.

Saturday, November 22, 2014

Facebook account မလိုဘဲ chat ပြုလုပ်နိုင်မည့် Rooms app ကို Facebook မိတ်ဆက်

Unknown | 8:22 PM | Unknown | 8:22 PM |
Unknown | 8:22 PM | Best Blogger Tips




ကာသပတေးနေ့က Facebook သည် သုံးစွဲသူများက group များတွင် chat ပြုလုပ်စေနိုင်မည့် app ဖြစ်သော Rooms app ကို မိတ်ဆက်ပေးခဲ့သည်။


Rooms app ကို သုံးစွဲသူများသည် အီးမေးလ်လိပ်စာ တစ်ခု သို့မဟုတ် အမည်ဝှက် တစ်ခုကို အသုံးပြုကာ Facebook account နှင့် ချိတ်ဆက်ရန် မလိုဘဲ အသုံးပြုနိုင်သည်။ ထို့အပြင် သုံးစွဲသူများသည် ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် စာသားများကို တင်နိုင်မည်ဖြစ်သည်။ Facebook ကမူ သုံးစွဲသူများ အနေဖြင့် အမျိုးမျိုးသော theme များကို အခြေခံကာ Room များကို ဖန်တီးလိမ့်မည်ဟု မျှော်လင့်ထားသည်။
Facebook သည် Messenger, WhatsApp နှင့် Slingshot ဟုခေါ်သော app များကို ဖြန့်ချိထားပြီး ၎င်းတို့သည် message များအား တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် အုပ်စုဖွဲ့ပေးပို့ခြင်းတို့ကို ပြုလုပ်နိုင်သည်။ ထို့အပြင် ဓာတ်ပုံဝေမျှ နိုင်သည့် Instagram app တွင်လည်း အမည်မဖော်ပြသည့် သုံးစွဲသူများက ဓာတ်ပုံဝေမျှခြင်းနှင့် စကားပြောဆိုခြင်းတို့ကို ပြုလုပ်လျက် ရှိသည်။
Rooms app ကို ယခုနှစ် အစောပိုင်းတွင် Facebook က ဝယ်ယူခဲ့သည့် Branch အဖွဲ့က ဖန်တီးခဲ့ခြင်း ဖြစ်သည်။ Rooms ကို ယခုအခါ အမေရိကန်နှင့် ယူကေရှိ Apple iOS သုံးစွဲသူများနှင့် အခြား အင်္ဂလိပ်စကား ပြောနိုင်ငံများတွင် အသုံးပြုနိုင်ကြောင်းသိရသည်။
-နောင်နောင်
Ref: The Guardian
http://www.internetjournal.media/

No comments :

Post a Comment

Twitter Bird Gadget