.

Monday, December 1, 2014

ကျောင်းသားသမဂ္ဂအဆောက်အအုံအသစ်ပြန်လည်တည်ဆောက်ပေးရန် ဒေါက်တာအောင်ခင်ဆင့်ဆန္ဒပြမည်

Unknown | 11:58 PM | Be the first to comment! Unknown | 11:58 PM | Be the first to comment!
Unknown | 11:58 PM | Best Blogger Tips


 ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသားသမဂ္ဂအဆောက်အအုံအသစ် ပြန်လည်တည်ဆောက်ပေးရန် ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းတွင် မြို့တော်ခန်းမရှေ့၌ ဒေါက်တာ အောင်ခင်ဆင့်က တစ်ကိုယ်တော်ဆန္ဒပြ တောင်းဆိုမည်ဟု သိရသည်။

ဝိုင်းစုခိုင်သိန်းကို ရှာဖွေတွေ့ရှိခြင်း

Unknown | 11:52 PM | Be the first to comment! Unknown | 11:52 PM | Be the first to comment!
Unknown | 11:52 PM | Best Blogger Tips

သူလည်း ဒီဒီဇိုင်းတွေရှိတာပါပဲလား  ..
သြော်  ..
ငါဟာ တုံးကိုတုံးလွန်းပါတယ်
(တ) တ၀မ်းပူနဲ့တောင် မတုံးသင့်ဘူး
(ဋ) တတလင်းကျိပ်နဲ့ကို ဋုံးသင့်တဲ့ ငါပါကလား  . ..

စေတီ သုံးဆူ၊ စိန်ဖူး မြေခ၊ သိန်းစိန်ကျ

Unknown | 10:07 PM | Be the first to comment! Unknown | 10:07 PM | Be the first to comment!
Unknown | 10:07 PM | Best Blogger Tips

အင်အား 5 ရစ်ချက်စတာစကေးရှိသောငလျင်ကြောင့်သမ္မတဦးသိန်းစိန်ထီး
တော်တင်လှူထားသောစစ်ကိုင်းမြို့မှလေးကျွန်းမာန်အောင်ဘုရားအပါအ၀င်
စေတီသုံးဆူ စိန်ဖူးတော်မြေခ . . .

ဒီသတင်းကို မင်းတို့သေချာဖတ်ကြည့်ပါ။
(၁) သုံးဆူ ၊ (၂) စိန်ဖူး ၊(၃)  မြေခ 
ဒီသုံးချက်သောစကားလုံးကိုတွေ့ရတယ်။ ဒါ့ကြောင့် သိန်းဆိုသော သုံး နှင့် 
စိန်ဆိုသောဘုရားစိန်ဖူးတော်များ မြေခခြင်းသည်။ သိန်းစိန်တို့ စစ်ခွေးကြံ့ဖွတ်
များအတွက် 2015 အတွက် ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)ရဲ့ကြိတင် နိဖိတ်
ဖတ်ဟောကိန်းကတော့ဖြင့်  . .. 
 စေတီမှာ  ..  သုံးဆူ
 စိန်းဖူးတော်  . . မြေခ
 သိန်းစိန်စစ်ခွေးတို့ ကျ  . .
ငလျင်ဒဏ်ကြောင့် စိန်ဖူးတော်မြေခသွားသော လေးကျွန်းမာရ်အောင်ဘုရားအား
 နိုဝင်ဘာ ၂၈ ရက်က ဖူးတွေ့ရစဉ်


2015 ၏ အာဏာရူးသုန်သုန်နှင့် မော်စကိုပြန်ဦးကောဝိဒ

Unknown | 9:36 PM | Be the first to comment! Unknown | 9:36 PM | Be the first to comment!
Unknown | 9:36 PM | Best Blogger Tips
နိုင်ငံတော်အစိုးရခေါ်၊ကြံ့ဖွတ်စစ်ခွေးတို့ရဲ့Gameထဲကသံဃာအချို့

