.

Tuesday, February 10, 2015

စစ်အာဏာရူးတို့ရဲ့ လူသားခြင်းမစာနာမှုသက်သေပြယုဂ်

Unknown | 6:56 PM | Unknown | 6:56 PM |
Unknown | 6:56 PM | Best Blogger Tips


အဲဒီနေ့ရာက ဘယ်လောက်ဝေးလို့လဲ ရဟတ်ယာဉ် ဆင်းလို့မရဘူးလား အမေရိကန်လို မတောင်းဆိုပါဘူး။သူတို့မှာ တိုင်းတပါးမှာ သေတာတောင် အလောင်းကို အသေအချာ ဆေးကျော ထုတ်ပိုး ပြန်ပို့နိုင်တယ်။ နောက် ကျဆုံး စစ်သည်ရဲ့ အလောင်းကို သမ္မတနဲ့ ကာချုပ်ကိုယ်တိုင် ကြိုဆိုဖို့လဲ မတောင်းဆိုပါဘူး။

ဒီဘက်ခောတ် ပြည်တွင်းတိုက်ပွဲတွေမှာ ကျဆုံး အရာရှိ စစ်သည်တွေရဲ့ အလောင်းကို သက်ဆိုင်ရာ တိုင်းတပ်ထိ ပြန်ပို့ပြီး မိဘ မိသားစုတွေနဲ့ အတူ အနည်းဆုံး တိုင်းမှူးလောက်နဲ့တော့ စစ်အခမ်းအနားနဲ့ သဂြိုဟ်ပြီး တိုင်းမှူး တပ်ရင်းမှူးတွေ ကိုတိုင် မိသားစုကို နှစ်သိမ့် နိုင်ငံတော် အလံပေးတာတော့ လုပ်သင့်တယ်ထင်တယ်။

တပ်အတွက်က စစ်သားတစ်ယောက်ကျဆုံးတာ ဓမ္မတာဆိုသော်လည်း မိသားစု တစ်စုအတွက် ပဲ့ကိုင်သူဖခင်/ ခင်ပွန်း/ မိဘ တစ်စုံအတွက် သားတစ်ယောက် ထာဝရ ဆုံးရှုံးသွားတာပါ။

တပ်မတော်သားတွေရဲ့ ပေးဆပ်မှုက ကျွန်တော်ပြောသလောက် တောင်းဆိုသလောက်ထက်မက တန်ပါတယ်ဗျာ....

( တပ်မတော်မှာ ဘတ်ဂျက်တွေ အထက်ပိုင်း အဆောင်အယောင် ခံစားမှုတွေ မျိုးစုံ ပြောင်းလဲလာပေမယ့် လွတ်လပ်ရေးမရခင်ကနေ ဒီဘက်ခောတ်ထိ တိုက်ပွဲကျ စစ်သည်တွေကို စစ်မြေပြင်မှာပဲ မြေမြုပ်နေရတုန်းကတော့ မတရားဘူးလို့ ထင်တယ်ဗျာ အစဉ်အလာဆိုပဲမယ့် မြင့်မြတ်တဲ့ ပေးဆပ်မှုအတွက် ထိုက်တန်တဲ့ သေပန်းပွင့်မှုမျိုးကို တော့ ရဲဘော်စိတ်နဲ့ အကောင်အထည်ဖော်သင့်တယ်လို့ သက်ဆိုင်ရာ အကြီးအကဲများကို အကြံပြုချင်ပါတယ်)
https://www.facebook.com/photo.php?fbid=10205242367111573&set=a.1594394172602.84272.1018368506&type=1

No comments :

Post a Comment

Twitter Bird Gadget