဲ့ အဖမ်းခံထောင်ကျရပုံတွေ  . .. 
စတဲ့  . . စတဲ့ အနိဋ္ဌာရုံများသာတွေ့နေရတာမို့ အကယ်၍ ကမ္ဘာပျက်မည်
ဆိုပါက အမြန်သာပျက်စေချင်ပါသည်။ သို့မှသာ စစ်ခွေးသန်းရွှေတို့လက်
ဝါးကြီးအုပ်ထားတဲ့ ဘီလျံသန်းပေါင်းများစွာသော ဒေါ်လာများ၊ မတရားနယ်
ချဲ့ဗိုလ်ကျစိုးမိုးသတ်ဖြတ်နေသော ၀မ်ပေါင်တ၇ုတ်ကြီးရဲ့ အဓမ္မမှုများစတဲ့
အနိဋ္ဌာရုံများကနေ အမြန်ဆုံးလွတ်ကင်းမှာဖြစ်ပါတယ်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Post a Comment

Twitter Bird Gadget