ဒီနေ့မျက်မှော်ကအခြေအနေနိုင်ငံရေးရာသီဥတုဟာ လေးရူးထန်
နေပါတယ်။ ဒါ့ကြောင့် ပြည်သူစစ်စစ်တွေအတွက် သတိထားနေ
ရမှာဖြစ်သလို နိုင်ငံရေးသမားသတင်းထောက်များအတွက်ပို၍
စိုးပါတယ်။ စစ်ခွေးကြံ့ဖွတ်တွေဟာ 2015 အတွက် သတ်ကွင်း
ပြင်နေပါပြီ။ ဒါကို သတင်းသမားတိုင်းသိဖို့လိုသလို ညီငယ်ညီမ
ငယ်များလည်းသိထားသင့်ပါတယ်။

အာဏာရှင်ကဲ့သို့ကြောက်မက်ဖွယ်ရာငလျင်ဆိုးများ(အပိုင်း-၈-)

Unknown | 8:27 PM | Be the first to comment! Unknown | 8:27 PM | Be the first to comment!
Unknown | 8:27 PM | Best Blogger Tips


1839 Innwa Earthquake-2/၁၈၃၉ အင်းဝငလျင်ကြီး-၂
၁၈၃၉ အင်းဝငလျင်ကြီးနှင့် ပါတ်သက်၍ Oldham (1883) ၏ မှတ်တမ်းများအရသာ သိရသည်။ လွန်ခဲ့သော ရက်အနည်းက Facebook လက်ဆင့်ကမ်းမှုဖြင့် အင်းဝငလျင်ကြီးနှင့် ဆက်စပ်သော
ဓါတ်ပုံအချို့ ရရှိသည်။ နန်းမြင့်မျှော်စင်နှင့် ရွှေစည်းခုံစေတီတော် အထက်ပိုင်းပြတ်ပုံ ဖြစ်သည်။
နန်းမြင့်မျှော်စင် ယုမြင်တွေ့နိုင်ဆဲ

၈၈ ရဲ့တိုင်းဆူ ပြည်ဖျက်များကို ဖော်ထုတ်ခြင်းအပိုင်း (၁၀)

Unknown | 7:57 PM | Be the first to comment! Unknown | 7:57 PM | Be the first to comment!
Unknown | 7:57 PM | Best Blogger Tips
ဦးနေဝင်း၏ လှည့်ကွက်များ
ဗိုလ်ခင်ညွန့်၏ လျှို့ဝှက်အမိန့်စာ လူထုအတွင်း ပေါက်ကြားမှုကို အတုအယောင်စာအဖြစ် ချေဖျက်နိုင်ရန် မဆလတို့၏ တန်ပြန်သပိတ်ဖြိုခွဲရေး ကော်မတီမှ ထုတ်သည်ဟု ယူဆရသော လေတပ်ဗိုလ်ချုပ် တင်ထွန်း၊ ရေတပ်ဗိုလ်ချုပ် မောင်မောင်ခင်တို့ ပူးတွဲသတိပေးကြေညာချက်စာတစောင် ရှစ်လေးလုံး အရေးတော်ပုံကာလ၌ ရန်ကုန်လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်ခဲ့ဖူးပါသည်။ ယင်းသတိပေး ကြေညာချက်တွင် ဦးနေဝင်း နေထိုင်ရာ အေဒီလမ်း တည်နေရာကို မြေပုံညွှန်းနှင့်တကွ လေတပ်မှ ဗုံးကြဲမည်၊ ရေတပ်မှ အမြောက်နှင့်ပစ်မည်ဟု ဖော်ပြထားသဖြင့် ထိုစဉ်က လူထုစိတ်ကြိုက်သတင်း ဖြစ်ခဲ့ပါသည်။

၈၈ ရဲ့တိုင်းဆူ ပြည်ဖျက်များကို ဖော်ထုတ်ခြင်း အပိုင်း (၉)

