.

Monday, December 1, 2014

1839 Innwa Earthquake ၁၈၃၉ အင်းဝငလျင်ကြီး

Unknown | 12:40 AM | Unknown | 12:40 AM |
Unknown | 12:40 AM | Best Blogger Tips

ခရစ်သက္ကရာဇ် ၁၈၃၉ ခု မတ်လ ၂၃ ရက်နေ့၊ စနေနေ့ နံနက် ၄ နာရီခန့်လောက်တွင် အင်းဝနှင့် စစ်ကိုင်း အနီးဝန်းကျင်ကို အခြေပြု၍ ဖျက်စီးအား အလွန်ပြင်းသည့် ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့သည်။ အင်းဝ ငလျင်ဟု မှတ်တမ်း တင်ထားသည်။ မြို့တစ်ခွင်လုံးက အိမ်များအားလုံး နီးလုံးနီးပါး ပျက်စီးသွားခဲ့သည်။
အုတ်နှင့်ဆောက်ထားသော ကျောင်းများ ပြိုကျသဖြင့် ဘုန်းတော်ကြီး အများစု သေဆုံးကြသည်။ ၃၀၀ ခန့်မျှပင် ရှိကြောင်း မှတ်တမ်း ထားခဲ့ သည်။ အမှန်တကယ် အရေအတွက်ကိုမူ မသိရပေ။ အင်းဝမြို့ရိုး နေရာ အတော်များများ ပျက်သွား ခဲ့သည်။ အမရပူရမြို့ရိုးမှာ အသစ်ဖြစ်၍ အင်းဝမြို့ရိုးထက် ပို၍ ခိုင်ပုံရသည်။
ပုံ၊ Google Earth(R) မင်းကွန်းပုထိုးတော်ကြီးကို တွေ့ရပုံ။
ထိုစဉ်က ငလျင်လှုပ်သည့်အရှိန်ကို ရန်ကုန်နှင့် မော်လမြိုင်မြို့များက တိတိကျကျ ခံစားသိကြရသည်။ ပြည်မြို့တွင် အတော်ပြင်းပြင်းခံရသည်။ အပြိုအပျက် အထိအခိုက် မရှိပေ။ ဗန်းမော်တွင် အပျက်အစီး ရှိသည်ဟု ဆိုသော်လည်း အတိအကျမသိရပေ။ ယခု မိုးကောင်းမြို့ အနောက်ဖက်ရှိ အင်းတော်ကြီး ကန်အနီးတွင် ထိုစဉ်က မြို့ငယ်လေး တစ်ခုသည် လုံးဝနီးပါး ပြိုပျက်သွားကြောင်း မှတ်တမ်းတင်ထားသည်။ အာသံ၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများက ခံစားသိရှိရကြောင်း Oldham (1883) ၏ မှတ်တမ်းအရ သိရသည်။ လက်ရှိ ဘူမိနေထားအရ စစ်ကိုင်းမှ အင်းတော်ကြီးအထိ စစ်ကိုင်းပြတ်ရွေ့သည် ၂၆၀ ကီလိုမီတာခန့်ရှိရာ အလွန်ပြင်းထန်သည့် ငလျင်ဖြစ်ကြောင်း ခန့်မှန်း၍ ရပေသည်။


ပုံ--- ၁၈၃၉ ငလျင်ကြီးကြောင့် ဆောက်လက်စနှင့် ပြိုကျခဲ့သော မင်းကွန်း ပုထိုးတော်ကြီး။
http://tintlwinswe.blogspot.com/2009/04/blog-post.html  

No comments :

Post a Comment

Twitter Bird Gadget