.

Saturday, November 22, 2014

တရုတ်Xiaomi စမတ်ဖုန်းများသည် iPhone ကိုတုပ၍ ထုတ်လုပ်ထားခြင်း မဟုတ်ကြောင်း ကုမ္ပဏီ၏ဒုဥက္ကဋ္ဌ ဟူဂိုဘာရာက ပြောကြား

Unknown | 8:03 PM | Unknown | 8:03 PM |
Unknown | 8:03 PM | Best Blogger Tips


တရုတ်နိုင်ငံ၏ မိုဘိုင်းဖုန်း ကုမ္ပဏီ Xiaomi စမတ်ဖုန်းများသည် iPhone ကိုတုပ၍ ထုတ်လုပ်ထားခြင်း မဟုတ်ကြောင်း ကုမ္ပဏီ၏ဒုဥက္ကဋ္ဌ ဟူဂိုဘာရာက ပြောကြားသွားခဲ့သည်။



Xiaomi ကုမ္ပဏီ သက်တမ်းသည် လေးနှစ်သာ ရှိသေးပြီး ဈေးနှုန်းသက်သာသော စမတ်ဖုန်းနှင့် tablet များဝယ်ယူရန် စိတ်အားထက်သန်သည့်  အိန္ဒိယနှင့် ဘရာဇီးကဲ့သို့ ဈေးကွက်သစ်များ အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းနေလျက် ရှိသည်။ ကုမ္ပဏီအနေဖြင့် ထုတ်ကုန်ပေါင်း ၁,၀၀၀ ကျော် ရောင်းချနိုင်ရန် အတွက် ရင်းနှီးမြှုပ်နှံ မှုများလည်း ပြုလုပ်ထားကြောင်း သိရသည်။ သို့သော်လည်း Xiaomi ၏ ထုတ်ကုန် ဒီဇိုင်းပိုင်းသည် Apple ၏ iPhone နှင့် iPad ဒီဇိုင်းအသွင်ကို တုပ၍ပြုလုပ် ထားခဲ့ကြောင်း Apple ၏ဒီဇိုင်း အကြီးအကဲ ဂျိုနီအိုင်ဗီက မှတ်ချက်ပြုခဲ့ပြီး Xiaomi ကိုဒီဇိုင်းပိုင်း တီထွင်ရန် ပျင်းရိသူနှင့် ခိုးယူသူဟု ပြောကြားခဲ့သည်။ ထိုဝေဖန်မှု ပတ်သက်၍ Xiaomi ကုမ္ပဏီ အကြီးအကဲ ဘာရာက အောက်တိုဘာလ ၉ ရက်တွင် ကျင်းပသည့် အခမ်းအနား၌ တုံ့ပြန်ပြောဆိုခဲ့သည်။ ကုမ္ပဏီရှိ ဒီဇိုင်နာများ၊ အင်ဂျင်နီယာများသည် ဈေးကွက်တွင်းရှိ အလွန်ကောင်းမွန်သော ဒီဇီုင်းနှင့် ထုတ်ကုန်များကို အာရုံဝင်စားကာ ထုတ်လုပ်ခဲ့ကြောင်း၊ ယနေ့ခေတ် ကမ္ဘာပေါ်တွင်လည်း ယခုကဲ့သို့ပင် ပြုလုပ်နေကြကြောင်း၊ မိုဘိုင်း ဈေးကွက်တွင်ရှိသော အလုံးစုံခြားနားသော ဒီဇိုင်းရှိသည့် ထုတ်ကုန်ကို ရှိပါက ပြသစေလိုကြောင်း၊ ၎င်းကဲ့သို့ ထုတ်ကုန်မျိုးကို ဈေးကွက်တွင် ရှာတွေ့နိုင်မည် မဟုတ်ကြောင်း Wall Street Journal ၏ Live technology ကွန်ဖရင့်တွင်ဘာရာက ပြောဆိုခဲ့သည်။
၎င်းသည် Apple ပရိသတ် တစ်ဦးဖြစ်ကြောင်း၊ စက်တင်ဘာလတွင် စတင်ရောင်းချခဲ့သည့် iPhone 6 သည် ကမ္ဘာပေါ်ရှိ ဒီဇိုင်း ထုတ်ထားသမျှတွင် အလှပဆုံး စမတ်ဖုန်းဖြစ်ကြောင်း ဘာရာက ချီးကျူးခဲ့သည်။ သို့သော်လည်း Apple သည် အခြားသူများမှ ဒီဇိုင်းပိုင်းဆိုင်ရာ အာရုံဝင်စားမှု ပြုလုပ်ရသော ကမ္ဘာ့ဒီဇိုင်းမက္ကာ (ဝါသနာရှင်များ လေ့လာရာနေရာ) ဖြစ်ပြီး iPhone 6 ဒီဇိုင်းသည် HTC မှ ဒီဇိုင်းပိုင်းကို အတုယူထားခြင်း ဖြစ်ကြောင်း ဘာရာက ထပ်လောင်း ပြောကြားခဲ့သည်။
-စိုးထက်
Ref : CNET
http://www.internetjournal.media/

No comments :

Post a Comment

Twitter Bird Gadget