Unknown | 7:32 PM | Be the first to comment! Unknown | 7:32 PM | Be the first to comment!
Unknown | 7:32 PM | Best Blogger Tips
၁၉၈၈ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့ထုတ် သမဂ္ဂ သတင်းစာ
ဒေါက်တာမောင်မောင် ရေးသော စာများနှင့် သူ့ဘဝ မှတ်တမ်းများကို ဖတ်ရှုလေ့လာခဲ့သမျှ သူသည် ဥပဒေပညာရှင် မင်းဆရာ ဖြစ်လိုသူဟု ယူဆပါသည်။ သူရေးသော “သက်ရှိရာဇဝင်” ကို နိုင်ငံရေးအရ တက်လမ်း ရှိသူများ အတွက် “ဘုန်းတော်ဘွဲ့” အကြိုစာတမ်းဟု စာရေးသူထင်မြင်ပါသည်။ သူမျှော် မှန်းသည့် “မင်းဆရာ” ရာထူးသာမက “မဆလ ခေတ်၏ နောက်ဆုံးမင်း” ရာထူးကိုပါ သူ ရခဲ့ပါ၏ ။

အာဏာရှင်ကဲ့သို့ကြောက်မက်ဖွယ်ရာငလျင်ဆိုးများ(အပိုင်း-၇-)

Unknown | 8:01 AM | Be the first to comment! Unknown | 8:01 AM | Be the first to comment!
Unknown | 8:01 AM | Best Blogger Tips
မန်မာပြည်ငလျင်နှင့်ဘေးအန္တရာယ် ထိန်းချုပ်ရေးအစီအမံများ 
Earthquakes of Myanmar and Risk Management - 5
မြန်မာနယ်နိမိတ်အတွင်း ငလျင်အန္တရာယ်
မြန်မာပြည် အလယ်ပိုင်း ဒေသများ
ပြည်မြို့ ငလျင် (၁၈၅၈)နှင့် မြေလတ်ဒေသငလျင်များ
လွန်ခဲ့သော နှစ် ၁၅၀ ခန့်က မြန်မာနိုင်ငံ မြေလတ်ပိုင်း ပြည်မြို့နှင့် သရက်မြို့ အနီးတစ်ဝိုက်၌ အင်အား ပြင်း ငလျင်တစ်ခု လှုပ်ခဲ့သည်။ အိန္ဒိယ ဘူမိဗေဒတိုင်းတာရေးက မှတ်တမ်းတင်ထားသည်။ ၁၈၅၈ သြဂုတ်လ ၂၄ရက် ဒေသစံတော်ချိန် ညနေ ၃နာရီ ၃၈မိနစ် လှုပ်ခဲ့သော ငလျင်ကြောင့် သရက်နှင့် ပြည်မြို့များ၌ ပျက်စီးမှုများ ရှိခဲ့ပြီး အောင်လံ၊ ပုဂံ၊ တောင်ငူ၊ ကျောက်ဖြူ မြို့များ၌လည်း အတန်အသင့် ထိခိုက်မှုများ ရှိခဲ့သည်။ အင်းဝနှင့် ရန်ကုန်မြို့များကလည်း ခံစားသိရှိကြရသည်။ ထိုငလျင်လှုပ်ပြီး မကြာမီမှာပင် မာန်အောင်ကျွန်း အရှေ့တောင်ဖက်ရှိ ဖော့စ်ကျွန်း (ရဲကျွန်း ?) ရေအောက် ငုတ်ဆင်းသွားသည်။ ထို ဖြစ်ရပ်များ ဆက်စပ်မှု ရှိသည်ဟု သုံးသပ်ကြသည်။

အာဏာရှင်ကဲ့သို့ကြောက်မက်ဖွယ်ရာငလျင်ဆိုးများ(အပိုင်း-၆-)

Unknown | 4:01 AM | Be the first to comment! Unknown | 4:01 AM | Be the first to comment!
Unknown | 4:01 AM | Best Blogger Tips
ဖလေးဘုရား-မွန်သမိုင်း၊ ငလျင်သမိုင်း
ပုံ (၁) ဖလေးရွာ၊ ဖလေးစေတီတော်ကို ကောင်းကင်မှ ဖူးတွေ့ရပုံ

