.

Saturday, November 22, 2014

Motorola Mobility ကို Google ထံမှ Lenovo အပြီးသတ် ဝယ်ယူ

Unknown | 7:45 PM | Unknown | 7:45 PM |
Unknown | 7:45 PM | Best Blogger Tips




Motorola Mobility ကိုအပြီးသတ် ဝယ်ယူပြီးကြောင်း Lenovo မှပြောကြား ခဲ့ပြီးနောက် ကုမ္ပဏီအနေဖြင့် အမေရိကန်နှင့် အခြားဖွံဖြိုးပြီး ဈေးကွက်များတွင် အခြေခိုင်သည့် နေရာတစ်ခု ရယူနိုင်ခဲ့ပြီဖြစ်သည်။



သဘောတူညီချက်အရ Lenovo သည် Google ကို ငွေသား ဒေါ်လာ သန်း ၆၆၀ နှင့် Lenovo စတော့ ဒေါ်လာသန်း ၇၅၀ အပါအဝင် ဒေါ်လာ ၂.၉၁ ဘီလီယံ ပေးချေရမည်ဖြစ်သည်။ ကျန်ဒေါ်လာ ၁.၅ ဘီလီယံကိုမူ Lenovo အနေဖြင့် ၃ နှစ်အတွင်း Google ထံပေးချေ ရမည်ဖြစ်သည်။ Lenovo သည် Motorola   ၏မိုဘိုင်း ထုတ်ကုန် လုပ်ငန်းကို ပိုင်ဆိုင်ချိန်တွင် မူပိုင်ခွင့်များကို Google က ထိန်းသိမ်း ထားမည်ဖြစ်သည်။
Motorola ကို Lenovo ထံသို့ လွှဲပြောင်းခြင်းကြောင့် Google ၏ဟန်းဆက် ထုတ်လုပ်မည့် ပုံပြင်မှာ အဆုံးသတ် သွားခဲ့သည်။ Google လက်အောက်တွင် Motorola သည် ထုတ်ကုန်များကို မွမ်းမံပြင်ဆင်ခဲ့ပြီး တန်ဖိုးနည်း ဈေးကွက်များအတွက် Moto G နှင့် Moto E စမတ်ဖုန်းများကို ထုတ်လုပ်ခဲ့သည်။
Motorola ကို ချီကာဂိုမြို့တွင် ဆက်လက်လည်ပတ် မည်ဖြစ်ပြီး ၎င်းကို ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်သူ ရစ်ခ်အော်စတာလိုက ဦးဆောင်မည်ဖြစ်သည်။ Lenovo ၏မိုဘိုင်းလုပ်ငန်း အကြီးအကဲနှင့် အမှုဆောင် ဒုဥက္ကဋ္ဌဖြစ်သူ လျူဂျင်က Moto-rola Management Board ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်သည်။
ထို့အပြင် ယခုနှစ်တွင် စမတ်ဖုန်းများနှင့် tablet များအပါအဝင် မိုဘိုင်းထုတ်ကုန် သန်း ၁၀၀ ကျော်ကို ရောင်းချသွားရန် မျှော်လင့်ထားကြောင်း ဂျင်ကပြောကြားခဲ့သည်။
Motorola သည် ပြီးခဲ့သည့် နှစ်လခန့်က Moto X နှင့် Moto G အပြင် Google အတွက် Nexus 6 အပါအဝင် ထုတ်ကုန်အချို့ကို မိတ်ဆက်ပေးခဲ့သည်။
-နောင်နောင်
Ref : CNET
http://www.internetjournal.media/content/motorola-mobility-%E1%80%80%E1%80%AD%E1%80%AF-google-%E1%80%91%E1%80%B6%E1%80%99%E1%80%BD-lenovo-%E1%80%A1%E1%81%BF%E1%80%95%E1%80%AE%E1%80%B8%E1%80%9E%E1%80%90%E1%80%B9-%E1%80%9D%E1%80%9A%E1%80%B9%E1%80%9A%E1%80%B0

No comments :

Post a Comment

Twitter Bird Gadget