.

Tuesday, February 10, 2015

တရုတ်ခရီးသွားများ ဘုရားဖြူ ဘုရား လေ့လာခွင့် အပိတ်ခံရ

Unknown | 8:36 AM | Unknown | 8:36 AM |
Unknown | 8:36 AM | Best Blogger Tips

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်အတွင်းရှိ နိုင်ငံခြားသားခရီးသွားတွေ လည်ပတ်မှု အများဆုံးနေရာ တခုဖြစ်တဲ့ “ဘုရားဖြူ”လို့ လူသိများသော ၀ပ်ရောင်ခွန်း( Wat Rong Khun/ White Temple )ကို တရုတ်ခရီးသွားတွေအား နေ့တ၀က်တာ မ၀င်ရောက်ဖို့ တားမြစ်ခဲ့တယ်လို့ တရုတ်သတင်း မီဒီယာတွေရဲ့ အဆိုအရ သိရပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့မတိုင်ခင် တရက်က တရုတ်ခရီးသွားအမျိုးသမီးတဦးဟာ ဘိုထိုင် အိမ်သာခွက် ထဲကို သုံးပြီးသား အိမ်သာသုံးစက္ကူတွေ ထည့်ခဲ့တာက စတယ်လို့ ဆိုရမှာပါ။

ဒါကို ဘုရားဖြူမှဝန်ထမ်းက အဲ့ဒီ တရုတ်အမျိုးသမီးကို အိမ်သာထဲက စက္ကူအား ပြန်ထုတ်ခိုင်းပြီး အိမ်သာကိုပြန်ဆေးခိုင်းခဲ့ပေမယ့် သူက ငြင်းဆိုခဲ့ပါတယ်တဲ့။

ဒါ့ထက် တရုတ်ခရီးသွားတွေဟာ မကြာခဏဆိုသလို အများသုံး အိမ်သာခန်းတွေကို အသုံးပြုတဲ့အခါမှာ မသင့်လျော်တဲ့ အပြုအမူမျိုးတွေ ပြုလုပ်လေ့ရှိတယ်လို့လည်း ဘုရားဖြူမှ တာဝန်ရှိသူတဦးက ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ၀ပ်ရောင်ကွန်း(ခေါ်) ဘုရားဖြူက အမျိုးသား၊ အမျိုးသမီး အိမ်သာတွေကို ရွှေနန်းတော်ကြီးကဲသို့ လှပဆန်းပြားအောင် ဆောက်လုပ်ထားတာကြောင့် ခရီးသွားဧည့်သည်တွေအတွက် ဓာတ်ပုံရိုက်ချင်စရာ နေရာတခုလို ဖြစ်နေခဲ့ပါတယ်။

ဘုရားဖြူမှ တာဝန်ရှိသူ Mr.Chalermchai က တခြားသော တရုတ်ခရီးသွား ဧည့်သည်တွေကို သနားသောအားဖြင့် တရုတ်လူမျိုးခရီးသွားတွေ မ၀င်ရောက်ဖို့ တားဆီးမှုကို နေ့တ၀က်သာ ကန့်သတ်ပြီး ပြန်လည် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒါပေမယ့် တရုတ်ဧည့်သည်တွေ အိမ်သာအသုံးပြုရာမှာ ဂရုတစိုက် အသုံးမပြုပါက တရုတ် ဧည့်သည်တွေရဲ့ Guide တွေအပေါ်မှာ တာဝန်ရှိတယ်လို့ သတိပေးထားပါတယ်။

သိပ်မကြာသေးခင်တုန်းကလည်း ထိုင်းနိုင်ငံ ချင်းမိုင်လေဆိပ်မှာ တရုတ်ခရီးသွားအမျိုးသမီးတဦးဟာ သူ့ရဲ့ အတွင်းခံ အ၀တ်အစားတွေကို လေဆိပ်ထိုင်ခုံပေါ်မှာ ထုတ်လှန်းခဲ့လို့ လေဆိပ်ကတာဝန်ရှိသူတွေ တားမြစ်ခဲ့ရပါသေးတယ်။

ဝပ်ရောင်ခွန်း(ခေါ်) ဘုရားဖြူ ကို နေ့စဉ် နံနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားပြီး ၀င်ကြေး အခမဲ့ သတ်မှတ်ထားပါတယ်။
http://blog.irrawaddy.org/2015/02/blog-post_75.html

No comments :

Post a Comment

Twitter Bird Gadget