ပဲခူးမြို့ တောင်ဖက် ၂၄ ကီလိုမီတာ (၁၅မိုင်) အကွာ၌ ဖလေးရွာ ရှိသည်။ ထိုရွာ စေတီတော်ကြီး ဖလေးစေတီ ခေါ်ရသည်။ သမိုင်း၌ ကျိုက်မက္ကော် ဟုဆိုသဖြင့် မွန်အနွယ်တို့ တည်ခဲ့ကြပုံ ရသည်။ စေတီမှာ ပဲခူးမှ ရွှေမောဓော စေတီတော်လောက် ရှေးမကျတောင် အလွန်ရှေးကျပုံ ရသည်။ ထိုအနီးနားမှ ဇွဲသဘုံမြို့ဟောင်းပင် ထိုစေတီတော် နောက်မှ တည်ခဲ့ပုံရသည်။ ဇွဲသဘုံမြို့သည် ရာဇာဓိရာဇ် ခေတ်၌ပင် အတော်စည်ကားသေးသည်။ ယခုတော့ မြို့အရာပင် တိမ်ကောနေပေပြီ။ ဤနေရာ၌ သမိုင်းကို ပြောလိုသည် မဟုတ်ပါ။ ဖလေးစေတီတော်၏ သက်တော် ကြာရင့်သည်ကိုသာ ဆိုလိုရင်း ဖြစ်သည်။ စေတီဟောင်းများကို ထပ်ကာ ထပ်ကာ ငုံကာ တည်ထား သောကြောင့် ယခုအခါ ရွှေမောဓေါ စေတီတော်နီးပါး မြင့်သည်။

အာဏာရှင်ကဲ့သို့ကြောက်မက်ဖွယ်ရာငလျင်ဆိုးများ(အပိုင်း-၅-)

Unknown | 3:50 AM | Be the first to comment! Unknown | 3:50 AM | Be the first to comment!
Unknown | 3:50 AM | Best Blogger Tips
ရန်ကုန်မြို့နားက ငလျင်များအကြောင်း
Earthquakes near Yangon
ရန်ကုန်မြို့ဝန်းကျင်၌ လှုပ်ခဲ့သောလှုပ်နိုင်သောငလျင်များအကြောင်းပြောလိုပါသည်။
၁၉၃၀ ခုနှစ် မေလ (၅) ၌ဖြစ်သော အင်အား ပမာဏ (၇.၃) ရှိသည့် ပဲခူးငလျင်ကြီးသည် ၁၉၀၀ ပြည့်လွန်နောက်ပိုင်းတွင် အင်အားအပြင်းဆုံးငလျင်များတွင်ပါဝင်သည်။ ပဲခူးမြို့တစ်ခုလုံး အိမ်ခြေ အဆောက်အဦ အများအပြား ပျက်စီးခဲ့ရပြီး လူ (၅၀၀) ခန့် သေဆုံးခဲ့ရကြောင်း မှတ်တမ်းများ ရှိခဲ့သည်။ ထိုစဉ်က လူဦးရေ သိန်းဂဏန်းမျှပင် မရှိသေးသော ရန်ကုန်မြို့၌လည်း လူ (၅၀) ခန့် ပျက်စီးရကြောင်း သိရသည်။ ပဲခူးဒေသသည် ငလျင်ဒဏ်ကို ဤတစ်ကြိမ်တည်းသာ ခံခဲ့ရသည် မဟုတ်ပေ။ ရွှေမောဓော စေတီတော်သမိုင်းအရ ဆိုလျှင် ဘီစီ (၁၉၇)မှ အေဒီ (၁၃၄၈)ထိ နှစ်ပေါင်း (၁၅၄၅)နှစ်အတွင်း ငလျင်ဖြစ်ရပ်ပေါင်း(၂၂)ကြိမ် ရှိကြောင်း စေတီတော်ပြုပြင်မှု မှတ်တမ်း ကျောက်စာ များတွင် တွေ့ရသည်။ နောက်ပိုင်းတွင် စေတီတော်ကို (၂၇) မီတာအထိမြှင့်လိုက်သည်။ ထိုအချိန်မှ စ၍ ၁၉၃၀ ထိ ငလျင်မှတ်တမ်းပေါင်း (၁၂) ကြိမ်ရှိခဲ့သည်။ ထိုဖြစ်ရပ်များထဲမှ ၁၉၁၇ ငလျင်ကြောင့် စေတီတော်ကြီး ငှက်ပျောဖူးပျက်၍ မြေခခဲ့ရပုံကို ပုံတွင်တွေ့မြင်နိုင်သည်။


