.

Saturday, November 29, 2014

မီးလောင်ဗုံးသင့်သံဃာများ(၂) နှစ်ပြည့်

Unknown | 7:29 AM | Unknown | 7:29 AM |
Unknown | 7:29 AM | Best Blogger Tips









လက်ပန်းတောင်းတောင် ဒေသ သံဃာတော်များ မီးလောင်ဗုံး
နှင့် အပြစ်ခံရံသည်မှာ ၂ နှစ်ပြည့် ပြီဆိုသော်လည်း အစိုးရမှ
မီးလောင်ဗုံး ပြစ်သူ တရားခံကို မည်သို့မျှ အရေးယူဆောင်
ရွက်ခြင်း မရှိပဲ မေ့မေ့ပျောက်ပျောက် နေနှိုင်သော်လည်း

ဒေါ်နော်အုန်းလှ အစရှိသော မမေ့နှိုင်သေးသော ပြည်သူများ
များသည် ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်ခဲ့ကြပါသည်။
သို့သော်လည်း  . . .
အမျိုးဘာသာစောင့်ရှောက်ရေးဟူသော အဖွဲ့အသင်းကြီးသည်
ကား ရေငုံနှုတ်ပိတ်နေသည်မှာ Thinking ရှိသူများသိသာထင်
ရှားလှပါသည်။ စစ်ခွေးကြံ့ဖွတ်က စေတီဖျက်လျှင် ထိုအဖွဲ့သည်
ငြိမ်၍ နေရသည်။ စစ်ခွေးကြံ့ဖွတ်က သိမ်တွေဖျက်လျှင် ထိုအဖွဲ့
သည်မသိကျိုးကျွံပြုရသည်။
Nld မှထင်လင်းဦး စကားကျွံတော့ ဆန္ဒပြမည်ဟု ဆိုသည်။ ကဲ။
စာဖတ်သူတို့ တွေးကြည့်ကြပါကုန်လော။ စကားကျွံသော သူထက်
လက်ကျွံသူက ပို၍ အပြစ်ထိုက်သည်မဟုတ်ပါလော။
Nld မှထင်လင်းဦးသည် ဘုရားတရားသံဃာကို  နှုတ်ဖြင့်စော်ကား
သည်ကား လက်ဖြင့်  . . Bulldoze ဖြင့်ထိုးကော်ဖျက်ဆီးခဲ့ကြသော
စစ်ခွေးကြံ့ဖွတ်တရုတ်ကြီးထက်ပင် သာလွန်၍ အပြစ်ကြီး
နေသကော။
ထို့ကြောင့် Thinking ရှိသူများ အလင်းရှင်နေ့စဉ်ဆိုသလိုရေးသား
ထောက်ထား ကိုးကားပြသော ဥပမေယျကထာများဖြင့်သိသာမြင်
သာရှိလှပါသည်ဟုသာ  . . . .
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်၊
(ရှမ်းလမ်း) ဗဟိုလ်လမ်း၊
စမ်းချောင်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး

 29. Nov. 2014 / 5:00 Pm ရန်ကုန် . ဆူးလေတွင်း လူထုလှုပ်ရှားမှု



No comments :

Post a Comment

Twitter Bird Gadget