ပုံ (၁) ၁၉၁၇ ငလျင်ကြောင့် ရွှေမောဓောစေတီတော်၏ ငှက်ပျောဖူး အခြေမှပြတ်ကျခဲ့ပုံ။

အာဏာရှင်ကဲ့သို့ကြောက်မက်ဖွယ်ရာ ငလျင်ဆိုးများ (အပိုင်း-၄-)

Unknown | 3:44 AM | Be the first to comment! Unknown | 3:44 AM | Be the first to comment!
Unknown | 3:44 AM | Best Blogger Tips
မြေသားကိုလိုက်၍ ငလျင်အရှိန်တိုးခြင်းလျော့ခြင်း-၂-
Local Site Effect on Ground Motion-2-
မြေလွှာကို လိုက်၍ ပြောင်းလဲသော ငလျင်အရှိန်

၁၉၈၉ အောက်တိုဘာ ၁၇ အမေရိကန်ပြည်အနောက်ပိုင်း လိုမာပရီတာ အရပ်၌ လှုပ်ခဲ့သော ငလျင်၏ ငလျင်အရှိန် မှတ်တမ်းများအား လေ့လာခဲ့ကြပြီးနောက်  အောက်ခံ ကျောက်စိုင်ထုမှ မြေသားထုသို့ ငလျင်လှိုင်း ဖြတ်သောအခါ ငလျင်အရှိန် ဆတိုးမှု ရှိကြောင်း ဖေါ်ပြခဲ့ကြသည်။ ပုံ (၇) ၌ လိုမာပရီတာ ငလျင်အရှိန်အား ကျောက်နှင့် မြေသားတို့၌ တပ်ဆင်ထားသော ငလျင်အရှိန်တိုင်းစက် များက ဖမ်းယူရရှိသည့် အရှိန်စဉ်ဆက် မှတ်တမ်းများကို ပြထားသည်။ 
ပုံ (၇) လိုမာပရီတာ ငလျင်အရှိန်အစဉ်အတန်းအား ကျောက်သားနှင့် မြေသားတို့၌
 တပ်ဆင်ထားသော ငလျင်အရှိန်တိုင်းစက် များက ဖမ်းယူရရှိထားသော မှတ်တမ်းများ

အစပိုင်း ၀ (သုည) စက္ကန့်၌ ဖြစ်သော ငလျင်အရှိန်ကို (စဦး)အမြင့်ဆုံးငလျင်အရှိန် peak acceleration or peak ground acceleration (PGA) ဟု ခေါ်သည်။

အာဏာရှင်ကဲ့သို့ကြောက်မက်ဖွယ်ရာ ငလျင်ဆိုးများ (အပိုင်း-၃-)

Unknown | 3:37 AM | Be the first to comment! Unknown | 3:37 AM | Be the first to comment!
Unknown | 3:37 AM | Best Blogger Tips
မြို့ကြီးများနှင့်ငလျင်အန္တရာယ် (ရန်ကုန် -၁-)
ဤဘလော့ စာမျက်နှာ၌ ငလျင်ဖြစ်ပုံ၊ ငလျင်ကြောင့် ပျက်စီးထိခိုက်ပုံနှင့် မြန်မာပြည်တွင်း ငလျင်ကြီးရာ ဖြစ်ရာဌာနများအား ဆွေးနွေးတင်ပြခဲ့ပြီး ဖြစ်သည်။ ယခုစာတမ်း၌မူ မြန်မာနိုင်ငံ၏ မြို့ကြီးများနှင့် ငလျင်ဖြစ်ပုံ ထိခိုက်နိုင်ပုံကို ထပ်မံဆွေးနွေးထားပါသည်။ ပထမဆုံးနှင့် အရေးပါဆုံး ဖြစ်သော ရန်ကုန်မြို့နှင့် ငလျင်အကြောင်းက စရမည်။
ရန်ကုန်သည် လွန်ခဲ့သော ကိုလိုနီခေတ် ၁၈၈၇ မှ ၂၀၀၃ထိ မြန်မာနိုင်ငံ၏ မြို့တော် ဖြစ်ခဲ့သည်။ ယခုအချိန်ထိလည်း လူနေအထူအထပ်ဆုံး မြို့ ဖြစ်နေသည်။ ကုန်ထုတ်လုပ်ငန်းများနှင့် ကုန်သွယ်လုပ်ငန်းများ၏ ဗဟိုဌာနလည်း ဖြစ်နေသည်။ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသော ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၈သန်းခန့် ရန်ကုန်မြို့တွင် နေထိုင်ကြောင်း သိရသည်။ ၁၉၈၀ ဝန်းကျင်ကလူဦးရေ ၃သန်းလျော့လျော့ ရှိရာမှ ယခုကောက်ယူရရှိသည့် အရေအတွက်က ၂ဆခွဲနီးပါး ရှိလာသည်။ ရန်ကုန်မြို့ လူဦးရေ နှစ်အလိုက် တိုးတက်လာပုံကို ပုံ (၁)၌ သရုပ်ဖေါ်ရှင်းလင်းထားသည်။

 ပုံ (၁) ရန်ကုန်မြို့ လူဦးရေ နှစ်အလိုက် တိုးလာပုံ ရှင်းလင်းချက်။ အချက်လက်များကို https://en.wikipedia.org/wiki/Yangon မှ ရယူသည်။
 အချိန်ကာလလိုက်၍ လူဦးရေ ထူထပ်လာသော ရန်ကုန်မြို့အား ထိုလူဦးရေ၊ အိမ်ထောင်စုများ နေရာချထားရေးအတွက် မြေနေရာတိုးချဲ့မှုများ အဆင့်ဆင့် ဆောင်ရွက်ခဲ့ကြသည်။ မြို့သစ်များ ပေါ်ပေါက်လာကြသည်။ ထိုမြို့ပြနေရာ တိုးချဲ့မှုကို ပုံ (၂)၌ သရုပ်ဖေါ်ရှင်းလင်းထားသည်။

အာဏာရှင်ကဲ့သို့ကြောက်စရာကောင်းသော ငလျင်ဆိုးများ (အပိုင်း-၂-)

Unknown | 3:30 AM | Be the first to comment! Unknown | 3:30 AM | Be the first to comment!
Unknown | 3:30 AM | Best Blogger Tips


မြို့ကြီးများနှင့် ငလျင်အန္တရာယ် (ရန်ကုန်)-၂
ရန်ကုန်မြို့သည် ကုန်းဘောင်ခေတ် စတင်သည့်ဘုရင် ဦးအောင်ဇေယျလက်ထက် ၁၇၅၅မှ စ၍ ရန်ကုန်သည် ယနေ့ထိ ထိုအမည်နှင့်ပင် မြို့ကြီး ဖြစ်သည်။ ထိုစဉ်ကတည်းက ဆိပ်ကမ်းမြို့ ဖြစ်သည်။ အလောင်းဘုရားလွန်ပြီးနောက် သာယာဝတီမင်းက မြို့ကွက်အား ပြုပြင်ခဲ့သေးသည်။ လူဦးရေ သောင်းဂဏန်းမျှသာ ရှိသော ထိုမြို့သည် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး အင်္ဂလိပ်လက်အောက်ခံ မြို့ဖြစ်သွားသည်။ ထိုစဉ်က ရန်ကုန် ခံတပ်မြို့ကွက်အား ပုံ (၆)အတိုင်း မြင်ရသည်။


ပုံ (၆) အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သော အလောင်းဘုရား၏ ရန်ကုန်မြို့။ (Leicester, 1954)

အာဏာရှင်ကဲ့သို့ ကြောက်မက်ဖွယ်ရာ ငလျင်ဆိုးများ(အပိုင်း-၁)

Unknown | 3:11 AM | Be the first to comment! Unknown | 3:11 AM | Be the first to comment!
Unknown | 3:11 AM | Best Blogger Tips


မြို့ကြီးများနှင့် ငလျင်အန္တရာယ် - မန္တလေးနှင့်စစ်ကိုင်း
ပုဂံလွန်ပြီးနောက် ပုဂံ၏နောက်ဆုံးဘုရင် သီဟသူ၏ မြစ်တော် သတိုးမင်းဖျားက စစ်ကိုင်းနှင့် ပင်းယကို စုစည်းသိမ်းသွင်းကာ စတင်အခြေစိုက်သည့် မြို့မှာ အင်းဝ ဖြစ်သည်။ ပထဝီအနေအထားအရ အရေးပါသည့် ဧရာဝတီနှင့် မြစ်ငယ်မြစ်တို့ဆုံရာ ရေလွှမ်းမြေနုလွင်ပြင်၊ မြစ်ကျိုးအင်းများနှင့် ကောင်းမွန်သော စိုက်ပျိုးမြေများ ရှိရာ၊ ရှေးဘိုးဘများတည်သော ပုဂံနှင့် မဝေးသော ထိုအရပ်၌ မြေအကျယ် ဟက်တာ ၉၀၀ ခန့်အား မြန်မာသက္ကရာဇ် ၇၂၆ တပေါင်းလဆန်း ၆ ရက် (ခရစ်နှစ် ၁၃၆၄ ဖေဖေါ်ဝါရီ ၂၆) တွင် ကျုံး၊ မြို့ရိုးများနှင့် တကွ တည်ဆောက်ခဲ့သည်။ အတွင်းမြို့နှင့် မြို့ရိုးနံရံများကိုမူ နှောင်းပိုင်းခေတ်များ၌ တည်ဆောက်ခဲ့ပုံရသည်ဟု ပညာရှင်များက မှတ်ချက် ပြုထားကြသည်။ မြန်မာသမိုင်း၌ အင်းဝခေတ်သည် နိုင်ငံရေးအတက်အကျများစွာနှင့် ကြုံခဲ့ရသည်။ သို့သော်လည်း ပုဂံခေတ်လွန်သည်မှ ကုန်းဘောင်ခေတ်ထိ ထိုမြို့သည် နှစ်ပေါင်း ၄၇၀ကျော် ကြီးပွါးခဲ့၊ မြန်မာစာ၊ ယဉ်ကျေးမှုနှင့် မြန်မာဟန်ပန်တို့၏ စည်ပင်ရာ ခေတ်၊ ဌာနကြီး ဖြစ်ခဲ့သည်။
      ထိုမျှ နှစ်ကာလရှည်ကြာစွာ တည်ခဲ့သော မြို့တော်ကြီးသည် ဆိုးရွားလှသော သဘာဝဘေးကြီးနှင့် အဆုံးသတ်ခဲ့ရသည်ကို သမိုင်း၌ သံဝေဂရဖွယ် မှတ်တမ်းတင်ခဲ့သည်။ ထို သဘာဝဘေးမှာ ၁၈၃၉ မတ်လ ၂၃ ရက်နံနက်ပိုင်း၌ လှုပ်ခဲ့သော အင်းဝ ငလျင် ဖြစ်သည်။ ခရစ်နှစ် ၁၇၈၃ကပင် ဘိုးတော်မင်းက အမရပူရမြို့ကို တည်ထားပြီး ဖြစ်သည်။ သို့သော် ဘကြီးတော်လက်ထက် အင်းဝသို့ပြန်လည် အခြေစိုက်စဉ် ငလျင်လှုပ်ခြင်း ဖြစ်သည်။ ထိုငလျင်ကြောင့် မြို့ ပျက်သွားသည်။ သာယာဝတီမင်းလက်ထက် မြို့ပျက်ကို ပြန်လည်မပြင်ဆင်တော့ပဲ မြို့တော်ကို အမရပူရသို့ အပြီးတိုင် ရွေ့ပြောင်းသွားသည်။ ထိုမှတဆင့် မင်းတုန်းမင်းလက်ထက် ရတနာပုံသို့ ထပ်မံရွေ့ပြောင်းခဲ့သည်။ အင်းဝမြို့ဟောင်း၏ တည်နေပုံကို ပုံ (၁)၌ ပုံကြမ်း ရေးဆွဲပြထားသည်။ ပုံ (၂) သည် ငလျင်လှုပ်သဖြင့် ပျက်စီးခဲ့ရသော အင်းဝနှင့် အနီးဝန်းကျင်မှ ကြီးးမား ထင်ရှားသည့် အဆောက်အအုံများအား ပြသည့် ပုံ ဖြစ်သည်။

ငါ့ . . . .သံဝေဂ

Unknown | 2:47 AM | Be the first to comment! Unknown | 2:47 AM | Be the first to comment!
Unknown | 2:47 AM | Best Blogger Tips
ငါ့ ကဗျာဖတ်လို့ ၊ သူတို့ခက်ဝေ
ရွှင်လန်းစေပေါ့။
ချိန်ခဏလေး ၊ လူဖြစ်ရေးမှာ
ငါလည်း ဓမ္မ ၊ ပြုဝေငှဆို
သူလည်း သာဝန ၊ မြတ်ဒါနပေါ့။
စစ်ခွေးကြံ့ဖွတ် ၊ ခရိုနီတစ်ဗွတ်တို့
ခိုးကြ၀ှက်ကြ လုယူကြသည်
ပြည်သူတို့၏ ၀ဋ်ကျွေးတည်း။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)


1839 Innwa Earthquake ၁၈၃၉ အင်းဝငလျင်ကြီး

Unknown | 12:40 AM | Be the first to comment! Unknown | 12:40 AM | Be the first to comment!
Unknown | 12:40 AM | Best Blogger Tips

ခရစ်သက္ကရာဇ် ၁၈၃၉ ခု မတ်လ ၂၃ ရက်နေ့၊ စနေနေ့ နံနက် ၄ နာရီခန့်လောက်တွင် အင်းဝနှင့် စစ်ကိုင်း အနီးဝန်းကျင်ကို အခြေပြု၍ ဖျက်စီးအား အလွန်ပြင်းသည့် ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့သည်။ အင်းဝ ငလျင်ဟု မှတ်တမ်း တင်ထားသည်။ မြို့တစ်ခွင်လုံးက အိမ်များအားလုံး နီးလုံးနီးပါး ပျက်စီးသွားခဲ့သည်။
အုတ်နှင့်ဆောက်ထားသော ကျောင်းများ ပြိုကျသဖြင့် ဘုန်းတော်ကြီး အများစု သေဆုံးကြသည်။ ၃၀၀ ခန့်မျှပင် ရှိကြောင်း မှတ်တမ်း ထားခဲ့ သည်။ အမှန်တကယ် အရေအတွက်ကိုမူ မသိရပေ။ အင်းဝမြို့ရိုး နေရာ အတော်များများ ပျက်သွား ခဲ့သည်။ အမရပူရမြို့ရိုးမှာ အသစ်ဖြစ်၍ အင်းဝမြို့ရိုးထက် ပို၍ ခိုင်ပုံရသည်။

ဒေါ်ကြိုင်ကြိုင်(သို့) ယတြာအခြေမှားခဲ့လေသလား

Unknown | 12:13 AM | Be the first to comment! Unknown | 12:13 AM | Be the first to comment!
Unknown | 12:13 AM | Best Blogger Tips


ကျွန်မမောင်လေးကို မကယ်နိုင်ကြတော့ဘူးလား
နိုင်လင်းအောင်၊ ရန်ကုန်
မေ ၃၁၊ ၂၀၀၉
´´ကျွန်မ မောင်လေး သက်လွင်ကို ရှာပေးကြပါ အုတ်တွေကြားမှာ အသက်ရှူ ကြပ်ပြီး သေရပါတော့မယ်´´ လို့ နီရဲနေတဲ့ မျက်ဝန်းတွေက မျက်ရည်တွေ စီးကျပြီး ယူကျုံးမရဖြစ်နေတဲ့ အစ်မဖြစ်သူ မကေသီက ကယ်ဆေးရေး လုပ်သားတွေကို ပြောနေတာပါ။

Twitter Bird Gadget